← Chapters

အခန်း ၄၈၀

Vol. 47 Ch. 480

အခန်း ၄၈၀

Vol. 47 Ch. 480

Chapter 480

ကျောင်းထိုင်ဆရာတော် ကပ်ဘေးဖြတ်ကျော်ရမည့်အရေးကို အခွင့်ကောင်းယူကာ ခြိမ်းခြောက်ငွေညှစ်ခဲ့သည့် ကိစ္စသည် ဤလောကမှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူအားလုံးကြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။

ဘယ်လိုတွေလဲ၊ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ကို ချိုးဖျက်နိုင်မယ့်သူ ရှိလာပြန်ပြီတဲ့လား။

ဂိုဏ်းအသီးသီးမှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူအများအပြားသည် ထိုကပ်ဘေးလှိုင်းများ ဖြစ်ပေါ်ရာအရပ်မှာ အရှေ့ဘက်မျက်နှာတွင်ရှိနေကြောင်း အာရုံခံမိကြသော်လည်း မည်သူမျှ ထိုနေရာသို့ တဇွတ်ထိုးမသွားရဲကြချေ။

တစ္ဆေတမန်တော်တစ်ယောက်က ထိုအင်အားကြီးဂိုဏ်းအသီးသီးမှ ကျင့်ကြံရေးပုဂ္ဂိုလ်ကြီးများကို သွားချင်တိုင်း လွတ်လွတ်လပ်လပ်မသွားရစေဖို့ ပိတ်ဆို့တားဆီးထားလေသည်။

ဤအဖြစ်အပျက်မတိုင်မီက ဂိုဏ်းတစ်ခုစီတွင် မိမိတို့၏ ဘိုးဘေးအစဉ်အဆက် စုဆောင်းထားသည့် အရင်းအမြစ်ရတနာများနှင့် အခြေခံအုတ်မြစ်ကျင့်စဥ်များ ရှိထားကြသဖြင့် ဂိုဏ်း၏အနာဂတ်အတွက် စိတ်ပူစရာမလိုဘဲ လုံခြုံရေးကိုသာ ဦးစားပေးအာရုံစိုက်နိုင်ခဲ့ကြသည်။

သို့သော် တစ္ဆေဘုံတမန်တော်များ ပေါ်ပေါက်လာချိန်တွင် ဘဏ္ဍာတိုက်ထဲ သိမ်းဆည်းသိုဝှက်ထားရမည့် ထိုအဖိုးတန်ပစ္စည်းများ လက်နက်များသည် အလျင်စလိုထုတ်သုံးရသည့် ကာကွယ်ရေးပစ္စည်းများဖြစ်လာခဲ့ကာ သူတို့ကိုယ်တိုင်ပင် ဂိုဏ်းကိုခွာကာ သွားချင်တိုင်းသွားမရသည့်အခြေအနေသို့ ရောက်ရှိလာခဲ့၏။

ထိုအချိန်တွင် တိုက်ပွဲကို အလျဥ်မီသတင်းပို့ပေးနိုင်ဖို့ လာရောက်ကြည့်ရှုကြသော ဂိုဏ်းအသီးသီးမှ တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူများသည် ကျောင်းထိုင်ဆရာတော် ကပ်ဘေးဖြတ်ကျော်နေသည်ကို မြင်လိုက်ရချိန်တွင် မတူညီသောအတွေးများစွာ ပေါ်ထွက်လာခဲ့ကြ၏။

မဟာနှင်းတောင်တန်းဂိုဏ်းမှလွဲ၍ အခြား မည်သည့်ဂိုဏ်းဂဏမှ ကျောင်းထိုင်ဆရာတော် အောင်အောင်မြင်မြင် ချိုးဖျက်အဆင့်တက်သွားမည့်အဖြစ်ကို မလိုလားကြပေ။

ကံမကောင်းစွာဖြင့် သူတို့ကျင့်ကြံဆင့်မှာလည်း ကျောင်းထိုင်ဆရာတော်ကို မယှဥ်သာသည့်အဆင့်တွင် ရှိနေလေသည်။

မူလကတော့ အဇူရာတိမ်ဂိုဏ်းမှ တစ်ခုခုလှုပ်ရှားကြံစည်လိမ့်မည်ဟု ထင်ခဲ့သည်။ အဇူရာတိမ်ဂိုဏ်းချုပ်ဖြစ်သူ ချင်းယွင်ကျိကိုယ်တိုင်ပင် ထိုသူ၏ပြိုင်ဘက်အဖြစ် ယှဥ်ပြိုင်တိုက်ခိုက်ရသည့်အခြေအနေတွင် မဟုတ်ပါလော။ သေချာပေါက် တစ်ခုခုတော့ ဝင်စွက်ဖက်လိမ့်မည်ဟု ထင်ခဲ့ကြ၏။

သို့သော် ယခုတော့ ချင်းယွင်ကျိမှာ အဆင့်တက်ခြင်းဖြစ်စဥ်ကို ငြိမ်လျက်သားရပ်ကြည့်နေခဲ့ပြီး အဇူရာတိမ်ဂိုဏ်းမှ အစောင့်အရှောက်ခေါ်လာသော မိစ္ဆာကြီးများမှာလည်း ဆရာတော် ကပ်ဘေးဖြတ်ကျော်နေသည်ကို မမြင်သည့်အလား အေးအေးဆေးဆေးသာ လှည့်လည်သွားလာနေကြလေသည်။

အခြေအနေက ထိုသို့ငြိမ်းချမ်းတည်မြဲနေသောကြောင့် ဆရာတော်၏ကပ်ဘေးဖြတ်ကျော်ခြင်းမှာလည်း အတော်အတန် ချောမွေ့ခရီးရောက်နေခဲ့သည်။

အမှန်တော့ ဆရာတော်ကိုယ်တိုင်လည်း ဤသို့ဖြစ်မည်ကို ကြိုတင်မျှော်လင့်ထားခြင်းမရှိခဲ့။

အားကုန်ပေါင်းစည်းခုတ်လွှဲလိုက်သော ထိုဓားတစ်ချက်က မထင်မှတ်ထားစွာ ကပ်ဘေးဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့်ထိ ရုတ်ချည်းခုန်တက်သွားခဲ့သောကြောင့် သူ၏ ကပ်ဘေးဖြတ်ကျော်ခြင်းလုပ်ငန်းစဥ်မှာ အစီအစဥ်မကျစွာ အလျင်စလို ဝင်ရောက်လာခဲ့လေသည်။

သို့သော် ဤကပ်ဘေးဖြတ်ကျော်ခြင်းအတွက် သူ နှစ်ရာပေါင်းများစွာ ပြင်ဆင်စောင့်ဆိုင်းထားခဲ့ပြီးဖြစ်၏။

ကပ်ဘေးကိုရင်ဆိုင်ရန်အတွက် လိုအပ်သည့် မှော်ရတနာများ၊ ဆေးလုံးများနှင့် အခြားအကူနည်းလမ်းအားလုံးကို သူ၏ အာကာသလက်စွပ်ထဲတွင် ကြိုတင်သိမ်းဆည်းထားခဲ့သဖြင့် ကပ်ဘေးဖြတ်ကျော်ရန် ပြဿနာမရှိချေ။

သူကြောက်ရသည့် တစ်ခုတည်းသောအရာမှာ ကြားဖြတ်ဝင်ရောက်နှောင့်ယှက်ခြင်းသာ ဖြစ်လေသည်။

ချင်းယွင်ကျိတစ်ယောက် ပေပေါင်းသောင်းချီဝေးကွာသော နေရာမှ တိုက်ခိုက်ခြင်းကိုရပ်တန့်လိုက်ကာ သူ့အားရပ်ကြည့်နေသည်ကို မြင်ရသောအခါ ကျောင်းထိုင်ဆရာတော်သည် အစပိုင်းတွင် အနည်းငယ် စိုးရိမ်ပူပန်မိခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ကို အေးအေးသာထားလိုက်တော့၏။

သူ၏ စိတ်အစဥ်နှင့် သတိအာရုံအားလုံးကို ကပ်ဘေးဖြတ်ကျော်ခြင်းတွင်သာ လုံးလုံးလျားလျား အာရုံစိုက်ထားခဲ့လိုက်တော့သည်။

ကပ်ဘေးဖြတ်ကျော်ခြင်း မိုးကြိုးစွမ်းအား တိုးမြင့်လာသည်နှင့်အမျှ သက်ရောက်သောနယ်ပယ်အကျယ်အဝန်းလည်း ပိုလို့ကျယ်ပြန့်လာသည်။

ချင်းယွင်ကျိတည်ရှိနေသောနေရာမှာ ကပ်ဘေးဖြတ်ကျော်ခြင်းမိုးကြိုးစွမ်းအားဒဏ်ကို အတိုင်းအတာစ်ခုအထိ သက်ရောက်ခံနေရလေပြီ။

သို့တိုင် ချင်းယွင်ကျိက လုံးဝနောက်မတွန့်။

မျက်နှာအမူအရာအရ ထိုသူသည် တစ်စင်းပြီးတစ်စင်း ကျဆင်းလာသောမိုးကြိုးများထံမှ ကပ်ဘေး၏လျှို့ဝှက်ချက်များကိုသာ အာရုံစူးစိုက်နေဟန်ရှိ၏။

ကပ်ဘေးမိုးကြိုးက ကောင်းကင်နှင့်မြေပြင်ကို ရိုက်ခတ်နေစဉ် ပျက်စီးခြင်းနှင့် ဖန်ဆင်းခြင်းတို့၏ ဆင့်ကဲဖြစ်စဉ်များကြားမှ တာအို၏အခြေခံသဘောတရားမျိုးစုံ လှစ်ဟထွက်ပေါ်လာခဲ့သည်။

ချင်းယွင်ကျိသည် ဤတာအိုသဘောတရားများကို လေ့လာစောင့်ကြည့်ကာ နားလည်သဘောပေါက်စေပြီးနောက် ထိုအသိပညာများကို မိမိ၏ တာအိုနယ်ပယ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။

ထိုအချိန်တွင် ယုစုန့်နှင့်ချင်းစုန့်တို့မှာ ရှို့ယိဘုရားကျောင်းမှ အမောတကော ပြန်ရောက်လာခဲ့ကြသည်။

ဆရာတော် ကပ်ဘေးဖြတ်ကျော်နေရပြီဟူသော သတင်းကို ကြားလိုက်ရသည့်အခိုက်အတန့်တွင် ဘုရားကျောင်းရှိလူအားလုံး ပွက်လောရိုက်ဆူညံသွားခဲ့သည်ပင်။

သူတို့၏ဆရာတော်သည် ကပ်ဘေးဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့်သို့ပင် ချိုးဖျက်တက်ရောက်နိုင်ခဲ့လေပြီလော။

ထို့အပြင် ဆရာတော်သည် ဓားကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့် သူ၏ တိုက်ရည်ခိုက်ရည်နှင့် ခန္ဓာအင်အားမှာ အဆင့်တူမှ အခြားသောကျင့်ကြံသူများနှင့်ယှဥ်လျှင် အမြဲတစေသာလွန်တတ်ပေသည်။ သို့ဆိုလျှင် ဤသို့ ကျင့်ကြံဆင့်ပါချိုးဖျက်နိုင်ချိန်တွင် ဤလောက၌ မိမိတို့၏ဆရာတော်သာ ကျင့်ကြံရေးလောကထိပ်ခေါင် နံပါတ်တစ်စွမ်းအားရှင် ဖြစ်လာလေမည်လော။

သို့သော်လည်း အဇူရာတိမ်ဂိုဏ်းက ငှက်မွေးတံဆိပ်တော်ခန်းမဆောင်ကို အတင်းအဓမ္မသိမ်းယူပြီး ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများနှင့် ကပ်ဘေးဖြတ်ကျော်ခြင်းဆေးရည်များကို တောင်းဆိုကာ ခြိမ်းခြောက်ငွေညှစ်နေကြောင်း ကြားရသောအခါ ရှို့ယိကျောင်းတော်တစ်ခုလုံး ဒေါသထွက်သွားကြတော့သည်။

ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ ဒီလောက်ထိမျက်နှာပြောင်ရတာလဲ။

"ငါတို့ဘက်ကဘာလို့ပေးရမှာလဲ။ ဒီကောင်တွေ စိတ်ကူးယဥ်လွန်နေတာမဟုတ်ဘူးလား"

"ငါတို့ရဲ့ဘိုးဘေးကြီးကို သူတို့ဆီ စာရင်းသွားရှင်းခိုင်းလိုက်"

"အဇူရာတိမ်ဂိုဏ်းသာ ဆရာတော်ကိုထိပါးရဲရင် သေသေရှင်ရှင် တိုက်ပွဲဝင်ပစ်မယ်"

......

ရှို့ယိကျောင်းတော်မှ လူများသည် အဇူရာတိမ်ဂိုဏ်း၏ ခြိမ်းခြောက်ငွေညှစ်မှုကို လက်မခံလိုကြချေ။

ယုစုန့်က လေးနက်သောအသံဖြင့် အကျိုးအကြောင်းပြောပြလာသည်။

"အားလုံးပဲ၊ အခုအချိန်မှာ ဆုံးဖြတ်ချက်ကို သေသေချာချာစဉ်းစားကြဖို့ တောင်းဆိုချင်ပါတယ်။ ကျောင်းထိုင်ဆရာတော်က ကပ်ဘေးဖြတ်ကျော်နေတာပါ။ တကယ်လို့ ကျုပ်တို့ဘက်က သူတို့တောင်းတဲ့ပစ္စည်းတွေကို အမြန်ဆုံးသွားမပေးရင် အဲဒီမိစ္ဆာတွေက တကယ်ပဲ ဆရာတော့်ကို ဝင်နှောင့်ယှက်လိုက်ရင် ဘာတွေဖြစ်လို့ဖြစ်သွားမယ်မှန်း ဘယ်သူမှ အာမမခံရဲပါဘူး"

ကပ်ဘေးဖြတ်ကျော်ခြင်းဆိုသည်မှာ မိမိဘာသာရင်ဆိုင်ရန်ပင် ခက်ခဲလှသောစိန်ခေါ်မှုတစ်ခုဖြစ်သည်။

ကြားဖြတ်စွက်ဖက်မှုတစ်ခုခုသာရှိခဲ့လျှင် ဆရာတော်သည် ကပ်ဘေးကိုမဖြတ်ကျော်နိုင်ရုံသာမက အသက်ဘေးသည်ပင် အန္တရာယ်ရှိသည့်အခြေအနေသို့ ကျရောက်ပေလိမ့်မည်။

"သူတို့ ဒီလောက်ထိယုတ်မာတဲ့ပြစ်မှုမျိုးကို ကျူးလွန်ရဲမှာတဲ့လား။ ငါတို့ရှို့ယိဘုရားကျောင်းကလည်း အခြေမဲ့အနေမဲ့မှမဟုတ်တာ၊ အဲ့လောက်ရဲတင်းတဲ့လှုပ်ရှားမှုမျိုး လုပ်ရဲမှာတဲ့လား"

ထိပ်တန်းတာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက မကျေမနပ်မေးလိုက်သည်။

"တစ္ဆေတမန်တော်က ယွင်မုန့်စိမ့်တောမှာပဲရှိသေးတယ်လေ"

ချင်းစုန့်က စိတ်ပျက်လက်ပျက် ပြန်ဖြေလာသည်။

သူတို့၏ ကျန်ကောင်းကျန်ရာ ဝှက်ဖဲလက်နက်များသည်လည်း တစ္ဆေဘုံတမန်တော်နှင့်သာ ထိပ်တိုက်တွေ့ဆုံရပါက သေချာပေါက် ပျက်သုဥ်းဆုံးရှုံးခြင်းသို့သာ ဆိုက်ရောက်ရပေလိမ့်မည်။

ယုစုန့်က ဆက်ပြောလာသည်။

"ချင်းယွင်ကျိနဲ့ဆရာတော်က တိုက်ပွဲကို အဆုံးမသတ်ရသေးခင် တန်းလန်းရပ်ထားရတာ၊ ဒီအချိန်မှာ သူ့ဘက်ကတစ်ခုခုလုပ်လိုက်ရင်လည်း မတရားတာလို့ပြောမရပြန်ဘူး။ နောက်ပြီး ကျန်းယန်အကြောင်း ကျုပ်သိထားသလောက်ဆိုရင် သူတောင်းတဲ့ငွေကို အချိန်မီမပေးနိုင်ရင် ပြောထးတဲ့အတိုင်းလုပ်မယ့်လူမျိုးပဲ"

ထို ကာကွယ်ရေးအခကြေးငွေအကြောင်း စကားထဲထည့်ပြောရသည်နှင့် ဒေါသကထွက်လာသည်။

ဘေးမှငြိမ်နားထောင်နေကြသူများလည်း အတော်လေး မကျေမချမ်းဖြစ်နေကြဟန်ပင်။

ရှို့ယိကျောင်းတော်တွင် အကာအကွယ်ကို အခကြေးငွေပေးငှားရသည့်အခြေအနေမျိုး မရှိခဲ့ဖူးပါချေ။

"ပေးမယ်ပြောလိုက်"

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးမှ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် လူတိုင်းဆီသို့ သတင်းစကားတစ်ခွန်း ပေးပို့လာသည်။

ဤစကားမှာ ရှို့ယိကျောင်းတော်၏ အတွင်းပိုင်းအကြီးအကဲတစ်ဦးဆီမှ ကိုယ်တိုင်ထွက်လာသော အမိန့်စကားဖြစ်၏။

အကြီးအကဲ၏အမိန့်သံကို ကြားလေတော့ အစောပိုင်းက ငြင်းခုန်နေကြသောသူများလည်း စကားတစ်ခွန်းမှ ထပ်မပြောရဲကြလေတော့။

ထို့နောက် မဆိုင်းမတွပင် စန်းစုန့်၏ မျိုးဆက်ပိုင် ငှက်မွေးတံဆိပ်တော်ခန်းမဆောင်ကို ဖြိုဖျက်ကာ အာကာသလက်စွပ်တစ်ခုထဲသို့ ထည့်သွင်းလိုက်ကြသည်။ သတိကြီးကြီးထားနေရသော ယုစုန့်တို့မှာလည်း ငှက်မွေးတံဆိပ်တော်ခန်းမဆောင်အတွင်းရှိ မည်သည့်ပစ္စည်းကိုမှ မထိမတို့ရဲစွာ နဂိုရှိသည့်အတိုင်း အကုန်သာထည့်ပေးလိုက်တော့၏။

ဤအခြေအနေမျိုးတွင် ပြဿနာကိုကြီးထွားအောင် ဘာတစ်ခုမှမလုပ်မိဖို့ သတိထားရမည်ပင်။

ဆရာတော် ကပ်ဘေးကို အောင်အောင်မြင်မြင်ဖြတ်ကျော်ပြီးသည်နှင့် အစီအစဥ်တစ်ခုကို သေချာပေါက် ရေးဆွဲချမှတ်ပေးလိမ့်မည်ဖြစ်၏။

ထို့နောက်တွင် ရှို့ယိဘုရားကျောင်းမှ ကိုယ်စားလှယ်နှစ်ဦးသည် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်ရာနှင့် ကပ်ဘေးဖြတ်ကျော်ခြင်းဆေးရည် ငါးပုလင်းတို့ကို ထုတ်ယူကာ စီးချင်းတိုက်ပွဲဖြစ်ရာနေရာသို့ အပြေးအလွှားသွားရောက် ဆက်သကြလေတော့၏။

သတ်မှတ်နေရာသို့ သူတို့ရောက်ရှိချိန်တွင် ဆရာတော်၏ ကပ်ဘေးမိုးကြိုးများမှာ အနီရင့်ရောင်သမ်းနေကြပြီဖြစ်သည်။

ကပ်ဘေးဖြတ်ကျော်လို့ ပြီးလုနီးအချိန်သို့ ရောက်ရှိနေလေပြီ။

"ဒီမှာ မင်းလိုချင်တဲ့ဟာတွေ"

ယုစုန့်က ကျန်းယန်ကို စူးစူးဝါးဝါးစိုက်ကြည့်ကာ အာကာသလက်စွပ်အား ကမ်းပေးလိုက်သည်။

ကျန်းယန်က လက်စွပ်ကိုယူပြီး စန်းစုန့်လက်ထဲထည့်ပေးကာ ညွှန်ကြားလိုက်သည်။

"ဆရာအိုကြီး၊ အဲ့ထဲ ခင်ဗျားပစ္စည်းတွေ အကုန်အစုံပါရဲ့လား စစ်ကြည့်လိုက်ဦး"

ယုစုန့်က အေးစက်စက်အသံဖြင့်ဆိုသည်။

"မပူပါနဲ့၊ ငါတို့ဘာမှလုပ်မထားဘူး။ ဒီအချိန်ကစပြီး ဒီလူက ငါတို့ရှို့ယိဘုရားကျောင်းနဲ့ ထပ်ပက်သက်စရာအကြောင်းလည်းမရှိတော့ဘူး။ သူ့ဘက်ကသာ နောင်တမရှိစေဖို့ မျှော်လင့်ပါတယ်"

စန်းစုန့်ကတော့ လက်စွပ်ကိုစစ်ကြည့်မနေဘဲ နက်ရှိုင်းသောခံစားချက်ဖြင့် ဆိုလေသည်။

"ငါက ဆုံးဖြတ်ပြီးရင် နောင်တရတတ်တဲ့လူစားမဟုတ်ဘူး"

သူ့စိတ်ထဲမတော့ ရှို့ယိဘုရားကျောင်းမှာ သူစိမ်းပြင်ပြင်ထက် မပိုတော့ပြီ။

ကာကွယ်ရေးအခကြေးငွေကို အောင်အောင်မြင်မြင်အရယူနိုင်ခဲ့ပြီးနောက်မှာတော့ ကျန်းယန်သည် ယုစုန့်နှင့်ထပ်ပြီးငြင်းခုန်မနေတော့ဘဲ နဂိုနေရာသို့သာပြန်သွားကာ တိုက်ပွဲကို ဆက်လက်ရှုစားနေလိုက်သည်။

သူတော်စင်သခင်က ကျန်းယန်ကိုကြည့်ကာမေးပြန်သည်။

"ငါ့ပစ္စည်းတွေကော ဘယ်မှာလဲ"

"ဘာပစ္စည်းများလဲဗျ"

ကျန်းယန်က အူလည်လည်ပြန်မေးလာသည်။

"သူတော်စင်ဦးလေး ဘာတွေပြောနေမှန်း မသိရပါလား။ တစ်ခုခုလိုအပ်တာရှိရင် ရှို့ယိဘုရားကျောင်းကို ကိုယ်တိုင်သွားတောင်းဆိုလို့ရပါတယ်နော်"

သူတော်စင်သခင်မှာ ခေါင်းကိုသာယမ်းကာ လက်လျှော့လိုက်ရတော့သည်။ ကိုယ်တိုင်သွားတောင်းရအောင်လည်း သူက ဤကောင်စုတ်လေးလောက် မျက်နှာမပြောင်နိုင်။

မိမိ၏အမည်နာမကို အသုံးပြု၍ ရှို့ယိကျောင်းတော်ထံမှ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး နှစ်ဆယ်နှင့် ကပ်ဘေးဖြတ်ကျော်ခြင်းဆေးရည်တစ်ပုလင်းကို လိမ်လည်တောင်းခံခဲ့ပြီး မိမိအား မည်သည့်အကျိုးအမြတ်မျှ ခွဲဝေပေးခြင်းမရှိချေ။

လူမဆန်လိုက်ကြတဲ့ကောင်တွေ။

အချိန်တစ်ခုမျှကြာအပြီး နောက်ဆုံးသောမိုးကြိုးက ကျောင်းထိုင်ဆရာ‌တော်အား ပစ်ချလိုက်တော့သည်။ ကပ်ဘေးဖြတ်ကျော်ခြင်းကား အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ။

ဆရာ‌တော် ကျင့်ကြံဆင့် အောင်မြင်စွာချိုးဖျက်တော့မည့်ဟန်ကို မြင်လိုက်ရကာမှ ချင်းယွင်ကျိတစ်ယောက် အေးဆေးတည်ငြိမ်စွာ ဆုတ်ခွာလာခဲ့သည်။

"စီးချင်းထိုးပွဲကို ဆက်ဖို့မလိုတော့ဘူး"

ချင်းယွင်ကျိက တည်ငြိမ်စွာဆိုသည်။

ဆရာတော်မှာ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်သို့ အသစ်တက်လှမ်းနိုင်ခဲ့ပြီဖြစ်သော်ငြား ဤမိုးကြိုးစစ်တလင်းကို အချိန်အတော်ကြာတောင့်ခံခဲ့ရသည့် ရလဒ်အနေဖြင့် ဆက်လက်တိုက်ခိုက်ရန် အားအင်မကျန်ရှိနိုင်လောက်တော့။

ဆရာတော်က ခေါင်းကိုအသာညိတ်သည်။

"ဂိုဏ်းချုပ်ရဲ့ကျေးဇူးကို မမေ့ပါဘူး"

ချင်းယွင်ကျိသာစိတ်ရှိလျှင် သူကပ်ဘေးဖြတ်ကျော်နေစဥ် ဝင်ရောက်နှောင့်ယှက်လို့ရမည်ဖြစ်သော်ငြား တမင်ချန်ထားပေးခဲ့ခြင်းကို သူကောင်းကောင်းသိပေသည်။

အစမှအဆုံးအထိ လှုပ်ရှားမှုတစ်ခုမှမပြုဘဲ စိတ်ရှည်ရှည်စောင့်ဆိုင်းပေးခဲ့ခြင်းပင်။

ဤအတွက် သူ့ဘက်ကလည်း လိုလိုလားလား ကျေးဇူးသိမှတ်ချင်ပါသည်။

"နောက်ပြီး ဒီနေ့စီးချင်းထိုးပွဲက ရလဒ်ထွက်မသွားပေမဲ့လို့ စန်းစုန့်သာ အဇူရာတိမ်းဂိုဏ်းမှာဆက်နေချင်တယ်ဆိုရင် နေခွင့်ပြုလိုက်ပါလေ"

ဆရာတော်က တည်ငြိမ်သောအသံဖြင့် ဆိုသည်။

"နောက်မှ လူတစ်ယောက်ရှာပြီး ငှက်မွေးတံဆိပ်တော်ခန်းမကို ပို့ဆောင်ပေးလိုက်ပါဦးမယ်"

ဆရာတော်သည် ထိုစကားဆုံးသည်နှင့် တုံ့ပြန်မှုကိုပင်မစောင့်တော့ဘဲ ရှို့ယိဘုရားကျောင်းအဖွဲ့များဆီသို့ ဆုတ်ခွာသွားလေတော့သည်။

လက်ရှိတွင် ကပ်ဘေးဖြတ်ကျော်ခြင်းကို ပြီးစီးခါစအခြေအနေဖြစ်သဖြင့် ကျောင်းတော်ဆီပြန်ကာ သီးသန့်ကျင့်ကြံခြင်းဖြင့် သူ၏နယ်ပယ်ကို တည်ငြိမ်အခြေမြဲအောင် ပျိုးထောင်ရပေဦးမည်။

သူ့ကိုစောင့်ကြိုနေသော ယုစုန့်ကိုမြင်တော့ ညွှန်ကြားလိုက်သည်။

"ငှက်မွေးတံဆိပ်တော်ခန်းမကို စန်းစုန့်ဆီပို့ပေးလိုက်"

ယုစုန့်က မကျေမချမ်းဖြစ်စွာဖြင့် တုံ့ပြန်လာ၏။

"ဆရာသခင် ကပ်ဘေးဖြတ်ကျော်နေတုန်းက ကျန်းယန်နဲ့သူ့အဖွဲ့လာပြီး ခန်းမကိုအတင်းလုယူသွားပြီဗျ။ ဒါတင်မကဘူး၊ ထိပ်တန်းဝိညာဥ်ကျောက်တုံးတစ်ရာနဲ့ ကပ်‌ဘေးဖြတ်ကျော်ခြင်းဆေးရည်ငါးပုလင်းပါ အဆစ်တောင်းသွားသေးတယ်"

ဆရာတော်မှာ တမုဟုတ်ချင်း တိတ်ကျသွားလေတော့သည်။

သူ၏ အဇူရာတိမ်ဂိုဏ်းပေါ်သို့ ပထမဆုံးသော ရက်ရောစေတနာထားမှုလေးမှာ နောက်ဆုံးအကြိမ်ဖြစ်ခဲ့ရလေပြီ။

All Chapters