← Chapters

အခန်း ၇၈၆

Vol. 68 Ch. 786

အခန်း ၇၈၆

Vol. 68 Ch. 786

အခန်း ၇၈၆

နန်ပါးထျန်းသည် ရေခဲစိတ်စွမ်းအင်သိုင်းကို ကျင့်ကြံလာခဲ့သည်မှာ နှစ်၂၀ကျော်ရှိပြီဖြစ်သဖြင့် ပေါက်ကွဲကျင့်စဉ်၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ပါးထန်နှင့် နန်ပါးထျန်းသည် ချန်ကျဲ့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြသည်။

တကယ်တော့ ချန်ကျဲ့နေရာတွင် တခြားသိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်ဖြစ်ပါက ရှုံးနိမ့်သွားခဲ့လောက်ပေပြီ။ ရန်သူနှစ်တွင် တစ်ဦးသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းနှောင်းပိုင်းအဆင့်နှင့် တစ်ဦးသည် ပေါက်ကွဲကျင့်စဉ်ကို အသုံးပြုလိုက်ခြင်းကြောင့် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအလယ်အလတ်အဆင့်နီးပါး မဟုတ်ပါလော။

သာမန်သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကျင့်ကြံသူများ သို့မဟုတ် အားစန်း၊အားသာ့တို့ကဲ့သို့ သာမန်မဟုတ်သူများအတွက်ပင်လျှင် ဤသို့အခြေအနေမျိုး၌ ရှုံးနိမ့်ခြင်းနှင့် သေဆုံးခြင်းဟူသည့် လမ်းနှစ်သွယ်သာ ရှိလိမ့်မည်။

သို့သော် ချန်ကျဲ့သည် ကြောက်ရွံ့စိတ် အလျဉ်းမရှိဘဲ စမ်းသပ်ကြည့်လိုစိတ်သာ ထက်သန်နေခဲ့သည်။

ချန်ချွမ်းကျင့်စဉ်ကို အောင်မြင်မှုကြီးအဆင့်အထိ ကျင့်ကြံပြီးချိန်ကတည်းက ချန်ကျဲ့သည် စိတ်လှုပ်ရှားဖွယ်သော တိုက်ပွဲများကို မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။

ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် ရန်သူနှစ်ဦးအား ပေါ့ပေါ့ပါးပါးပင် ရင်ဆိုင်နေခဲ့သည်။

ပါးထန်၏တိုက်ခိုက်မှုကို ချန်ကျဲ့သည် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တုံ့ပြန်လိုက်ရာ ပါးထန် နောက်သို့လွင့်သွား၏။ နန်ပါးထျန်းမှလည်း တစ်ဆက်တည်း တိုက်ခိုက်သည်။ ချန်ကျဲ့သည် အရေးမစိုက်ဘဲ လက်ဆန့်ထုတ်၍ နန်ပါးထျန်း၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။

နန်ပါးထျန်း ထိတ်လန့်သွားလျက် လက်ပြန်ရုတ်ရန် ကြိုးစားသော်ငြား ချန်ကျဲ့၏ အောက်ဘက်သို့ ဦးတည်ရိုက်ချခြင်းကို ခံလိုက်ရသည်။ ပတ်ဝန်းကျင်တွင် ဖုန်ထသွား၏။

ထိုအခါ ပါးထန်သည် လေပြင်းလက်ဝါးသိုင်းဖြင့် သဲများ၊ကျောက်တုံးများဖြင့် လေပွေသဏ္ဍာန် ဖန်တီးသည်။

ချန်ကျဲ့ တွန့်ဆုတ်မနေဘဲ ပါးထန်ဖန်တီးထားသည့် လေပွေထဲသို့ ဝင်ရောက်လိုက်သည်။ လွင့်ပျံနေသည့် သဲမှုန်များ၊ကျောက်တုံးများသည် ဓားသွားအလား တိုက်ခိုက်နေကြသည့်တိုင် ချန်ကျဲ့သည် စိုးစဉ်းသော်မျှ ထိခိုက်မှုမရှိပေ။

ချန်ကျဲ့၏ ကုံးမန်နတ်ဘုရားပုံရိပ်ထံမှ အစိမ်းရောင်ချီစွမ်းအင်များ ထွက်ပေါ်နေခဲ့ကာ ချန်ကျဲ့ကို တိုက်ခိုက်မှုများမှ ကာကွယ်ပေးထားသည်။

နန်ပါးထျန်းမှလည်း နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်သည်။ ဤတစ်ကြိမ်တွင် အင်အားကို အကန့်အသတ်ရောက်သည်အထိ တိုးမြှင့်၍ အသက်နုတ်တိုက်ကွက်ဖြင့် တိုက်ခိုက်သည်။

“မိုင်ထောင်ချီသို့ ရေခဲချိတ်ပိတ်ခြင်း”

ချန်ကျဲ့သည် ရိုးရှင်းစွာပင် လက်သီးတစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။ သို့သော် နန်ပါးထျန်းမှ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားရသည်။ နွေဦးနတ်ဘုရား၏အမျက်ဒေါသကို အသုံးပြုထားသည်ဖြစ်ရာ ချန်ကျဲ့၏ သာမန်လက်သီးလေးတစ်ချက်သည်လည်း နဂါးနိုင်လက်ဝါးသိုင်းကဲ့သို့ စွမ်းအားမျိုးရှိလေသည်။

ချန်ကျဲ့၏ ထိုသို့အခြေအနေကို မြင်သောအခါ ပါးထန်၏မျက်နှာအမူအရာ သိသိသာသာပြောင်းလဲသွား၏။

ဒီကောင်လေးက ဒီလောက်အင်အားကြီးနေတာ ဘယ်လိုမကောင်းဆိုးဝါးကျင့်စဉ်တွေ ကျင့်ကြံထားလို့လဲပဲ။

အင်အားကြီးရုံတင်မကဘူး မိစ္ဆာကောင်ကြီးနဲ့ တိုက်နေရသလိုပါ ထင်ရတယ်။

ထိခတ်သံအကျယ်ကြီးနှင့်အတူ နန်ပါးထျန်းသည် ချန်ကျဲ့၏ လက်ဝါးသိုင်းကွက်ကြောင့် လွင့်ထွက်သွားသည်။ နန်ပါးထျန်း၏ မောဟိုက်စွာ လေကို အလုအယက်ရှူသွင်းနေရသည့် ပုံစံကို ကြည့်ခြင်းအားဖြင့် ချီစွမ်းအင်ကို လွန်ကဲစွာ အသုံးပြုလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

ခုနက သူအသုံးပြုခဲ့သည့် ပေါက်ကွဲကျင့်စဉ်သည် သာမန်သိုင်းကွက်များထက် ချီစွမ်းအင်ကို အဆပေါင်းများစွာ ပိုမိုသုံးစွဲရသည်။

နန်ပါးထျန်းနှင့် ချန်ကျဲ့သည် ပါးထန်၏ လေပွေအတွင်း သိုင်းကွက်ဒါဇင်ကျော်ခန့် ဖလှယ်ခဲ့ကြသည်။ နန်ပါးထျန်းမှာ ချီစွမ်းအင်များအားလုံး ကုန်ခမ်းလုနီးပါးပင်။

ထိုအခါ ပါးထန်သည် ထိုက်ဆွေ့ဆေးနှစ်လုံးကို ထုတ်ယူလိုက်ပြီး နန်ပါးထျန်းကို ပစ်ပေးသည်။

“ချီစွမ်းအင် အမြန်ပြန်ဖြည့်ပြီး ငါ့ကိုအချိန်ဆွဲပေး”

ထိုအခါ နန်ပါးထျန်းသည် ထိုက်ဆွေ့ဆေးလုံးများကို ဖမ်းယူလိုက်ပြီး တွန့်ဆုတ်မနေဘဲ ချက်ချင်း သောက်လိုက်သည်။

ထို့နောက် ချီစွမ်းအင်များ ပြန်လည်ပြည့်ဝလာပြီး နောက်တစ်ကြိမ်တိုက်ခိုက်ရန် အသင့်ဖြစ်လေပြီ။

ပါးထန်မှ ပြောသည်။

“သူ့ကိုထိန်းထား”

နန်ပါးထျန်း ပါးထန်ကို ကြည့်လိုက်သည်။ ပါးထန်မှ ပြောသည်။

“ငါ့ကိုအချိန်ဆွဲပေးထား”

ထိုသို့ပြောပြီးနောက် ပါးထန်သည် အတွင်းအားစီးဆင်းလည်ပတ်စေပြီး လက်ဖဝါးထက်တွင် လျှို့ဝှက်ဆန်းကြယ်သော ချီစွမ်းအင်လေပွေတစ်ခု ဖြစ်ပေါ်စေသည်။

ဤသည်မှာ သဲမုန်တိုင်းဂိုဏ်း၏ အသက်သွေးကြောဖြစ်သည့် လေပြင်းလက်ဝါးသိုင်း၁၈ကွက်မှ အင်အားအကြီးဆုံးဖြစ်သည့် လေပြင်းအကျဉ်းထောင်သိုင်းကွက် ဖြစ်သည်။

သို့သော် ဤသိုင်းကွက်သည် ချီစွမ်းအင်သုံးစွဲမှု များသောကြောင့် ပါးထန်သည် ဤသိုင်းကွက်ကို အသုံးပြုခဲသည်။ အသက်နုတ်တိုက်ကွက်အဖြစ်သာ သုံးလေ့ရှိ၏။ ဒီနေ့တွင်မူ သူ့တွင် ထပ်မံစဉ်းစားနေရန် အချိန်မရှိတော့ချေ။

ချန်ကျိုစစ်၏အင်အားသည် သူမျှော်လင့်ထားသည်ထက် သာလွန်နေ၏။

သို့ဖြင့် ပါးထန်သည် ချီစွမ်းအင်အလုံးစုံကို အသုံးပြု၍ လေပြင်းအကျဉ်းထောင်ကို ဖန်တီးခဲ့သည်။ သို့သော်ငြားလည်း မလုံလောက်သေးဟု ခံစားရသဖြင့် ပါးထန်သည် ထိုက်ဆွေ့ဆေးတစ်လုံး သောက်လိုက်ပြီး ချီစွမ်းအင်ဖြင့် လေပြင်းအကျဉ်းထောင်ကို ဆက်လက်ဖန်တီးသည်။

လေပြင်းအကျဉ်းထောင်သိုင်းကွက်ကို ဖော်ပြထားချက်အရ ဤသိုင်းကွက်၏စွမ်းအားသည် အကန့်အသတ်မရှိ၊ ချီစွမ်းအင်သုံးစွဲမှုပမာဏသည် ဤသိုင်းကွက်၏စွမ်းအားဖြစ်လိမ့်မည်။ ချီစွမ်းအင် လုံလောက်နေသ၍ လေပြင်းအကျဉ်းထောင်သည် အလွန်တရာ အင်အားကြီးမားနိုင်သည်။

လေပြင်းအကျဉ်းထောင်ကို အောင်မြင်အောင် ဖန်တီးပြီးပါက ရန်သူကို ပိတ်လှောင်ထားနိုင်သည်။

ထို့ပြင် လေပြင်းအကျဉ်းထောင်သည် တဖြည်းဖြည်း ကျဉ်းကျုံ့လာမည်ဖြစ်ပြီး နောက်ဆုံးတွင် ရန်သူအား အသားကြိတ်စက်ထဲ ထည့်ကြိတ်သကဲ့သို့ ဖျစ်ညှစ်ပစ်လိမ့်မည်။ ဤသည်မှာ လေပြင်းအကျဉ်းထောင်၏ ကြောက်မက်ဖွယ်ကောင်းသည့် အချက်တစ်ချက်ဖြစ်သည်။

ပါးထန်သည် ထိုက်ဆွေ့ဆေးတစ်လုံးသောက်ပြီးနောက်တွင် ချန်ကျဲ့၏ ပစ်ထုတ်ခံလိုက်ရသည့် နန်ပါးထျန်းကို မြင်လိုက်ရသည်။ နန်ပါးထျန်းသည် မြေပြင်ထက် အရှိန်ပြင်းပြင်း ကျသွားခဲ့သဖြင့် နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျနေသည်။

နန်ပါးထျန်းသည် ဖြူဖျော့နေသည့်မျက်နှာဖြင့် ပါးထန်ကို လှမ်းကြည့်ရင်း မေးသည်။

“သခင်ကြီး အဆင်သင့်ဖြစ်ပြီလား”

ပါးထန်မှ ပြန်ပြောသည်။

“အလျင်မလိုနဲ့။ ရတော့မယ် ရတော့မယ်”

ထိုအခါ နန်ပါးထျန်းသည် အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။

“ဒါဆိုမြန်မြန်လုပ်ပါ။ ကျွန်တော် ကြာကြာမထိန်းထားနိုင်တော့ဘူး။ ဒီချန်ကျိုစစ်က အရမ်းထူးဆန်းနေတယ်”

ထိုသို့ပြောလျက် နန်ပါးထျန်းသည် ချန်ကျဲ့ကို ထပ်မံတိုက်ခိုက်သည်။ ချန်ကျဲ့သည် မျက်လုံးတို့မှေးကျဉ်းလိုက်ပြီး နန်ပါးထျန်းကို သံမဏိလက်ဝါးသိုင်းဖြင့် တိုက်ခိုက်လိုက်သည်။

သာမန်သံမဏိလက်ဝါးသိုင်းသည် ယခုတွင်မူ နွေဦးနတ်ဘုရား၏အမျက်ဒေါသစွမ်းအားကြောင့် အလွန်တရာ အင်အားကြီးမားနေပေသည်။ နန်ပါးထျန်းသည် ချန်ကျဲ့ထံ နီးကပ်သွားသည်တွင် သိပ်သည်းပြင်းထန်သည့် အင်အားတစ်ခုကို ခံစားလိုက်ရပြီး နောက်တစ်ကြိမ် နောက်ပြန်လွင့်ထွက်သွားရသည်။

ထိုအခါ ပါးထန်သည် ရွေးချယ်စရာမရှိတော့ဘဲ ထိုက်ဆွေ့ဆေးတစ်လုံး ထပ်သောက်လိုက်သည်။ ထိုက်ဆွေ့ဆေးသုံးလုံးအထိ သောက်သုံးထားသည်ဖြစ်ရာ သူ၏လေပြင်းအကျဉ်းထောင်သည် ပို၍အင်အားကြီးမားနေလေပြီ။

သို့တိုင် မလုံလောက်သေးဟု ခံစားရသဖြင့် ထိုက်ဆွေ့ဆေးတစ်လုံးထပ်သောက်ပြီး လေပြင်းအကျဉ်းထောင်ကို ဆက်လက်ဖန်တီးသည်။

စုစုပေါင်း လေးလုံးသောက်ပြီးလေပြီ။

သို့သော် ပါးထန် စိတ်သက်သာရာရစွာ သက်ပြင်းမချနိုင်မီမှာပင် နန်ပါးထျန်းသည် ချန်ကျဲ့၏ပစ်ပေါက်ခံလိုက်ရပြီး သွေးအန်ထွက်သွားသည့် မြင်ကွင်းကို မြင်လိုက်ရသည်။

ပါးထန်သည် ချန်ကျဲ့ကို စောင့်ကြည့်လေ့လာနေရင်း လေပြင်းအကျဉ်းထောင်၏စွမ်းအားကို ခံစားနေခဲ့သည်။ ထိုက်ဆွေ့လေးလုံးဖြင့် ဖန်တီးထားသည့် လေပြင်းအကျဉ်းထောင်သည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် အကန့်အသတ်ရောက်လုနီးပါး ဖြစ်ပေသည်။

ချန်ကျဲ့၏ကျင့်ကြံဆင့်သည် ဝံပုလွေအငွေ့အသက်အဆင့်မဟုတ်သ၍ သူ၏လေပြင်းအကျဉ်းထောင်မှ လွတ်မြောက်ခြင်းငှာ မဖြစ်နိုင်ပေ။

ထို့ပြင် အချိန်အကြာကြီး တိုက်ခိုက်ထားရသောကြောင့် ချန်ကျိုစစ်၏ ချီစွမ်းအင်ကုန်ခမ်းမှုသည်လည်း မနည်းလောက်ပေ။ ထို့ပြင် ချန်ကျဲ့သည် မည်သို့သော မိစ္ဆာကျင့်စဉ်ကို အသုံးပြု၍ အချိန်တိုအတွင်း အင်အားတိုးတက်အောင် လုပ်ခဲ့သည်ကိုလည်း သူမသိရသေးပေ။ သို့သော် ရုတ်တရက် အင်အားတိုးတက်စေနိုင်သည့် သိုင်းကျင့်စဉ်အားလုံးတွင် ဆိုးကျိုးရှိသည်။ ချီစွမ်းအင်သုံးစွဲမှု အလွန်များပြားခြင်းဖြစ်၏။ သို့ဖြစ်ရာ ချန်ကျိုစစ်သည်လည်း ကြာကြာတောင့်မခံနိုင်လောက်တော့ပေ။

All Chapters