အခန်း ၁၁၁၀
Vol. 74 Ch. 1110
အခန်း (၁၁၁၀) ကပ်ဘေးဆိုက်ရောက်ခြင်း။ စကြဝဠာကြီး မငြိမ်မသက်ဖြစ်ခြင်း။ (၂)
စူးချန်ခုန်း၏ စွမ်းရည်ပါရမီအမှတ်မှာ ၅၀၀ အထိ ရောက်ရှိနေရာ ဆေးဝိဇ္ဇာသူတော်စင် ဟွားရှန်၏ လမ်းညွှန်မှုနှင့်အတူ သူ၏ဆေးဖော်စပ်ခြင်းပညာမှာလည်း လျင်မြန်စွာ တိုးတက်လာသည်။ အောင်မြင်မှုတစ်ခု ရရှိလုနီးပါးတွင် တစ်နှစ်၏ တစ်ဝက်မပြည့်မီအချိန်၌ စူးချန်ခုန်းမှာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဆေးဖော်စပ်ခြင်းပညာ (၁၂ ဆင့်မြောက်၊ သူတော်စင်အဆင့်ကို ကျော်လွန်ခြင်း ၁%)
"ဆေးဖော်စပ်ခြင်းပညာကလည်း ၁၂ ဆင့်မြောက်ကို ရောက်သွားပြီပဲ။"
၁၂ ဆင့်မြောက်သို့ ရောက်ရှိသွားသော သူ၏ဆေးဖော်စပ်ခြင်းပညာကို ကြည့်ရင်း စူးချန်ခုန်းမှာ အလွန်ပင် ပျော်ရွှင်နေသည်။ ဆေးဖော်စပ်ခြင်းပညာ ၁၂ ဆင့်မြောက်သို့ ရောက်သောအခါ စူးချန်ခုန်းမှာ သိသာထင်ရှားသော အသိအမြင်များ ရရှိခဲ့သည်။
"ဆေးဖက်ဝင်အပင်မျိုးစုံကို ဆေးလုံးတွေအဖြစ် ပြောင်းလဲနိုင်သလို၊ အသက်ရှင်နေတဲ့ လူသားတွေကိုတောင် ဆေးလုံးအဖြစ် ဖော်စပ်နိုင်တယ်။ ဒီလောကမှာရှိတဲ့ အရာအားလုံး၊ ကောင်းကင်နဲ့ မြေကြီးကိုတောင် ဆေးဖော်စပ်ဖို့ ပစ္စည်းတွေအဖြစ် အသုံးပြုနိုင်တယ်။ ဒါပေမဲ့ အဲဒီအဆင့်ကို ရောက်ဖို့က မဟာနတ်ဘုရားစွမ်းအားကို ကျင့်ကြံတာထက် ပိုပြီး ခက်ခဲတယ်။"
မည်သည့်လမ်းစဉ်ကိုမဆို အဆုံးထိ တိုးတက်အောင် လုပ်ဆောင်ပါက မယုံနိုင်လောက်အောင် အစွမ်းထက်ကြောင်း သူတွေးတောမိသည်။ လမ်းစဉ်များကြားတွင် အဆင့်အတန်းဟူ၍ မရှိပါ။ မည်သူက အဝေးဆုံးအထိ ရောက်နိုင်သနည်းဆိုသည့်အပေါ်တွင်သာ မူတည်သည်။
ဆေးဖော်စပ်ခြင်းပညာ ၁၂ ဆင့်မြောက်သို့ ရောက်သောအခါ စူးချန်ခုန်းသည် ဝိညာဉ်ဆေးပင်အဆင့်ရှိ ပစ္စည်းများကို အသုံးပြု၍ နတ်ဆေးလုံးအဆင့်ရှိ ဆေးများကိုပင် ဖော်စပ်နိုင်စွမ်း ရှိလာသည်။
စူးချန်ခုန်းသည် ဆေးနီတောင်ကြား၌ တစ်နှစ်၏ တစ်ဝက်ခန့် နေထိုင်ခဲ့သည်။
တစ်နေ့တွင် ဟွားရှန်သည် စူးချန်ခုန်းကို လာရောက်ရှာဖွေပြီး ဟွားရှန်၏ မျက်နှာအမူအရာမှာ လေးနက်နေသည်ကို တွေ့လိုက်ရသည်။
"ဆေးဝိဇ္ဇာသူတော်စင်ကြီး၊ ဘာများဖြစ်လို့လဲခင်ဗျ။"
စူးချန်ခုန်းက ချက်ချင်းပင် မေးလိုက်သည်။
ဟွားရှန်က အတန်ငယ် ခေါင်းညိတ်ပြီး "ကျန်းမိသားစုဆီက သတင်းရထားတာမှာ သူတို့တွေ ဖော့ပင်လယ်မှာ မိစ္ဆာသားရဲတွေရဲ့ လမ်းကြောင်းကို တွေ့ခဲ့တယ်တဲ့။ ဒီမိစ္ဆာသားရဲတွေက အခမ်းအနားတစ်ခုခုကို ပြုလုပ်နေပုံရတယ်လို့ဆိုတယ်" ဟု ပြောသည်။
ဤစကားကို ကြားသောအခါ စူးချန်ခုန်း၏ နှလုံးသားမှာ တင်းကျပ်သွားသည်။ ဖော့ပင်လယ်မှာ မြင့်မြတ်သော ရှေးဟောင်းနိုင်ငံတော် အပြင်ဘက်တွင် တည်ရှိသော ကျယ်ပြောသည့် ပင်လယ်ပြင်တစ်ခုဖြစ်သည်။
ဟွားရှန်က "ဖော့ပင်လယ်မှာ မိစ္ဆာသားရဲတွေနဲ့ ပြည့်နှက်နေပြီး သူတို့စီစဉ်တဲ့ အဖြစ်အပျက်တွေက လွယ်ကူမှာ မဟုတ်ဘူး။ ရန်သူ့အကြာင်းကိုရော ကိုယ့်အကြောင်းကိုပါ သိနိုင်ဖို့အတွက် အဖိုးတို့ အသေအချာ စုံစမ်းရမယ်။" ဟု ဆိုသည်။
ရန်သူ့ဘက်က မည်သို့ပင် အောင်မြင်လိုပါစေ ထိုအရာကို တားဆီးရမည်ဖြစ်သည်။
"ဖော့ပင်လယ်မှာ ကောင်းကင်ဘုံမိစ္ဆာနတ်ဆိုးတစ်ကောင် ပုန်းအောင်းနေနိုင်တယ်။ ဒီတစ်ခါတော့ အဖိုးကိုယ်တိုင် အဖွဲ့ကို ဦးဆောင်သွားမယ်။ ကျန်းမိသားစုကနေ ဧကရာဇ်ကျန်းနဲ့ မဟာနတ်ဘုရားစွမ်းအားရှိတဲ့ သိုင်းဝိဇ္ဇာသူတော်စင်အချို့လည်း လိုက်သွားကြမှာ။ လူလေးလည်း လိုက်ကြည့်ချင်လား။"
ဟွာရှန်းက စူးချန်ခုန်းကို မေးလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော်လည်း လိုက်ပါပြီး ကြည့်ရှုပါ့မယ်။"
စူးချန်ခုန်းလည်း လိုက်ပါရန် သဘောတူလိုက်သည်။
"ကောင်းပြီ။ လူတိုင်း စုဝေးပြီးတဲ့အထိ စောင့်ကြစို့။"
ဟွားရှန်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း စူးချန်ခုန်းမှာ အတွေ့အကြုံ လိုအပ်ကြောင်း သိရှိသည်။
နာရီအနည်းငယ်အတွင်း ဆေးနီတောင်ကြားအထက်တွင် ဟင်းလင်းပြင်မှာ ပွင့်အက်သွားပြီး တိုက်ပွဲအမှတ်အသားများဖြင့် ဖုံးလွှမ်းနေသော နတ်ဘုရား အမှတ်အသားများဖြင့် ဖွဲ့စည်းထားသည့် ဧရာမသင်္ဘောကြီးတစ်ခု ပေါ်လာသည်။ စူးချန်ခုန်းသည် ကျန်းမိသားစု၏ ဧကရာဇ် ကောင်းကင်သင်္ဘော ဖြစ်ကြောင်း သိလိုက်သည်။
"သွားကြစို့။"
ဟွားရှန်က ရှေ့ကဦးဆောင်ပြီး ကောင်းကင်သင်္ဘောဆီသို့ ပျံသန်းသွားရာ စူးချန်ခုန်းကလည်း အနီးကပ် လိုက်ပါသွားသည်။
ကောင်းကင်သင်္ဘောပေါ်သို့ တက်ရောက်လိုက်သောအခါ စူးချန်ခုန်းသည် လူလေးဦး စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။
သူတို့ထဲမှ တစ်ဦးမှာ ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသည့် ဧကရာဇ်ကျန်း ဖြစ်သည်။
နောက်တစ်ဦးမှာ စူးချန်ခုန်း အရင်က တွေ့ဖူးသော ကျန်းမိသားစု၏ အကြီးအကဲ ကျန်းရှောတောက် ဖြစ်သည်။
"ဆေးဝိဇ္ဇာသူတော်စင်ကြီး။"
ဧကရာဇ်မင်းမြတ်ကျန်းနှင့် အခြားသူများက ဟွားရှန်ကို ရိုသေစွာ နှုတ်ဆက်ကြသည်။
"ကောင်းပြီ၊ အချိန်မဖြုန်းရအောင်၊ ထွက်ခွာကြစို့။" ဟု ဟွားရှန်က ပြောသည်။
ဧကရာဇ်ကျန်းက ကောင်းကင်သင်္ဘောကို မောင်းနှင်လိုက်ရာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မြင့်မြတ်သော ရှေးဟောင်းနိုင်ငံတော်၏ အပြင်ဘက်သို့ ဦးတည်သွားလေ၏။
"အကြီးအကဲစူးတစ်ယောက် မဟာနတ်ဘုရားစွမ်းအားကို ဒီလောက်မြန်မြန် ရရှိလိမ့်မယ်လို့ မထင်ထားမိဘူး..."
ခရီးတစ်လျှောက်တွင် ကျန်းရှောတောက်နှင့် အခြားသူများသည် စူးချန်ခုန်း၏ တိုးတက်မှုအတွက် အံ့အားသင့်နေကြသည်။
ဧကရာဇ်မင်းမြတ် ကောင်းကင်သင်္ဘောသည် မြင့်မြတ်သော ရှေးဟောင်းနိုင်ငံတော်အတွင်း၌သာ လျင်မြန်စွာ ရွေ့လျားနိုင်ပြီး နယ်နိမိတ်အပြင်ဘက်တွင်မူ သာမန်သာ ဖြစ်သည်။
ထို့ကြောင့် အပြင်ဘက်တွင် လူတိုင်း လမ်းလျှောက်၍ အလျင်အမြန် ခရီးနှင်ကြရသည်။ လမ်းတွင် စူးချန်ခုန်းသည် အခြားခရီးသွားနှစ်ဦး၏ အမည်များကို သိခဲ့ရသည်။
ယဉ်ကျေးသိမ်မွေ့သော ရုပ်ရည်ရှိသည့် လူလတ်ပိုင်းအရွယ်လူကြီးမှာ ကျန်းချီကျန့်ဟု အမည်ရပြီး အခြားတစ်ဦးဖြစ်သော အသားညိုညို စကားနည်းပြီး ဗလတောင့်တောင့်နှင့်လူမှာ ကျန်းရှန့်ဟု အမည်ရသည်။
သူတို့နှစ်ဦးစလုံးမှာ ကျန်းမျိုးနွယ်စုမှ မဟာနတ်ဘုရားစွမ်းအား ပိုင်ဆိုင်ထားသည့် သိုင်းပညာရှင်ကြီးများဖြစ်ကြပြီး မြင့်မြတ်သော ရှေးဟောင်းနိုင်ငံတော်၏ အထွတ်အထိပ်တွင် ရပ်တည်နေသူများ ဖြစ်ကြသည်။
ဖော့ပင်လယ်အတွင်း မိစ္ဆာသားရဲများထဲတွင် ကောင်းကင်ဘုံမိစ္ဆာနတ်ဆိုးများ ရှိနေပါက မဟာနတ်ဘုရားစွမ်းအား အောက်ရှိ သိုင်းပညာရှင်များမှာ အကူအညီ ဖြစ်မည်မဟုတ်ပေ။ ကောင်းကင်ဘုံမိစ္ဆာတစ်ကောင် ရှိနေပါက ဟွားရှန်က ခုခံနိုင်စွမ်း ရှိသည်။
ရှေးဟောင်း သူတော်စင်ကြီး ကိုးပါးထဲတွင် ဟွားရှန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလယ်အလတ် သို့မဟုတ် အောက်ခြေအဆင့်လောက်သာ ရှိသည်ဟု ဆိုသော်လည်း ၎င်းမှာ အခြားသူများနှင့် နှိုင်းယှဉ်ချက်မျှသာ ဖြစ်သည်။
ယခုအခါတွင် ဟွားရှန်သည် သူ၏ အထွတ်အထိပ် စွမ်းအား၏ ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိနေပြီဖြစ်သည်။
ထို့အပြင် အသက်ရှင်သန်ခြင်းနှင့် ပတ်သက်သည့် နတ်ဘုရားစွမ်းရည်များတွင် အထူးကျွမ်းကျင်သူဖြစ်သည့်အတွက် သူရှိနေသမျှကာလပတ်လုံး မဟာမိတ်များမှာ အရိုးများ အပိုင်းပိုင်း ကြေမွသွားခဲ့လျှင်ပင် သူတို့အား အသက်ကယ်ဆယ်ပေးနိုင်စွမ်း ရှိသည်။
ဖော့ပင်လယ်သည် မြင့်မြတ်သော ရှေးဟောင်းနိုင်ငံတော် အပြင်ဘက်ရှိ ကျယ်ပြောသော ပင်လယ်ပြင်ဖြစ်သည်။ အဖွဲ့ဝင် ခြောက်ဦးသည် ဖော့ပင်လယ်၏ နက်ရှိုင်းသော နေရာသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားကြသည်။
ကျန်းမျိုးနွယ်စုအနေဖြင့် ဖော့ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် မိစ္ဆာသားရဲများ အလုံးအရင်းဖြင့် စုဝေးနေကြကြောင်း သတင်းရရှိထားပြီး ဖြစ်သည်။
"ဒီပင်လယ်ရဲ့ အနက်က... တကယ်ကို ထူးဆန်းတယ်"
သူတို့သည် တစ်နေရာသို့ ဆင်းသက်သွားစဉ် စူးချန်ခုန်း၏ အမူအရာမှာ ထူးဆန်းလာသည်။
ပရမ်းပတာ…လုံးဝဥဿုံ ပရမ်းပတာဖြစ်နေသည်။
ဖော့ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် စကြဝဠာနှင့် သဘာဝဒြပ်စင်များမှာ ရောထွေးရှုပ်ထွေးနေသယောင် ရှိပြီး အလွန်အမင်း ကမောက်ကမဖြစ်နေသည့် ခံစားချက်ကို ပေးစွမ်းသည်။ သဘာဝတရား၏ နိယာမများပင် မတည်မငြိမ် ဖြစ်နေကြသည်။
ရှူး…
ပင်လယ်ရေအောက် နက်ရှိုင်းရာ၌ လေပြင်းများ တိုက်ခတ်နေသဖြင့် ပြင်းထန်သော ရေစီးကြောင်းများ ဖြစ်ပေါ်နေသည်ကို စူးချန်ခုန်း ခံစားလိုက်ရသည်။ သမုဒ္ဒရာကြမ်းပြင်တွင်ပင် ဖြစ်နိုင်ချေရှိသမျှ အကြောင်းတရားတို့ကို ဆန့်ကျင်ကာ မီးလျှံများ တောက်လောင်နေသည်။
"ဒီမိစ္ဆာသားရဲတွေ ဘာတွေ လုပ်နေကြတာလဲ။"
အဖွဲ့ဝင်များအားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ ဟွားရှန်တစ်ဦးတည်းသာ အတွေးများ ဝင်ရောက်နေပုံရသည်။
အဖွဲ့ရှိ ကျန်သူများမှာလည်း ဖော့ပင်လယ်အတွင်းရှိ ထူးခြားသော အခြေအနေများကို သတိပြုမိကြသည်။
ဤအရာက သူတို့အား တုန်လှုပ်ချောက်ချားစေသည့်အပြင် ဒေါသထွက်စေသည်။ မိစ္ဆာသားရဲများအနေဖြင့် ဖော့ပင်လယ်ကို ဤမျှ ထူးဆန်းသော အခြေအနေသို့ ရောက်ရှိသွားအောင် မည်သို့လုပ်ဆောင်နေကြသနည်းဟူ၍ နားမလည်နိုင်ဖြစ်ကြရသည်။
ဆံပင်ဖြူများဖြင့် ဝန်းရံထားသော နုပျိုသည့် မျက်နှာပိုင်ရှင် ဟွားရှန် တစ်ဦးသာလျှင် အတွေးနက်နေဟန်ရှိပြီး ယခင်ကနှင့်မတူဘဲ အလွန်ပင် တည်ကြည်လေးနက်နေသည်။
သူတို့ ဖော့ပင်လယ်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ခရီးနှင်လာကြစဉ် မှောင်မိုက်သော ရေပြင်အောက်၌ ယဉ်ကျေးသိမ်မွေ့သည့် အကြီးအကဲ ကျန်းချီကျန့်၏ မျက်နှာအမူအရာ ပြောင်းလဲသွားကာ "သတိထားကြ" ဟု သတိပေးသည့် အော်သံကို လွှင့်ထုတ်လိုက်သည်။
သူ၏ စကားမဆုံးခင်မှာပင် မှောင်မိုက်သော ပင်လယ်ရေအောက် နက်ရှိုင်းရာမှ သွေးရောင်တောက်ပနေသော မျက်လုံးတစ်စုံက သူတို့အဖွဲ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
၎င်းမှာ ပင်လယ်ရေပြင်နှင့် တစ်သားတည်း ဖြစ်နေပုံပေါက်သည့် ကိုယ်ခန္ဓာမှာ တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာပြီး ငါးမန်းခေါင်းကဲ့သို့ ခေါင်းရှိသည့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်။
"လူသားတွေလား။ သတ်ပစ်မယ်"
ငါးမန်းခေါင်းရှိ မိစ္ဆာသားရဲသည် စူးချန်ခုန်းနှင့် အခြားသူများကို တွေ့ရှိသည်နှင့် ချက်ချင်း တိုက်ခိုက်သည်။ ပင်လယ်ရေထဲတွင် ရေစီးကြောင်းများစွာမှာ လှံများအဖြစ် ပြောင်းလဲသွားပြီး သူတို့ဆီသို့ မိုးရွာသကဲ့သို့ ကျရောက်လာသည်။
"ယုတ်မာတဲ့ မိစ္ဆာသားရဲ"
ကျန်းရှောတောက်က အေးစက်စက် အော်ဟစ်လိုက်သည်။
ငါးမန်းခေါင်းနှင့် မိစ္ဆာသားရဲမှာ အတော်အတန် အစွမ်းထက်သော်လည်း မဟာနတ်ဘုရားစွမ်းအား ပိုင်ဆိုင်ထားသော သိုင်းပညာရှင်ကြီးများ ရှိနေသည့်နေရာတွင် တိုက်ခိုက်ရန် အရည်အချင်း မရှိပေ။
"ဖောက် ဖောက် ဖောက်"
ကျန်းရှောတောက်၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် ရေပြင်မျက်နှာပြင်မှာ မှန်တစ်ချပ်ကဲ့သို့ ပြောင်းလဲသွားသည်။ မိစ္ဆာသားရဲက ပစ်လွှတ်လိုက်သော ကြီးမားသည့် ရေလှံပေါင်းများစွာသည် ထိုရေပြင်မှတစ်ဆင့် ပြန်လည်ခုန်ထွက်သွားပြီး ငါးမန်းခေါင်း မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်အနှံ့သို့ ပြင်းထန်စွာ ပြန်လည်ဗုံးကြဲတိုက်ခိုက်လိုက်သည်။
အသားများ ပေါက်ပြဲသွားသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ မိစ္ဆာသားရဲမှာ သူကိုယ်တိုင် ပစ်လွှတ်လိုက်သော ရေလှံများဖြင့် အပိုင်းပိုင်းအစစ ဖြစ်သွားကာ အသားစများ၊ လက်ခြေများမှာ နေရာအနှံ့ လွင့်စဉ်သွားသည်။
သို့သော် မိစ္ဆာသားရဲ၏ မသေမျိုးကိုယ်ခန္ဓာကြောင့် ပျက်စီးသွားသော ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်လည်ဖွဲ့စည်းသွားပြီး မူလအတိုင်း ပြန်လည်ပြည့်စုံသွားသည်။
သို့သော်လည်း ငါးမန်းခေါင်း မိစ္ဆာသားရဲမှာ ယခင်ကဲ့သို့ ရက်စက်ကြမ်းတမ်းသော အရိပ်အယောင်များ မရှိတော့ပေ။ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် "သူတို့... သူတို့က မဟာနတ်ဘုရားစွမ်းအားရှင်တွေ။ ထွက်ပြေးကြ" ဟု အော်ဟစ်လိုက်သည်။
ငါးမန်းခေါင်း မိစ္ဆာသားရဲမှာ မိမိကိုယ်ကို ကောင်းစွာ သိသည်။ မဟာနတ်ဘုရားစွမ်းရည် သိုင်းဝိဇ္ဇာသူတောစင်များနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေး လုံးဝမရှိကြောင်း သဘောပေါက်သွားသဖြင့် တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းပင် လှည့်ထွက်ကာ ဖော့ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ အလောတကြီး ထွက်ပြေးသွားလေတော့သည်။