← Chapters

အခန်း ၃၄၁

Vol. 35 Ch. 341

အခန်း ၃၄၁

Vol. 35 Ch. 341

(အခန်း )၃၄၁

ဤလောကတွင် ဉာဏ်ကောင်းသူများ သေချာပေါက် များပြားလှသည်။

ဆိုလွန်သည် မူလက ဘုရင်မင်းမြတ်နှင့် မင်းသမီး ကျိယန်တို့၏ တစ်ခုတည်းသော နယ်ရုပ်လေး ဖြစ်ခဲ့ပြီး ထျန်းရွှေမြို့ စစ်ပွဲ အနိုင်ရပြီးနောက် မြစ်ကို အောင်မြင်စွာ ဖြတ်ကူးနိုင်ခဲ့သည်ဟု သတ်မှတ်ခံထားရ၏။

မြစ်ကူးသွားသော နယ်ရုပ်တစ်ရုပ်ကို ရထားရုပ်အဖြစ် အသုံးပြုနိုင်သော်လည်း နောက်ဆုံး၌ ရထားရုပ် အစစ်တော့ မဟုတ်ချေ။

ယခု သူတို့အရှေ့ရှိ ဆိုနင်ပင်း၏ ခင်ပွန်းဟောင်း အာရှီလော့ ဆိုသည့် ဆွဲဆောင်မှုရှိသော လူချောလေးမှာမူ ယုံမှားသံသယဖြစ်စရာမလိုအောင် အစစ်အမှန် ရထားရုပ် ဖြစ်နေသည်။

ထို့အပြင် ရူးသွပ်စွာ မောင်းနှင်လာသည့် ရထားရုပ်လည်း ဖြစ်၏။

သူက နုလန်ဘုရင့်နိုင်ငံရှိ အကြီးဆုံး မြေပိုင်ရှင်ကြီး၏ အမွေဆက်ခံသူဖြစ်ပြီး ကျယ်ဝန်းလှသော နယ်မြေများကို အုပ်စိုးမည့် ရိုရန်မြို့၏ အနာဂတ် သခင်ပင်။ သူ့၌ ပြည်သူ သန်းချီနှင့် တပ်ဖွဲ့ဝင် သိန်းချီ ရှိသည်။ ထိုမျှမက လောကတွင် အစွမ်းအထက်ဆုံးဟု တင်စားခံရသော ရိုရန် မြင်းစီးသူရဲများလည်း ရှိသေးသည်။

သူက ဆိုလွန်ထက် ဆယ်ဆမျှ ပိုမို ကြီးမားသော အင်အားကို ပိုင်ဆိုင်ထားပြီး အကယ်၍ မင်းသမီး ကျိယန် ဘက်၌သာ ရပ်တည်မည်ဆိုပါက ကျားသစ်ကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

အကျိုးအမြတ်များကို ချိန်ဆပြီးနောက် ကျိထင်၏ နောက်ကွယ်ရှိ လူများမှာ မည်သူ့ကိုရွေးချယ်ရမည် ဆိုတာ အလွန် ရှင်းလင်းနေလေပြီ။

ထို့အပြင် ကျိထင်၏ အမြင်၌ ဆိုနင်ပင်းကို သူမ၏ ဖောက်ပြန်တတ်သော ခင်ပွန်း အာရှီလော့ထံ ပေးအပ်လိုက်ခြင်းက ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်နိုင်သည့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေ ဖြစ်နေသည်။

ပထမအချက်အနေဖြင့် အာရှီ မိသားစု၏ မိတ်ဆွေဖွဲ့မှုကို ရရှိပြီး အာရှီလော့ကို မင်းသမီး ကျိယန် ဘက်၌ ရပ်တည်စေနိုင်မည်။

ဒုတိယအချက်အနေဖြင့် ဆိုလွန်နှင့် ဆိုနင်ပင်းတို့အကြား ဖောက်ပြန်နေကြောင်းကို ကျိထင် သိထားသည်။ ဤသို့ဖြင့် ဆိုနင်ပင်းက ခင်ပွန်းဖြစ်သူထံ ပြန်သွားနိုင်ပြီး ဆိုလွန်လည်း ငြိမ်ဝပ်ပိပြားသွားပေလိမ့်မည်။

ကျိထင်၏ အမြင်၌ ဤအရာက ဆိုလွန်အတွက် အပြည့်အဝ ကောင်းမွန်စေရန် ဖြစ်သည်။ ဆိုနင်ပင်းနှင့် သူ၏ တရားမဝင် ပတ်သက်မှုက အချိန်မရွေး ပေါက်ကွဲနိုင်သည့် အချိန်ကိုက်ဗုံး တစ်လုံးနှင့် တူညီနေ၏။

သဘာဝကျစွာပင် အာရှီလော့သည် ယောက်ျား၊မိန်းမ မခွဲခြားဘဲ ရက်စက်ကြမ်းကြုတ်ကာ ကာမရမ္မက် ကြီးမားသည့် မိစ္ဆာ တစ်ကောင် ဖြစ်သည်။

ရိုရန်မြို့သို့ ခေါ်ဆောင်သွားခံရပြီးနောက် ဆိုနင်ပင်း မည်ကဲ့သို့သော ရက်စက် ယုတ်မာသည့် နှိပ်စက်မှုမျိုး ခံစားရမည်ကိုတော့ ထိုအထက်တန်းလွှာလူများက ထည့်သွင်း စဉ်းစားမည် မဟုတ်ချေ။

နိုင်ငံတော်၏ အကျိုးစီးပွားအတွက် မိန်းမငယ်လေး တစ်ယောက်ကို စတေးလိုက်ရခြင်းက လုံးဝ ပုံမှန် မဟုတ်ပါလော။ ဆိုလွန် အနေဖြင့်လည်း နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အစ်မ တစ်ယောက်ကို စတေးလိုက်ရခြင်းက လုံးဝ ပုံမှန် ဖြစ်မနေဘူးလော။

အကယ်၍ စွန့်လွှတ် အနစ်နာမခံလိုပါက အခြေအနေ အရပ်ရပ်ကို ခြုံငုံကြည့်နိုင်စွမ်း မရှိဘူးဟု ဆိုလိုခြင်းပင်။ ထိုသို့ဆိုလျှင် ဆိုလွန်ဆိုသော နယ်ရုပ်မှာ ဆက်လက် ပျိုးထောင်ပေးရန် တန်ဖိုးရှိမည် မဟုတ်ချေ။

ထို့ကြောင့် ဆိုနင်ပင်းအတွက်နှင့် ဆိုလွန်က မိမိတို့ကို အပြည့်အဝ ဆန့်ကျင်လာမည်ဆိုပါက အရေးမပါသည့် အရာကို စွန့်လွှတ်ကာ အရေးကြီးသည့် အာရှီလော့ကို ရွေးချယ်ပြီး ဆိုလွန်ကို အပြည့်အဝ စွန့်ပစ်လိုက်ရမည်သာ။

ထို့အပြင် ဆိုလွန်သည် ကျိလီ၏ အင်အားစုများနှင့် နက်ရှိုင်းသော ရန်ငြိုး ရှိနေပြီးဖြစ်ရာ သူ၏ တစ်ခုတည်းသော ကျောထောက်နောက်ခံမှာ ဘုရင်မင်းမြတ်နှင့် ကျိထင်တို့သာ ကျန်တော့သည်။ ထို့ကြောင့် သူ့၌ လုံးဝ ရွေးချယ်စရာ ရှိမနေပေ။ အကယ်၍ ကျိထင်နှင့် လမ်းခွဲရန် ရွေးချယ်ပါက နုလန် ဘုရင့်နိုင်ငံ၌ ခြေချစရာ နေရာပင် ရှိတော့မည် မဟုတ်ဘဲ သင်္ဂြိုဟ်စရာ မြေတောင် မရှိဘဲ သေဆုံးသွားနိုင်၏။

ဤစကားများကို တိုက်ရိုက် ရေးသားထားခြင်း မရှိသော်လည်း အဓိပ္ပာယ်ကိုမူ ရှင်းလင်းစွာ ဖော်ပြထားလေပြီ။

ဆိုလွန် မိန်းမစိုး ကောင်းနင်ရှီကို ကြည့်လိုက်သည်။

“ဒါက မင်းသမီး ကျိယန်ရဲ့ ဆန္ဒလား... ဒါမှမဟုတ် ဘုရင်မင်းမြတ်ရဲ့ ဆန္ဒလား”

ကောင်းနင်ရှီ အေးစက်စွာ ဖြေလိုက်၏။

“ဘုရင်မင်းမြတ်၊ မင်းသမီး ကျိယန်နဲ့ မြို့စားကြီး ကျိထင်တို့က တစ်သွေးတည်း တစ်သားတည်းပဲ... အဲ့ဒီတော့ အမိန့်ကို နာခံမလား... ဒါမှမဟုတ် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံယူမလားပဲ”

အာရှီလော့ ဝင်ပြောလာသည်။

“ဆိုလွန်... ဒါက မင်းအတွက် နာကျင်ရမယ့် ကိစ္စဆိုတာ ငါ သိပါတယ်... ကိုယ်ချစ်ရတဲ့ မိန်းမကို တခြားသူဆီ ပေးလိုက်ရတာက ဂုဏ်သိက္ခာကို လုံးဝ စော်ကားခံလိုက်ရသလိုပဲလေ...”

“ဒါပေမဲ့ အချိန်နည်းနည်း ကြာရင် ကျင့်သားရသွားပါလိမ့်မယ်... ဒါကြောင့် မင်းရဲ့ အစ်မကို ငါ့ဆီ အပ်ပြီး ခေါ်သွားခွင့် ပြုလိုက်ပါ... သူ့ကို ငါ ကောင်းကောင်း ဆက်ဆံပါ့မယ်လို့ အာမခံတယ်”

အာရှီလော့သည် နောက်ဆုံးစကားလုံးအနည်းငယ်ကို ပြောရာ၌ လေသံကို ပိုမို ဖိပြောလိုက်ရာ လှောင်ပြောင် သရော်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေ၏။

ထို့နောက် အာရှီလော့၏ မျက်နှာထား ပြောင်းလဲသွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“ဒါနဲ့... မင်းအစ်မ ဆိုနင်ပင်းက အပျိုစင် ဖြစ်နေသေးတယ် မလား... မင်းတို့ နှစ်ယောက် ကြည်နူးနေတာက ပြဿနာ မရှိပေမဲ့ တကယ်တော့ မလုပ်ကြပါနဲ့... အဲ့လိုဆိုရင် ငါ ပြဿနာ အကြီးကြီး တက်လိမ့်မယ်”

ထို့နောက် သူက ဆိုနင်ပင်း၏ မျက်ခုံးများနှင့် ခြေတံများကို စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။ သူ၏ အကြည့်များက အလွန် ယုတ်မာ ကောက်ကျစ်လှပြီး သူ ကြည့်လိုက်သည့် နေရာတိုင်းမှာ အဆိပ်ရှိသော အင်းဆက်များ အကိုက်ခံရသကဲ့သို့ ခံစားရစေသည်။

“တော်သေးတာပေါ့”

သေချာကြည့်ပြီးနောက် အာရှီလော့ သက်ပြင်းချလိုက်သည်။

“မင်းအစ်မက အပျိုစင် ဖြစ်နေသေးတယ်... အခုချိန်ထိ ငါ့အတွက် ထိန်းသိမ်းထားပေးလို့ ကျေးဇူးပဲ... အခု သူ့ကို ငါ ခေါ်သွားတော့မယ်... နောက်ပိုင်း ရိုရန်မြို့ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ယောက်ဖ”

စကားအဆုံး၌ ဆိုနင်ပင်းကို ခေါ်ဆောင်သွားရန် ရှေ့သို့ လှမ်းတက်လိုက်၏။

ဆိုလွန် ရှေ့သို့ တစ်လှမ်း တိုးကာ ဆိုနင်ပင်း၏ အရှေ့၌ ဝင်ရပ်လိုက်သည်။

“ဆိုလွန်... ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် မလုပ်နဲ့”

မိန်းမစိုး ကောင်းနင်ရှီက အေးစက်စွာ သတိပေးလာသည်။

အာရှီလော့ ပြုံးကာ ပြောလိုက်သည်။

“ယောက်ဖ ဆိုလွန်... ငါ့ရဲ့ သိုင်းပညာက အရမ်း မြင့်တယ်... မင်းရဲ့ လူတွေနဲ့ဆိုရင် ငါ့ကို တားနိုင်မှာ မဟုတ်ဘူး... “

“ပြီးတော့ မင်းဘေးက သားရေဝတ်စုံ ကျပ်ကျပ်လေး ဝတ်ထားတဲ့ မိန်းကလေးက တော်တော်လေး မိုက်တယ်... သူ့ကိုပါ တစ်ပါတည်း ထည့်ပေးလိုက်ပါလား... ငါ့ဆီက မိန်းမချော နှစ်ယောက်နဲ့ လဲပေးမယ်လေ”

ဆိုလွန် ချက်ချင်းပင် အဖိုးတန်ဓားကို ဆွဲထုတ်လိုက်တော့၏။

သူ လှုပ်ရှားရန် အချိန်ပင် မရလိုက်ခင် ဘေး၌ ရပ်နေသော ရဲ့ကျင်းယွီက သူမ၏ ဓားကောက်ဖြင့် အာရှီလော့ဆီသို့ လျင်မြန်စွာ ခုတ်ပိုင်းချလာသည်။

ထိုအခါ အာရှီလော့၏ ဘေးမှ ဓားကောက်စစ်သည်များကလည်း ရှေ့သို့ ပြေးဝင်ရန် ပြင်လိုက်ကြ၏။

“မလာခဲ့ကြနဲ့... သူနဲ့ ငါ နည်းနည်းလောက် ကစားလိုက်ဦးမယ်... “

“ငါ အသတ်ခံရရင်တောင် မင်းတို့ တစ်ယောက်မှ ရှေ့တစ်လှမ်း မတိုးခဲ့နဲ့”

အာရှီလော့ အမိန့်ပေးလိုက်သည်။

သူ၏အမိန့်ကိုကြားလျှင် ဓားကောက် စစ်သည်များ အားလုံး နောက်ပြန် ဆုတ်သွားကြသည်။

“ရွှမ်း...”

ရဲ့ကျင်းယွီ အလွန် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး နဂါးစွမ်းအင်များကို အသုံးပြုကာ အာရှီလော့၏ မျက်နှာဆီသို့ အပြင်းအထန် ခုတ်ချလိုက်သည်။

“ဒေါင်...”

အာရှီလော့က သူ၏ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သကဲ့သို့ ရှိသော်လည်း လက်ချောင်း နှစ်ချောင်းဖြင့် ရဲ့ကျင်းယွီ၏ လျှပ်စီးတမျှ မြန်ဆန်သော ဓားကောက်ကို အလွယ်တကူ ညှပ်ဖမ်းလိုက်နိုင်သည်။

မျက်စိတစ်မှိတ်အတွင်းပင် ဓားကောက်မှာ တောင်တန်းကြီး တစ်ခုဖြင့် ဖိချထားခံရသည့်အလား ရဲ့ကျင်းယွီ အစွမ်းကုန် ရုန်းကန်သော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။

အာရှီလော့ လက်ကောက်ဝတ် တစ်ချက် လှည့်လိုက်ရာ ရဲ့ကျင်းယွီ၏ သွယ်လျသော ခန္ဓာကိုယ်လေး လွင့်စဉ်သွားပြီး တိုက်ခိုက်နိုင်စွမ်း အားလုံး ဆုံးရှုံးသွားသည်။

“ယား...”

နောက်တစ်စက္ကန့်၌ ဆိုလွန်၏ ဘေးမှ အဆင့်မြင့်စစ်သည် ဆိုဖေးယန် ရုတ်တရက် ပြေးထွက်လာပြီး သူ၏ ဓားဖြင့် အာရှီလော့ဆီသို့ အပြင်းအထန် ထိုးစိုက်လိုက်၏။

အာရှီလော့က သူ၏ ဓားကို ပေါ့ပေါ့ပါးပါးပင် ထပ်မံ ဖမ်းဆုပ်လိုက်ပြန်ကာ အနည်းငယ် လှည့်ချိုးလိုက်သည်။

ထိုအခါ ဆိုဖေးယန်၏ လက်ထဲရှိ ဓားမှာ အပိုင်းပိုင်းအစစ ကျိုးပဲ့သွားပြီး သွေးများ အန်ကာ လွင့်စဉ်သွားတော့သည်။

အာရှီလော့ လက်ချောင်းများကို ပွတ်သပ်ကာ ပြုံးလိုက်သည်။

“ငါ အစောကြီးကတည်းက ပြောထားသားပဲ... ငါ့ရဲ့ သိုင်းပညာက အရမ်း မြင့်တယ်... ဆယ်ထပ် တိုက်လောက်ကို မြင့်တာနော်”

ထို့နောက် သူက ဆိုလွန်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။

“ယောက်ဖ... မင်း နောက်မဆုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံရလိမ့်မယ်”

မိန်းမစိုး ကောင်းနင်ရှီ ဘေး၌ မလှုပ်မယှက် ဖြင့် ဘာမှ မမြင်လိုက်ရသကဲ့သို့ ရပ်နေသည်။

အာရှီလော့၏ သိုင်းပညာမှာ အလွန် မြင့်မားလွန်းလှသဖြင့် ယခုအချိန်၌ ဆိုလွန် ဆယ်ယောက် ရှိလျှင်ပင် သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။

ထို ဖောက်ပြန်နေသော အမျိုးသားက အနှေးပြကွက်ဖြင့် လှုပ်ရှားနေဟန်ဆောင်ကာ ဆိုနင်ပင်းကို ဖမ်းဆွဲရန် လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ ထို့နောက် လှောင်ပြောင်လိုသော အမူအရာဖြင့် ဆိုလွန်ကို လှည့်ကြည့်လာကာ သူ၏ နာကျင်နေသော မျက်နှာကို မြင်တွေ့လိုနေသည်။

အခြား ယောက်ျားတစ်ယောက် ချစ်ရသည့် မိန်းမကို လုယူရခြင်းထက် ပို၍ ကျေနပ်စရာကောင်းသည့် အရာရှိပါသလော။

ဤအချိန်၌ ကောင်းကင်မှ နတ်ဘုရား ဆင်းသက်လာခြင်း မရှိလျှင် အာရှီလော့ ဆိုနင်ပင်းကို ခေါ်ဆောင်သွားမည်ကို မည်သူမှ တားဆီးနိုင်မည် မဟုတ်ချေ။

ဆိုလွန် လှုပ်ရှားခြင်း မပြုပေ။ ထိုအစား သူ၏ ဓားကို ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ အော်ခေါ်လိုက်သည်။

“အဘိုးပိုင်... ခင်ဗျား ဒီမှာ ရှိနေတာကို ကျွန်တော် သိတယ်... ခင်ဗျား အမြဲတမ်း ဒီမှာ ရှိနေခဲ့တာပဲ... အခုချက်ချင်း ထွက်မလာရင် နောက်ကျသွားလိမ့်မယ်... ကျွန်တော် အော်လိုက်ရတော့မယ်”

ပတ်ဝန်းကျင်မှ မည်သည့် တုံ့ပြန်မှုမျှ မရှိလာချေ။

ဆိုလွန် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

“ဓားသခင် ပိုင်ရှောင်း... ကောင်း... ကင်...”

ဆိုလွန်တစ်ယောက် ကောင်းကင်သင်္ချိုင်း ဆိုသည့် စကားလုံးကို ဖြည်းညှင်းစွာ အသံထွက်လိုက်လျှင် ချက်ချင်းပင် အရိပ်ထဲ၌ ပုန်းအောင်း အသက်အောင့်ထားသည့် ဓားသခင် ပိုင်ရှောင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။

“ရွှီး...”

ပိုင်ရှောင်း၏ အရိပ်က လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ဆိုလွန်တို့၏ အရှေ့၌ ရပ်လိုက်သည်။

သူက များသောအားဖြင့် ကျင့်ကြံခြင်း၌သာအချိန်ကုန်ဆုံးလေ့ရှိသဖြင့် ဆိုလွန်၏ အနောက်သို့ အမြဲတမ်း လိုက်မနေနိုင်ချေ။ ထို့အပြင် ဆိုနင်ပင်းကို စောင့်ကြည့်နေခြင်းက ဆိုလွန်ကို စောင့်ကြည့်နေခြင်းနှင့် တူညီနေသောကြောင့် အမှောင်ထဲတွင် အမြဲပုန်းကွယ်နေလေ့ရှိ၏။

“အာရှီလော့... မင်း ထွက်သွားသင့်တယ်... ငါ့ကို အခက်တွေ့အောင် မလုပ်နဲ့”

ပိုင်ရှောင်း သတိပေးလိုက်လေပြီ။

အာရှီလော့က ဓားသခင် ပိုင်ရှောင်းကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် မေးလိုက်သည်။

“ခင်ဗျားက... ပိုင်ရှောင်းလား”

“ဟုတ်တယ်... ငါ ပိုင်ရှောင်းပဲ”

အာရှီလော့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“ဒီကနေ့မှာ တကယ့် ဆရာသခင်ကြီးကို တွေ့လိုက်ရပြီပဲ... ကျွန်တော် မေးခွန်းတစ်ခု မေးလို့ ရမလား”

“မေးလေ”

အာရှီလော့ မျက်လုံးများ တောက်ပလာကာ မေးလိုက်သည်။

“ခင်ဗျား ကိုယ့်အစ်မနဲ့ အတူအိပ်ခဲ့တာ... ခံစားလို့ ကောင်းလား”

ထိုမေးခွန်းကို ကြားသောအခါ ဓားသခင် ပိုင်ရှောင်း၏ မျက်နှာ တွန့်လိမ်သွားသည်။

အာရှီလော့ စူးစမ်းလိုစိတ် အပြည့်ဖြင့် ဆက်ပြောလာသည်။

“မြန်မြန် ပြောပြပါ... ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်နေတာ ကြာပြီ... ကျွန်တော် ကိုယ့်အစ်မကို သဘောကျနေပေမဲ့ ရှေ့ဆက်တိုးရမလား မသိဖြစ်နေလို့... ခင်ဗျားလို အတွေ့အကြုံရှိတဲ့သူဆီကနေ အကြံဉာဏ်တွေ လိုအပ်နေတာ”

ပိုင်ရှောင်း၏ မျက်နှာ ပြာနှမ်းသွားပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။

“ထွက်သွားစမ်း”

အာရှီလော့ မကျေမနပ် ပြောလာသည်။

“ခင်ဗျားက ဘာလို့ ဒီလိုမျိုးပြောရတာလဲ... ကျွန်တော်က ရိုးရိုးသားသား အကြံဉာဏ် တောင်းနေတာကို”

ပိုင်ရှောင်း သူ၏ လက်ကို ဓားလက်ကိုင်ရိုးပေါ် တင်လိုက်၏။

အာရှီလော့ စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်။

“ကောင်းပြီလေ... ခင်ဗျားက မပြောပြချင်မှတော့ ကျွန်တော့်ဘာသာပဲ ရှာဖွေကြည့်ရတော့မှာပေါ့... “

“ခင်ဗျားက တကယ် ထူးဆန်းတာပဲ... လုပ်တုန်းက လုပ်ရဲပြီး ပြောတော့ မပြောရဲဘူး... နယ်မြေ ဆုံးရှုံးသွားတာ အံ့ဩစရာ မရှိဘူးပဲ... ခင်ဗျားကမှ လုံးဝ အသုံးမကျတာ”

ဓားသခင် ပိုင်ရှောင်းတစ်ယောက် အနာဆုံး နေရာကို အထိုးခံလိုက်ရသည့်အလား မျက်နှာ တစ်ခုလုံး မည်းနက်သွားလေပြီ။

အပိုင်း ၃၄၁ ပြီး။

All Chapters