← Chapters

အခန်း ၁၀၉၉

Vol. 74 Ch. 1099

အခန်း ၁၀၉၉

Vol. 74 Ch. 1099

အခန်း (၁၀၉၉) ကောင်းကင်ဘုံ မိစ္ဆာနတ်ဘုရား။ သားရဲတစ်သောင်း သင်္ချိုင်း။ (၃)

ဤသံသရာကို အဆုံးသတ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ မိစ္ဆာမျိုးနွယ်စု၏ နောက်ကွယ်ရှိ အဓိကအရင်းအမြစ်ဖြစ်သော တည်ရှိမှုကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်။ ထိုသို့မှသာ စစ်မှန်သော ရွှေခေတ်သစ်ကို ပြန်လည် တည်ဆောက်နိုင်မည်ဖြစ်သည်။

"အဖိုးလည်း မသိဘူး... သူက အိပ်စက်ပြီး စွမ်းအားတွေ စုဆောင်းနေတာ ဖြစ်နိုင်သလို ရုပ်ခန္ဓာမရှိတဲ့ စိတ်ဝိညာဉ်သဘောတရားမျိုးလည်း ဖြစ်နိုင်တယ်။ မိစ္ဆာတွေကတော့ သူ့ကို 'ကောင်းကင်ဘုံ မိစ္ဆာနတ်ဘုရား' လို့ ခေါ်ကြတယ်" ဟု ဟွားရှန်က ဆိုသည်။

ကောင်းကင်ဘုံ မိစ္ဆာနတ်ဘုရား…

စူးချန်ခုန်းကို မိစ္ဆာခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးခဲ့သည့် မိစ္ဆာသည် သူ့ကိုယ်သူ 'နတ်ဘုရား စေတမန်' ဟု ကြွေးကြော်ခဲ့သည်။ ထိုမိစ္ဆာသည် ကောင်းကင်ဘုံ မိစ္ဆာနတ်ဘုရားကိုသာ ကိုးကွယ်သူ ဖြစ်သည်။ ဤနတ်ဘုရားမှာ တစ်ခါမျှ မပေါ်ပေါက်သေးဘဲ မိစ္ဆာများကိုသာ အသုံးပြု၍ ဖျက်ဆီးနေခြင်းဖြစ်သည်။

ဟွားရှန်က ကောင်းကင်ရှိ လမင်းကြီးကို ငေးကြည့်ရင်း သက်ပြင်းချသည်။ "လက္ခဏာတွေအရ ဒီတစ်ခါ ကပ်ဘေးက အရင်ကထက် ပိုပြင်းထန်လိမ့်မယ်။ ကောင်းကင်ဘုံ မိစ္ဆာနတ်ဘုရားရဲ့ အရိပ်အယောင်ကိုတောင် အဖိုးတို့ မြင်ရဖို့ ရှိနေတယ်"

စူးချန်ခုန်းမှာ ဟွားရှန်၏စကားကြောင့် တိတ်ဆိတ်သွားသည်။

ဤမမြင်နိုင်သော ကောင်းကင်ဘုံမိစ္ဆာနတ်ဘုရားသည် ရှေးဟောင်းမဟာသူတော်စင်ကိုးဦးပင်လျှင် ရောက်ရှိရန် ခက်ခဲသော အဆင့်တွင် တည်ရှိနေသည်။ ယခင် ပရမ်းပတာဖြစ်ပွားခဲ့သည့် ကာလများတွင် သူသည် တစ်ခါမျှ ပေါ်မလာခဲ့သလို ကိုယ်တိုင်လည်း မလှုပ်ရှားခဲ့ပေ။

သို့သော် ရှေးဟောင်းမဟာသူတော်စင် ကိုးဦး၏ ခန့်မှန်းချက်အရ ယခုလာမည့် ပရမ်းပတာကာလတွင် ဤကောင်းကင်ဘုံမိစ္ဆာနတ်ဘုရား ကိုယ်တိုင် ပါဝင်ပတ်သက်လာဖွယ်ရှိနေသည်။

ယုတ္တိကျကျ တွေးကြည့်ပါက ယခင်အကြိမ်က ကောင်းကင်ဘုံမိစ္ဆာများ၏ အင်အားကို ရှေးဟောင်းမဟာသူတော်စင် ကိုးဦးက နှိမ်နင်းနိုင်ခဲ့သဖြင့် တူညီသော အင်အားပမာဏဖြင့် ထပ်မံကြိုးပမ်းပါက ရလဒ်မှာ ပြောင်းလဲသွားမည်မဟုတ်ပေ။

ပရမ်းပတာဖြစ်ရပ်များ ပြန်လည်ရောက်ရှိလာခြင်းသည် ကောင်းကင်ဘုံမိစ္ဆာနတ်ဘုရားအနေဖြင့် ယခင်ထက် ပိုမိုအားကောင်းသော အင်အားစုများကို စေလွှတ်တော့မည်ဟူသည့် အရိပ်အယောင်ပင် ဖြစ်သည်။

အကယ်၍သာ ဤဘေးဒုက္ခကြီးကို မကျော်လွှားနိုင်ပါက လုံးဝပျက်သုဉ်းခြင်းသို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။

သို့သော် စူးချန်ခုန်းကတော့ အလွန်အမင်း စိုးရိမ်ပူပန်မနေပါ။ သူ၏ အမြင်တွင် ကောင်းကင်ပြိုကျလာလျှင် ၎င်းကို ထမ်းထားနိုင်မည့် အရပ်မြင့်သူများ ရှိနေမည်သာဖြစ်သည်။ ထိုသို့သော ကိစ္စရပ်များကို ကိုင်တွယ်ရမည့် အဆင့်သို့ သူ မရောက်သေးသဖြင့် မိမိ၏ ကိစ္စရပ်များကိုသာ သူ အာရုံစိုက်ရန် လိုအပ်သည်။

ဟွားရှန်လည်း သူ၏ လေးနက်နေသော မျက်နှာအမူအရာကို ပြေလျော့သွားစေလိုက်သည်။ သူတို့ ရှေးဟောင်းမဟာသူတော်စင်ကြီး ကိုးဦးတို့သည် ဤပရမ်းပတာဖြစ်ရပ်ကို ရင်ဆိုင်ရန် ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီး ဖြစ်သည်။ အရာအားလုံးသည် မည်သို့ဖြစ်လာမည်ကိုမူ တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်ပြီးမှသာ အဖြေပေါ်လာလိမ့်မည်။

ဟွားရှန်က စူးချန်ခုန်းကို ကြည့်ကာ "လာမယ့် ကပ်ဘေးမှာ လူသားမျိုးနွယ်စုအနေနဲ့ ရှိသမျှ စွမ်းအားအကုန် သုံးရလိမ့်မယ်။ မင်းရဲ့ အရည်အချင်းနဲ့ အလားအလာက အဖိုးတို့နဲ့ မနိမ့်ကျဘူး။ မင်းက လူသားတွေရဲ့ အဓိက အားထားရာ ဖြစ်လာနိုင်တယ်။ အဖိုးကူညီနိုင်တာ ရှိရင် ပြောပါ"

ဤသည်မှာ ဟွားရှန်က စူးချန်ခုန်းကို ခေါ်ယူခဲ့ရသည့် အဓိကအကြောင်းအရင်းပင် ဖြစ်သည်။

စူးချန်ခုန်း၏ မယုံကြည်နိုင်လောက်သော အလားအလာနှင့် အချိန်တိုအတွင်း သူ၏ လျင်မြန်စွာ တိုးတက်လာမှုကို သိရှိထားသည့်အလျောက် မကြာမီ ရောက်ရှိတော့မည့် ပရမ်းပတာကာလနှင့် ကျင့်ကြံရန် အချိန်နည်းပါးနေမှုကို ထောက်ထား၍ ဟွားရှန်သည် စူးချန်ခုန်းကို ကူညီပေးရန် အလွန်ပင် စိတ်အားထက်သန်နေသည်။

စူးချန်ခုန်းသည်လည်း ဟွားရှန်နှင့် အထူးတလည် အကျိုးအကြောင်းပြောနေမည့်အစား ပွင့်ပွင့်လင်းလင်းပင် တုံ့ပြန်လိုက်သည်။

သူသည် ကောင်းကင်မိစ္ဆာများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို အရင်ကတည်းက မြင်တွေ့ခဲ့ပြီးဖြစ်သလို၊ ဟွားရှန်၏ ပြောပြချက်အရ သူတို့၏ နောက်ကွယ်တွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ရှိနေသေးသည်ကိုလည်း သိထားရသည်။ သူသည် အနာဂတ်တွင် မိမိ၏ ကံကြမ္မာကို ကိုယ်တိုင် ဆုပ်ကိုင်နိုင်ပြီး အသက်ရှင်သန်နိုင်ရန်အတွက် မိမိကိုယ်ကိုယ် အားကောင်းလာအောင် အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။

"ဂျောက် ဂျွတ် ဂျွတ်"

စိတ်ထဲတွင် တွေးလိုက်သည်နှင့် တစ်ပြိုင်နက် စူးချန်ခုန်း၏ အသားအရေပေါ်တွင် အနက်ရောင်အကြေးခွံများ စတင်ပေါက်ဖွားလာသည်။ သူ၏ အရိုးများမှာ တဖျပ်ဖျပ်မြည်လျက် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ပေနီးပါး မြင့်မားသော မိစ္ဆာသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ တစ်ကိုယ်လုံးမှာ ထူထဲ၍ မြင်သာသော မိစ္ဆာစွမ်းအင်များဖြင့် ဝန်းရံသွားလေသည်။

"ဆေးဝိဇ္ဇာသူတော်စင်... ကျွန်တော် အရင်က မတော်တဆဖြစ်သွားပြီး ခန္ဓာကိုယ်က မိစ္ဆာသားရဲတစ်ကောင်ရဲ့ ပုံစံမျိုး ဖြစ်သွားခဲ့တယ်။ ဒါကို ပြန်ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိလားခင်ဗျာ"

စူးချန်ခုန်းသည် မိစ္ဆာသားရဲတစ်ကောင်နှင့်ဆင်တူသော မျက်လုံးများနှင့်ပင် မေးမြန်းလိုက်သည်။ ထိုကဲ့သို့ မိစ္ဆာသားရဲကိုယ်ခန္ဓာမျိုးကို စူးချန်ခုန်း အစကတည်းက လိုချင်ခဲ့တာ မဟုတ်ပေ။

၎င်းက ကြီးမားသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်မှန်သော်လည်း အန္တရာယ်များစွာ ရှိနေသည်မှာ မငြင်းသာပေ။

ထို့ပြင် မိစ္ဆာသားရဲမျိုးနွယ်စု၏ မူလရင်းမြစ်ဖြစ်သော ကောင်းကင်ဘုံမိစ္ဆာနတ်ဘုရား၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရနိုင်ချေလည်း ရှိသည်။ ထို့ကြောင့် ဤမိစ္ဆာသားရဲကိုယ်ခန္ဓာ ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းရှိပါက ပြင်ဆင်ထားခြင်းက ပို၍ ကောင်းလိမ့်မည်ဟု စူးချန်ခုန်း ယူဆထားသည်။

ဟွားရှန်သည် သူ့ကို အနီးကပ် စေ့စေ့ကြည့်ရှုလိုက်ပြီးနောက် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကာ "မင်းရဲ့ ခန္ဓာကိုယ်က မိစ္ဆာသားရဲတစ်ကောင်အဖြစ် အပြည့်အဝ ပြောင်းလဲသွားပြီပဲ။

“ဒီခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်တာ ဒါမှမဟုတ် အချိန် သူတော်စင်ရဲ့ မဟာနတ်ဘုရားစွမ်းအားနဲ့ ပြန်ပြောင်းမှပဲ ရလိမ့်မယ်။ ဒါပေမဲ့ အချိန် သူတော်စင်က အခုထိ ပြန်မပေါ်သေးဘူး။ နောက်ပြီး အဲဒီလို လုပ်ရင်လည်း မင်းရဲ့ ကျင့်ကြံခြင်းအဆင့်တွေ ကျဆင်းသွားလိမ့်မယ်"

“အဲ့လိုလား..”

စူးချန်ခုန်း အနည်းငဘ် စိတ်ပျက်သွားသော်လည်း စိတ်ဓာတ်မကျသွားပေ။ သူက ဤဖြစ်နိုင်ချေအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သည်။

ဟွားရှန်က ပြုံးလျက် "စိုးရိမ်စရာ မလိုပါဘူး။ ခန္ဓာကိုယ်ဆိုတာ သင်္ဘောနဲ့ တူတယ်။ ပိုခိုင်မာလေ ပိုကောင်းလေပဲ။ လက်ရှိမှာတော့ ဒီမိစ္ဆာကိုယ်ထည်က မင်းအတွက် အကျိုးပဲ ရှိနေတာပါ"

စူးချန်ခုန်းလည်း ခေါင်းညိတ် သဘောတူလိုက်သည်။

မိစ္ဆာသားရဲကိုယ်ခန္ဓာသည် သူ့အား မိစ္ဆာသားရဲများနှင့် တန်းတူညီမျှသော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပေးစွမ်းပြီး သူ၏သက်တမ်းကိုလည်း များစွာ ရှည်ကြာစေခဲ့သည်။

လက်ရှိအချိန်တွင်မူ ယင်း၏ အကျိုးကျေးဇူးများမှာ အကန့်အသတ်မရှိ များပြားလှသည်။ အနာဂတ်အတွက်မူ တစ်ဆင့်ချင်းစီသာ ရင်ဆိုင်သွားရမည်ဖြစ်ပြီး တောင်လမ်းဆုံးခါနီးမှသာ လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

ထို့နောက် သူက နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။ "သမားတော်ဟွားရှန်၊ အင်အားကြီးမားတဲ့ သားရဲစစ်ကြီးတွေရဲ့ ခြေရာလက်ရာတွေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ"

ယခုတစ်ကြိမ်တွင် စူးချန်ခုန်းသည် သားရဲအစစ်များ'အကြောင်းကို စုံစမ်းမေးမြန်းနေခြင်းမှာ သူ၏ ဝူချင်းရှီကျင့်စဉ်နှင့် သက်ဆိုင်နေသည်။

စူးချန်ခုန်း ကျင့်ကြံထားသော နတ်ဘုရားစွမ်းရည်အဆင့်ရှိ သိုင်းပညာများထဲတွင် ဝူချင်းရှီကျင့်စဉ်တစ်ခုသာ နတ်ဘုရားအဆင့်သို့ တိုးတက်ရန် အလွန်ခက်ခဲ ကျပ်တည်းနေခဲ့သည်။

အကယ်၍သာ အားအကောင်းဆုံးသော သားရဲအစစ်များ ချန်ရစ်ခဲ့သည့် အမှတ်အသားများရှိသည့် နေရာကို သူရှာတွေ့နိုင်ပြီး ၎င်းတို့ကို သူ၏ မှန်ကမ္ဘာကောင်းကင်ဘုံ မဟာနတ်ဘုရားမျိုးစေ့ဖြင့် ပုံဖော်နိုင်မည်ဆိုပါက သူ၏ ဝူချင်းရှီကျင့်စဉ်ကို တိုးတက်စေမည့် လိုအပ်သော အရိပ်အမြွက်များကို ရရှိနိုင်ပေလိမ့်မည်။

ရှေးဟောင်းသူတော်စင်ကြီး တစ်ပါးဖြစ်သည့် ဟွားရှန်သည် အလွန်တရာ ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားသူဖြစ်ရာ ဤလောကရှိ လျှို့ဝှက်သော နေရာအားလုံးကို သူ သိရှိထားမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

စူးချန်ခုန်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ဟွာရှန်းက ခဏတာ တွေးတောလိုက်ပြီးနောက် ဤသို့ ပြောလိုက်သည်။

"သားရဲစစ်ကြီးတွေရဲ့ နောက်ဆုံး ခိုလှုံရာနဲ့ သင်္ချိုင်းဖြစ်တဲ့ သားရဲတစ်သောင်း သင်္ချိုင်း' ဆိုတဲ့ နေရာရှိတယ်။"

"သားရဲတစ်သောင်း သင်္ချိုင်းလား"

စူးချန်ခုန်း စိတ်လှုပ်ရှားသွားလေ၏။

ဟွားရှန်က လွမ်းဆွတ်သော လေသံဖြင့် "တစ်ချိန်က ရှေးခေတ်တောရိုင်းခေတ်တုန်းက သားရဲအစစ်တွေဟာ ဒီလောကကြီးရဲ့ အရှင်သခင်တွေ ဖြစ်ခဲ့ကြတယ်။ အင်အားကြီးမားတဲ့ သားရဲအစစ်ဘုရင်တွေက ကျယ်ပြောလှတဲ့ နယ်မြေတွေကို အုပ်စိုးခဲ့ကြတာပေါ့။

ဝမ်းနည်းဖို့ကောင်းတာက... သူတို့အားလုံးဟာ မိစ္ဆာသားရဲမျိုးနွယ်စုရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။ သူတို့သာ တစ်သွေးတစ်သားတည်း စုစည်းနိုင်ခဲ့ရင် ဒီဘေးဒုက္ခကြီးကို ကျော်လွှားနိုင်မယ့် အခွင့်အရေး ရှိကောင်းရှိနိုင်မှာပါ" ဟု ပြောပြသည်။

သားရဲအစစ်များသည် တစ်ချိန်က ဘုန်းတန်ခိုးကြီးမားခဲ့သော်လည်း ယခုအခါတွင်မူ အမဲလိုက်ခံရခြင်းကြောင့်သာမက အဓိကအားဖြင့် မိစ္ဆာသားရဲမျိုးနွယ်စုကြောင့် မျိုးတုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။

တောရိုင်းခေတ်တွင် သားရဲအစစ်များသည် ကုန်းမြေကို အုပ်စိုးခဲ့ကြသော်လည်း ကောင်းကင်ဘုံမိစ္ဆာနတ်ဘုရား ရောက်ရှိလာသောအခါ သူတို့သည် အဓိကပစ်မှတ်များ ဖြစ်လာခဲ့ကြသည်။ ကောင်းကင်မိစ္ဆာများ၏ ဦးဆောင်မှုဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပေါ်ပေါက်လာခဲ့သည်။

သားရဲအစစ် တစ်ကောင်ချင်းစီမှာ မယုံနိုင်လောက်အောင် အင်အားကြီးမားကြသော်လည်း ဘေးဒုက္ခများကို ရင်ဆိုင်ရာတွင် စုစည်းနိုင်ကြသည့် လူသားများနှင့် မတူဘဲ သားရဲအစစ်များမှာမူ အကွဲကွဲအပြားပြား ဖြစ်နေခဲ့ကြသဖြင့် နောက်ဆုံးတွင် မျိုးတုံး သတ်ဖြတ်ခံလိုက်ရလေသည်။

သားရဲတစ်သောင်း သင်္ချိုင်းသည် မူလက သားရဲအစစ်မျိုးနွယ်စု၏ နောက်ဆုံးခံတပ်ဖြစ်ပြီး ကျန်ရှိနေသေးသည့် သားရဲအစစ်ဘုရင်များ စုဝေးရာနေရာ ဖြစ်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ထိုခံတပ် ကျဆုံးသွားခဲ့ပြီး သားရဲစစ်ဘုရင်အားလုံး စစ်ပွဲအတွင်း ကျဆုံးသွားခဲ့ကာ ယခုအခါတွင်မူ ဟွားရှန်နှင့် အခြားသူများက သားရဲတစ်သောင်းဂူသင်္ချိုင်းဟု သိရှိထားသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

All Chapters