← Chapters

မူပင်းမေ…

Vol. 95 Ch. 1301

မူပင်းမေ…

Vol. 95 Ch. 1301

နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို ရောက်ပြီးလျှင် လူတစ်ယောက်သည် သိုလှောင်အိတ် မလိုတော့ပေ။ ထိုသူတို့က သူတို့၏ ကိုယ်ပိုင်နေရာလွတ်ကို ဖွင့်လှစ်ကာ အသုံးပြုနိုင်ကြပေ၏။ ထိုသိုလှောင်နေရာလွတ်မှာ အများကြီး ပိုလုံခြုံမှု ရှိသည့်အတွက် အစွမ်းထက်ကျင့်ကြံသူများ နှစ်သက်ကြသည်။

ဝမ်လင်းက တစ်ခုကို ဖွင့်လှစ်ထားခဲ့ပြီးပင်။ အခုကြိမ်၌ သူသည် ခြင်သားရဲများ နေထိုင်ဖို့အတွက် ဒုတိယမြောက်နေရာလွတ်တစ်ခုကို ထပ်မံ ဖွင့်ရပေဦးမည်။

သိုလှောင်နေရာလွတ်သည် လုံလောက်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် မူလစွမ်းအင်များ ရှိဖို့ လို၏။ ဝမ်လင်းသည် ထိုအရာများတွင် ကင်းမဲ့မနေပေ။ သူထံ၌ ကောင်းကင်ဘုံကျောက်စိမ်းအများအပြားနှင့် မူလသလင်းကျောက်များစွာ ပိုင်ဆိုင်ထားပေသည်။

ခုချိန်၌ သူ့ညာလက်ကို ဆန့်ထုတ်ရာ ဟင်းလင်းပြင်စုတ်ပြဲသံ ပဲ့တင်ထပ်လာသည်။ ပေရာချီကြီးမားသောအက်ကြောင်းတစ်ခု ပွင့်ဟလာကာ ၎င်းအတွင်းမှ လေအေးများ တိုက်ခတ်၏။

ဥပဒေသကြယ်က လည့်၍ မိုးကြိုးသည် ပျံသန်းထွက်လာသည်။ မိုးကြိုးသည် အက်ကြောင်းပတ်လည်တွင် တလက်လက် ဖြစ်ပြီးနောက် ယင်းအက်ကြောင်းကို တည်ငြိမ်ခိုင်မာစေသည်။

တစ်ချိန်တည်းမှာ အပြာရောင်မီးတောက်တစ်ခု အက်ကြောင်းထဲ ဝင်ရောက် ဝေ့ခတ်၏။ ထိုအတွက်ကြောင့် လေအေးများ ပျောက်ကွယ်ကာ ဟင်းလင်းပြင်မှာ များစွာ ချဲ့ကားလာ၏။

များမကြာမီတွင် ဝမ်လင်းက ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့်မူလသလင်းကျောက်များကို ထုတ်ယူကာ သိုလှောင်နေရာလွတ်ထဲသို့ ပစ်သွင်းသည်။ ၎င်းတို့က ပေါက်ကွဲ၏။ ထိုအခါ သိုလှောင်နေရာလွတ်ထဲသို့ ကောင်းကင်ဘုံစွမ်းအင်နှင့်မူလစွမ်းအင်တို့ လုံလောက်စွာ ပြည့်လာသည်။

ထိုအခြင်းအရာများသည် တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။ သိုလှောင်နေရာလွတ် ပြီးပြည့်စုံသွားချိန်၌ သူက သတင်းစကားတစ်ခု ပို့လွှတ်သည်။ သူ့နောက်ရှိ ခြင်သားရဲဘုရင် ချက်ခြင်း ဟိန်းသံ ပြုသည်။

၎င်းဟိန်းသံ ပြုသည့်အခါ ခြင်သားရဲတစ်သောင်းနီးပါးသည် အက်ကြောင်းထဲသို့ ဝင်ရောက်ကြ၏။ သူက ရှေ့သို့ ဆက်သွားနေရင်း သူ့ဘေးပတ်လည်ရှိ ခြင်သားရဲအရေအတွက်မှာ တဖြည်းဖြည်း လျော့ကျလာသည်။

အဆုံးသပ်၌ ခရမ်းရောင်ခြင်သားနှစ်ကောင်နှင့်ရွှေရောင်ခြင်သားရဲတစ်ကောင် အပါအဝင် ခြင်သားရဲအားလုံးသည် အက်ကြောင်းထဲ ဝင်ရောက်သွားကြသည်။

ခြင်သားရဲဘုရင်က နောက်ဆုံးမှ ဝင်ရောက်၏။ ၎င်းက မဝင်ရောက်ခင် ဝမ်လင်းကို လှမ်းကြည့်လိုက်သေးသည်။ ခြင်သားရဲအားလုံး ဝင်ရောက်သွားပြီးနောက် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းရာ အက်ကြောင်းမှာ ပျောက်ကွယ်သွားလေ၏။

ခုချိန်တွင် လေကောင်းကင်ဘုံနယ်မြေတွင် သူတစ်ယောက်သာ ကျန်ခဲ့တော့သည်။

သူ့နောက်တွင် အဆုံးမဲ့ခြင်သားရဲအုပ်တစ်ခုက အရူးအမူး လိုက်လာကာ နီးသထက် နီးလာကြသည်။ ဝမ်လင်းက အသက်ဝဝရှုသွင်းကာ သူ့အရှိန်အဆောင်စာရွက်တစ်ခုကို ထုတ်ယူ၏။ ၎င်းကို သူ့ခန္ဓာကိုယ်ပေါ်သို့ ချက်ခြင်း တင်လိုက်ပြီး သူ့မူလစိတ်ဝိညာဉ်သည် အသက်ဝင်လာတော့သည်။သူက ဒဏ်ရာများကို လစ်လျူရှုထား၏။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏အော်ရာသည် ပျံ့လွင့်လာကာ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် ပေါင်းစပ်သည်။

သူက နောက်လှည့်၍ သူ့နောက်မှ ခြင်သားရဲအုပ်ကို စူးစိုက်ကြည့်၏။ အထူးသဖြင့် ဧရာမခြင်သားရဲဘုရင်ကိုပင်။ သူ့စိတ်ထဲတွင် သံသယတစ်ခု ရှိနေ၏။ ထိုခြင်သားရဲဘုရင်က အလွန်အမင်းအစွမ်းထက်လှသော်လည်း ၎င်းက မည်သည့်မန္တာန်ကိုမျှ အသုံးမပြုသလို ၎င်း၏အမြန်နှုန်းကလည်း အံ့အားသင့်ဖွယ် ဟုတ်မနေပေ။

သို့ရာတွင် ခုချိန်၌ သူက ထိုအကြောင်းကို တွေးနေဖို့ အချိန် မရှိပေ။ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်၏။ သူက ရုတ်တရက် ရှေ့သို့ တိုးဝင်လာသည်။ လှိုင်းဂယက်များ သူ့ဘေးပတ်လည်တွင် ပေါ်လာပြီး သူ ခြေလှမ်း၏။

ချက်ခြင်းပင် သူ့ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီးနောက် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

ဟင်းလင်းပြင်ကွေးညွတ်ခြင်း…။

တိမ်ပင်လယ်၌ ဝမ်လင်းက ပထမဆုံးအကြိမ်အဖြစ် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ တိမ်ပင်လယ်သည် မြူများနှင့် ဖုံးလွှမ်းကာ ဆန်းကြယ်သောအားတစ်ခု ခြုံလွှမ်း၍ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို ပြုလုပ်ပါက သက်ရောက်မှု မရှိသလောက် နီးပါးပင်။

ထို့အတွက်ကြောင့် အခြားကြယ်အဖွဲ့အစည်းများထက် တိမ်ပင်လယ်တွင် ဟင်းလင်းပြင်ကွေးညွတ်ခြင်းသည် အစွမ်းထက်ကျင့်ကြံသူများကြား၌ပင် ပို၍ ရှားပါးနေပေ၏။

ပတ်ဝန်းကျင်က အမြင်၊စိတ်အခြေအနေ၊ မန္တာန်များ၏ ဦးတည်ရာတို့ကို ဆုံးဖြတ်ပေး၏။ ကျန်သည့်ကြယ်အဖွဲ့အစည်းသုံးခုတွင်သာ ကြယ်မြူများနှင့် ပြည့်နှက်နေခဲ့ပါက ဟင်းလင်းပြင်ကွေးညွတ်ခြင်းမန္တာန်သည် ဘယ်တော့မှ တည်ရှိလာခဲ့လိမ့်မည် မဟုတ်ပေ။တကယ်တော့ ယင်းမန္တာန်မှာ တိမ်ပင်လယ်ရှိ ကျင့်ကြံသူများအဖို့ အသုံးမဝင်ပေ။

သူတို့က ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို ဉာဏ်အလင်း ရခဲ့လျှင်ပင် အသုံးမဝင်ပေ။ သူတို့အတွက် ၎င်းမန္တာန်ကို အသုံးပြုနိုင်ဖို့အတွက် နေရာမရှိပေ။ လေကောင်းကင်ဘုံနယ်မြေအတွင်း၌ပင် သည်မန္တာန်မှာ သိသိသာသာ အန္တရာယ်များသေးသည်။ သင့်စိတ်ထဲ၌ ဦးတည်ရာ တိတိပပ မရှိဘဲ သည်မန္တာန်ကို အသုံးပြုကာ သင်သည် မရင်းနှီးသောနေရာများတွင် ပြန်ပေါ်လာနိုင်သည် မဟုတ်လား။အကယ်၍ သင်သာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုလိုက်သည့်အတွက် ခြင်သားရဲအုပ်တစ်ခုအတွင်း ပြန်ပေါ်လာခဲ့ပါက အန္တရာယ်အလွန်များသွားပေလိမ့်မည်။

တကယ်တော့ ဟင်းလင်းပြင်ကွေးညွတ်ခြင်းမန္တာန်ကို အလုံခြုံဆုံးအသုံးပြုရန်မှာ သင် အရင်က ရောက်ခဲ့ဖူးသော နေရာတစ်ခုအကြောင်းကို တွေးကြည့်ပြီးနောက်မှသာ လောကနှင့်တစ်သားတည်း ပေါင်းစပ်ခြင်း ဖြစ်၏။

အမှန်တော့ ဝမ်လင်း၏အတွေးက အလွန်တိကျ၏။ လေကောင်းကင်ဘုံနယ်မြေ၏ အတွင်းနက်ပိုင်းသို့ မရောက်ဖူးဘဲ ၎င်းဟင်းလင်းပြင်ကွေးညွတ်ခြင်း မန္တာန်ကို အသုံးပြုကာ ထိုသူမှာ အလွန်ဂရုစိုက်ရပေလိမ့်မည်။

ခုချိန်၌ ဝမ်လင်းက လေကောင်းကင်ဘုံနယ်မြေကနေ ထွက်ခွာရန် အက်ကြောင်းအကြောင်းကိုသာ တွေးနေ၏။ မူလစွမ်းအင်များ စတင် စုဝေးလာသည်။ သူ့နားထဲ၌ ခြင်သားရဲအုပ်ကြီး၏ အော်မြည်သံများသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းက ဦးတည်ရာ တိတိကျကျထားကာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းမန္တာန်ကို အသုံးပြုလိုက်ခြင်းတည်း။

သူ့ရှေ့တွင် အဆင့်ရှစ်ဒေသသို့ ဝင်ရောက်နိုင်မည့် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာလေ၏။

နောက်ပြန်လှည့်ကြည့်သည့်အခါ လှိုင်းဂယက်များ ပဲ့တင်ထပ်နေဆဲပင်။ အလွန်ဝေးသောနေရာများမှ ဟိန်းသံများက အချိန်ကို ဖြတ်၍ ရောက်လာခဲ့ကြပုံ ပေါ်သည်။ ဝမ်လင်းက တည်ငြိမ်၏။ သူက အက်ကြောင်းထဲ တိုးဝင်လာကာ လေကောင်းကင်ဘုံနယ်မြေကနေ ထွက်ခွာလာသည်။

သူ လေကောင်းကင်ဘုံနယ်မြေကနေ ထွက်ခွာသွားချိန်၌ လေကောင်းကင်ဘုံနယ်မြေ၏ အတွင်းနက်ပိုင်းရှိ ကုန်းမြေသုံးခုထဲမှ တစ်ခုပေါ်ရှိ ကျောက်သားဖြစ်နေသောအဘိုးအို၏ မျက်လုံးမှာ တောက်ပလာသည်။

“ဒီတစ်ကြိမ် ငါ မင်းကို ကူညီပေးခဲ့တယ်။ နောက်တစ်ကြိမ်ကျရင်တော့ ငါ မင်းရဲ့ အကူအညီကို လိုအပ်လိမ့်မယ်…”

ဝမ်လင်းသည် အက်ကြောင်းထဲကနေ လှမ်းထွက်ကာ အဆင့်ရှစ်ဒေသထဲသို့ ဝင်ရောက်သည်။ သူက သူနှင့်ရင်းနှီးသောမြူများကို ကြည့်ကာ အနည်းငယ်မျှ မသက်မသာ ခံစားလိုက်ရ၏။ တကယ်တော့ လေကောင်းကင်ဘုံနယ်မြေတွင်မူ မြူများရှိမနေ၊ထို့ကြောင့် သူသညည် အကွာအဝေး ဝေးဝေးသို့ မြင်နိုင်ပေသည်။ တိမ်ပင်လယ်တွင်မူ ကြယ်မြူတို့ကြောင့် အဝေးသို့ မြင်ရဖို့ ခက်ခဲစေသည်။

“ထာဝရကလန်…” ဝမ်လင်းသည် ရှေ့သို့ တဟုန်ထိုး သွားလေ၏။

“လေကောင်းကင်ဘုံနယ်မြေကို သွားတဲ့ ဒီခရီးစဉ်မှာ ခြင်သားရဲ အမြောက်အများ ငါ ရခဲ့တယ်။ ဒီအရေအတွက်က မလုံလောက်ပေမယ့်လည်းပေါ့။ ဒါပေမဲ့ ငါ့ဒဏ်ရာတွေကို ကုသပြီးခဲ့ရင် ဒီခြင်သားရဲတွေကိုပါ ထည့်တွက်လိုက်ရင်တော့ ငါဟာ ထူစီရဲ့လက်ကနေ ထွက်ပြေးနိုင်ဖို့ အစွမ်းမမဲ့တော့ဘူး။ ငါ ခြင်သားရဲဘုရင် ဆင့်ကဲတိုးတက်ဖို့ အချိန်ပဲ ထပ်လိုတာ။ အဲ့ကျရင် ငါ ပိုများပြားတဲ့ခြင်သားရဲတွေကို ရရှိနိုင်ပြီ…”

အဆင့်ရှစ်ထာဝရကလန်တွင် အဆင့်ငါးဒေသ၏ ပြိုင်ပွဲကို စင်မြင့်ထက်တွင် ကျင်းပနေသည်။ ခရမ်းရောင်တာအိုကလန်က ပြိုင်ပွဲကို စိုးမိုးထားကာ မည်သူကမျှ သူတို့ကို မယှဉ်နိုင်လုနီးပါးပင်။

စင်မြင့်ထက်တွင် တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူတစ်သိန်းနီးပါး၏ အာရုံကို စွဲဆောင်ထားသည်။ ထာဝရကလန်၏ ဖန်ဟိုင်နှင့်အခြားသူများက ပွဲကြည့်စင်များ၏အတွင်းဘက်ကျဆုံးတွင် ထိုင်နေကြ၏။ သူ့နောက်တွင် ဆံနီအဘိုးအိုနှင့်အတူ ထာဝရကလန်၏ အစွမ်းထက်ကျင့်ကြံသူများ ရှိနေသည်။

ပွဲကြည့်စင် ထိပ်ဆုံး၌ အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက်က ခရမ်းရောင်တာအိုကလန်၏ တပည့်တစ်ယောက် အခြားအဆင့်ငါးကလန်များထဲမှ တစ်ခု၏ တပည့်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်ကို လက်ညှိုးထိုးကာ ရယ်မော၍ ပြောသည်။ “ခရမ်းရောင်တာအိုကလန်ရဲ့ တိုးတက်မှုဟာ လုယန်ကုံးကြောင့်လို့ ဆိုရမှာပဲ။ ရောင်းရင်းကျင့်ကြံသူဝမ်…နတ်ဘုရားကလန်က သူ့ကို ခေါ်သွားလို့ မရဘူးနော်…”

ဝတ်စုံဖြူအဘိုးအိုက ကျက်သရေရှိဟန် ပေါ်ကာ အသက်ဓာတ်နှင့် ပြည့်ဝသည်။ သူ့မျက်လုံးသည် တောက်ပ၏။ သူ့ကျင့်ကြံမှုအဆင့်မှာလည်း မြင့်မားပေသည်။ သူထံမှ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏အော်ရာ ထွက်ပေါ်နေသည်။

အဘိုးအိုဘေးတွင် ထိုင်နေသော အမျိုးသမီးနှစ်ယောက် ရှိ၏။ ထိုနှစ်ယောက်လုံးက မင်သက်လောက်အောင် လှသည်။ ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးဆို တွေ့မြင်ရသူတိုင်း၏ စိတ်နှလုံးကို ခုန်ပေါက်သွားစေနိုင်စွမ်း ရှိသည်။ သူမမျက်နှာထက်တွင် အေးစက်မှုအရိပ်အယောင် ဖြစ်ပေါ်နေ၏။

သူမ၏အလှက လောကတွင် မတည်ရှိသင့်သောအလှမျိုးပင်။ အစစ်အမှန်နတ်သမီးတစ်ပါးအလား။ ထိုင်နေရုံဖြင့် သူမသည် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်နိုင်သည်။ သို့ရာတွင် သူမက အေးစက်လွန်း၏။ သူမထံမှ အထီးကျန်ခံစားချက်ကိုလည်း ပေးစွမ်းနေသည်။

သူမအတွက် ဤနေရာရှိ အရာရာတိုင်းမှာ အစိမ်းသပ်သပ် ဖြစ်နေပေသည်။

သူမဘေးတွင် နောက်ထပ်အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ သူမက လှပလွန်းခြင်း မရှိသော်လည်း နူးညံလှပသောမျက်နှာကို ပိုင်ဆိုင်ကာ ချစ်မွေးအပြည့်ပါသည်။ သူမ၏အပြုံးက ဖူးပွင့်စပန်းအလား။

ထိုအမျိုးသမီးက ပြုံးနေ၏။ သူမ၏မျက်လုံးတို့က တောက်ပနေသည်။ သူမ၏အသံက တေးသီးငှက်တစ်ကောင် တွန့်ကြူးလိုက်သည့်အလား။ သူမက ရယ်မော၍ ပြောလာသည်။ “ကလန်ခေါင်းဆောင်က အစိုးရိမ်လွန်နေပြန်ပြီ။ ဒီကောင်မလေးက ဆရာအရင်က ချီးကျူးခဲ့တဲ့ လုယန်ကုံးဆိုတဲ့ နာမည်ကို ပြောရုံပါ။ သူ့ကို နတ်ဘုရားကလန် ခေါ်မခေါ်ကတော့ ငါ ဆုံးဖြတ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး…”

ဝတ်စုံဖြူအဘိုးအိုက ပြုံး၏။ သူမက ဤကိစ္စကို ဆက်မပြောတော့ပေ။ သို့သော် သူတို့သည် စကားစမြည် ထပ်ပြောနေ၏။ သူက မထူးခြားနားဟန်ရှိနေသော အမျိုးသမီးကို မကြာဆိုသလို ကြည့်မိသည်။ သို့သော် သူသည် သူမ၏နောက်ခံပုံရိပ်ကို မခန့်မှန်းနိုင်ပေ။

ဤအခိုက်အတန့်၌ စင်မြင့်ထက်တွင် လုယန်ကုံးက ခရမ်းရောင်တာအိုကလန်၏ဧရိယာကနေ လှမ်းလျှောက်လာ၏။ သူက ကလန်ခေါင်းဆောင်ဖြစ်သည်။ သူလည်း ပြိုင်ပွဲတွင် ပါဝင်ပေမည်။ သူ့ခရမ်းရောင်ဝတ်စုံက သူ့အား ထည်ဝါခမ်းနားစေ၏။

အခြားတစ်ဖက်တွင်မူ အဆင့်ငါးကလန်တစ်ခု၏ နောက်ထပ်ကလန်ခေါင်းဆောင်တစ်ယောက် ဖြစ်၏။ ၎င်းမှာ ဝတ်စုံနက်အဘိုးအိုတစ်ယောက် ဖြစ်ကာ သူ့အမူအရာသည် အလွန်အမင်း ရုပ်စိုးနေသည်။

ဝမ်ရှန်ရှန်က စင်မြင့်ထက်ရှိ လုယန်ကုံးကို ကြည့်ကာ သူမဘေးရှိ အမျိုးသမီးအား နူးညံ့စွာ ပြောပြသည်။ “ဒီလုယန်ကုံးက တကယ်တော်သလို ဆရာရဲ့ ချီးကျူးမှုနဲ့လည်း ထိုက်တန်တယ်။ သူ့ကျင့်ကြံမှုအဆင့်က မမြင့်ပေမယ့်လည်း သူဟာ လောကနဲ့ တစ်သားတည်းပေါင်းစပ်နေသလို ထင်ရတယ်။ ဒါ့ကြောင့် တာအိုအပေါ် သူက နက်နက်နဲနဲ နားလည်ထားတယ်။ အမကြီး မူပင်း‌မေရော သူ့အပေါ် ဘယ်လိုမြင်မိလဲ…”

မူပင်းမေသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ ပြိုင်ပွဲကို စိတ်မဝင်စားပေ။ သူမသည် ဝမ်ရှန်ရှန်၏ အကြုံပြုချက်ကြောင့်သာ ရောက်လာခဲ့တာ ဖြစ်သည်။ သူမက လုယန်ကုံးကို ကြည့်၍ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “သူက ပါရမီရှင်တစ်ယောက်အဖြစ် ယူဆနိုင်ပါတယ်…”

သူမသည် ဘာကြောင့်မှန်းမသိဘဲ လုယန်ကုံးကို မြင်ရချိန်၌ သူမ၏စိတ်ထဲတွင် အခြားပုံရိပ်တစ်ခု ပေါ်လာခဲ့ပေသည်။

“အို… အမကြီးမူ လာခဲ့တဲ့နေရာမှာ လုယန်ကုံးလိုမျိုး ကျင့်ကြံသူအများအပြား ရှိရမယ်…” ဝမ်ရှန်ရှန်သည် တခစ်ခစ်ရယ်၍ ပြောသည်။

“ဟုတ်မှာပါ…” မူပင်းမေက စကားဆက်မပြောချင်ဟန် တူသည်။

“ငါ နည်းနည်းတော့ စိတ်ဝင်စားမိတယ်။ လုယန်ကုံးက နှစ်ပေါင်းသုံးထောင်လောက်ပဲ ကျင့်ကြံရသေးတယ်။ သူဟာ ဘယ်ဆေးဝါးကိုမှ မမှီခိုခဲ့ဘူး။ နှစ်ပေါင်းတစ်ထောင်လောက်နဲ့ သူဟာ အာဏာတက်ခြင်းအဆင့်ကို ရောက်ခဲ့တယ်။ နှစ်ပေါင်းတစ်ထောင်ကျော်မှာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို တက်လှမ်းခဲ့တယ်။ နောက်ထပ်နှစ်ပေါင်းတစ်ထောင်ကျော်မှာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို ရောက်လာခဲ့တယ်။ တာအိုအပေါ် သူ့နားလည်မှုက လေးနက်သိမ်မွေ့လှတယ်။ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်က လီချန်မေတောင် သူနဲ့ တာအို ဆွေးနွေးခဲ့ကြသေးတယ်။ ရောင်းရင်းကျင့်ကြံမူ လာခဲ့တဲ့နေရာမှာ သူ့လိုမျိုး ကျင့်ကြံသူတွေ ရှိလား။ ဒါတော့ ငါ သိချင်မိတယ်…”

ထိုစကားကို ပြောလိုက်သည့်သူမှာ ဝတ်စုံဖြူအဘိုးအို မဟုတ်ဘဲ သူ့ဘေးမှ သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။

မူပင်းမေက စဉ်းစား၏။ အချိန်အတန်ကြာပြီးနောက် သူမက ခပ်တိုးတိုး ပြောသည်။ “နှစ်ပေါင်းနှစ်ရာနဲ့ အမြုတေဖွဲ့တည်ခြင်းအဆင့်၊ နှစ်ပေါင်းငါးရာနဲ့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်၊ နှစ်ရာရာနဲ့ အာဏာတက်ခြင်းအဆင့်၊ နှစ်ပေါင်းတစ်ထောင်နဲ့ ယင်နဲ့ယန်အဆင့်ကို ရောက်ခဲ့တဲ့ တစ်ယောက်ကိုတော့ ငါ သိတယ်။ ငါထွက်မလာခင် သူကျင့်ကြံတာဟာ နှစ်ပေါင်းနှစ်ထောင်တောင် မပြည့်သေးဘူး။ သူဟာ နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်ကို ရောက်နေခဲ့ပြီ။ သူ့နယ်ပယ်ကလည်း သေခြင်းရှင်ခြင်းနယ်ပယ်ကနေ ကံကြမ္မာနယ်ပယ်အထိ ဆင့်ကဲတိုးတက်ခဲ့တယ်။ လောကမှာ သူ့ကို ယှဉ်နိုင်တဲ့သူ နည်းနည်းပဲ ရှိတယ်။ ဒီလုယန်ကုံးက ကျင့်ကြံမှုအဆင့်ပိုမြင့်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တာအိုအပေါ်နားလည်မှုမှာဆို သူဟာ ငါသိတဲ့သူရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ သေရေးရှင်ရေးတိုက်ပွဲမှာဆိုလည်း လုယန်ကုံးဟာ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး…”

***

All Chapters