← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄) ပြတ်သားစွာ အနိုင်ယူ ခြင်း

ဤအရာအားလုံးမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ပြီး ရောက်ရှိနေကြသော မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်ကြပေ။

ထိုကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် သိုင်းပညာရှင်ကြီးမှာ လက်သီးတစ်ချက်တည်းဖြင့်ပင် ဤကဲ့သို့ သေဆုံးသွားခဲ့ရချေပြီ။

အလွန်တရာ ဆန်းကြယ် လွန်းလှသည်။

ဤသည်က ရောက်ရှိနေကြသော လူတိုင်း၏ စိတ်ထဲမှ အတွေးပင် ဖြစ်၏။

ရှုချွမ်းအား ဝိုင်းဝန်းတိုက်ခိုက်နေကြသော သူများသည်လည်း သူ၏ ခွန်အားကြောင့် ထိတ်လန့်သွားခဲ့ကြရပြီး နောက်ထပ် သေဆုံးမည့်သူက သူ တို့ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် မည်သည့်လှုပ်ရှားမှုကိုမျှ ထပ်မံ၍ မပြုလုပ်ဝံ့ကြတော့ပေ။

စစ်သင်္ဘောကြီးထက်တွင်မူ ယခင်က အနိုင်ရမည်ဟု အပြည့်အဝ ယုံကြည်မှုရှိကာ ပြုံးရွှင်နေခဲ့သော ယင်ယန် မြင့်မြတ် သားတော်၏ မျက်နှာထက်၌ ယခုအခါ ကြောက်ရွံ့တုန်လှုပ်မှုများဖြင့်သာ အစားထိုးသွားခဲ့ရချေပြီ။

“ဦးလေးဝမ် သေသွားပြီလား... ဒီအတိုင်းလေးပဲလား”

“သူက တကယ်ပဲ ဘယ်သူလဲ”

လူအုပ်ကြီးကြားတွင် ထင်ရှားစွာ ရပ်နေသော ရှုချွမ်းကို စိုက်ကြည့်ရင်း ဤအတွေးမှာ ယင်ယန် မြင့်မြတ် သားတော်၏ ဦးနှောက်အတွင်း၌ ထပ်တလဲလဲ မြည်ဟီးနေခဲ့တော့သည်။

ဤသိုင်းပညာရှင် ဝမ် က ယခုတစ်ကြိမ် လင်းရှောင်ဂိုဏ်းသို့ ရောက်လာခဲ့ကြသော အုပ်စုထဲတွင် အသန်မာဆုံး ပုဂ္ဂိုလ် ဖြစ်ပေသည်။

ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းနယ်ပယ်ဖြင့်ဆိုပါက သူက တောင်ဘက်ဒေသတစ်ခုလုံးတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီး လောကတွင် အတားအဆီးမဲ့ မလှည့်လည်နိုင်ခဲ့သည့်တိုင်အောင် ဂိုဏ်းကြီးများနှင့် မြင့်မြတ်နယ်မြေများအတွင်း ပုန်းအောင်းနေကြသော ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူကြီးများနှင့်ပင် ယှဉ်နိုင်လောက်သော တည်ရှိမှု ဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့သော သိုင်းပညာရှင်ကြီးတစ်ဦးက လင်းရှောင်ဂိုဏ်းအတွင်း၌ သေဆုံးသွားခဲ့ရုံတင်မကဘဲ သူ့ထက်ပင် အသက်အရွယ် ပို၍ ငယ်ရွယ်ပုံရသောသူတစ်ဦး၏ လက်သီးတစ်ချက်တည်းအောက်တွင်တင် အစပျောက်သွားခဲ့ရခြင်း ဖြစ်သည်။

၎င်းက မည်မျှအထိ ထိတ်လန့်စရာ ကောင်းလှသနည်း။

မလှမ်းမကမ်းရှိ လန်ထျန်းဟန်သည်လည်း ဤအခိုက်အတန့်တွင် မှင်တက်သွားခဲ့ရပြီ ဖြစ်သည်။

မူလက သူက ရှုချွမ်း ဝိုင်းဝန်းတိုက်ခိုက်ခံရချိန်တွင် ဝင်ရောက်ကူညီရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းနောက် ရှုချွမ်း၏ တာအို အစောင့်အရှောက် ပေါ်ထွက်လာမှသာ ထိုသိုင်းပညာရှင်ကို သတ်ဖြတ်ရန် ကြံစည်ထားခြင်း ဖြစ်၏။

သူ၏ ဆန်းစစ်ချက်အရဆိုပါက ဤကဲ့သို့သော ပါရမီရှင်တစ်ဦး လောကအပြင်ဘက်သို့ လှည့်လည်သည့် အခါတိုင်းတွင် တာအို အစောင့်အရှောက်တစ်ဦး အမြဲတစေ ပါနေရမည် ဖြစ်သည်။

သို့သော်လည်း သူ လုံးဝ ထင်မှတ်မထားခဲ့မိသည်မှာ သူကိုယ်တိုင်ပင် မယှဉ်နိုင်သော ထိုသိုင်းပညာရှင်ကြီးကို ရှုချွမ်းက သူကိုယ်တိုင်၏ ခွန်အားဖြင့်သာ ရှင်းလင်းပစ်လိုက်ခြင်း ဖြစ်ပေသည်။

ရှုချွမ်းက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ကို သူ သိရှိထားခဲ့သည်မှာ မှန်ပါသည်၊ ၎င်းကို လန်ဝူရွှမ်းက သူ့အား စောစီးစွာကတည်းက ပြောပြထားခဲ့၍ ဖြစ်၏။

သို့သော်လည်း ရှုချွမ်း၏ အစစ်အမှန် ခွန်အားက ဤမျှလောက်အထိ ထိတ်လန့်ဖွယ် ကောင်းလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ ။

ရှုချွမ်း တစ်ဦးတည်းဖြင့်ပင် လင်းရှောင်ဂိုဏ်းတစ်ခုလုံးကို ယှဉ်နိုင်လောက်ပေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲ၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

သူက ဤမျှလောက် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးအပေါ် တွက်ချက်မှုများ ပြုလုပ်မိခဲ့သောကြောင့် ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ရှုချွမ်းက ၎င်းကို စိတ်ထဲ၌ ထားရှိခြင်း မပြုခဲ့ပေ။

မဟုတ်ပါက ရှုချွမ်းအား ဒေါသထွက်အောင် လုပ်မိသဖြင့် ယင်ယန် မြင့်မြတ်နယ်မြေမှ လူများ မရောက်လာမီကတည်းက လင်းရှောင်ဂိုဏ်းတစ်ခုလုံး ဧကန်မုချ သေတွင်းထဲသို့ ကျရောက်သွားခဲ့ရပေလိမ့်မည်။

လန်ဝူရွှမ်းသည်လည်း ဤအခိုက်အတန့်တွင် ရှုချွမ်းကို အံ့ဩစွာဖြင့် စိုက်ကြည့်နေမိတော့သည်။

သူ ၎င်း၏ နတ်ဘုရားစွမ်းရည်များကို ထပ်မံထုတ်ဖော်ပြသသည်ကို မြင်ရလျှင် သူမ၏ မျက်ဝန်းအစုံအတွင်း၌ လေးစားကြည်ညိုမှု အလင်းတန်းများ ဖြာထွက်လာခဲ့ရပြီး ရှုချွမ်းအပေါ် ထားရှိသော သူမ၏ ခံစားချက်များမှာလည်း နောက်ထပ် အဆင့်တစ်ခုသို့ ထပ်မံ မြင့်တက်သွားခဲ့ရပြန်သည်။

ဤလူများ၏ အံ့ဩတုန်လှုပ်မှုများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ယခင်က ရှုချွမ်းနှင့် ပတ်သက်သော သတင်းများကို ယင်ယန် မြင့်မြတ် သားတော်ထံသို့ သစ္စာဖောက်၍ ပြောပြရန် ကြံစည်ခဲ့ကြသော လင်းရှောင်ဂိုဏ်း တပည့်များနှင့် ယင်ယန် မြင့်မြတ်နယ်မြေ၏ ဘက်သို့ ရပ်တည်ခဲ့ကြသော လူများမှာမူ ယခုအခါ မျက်နှာတစ်ခုလုံး ဖြူလျော်ပြာနှမ်းကုန်ကြရချေပြီ။

အကယ်၍ အခြေအနေများ ဤအတိုင်း ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ယင်ယန် မြင့်မြတ် သားတော်၏ ဘက်က သေချာပေါက် ရှုံးနိမ့်သွားတော့မည်ဖြစ်ရာ ၎င်းနောက်တွင် သူတို့အတွက် ကြီးမားသော ဒုက္ခများ ရောက်ရှိလာတော့မည် ဖြစ်ပေသည်။

...

“အားလုံး ဝိုင်းတိုက်ကြစမ်း ငါ့အတွက် သူ့ကို သတ်ပစ်ကြစမ်း”

ယင်ယန် မြင့်မြတ် သားတော်က သူ၏ ရင်ထဲမှ ကြောက်ရွံ့မှုများကို ထပ်မံ၍ ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ဘဲ ယခင်ကကဲ့သို့ တည်ငြိမ်မှုများ လုံးဝ ရှိမနေတော့ပေ ။

သူက သူနှင့်အတူ ပါလာခဲ့သော သိုင်းပညာရှင်များကို အရူးအမူး အမိန့်ပေးလိုက်တော့သည်။

ယင်ယန် မြင့်မြတ်နယ်မြေမှ ဖြစ်ကြသော ဤသိုင်းပညာရှင်များသည်လည်း အခြေအနေ၏ ကြီးမားလှသော အရေးပါမှုကို ကောင်းစွာ သိရှိကြပေသည်။

သူတို့က လင်းရှောင်ဂိုဏ်းကို အကြီးအကျယ် စော်ကားမိခဲ့ကြပြီဖြစ်သလို လူတိုင်း၏ အရှေ့၌ ဂိုဏ်းကာကွယ်ရေး အစီအရင်ကိုပါ ဖျက်ဆီးခဲ့ကြပြီး ဖြစ်သည်။

သူတို့က သူတို့ သေချာပေါက် အနိုင်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ရှုချွမ်းဟူသော ဤကဲ့သို့သော လှည့်ကွက်ကြီး ပေါ်ထွက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိကြပေ။

အကယ်၍ သူတို့ ရှုချွမ်းကို ဦးစွာ မရှင်းလင်းနိုင်ခဲ့ပါက ယနေ့တွင် သူတို့အားလုံး ဤနေရာ၌တင် အသက်ပျောက်ကြရပေလိမ့်မည်။

“သတ်စမ်း”

“အားလုံး ဝိုင်းတိုက်ကြစမ်း”

အရပ်မျက်နှာ အသီးသီးမှ သိုင်းပညာရှင်များနှင့် စစ်သင်္ဘောပေါ်တွင် ကျန်ရှိနေသော လူများအားလုံးက ပျားအုံကို တုတ်နှင့်ထိုးလိုက်သည့်အလား ရှုချွမ်း၏ထံသို့ အရူးအမူး စုပြုံတိုးဝင်လာကြတော့သည်။

သူတို့က သူတို့၏ အဖေကို သတ်သွားခဲ့သော မကျေပွဲရှိသည့် ရန်သူကြီးကို မြင်တွေ့လိုက်ရသည့်အလား ရှုချွမ်းအား အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် ကြံစည်နေကြခြင်း ဖြစ်၏။

“သခင်လေးရှု... သတိထား” လန်ဝူရွှမ်းက စိုးရိမ်တကြီးဖြင့် လှမ်း၍ သတိပေးလိုက်သည်။

ဤမျှလောက်များပြားလှသော သိုင်းပညာရှင်များ ရှုချွမ်းအား တစ်ပြိုင်နက်တည်း ဝိုင်းဝန်းတိုက်ခိုက်လာခြင်းမှာ သူတို့၏ ကျင့်ကြံခြင်းနယ်ပယ်က ယခင် သိုင်းပညာရှင် ဝမ် ကဲ့သို့ မသန်မာသည့်တိုင်အောင် စုစည်းလိုက်သော ခွန်အားမှာမူ လုံးဝ လျှော့တွက်၍မရသော စွမ်းအားကြီးတစ်ခု ဖြစ်ပေသည်။

ပုံပြင်များထဲတွင် ပြောလေ့ရှိကြသည့်အတိုင်း ‘ပုရွက်ဆိတ် တွေက ဆင်ကို ကိုက်သတ်နိုင်တယ်’ ဟူသော စကားမှာ လက်ရှိ အခြေအနေကို ဖော်ပြနေခြင်း ဖြစ်ပေသည်။

“စိတ်ပူနေဖို့ မလိုပါဘူး” ရှုချွမ်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း စိုးစဉ်းမျှ ဖိအားရှိမနေခဲ့ပေ ။

‘ဝမ်ကျီဓား’က သူ၏ ညာလက်ထက်တွင် ပေါ်ထွက်လာခဲ့ပြီး သူ၏ ဦးခေါင်းထက် ဟင်းလင်းပြင်တွင်မူ ရွှေရောင် နန်းတော်အိုကြီး၏ ပုံရိပ်မှာ ဝေဝါးစွာ ပေါ်ထွက်လာခဲ့ကာ သူ၏ ဘယ်လက်ကိုမူ လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တော့သည်။

ဤအခိုက်အတန့်တွင် သူက ပြိုင်ဘက်ကင်းလှသော အနေအထား သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ဓားတစ်ချက် ပိုင်းဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်အတွင်း၌ အရူးအမူး တောက်ပလှသော ဧရာမ ဓားရိပ်ကြီးများ ချက်ချင်း ထွက်ပေါ်လာခဲ့တော့သည်။

၎င်းနောက်တွင် ထိုဓားရိပ်များက ထိတ်လန့်ဖွယ်ရာ အမြန် နှုန်းဖြင့် အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကျဲသွားခဲ့ရ၏။

ဘုန်း

ဓားရိပ်များက ပြေးဝင်လာကြသော ရန်သူများ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။

ကျင့်ကြံခြင်းနယ်ပယ် အားနည်းကြသော သိုင်းပညာရှင်များက ထိုထိတ်လန့်ဖွယ် ဓားရိပ်ကို လုံးဝ မတောင့်ခံနိုင်ကြဘဲ သူတို့၏ ခန္ဓာကိုယ်များမှာ ဟင်းလင်းပြင်ထက်၌ တိုက်ရိုက်ပင် အပိုင်းပိုင်း ပေါက်ကွဲသွားခဲ့ရကာ နေရာ၌တင် ချက်ချင်း အသက်ပျောက်သွားခဲ့ကြရရှာတော့သည်။

ဓားချက်တစ်ချက်တည်းဖြင့် ရှုချွမ်းက စိုးစဉ်းမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့သော်လည်း ယင်ယန် မြင့်မြတ်နယ်မြေ၏ ဘက်မှမူ ကမ္မနယ်ပယ် အဆင့် ၇ အောက်ရှိကြသော သိုင်းပညာရှင် အားလုံး နေရာ၌တင် ကွယ်ပျောက်သွားခဲ့ကြရချေပြီ။

ဤမျှလောက်အထိ ထိတ်လန့်ဖွယ်ကောင်းသော အောင်မြင်မှုနှင့် ပြတ်သားလှသော သတ်ဖြတ်ခြင်း နည်းလမ်းများက ကျန်ရှိနေသော လူများ၏ ကျောရိုးကို ချက်ချင်းပင် အေးစက်သွားစေခဲ့တော့သည်။

ခြေလှမ်းတစ်လှမ်း မှားယွင်းသွားခဲ့ခြင်းက ဘဝတစ်ခုလုံးကို ပျက်စီးသွားစေခဲ့ပြီဖြစ်ရာ ယခုအခါ သူတို့ ရှေ့ဆက်ရခက် နောက်ဆုတ်ရခက် အခြေအနေ သို့ ရောက်ရှိသွားခဲ့ကြရချေပြီ။

သူတို့က သွားကို တင်းတင်း ကြိတ်လိုက်ရင်း ရှုချွမ်းအား ဆက်လက်၍ ဝိုင်းဝန်း တိုက်ခိုက်ရန်သာ တတ်နိုင်တော့သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် ရှုချွမ်းကဆက်လက်၍ အားစိုက်တိုက်ခိုက်ခြင်းကို မပြုလုပ်တော့ပေ။

သူက ဤလူများကို မျှော်လင့်ချက်မဲ့ခြင်းဟူသည်မှာ မည်သို့သော ခံစားချက်ဖြစ်ကြောင်း ကောင်းစွာ မြည်းစမ်းစေလိုခြင်း ဖြစ်ပေသည်။

ရှုချွမ်းက ထိုတိုက်ခိုက်မှုများ သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်ကို အေးစက်စွာဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

သို့သော်လည်း သူတို့ မည်မျှပင် အရူးအမူး တိုက်ခိုက်ကြပါစေ ရှုချွမ်း၏ ကိုယ်ပေါ်သို့ ရိုက်ခတ်မိသမျှ အရာအားလုံးမှာ ဝါဂွမ်း ပေါ်သို့ ရိုက်နှက်လိုက်သည့်အလား ထင်ရပြီး စွမ်းအားအားလုံး စုပ်ယူခြင်း ခံလိုက်ရတော့သည်။

ဤသည်မှာ ရွှေရောင်ရှေးဟောင်း နန်းတော်ကြီး၏ ကာကွယ်စောင့်ရှောက်မှုပင် ဖြစ်ပေသည်။

အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက်တွင်မူ ကျန်ရှိနေသော သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်အတွင်းရှိ မူလချီများမှာ လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့ရချေပြီ။

၎င်းကို မြင်လျှင် ရှုချွမ်းက ခပ်ဖွဖွ ရယ်မောလိုက်ရင်း ပြော လိုက်သည်။ “တိုက်လို့ ပြီးကြပြီလား... ဒါဆိုရင် ငါ့အလှည့်ပဲ”

ပြောရင်း ရှုချွမ်း၏ ပုံရိပ်က လူတိုင်း၏ မျက်စိအရှေ့မှနေ၍ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တော့သည်။

၎င်းကို မြင်လျှင် ယင်ယန် မြင့်မြတ်နယ်မြေမှ သိုင်းပညာရှင်များ၏ နှလုံးသားအတွင်း၌ ကြီးမားလှသော ကြောက်ရွံ့မှုများ ချက်ချင်း တိုးဝှေ့တက်လာခဲ့ရတော့၏။

နောက်တစ်ခဏ၌ ရှုချွမ်း၏ ပုံရိပ် ပြန်လည် ထွက်ပေါ်လာခဲ့သော်လည်း သူက ထိုသိုင်းပညာရှင်များ၏ မျက်နှာချင်းဆိုင် အရှေ့တည့်တည့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“မင်းတို့... အခု သေဖို့ အချိန်တန်ပြီ”

သူ၏ စကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှုချွမ်း၏ လက်သီးချက်များနှင့် ဓားချီများက ပေါင်းစပ်သွားခဲ့ပြီး ထိတ်လန့်ဖွယ်ရာ စွမ်းအားကြီးတစ်ခု ပွင့်ထွက်သွားခဲ့တော့သည်။

ယင်ယန် မြင့်မြတ်နယ်မြေမှ ထိုသိုင်းပညာရှင်များက တုံ့ပြန်ရန်အတွက် မည်သည့်အချိန်မျှ မရလိုက်ကြပေ ။

ဘုန်း ဘုန်း ဘုန်း

ကောင်းကင်ယံထက်တွင် လူသားပုံသဏ္ဌာန် မီးရှူးမီးပန်းများ ပေါ်ထွက်လာခဲ့ပြီး ချက်ချင်းပင် ပေါက်ကွဲ ပျက်စီးသွားခဲ့ကြရတော့သည်။

လင်းရှောင်ဂိုဏ်းတစ်ခုလုံးကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင် စွမ်းရှိကြသည့် သိုင်းပညာရှင် အုပ်စုကြီးတစ်ခုလုံးက ရှုချွမ်း၏ လက်ချက်ဖြင့် မျက်နှာချင်းဆိုင် ထိတွေ့မှု အနည်းငယ်အတွင်းမှာပင် လုံးဝဥဿုံ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရပြီး မည်သည့် အလောင်းမျှပင် ကျန်ရစ်ခဲ့ခြင်း မရှိပေ ။

ရှိနေကြသော သိုင်းပညာရှင်များ ဤမြင်ကွင်းကို မြင်လိုက်ရလျှင် သူတို့၏ ရင်ထဲ၌ ထိတ်လန့်အံ့ဩမှုများနှင့် လေးစားကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်နေခဲ့ကြတော့သည်။

သူတို့က ယခုအခါ ရှုချွမ်း၏ အစစ်အမှန် ခွန်အားကို ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့ကြပြီ ဖြစ်၏။

ဤမျှလောက် အစွမ်းထက်လှသော ခွန်အားကိုမူ မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ ။

“မင်း... မင်းက တကယ်ပဲ ဘယ်သူလဲ” ယင်ယန် မြင့်မြတ် သားတော်က တစ်ကိုယ်လုံး အရူးအမူး တုန်ရင်နေခဲ့ရသည်။ သူ ခေါ်ဆောင်လာခဲ့သော လူများထဲတွင် ယခုအခါ သူတစ်ဦးတည်းသာ ကျန်ရှိတော့ခြင်း ဖြစ်ပေသည်။

သူ၏ ရင်ထဲ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့ရပြီး နောက်ထပ် သေဆုံးမည့်သူ က သူ ဖြစ်လာမည်ကို အလွန်တရာ ကြောက်ရွံ့နေမိသည်။

ရှုချွမ်း၏ ခွန်အားမှာ သူ၏ စိတ်ကူးများကိုပင် လုံးဝ ကျော်လွန်နေခဲ့ချေပြီ။

“ငါက ဘယ်သူလဲ ဟုတ်လား”

“မင်း သိဖို့အတွက် လုံးဝ မထိုက်တန်ပါဘူး”

ရှုချွမ်းက အေးစက်စွာ ပြောလိုက်သည်။

“နောက်တစ်လှည့်က... မင်းအလှည့်ပဲ” ရှုချွမ်းက စကားကို ဆက်လက်၍ ပြော လိုက်၏။

ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ လက်ထဲရှိ ‘ဝမ်ကျီဓား’ ကို ထပ်မံ၍ မြှောက်ကိုင်လိုက်ပြီး ယင်ယန် မြင့်မြတ် သားတော်ထံသို့ ပိုင်းရန် ပြင်လိုက်တော့သည်။

၎င်းကို မြင်လျှင် ယင်ယန် မြင့်မြတ် သားတော်က သူ၏ ရင်ထဲမှ ကြောက်ရွံ့မှုများကို အတင်း ဖိနှိပ်ထားလိုက်ရင်း စစ်သင်္ဘောကြီးထက်ရှိ ကာကွယ်ရေး အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်တော့သည်။

ဤသည်က သူ၏ နောက်ဆုံး ခုခံမှု လုံးဝ ဖြစ်ပေသည်။

အကယ်၍ ဤအစီအရင်ပင်လျှင် ရှုချွမ်းကို မတားဆီးနိုင်ခဲ့ပါက ယနေ့တွင် သူ့အတွက် သေခြင်းတရားဟူသော လမ်းတစ်ခုသာ ကျန်ရှိတော့မည် ဖြစ်၏။

သူကိုယ်တိုင်၏ ခွန်အားဖြင့် ရှုချွမ်းကို ပြန်လည်တိုက်ခိုက်ရန်ဟူသော အချက်နှင့် ပတ်သက်၍မူ...

သူ စိုးစဉ်းမျှပင် စဉ်းစားတွေးခဲ့ခြင်း မရှိပေ ။

သူက ယင်ယန် မြင့်မြတ်နယ်မြေ၏ မြင့်မြတ် သားတော်တစ်ဦး ဖြစ်လာနိုင်ခြင်းမှာ သူ၌ မြင့်မြတ်နယ်မြေ၏ အရှင်သခင်ဖြစ်သော ဖခင်တစ်ဦး ရှိနေခြင်းကြောင့်သာ ဖြစ်ပေသည်။

ထို့ပြင် သူက ယင်ယန် မြင့်မြတ်နယ်မြေ အရှင်သခင်၏ တစ်ဦးတည်းသော သားဖြစ်ခြင်းကြောင့် ဖခင်ဖြစ်သူက သူ့အပေါ်၌ အလွန်အမင်း အလိုလိုက် အကြိုက်ဆောင်ခဲ့ခြင်း ဖြစ်၏။

သူ၏ လက်ရှိ ခွန်အားအားလုံးမှာ အပေါ်ယံ သက်သက်သာ ဖြစ်ပေသည်။

သူက ရှုချွမ်း၏ အရှေ့၌ ဓားချက်တစ်ချက်ကိုပင် တောင့်ခံနိုင်စွမ်း လုံးဝ မရှိသည်မှာ ထင်ရှားလှပေသည်။

All Chapters