← Chapters

အခန်း ၇၈၈

Vol. 68 Ch. 788

အခန်း ၇၈၈

Vol. 68 Ch. 788

အခန်း ၇၈၈

နန်ပါးထျန်းသည် စိတ်လှုပ်ရှားပျော်မြူးလျက် ရပ်ကြည့်နေသည်။ သို့သော် သူ၏ရှေ့ရှိ လေပြင်းအကျဉ်းထောင်မြင်ကွင်းသည် သူ၏ဦးရေပြားများကို ကျိန်းစပ်စေသည်။ သူသာ ထိုလေပြင်းအကျဉ်းထောင်ထဲ ပိတ်မိသွားပါက သေဆုံးရမည်မှာ သေချာ၏။ ၎င်းသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ဖြင့် ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။

ထိုသို့တွေးနေသော်ငြား နန်ပါးထျန်းနှင့် ပါးထန်၏မျက်နှာထက်တွင် ကောက်ကျစ်စဉ်းလဲသည့် အပြုံးများ ထင်ဟပ်နေသည်။

သူတို့အနေဖြင့် အချိန်ခဏမျှစောင့်ဆိုင်းပြီး ချန်ကျဲ့ စိစိညက်ညက်ကြေသွားသည်ကို ကြည့်နေရန်သာ လိုအပ်သည်။

ပါးထန်မှ နှမြောတသစွာ ပြော၏။

“သူ့ကိုယ်ပေါ်က ထိုက်ဆွေ့ဆေးလုံး၉၀ကတော့ နှမြောစရာပဲ။ သူနဲ့အတူ လေပြင်းထဲ အမှုန့်ဖြစ်သွားရတော့မယ်”

ထိုအခါ နန်ပါးထျန်းမှ ပြောသည်။

“ဟုတ်တယ် တကယ်နှမြောစရာပဲ။ ဒါပေမဲ့ ချန်ကျိုစစ်ကို သတ်လိုက်နိုင်တာကလည်း ကျွန်တော်တို့အတွက် ပြဿနာကြီးကို ရှင်းလိုက်နိုင်တာပါပဲ။ ထိုက်တန်ပါတယ်”

ပါးထန်မှ ပြန်ပြောသည်။

“အင်း မင်းပြောတာမှန်တယ်။ ချန်ကျိုစစ်က အတော်အရည်အချင်းရှိတဲ့သူပဲ။ သူ့ကို ချီမင်းသားအတွက် အသုံးမချနိုင်လိုက်တာ နှမြောစရာပဲ။ မဟုတ်ရင် သူက အနာဂတ်ကောင်းမွန်နေလောက်မှာ”

နန်ပါးထျန်းမှ ပြောသည်။

“ဒီလူက ရည်မှန်းချက်ကြီးမားလွန်းပါတယ်။ သူ ချီမင်းသားလက်အောက်ကို ခိုလှုံခဲ့ရင်တောင် ကောင်းတဲ့အရာမဖြစ်နိုင်ပါဘူး”

ထိုအခါ ပါးထန်သည် ဘာမှဆက်မပြောတော့ပေ။ နန်ပါးထျန်းသည်တော့ ပါးထန်ကို အသာပြုံးပြလိုက်သည်။ ထို့နောက် လေပြင်းအကျဉ်းထောင်ကို ပြန်ကြည့်သည်။

သူ ချန်ကျိုစစ် သေဆုံးသွားသည်ကို ကြည့်ချင်သည်။

သို့သော် သူတို့နှစ်ဦး ကျေနပ်ပီတိဖြစ်နေစဉ်၌

လေပြင်းအကျဉ်းထောင်ထဲမှ ချန်ကျဲ့၏အသံ ရုတ်တရက်ထွက်ပေါ်လာသည်။

“ခင်ဗျားတို့နှစ်ယောက်စလုံးရဲ့ အကြံအစည်တွေက အတော်လေး ကောင်းပါတယ်။ဒါပေမဲ့ ခင်ဗျားတို့ကို စိတ်ပျက်စေရမှာတော့ စိတ်မကောင်းပါဘူး။ ကျုပ်ကိုသတ်ဖို့ဆိုတာ အဲ့လောက်မရိုးရှင်းဘူးဗျ”

ဟမ်

ထိုအသံကိုကြားလျှင် နန်ပါးထျန်းနှင့် ပါးထန်တို့ မျက်နှာပျက်ယွင်းသွားရသည်။ နှစ်ဦးစလုံးသည် လေပြင်းအကျဉ်းထောင်ကို ကြည့်လိုက်ကြ၏။

ဒီလိုအခြေအနေမှာတောင် ချန်ကျိုစစ်က ဘယ်လိုလုပ်ပြီး စကားပြောနေနိုင်သေးတာလဲ။

သူတို့တွေးနေစဉ် လေပြင်းအကျဉ်းထောင်ထဲမှ အသံနောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

“ခင်ဗျားတို့နှစ်ယောက် အတော်အံ့ဩသွားကြပုံပဲ”

“ဒါပေမဲ့ မအံ့ဩကြပါနဲ့ဦး၊ ဘာလို့ဆို တကယ့်အံ့ဩစရာက မလာသေးဘူးလေ”

ထိုစကားအဆုံး၌ ချန်ကျဲ့၏ရေရွတ်သံကို ကြားလိုက်ရသည်။

“နဂါးနိုင်လက်ဝါးသိုင်း”

ဂါးး

“အာ ဒါက..”

သူတို့နှစ်ဦးသည် လေပြင်းအကျဉ်းထောင်ကို စိုက်ကြည့်နေကြစဉ် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ နဂါးဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

နဂါးပုံရိပ်ကြီးသည် အထက်သို့နွယ်တက်လျက် လေပြင်းအကျဉ်းထောင်ကို စုတ်ဖြဲပစ်ကာ ရုတ်ချည်း ဖြိုခွင်းလိုက်လေသည်။

ထို့နောက် ကောင်းကင်သို့ဆန်တက်လျက် ကျယ်လောင်စွာ ဟိန်းဟောက်နေသည်။

နောက်တဒင်္ဂ၌ လေပြင်းအကျဉ်းထောင်သည် ချန်ကျဲ့၏လက်ဝါးရိုက်ချက်ကြောင့် တစ်စစီ ပြိုကွဲသွားရကာ ကောင်းကင်တစ်ခွင်မှာ ချီစွမ်းအင်များ ပျံ့လွင့်သွားခဲ့သည်။

တစ်ပြိုင်နက်တည်းပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ သဲများ၊ကျောက်များ ပျံ့လွင့်ပြည့်နှက်နေ၏။

ထိုအခိုက်အတန့်၌ ပါးထန်နှင့် နန်ပါးထျန်းတို့သည် ပျံ့လွင့်နေသည့် သဲများ၊ကျောက်များကို ကြောင်အစွာ ရပ်ကြည့်နေကြ၏။

ထို့နောက်တွင်မူ ချန်ကျဲ့၏အော်သံကို ကြားလိုက်ရသည်။

“နန်ပါးထျန်း ပါးထန် သေဖို့ပြင်ကြတော့”

ဂါးးး

နောက်တစ်ကြိမ် နဂါးဟစ်ကြွေးသံ ထွက်ပေါ်လာခဲ့ပြီး ချန်ကျဲ့သည် သူတို့နှစ်ဦးကို နဂါးနိုင်လက်ဝါးသိုင်းဖြင့် တိုက်ခိုက်လေသည်။ ပျံ့လွင့်နေသည့် သဲကျောက်များအကြားတွင် အစိမ်းရောင်တောက်ပသည့် ပုံရိပ်တစ်ခုထွက်ပေါ်လာသည်အား သူတို့မြင်လိုက်ရသည်။

တစ်ပြိုင်နက်တည်းပင် ချန်ကျဲ့၏လက်ဝါးရိုက်ချက်သည် သူတို့နှစ်ဦးထံ ကျရောက်လာ၏။

ထိုအခါ နှစ်ဦးလုံး ထိတ်လန့်တွန့်ဆုတ်သွားကြသည်။ ပါးထန်သည် နန်ပါးထျန်းကို လှည့်ကြည့်၏။ နန်ပါးထျန်းသည်လည်း ပါးထန်ကို ပြန်ကြည့်သည်။ ထို့နောက် နှစ်ဦးသား တစ်ပြိုင်နက်တည်း လှည့်ပြေးတော့သည်။

ဒီလူကို တိုက်ခိုက်လို့မဖြစ်ဘူး။ သူ့ကို ဘယ်လိုမှ သတ်လို့မရနိုင်ဘူး။ ဆက်တိုက်နေရင် ကိုယ်ပဲသေသွားလိမ့်မယ်။

သို့ဖြင့် နှစ်ဦးသည် ဥာဏ်အမြော်အမြင်ကြီးစွာဖြင့် ထွက်ပြေးရန် ရွေးချယ်ခဲ့ကြသည်။

ထို့နောက် လူခွဲပြေးသည်။

ထိုအခါ ချန်ကျဲ့သည် လက်ဝါးသိုင်းကွက်တစ်ချက်ကို ထုတ်လွှတ်၍ ပါးထန်ကို တိုက်ခိုက်သည်။

ပါးထန်သည် နောက်ပြန်လှည့်၍ ခုခံလိုက်သော်ငြား နောက်သို့သာ လွင့်ထွက်သွားရပြီး ပါးစပ်မှ သွေးများအန်ထွက်သွားခဲ့သည်။

သို့သော် သူမရပ်တန့်ပေ။ ထိုက်ဆွေ့ဆေးလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး လေပြင်းခြေလှမ်းသိုင်းဖြင့် အမြန်ဆက်ပြေးသည်။

အသက်အန္တရာယ်ကြုံနေရချိန်မှာ ချန်ချွမ်းတောင်ကြားရဲ့အမွေအနှစ်ဆိုတာ ဘာအရေးလဲ။

ပါးထန် ထိုသို့တွေးလျက် အလွန်တရာလျင်မြန်သည့်အရှိန်နှုန်းဖြင့် ပြေးနေခဲ့သည်။

ပါးထန်ကို ဖမ်းဆီးရန်မှာ ယခုအချိန်သည် အကောင်းဆုံးဖြစ်ကြောင်း ချန်ကျဲ့သိသည်။ သို့သော် ပါးထန်သည် မည်သို့လှည့်ကွက်များ ထုတ်သုံးလာဦးမည်ကို မသိနိုင်ချေ။ ပြည်နယ်မြို့စောင့်တပ်မှူးရာထူးရှိသူဖြစ်သဖြင့် လှည့်ကွက်နည်းပါးလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူနှင့် ပါးထန်ကြားတွင် နက်ရှိုင်းသည့်သွေးကြွေးရန်ငြိုးများလည်း တည်ရှိနေခြင်း မဟုတ်ပေ။

ထို့ပြင် ပါးထန်ကို သူလိုက်မီခဲ့လျှင်သော်မှ သတ်ဖြတ်ခြင်းငှာ မအောင်မြင်နိုင်လောက်ပေ။

ထို့ပြင် ပါးထန်၏နောက်တွင် ချီမင်းသားရှိနေသည်။ ပါးထန်ကို သတ်ဖြတ်လိုက်ခြင်းသည် ချီမင်းသားကို လှုံ့ဆော်လိုက်ခြင်းကဲ့သို့ ဖြစ်သွားနိုင်ခြေလည်း ရှိသည်။ ချန်ကျဲ့အနေဖြင့် ချီမင်းသားကို အကြောင်းအရင်းမဲ့ အပြစ်မပြုလိုပေ။

ထိုသို့တွေးပြီးနောက် ချန်ကျဲ့သည် ပါးထန်ကို လောလောဆယ် လွှတ်ပေးလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။

ပါးထန်ကို ထွက်ပြေးခွင့်ပေးလိုက်မည်။ နန်ပါးထျန်းကတော့ သေကိုသေရမည်။

နန်ပါးထျန်းသည် စူးယွင်ကျင်းကို ပစ်မှတ်ထားရဲ၏။ တန်းအဆောင် ပထမထပ်တွင် နန်ပါးထျန်းပြောခဲ့သည့်စကားများကို ချန်ကျဲ့ မမေ့နိုင်ပေ။

ချန်ကျိုစစ် မင်းက အရမ်းတော်ပါတယ်။ ဒါပေမဲ့ မင်းရဲ့မိသားစုဝင်တွေကရော မင်းလိုစွမ်းဆောင်ရည်မျိုး ရှိနိုင်ပါ့မလား။

မင်း သူတို့နဲ့ ဝေးကွာနေတဲ့အချိန်ဆိုတာ တစ်ချိန်မဟုတ်တစ်ချိန် ရှိလာမှာပဲ။ အဲဒီအချိန်ကျရင် ငါ မင်းဇနီးကိုဖမ်းချုပ်ပြီး သူတောင်းစားတစ်အုပ်ဆီ လက်ဆောင်ပေးလိုက်မယ်…

ချန်ကျဲ့၏မျက်လုံးများထဲ အမျက်ဒေါသများ ဖုံးလွှမ်းသွား၏။

ငါ့ဇနီးကို ပစ်မှတ်ထားရဲတယ်။ နန်ပါးထျန်း ခင်ဗျားသေပြီပဲ။

သို့ဖြင့် ချန်ကျဲ့သည် လျှပ်စီးခြေလှမ်းသိုင်းကို အမြန်ဆုံးအဆင့်အထိ အသုံးပြုပြီး လျှပ်စီးလက်ခြင်းကဲ့သို့သော အရှိန်နှုန်းဖြင့် နန်ပါးထျန်း၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။

နန်ပါးထျန်း၏လမ်းကြောင်းကို ပိတ်ထားလိုက်၏။

ထိုအခါ နန်ပါးထျန်းသည် ကြောက်လန့်တကြား ရပ်တန့်သွားပြီးနောက် တစ်ဖက်သို့လှည့်ကာ ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် ချန်ကျဲ့သည် လျှပ်စီးခြေလှမ်းသိုင်း၏ အလျင်ဖြင့် တစ်ဖက်လမ်းကြောင်းကိုလည်း ပိတ်ရပ်သည်။

နန်ပါးထျန်းမှာ နဖူးထက် ချွေးစေးများ စီးကျလာသည်။

သူမလွတ်မြောက်နိုင်တော့ပေ။

သို့ဖြင့် ချန်ကျဲ့ကိုကြည့်၍ ပြောသည်။

“ချန်ကျိုစစ် မင်း မင်းဘာလုပ်မလို့လဲ”

ချန်ကျဲ့မှ နန်ပါးထျန်းကို ပြောသည်။

“နန်ပါးထျန်း ဒီအခြေအနေရောက်လာမှတော့ ကျုပ်နဲ့ခင်ဗျားကြားမှာ ဘာပြောစရာလိုသေးလို့လဲ။ သေမလား ရှင်မလားပဲ ရှိတာလေ”

နန်ပါးထျန်းသည် အံကိုတင်းတင်းကြိတ်လျက် ချန်ကျဲ့ကိုကြည့်ပြီး ပြောသည်။

“အမှန်ပဲ။ မင်းပြောတာမှန်တယ်။ မင်းနဲ့ငါ့ကြားမှာ သေမလား ရှင်မလားပဲ ရှိတာ”

ထို့နောက် နန်ပါးထျန်းသည် ထိုက်ဆွေ့ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်ပြီး တစ်ဝက်ခန့်ကုန်ခမ်းနေခဲ့သည့် သူ၏ချီစွမ်းအင်များကို ပြည်လည်ဖြည့်တင်းလိုက်သည်။ ထိုအခါ ဒဏ်ရာအချို့ပင်လျှင် သက်သာပျောက်ကင်းလာ၏။

နန်ပါးထျန်းမှ ကြုံးဝါးသည်။

“ချန်ကျိုစစ် သေလိုက်တော့”

မိုင်ထောင်ချီသို့ရေခဲချိတ်ပိတ်ခြင်း။

ကြုံးဝါးသံနှင့်အတူ ရေခဲစိတ်စွမ်းအင်သည် ချန်ကျဲ့ထံ တစ်ဟုန်ထိုး ဦးတည်လာသည်။

ချန်ကျဲ့ မျက်လုံးမှေးကျဉ်းလိုက်ပြီးနောက် လက်တစ်ဖက်ကို ပင့်မြှောက်လိုက်သည်။

“နဂါးနိုင်လက်ဝါးသိုင်း မြင်ပြင်ဖြတ်ကူး”

All Chapters