← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

ကျန်းဟန် အိမ်အပြန်လမ်းတွင် စိတ်ထဲ၌ အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်ပြီး ထိုအနမ်း၏ ခံစားချက်က နှလုံးသားထဲတွင် စွဲထင်ကျန်ရစ်နေ၏။

“တောက်...။”

ကျန်းဟန် တွေးမိလေ ပို၍ ဒေါသထွက်လာလေ ဖြစ်သည်။ လျိုဝမ်ဝမ် တစ်ယောက် ဤမျှအထိ သတ္တိကောင်းပြီး သူ့ကို ဝုန်းခနဲ ဝင်တိုက်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း သူမ အမှန်တကယ် အောင်မြင်သွားခဲ့ပြီး သူ့နှလုံးသားထဲတွင် နက်ရှိုင်းသော အထင်အမြင်တစ်ခုကို ချန်ထားရစ်နိုင်ခဲ့လေသည်။

တကယ့်ကို သာမန်မိန်းမငယ်လေးများနှင့် မတူဘဲ လျိုဝမ်ဝမ်သည် ဝတ်စားဆင်ယင်ပုံ စတိုင်လ်တွင် ခေတ်ရှေ့ပြေးပြီး ထူးခြားရုံသာမက သူမ၏ စရိုက်ကလည်း ထို့အတူပင် ဖြစ်သောကြောင့် ကျန်းဟန်ကို အလစ်အငိုက် မိသွားစေခဲ့သည်။

“အို... ဒါ ကျန်းဟန် ပြန်လာတာ မဟုတ်လား။ မင်းက ငါတို့ရပ်ကွက်ရဲ့ ဂုဏ်ဆောင်ပဲ။”

“ဟုတ်တယ်၊ ဟုတ်တယ်။ ကျန်းဟန်က ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး ထက်မြက်တယ်။ အခု ရုပ်ရည်ချောမောရုံတင်မကဘူး။ ပါရမီကလည်း ထူးချွန်ပြောင်မြောက်လွန်းတယ်။”

“ကျန်းဟန် မင်းရဲ့ ဗီဒီယိုပွဲစဉ်ကို အဒေါ် အွန်လိုင်းမှာ ကြည့်ပြီးပြီ။ မင်း အဒေါ်တို့ရက်ကွက်အတွက် တကယ်ပဲ သိက္ခာဆယ်ပေးလိုက်တာပဲ။”

“မင်းသာ ကျောင်းတက်နေတုန်း မဟုတ်ရင် အဒေါ့်သမီးနဲ့ တကယ် သဘောတူ စပ်ဟပ်ပေးချင်မိတယ်။”

“ဖယ်စမ်း၊ ဖယ်စမ်း။ နင့်အလှည့် ရောက်ပါ့မလား။ ငါ့သမီးမှ ကျန်းဟန်နဲ့ ပိုပြီးလိုက်ဖက်တာ။”

...

ကျန်းဟန် လူနေရပ်ကွက်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် အဒေါ်ကြီးများက သူ့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်လာကြသည်။ သူ လှမ်းထွက်သွားသည့် တိုင်အောင် သူ့အကြောင်းကို ကောင်းချီးပေး၍ မဆုံးကြချေ။

ကျန်းဟန် ဤအခြေအနေအပေါ် သိပ်ပြီး အံ့သြမနေမိပေ။ အဘယ်ကြောင့်ဆိုသော် ထိုအဒေါ်ကြီးများ၏ ရှင်သန်မှု ဗီဇကို သူ နားလည်သောကြောင့် ဖြစ်သည်။ အချို့က သူ ကလဲ့စားချေမည်ကို ကြောက်ရွံ့နေကြပြီး အချို့ကမူ လူချမ်းသာများကို မျက်နှာလိုမျက်နှာရ ဖားတတ်ပြီး ဆင်းရဲသားကို နှိမ်တတ်သည့် ပင်ကိုယ်သဘာဝအတိုင်း မျက်နှာချိုသွေးနေကြခြင်း ဖြစ်သည်။

သူ ဤအရာအားလုံးကို ဂရုမစိုက်ချေ။ အိမ်ပြန်ရောက်သောအခါ အိမ်ကြီးက ယခင်ကကဲ့သို့ မရှုပ်ပွနေတော့ဘဲ တံခါးရှေ့ ဧရိယာတစ်ခုလုံးကိုလည်း သန့်ရှင်းရေး လုပ်ထားပြီး ဖြစ်သည်။

“ကျန်းဟန် သား ပြန်လာပြီလား။ ဒီဘက်အိမ်ကို လာပြီး ထမင်းတူတူ စားမလား။”

ကျန်းဟန်ကို မြင်သောအခါ ဟင်းသီးဟင်းရွက် သင်နေသည့် ဘေးအိမ်က အဒေါ်ကြီးက ပြုံးကာ အလျင်အမြန် မေးလာ၏။

“မလိုဘူး။”

ကျန်းဟန် သူမကို တစ်ချက် ကြည့်လိုက်ပြီး တံခါးဖွင့်ကာ အိမ်ထဲသို့ ဝင်သွားခဲ့လိုက်သည်။

အပေါ်ထပ်သို့ တက်ပြီးနောက် သူ၏ စိတ်စွမ်းအင်ကို ဖြန့်ကျက်ပြီး အိမ်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်၏။ ဘေးကင်းကြောင်း အတည်ပြုပြီးမှသာ စိတ်အေးသွားပြီး မြူခိုးမျက်နှာဖုံးကို ဆင့်ခေါ်ကာ သူ့ရှေ့တွင် မီးခိုးရောင် မြူခိုးပန်နယ်တစ်ခုကို ဖန်တီးလိုက်သည်။

ထို့နောက် သူက ချီရှီးမား ဆာကူရာထံ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်ရာ မကြာမီမှာပင် ချီရှီးမား ဆာကူရာက ဗီဒီယိုခေါ်ဆိုမှုကို တိုက်ရိုက် စတင်လာခဲ့သည်။

ဗီဒီယိုခေါ်ဆိုမှုအတွင်း သူမသည် ပင်လယ်ပြင်ကို ကျောခိုင်းထားပြီး သူမ၏ နောက်တွင်မူ အနည်းဆုံး မီတာလေးဆယ်၊ ငါးဆယ်ခန့် မြင့်မားကာ သွေးများစီးကျနေသော ဧရာမတံခွန်ငါးကြီး တစ်ကောင် ရှိနေ၏။ အဝေးဆီတွင်မူ ပြာလဲ့သော ပင်လယ်နှင့် ကောင်းကင်ပြာကြီး ရှိနေသည်။ သူမကိုယ်တိုင်ကမူ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေသော ဖြူဖျော့ဖျော့ ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး နတ်သမီးတစ်ပါးကဲ့သို့ အဆင်းသဏ္ဌာန် ရှိနေသည်။

“နင်... နင် ပလတ်စတစ် ဆာဂျရီ လုပ်ထားတာလား။”

ဗီဒီယို ချိတ်ဆက်မိသည့် အခိုက်တွင် ချီရှီးမား ဆာကူရာတစ်ယောက် အနည်းငယ် မှင်တက်သွားခဲ့၏။ သူမရှေ့က ကျန်းဟန်သည် လွန်ခဲ့သော တစ်လက တွေ့ခဲ့ရသူနှင့် အလွန် ကွာခြားလွန်းလှသဖြင့် သူမ၏ အဓိက အလုပ်ကိစ္စကိုပင် ခေတ္တ ရွှေ့ဆိုင်းထားလိုက်ရသည်။

“လုပ်စရာ လိုလို့လား။ ဒါက သားရဲရဲ့ စွမ်းအင်တုံ့ပြန်မှုကြောင့်ပဲ။”

ကျန်းဟန် သူမကို တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။

“သားရဲရဲ့ စွမ်းအင်တုံ့ပြန်မှုဟုတ်လား။ နင့်ရဲ့ သားရဲ အပြောင်းအလဲက သာမန် မဟုတ်ဘူးပဲ။ ဆင့်ကဲပြောင်းလဲသွားတာလား။ ဘယ်သားရဲလဲ။”

ချီရှီးမား ဆာကူရာက သူ့ကို စိုက်ကြည့်ရင်း မေးပြီးနောက် မိမိဘာသာ ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဒါ...လျှပ်စီးပိုးကောင်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် မိုးကြိုးတောင်ထိပ်က ကြောက်စရာကောင်းတဲ့ မိုးကြိုးရေတံခွန်ကို နင် ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ သူ့ကို ထုတ်ပြီး ငါ့ကို ပြစမ်းပါဦး။ လျှပ်စီးပိုးကောင်က ဘာဖြစ်သွားတာလဲ။ ဆင့်ကဲပြောင်းလဲသွားတာလား။”

“မင်း လိုချင်တဲ့အချက်ကိုပဲ တိုက်ရိုက်ပြောတာ ပိုကောင်းမယ်။”

ကျန်ဟန်က ချီရှီးမား ဆာကူရာ၏ စေခိုင်းမှုကို မလိုက်နာဘဲ အေးစက်စက် ပြောလိုက်သည်။

“အို... မတွေ့တာ ရက်ပိုင်းလေးတင်ရှိသေးတယ်။ မင်းရဲ့ သတ္တိက တော်တော် ကြီးလာတာပဲ။ ငါ့စကားကိုတောင် မနာခံဘဲ နေရဲနေပြီပေါ့။”

ချီရှီးမား ဆာကူရာက သူမ၏ မျက်ခုံးများကို ပင့်တင်လိုက်ပြီး ထက်မြက်ကာ ရဲရင့်သော အရှိန်အဝါကို ပြသလိုက်သည်။

“ငါ မင်းစကားကို နားထောင်မယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။ အရင်တုန်းက မင်းရဲ့ ခွန်အားကြောင့်သာ ဖိအားပေးခံခဲ့ရရုံပဲ။”

ကျန်းဟန်က စိတ်မလောဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ။ ဒါဆိုရင်တော့ တကယ့်အလုပ်ကိစ္စကိုပဲ ပြောကြရအောင်။”

ချီရှီးမား ဆာကူရာက ကျန်းဟန်ကို နက်နက်နဲနဲ စိုက်ကြည့်ပြီး ဆက်ပြောလိုက်သည်။

“ပြောစမ်းပါဦး။ နင် သာမညပင်လယ်ထဲကို ဘယ်လိုလုပ်ပြီး ရောက်သွားတာလဲ။”

“ငါလည်း မတော်တဆ ရောက်သွားခဲ့တာ။ အသေးစိတ်ကိုတော့ ငါကိုယ်တိုင်လည်း သေချာမသိဘူး။”

ကျန်ဟန်က သူ့လက်နှစ်ဖက်ကို ဘေးသို့ဖြန့်ရင်း ပြောလိုက်သည်။

“မတော်တဆ ရောက်သွားတဲ့သူက ပင်လယ်ထဲမှာ မြန်မြန်ဆန်ဆန် ရှေ့ဆက်သွားနိုင်မယ့် နည်းလမ်းကို သိနေပါ့မလား။ ပြီးတော့ ရေမနစ်အောင် ဘယ်လိုနေရမလဲဆိုတာကိုရော...။”

ချီရှီးမား ဆာကူရာက ရယ်မောလိုက်သည်။

“နင့်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပုံပဲ။ နင် သိထားသင့်တာက အကြီးအကဲယောင်က ပင်လယ်ထဲက ပြန်ထွက်လာတာနဲ့ သာမညပင်လယ်အကြောင်း သတင်းအချက်အလက်တွေ ပိုရအောင် မင်းကို သူ့လက်ထဲ အပ်ဖို့ အကြီးအကဲများကောင်စီကတစ်ဆင့် ငါ့ကို တောင်းဆိုထားတယ်။

ငါသာ သဘောတူလိုက်ရင် အကျိုးအမြတ်တွေ အများကြီး ရလိမ့်မယ်။ အဲ့လိုပဲ မင်းကတော့ အဖမ်းခံရပြီး မင်းဆီက လျှို့ဝှက်ချက်အားလုံးကို ညှစ်ထုတ်ဖို့အတွက် လူမဆန်တဲ့ နည်းလမ်းမျိုးစုံသုံးပြီး ဝိညာဉ်ရှာဖွေခြင်းကို ခံရလိမ့်မယ်။

အဲဒါကြောင့် ငါ့ကို ဘာမှ ဖုံးကွယ်မထားဘဲ နင် သိသမျှအကုန်ပြောပြတာ အကောင်းဆုံးပဲ။ ဒါမှ ငါလည်း နင့်ကို ကာကွယ်ပေးနိုင်မှာ။”

ချီရှီးမား ဆာကူရာက ကျန်းဟန်ကို ကြည့်လိုက်သည်။ အမှန်တော့ သူမကိုယ်တိုင်လည်း သာမညပင်လယ်အကြောင်းကို ကြိုတင်၍ ဘာမှမသိခဲ့ပေ။ အကယ်၍ အကြီးအကဲယောင်နှင့် ကျန်းဟန်သာ မရှိပါက သူမ ဤသတင်းအချက်အလက်ကို မည်သည့်အခါမျှ သိရှိလိမ့်မည် မဟုတ်ပေ။

ယခုအခါ သူမသည်လည်း အကြီးအကဲယောင်နှင့် အခြားသူများနှင့် ယှဉ်ပြိုင်ရာတွင် အသာစီးရရန်အတွက် ထိုနေရာ၏ လျှို့ဝှက်ချက်အချို့ကို အရေးတကြီး သိရှိလိုနေသည်။

“ငါ တကယ်ပြောနေတာ။ မြန်မြန်ဆန်ဆန် ရှေ့ဆက်သွားရမယ့်နည်းကို သိတာက ပင်လယ်ထဲမှာ သေလုမတတ် ဖြစ်ခဲ့ပြီးမှ အရေးကြီးတဲ့ အချိန်ကျမှ သဘောပေါက်သွားလို့ပဲ။ ပင်လယ်ကို ဖြတ်ကျော်ဖို့ မှန်ကန်တဲ့ နည်းလမ်းကို ငါ နားလည်သွားခဲ့ပြီး အကြီးအကဲယောင်တို့ကိုလည်း အကုန်ပြောပြပေးခဲ့တယ်။ သူတို့ကသာ ငါ့ကို မယုံကြတာ။”

ကျန်းဟန်က ပခုံးတွန့်ကာ မတတ်နိုင်သည့် အမူအရာဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချီရှီးမား ဆာကူရာသည် သူမ၏ ဖီးနစ်မျက်ဝန်းများဖြင့် ကျန်ဟန်ကို ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။ လောလောဆယ်တော့ နင့်စကားကို ငါ ယုံပေးလိုက်မယ်။ နင့်ရဲ့ သတင်းအချက်အလက်တွေကို ငါ ကြိုတင်ပြီး ပိတ်ဆို့ပေးထားခဲ့ပြီးသား။ မဟုတ်ရင် အကြီးအကဲယောင်တို့က နင့်ရဲ့ မြူခိုးမျက်နှာဖုံး ID ကတစ်ဆင့် နင့်ဆီကို တိုက်ရိုက် ရောက်လာကြလောက်ပြီ။ အဲဒီအတွက် နင် ငါ့ကို ကျေးဇူးတင်သင့်တယ်။”

“ဒါဆိုရင်တော့ အစ်မဆာကူရာ တကယ်ပဲ အများကြီး ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ငါ တကယ် ဒုက္ခရောက်တော့မှာ။ ငါ ဒီကျေးဇူးကို ပြန်ဆပ်ပါ့မယ်။ အစ်မ ဘယ်တော့လောက် ပြန်လာနိုင်မလဲ။ မကြာသေးခင်ကမှ ငါ အလွန်ထူးခြားတဲ့ မွေးမြူရေး လျှို့ဝှက်ကျမ်းတစ်ခု ရထားတယ်။ ပိုက်ဆံအများကြီး ရှာပေးနိုင်မယ့် အမျိုးအစားမျိုးပေါ့။”

ကျန်းဟန် ခေါင်းညိတ်လိုက်သည်။

သူသည် ချီရှီးမား ဆာကူရာကဲ့သို့သော အမျိုးသမီးက သူ့စကားကို ဤမျှ လွယ်လွယ်ကူကူ ယုံကြည်လိမ့်မည်ဟု မထင်ပေ။ ဗီဒီယိုခေါ်ဆိုမှုမှတစ်ဆင့် သူမ သူ့ကို ဘာမှမလုပ်နိုင်သေးသောကြောင့် အချိန်ဆွဲသည့် နည်းဗျူဟာတစ်ခု ဖြစ်နိုင်ပြီး နောက်မှ တိတ်တဆိတ် ပြန်လာကာ သူ့ကို ဒုက္ခပေးရန် အခွင့်အရေး ရှာဖွေနေခြင်းလည်း ဖြစ်နိုင်သည်။

“နင်က ငါ ဘယ်တော့ပြန်လာမလဲဆိုတာ တကယ် သိချင်နေတာလား။ ဘာလဲ... ကြောက်လို့လား။”

ချီရှီးမား ဆာကူရာက ရယ်မောလိုက်၏။

“မင်း အခု လောလောဆယ် ပြန်မလာနိုင်သေးပါဘးး။ မဟုတ်ရင် ဒီလိုမျိုး ဗီဒီယိုကောလ်တောင် ခေါ်နေမှာ မဟုတ်ဘူး။”

ကျန်းဟန်ကလည်း လိုက်၍ ရယ်မောလိုက်သည်။ ချီရှီးမား ဆာကူရာ၏ အမူအရာက သူမ လောလောဆယ် ပြန်မလာနိုင်သေးကြောင်းကို ပိုမို ထင်ရှားစေသည်။

“ဒါတွေကို ထားလိုက်တော့။ လတ်တလောမှာ မင်းရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်ခဲ့တဲ့အတွက် ဆုလာဘ်အနေနဲ့ နင် တင်ထားတဲ့ တာဝန်ကို ငါ လက်ခံပေးထားတယ်။ နင် ရှာနေတဲ့ သားရဲကုန်သည်ကို ရှာတွေ့ပြီ။ အချိန်နဲ့တစ်ပြေးညီ ခြေရာခံမှုလည်း ရှိနေတယ်။

ဒါပေမဲ့ နင် သတိထားရမယ်။ အဲဒီလူက ဒဏ်ရာရထားတဲ့ အဆင့် ၃ သားရဲသားရဲထိန်းချုပ်သူဖြစ်ပြီး သူ့လက်ထဲမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် အဆင့် ၄ တစ်ပိုင်းအထိ ကျဆင်းသွားတဲ့ သားရဲနှစ်ကောင်လည်း ရှိနေတယ်။”

ချီရှီးမား ဆာကူရာက ထပ်လောင်း ပြောကြားလိုက်သည်။

“ဒါဆိုရင်တော့ အများကြီး ကျေးဇူးတင်ပါတယ်။ ငါ သတိထားပါ့မယ်။”

ကျန်းဟန်က ပြောလိုက်သည်။

“နောက်ပြီးတော့ တစ်ခုရှိသေးတယ်။ နင် နင့်ရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာကို လောလောဆယ် ငါ ဝင်မစွက်ဖက်သေးဘူး။ ဒါပေမဲ့ နင်သာ တခြား အဖွဲ့အစည်းတွေဆီကို ဘက်ပြောင်းသွားမယ်ဆိုရင်တော့ မိုင်ပေါင်းထောင်ချီ ဝေးနေပရင်တောင် ငါ နင့်ကို လိုက်ပြီးသတ်ဖြတ်ပစ်မယ်။ နင်က ငါ့လူပဲ ဖြစ်ရမယ်။”

ချီရှီးမား ဆာကူရာ၏ မျက်နှာတွင် ညှို့ဓာတ်ပြင်းသော အပြုံးတစ်ခု ရှိနေသော်လည်း သူမ၏ ဖီးနစ်မျက်ဝန်းထဲတွင်မူ နက်ရှိုင်းသော လူသတ်လိုစိတ်များ ရှိနေသည်။ အကယ်၍ ကျန်းဟန်သာ ဤစည်းကို ကျော်လွန်လာပါက ၎င်း၏ နောက်ဆက်တွဲ ရလဒ်ကို သူမ သိအောင် လုပ်ပြပေလိမ့်မည်။

“စိတ်ချပါ။ ငါရဲ့ လှပတဲ့ အထက်လူကြီးကို ထားခဲ့ပြီး အဘိုးကြီးတစ်ယောက်နောက်ကို လိုက်သွားစရာ အကြောင်းမရှိပါဘူး။”

ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ ကောင်းတာပေါ့။ မမ ဒီက အလုပ်တွေကို ကိုင်တွယ်လို့ ပြီးရင် ပြန်လာပြီး မင်းကို တုန်နေအောင် ချစ်ပေးမယ်။”

ချီရှီးမား ဆာကူရာက ဆွဲဆောင်မှုရှိသော အပြုံးဖြင့် တစ်ဖန်ပြောလိုက်ပြီးနောက် ဗီဒီယိုခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။

ဖုန်းချသွားပြီးနောက် ကျန်းဟန်၏ ရင်ထဲ၌ စိတ်အေးသွားခဲ့သည်။ သူ ဖုံးကွယ်ထားသည်များ မပေါ်သွားခြင်းက အလွန် ကံကောင်းလှ၏။ မဟုတ်ပါက အကြီးအကဲယောင်သာ သူ့ကို အရေးယူရန် လှုပ်ရှားလာပါက ကိုင်တွယ်ရန် တကယ့်ကို ခက်ခဲသွားပေလိမ့်မည်။

လောလောဆယ် အခြေအနေအရ သာမညပင်လယ်ထဲမှ ပြန်ထွက်လာနိုင်သူ အလွန်နည်းပါးပုံရသည်။ ၎င်းက သူခန့်မှန်းထားသည်နှင့် ကိုက်ညီနေပေသည်။ အဘယ်ကြောင့်ဆိုသော် လူအများစုမှာ သာမန်လူများသာ ဖြစ်ကြပြီး သာမညပင်လယ်ထဲမှ လွတ်မြောက်ရန် အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။

ထို့အပြင် ပြန်ထွက်လာနိုင်သည့် လူနည်းစုတွင်လည်း သူ့အကြောင်း သတင်းအချက်အလက် အကန့်အသတ်သာ ရှိသည်။ သူသည် အကြီးအကဲယောင်နှင့် အခြားသူများ၏ ရှေ့တွင် နဂါးစီးပြခဲ့ခြင်းမျိုး မရှိခဲ့ဖူးပေ။ အကြီးအကဲယောင်သည် ဤအချက်နှစ်ချက်ကို တခြားနေရာမှ သိရှိမသွားဘဲ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိမသွားသရွေ့ သူ ဘေးကင်းလိမ့်မည် ဖြစ်သည်။

နောက်ပြီး ချီရှီးမား ဆာကူရာ ပြန်လာရန် အချိန်အနည်းငယ် လိုဦးမည် ဖြစ်သည်။ သူမ မပြန်လာမီ အဆင့် ၄ သားရဲတစ်ကောင်နှင့်အတူ လှုပ်ရှားရုန်းကန်နိုင်စွမ်းရှိစေရန် အဆင့် ၃ လက်ရွေးစင် သားရဲထိန်းချုပ်သူ အဆင့်သို့ ရောက်ရှိအောင် သူ အစွမ်းကုန် ကြိုးစားရပေမည်။

All Chapters