အခန်း ၂၀၉
Vol. 21 Ch. 209
အခန်း (၂၀၉) ကံကြမ္မာကို ထုတ်ယူခြင်း၊ ရတနာတိုက်အတွင်းသို့ ဝင်ရောက်ခြင်း
ကျင်အောင်း ကို သတ်ဖြတ်ပြီးနောက် ရှုချွမ်းက သော့၏ ပျောက်ဆုံးနေသော အခြားအစိတ်အပိုင်းကို ရှာဖွေရန်အတွက် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အချိန်အတော်ကြာ လိုက်လံ ရှာဖွေနေခဲ့သည်။
သေသေချာချာ ရှာဖွေပြီးနောက်တွင်မူ ရှုချွမ်းက ကျင်အောင်း ၏ ကိုယ်ပေါ်မှနေ၍ ကောင်းကင်နှင့်မြေကြီး ၏ ရတနာများ ၊ ကျင့်ကြံခြင်း လျှို့ဝှက်ကျင့်စဉ်များ၊ ယွမ်ကျောက်တုံးများနှင့် အခြားသော ရတနာများစွာ ထည့်သွင်းထားသည့် သိုလှောင်လက်စွပ် အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့သော်လည်း သူ အသည်းအသန် လိုအပ်နေသော သော့၏ အစိတ်အပိုင်းကိုမူ လုံးဝ ရှာမတွေ့ခဲ့ပေ ။
“ထူးဆန်းတယ်... ဒီကောင်က အဲ့ဒီအရာကို ဘယ်မှာ သွားဝှက်ထားတာလဲ” ရှုချွမ်း ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။ သူ နေရာအနှံ့ ရှာဖွေခဲ့သော်လည်း ၎င်းကို လုံးဝ ရှာမတွေ့ခဲ့ပေ ။
“သူ ဒါကို သူ၏ ခန္ဓာကိုယ်ပေါ်မှာ ယူမလာခဲ့တာများလား” ရှုချွမ်းက စိတ်ထဲမှ တိတ်တဆိတ် ယူဆလိုက်မိသည်။
သို့သော်လည်း သူက ဤအတွေးကို ချက်ချင်းပင် ပြန်လည်ပယ်ဖျက်လိုက်၏။
ရတနာတိုက်ကြီး ပေါ်ထွက်လာမည့် အချိန်က လက်တစ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်ရာ သူက ဤမျှလောက် အရေးကြီးသော အရာကို သူ၏ ကိုယ်ပေါ်၌ သေချာပေါက် ယူဆောင်လာရမည် ဖြစ်ပေသည်။
မဟုတ်ပါက အချိန်မီတော့မည် မဟုတ်ပေ ။
၎င်းမှာ ရှုချွမ်း မရှာဖွေတွေ့ရှိသေးသော တစ်နေရာရာ၌ လျှို့ဝှက်စွာ ဖုံးကွယ်ထားခြင်းသာ ဖြစ်ရပေမည်။
ထို့ကြောင့် ရှုချွမ်းက နောက်တစ်ကြိမ် ထပ်မံ၍ သေသေချာချာ ရှာဖွေခဲ့ပြန်ရာ ယခုတစ်ကြိမ်တွင် ကျင်အောင်း ကျင့်ကြံ နေခဲ့သော နေရာကို မြေပြင်မှနေ၍ သုံးပေခန့်အထိပင် တူးဆွ၍ ရှာဖွေခဲ့သည်။
နောက်ဆုံးတွင်တော့ ကြိုးစားအားထုတ်မှုက အချည်းနှီး မဖြစ်ခဲ့ပေ ။
ရှုချွမ်းက ကျင်အောင်း ၏ နားတွင် ဝတ်ဆင်ထားသော နားကပ်လေးထံမှနေ၍ သဲလွန်စတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
အကယ်၍ ရှုချွမ်းတွင် ‘မူလကို ထိုးထွင်းသိမြင်ခြင်း’ ဟူသော နတ်ဘုရားစွမ်းရည်သာ မရှိခဲ့ပါက သူသည် ဤကျင်အောင်း ၏ ဘယ်ဘက်နားမှ နားကပ်လေးက အမှန်တကယ်တွင် အလွန်တရာ သေးငယ်လှသော သိုလှောင်မှု ရတနာတစ်ခု ဖြစ်နေသည်ကို လုံးဝ ရိပ်မိလိမ့်မည် မဟုတ်ပေ။
သူက ထိုနားကပ်လေးကို ဆွဲဖြတ်လိုက်ပြီးနောက် ၎င်းပေါ်ရှိ တားမြစ်ချက် ကို အတင်း ဖျက်ဆီး ပစ်လိုက်ရာ သူ၏ နတ်ဘုရားအာရုံဖြင့် အတွင်းသို့ စစ်ဆေး ကြည့်လိုက်သည့် အခါတွင်မှ ရှုချွမ်းက သူ အသည်းအသန် ရှာဖွေနေခဲ့သော သော့၏ ပျောက်ဆုံးနေသည့် အစိတ်အပိုင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့သည်။
“ဒီကောင်ကတော့ တကယ့်ကို သတိကြီးလွန်းတာပဲ... သူက သူ့ရဲ့ ရတနာအားလုံးကို ခြင်းတောင်းတစ်ခုတည်းထဲ မစုပြုံထည့်တဲ့ အတတ်ပညာကို အဆုံးစွန်အထိ အသုံးချထားခဲ့တာကိုး”
ရှုချွမ်း စိတ်ထဲမှ မတတ်နိုင်ဘဲ သက်ပြင်းချရင်း ရေရွတ်လိုက်မိတော့သည်။
သို့သော်လည်း ဤမျှလောက်အထိ လွန်စွာ သတိကြီးလှသော ပုဂ္ဂိုလ်တစ်ဦးသည်ပင်လျှင် ‘ကမ္ဘာ့ သစ်စေ့’ ဟူသော ကြီးမားလှသည့် အခွင့်အလမ်းကြီးနှင့် ရင်ဆိုင်လိုက်ရသည့် အခါတွင်မူ ရူးသွပ်သွားခဲ့ရပြီး မည်သည့် ဘေးအန္တရာယ်ကိုမျှ ဂရုမစိုက်တော့ဘဲ အရာအားလုံးကို စွန့်လွှတ်လိုက်မိရှာသည်။
ဤသည်ကပင် သူ ရှုချွမ်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရခြင်း၏ အကြောင်းရင်း ဖြစ်ပေသည်။
သူက ထိုသော့၏ အစိတ်အပိုင်းကို ထုတ်ယူလိုက်ပြီးနောက် လင်းရှောင်ဂိုဏ်းထံမှ ရရှိထားခဲ့သော သော့အစိတ်အပိုင်းနှင့် ပေါင်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း သော့နှစ်ခုစလုံးမှာ တစ်သားတည်း ပေါင်းစပ်သွားခဲ့တော့သည်။
ဤသည်မှာ သော့၏ လုံးဝ ပြည့်စုံလှသော ပုံစံအစစ်အမှန် ဖြစ်ပေသည်။
ရှုချွမ်းက ၎င်းအပေါ် လွန်စွာ သဘောကျနှစ်ခြိုက်သွားခဲ့ရ၏။
ထို့ကြောင့် သူက ကျင်အောင်း အတွက် နောက်ဆုံးလက်ဆောင်အဖြစ် မီးသင်္ဂြိုဟ်ခြင်း အစီအစဉ်ကို ရက်ရက်ရောရော ပေးအပ်လိုက်တော့သည်။
နေမင်းအစစ်အမှန်မီးတောက်က အရာအားလုံးကို လောင်ကျွမ်းပြာချနိုင်စွမ်း ရှိပေသည်။
ထိုအစစ်အမှန်မီးတောက် ၏ အရူးအမူး လောင်ကျွမ်းမှုအောက်တွင် ကျင်အောင်း ၏ ခန္ဓာကိုယ်ကြီးမှာ လျင်မြန်စွာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့၏။
သို့သော်လည်း နောက်ဆုံး အခိုက်အတန့်တွင်မှ လုံးဝ မကြားတကြားဖြစ်ရလောက်အောင် တိုးညင်းလှသော အော်ဟစ်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ၎င်းနောက် ကျင်အောင်း ၏ ပြာပုံထဲမှနေ၍ မည်းနက်လှသော မြူခိုးငွေ့တစ်ခု ရုတ်တရက် ပျံသန်းထွက်ပေါ်လာခဲ့သည်။
ဤရုတ်တရက် ပြောင်းလဲမှုက ရှုချွမ်းကို ချက်ချင်းပင် ထိတ်လန့်သွားစေခဲ့ရ၏။
သူက ကျင်အောင်း လုံးဝ သေဆုံးသွားခဲ့ပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ နတ်ဘုရားဝိညာဉ်ပင်လျှင် သူ၏ လက်ချက်ဖြင့် ကြေမွပျက်စီးသွားခဲ့ပြီး ဖြစ်၍ ဖြစ်၏။
သို့သော်လည်း အမှန်စစ်စစ်တွင်မူ သူက ထိုဇာတ်လိုက်၏ လှည့်ကွက်အောက်၌ လှည့်စားခံရလုနီးပါး ဖြစ်ခဲ့ရခြင်း ဖြစ်ပေသည်။
ကျင်အောင်းက အမှန်တကယ်ပင် သူ၏ နတ်ဘုရားဝိညာဉ် အစိတ်အပိုင်းတစ်ခုကို သူ၏ အလောင်းအတွင်း၌ လျှို့ဝှက်စွာ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်၏။
အကယ်၍ ရှုချွမ်းအနေဖြင့် နောက်ဆုံးတွင် နေမင်းအစစ်အမှန်မီးတောက် ကို အသုံးပြု၍ သူ၏ အလောင်းကို ပြာချပစ်ရန် မရွေးချယ်ခဲ့ပါက ကျင်အောင်းက ယခုတစ်ကြိမ် ဘေးအန္တရာယ်မှ သေချာပေါက် လွတ်မြောက်သွားခဲ့ရပေလိမ့်မည်။
“ကောင်းကင်ရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့ ဇာတ်လိုက်တွေရဲ့ နည်းလမ်းတွေကတော့ တကယ်ပဲ အဆုံးအစမရှိလှဘူးပဲ... ကြည့်ရတာ ငါ နောင်လာမယ့် အချိန်တွေမှာ ပိုပြီး သတိထားရတော့မယ်”
ရှုချွမ်းက ယခုတစ်ကြိမ်တွင် ကြီးမားလှသော သင်ခန်းစာတစ်ခုကို ကောင်းစွာ ရရှိသွားခဲ့ပြီ ဖြစ်ရာ နောက်တစ်ကြိမ်တွင် သူ ပို၍ ပြတ်သားပြီး သတိကြီးစွာ ထားရှိတော့မည် ဖြစ်ပေသည်။
သူက ဇာတ်လိုက်များနှင့် ရင်ဆိုင်ခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။
အကယ်၍ ဇာတ်လိုက်အချို့သာ ဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့ကြပြီး နောင်တစ်ချိန်တွင် သူတို့ အစစ်အမှန် တောက်ပ လာခဲ့ကြကာ သူ့အား ကလဲ့စားချေရန် ပူးပေါင်းလာခဲ့ကြမည်ဆိုပါက ရှုချွမ်းအနေဖြင့်လည်း ၎င်းတို့ကို သေချာပေါက် ခုခံနိုင်လိမ့်မည်ဟု ရဲရဲကြီး အာမမခံနိုင်ပေ ။
ကျင်အောင်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီးနောက် စနစ် ၏ အသိပေးချက်များ ဤအခိုက်အတန့်တွင် ချက်ချင်း ပေါ်ထွက်လာခဲ့တော့သည်။
【သင်သည် ကောင်းကင်၏ မျက်နှာသာပေးမှုကို ခံရသော ဇာတ်လိုက်တစ်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သဖြင့် အဆင့်မြင့် ကံကြမ္မာထုတ်ယူခွင့် တစ်ကြိမ်ကို ရရှိခဲ့ပါသည်။ သင် ၎င်းကို ယခုပဲ ထုတ်ယူလိုပါသလား။】
【သင်သည် ကြီးမားလှသော အခွင့်အလမ်းကြီးကို လုယူနိုင်ခဲ့ပြီး အနာဂတ်၏ လမ်းကြောင်းကို အောင်မြင်စွာ ပြောင်းလဲပစ်နိုင်ခဲ့သဖြင့် ထိပ်တန်းအဆင့် ကံကြမ္မာထုတ်ယူခွင့် တစ်ကြိမ်ကို ရရှိခဲ့ပါသည်။ သင် ၎င်းကို ယခုပဲ ထုတ်ယူလိုပါသလား။】
【ဤဇာတ်ညွှန်း၏ ဇာတ်လိုက် သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ‘နတ်ဘုရားအဆင့် ဟောကိန်းထုတ်သူ ’ ဇာတ်ညွှန်းမှာ လုံးဝ ပျောက်ကွယ်တော့မည် ဖြစ်သည်။ သင် ဤဇာတ်ညွှန်းကို မိမိကိုယ်ကိုယ်နှင့် ပေါင်းစပ် လိုပါသလား။】
စနစ်၏ အသိပေးချက် သုံးခု ရှုချွမ်း၏ မျက်စိအရှေ့၌ ပေါ်ထွက်လာခဲ့ချေပြီ။
၎င်းမှာ ဇာတ်လိုက်ဖြစ်သော ကျင်အောင်းက ဤမျှလောက်အထိ မကြီးကျယ်လှသောကြောင့် ဖြစ်နိုင်သလို သို့မဟုတ် ရှုချွမ်း၏ လက်ရှိ ကျင့်ကြံခြင်းနယ်ပယ်က ပို၍ မြင့်မားလာခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
ယခုတစ်ကြိမ်တွင် စနစ်မှ ပေးအပ်သော ဆုလာဘ်များမှာ ယခင်ကကဲ့သို့ အလွန်တရာ ထိတ်လန့်စရာ မကောင်းလှတော့ပေ ။
သို့သော်လည်း ၎င်းတို့မှာမူ လုံးဝ ညံ့ဖျင်းလှသောအရာများ လုံးဝ မဟုတ်ပေ ။
မည်သို့ပင်ဖြစ်စေ အဆင့်မြင့် ကံကြမ္မာထုတ်ယူခွင့် တစ်ကြိမ်နှင့် ထိပ်တန်းအဆင့် ကံကြမ္မာထုတ်ယူခွင့် တစ်ကြိမ်တို့ဟူသည်မှာ အလွန်တရာ အဖိုးတန်လှသော အခွင့်အရေးများ ဖြစ်ကြပေသည်။
၎င်းအပြင် ဇာတ်ညွှန်း ပေါင်းစည်းခြင်းကိစ္စနှင့် ပေါင်းစည်းလိုက်မည်ဆိုပါက ဤသည်က မည်သည့် ဘေးထွက်ဆိုးကျိုးမျှမရှိသော လုံးဝ အမြတ်ထွက်လှသည့် အရောင်းအဝယ် တစ်ခု ဖြစ်ပေသည်။
အကယ်၍ အခြားသော ကျင့်ကြံသူများသာ ဤကဲ့သို့သော ဆုလာဘ်မျိုးကို သိရှိသွားကြမည်ဆိုပါက သူတို့ သေချာပေါက် အရူးအမူး ဖြစ်သွားကြရပေလိမ့်မည်။
ကြီးမားလှသော လောကဓံ မုန်တိုင်းပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသော ရှုချွမ်းတစ်ဦးတည်းသာလျှင် ဤမျှလောက်အထိ တည်ငြိမ်စွာ နေနိုင်ခြင်း ဖြစ်၏။
“စတင်ပြီး ထုတ်ယူလိုက်”
ရတနာတိုက်ကြီး ပေါ်ထွက်လာရန်အတွက် နောက်ထပ် တစ်ရက်ခန့် လိုအပ်သေးသည်။
ဤနေရာ၌ အချိန်ဖြုန်းကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေမည့်အစား ကံကြမ္မာကို ဦးစွာ ထုတ်ယူလိုက်ခြင်းက သူ၏ ခွန်အားများကို ပို၍ မြင့်မားအောင် မြှင့်တင်နိုင်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ရတနာတိုက်အတွင်း၌ မည်သို့သော ဘေးအန္တရာယ်များ ရှိနေနိုင်သည်ကို မည်သူမျှ ကြိုတင်၍ မသိရှိနိုင်ကြသောကြောင့်ပင်။
【အဆင့်မြင့် ကံကြမ္မာထုတ်ယူခြင်း စတင်ပါပြီ】
【ထုတ်ယူခြင်း ပြီးဆုံးပါပြီ】
【ဂုဏ်ယူပါသည် သင်သည် အပြာရောင် ကံကြမ္မာတစ်ခုဖြစ်သော ‘လေက မီးကို ထောက်ပံ့ခြင်း’ကို ရရှိခဲ့ပါသည်။】
【လေက မီးကို ထောက်ပံ့ခြင်း - လေထု ရှိနေခဲ့လျှင် မီးစွမ်းအား မန္တန်များ၏ တိုက်ခိုက်မှု စွမ်းအားမှာ တိုက်ရိုက်ပင် နှစ်ဆခန့် မြင့်တက်သွားလိမ့်မည် ဖြစ်သည်】
ယခုတစ်ကြိမ်တွင် သူက အပြာရောင် ကံကြမ္မာတစ်ခုကိုသာ ရရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းက အလွန်အမင်း ကောင်းမွန်ခြင်း သို့မဟုတ် ညံ့ဖျင်းခြင်းမျိုး မရှိပေ ။
သို့သော်လည်း အနည်းဆုံးတော့ ၎င်းက သူ၏ ခွန်အားကို မြှင့်တင်ပေးနိုင်ဆဲ ဖြစ်သဖြင့် ရှုချွမ်းအနေဖြင့် စိတ်ထဲမှ မတတ်နိုင်ဘဲ လက်ခံလိုက်တော့သည်။
“နောက်တစ်ခု ဆက်လုပ်”
ရှုချွမ်းက ခေါင်းညိတ်လိုက်ရင်း ထိပ်တန်းအဆင့် ကံကြမ္မာထုတ်ယူခြင်းကို ဆက်လက်၍ စတင်လိုက်တော့၏။
ကံကြမ္မာ စက်ဝိုင်းကြီးမှာ နောက်တစ်ကြိမ် ထပ်မံ၍ လည်ပတ်သွားခဲ့ပြန်သည်။
【ထုတ်ယူခြင်း ပြီးဆုံးပါပြီ】
【ဂုဏ်ယူပါသည် သင်သည် ခရမ်းရောင် ကံကြမ္မာတစ်ခုဖြစ်သော ‘နှလုံးသား၏ အာရုံခံနိုင်စွမ်း’ကို ရရှိခဲ့ပါသည်။】
【နှလုံးသား၏ အာရုံခံနိုင်စွမ်း - အထူး အခြေအနေအချို့နှင့် ကြုံတွေ့ရသည့် အခါတိုင်းတွင် ၎င်းက အလိုအလျောက် ပွင့်လာမည်ဖြစ်ပြီး မိမိအတွက် အကျိုးရှိစေမည့် အရာအားလုံး ကို ကောင်းစွာ အာရုံခံနိုင်စွမ်း ရှိပေလိမ့်မည်】
ခရမ်းရောင် ကံကြမ္မာတစ်ခုကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။
၎င်းသည် ယခင်က အပြာရောင် ကံကြမ္မာထက် များစွာ ပိုမိုကောင်းမွန်လှသည်မှာ ထင်ရှားပေသည်။
ဤကဲ့သို့သော ကံကြမ္မာမျိုး ရှိနေခြင်းက သူ၏ စိတ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာတတ်သော အလိုလိုသိစိတ်များထက် များစွာ ပိုမိုအသုံးဝင်လှပေသည်။
ဤကံကြမ္မာက ကျင်အောင်း ၏ အနာဂတ်ကြိုတင်မြင်နိုင်စွမ်း ပါရမီကြီး၏ သေးငယ်သော ပုံစံတူဗားရှင်း တစ်ခုနှင့် လုံးဝ အလားသဏ္ဌာန် တူညီလှပေသည်။
“မဆိုးဘူးပဲ"
ရှုချွမ်းက ဤခရမ်းရောင် ကံကြမ္မာအပေါ် လွန်စွာ သဘောကြနှစ်ခြိုက်သွားခဲ့ရ၏။
【ကံကြမ္မာသစ်များကို မိမိ၏ ကိုယ်ပေါ်၌ တပ်ဆင်ပြီးပါပြီ။ ကျေးဇူးပြု၍ စစ်ဆေးပါ】
စနစ်၏ ဤအသိပေးချက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှုချွမ်းကသူ၏ ခန္ဓာကိုယ်အတွင်း၌ ကြီးမားလှသော ပြောင်းလဲမှုတစ်ခုကို ချက်ချင်း ခံစားလိုက်ရတော့သည်။
သူ၏ ဇာတ်ညွှန်း အချက်အလက်များကို ထပ်မံ၍ စစ်ဆေးလိုက်သည့် အခါတွင်မူ 【လေက မီးကို ထောက်ပံ့ခြင်း】 နှင့် 【နှလုံးသား၏ အာရုံခံနိုင်စွမ်း】 ဟူသော ကံကြမ္မာနှစ်ခုစလုံးမှာ သူ၏ ကိုယ်ပေါ်၌ ပေါ်ထွက်နေခဲ့ပြီ ဖြစ်သည်။
ကံကြမ္မာထုတ်ယူခြင်း ကိစ္စ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ နောက်တစ်ဆင့်မှာမူ အဓိက အရေးကြီးဆုံးသော အလှည့်အပြောင်းကြီး လုံးဝ ဖြစ်ပေသည်။
“ဇာတ်ညွှန်း ပေါင်းစည်းခြင်းကို စတင်လိုက်”
ရှုချွမ်း၏ အမိန့်ပေးမှုအောက်တွင် ‘နတ်ဘုရားအဆင့် ဟောကိန်းထုတ်သူ ’ ဇာတ်ညွှန်းကြီးက တစ်ခဏချင်းအတွင်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝဥဿုံ လွှမ်းခြုံသွားခဲ့တော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှုချွမ်းက အလွန်တရာ ဆန်းကြယ် လှသော ထူးခြားသည့် ခံစားချက်ကြီးတစ်ခု သူ၏ ခန္ဓာကိုယ်ပေါ်သို့ စီးဆင်းလာသည်ကို ကောင်းစွာ ခံစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် ရှုချွမ်း၏ ဦးခေါင်းထက် ဟင်းလင်းပြင်ရှိ ကံတရား မြစ်ကြီးသည်လည်း ပေါင်းစည်းမှု စတင်လိုက်သည့် အခိုက်အတန့်၌ပင် အရူးအမူး လှိုင်းထန်လာခဲ့ရပြီး တစ်ခဏချင်းအတွင်း ပို၍ အစွမ်းထက်ပြီး ကြီးမားလှသော မြစ်ကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရချေပြီ။
နွေးထွေးလှသော စွမ်းအားစီးကြောင်းတစ်ခုက သူ၏ ခြေလက်လေးဖက်နှင့် အရိုး သွေးကြော အားလုံးအတွင်းသို့ စီးဆင်းသွားခဲ့သဖြင့် ရှုချွမ်းအား အတိုင်းအဆမရှိလှသော သက်တောင့်သက်သာရှိမှုကို ခံစားရစေတော့သည်။
“အား...” ရှုချွမ်း ညည်းတွားသံတစ်ခုကိုပင် မတတ်နိုင်ဘဲ လွှတ်လိုက်မိတော့၏။
သို့သော်လည်း ဤအလွန်တရာ သက်တောင့်သက်သာရှိလှသော ခံစားချက်ကြီးမှာ ကြာရှည်စွာ တည်တံ့နေခြင်း မရှိခဲ့ဘဲ ခေတ္တမျှအတွင်းမှာပင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ရပြန်သည်။
ဤသည်က ရှုချွမ်းအား အတန်ငယ် နှမြောတွန့်တိုသွားစေခဲ့ရသည်။
သူ ၎င်းကို အပြည့်အဝ မခံစားရသေးခင်မှာတင် ပြီးဆုံးသွားခဲ့ရ၍ ဖြစ်၏။
သို့သော်လည်း သူက ၎င်းအပေါ်၌ ကြာရှည်စွာ အာရုံစိုက်မနေခဲ့ပေ ။
ယခုအခါ အရေးကြီးဆုံးသော ကိစ္စမှာ ရတနာတိုက်အတွင်းသို့ ဘေးကင်းအောင် ဝင်ရောက်ရန်နှင့် ‘ကမ္ဘာ့ သစ်စေ့’ ကို ရှာဖွေတွေ့ရှိရန်သာ ဖြစ်ပြီး ၎င်းက ဦးစားပေး ကိစ္စကြီး လုံးဝ ဖြစ်ပေသည်။
အချိန်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး နောက်ဆုံးတွင် ရတနာတိုက်ကြီး ပေါ်ထွက်လာမည့် နေ့ရက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင်မူ ဂူအတွင်းရှိ အစီအရင်က အလိုအလျောက် ဖြည်းဖြည်းချင်း စတင်၍ ပျောက်ကွယ်သွားခဲ့ချေပြီ။
ရှုချွမ်းက သူ၏ လက်ထဲမှ ပြည့်စုံလှသော သော့ကို ထုတ်ယူလိုက်ပြီးနောက် အစီအရင်၏ အက်ကြောင်းအတွင်းမှနေ၍ ရတနာတိုက်၏ ကျောက်တံခါးကြီးဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့တော့သည်။
ကျောက်တံခါးကြီးထက်ရှိ သီးခြား ချိုင့်ခွက်ငယ်တစ်ခု၏ အ ရှေ့သို့ ရောက်ရှိလာချိန်တွင် ရှုချွမ်းက သူ၏ လက်ထဲမှ သော့ကို ၎င်းအတွင်းသို့ စနစ်တကျ ထည့်လိုက်၏။
သော့ ထည့်လိုက်သည့် ထိုအခိုက်အတန့်၌ပင် နှစ်ပေါင်းများစွာတိုင်အောင် တင်းကျပ်စွာ ပိတ်ဆို့ထားခဲ့ဖူးသော ကျောက်တံခါးကြီးက ဖြည်းညှင်းစွာဖြင့် ဝုန်းခနဲ ပွင့်ဟလာခဲ့ပြီး နှစ်ပေါင်း မရေတွက်နိုင်အောင် ချိပ်ပိတ်ခြင်း ခံထားရခဲ့ဖူးသော ရတနာတိုက်ကြီးက ယနေ့တွင် နောက်တစ်ကြိမ် ပြန်လည်၍ ပွင့်လာခဲ့ရချေပြီ။
ရှုချွမ်း ကျောက်တံခါးအတွင်းသို့ လှမ်း၍ ဝင်ရောက်သွားခဲ့ပြီးနောက် သူ၏ အနောက်ရှိ ကျောက်တံခါးကြီးသည်လည်း ဝုန်းခနဲ ပြန်လည်၍ ပိတ်သွားခဲ့တော့သည်။
သို့သော်လည်း အပြင် လောကကြီးအတွင်း၌မူ ယခုအခါ လုံးဝဥဿုံ အရူးအမူး ရုတ်ရုတ်သဲသဲ ဖြစ်ပျက်နေခဲ့ရချေပြီ။
အစီအရင် လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့သည်နှင့်အမျှ၊ ရတနာတိုက်ကြီးအတွင်းမှနေ၍ အရူးအမူး တောက်ပလှသော နတ်ဘုရားအလင်းတန်းများက ကောင်းကင်ယံထက်သို့ ပြင်းထန်စွာ ထိုးတက်သွားခဲ့ပြီး တောင်ဘက်ဒေသ တစ်ခုလုံးရှိ မည်သူမဆို ၎င်းကို မျက်ဝါးထင်ထင် ကောင်းစွာ မြင်တွေ့နိုင်လောက်အောင် ဖြစ်သွားခဲ့ရလေသည်။
ဤအခိုက်အတန့်တွင် ဆိတ်သုဉ်းခေါင်သီလှသော အရပ်အတွင်း တည်ရှိသည့် ဤ ‘ပေဟန်တောင်’ ဟူသော နာမည်က တောင်ဘက်ဒေသကြီးတစ်ခုလုံး၌ တစ်ခဏချင်းအတွင်း အလွန်တရာ ကျော်ကြားသွားခဲ့ရတော့၏။
ထို့ကြောင့် သူတို့အားလုံးက ‘နတ်ဆေး ဧကရာဇ်’ ချန်ထားခဲ့သော ဒဏ္ဍာရီလာ ရတနာတိုက်ကြီး ပေါ်ထွက်လာခဲ့ပြီ ဖြစ်ကြောင်း ကောင်းစွာ သိရှိသွားခဲ့ကြရပြီး ၎င်းက ဤပေဟန်တောင်အတွင်း၌ တည်ရှိနေခြင်း ဖြစ်သောကြောင့်တည်း။
သူတို့အားလုံး ဤမျှလောက်အထိ လျင်မြန်စွာ သိရှိသွားခဲ့ကြရခြင်း၏ အကြောင်းရင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကတည်းက တောင်ဘက်ဒေသတစ်ခုလုံး၌ ကောလာဟလ သတင်းတစ်ခု ပြင်းထန်စွာ ပြန့်နှံ့နေခဲ့ခြင်းကြောင့် ဖြစ်ပြီး နတ်ဆေး ဧကရာဇ်၏ ရတနာတိုက်ကြီးက ဆိတ်သုဉ်းခေါင်သီလှသော အရပ်အတွင်းရှိ ပေဟန်တောင်၌ တည်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်၏။
မူလက ဤကောလာဟလကို မည်သူမျှ မယုံကြည်ခဲ့ကြပေ ။
မည်သို့ပင်ဖြစ်စေ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း မရေတွက်နိုင်သော ကျင့်ကြံသူပေါင်းများစွာ ထိုအရပ်သို့ သွားရှာဖွေခဲ့ကြသော်လည်း မည်သူမျှ ရှာမတွေ့ခဲ့ကြဖူးသောကြောင့် ဖြစ်သည်။
သို့သော်လည်း ယနေ့တွင်မူ ကောင်းကင်ယံထက်သို့ ထိုးတက်နေသော ထိုတောက်ပလှသည့် ရတနာအလင်းတန်းကြီးက ဤကောလာဟလ သတင်းမှာ လုံးဝဥဿုံ မှန်ကန်ကြောင်း လက်တွေ့ သက်သေပြလိုက်ခြင်းပင် ဖြစ်ပေသည်။
ထို့ပြင် ဤသတင်းကို တောင်ဘက်ဒေသတစ်ခုလုံးသို့ တမင်တကာ ဖြန့်ဝေပေးခဲ့သော နောက်ကွယ်မှ ပုဂ္ဂိုလ်မှာမူ အခြားသူမဟုတ်ဘဲ ယင်ယန် မြင့်မြတ်နယ်မြေ၏ အရှင်သခင်ကိုယ်တိုင်ပင် ဖြစ်ပေသည်။
သူ ဤသို့ လုပ်ခဲ့ခြင်း၏ အကြောင်းရင်းမှာ သူက သး၏ သားနှင့် ညီဖြစ်သူကို သတ်သွားခဲ့သော ရှုချွမ်းအပေါ်သို့ အစွမ်းကုန် ကလဲ့စားချေလိုသောကြောင့် ဖြစ်ပေသည်။
သူ့အနေဖြင့် မရရှိနိုင်ခဲ့သော အရာတစ်ခုကို ရှုချွမ်းအနေဖြင့်လည်း လွယ်လွယ်ကူကူ ရရှိသွားရန် သူ လုံးဝ ခွင့်မပြုနိုင်ပေ ။