← Chapters

အခန်း ၇၈၁

Vol. 68 Ch. 781

အခန်း ၇၈၁

Vol. 68 Ch. 781

အခန်း ၇၈၁

ပါးထန်မှ ချန်ကျဲ့ကို ပြောသည်။

“ကောင်လေး မင်းက ငါနဲ့ အခြေအနေတွေ လာညှိနှိုင်းရဲတယ်ပေါ့လေ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ပြည်နယ်‌မြို့စောင့်တပ်မှူးက လိမ်ညာလှည့်ဖြားတဲ့နည်းကို ကျင့်သုံးတာပါလား။ ရယ်စရာကောင်းလိုက်တာ”

ပါးထန်မှ ပြောသည်။

“စစ်ပွဲမှာ မတရားတာမရှိဘူး။ ကောင်လေး သေဖို့ပြင်လိုက်‌တော့”

ထို့နောက် ချန်ကျဲ့ကို ချက်ချင်းတိုက်ခိုက်တော့သည်။ ချန်ကျဲ့လည်း နဂါးနိုင်လက်ဝါးသိုင်းလေးကွက်မြောက်သိုင်းကွက် ‌လယ်ပြင်မှာနဂါးတွေ့ကို ထုတ်သုံးလိုက်သည်။

လယ်ပြင်မှာနဂါးတွေ့သိုင်းကွက်၏ အနှစ်သာရသည် ဆန်းကြယ်ပြီး မြင့်မြတ်သည်။ ချန်ကျဲ့သည် ၎င်းဖြင့် ပါးထန်ကို တိုက်ရိုက်တိုက်ခိုက်သည်။

ပါးထန်သည် လေပြင်းလက်ဝါးသိုင်းဖြင့် တိုက်ခိုက်သည်။ ပါးထန်သည် ဝဖိုင့်ပြီး ဘောလုံးကဲ့သို့ ခန္ဓာကိုယ်ရှိသော်ငြား သူ၏လှုပ်ရှားမှုများသည် ကျက်သရေရှိပြီး လေကဲ့သို့ လျင်မြန်သည်။ သူ၏လက်ဖဝါးများသည် ပြင်းထန်သည့် လေပြင်းများကို ဖန်တီးပေးနေသည်။

သူ၏လက်ဝါးသိုင်းသည် အလွန်ထက်ရှသဖြင့် သာမန်လူများ ခံနိုင်ရည်မရှိနိုင်ချေ။

ချန်ကျဲ့သည် လက်တွင် နဂါးနိုင်လက်ဝါးသိုင်း ခြေထောက်တွင် လျှပ်စီးခြေလှမ်းသိုင်းတို့ကို အသုံးပြုရင်း အသည်းအသန်ခုခံသဖြင့် နှစ်ဦးမှာ သရေဖြစ်နေသည်။

ထိုအချိန်၌ တန်းအဆောင်၏ တတိယထပ်တွင် ဖန်းယင်းယွီနှင့် တာ့အိုဆရာကြီးသည် မှော်မှန်မှတစ်ဆင့် တိုက်ပွဲကို ကြည့်နေကြသည်။

ချန်ကျဲ့၏ ကိုယ်ဖော့သိုင်းကိုမြင်လျှင် တာ့အိုဆရာကြီးသည် ‌မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်၏။ မျက်နှာထပ်တွင် အံ့အားသင့်မှုတို့ အနည်းငယ် ထင်ဟပ်နေသည်။

ဖန်းယင်းယွီမှ ပြောသည်။

“ဒီပါးထန်က အရည်အချင်းရှိသားပဲ။ သူ့ရဲ့ လေပြင်းလက်ဝါးသိုင်း၁၈ကွက်က အပြည့်အဝကျွမ်းကျင်လုနီးပဲ”

“အာ ဆရာကြီး ခင်ဗျားဘာလို့ ကျုပ်မိတ်ဆွေကို စိုက်ကြည့်နေရတာလဲ”

ဖန်းယင်းယွီမှ တာ့အိုဆရာကြီးကို မေးသည်။ တာ့အိုဆရာကြီးသည် ချန်ကျဲ့ကို လက်ညှိုးထိုးပြလျက် ပြောသည်။

“မင်းမိတ်ဆွေရဲ့ဆရာက ဘယ်သူလဲ”

ထိုအခါ ဖန်းယင်းယွီသည် တွေဝေသွားပြီး ပြောသည်။

“ကျုပ်မသိဘူး။ ဆရာကြီးက ဘာလို့ ကျွန်တော့်မိတ်ဆွေကို စိတ်ဝင်စားနေရတာလဲ”

တာ့အိုဆရာကြီးသည် ဖန်းယင်းယွီ၏မေးခွန်းကို ပြန်မဖြေပေ။ ထိုအစား ပြော၏။

“လျှပ်စီးခြေလှမ်းသိုင်းပဲ၊ လျှပ်စီးခြေလှမ်းသိုင်းဆိုတာ သေချာတယ်။ ချန်ချွမ်းတောင်ကြား ဘေးဒုက္ခကြီးနဲ့ မကြုံတွေ့ရခင်တုန်းက အဲဒီသိုင်းကို သင်ကြားပေးခဲ့တယ်။ ဘေးဒုက္ခကြီးကျရောက်ပြီးတော့ အဲဒီသိုင်းက လုယက်ခံရပြီး သိုင်းလောကထဲ ပျံ့နှံ့သွားခဲ့တယ်။ အဲဒီတော့ သူ လျှပ်စီးခြေလှမ်းသိုင်းကို သိနေတာလည်း ထူးတော့ မထူးဆန်းပါဘူးလေ”

ထိုစဉ် တိုက်ပွဲမှာမူ နောက်ထပ် သိုင်းကွက်တစ်ဒါဇင်ခန့် ဖလှယ်ပြီးလေပြီ။ သူ၏အင်အားသည် ချန်ကျဲ့ထက် သာလွန်သော်ငြား ချန်ကျဲ့ကို ဖမ်းရခြင်းမှာ မဖြစ်နိုင်ကြောင်း ပါးထန် နားလည်လိုက်သည်။

ထိုသို့အတွေးဖြင့် ပါးထန် အော်ပြောလိုက်သည်။

“နန်ပါးထျန်း မင်း ဒီတိုင်းရပ်ကြည့်နေတော့မှာလား။ မင်း ချန်ကျိုစစ်ကို သတ်ချင်ရင် ဒီထက် ပိုကောင်းတဲ့အခွင့်အရေးရှိ‌သေးလို့လား”

ထိုအခါ နန်ပါးထျန်းသည် ချက်ချင်းတုံ့ပြန်သည်။

“သခင်ကြီးပါးထန် ကျွန်တော်လာကူမယ်”

ထိုသို့ပြောလျက် နန်ပါးထျန်းသည် အင်အားခြွေတာမနေဘဲ ချန်ကျဲ့ကို အစွမ်းကုန်တိုက်ခိုက်သည်။ အထွတ်အထိပ်စွမ်းအင်ဖြင့် ရေခဲစိတ်စွမ်းအင်သိုင်း၏ စွမ်းအင်ကြောင့် ပတ်ဝန်းကျင်လေထုသည် အပူချိန် သိသိသာသာ ကျဆင်းသွား၏။

ကြက်သီးထဖွယ် အေးစက်မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်၏။

ချန်ကျဲ့သည် ‌ရေခဲတမျှ အေးစက်သည့်အပူချိန်ကို ခံစားမိသည်တွင် စိတ်ထဲမှ တွေးလိုက်သည်။

ဒီလူက ဒီလောက်‌အအေးဓာတ်ကို ထုတ်ပေးနိုင်တာ နွေရာသီမှာ သူ့ကိုဖမ်းထားပြီး လှောင်ချိုင့်ထဲ ထည့်ပိတ်ထားရင် လေအေးပေးစက်လို သုံးလို့ရမှာပဲ။

ချန်ကျဲ့ ထိုသို့ပေါက်ကရတွေးနေစဉ် ‌နန်ပါးထျန်းသည် လိုက်မီလာပြီး ချန်ကျဲ့ကို ရေခဲစိတ်စွမ်းအင်သိုင်း-ရေခဲနှင့်ဆီးနှင်းသိုင်းကွက်ဖြင့် တိုက်ခိုက်သည်။

၎င်းသည် ချန်ကျဲ့၏ရင်ဘတ်တည့်တည့်သို့ ဦးတည်ခြင်းဖြစ်သည်။ ထိုမြင်ကွင်းကိုမြင်လျှင် ပါးထန်သည်လည်း လက်မောင်းများကို အရှိန်ပြင်းပြင်းလှည့်ပတ်၍ လေပြင်းလက်ဝါးသိုင်း၁၈ကွက်ထဲမှ နဂါးလေပွေသိုင်းကွက်ဖြင့် ချန်ကျဲ့ကို ဦးတည်တိုက်ခိုက်သည်။

ပါးထန်သည် ချန်ကျဲ့၏ သိဒ္ဓိစွမ်းအင်လုံးတည်နေရာကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်။ ချန်ကျဲ့၏သိဒ္ဓိစွမ်းအင်လုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားလေသည်။

ထိုအခါ ချန်ကျဲ့ ရွေးချယ်စရာများကို အမြန်စဉ်းစားလိုက်သည်။ နဂါးနိုင်လက်ဝါးသိုင်းကို အသုံးပြုခြင်းသည် ထိုတိုက်ခိုက်မှုနှစ်ခုကို ဟန့်တားခုခံနိုင်မည်ဖြစ်သော်ငြား သူကိုယ်တိုင်လည်း အပြင်းအထန်ဒဏ်ရာရလိမ့်မည်။ သို့ဖြင့် ရေထိန်းချုပ်လက်ဝါးသိုင်းကို အသုံးပြုရန် ရွေးချယ်လိုက်သည်။

ချန်ချွမ်းကျင့်စဉ်ကို တိုးတက်လည်ပတ်စေပြီးနောက်တွင် ရေထိန်းချုပ်လက်ဝါးသိုင်း၏အင်အားသည်လည်း များစွာ တိုးတက်ခဲ့သည်။

၎င်းတွင် အသံတိတ်ရေထိန်းချုပ်ခြင်းဆိုင်ရာ နက်‌နဲသော ဂုဏ်သတ္တိများပင် ပါဝင်လာသေးသည်။

ထိုသို့အတွေးဖြင့် ချန်ကျဲ့သည် ချက်ချင်းပင် စွမ်းအင်များကို ‌စီးဆင်းစေလိုက်သည်။ သူ၏လက်များကို ရေလှိုင်းသဖွယ်လှုပ်ရှားလိုက်ရာ သူ၏လက်များထဲ ရေလှိုင်းသဏ္ဍာန်များ ပေါ်ထွက်လာသည့်အလား ထင်မှတ်ရပေသည်။

ရေထိန်းချုပ်လက်ဝါးသိုင်း - ချိတ်ပိတ်သိုင်းကွက်။

ထိုအခိုက်အတန့်၌ ပြင်းထန်လှစွာသော လက်ဝါးရိုက်ချက်နှစ်ခုသည် ချန်ကျဲ့ထံ ကျရောက်လာသည်။

၎င်းတိုက်ခိုက်မှုများသည် ချန်ကျဲ့၏ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် ထိခတ်သွား၏။ မာကြောမှုနှင့် နူးညံ့ပျော့ပြောင်းမှုတို့ ထိခတ်သွားပြီး ချိတ်ပိတ်ကာကွယ်မှုနှင့် ပေါင်းစည်းသွားသည်တွင် ထိုအရှိန်ပြင်းစွာသော လက်ဝါးရိုက်ချက်နှစ်ခုကို ခုခံနိုင်ခဲ့သည်။

ချန်ကျဲ့သည် ဤအင်အားကို အဆက်မပြတ် စီးဆင်း‌လည်ပတ်စေလျက် ဘေးကင်းမည့်နေရာအထိ ဆုတ်ခွာလိုက်သည်။

ချန်ကျဲ့သည် ဤသိုင်းကွက်ကို လှလှပပ သုံးနိုင်ခဲ့၏။

“ရေထိန်းချုပ်လက်ဝါးသိုင်း ချိတ်ပိတ်သိုင်းကွက်”

ထိုစဉ် တတိယထပ်၌ တာ့အိုဆရာကြီးသည် ရုတ်တရက် မတ်တပ်ထရပ်၏။ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည်။ ချန်ချွမ်း‌တောင်ကြား၏ သိုင်းပညာဖြစ်သည့် ရေထိန်းချုပ်လက်ဝါးသိုင်းကို သူနောက်တစ်ကြိမ် မြင်တွေ့နိုင်ခဲ့လေပြီ။ ၎င်းသည် ချန်ချွမ်းကျင့်စဉ်(နွေဦးအက္ခရာကျင့်စဉ်)၏ ယွီရွှေကို ကိုယ်စားပြုသည့် သိုင်းကျင့်စဉ်ဖြစ်သည်။

ယွီရွှေသည် ခုခံကာကွယ်မှုတွင် အလွန်အားကောင်းပြီး ချိတ်ပိတ်သိုင်းကွက်အဖြစ် အသုံးပြုပါက အရှိန်အဟုန်ဖြင့် စီး‌ဆင်းနေသည့် ရေကဲ့သို့ ထိုးဖောက်မရနိုင်သည့် ထိပ်တန်းအဆင့် ခုခံကာကွယ်ရေးသိုင်းကျင့်စဉ်တစ်ခုဖြစ်သည်။

တာ့အိုဆရာကြီး စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ဖန်းယင်းယွီမှ ရယ်မောလျက် ပြောသည်။

“ဆရာကြီး ခင်ဗျား ဘာလို့ အရမ်းစိတ်လှုပ်ရှားနေရတာလဲ”

တာ့အိုဆရာကြီးမှ ပြန်ပြောသည်။

“သူ သူက ငါတို့ချန်ချွမ်းတောင်ကြားရဲ့သိုင်းပညာကို သုံးနေတာ”

ထိုအခါ ဖန်းယင်းယွီလည်း တန့်သွား၏။ ထို့နောက်‌ ပြောသည်။

“အို တိုက်ဆိုင်လိုက်တာ။ ကြည့်ရတာ ကျုပ်ရဲ့ဒီမိတ်ဆွေလေးက တကယ်ပဲ ခင်ဗျားတို့ချန်ချွမ်းတောင်ကြားအတွက် ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ ဆက်ခံသူလေးဖြစ်နေပုံပဲ”

တာ့အိုဆရာကြီးမှ ပြန်ပြောသည်။

“အင်း.. သူ့စွမ်းဆောင်ရည်တွေကို ကြည့်ရတာတော့ ငါတို့ချန်ချွမ်းတောင်ကြားရဲ့ ဆက်ခံသူဖြစ်ဖို့ တကယ်ပဲ သင့်တော်ပါတယ်။ ဒါပေမဲ့ သူ ဒီပွဲကို အနိုင်မတိုက်နိုင်ရင်တော့ အလဟသပဲ။ စမ်းသပ်မှုက စမ်းသပ်မှုပဲ။ စမ်းသပ်မှုကို မအောင်မြင်ရင် ချန်ချွမ်းတောင်ကြားရဲ့ဆက်ခံသူဖြစ်ဖို့ မထိုက်တန်ဘူးပဲ”

ဖန်းယင်းယွီမှ ပြန်ပြောသည်။

“ဟားဟား ဆရာကြီး ခင်ဗျားက တကယ်… ခေါင်းမာတာပဲ”

“ဘာ”

တာ့အိုဆရာကြီးသည် ဖန်းယင်းယွီကို လှည့်ကြည့်လာ၏။ ဖန်းယင်းယွီမှ ပြောသည်။

“မဟုတ်ဘူးလား။ သူက ကောင်းမွန်တဲ့ဆက်ခံသူဆိုတာ သိသာနေတာတောင် ခင်ဗျားက တောင်းဆိုချက်တွေ များလွန်းနေတာလေ။ ခင်ဗျားတို့ချန်ချွမ်းတောင်ကြားက ဆက်ခံသူရှာဖို့ခက်ခဲတာ မထူးဆန်းတော့ပါဘူး။ ခင်ဗျားက ဒီလောက် ဂျီးများနေတာကို”

တာ့အိုဆရာကြီးမှ ပြောသည်။

“ချန်ချွမ်းတောင်ကြားက လူသား‌အရှင်ရဲ့ အမွေအနှစ်ပဲ။ ပေါ့ပေါ့တန်တန် စဉ်းစားသင့်တဲ့အရာ မဟုတ်ဘူး။ ခင်ဗျားလို လှည့်ကွက်နည်းနည်းလေးလောက် သင်ယူတတ်မြောက်ထားတဲ့ ဘုန်းကြီးတစ်ပါးက မောက်မောက်မာမာနဲ့ လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရတဲ့နေရာ မဟုတ်ဘူး”

ဖန်းယင်းယွီမှ ပြောသည်။

“ဟုတ်ပါတယ်။ ခင်ဗျားတို့ချန်ချွမ်းတောင်ကြားရဲ့သိုင်းပညာက လွန်ခဲ့တဲ့ရှေးနှစ်ပေါင်းများစွာတုန်းက ကြီးကျယ်ခမ်းနားလှတဲ့ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကနေ ဆင်းသက်လာတယ်ဆိုတာ ကျုပ်သိပါတယ်။ အဲဒီရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကို ရာသီလေးပါးရဲ့နတ်ဘုရားတွေကို ဆက်သွယ်ပြီး လူသားအရှင်ကို ကာကွယ်လို့ သီးနှံရိက္ခာတွေ ပေါများစေဖို့ ရည်ရွယ်ချက်နဲ့ နတ်ဘုရားရှန်နုံက ဖန်တီးခဲ့တာပဲ”

All Chapters