← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း (၂၀၆) ချက်ချင်း သတ်ခြင်း

“အဖိုးကြီး... မင်းက အားနည်းတယ့်သူတွေကို လာပြီး အနိုင်ကျင့်နေတာ မဟုတ်လား”

ရွှမ်လျဲ့ က ထိုအဘိုးအိုကို စိုက်ကြည့်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။

ရွှမ်လျဲ့က ရှုချွမ်းနှင့် စကားပြောချိန်တွင် အလွန်တရာ ရင်းနှီးဖော်ရွေလှသော်လည်း အခြားသူများနှင့် ဆိုပါကမူ ဤမျှလောက် ကောင်းမွန်သော စိတ်နေသဘောထားမျိုး လုံးဝ ရှိမနေပေ။

အထူးသဖြင့် ရှုချွမ်းအား ခြိမ်းခြောက်စော်ကားဝံ့ကြသော သူများကိုမူ သူက လုံးဝ ခွင့်မလွှတ်နိုင်ပေ ။

အကယ်၍ ရှုချွမ်း၌ တစ်စုံတစ်ခု ဖြစ်ပွားခဲ့မည်ဆိုပါက သူ၏ နှစ်ပေါင်းများစွာ စောင့်ဆိုင်းအားထုတ်ခဲ့သမျှ အရာအားလုံးမှာ တစ်ခဏချင်းအတွင်း လေထဲသို့ လွင့်ပြယ်ပျောက်ကွယ်သွားရမည်ဖြစ်ရာ ၎င်းကို မည်သူက တောင့်ခံနိုင်ပါမည်နည်း။

ထိုအဘိုးအိုက စကားမဆိုခဲ့သော်လည်း သူ၏ မျက်နှာထက်ရှိ တည်ကြည်လေးနက်မှု အမူအရာများမှာ ပို၍ ပြင်းထန်လာခဲ့သည်။

ရွှမ်လျဲ့ ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ ပြန်လည်နိုးထလာသည်နှင့်အမျှ ထိုအဘိုးအိုအပေါ် သက်ရောက်နေသော ဖိအားကြီးမှာလည်း ပို၍ ကြီးမားလာခဲ့ချေပြီ။

“စကားမပြောဘူးလား... ဒါဆိုရင်လည်း မင်း သေလို့ရပြီ”

ရွှမ်လျဲ့ ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်မှနေ၍ အရူးအမူး တောက်ပလှသော ရွှေရောင်အလင်းတန်းများ ပွင့်ထွက်လာခဲ့ပြီး သူ၏ ကောင်းကင်ဘုရင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းနယ်ပယ်ကြီးကို အပြည့်အဝ ထုတ်ပြလိုက်တော့သည်။

ဤအော်ရာ ကြီးကို ခံစားမိလိုက်ကြသော ရှိနေသူ အားလုံးမှာ အလွန်တရာ ထိတ်လန့်ခြောက်ခြားသွားခဲ့ကြရတော့၏။

သူတို့က တောင်ဘက်ဒေသ၏ ဤကဲ့သို့သော နယ်စပ်ဒေသငယ်လေး၌ ဤမျှလောက် အစွမ်းထက်လှသော မိစ္ဆာမျိုးနွယ်စု ကျွမ်းကျင်သူကြီးတစ်ဦး ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိကြပေ ။

ဤသည်က လူတိုင်း၏ စိတ်ကူးယဉ်မှုများကို လုံးဝ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စန်းယန် မြင့်မြတ်နယ်မြေ၏ ခမ်းနားထည်ဝါလှသော ဗဟိုခန်းမကြီးအတွင်း၌ စန်းယန် မြင့်မြတ်နယ်မြေ အရှင်သခင်က သူ၏ မျက်ဝန်းအစုံကို ရုတ်တရက် ဖွင့်လိုက်တော့သည်။

“သွားပြီး စုံစမ်းစမ်း။ ငါ့ရဲ့ စန်းယန် မြင့်မြတ်နယ်မြေ ပိုင်နက်အတွင်းမှာ မိစ္ဆာမျိုးနွယ်စုရဲ့ ကျွမ်းကျင်သူကြီးတစ်ဦး ပေါ်ထွက်လာခဲ့ပြီ”

သူက မှောင်မိုက်သော နေရာရှိ လူတစ်ဦးထံသို့ တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့ပါ အရှင်”

အခြားတစ်ဖက်ရှိ မိစ္ဆာသောင်းချီနယ်မြေအတွင်း၌မူ မိစ္ဆာဧကရာဇ်သည်လည်း ဤအခိုက်အတန့်တွင် သူ၏ ကျင့်ကြံခြင်းနယ်ပယ်ထဲမှ နိုးထလာခဲ့ရပြီး သူ၏ မျက်နှာထက်တွင် ဝမ်းမြောက်ဖွယ် အမူအရာများ ပြည့်နှက်နေခဲ့သည်။

“ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ ပြိုင်ဘက်ကင်း အစွမ်းထက် ကျွမ်းကျင်သူကြီးတစ်ဦး ပေါ်ထွက်လာခဲ့ပြီ။ သူ့ကို သွားကြိုဆိုဖို့ အမြန်ဆုံး လှုပ်ရှားကြစမ်း”

ကောင်းကင်ဘုရင်နယ်ပယ် အထွတ်အထိပ် မိစ္ဆာမျိုးနွယ်စု ကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာခြင်းက တောင်ဘက်ဒေသတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲပစ်ရန်အတွက် လုံလောက်လှပေသည်။

မိစ္ဆာဧကရာဇ်အနေဖြင့် မည်သို့လျှင် စိတ်လှုပ်ရှားခြင်း မရှိဘဲ နေနိုင်ပါမည်နည်း

ဤနေရာတွင် နှစ်ပေါင်း မရေတွက်နိုင်အောင် ပိတ်ဆို့ခံထားရပြီးနောက် သူက နောက်ဆုံးတွင် မိစ္ဆာမျိုးနွယ်စုများ တောင်ဘက်ဒေသတစ်ခုလုံးကို သိမ်းပိုက်စိုးမိုးနိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရပြီ ဖြစ်ပေသည်။

မဟာတောရိုင်း နိုင်ငံ၏ ဆိတ်ငြိမ်လှသော နန်းဆောင်ကြီးတစ်ခုအတွင်း၌မူ အလွန်တရာ လှပ လှသော အမျိုးသမီးတစ်ဦးသည်လည်း သူမ၏ မျက်ဝန်းများကို ဖွင့်လိုက်တော့သည်။

“မိစ္ဆာမျိုးနွယ်စုရဲ့ ကျွမ်းကျင်သူကြီးတစ်ဦး ပေါ်လာခဲ့ပြီ။ ဒီတောင်ဘက်ဒေသကြီးတစ်ခုလုံး မကြာခင်မှာ ပရမ်းပတာ ဖြစ်တော့မယ် ထင်တယ်”

သူမက မဟာတောရိုင်းနိုင်ငံ၏ လက်ရှိ အုပ်ချုပ်သူကြီး ဖြစ်ပေသည်။

မဟာတောရိုင်းနိုင်ငံ၏ လက်ရှိ အရှင်သခင်မှာ အမှန်စင်စစ်တွင် အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို မည်သူမျှ မသိရှိကြပေ ။

ထို့ပြင် မသေမျိုးမီးတောင်အတွင်း၌မူ ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် ဖီးနစ်ငှက်သည်လည်း မီးတောက်မီးလျှံများအတွင်းမှ လှမ်း၍ ထွက်ပေါ်လာခဲ့သည်။

သူမသည်လည်း ရွှမ်လျဲ့ ၏ အော်ရာ ကို ကောင်းစွာ အာရုံခံမိလိုက်ခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူမက မည်သည့် ပြင်ဆင်မှုမျိုးကိုမျှ လုပ်ခြင်း မပြုခဲ့ပေ။

မသေမျိုးမီးတောင်က တောင်ဘက်ဒေသ၏ ထိပ်တန်း အင်အားစုကြီး လေးခုထဲမှ တစ်ခု ဖြစ်သော်လည်း ပုံမှန်အားဖြင့် လောက ကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိဘဲ ဖီးနစ်မျိုးနွယ်စု သွေးနှောရှိသူများကိုသာ လက်ခံလေ့ရှိသည်။

ထို့အတူ အပြင် ပဋိပက္ခများတွင်လည်း ပါဝင်ခြင်းမရှိဘဲ အမြဲတစေ သီးခြား ကင်းကွာ၍သာ နေထိုင်လေ့ ရှိကြပေသည်။

“မင်း... မင်းက တကယ်ပဲ ကောင်းကင်ဘုရင်နယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူကြီး ဖြစ်နေတာလား”

ဤအခိုက်အတန့်တွင် ယင်ယန် မြင့်မြတ်နယ်မြေမှ ထိုအဘိုးအိုက သူ၏ ရင်ထဲ၌ အတိုင်းအဆမရှိလှသော ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရချေပြီ။

သူက သူ့အနေဖြင့် မြင့်မြတ် သားတော်ကို လာကယ်တင်ပေးရုံမျှဖြင့် ဤမျှလောက် အစွမ်းထက်လှသော ကျွမ်းကျင်သူကြီးတစ်ဦးကို သွား စော်ကားမိလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ဤသည်က ကိုယ့်ဖာသာကိုယ် သေတွင်းထဲ တိုးဝင်လိုက်ခြင်းနှင့် အလားသဏ္ဌာန် တူညီလှပေသည်။

ဤကဲ့သို့သော ကျွမ်းကျင်သူကြီးမျိုးနှင့် ဆိုပါက ယင်ယန် မြင့်မြတ်နယ်မြေ၏ အရှင်သခင်ကိုယ်တိုင် လူကိုယ်တိုင် ရောက်ရှိလာခဲ့သည့်တိုင်အောင် သေဆုံးခြင်းဟူသော လမ်းတစ်ခုသာ ရှိလိမ့်မည်ဖြစ်ရာ သူကဲ့သို့သောသူအတွက်မူ ဆိုဖွယ်ရာ ရှိပါမည်လော။

“မင်း... မင်း ဘာတွေ သွားလုပ်မိလိုက်တာလဲ” ထိုအဘိုးအိုက ယင်ယန် မြင့်မြတ် သားတော်ကို ဒေါသတကြီး လှမ်း၍ အော် လိုက်တော့သည်။

သူ၏ လေသံကို ကြားရုံမျှဖြင့် သူ မည်မျှအထိ ဒေါသထွက်ကာ ကြောက်ရွံ့နေသည်ကို ကောင်းစွာ သိရှိနိုင်ပေသည်။

သူက ယခုအခါ ယင်ယန် မြင့်မြတ် သားတော်၏ လည်ပင်းကို ဤနေရာ၌တင် ချက်ချင်း ညှစ်သတ်ပစ်ချင်စိတ်များ ပေါက်ဖွားနေခဲ့ရ၏။

သို့သော်လည်း ရွှမ်လျဲ့ က သူ့အား ဤကဲ့သို့သော အခွင့်အရေးမျိုး လုံးဝ ပေးလိမ့်မည် မဟုတ်ပေ။

ဘုန်း

လျှပ်စီးလက်လိုက်သည့် အမြန် နှုန်းဖြင့် ရွှမ်လျဲ့က ချက်ချင်း လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

သူက မြန်ဆန်လှသော အမြန် နှုန်းဖြင့် ခန္ဓာကိုယ်ကို လည်ပတ်လိုက်ရာ အစစ်အမှန် ဂျင် ကြီးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရ၏။

၎င်းနောက် သူက ထိုအဘိုးအို၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ပြင်းထန်စွာ ဝင်ဆောင့်မိလိုက်တော့သည်။

သူ၏ အမြန် နှုန်းမှာ အလွန်တရာ မြန်ဆန်လှသဖြင့် ထိုအဘိုးအိုက ရှောင်တိမ်းရန် မည်သည့်အချိန်မျှ မရလိုက်ဘဲ ရွှမ်လျဲ့ ၏ တိုက်ခိုက်မှုကြီးကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့ရတော့၏။

ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ထိုအဘိုးအို၏ မျက်နှာထက်တွင် မျှော်လင့်ချက်မဲ့ အမူအရာများ ချက်ချင်း ထွက်ပေါ်လာခဲ့ရသည်။

ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကိုမူ သူ၏ ခွန်အားဖြင့် လုံးဝ တားဆီးနိုင်စွမ်း မရှိပေ ။

ဤတိုက်ခိုက်မှုအောက်တွင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးမှာ တိုက်ရိုက်ပင် အပိုင်းပိုင်း စုတ်ပြဲသွားခဲ့ရပြီး ထိတ်လန့်ဖွယ် ဟင်းလင်းပြင် မုန်တိုင်းများက ထိုနေရာတစ်ခုလုံးသို့ အရူးအမူး ဖြတ်သန်းတိုက်ခိုက်ကြတော့သည်။

မျက်နှာချင်းဆိုင် တိုက်ရိုက် ထိမှန်သွားခဲ့ရသော ထိုအဘိုးအိုမှာမူ ပါးစပ်မှနေ၍ သွေးအမြောက်အမြား အန်ထွက်လာခဲ့ရပြီး ထိုအထဲတွင် သူ၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများပါ ရောနှောပါဝင်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကြီးမှာ ရွှံ့ရုပ်ကလေးတစ်ခုကဲ့သို့ တဖြည်းဖြည်းချင်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့ရချေပြီ။

သူ၏ မျက်ဝန်းအစုံအတွင်း၌လည်း မည်သည့် အရောင်အဝါမျှ ရှိမနေတော့ဘဲ မှေးမှိန်သွားခဲ့ရတော့၏။

“ပြေး... မြန်မြန် ထွက်ပြေး...”

ဤသည်က ထိုအဘိုးအို မသေဆုံးမီက ပြောသွားခဲ့သော နောက်ဆုံး စကားလုံးများ ဖြစ်ကြပေသည်။

ဤသည်ကလည်း သူ ယင်ယန် မြင့်မြတ် သားတော်၏ ဒုတိယဦးလေးတစ်ဦးအနေဖြင့် သူ၏အတွက် လုပ်ပေးနိုင်ခဲ့သော နောက်ဆုံး ကိစ္စပင် ဖြစ်၏။

ပြောပြီးသည်နှင့်တစ်ပြိုင်နက် ထိုအဘိုးအို၏ ခန္ဓာကိုယ်ကြီးမှာ လုံးဝဥဿုံ ကြေမွ ပျက်စီးသွားခဲ့ရပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။

ကြီးကျယ်ခမ်းနားလှသော ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၂ ကျွမ်းကျင်သူကြီးတစ်ဦးက ရွှမ်လျဲ့ ၏ တိုက်ခိုက်မှု တစ်ချက်တည်းအောက်တွင်တင် မည်သည့် အကြွင်းအကျန်မျှမရှိဘဲ တစ်ခဏချင်းအတွင်း လုံးဝ ကွယ်ပျောက်သွားခဲ့ရရှာချေပြီ။

“သန်မာလိုက်တာ... တကယ်ကို သန်မာလွန်းတယ်”

လူတိုင်း မှင်တက်သွားခဲ့ကြရတော့သည်။

ဒါက ဘာလဲ... အခြေအနေများ ပြောင်းလဲသွားခြင်းလား။ သေတွင်းထဲမှ မျှော်လင့်ချက် အလင်းရောင်ကို ပြန်လည် မြင်တွေ့လိုက်ရခြင်းလား။

ယခင်က ယင်ယန် မြင့်မြတ်နယ်မြေမှ ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူကြီး ရောက်ရှိလာသည်ကို မြင်ရသဖြင့် မျှော်လင့်ချက်မဲ့နေခဲ့ကြသော လူအုပ်ကြီးမှာ ယခုအခါ လုံးဝ ဆွံ့အအံ့ဩကုန်ကြရချေပြီ။

ရုတ်တရက် ပေါ်ထွက်လာသော ဤလိပ်ကလေးက ဤမျှလောက်အထိ အစွမ်းထက်လှပြီး ယင်ယန် မြင့်မြတ်နယ်မြေ၏ ကျွမ်းကျင်သူကြီးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ ။

ဤမျှလောက်ကြီးမားလှသော လှည့်ကွက်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ကြသည်မှာ ထင်ရှားလှပေသည်။

လန်ထျန်းဟန်သည်မူ အလျင်မြန်ဆုံး ပြန်လည်သတိဝင်လာခဲ့သူ ဖြစ်ပြီး သူ၏ မျက်နှာထက်တွင် အတိုင်းအဆမရှိလှသော ဝမ်းမြောက်ဖွယ် အမူအရာများ ချက်ချင်း ထွက်ပေါ်လာခဲ့တော့သည်။

သူ လောင်းကြေးထပ်ခဲ့တာ တကယ်ပဲ မှန်ကန်သွားခဲ့ချေပြီ။

သူ၏ ဘဝသက်တမ်းတစ်လျှောက်တွင် တစ်ကြိမ်တည်းသော လောင်းကြေးထပ်မှု၌ သူက နောက်ဆုံး အောင်နိုင်သူကြီး ဖြစ်သွားခဲ့ရချေပြီ။

ရှုချွမ်း၏ အနောက်တွင် ကြီးမားလှသော အစောင့်အရှောက်တစ်ဦး အမှန်တကယ်ပင် ရှိနေခဲ့သည်။

ဤကျွမ်းကျင်သူကြီးမှာ မိစ္ဆာမျိုးနွယ်စုဝင်တစ်ဦး ဖြစ်နေခဲ့သော်လည်း သူ၏ အစစ်အမှန် ခွန်အားမှာမူ အလွန်တရာ ထိတ်လန့်စရာ ကောင်းလွန်းလှပေသည်။

တစ်ချိန်တည်းမှာပင် လန်ထျန်းဟန်က သူ၏ စိတ်ထဲ၌ ရှုချွမ်း၏ အစစ်အမှန် သရုပ်မှန်က မည်သို့ ဖြစ်နိုင်သနည်းဟု စတင်၍ တွေးနေမိတော့သည်။

သူ ယခင်က ထင်မြင်ယူဆခဲ့သမျှ အချက်အားလုံးကို သူကိုယ်တိုင်ပင် လုံးဝဥဿုံ ပယ်ဖျက်လိုက်ပြီ ဖြစ်၏။

သို့သော်လည်း သူ၏ ဦးနှောက်ကို မည်မျှပင် အစွမ်းကုန် အသုံးချ၍ တွက်ချက်ပါစေ လူငယ်တစ်ဦးကို ကာကွယ်စောင့်ရှောက်ပေးရန်အတွက် ကောင်းကင်ဘုရင်နယ်ပယ် အထွတ်အထိပ် မိစ္ဆာသားရဲ ကျွမ်းကျင်သူကြီးတစ်ဦးကို မည်သို့သော အင်အားစုကြီးက စေလွှတ်ပေးနိုင်ပါမည်နည်းဟူသော အချက်ကိုမူ သူ လုံးဝ တွေး၍ မရနိုင်သေးပေ။

ဤသည်က လုံးဝ မယုံနိုင်လောက်အောင် ဖြစ်ရလွန်းလှပေသည်။

ဤအခိုက်အတန့်တွင် မြေပြင်ပေါ်၌ လဲနေခဲ့သော ယင်ယန် မြင့်မြတ် သားတော်မှာမူ သူ၏ မျက်ဝန်းအစုံအတွင်း၌ မည်သည့် အလင်းရောင်မျှ ရှိမနေတော့ဘဲ စိတ်လွတ်နေသည့်အလား ဆက်တိုက် ရေရွတ်နေမိတော့သည်။

“သေကုန်ပြီ... အားလုံး သေကုန်ကြပြီ... ဟားဟားဟား”

ထိုအဘိုးအို၏ သေဆုံးမှုက သူ့အား ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြီးကို ပေးလိုက်ခြင်း ဖြစ်ပြီး သူ့အား ရူးသွပ်သွားသော လူတစ်ဦးအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားစေခဲ့ချေပြီ။

ထိုအဘိုးအို မသေဆုံးမီက သူ့အား ထွက်ပြေးရန် သတိပေးခဲ့သော စကားလုံးများအပေါ်တွင်လည်း သူ မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်နိုင်တော့ပေ။

ရွှမ်လျဲ့ က ထိုအဘိုးအိုကို သတ်ဖြတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ပြောင်းလဲလိုက်ပြီး ရှုချွမ်း၏ လက်ထဲသို့ ချက်ချင်း ပြန်လည်ပျံသန်းဝင်ရောက်လာခဲ့တော့သည်။

“ပျင်းစရာ ကောင်းလိုက်တာ... တကယ့်ကို ပျင်းစရာ ကောင်းလွန်းတယ်”

ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၂ ရန်သူတစ်ဦးကို သတ်ဖြတ်ရခြင်းက သူ့အတွက် ရေတစ်ခွက် သောက်ရသကဲ့သို့ပင် များစွာ လွယ်ကူလှပေသည်။

“ကောင်လေးရှု... နောက်တစ်ခါကျရင် သူ့ထက် ပိုပြီး သန်မာတဲ့လူရှိမှ ငါ့ကို ထပ်ခေါ်။ ကျန်တဲ့ ကိစ္စအသေးအမွှားတွေကိုတော့ မင်းဘာသာမင်း ဖြေရှင်းလိုက်”

ရွှမ်လျဲ့ က ရှုချွမ်းအား အမိန့်ပေးသကဲ့သို့ ပြောလိုက်ပြီးနောက် သန်းဝေလိုက်ရင်း သူ၏ အိပ်စက်ခြင်း ကမ္ဘာအတွင်းသို့ ထပ်မံ၍ နစ်မြောဝင်ရောက်သွားခဲ့တော့သည်။

ရှုချွမ်းက မတတ်နိုင်သကဲ့သို့ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိပြီး ရွှမ်လျဲ့ အား ရွှေရောင်ရှေးဟောင်း နန်းတော် ကမ္ဘာအတွင်းသို့ ပြန်ထည့်ထားလိုက်တော့၏။

တစ်ချိန်တည်းမှာပင် သူက အခွင့်အလမ်း များကို လုယူရန်နှင့် သူ၏ ခွန်အားများကို ပို၍ မြင့်မားအောင် မြှင့်တင်ရန်အတွက် ဇာတ်လိုက်ကို ရှာဖွေရန် စတင်၍ စီစဉ်လိုက်တော့သည်။

နောက်ဆုံးတွင် သူ့ကိုယ်တိုင်၏ ခွန်အားကို မြှင့်တင်နိုင်မှသာလျှင် ပို၍ ပြောခွင့် ရှိလာနိုင်မည် မဟုတ်ပါလော။

ရှုချွမ်းက ယင်ယန် မြင့်မြတ် သားတော်၏ အနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့ပြီး သူ၏ သနားစရာကောင်းလှသော အခြေအနေကို ကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်မိတော့သည်။

မည်သို့ပင်ဖြစ်စေ ၎င်းက သေးငယ်သော နေရာတစ်ခုမှ ပေါ်ထွက်လာခဲ့သည့် မြင့်မြတ်နယ်မြေတစ်ခုမျှသာ ဖြစ်ပြီး ချမ်းသာခါစ သူဌေး တစ်ဉီးကဲ့သို့ ပြုမူနေကြခြင်း ဖြစ်ကာ မြင့်မြတ် သားတော်ကိုယ်တိုင်ပင်လျှင် ဤမျှလောက်အထိ သနားစရာ ကောင်းနေခဲ့ရသည်။

“မင်းကို လမ်းပြပေးဖို့ အချိန်တန်ပြီ” ရှုချွမ်းက တိုးညင်းစွာ ပြောလိုက်သည်။

၎င်းနောက် လက်ဝါးတစ်ချက် ရိုက်လိုက်ရာ ယင်ယန် မြင့်မြတ် သားတော်၏ ဦးခေါင်းခွံထက်သို့ တိုက်ရိုက် ကျရောက်သွားခဲ့တော့၏။

သူက မည်သည့် ပြန်လည်ခုခံမှုမျိုးကိုမျှ မပြုလုပ်နိုင်ခဲ့ဘဲ ရှုချွမ်း၏ လက်ဝါးချက်အောက်တွင် တိုက်ရိုက်ပင် အသက်ပျောက်သွားခဲ့ရပြီး သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း ကြေမွ ပျက်စီးသွားခဲ့ရချေပြီ။

၎င်းနောက် ရှုချွမ်း၏ လက်ညှိုးထိပ်ထက်၌ နေမင်းအစစ်အမှန်မီးတောက်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ၎င်းက ယင်ယန် မြင့်မြတ် သားတော်၏ အလောင်းကို ချက်ချင်းပင် ပြာအဖြစ်သို့ တိုက်ရိုက် လောင်ကျွမ်းပြာချပစ်လိုက်တော့သည်။

မြေပြင်ပေါ်တွင်မူ သိုလှောင်လက်စွပ်တစ်ကွင်းသာ ကျန်ရစ်ခဲ့တော့၏။

သူက ထိုသိုလှောင်လက်စွပ်ကို ကောက်ယူကာ စစ်ဆေး လိုက်ပြီးနောက် သူ၏ ကိုယ်ပိုင် သိုလှောင်လက်စွပ်အတွင်းသို့ တိုက်ရိုက် ထည့်သွင်းသိမ်းဆည်းထားလိုက်တော့သည်။

ယင်ယန် မြင့်မြတ် သားတော်၏ သေဆုံးမှုနှင့်အတူ လင်းရှောင်ဂိုဏ်း၏ ကြီးမားလှသော ဘေးအန္တရာယ်ကြီးမှာ လုံးဝဥဿုံ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ကြေညာလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရလေသည်။

ထို့ပြင် မိုင်ပေါင်း သိန်းချီဝေးကွာလှသော နေရာ၌ တည်ရှိသည့် ယင်ယန် မြင့်မြတ်နယ်မြေအတွင်း၌မူ ယင်ယန် မြင့်မြတ်နယ်မြေ အရှင်သခင်က သူ၏ ပလ္လင်ထက်၌ ထိုင်နေခဲ့ပြီး သူ၏ မျက်နှာမှာ အလွန်တရာ မည်းမှောင်နေခဲ့ရချေပြီ။

ယခုတင်ပဲ သူ၏ ဒုတိယညီဖြစ်သူ၏ ဝိညာဉ်မီးအိမ်မှာ လုံးဝ ငြိမ်းသတ်သွားခဲ့ပြီ ဖြစ်၏။

သူ၏ ယင်ယန် မြင့်မြတ်နယ်မြေအတွင်းရှိ တစ်ဦးတည်းသော အခြား ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူကြီး သေဆုံးသွားခဲ့ရချေပြီ။

၎င်းတင်မကသေးဘဲ မကြာမီအချိန်အတွင်းမှာပင် သူ၏ တစ်ဦးတည်းသော သားဖြစ်သူသည်လည်း အသက်ပျောက်သွားခဲ့ရပြန်သည်။

ဤသည်က သူ့အတွက် ကြီးမားလှသော ထိုးနှက်ချက် နှစ်ထပ်ကြီး လုံးဝ ဖြစ်ပေသည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် သူက ကလဲ့စားချေရန်ဟူသော စကားကိုပင် မဟဝံ့တော့ပေ ။

သူ၏ ဒုတိယညီကို ဤမျှလောက် လွယ်ကူစွာ သတ်ဖြတ်နိုင်သော ပုဂ္ဂိုလ်ဟူသည်မှာ သေချာပေါက် ပြိုင်ဘက်ကင်းလှသော ကျွမ်းကျင်သူကြီးတစ်ဦး ဖြစ်ရပေမည်။

ထို့ပြင် ယခင်က ကောင်းကင်ဘုရင်နယ်ပယ် အထွတ်အထိပ် အော်ရာ ပေါ်ထွက်လာခဲ့သည့် ဦးတည်ရာနှင့် သူ၏ ဒုတိယညီ သွားရောက်ခဲ့သည့် ဦးတည်ရာမှာ တစ်ထပ်တည်း ကျရောက်နေခဲ့သဖြင့် သူ၏ ဒုတိယညီက ထိုကျွမ်းကျင်သူကြီး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်ကြောင်း ရဲရဲကြီး အတည်ပြုနိုင်ပေသည်။

၎င်းအပြင် သူ၏ ယင်ယန် မြင့်မြတ်နယ်မြေအနေဖြင့် ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူကြီးတစ်ဦး ဆုံးရှုံးသွားခဲ့ရသည်ဟူသော သတင်းသည်လည်း မကြာမီအချိန်အတွင်း သေချာပေါက် ပြန့်နှံ့သွားတော့မည်ဖြစ်ရာ ထိုအချိန်ကျလျှင် သူ၏ ယင်ယန် မြင့်မြတ်နယ်မြေကို လိုချင်တောင့်တနေကြသော အခြား ဂိုဏ်းကြီးများက ဤအခွင့်အရေးကို လုံးဝ လက်လွတ်ခံကြလိမ့်မည် မဟုတ်ပေ။

ယခုအခါ သူက ရှေ့တိုးရခက် နောက်ဆုတ်ရခက်သော ကြီးမားလှသည့် အကျပ်အတည်းကြီးထဲသို့ လုံးဝ ကျရောက်သွားခဲ့ရချေပြီ။

All Chapters