အခန်း ၂၀၃
Vol. 21 Ch. 203
အခန်း (၂၀၃) လက်သီးတစ်ချက်တည်းဖြင့် သတ်ခြင်း
“နောက်တစ်လှည့်က မင်းအလှည့်ပဲ... ဂိုဏ်းချုပ်လင်”
“မင်းသာ သော့ကို ငြိမ်ငြိမ်လေး ထုတ်ပေးခဲ့ရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး... ဟုတ်တယ်မလား”
“ငါ မင်းကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်ပေးမယ်။ တကယ်လို့ မင်းက ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ဒီနေ့ လင်းရှောင်ဂိုဏ်းက ဘယ်သူမဆို ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး”
အကြီးအကဲတစ်ဦးကို သတ်ဖြတ်ပြီးနောက် ယင်ယန် မြင့်မြတ် သားတော်က လန်ထျန်းဟန်ကို မာနထောင်လွှားစွာဖြင့် ခြိမ်းခြောက်လိုက်တော့သည်။
အကယ်၍ သူက ငြင်းပယ်ရန် ရဲဝံဝံ့ပါက ယခင်က အကြီးအကဲကို သတ်ခဲ့သော သိုင်းပညာရှင်က ချက်ချင်း လှုပ်ရှားပေလိမ့်မည်။
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လင်းရှောင်ဂိုဏ်းအတွင်းရှိ စိတ်ဓာတ်အားနည်းသော တပည့်အချို့မှာ စတင်၍ ကယောက်ကယက် ဖြစ်လာကြပြီး လန်ထျန်းဟန်ကို လှမ်း၍ ပြောကြတော့သည်။
“ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး သော့ကိုပဲ ထုတ်ပေးလိုက်ပါတော့”
“ဟုတ်ပါတယ် ဂိုဏ်းချုပ်... ဂိုဏ်းချုပ်အနေနဲ့ ကျွန်တော် တို့ရဲ့ အသက်တွေနဲ့ လောင်းကြေးမထပ်သင့်ဘူးလေ”
“မြင့်မြတ် သားတော်... ကျွန်တော် သော့ ဘယ်မှာရှိလဲဆိုတာ သိပါတယ်”
ဤအခိုက်အတန့်တွင် တပည့်တစ်ဦးက သူ၏ ကိုယ်ပိုင် အသက်ရှင်သန်ခွင့်နှင့် လဲလှယ်ရန် မျှော်လင့်ချက်ဖြင့် ယင်ယန် မြင့်မြတ် သားတော်၏ဘက်သို့ တိုက်ရိုက် ရပ်တည်လိုက်ပြီး သော့နှင့် ပတ်သက်သော သတင်းများကို ရောင်းစားရန် ကြံစည်တော့သည်။
“ပါးစပ်ပိတ်စမ်း"
ဤအချိန်တွင် လန်ထျန်းဟန် ဆက်လက်၍ တည်ငြိမ်မနေနိုင်တော့ဘဲ ထိုတပည့်ကို ဒေါသတကြီး ငေါက်ငမ်းလိုက်တော့သည်။
“မလုပ်ပါနဲ့ ဂိုဏ်းချုပ်လင်... သူ့ကို ဆက်ပြောပါစေ”
ယင်ယန် မြင့်မြတ် သားတော်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ပြောလိုက်၏။
“သော့က ဘယ်မှာလဲ... ပြောစမ်း၊ ဒါဆိုရင် ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ့်အပြင် ငါ့ရဲ့ ယင်ယန် မြင့်မြတ်နယ်မြေထဲကိုပါ ဝင်ခွင့်ပြုမယ်”
၎င်းကို ကြားလျှင် ထိုတပည့် အလွန်တရာ ဝမ်းမြောက်သွားခဲ့ရသည်။
“မြင့်မြတ် သားတော်ပြောတာ တကယ်ပဲလား”
သူက ဤသတင်းအချက်အလက်က သူ့အတွက် ဤမျှလောက် ကြီးမားလှသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
အကယ်၍ သူသာ ကြိုတင်သိရှိခဲ့ပါက ယင်ယန် မြင့်မြတ် သားတော်ထံသို့ စောစီးစွာကတည်းက သတင်းပေးခဲ့လိမ့်မည် ဖြစ်ရာ ဘာကြောင့် ယခုအချိန်အထိ စောင့်ဆိုင်းနေပါမည်နည်း။
“ သေချာတာပေါ့။ ငါက ယင်ယန် မြင့်မြတ် သားတော်ပဲ... ဘာလို့ ကတိဖျက်ရမှာလဲ”
ယင်ယန် မြင့်မြတ် သားတော်က အသေအချာ ပြောလိုက်သည်။
၎င်းနောက် သူ၏ လေသံအတွင်း ဆွဲဆောင်မှုအချို့ ထည့်သွင်းကာ ဆက် ပြောလိုက်ပြန်သည်။
“ဒီနေ့ ငါ သော့ကို ရတာနဲ့ မင်းတင်မကဘူး... မင်းနဲ့ ပတ်သက်တဲ့လူ အားလုံးပါ ငါ့ရဲ့ ယင်ယန် မြင့်မြတ်နယ်မြေထဲကို ဝင်ခွင့်ရစေရမယ်”
“ယင်ယန် မြင့်မြတ်နယ်မြေထဲကို ဝင်ခွင့်ရရင် ဘယ်လို အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာကိုတော့ ငါ အထူးပြောနေဖို့ မလိုတော့ဘူးမလား”
ယင်ယန် မြင့်မြတ် သားတော်က သူပေးအပ်သော အခြေအနေများကို မည်သူမျှ မငြင်းပယ်နိုင်ကြောင်း လုံးဝ ယုံကြည်မှု ရှိနေခဲ့သည်။
သူက အခြားသူများ သူ၏ အရှေ့၌ ဝပ်စင်းနေကြသည်ကို မြင်တွေ့ရသည်ကို အနှစ်သက်ဆုံး ဖြစ်ပေသည်။
“သော့က ဘယ်မှာရှိလဲဆိုတော့...”
“ပါးစပ်ပိတ်စမ်း... ဘာမှမပြောနဲ့”
လန်ထျန်းဟန်က သူ့အား တားဆီးရန် ကြိုးပမ်းလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ နေရာ၌တင် ဖိနှိပ်ခြင်း ခံထားရသဖြင့် လုံးဝ မလှုပ်ရှားနိုင်ဘဲ ဝင်စွက်ဖက်ရန် လုံးဝ မတတ်နိုင်ခဲ့ပေ ။
ဘေးနားမှ စောင့်ကြည့်နေခဲ့သော ရှုချွမ်းသည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရလျှင် သူ ပေါ်ထွက်ရမည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
သူက ထပ်မံ၍ ပုန်းအောင်းမနေတော့ဘဲ ဟင်းလင်းပြင်ထက်သို့ ပျံသန်းလိုက်ကာ ယင်ယန် မြင့်မြတ် သားတော်၏ အရှေ့တည့်တည့်၌ တိုက်ရိုက် ပေါ်ထွက်လာခဲ့တော့သည်။
၎င်းနောက် လန်ထျန်းဟန်၏ ကိုယ်ပေါ်ရှိ ဖိနှိပ်မှုများကို ချက်ချင်း ဖယ်ရှားပေးလိုက်၏။
ရှုချွမ်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “လိုက်ရှာနေဖို့ မလိုတော့ဘူး... သော့က ငါ့ဆီမှာ ရှိတယ်။ မင်းတို့မှာ အစွမ်းရှိရင် လာပြီး လုယူလိုက်ကြလေ”
ဤအရာမတိုင်မီက ရှုချွမ်းက ဤယင်ယန် မြင့်မြတ် သားတော်၏ ဇာတ်ညွှန်းအချက်အလက်များကို ဆန်းစစ်ထားခဲ့ပြီး ဖြစ်သည်။
သူက ဘာမှမဟုတ်သော အပို ဇာတ်ကောင်လေးတစ်ဦးမျှသာ ဖြစ်ပြီး နာမည်တစ်ခု ရှိနေရန်ပင် မထိုက်တန်လှပေ။
သူ၏ အနည်းငယ် မျှ သာလွန်သော ပါရမီမှလွဲ၍ ရှုချွမ်း၏ မျက်စိထဲသို့ ဝင်ရောက်နိုင်မည့် မည်သည့်အရာမျှ ရှိမနေခဲ့ပေ ။
သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ ကမ္မနယ်ပယ် အဆင့် ၅ မျှသာ ရှိပြီး လန်ဝူရွှမ်းထက် အနည်းငယ်မျှသာ ပိုမိုသန်မာခြင်း ဖြစ်၏။
အမှန်စင်စစ်တွင်မူ သူ၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းရည်မှာ လန်ဝူရွှမ်းထက်ပင် အားနည်းနေသေးသည်။
အဘယ်ကြောင့်ဆိုသော် ရှုချွမ်းအနေဖြင့် တစ်ချက်ကြည့်ရုံမျှဖြင့် ဤယင်ယန် မြင့်မြတ် သားတော်က အရင်းအမြစ်များဖြင့်သာ အတင်း အဆင့်တက် ထားသော သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး အပြင်ပန်းတွင်သာ တောက်ပနေသော်လည်း အတွင်းပိုင်း၌မူ လုံးဝ ဆွေးမြည့်နေပြီဖြစ်ကြောင်း ကောင်းစွာ သိရှိနိုင်သောကြောင့် ဖြစ်ပေသည်။
သူ ဤမျှလောက်အထိ မာနထောင်လွှားဝံ့ရခြင်း၏ အကြောင်းရင်းမှာ သူ၏ အနောက်၌ မြင့်မြတ်နယ်မြေတစ်ခု၏ ပံ့ပိုးမှု ရှိနေခြင်းကြောင့်ဖြစ်ပြီး ၎င်းအပြင် အစွမ်းထက်သော အစောင့်အမြောက်အမြား ရှိနေခြင်းကြောင့်သာ ဖြစ်၏။
လောကအပြင်ဘက်သို့ ရောက်ရှိလာသည့် အခါတွင် သူ့၌ ကြီးမားသော နောက်ခံနှင့် ဩဇာအာဏာ ရှိနေရန် လိုအပ်ဆဲ ဖြစ်ကြောင်း မဖြစ်မနေ ပြောရပေမည်။ မဟုတ်ပါက သာမန် ဗီလာ အိမ်ငယ်လေးတစ်ခုကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။
၎င်းမှာ ယနေ့ လင်းရှောင်ဂိုဏ်းကဲ့သို့ ဖြစ်ပြီး စော်ကားနှိမ့်ချခြင်းကို ခံနေရပါလျက်နှင့် လုံးဝ ပြန်လည်မခုခံနိုင်ခြင်းမျိုး ဖြစ်ပေသည်။
“အိုး... ဒီညီအစ်ကို က တကယ့်ကို လူစိမ်းပဲ၊ မင်းက လင်းရှောင်ဂိုဏ်းက လူ မဟုတ်ဘူးမလား” ယင်ယန် မြင့်မြတ် သားတော်က မေးလိုက်သည်။
သူက ရုတ်တရက် ပေါ်ထွက်လာသော ရှုချွမ်းအပေါ် အတန်ငယ် သတိကြီးစွာ ထားရှိနေဆဲ ဖြစ်ပြီး ဉာဏ်မရှိသောသူတစ်ဦး လုံးဝ မဟုတ်ပေ။
ဤနေရာသို့ မလာမီက သူ၏ လက်အောက်ခံများက လင်းရှောင်ဂိုဏ်းရှိ လူတိုင်းကို သေသေချာချာ စုံစမ်းစစ်ဆေးထားခဲ့ကြပြီး ဖြစ်သည်။
ထိုလူများထဲတွင် ရှုချွမ်းဟူသော ပုဂ္ဂိုလ် ပါဝင်ခြင်း မရှိခဲ့ပေ ။
“စကားအပိုတွေ ပြောမနေနဲ့တော့... သော့က ဒီမှာရှိတယ်၊ လာပြီး လုယူလိုက်ကြ” ရှုချွမ်းက အေးစက်စွာ ပြောလိုက်ရင်း သူ၏ သိုလှောင်လက်စွပ်ထဲမှ သော့နက်လေးကို ထုတ်ပြလိုက်သည်။
ဤအရာကို မြင်လျှင် ယင်ယန် မြင့်ုမတ် သားတော်၏ မျက်ဝန်းအစုံအတွင်း၌ စူးရှလှသော အလင်းတန်းတစ်ခု ချက်ချင်း ဖြတ်သန်းသွားခဲ့ရပြီး သူ၏ ရင်ထဲ၌ အလွန်တရာ လောဘဇောများ တက်လာခဲ့ကာ ဤသော့ကို အမြန်ဆုံး လက်ဝယ်ပိုင်ဆိုင်လိုစိတ်များ ပြည့်နှက်သွားခဲ့ရတော့သည်။
ဤသော့ချက်ကို ရရှိနိုင်သရွေ့ သူတို့က ရတနာတိုက်ကြီးကို ဖွင့်လှစ်နိုင်မည် ဖြစ်၏။
ရတနာတိုက်အတွင်းရှိ ရတနာများကို ရရှိနိုင်သရွေ့ ယင်ယန် မြင့်မြတ်နယ်မြေအနေဖြင့် ဤအခွင့်အရေးကို အသုံးချကာ စန်းယန် မြင့်မြတ်နယ်မြေ၏ အုပ်ချုပ်မှုကို တိုက်ရိုက် ဖြုတ်ချပစ်နိုင်မည်ဖြစ်ပြီး တောင်ဘက်ဒေသ၏ အင်အားအကြီးဆုံး အင်အားစုအသစ်ကြီးတစ်ခု ဖြစ်လာနိုင်ပေလိမ့်မည်။
“သွားကြစမ်း... ငါ့အတွက် သော့ကို လုယူခဲ့ကြ”
ယင်ယန် မြင့်မြတ် သားတော်သည် ရှုချွမ်းက မည်သည့်နေရာမှ ရောက်ရှိလာသည် သို့မဟုတ် သူ၏ ကျင့်ကြံခြင်းနယ်ပယ်က မည်မျှရှိသည်ကို လုံးဝ ဂရုမစိုက်တော့ဘဲ သူ၏ စိတ်ထဲ၌ သော့ကို ရရှိရန်အတွက်သာ အာရုံစိုက်ထားတော့သည်။
သူ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ယခင်က သိုင်းပညာရှင် ဝမ် အပြင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ချီ များ အရူးအမူး ထွက်ပေါ်နေကြသော သိုင်းပညာရှင် ဆယ်ယောက် ကျော်ခန့် ယင်ယန် မြင့်မြတ် သားတော်၏ အနောက်မှ ထွက်ပေါ်လာကြတော့သည်။
၎င်းအပြင် ယခင်က စစ်သင်္ဘောကို ကာကွယ်နေကြသော အစောင့်များပါ ထပ်မံ ပါဝင်လာခဲ့ကြ၏။
မျက်တောင်တစ်ခတ်အတွင်း ရှုချွမ်းက လူပေါင်း လေးငါးဆယ်ခန့်၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရချေပြီ။
ဤလူတိုင်းစလုံးမှာ ကမ္မနယ်ပယ်အထက် ကျင့်ကြံခြင်းနယ်ပယ် ရှိကြသော သိုင်းပညာရှင်များ ဖြစ်ကြပေသည်။
ထို့ပြင် ယခင်က သိုင်းပညာရှင် ဝမ် မှာမူ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် သိုင်းပညာရှင်ကြီးတစ်ဦးပင် ဖြစ်၏။
မဟုတ်ပါက သူက မျက်နှာချင်းဆိုင် ထိတွေ့မှုတစ်ခုတည်းဖြင့် လန်ထျန်းဟန်ကို ဤမျှလောက် လွယ်ကူစွာ ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ပေ။
ဤအခြေအနေကို မြင်လျှင် လန်ထျန်းဟန်၏ မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်သော အမူအရာများ ချက်ချင်း ထွက်ပေါ်လာခဲ့ရသည်။
ဤကဲ့သို့သော စစ်အင်အား ဖြန့်ကြက်မှုမျိုးကိုမူ သူကိုယ်တိုင်ပင်လျှင် ခုခံရန် အလွန်တရာ ခက်ခဲလှပေလိမ့်မည်။
ရှုချွမ်း၏ သရုပ်မှန်က မည်မျှပင် သာမန်မဟုတ် ပါစေ တစ်ပြိုင်နက်တည်းတွင် ဤမျှလောက်များပြားလှသော သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရခြင်းက သူ့အား အတန်ငယ် စိုးရိမ်ပူပန်သွားစေခဲ့သည်။
“သခင်လေးရှု... သတိထားပါ” လန်ထျန်းဟန်က လှမ်း၍ သတိပေးလိုက်၏။
ရှုချွမ်းကမူ လန်ထျန်းဟန်ကို ဂရုမစိုက်ဘဲ သူ့အား ဝိုင်းရံထားကြသော သိုင်းပညာရှင်များကို စိုက်ကြည့်လိုက်ရင်း ပြုံးလျက် ပြော လိုက်သည်။
“မဆိုးဘူးပဲ... ငါ့ကို အနိုင်ယူ ဖို့အတွက် မင်းတို့က သိုင်းပညာရှင်တွေ ဒီလောက်အများကြီးကို တောင် လှုပ်ရှားခိုင်းထားတာပဲ။ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင် လေးဦးတောင် ပါနေသေးတာကိုး”
“လာကြ... မင်းတို့ရဲ့ ခွန်အားတွေက ဘယ်လောက်အထိ ရှိသလဲဆိုတာ ငါ့ကို ပြစမ်းပါ” ရှုချွမ်းက လက်ဟန်ပြလိုက်ရင်း သူတို့ကို ဝင်တိုက်ခိုက်ရန် အချက်ပြလိုက်တော့သည်။
“ရဲတင်းလှချေလား မင်းက ကိုယ့်ဘာသာကိုယ် သေတွင်းထဲ တိုးဝင်ချင်မှတော့ ငါတို့ကို အပြစ်မတင်နဲ့တော့”
သိုင်းပညာရှင် ဝမ်က အေးစက်စွာ ပြောလိုက်သည်။
သူ၏ ကျင့်ကြံခြင်းနယ်ပယ်ဖြင့်ဆိုပါက သူက ရှုချွမ်းကို သူ၏ မျက်စိထဲ၌ လုံးဝ ထည့်သွင်းထားခြင်း မရှိပေ။
ပုရွက်ဆိတ် ကလေးတစ်ကောင်ကဲ့သို့သော ကောင်က ဘာဖြစ်လို့ ဤမျှလောက်အထိ မာနထောင်လွှားစွာ စကားပြောဆိုဝံ့ရသနည်း။
ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရှုချွမ်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ကာ လျှပ်စီးကဲ့သို့သော အမြန် နှုန်းဖြင့် ရှုချွမ်းကို နေရာ၌တင် အပြတ်ရှင်းပစ်ရန် ကြံစည်တော့သည်။
ထိုအခိုက်အတန့်၌ပင် စစ်ပွဲကြီး ပွင့်ထွက်သွားခဲ့ရချေပြီ။
သို့သော်လည်း သူ၏ တိုက်ခိုက်မှုကြီးက ရှုချွမ်း၏ ကိုယ်ပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲ အခိုက်အတန့်တွင်ပင် သူက ရှုချွမ်း၏ အရှေ့၌ ချက်ချင်းပင် ဖိနှိပ်ခြင်း ခံလိုက်ရပြီး လုံးဝ မလှုပ်ရှားနိုင်တော့သည်ကို ရုတ်တရက် သိရှိလိုက်ရတော့သည်။
ဤကဲ့သို့သော ကိစ္စ ဖြစ်ပေါ်လာသည်ကို မြင်လျှင် သိုင်းပညာရှင် ဝမ် ချက်ချင်းပင် မှင်တက်သွားခဲ့ရတော့၏။
“တောက်... ဒါ ဘာဖြစ်တာလဲ”
သူ၏ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းနယ်ပယ်ဖြင့်ဆိုပါက သူသည် ရှိနေသော လူတိုင်းကို လွယ်လွယ်ကူကူ အပြတ်ရှင်းနိုင်ရမည် ဖြစ်သော်လည်း ယခုအခါ သူက ဟင်းလင်းပြင်ထက်၌ တိုက်ရိုက်ပင် ချုပ်နှောင်ခြင်း ခံထားရချေပြီ။
“ဘယ်က စီနီယာက ငါ့ကို နောက်ပြောင်နေတာလဲ... ကျေးဇူးပြုပြီး ထွက်လာပြီး ပြော ပါ” သိုင်းပညာရှင် ဝမ်က ပတ်ဝန်းကျင်တစ်ခုလုံးကို အကျယ်ကြီး အော်ဟစ်လိုက်တော့သည်။
သူက သူ့အား ချုပ်နှောင်ထားသော ပုဂ္ဂိုလ်ကို အော်ဟစ်ခေါ်ဆိုလိုခြင်း ဖြစ်၏။
သူ့အား ချုပ်နှောင်ထားသူမှာ ရှုချွမ်း ဖြစ်နိုင်ပါ့မလားဟူသော အချက်နှင့် ပတ်သက်၍မူ သူ စိုးစဉ်းမျှပင် စဉ်းစားတွေးတောခဲ့ခြင်း မရှိပေ ။
“ဆူညံလိုက်တာ”
ဤအခိုက်အတန့်တွင် ရှုချွမ်း၏ စကားသံကြီး ထွက်ပေါ်လာခဲ့သည်။
၎င်းနောက် သိုင်းပညာရှင် ဝမ်က သူ၏ တစ်သက်တာလုံးတွင် မည်သည့်အခါမျှ မေ့ပျောက်နိုင်တော့မည်မဟုတ်သော ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့၏။
သူက ရှုချွမ်း၏ လက်သီးချက်ထက်တွင် မီးတောက်မီးလျှံ ပုံရိပ်အချို့ စတင်၍ စုစည်းလာသည်ကို မြင်တွေ့လိုက်ရပြီး ထိုလက်သီးချက်ထက်၌ ထိတ်လန့်ဖွယ်ရာ အော်ရာ ကြီးတစ်ခု ပေါက်ဖွားနေခဲ့သည်။
ဟင်းလင်းပြင်ကြီးပင်လျှင် ထိုလက်သီးချက်ထက်၌ စုစည်းနေသော ဧရာမ စွမ်းအားများကြောင့် အက်ကွဲသံများ ချက်ချင်း ထွက်ပေါ်လာခဲ့ရပြီး ထိုဖိအားကို မတောင့်ခံနိုင်တော့သည့်အလား ထင်ရပေသည်။
“မင်း အခု သေလို့ရပြီ”
သူ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် သိုင်းပညာရှင် ဝမ်၏ ထိတ်လန့်ခြောက်ခြားဖွယ်ရာ မျက်ဝန်းများအောက်တွင် ရှုချွမ်း၏ လက်သီးချက်က ရှေ့သို့ တိုက်ရိုက် ထိုးနှက်လိုက်ပြီ ဖြစ်သည်။
ဘုန်း
ကောင်းကင်နှင့်မြေကြီး အကြား ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ဟိန်းထွက်သွားခဲ့ရပြီး ဟင်းလင်းပြင်အတွင်း၌ အရူးအမူး တောက်ပလှသော မီးလျှံစွမ်းအားကြီးတစ်ခု ချက်ချင်း ပွင့်ထွက်သွားခဲ့တော့သည်။
၎င်းနောက် ရောက်ရှိနေကြသော လူတိုင်း ၎င်းတို့၏ မျက်ဝန်းများကို အဟောင်းသား ဖွင့်လိုက်ကြရတော့၏။
ယခင်က လန်ထျန်းဟန်ကို လွယ်လွယ်ကူကူ ဖိနှိပ်နိုင်ခဲ့သော သိုင်းပညာရှင် ဝမ်၏ ခန္ဓာကိုယ်ကြီးမှာ ရှုချွမ်း၏ လက်သီးချက်တစ်ချက်တည်းအောက်တွင် တိုက်ရိုက်ပင် အပိုင်းပိုင်း ပေါက်ကွဲသွားခဲ့ရပြီး အသွေးအသားနှင့် သွေးစက်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြန့်ကျဲသွားခဲ့ရကာ နေရာ၌တင် ချက်ချင်း အသက်ပျောက်သွားခဲ့ရရှာတော့သည်။