← Chapters

အခန်း ၃၄၃

Vol. 35 Ch. 343

အခန်း ၃၄၃

Vol. 35 Ch. 343

(အခန်း )၃၄၃

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ဆိုလွန် မြို့စားအိမ်တော်ထဲသို့ ဝင်ရောက်လာပြီး မောက်မာနေသော ကျိယိုး နှင့် တွေ့ဆုံလိုက်သည်။

ဤအချိန်၌ ကျိယိုးမှာ အလွန် ရှုပ်ထွေးသော စိတ်ခံစားမှု အခြေအနေတွင် ရှိနေပြီး ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေသော်လည်း ဒေါသထွက်မှုနှင့် စိတ်မရှည်မှုများလည်း ပါဝင်နေသည်။

ဆိုလွန်ကို မြင်သောအခါ သူက အေးစက်စွာ တစ်ချက် အကဲခတ်လိုက်ပြီးနောက် ပြောလိုက်၏။

“ဆိုလွန်... မင်းက တကယ့်ကို ပါရမီရှင်ပဲ... မင်း တကယ် လုပ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... “

“ခြောက်လအတွင်းမှာတင် မင်းက ဘာမှမရှိတဲ့ ဘဝကနေ ဧရာမ တပ်ကြီးတစ်ခုကို ကွပ်ကဲနိုင်တဲ့အထိ ဖြစ်လာတယ်... ပြီးတော့ ရူးသွပ်လုနီးပါး နည်းဗျူဟာတွေနဲ့ အင်အား အများကြီး သာလွန်တဲ့ တပ်ဖွဲ့ကိုတောင် အနိုင်ယူနိုင်ခဲ့ပြီး ထျန်းရွှေမြို့ စစ်ပွဲကို အနိုင်ရခဲ့တယ်... မင်း ငါတို့ကို တကယ် အထင်ကြီးစေခဲ့တာပဲ”

“သဘာဝကျကျပေါ့... သဘာဝကျကျပါပဲ...”

ဆိုလွန် တည်ငြိမ်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

“အမွေဆက်ခံသူ ကျိယိုး... နေကောင်းရဲ့လား”

ကျိယိုး အေးစက်စွာ ပြန်ဖြေလိုက်၏။

“ငါ ဒီကို ညှိနှိုင်းဖို့ လာတာ မဟုတ်ဘူး... အမိန့်ပေးဖို့ လာတာ”

ဆိုလွန် လက်ဖြန့်ပြလိုက်သည်။

“ပြောပါ”

ကျိယိုး နှာတစ်ချက်မှုတ်ကာ ပြောလိုက်သည်။

“မင်းသမီး ကျိနင်နဲ့ သခင်မလေး ထူလင်းတိကို ခြွင်းချက်မရှိ ပြန်လွှတ်ပေး...နောက်ပြီး သခင်လေး ကွေ့ချင်းကျုံး အပါအဝင် အဆင့်မြင့်စစ်သည်၊ မြေပိုင်ရှင်တွေ အားလုံးကိုလည်း ခြွင်းချက်မရှိ ပြန်လွှတ်ပေး...”

“အဲ့လိုမှ မဟုတ်ရင် မင်းနဲ့ မင်းရဲ့ ထျန်းရွှေမြို့က မြေမှုန့်အဖြစ် ပြောင်းလဲသွားလိမ့်မယ်”

သူက တကယ်ပင် အမိန့်ပေးရန် ရောက်လာခြင်းဖြစ်ပြီး ညှိနှိုင်းရန် မဟုတ်ချေ။

ကျိယိုး ထိုင်နေရာမှထရပ်ကာ ဆက်၍ပြောလာသည်။

“ဆိုလွန်... မင်းမှာ ခြောက်နာရီပဲ အချိန်ရှိတယ်”

“ခြောက်နာရီအတွင်း ကျိနင်နဲ့ အခြားသူတွေ ပေါ်မလာဘူးဆိုရင် မင်းကို ပုန်ကန်မှု နှိမ်နင်းရာမှာ ကူညီပေးမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ထျန်းရွှေမြို့ကို မြေပြင်နဲ့ တစ်ပြေးတည်း ဖြစ်အောင် ဖျက်ဆီးပစ်မယ်... “

“ထျန်းရွှေမြို့မှာ သူပုန်တွေ အများကြီး ကျန်နေသေးတယ်လို့ ငါတို့ ယုံကြည်တယ်... ပြီးတော့ အရေးအကြီးဆုံးက...”

ကျိယိုး စကားဆုံးအောင် မပြောဘဲ မြို့စားအိမ်တော်ထဲမှ ထွက်သွားလေပြီ။

သဘာဝကျစွာပင် သူ၏ အတွေးကို အဆုံးသတ် ပြောဆိုခဲ့ခြင်း မရှိချေ။ ကျိနင်နှင့် အခြားသူများ အားလုံးကို ပြန်လွှတ်ပေးလိုက်လျှင်ပင် ဆိုလွန်နှင့် သူ၏ ထျန်းရွှေမြို့မှာ ကျဆုံးရမည်သာ။

ဆိုလွန် ကျိယိုး ပျောက်ကွယ်သွားသည်ကို ကြည့်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး မျက်နှာကြက်ကို မော့ကြည့်နေလိုက်၏။

သူက ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ထျန်းရွှေမြို့ စစ်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်က ထျန်းရွှေမြို့အတွက် အန္တရာယ် အများဆုံး အချိန် ဖြစ်နေသည်။

ယခုအကျပ်အတည်းက ရုတ်တရက် ဆန်လွန်းနေပါသလော။ မှန်ပါသည်၊ အလွန် ရုတ်တရက် ဆန်လွန်း၏။ သို့သော်လည်း လုံးဝ သတိပေးချက် မရှိဘဲ ဖြစ်ပေါ်လာခြင်းမျိုးတော့ မဟုတ်ချေ။

ဤ ပျက်စီးစေနိုင်သော အကျပ်အတည်းကို သူ ကျော်ဖြတ်နိုင်မည်လော။

ခုနစ်ပုံက သူ၏ ဉာဏ်ပညာပေါ်မူတည်ကာ သုံးပုံကတော့ ကံကြမ္မာပေါ် မူတည်နေ၏။ ယခုတစ်ကြိမ် ကံကြမ္မာက သူ့ ဘက်၌ ရှိနေရန် မျှော်လင့်ရပေမည်။

ဆိုလွန် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် မြို့စားအိမ်တော်၏ မြေအောက် အကျဉ်းထောင်ဆီသို့ လျှောက်သွားလိုက်သည်။ ထိုနေရာ၌ အရေးအကြီးဆုံး အကျဉ်းသားဖြစ်သည့် မင်းသမီး ကျိနင်ကို ဖမ်းဆီးထား၏။

ထျန်းရွှေမြို့၏သေရေးရှင်ရေး အကျပ်အတည်းကို ကျော်ဖြတ်နိုင်မည်လား ဆိုသည်မှာ ကျိနင်အပေါ်၌ ကြီးမားစွာ မူတည်နေလေပြီ။

……

အကျဉ်းခန်း တစ်ခုဖြစ်သော်လည်း ခမ်းနားထည်ဝါပြီး မြေပြင်သို့ ဦးတည်နေသည့် ပြတင်းပေါက် တစ်ပေါက်ပင် ပါဝင်နေသည်။

မင်းသမီး ကျိနင် ကြေးမုံပြင် အရှေ့၌ ကျက်သရေရှိစွာ ထိုင်လျက် ခေါင်း ဖြီးနေသည်။ သူမ၏ ကိုယ်လုံးလေးမှာ ကော့ညွှတ်နေသော ခါး၊ ပြည့်တင်းသော တင်ပါး လေးဖြင့် ဆွဲဆောင်မှု အပြည့် ရှိနေ၏။

ဤအချိန်၌ သူမ အခြေအနေ ကောင်းမွန်နေပြီး အကျဉ်းသား တစ်ဦး၏ စိတ်ပျက်အားငယ်မှုမျိုး လုံးဝ မရှိချေ။ လွန်ခဲ့သည့် ရက်အနည်းငယ် ရှုံးနိမ့်ခဲ့စဉ်က အခြေအနေနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပြီး တေးသွားလေး တစ်ခုကိုပင် ညည်းတွားနေသေးသည်။

သလင်းကျောက် ကြေးမုံပြင်မှတစ်ဆင့် အကျဉ်းခန်း တံခါး ပွင့်လာပြီး ဆိုလွန် ဝင်ရောက်လာသည်ကို သူမ မြင်လိုက်ရသည်။

“ဆိုလွန်... မင်း အသက်ချမ်းသာပေးဖို့ တောင်းပန်မလို့ လာတာလား”

မင်းသမီး ကျိနင် လှောင်ပြုံး ပြုံးကာ မေးလိုက်သည်။

“အခုဆို နောက်ကျသွားပြီ... ဘာမှ အသုံးမဝင်တော့ဘူး...ထျန်းရွှေမြို့ အပျက်အစီးတွေ အဖြစ် ပြောင်းလဲသွားပြီး သေဖို့သာ စောင့်နေလိုက်တော့...”

မည်သည့် နည်းလမ်းကိုအသုံးပြုမှန်းမသိရသော်လည်း မြို့စားကြီး ကျိဝေ ၏ တပ်ဖွဲ့ဝင် တစ်သိန်းက ထျန်းရွှေမြို့ဆီသို့ ချဉ်းကပ်လာနေပြီ ဆိုသည်ကို ကျိနင်တစ်ယောက် သိရှိထားပြီး ဖြစ်သည်။

ဆိုလွန် သူမ၏ ဆွဲဆောင်မှုရှိသော ကျောပြင်လေးကို ငေးကြည့်ကာ ပြောလိုက်သည်။

“မဟုတ်ဘူး... ငါ မင်းကို တောင်းပန်ဖို့ လာတာ မဟုတ်ဘူး... ငါ လာတာက... မင်းနဲ့ အတူအိပ်ဖို့ပဲ”

စကားအဆုံး၌ ဆိုလွန် ရှေ့သို့ လှမ်းတက်သွားပြီး သူမကို ဆွဲယူကာ မြေပြင်ပေါ်သို့ ဖိချလိုက်ပြီး နှုတ်ခမ်းကို အပြင်းအထန် နမ်းရှိုက်တော့သည်။

ကျိနင် အလွန် အံ့ဩသွားရသည်။ သူမ၏ အော်ဟစ်သံများမှာ ဆိုလွန်၏ အနမ်းများအောက်တွင် လုံးဝ ပျောက်ကွယ်သွားပြီး ဆိုလွန်၏ လျှာက အထဲသို့ လျှောဝင်သွားသလို သူ၏ လက်များကလည်း သူမ၏ အဝတ်အစားများထဲသို့ လျှောဝင်လာလေပြီ။

ဖြစ်ပျက်သွားသည်မှာ အလွန်လျင်မြန်ပြီး တိုက်ရိုက်ဆန်လွန်းလှသည်။

ချက်ချင်းပင် ကျိနင်တစ်ယောက် လက်တွေ့ကမ္ဘာနှင့် အိပ်မက်ကမ္ဘာကြား မည်သည်က အစစ်အမှန်ဖြစ်ကြောင်း သဲသဲကွဲကွဲ မခွဲခြားနိုင်တော့ချေ။

ယခင် တော်ဝင်အကယ်ဒမီ ဘွဲ့ယူစာမေးပွဲ ပြီးကတည်းက သူမ ညတိုင်းလိုလို အိပ်မက်ဆိုးများ မက်လေ့ရှိ၏။ သေချာတွေးကြည့်လျှင် ဤသည်က အိပ်မက်ဆိုးလော၊ သာယာဖွယ် အိပ်မက်လော ဆိုသည်ကိုပင် ကွဲကွဲပြားပြား မသိတော့ပေ။

အိပ်မက်တိုင်း၌ ဆိုလွန်က သူမကို အကြိမ်ကြိမ် အတင်းအဓမ္မ ပြုကျင့်တတ်သည်။ အကြိမ်တိုင်း၌ မတူညီသည့် နည်းလမ်းမျိုးစုံကို အသုံးပြုလေ့ရှိသည်။

ထိုအိပ်မက်များ၏ အရင်းအမြစ်မှာ ဆိုလွန် မြှားပစ်ရာတွင် ပစ်မှတ်များကို မျက်လုံးစုံမှိတ် ပစ်ခတ်ကာ အကုန်လုံးကို ထိမှန်သွားစေခဲ့ပြီးနောက် သူမ၏ နားထဲသို့ တိုးတိုးလေး ပြောခဲ့သည့် စကားများကြောင့်ပင်။

“ကျိနင်... တစ်နေ့ကျရင် ငါ မင်းကို အရင်ဆုံး အတင်းအဓမ္မ ပြုကျင့်ပြီးမှ သတ်ပစ်မယ်”

ထိုအချိန်မှစ၍ ညဘက် အိပ်ပျော်သွားသည့် အချိန်တိုင်း ဆိုလွန်က သူမ၏ အိပ်မက်ထဲ ရောက်လာကာ အတင်းအဓမ္မ ပြုကျင့်တော့သည်။

ထိုကိစ္စက ကျိနင်ကို အလွန် နာကျင်စေခဲ့ပြီး အိပ်ပင် မအိပ်ရဲတော့ချေ။ ထို့ကြောင့် သူမ မြင့်မြတ်နတ်နဂါးကျောင်းတော်မှ စိတ်ဝိညာဉ်သခင်ထံ အကူအညီ သွားတောင်းခဲ့သေး၏။

သို့သော် စိတ်ဝိညာဉ်သခင်က ယင်းမှာ စိတ်ပူပန်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မှတ်ဉာဏ်များကို ဖျက်ပစ်ရန် ကောင်းမွန်သည့် နည်းလမ်း မရှိကြောင်း ပြောဆိုခဲ့သည်။

ထိုအခါမှ ကျိနင်လည်း တဖြည်းဖြည်း ကျင့်သားရလာခဲ့သည်။

သို့သော် ကြောက်စရာအကောင်းဆုံးအရာမှာ ထိုကဲ့သို့အိပ်မက်မျိုး၌ သာယာမှု ခံစားလာရကာ အမှန်တကယ်ဖြစ်လာစေရန် မျှော်လင့်မိနေခြင်းပင်။

ထိုအိပ်မက်များက အလွန် အစစ်အမှန်နှင့် တူလွန်းလှသည်။ သို့သော် သူမက အမြဲတမ်း မိမိကိုယ်ကို ထိန်းချုပ်ထားခဲ့ကာ အသက် ၂၂ နှစ် အရွယ် ရှိနေပြီဖြစ်သော်လည်း ယောက်ျားနှင့် မိန်းမကြားရှိ ကိစ္စရပ်များကို တစ်ခါမှ မကြုံဖူးသေးချေ။

သူမက အရာအားလုံးကို နားလည်ထားသော်လည်း လက်တွေ့ တစ်ခါမှ မစမ်းသပ်ဖူးပေ။

သို့ရာတွင် အလွန် ပီပြင်လှသည့် ထိုအိပ်မက်ထဲ၌ အထွတ်အထိပ် ရောက်ရခြင်း၏ သာယာမှုက လက်တွေ့ကမ္ဘာနှင့် လုံးဝ ကွာခြားမှု မရှိချေ။ သူမ၏ စိတ်ထဲ၌ ထိုအချက်ကို ငြင်းဆန်ထားသော်လည်း အိပ်စက်ရမည်ကို မကြောက်ရွံ့တော့သည့်အပြင် အိပ်ရာမဝင်ခင် သက်ဆိုင်ရာ စာအုပ်များကိုပင် တကူးတက ရှာဖွေဖတ်ရှုလာသေး၏။

သူမ သိရှိလာသော ဗဟုသုတအသစ်များနှင့်အတူ အိပ်မက်ထဲ၌ ပုံရိပ်အသစ်၊ ခံစားချက်အသစ်များကို ရရှိလာခဲ့သည်။ သို့သော်လည်း လက်တွေ့ဘဝက ထိုမျှ အဓိပ္ပာယ်မဲ့လွန်းလှသည်။

ထိုအိပ်မက်ဆိုးများကို နာကျင်စရာဟု မထင်တော့ဘဲ သာယာလာသည့် အချိန်ရောက်မှပင် အိပ်မက်များက ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

ညတိုင်း မက်နေကျ အိပ်မက်မှ သုံးလေးရက် တစ်ကြိမ်သာ မက်တော့သည်။ နောက်ဆုံး၌ လုံးဝ ပျောက်ကွယ်သွားခဲ့၏။

ကျိနင် တစ်ခါတစ်ရံ ဝိုင်သောက်ကာ တမင်တကာ စောစော အိပ်ရာဝင်ကြည့်သော်လည်း ထိုကဲ့သို့အိပ်မက်မျိုး ထပ်မံ ပေါ်မလာတော့ချေ။

သို့ရာတွင် ယခုအခါ၌ ထိုအိပ်မက်က တစ်ဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီ။

ယင်းက အိပ်မက်ထက် အများကြီး ပို၍ အစစ်အမှန်ဆန်ပြီး နှိုးဆွမှုကလည်း အလွန် ပြင်းထန်လွန်းလှသည်။ ဆိုလွန်က သူမ၏ ပန်းရောင် လျှာလေးကို ဖမ်းဆွဲကာ အစွမ်းကုန် စုပ်ယူပြီး ဖွဖွလေး ကိုက်ခဲလိုက်လျှင် ကျိနင်၏ တစ်ကိုယ်လုံးမှာ အပြင်းအထန် တုန်ရီသွားတော့သည်။

ယခင် အိပ်မက်မက်ခဲ့သည့် အချိန်မှစ၍ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။ နှစ်လလား။ သုံးလလား။

သူမက ရင့်ကျက်သော မိန်းမတစ်ယောက် ဖြစ်သည့်အတွက် ခန္ဓာကိုယ်ထဲ၌ မကြာခဏဆိုသလို မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ခံစားရလေ့ရှိသည်။ သို့သော် အိပ်မက်မမက်သည့် အချိန်များအတွင်း နေ့ရက်တိုင်းက ထိုမီးတောက်ကို ဆီလောင်းပေးနေသကဲ့သို့ ဖြစ်နေပြီး ယခုအခါ ပိုမို ပြင်းထန်စွာ လောင်ကျွမ်းလာလေပြီ။

သူမ၏ ခန္ဓာကိုယ်က ရေလှောင်တမံ တစ်ခုနှင့် တူညီပြီး ရမ္မက်ဆန္ဒများက ရေလွှမ်းမိုးမှုကြီးနှင့် တူနေသည်။ အိပ်မက် မမက်တော့သည့် အချိန်မှစ၍ ခိုင်မာလှသော တမံကြီးက ထိုရေလွှမ်းမိုးမှုကို အနည်းငယ်မျှပင် စိမ့်ထွက်ခွင့် မပေးဘဲ အသေအချာ တားဆီးထားခဲ့သည်။

သို့သော် နေ့စဉ်ရက်ဆက် ရေများ စီးဝင်နေသဖြင့် ရေမှတ်က တဖြည်းဖြည်း မြင့်တက်လာ၏။ သူမ နေ့တိုင်း ထိန်းချုပ်ထားရပြီး ရမ္မက်ဆန္ဒဖြစ်စေ၊ ဖိအားဖြစ်စေ အရာအားလုံးကို အတင်းအကျပ် မျိုသိပ်ထားခဲ့ရသည်။

အထွတ်အထိပ်အထိ ဖိနှိပ်ထားခံရသဖြင့် ပေါက်ကွဲထွက်ချင်နေပြီ ဖြစ်သော်လည်း အသိတရားဆိုသည့် တမံကြီးက အလွန် ခိုင်မာနေသောကြောင့် ပေါက်ကွဲထွက်ခွင့် မရခဲ့ချေ။

သို့ရာတွင် ယခုအခါ၌ ဆိုလွန်က ထိုတမံကြီးကို အပြင်းအထန် ဖောက်ချလိုက်လေပြီ။ ချက်ချင်းပင် ကြီးမားလှသည့် ရေလှိုင်းလုံးကြီးများက ရူးသွပ်စွာ စီးဆင်းလာပြီး ထိုပြင်းထန်မှုက အရာအားလုံးကို မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးပစ်လုနီးပါး ဖြစ်သွားသည်။

ကျိနင်၏ ခန္ဓာကိုယ်မှာ မီးလောင်နေသကဲ့သို့ ပူနွေးနေကြောင်း ဆိုလွန် ခံစားလိုက်ရသည်။ နီမြန်းနေသည့် အသားအရေလေးက အလွန် ပူလောင်နေသည့်အလား ထင်မှတ်ရ၏။

သူက အားကုန်သုံးကာ စုပ်ယူ နမ်းရှိုက်လိုက်ပြီးနောက် ကြီးမားသော လက်တစ်ဖက်ဖြင့် ကျိနင်၏ အရေးကြီးသော နေရာဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။

ကျိနင် လျှပ်စစ်ရှော့တိုက်ခံလိုက်ရသည့်အလား ပြင်းထန်စွာ တုန်ရီသွား၏။

……

ရုတ်တရက် ကျိနင် ဘာကို တွေးမိသွားသနည်း မသိချေ။ ရမ္မက်များဖြင့် ဝေဝါးနေသော မျက်လုံးများ ချက်ချင်း ပြန်လည် ကြည်လင်လာပြီး အစွမ်းကုန် ရုန်းကန်လာတော့သည်။

“ဆိုလွန်... ငါ့ကို လွှတ်စမ်း... လွှတ်ပေး”

သို့သော် ယခုအချိန်၌ သူမအနေဖြင့် ဆိုလွန်ကို တွန်းဖယ်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် လှပသော သွားလေးများဖြင့် အားကုန်ကိုက်ချလိုက်၏။

ဆိုလွန်၏ လျှာ အကိုက်ခံလိုက်ရပြီး ကျိနင်၏ တွန်းဖယ်ခြင်းကို ခံလိုက်ရသည်။

ထို့နောက် ကျိနင် အလျင်အမြန် နောက်ဆုတ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“ဆိုလွန်... ငါ သတိပေးလိုက်မယ်... နင်သာ ငါ့ကို စော်ကားရဲရင် နင့်ကိုရော နင့်အစ်မကိုရော နင့်မိန်းမကိုပါ အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်လို့ အာမခံတယ်... နင့်ဘေးနားက လူတွေ အကုန်လုံးကို အရေခွံခွာပြီး သတ်ပစ်မယ်”

ဆိုလွန် ရှေ့သို့ လှမ်းတက်လာပြီး စိုစွတ်နေသော လက်ကို ကျိနင်၏ အရှေ့သို့ ဆန့်ထုတ်ပြကာ ပြောလိုက်သည်။

“မင်းက တော်တော်လေး သာယာနေတာ သိသာပါတယ်”

“ချီးပဲ”

ကျိနင် လှောင်ပြုံးပြုံးကာ ဆဲရေးလိုက်သည်။

သူမ၏ စိတ်များ လွင့်မျောနေလျက်နှင့် အဘယ်ကြောင့် ဆိုလွန်ကို ရုတ်တရက် တွန်းဖယ်လိုက်ရသနည်း။

သူမ အလွန် အရေးကြီးသည့် ကိစ္စတစ်ခုကို သတိရသွားသောကြောင့်ပင်။ သူမ လက်ထပ်ရမည် ဖြစ်ပြီး စေ့စပ်ထားသူလည်း ရှိနေသည်။ ထို့အပြင် တစ်ဖက်လူက အလွန် အရေးပါသော ပုဂ္ဂိုလ်ဖြစ်ပြီး လက်မထပ်ခင်သာ အပျိုစင်ဘဝကို ဆုံးရှုံးသွားပါက နောက်ဆက်တွဲ ဆိုးကျိုးမှာ အလွန် ပြင်းထန်ပေလိမ့်မည်။

အပိုင်း ၃၄၃ ပြီး။

All Chapters