← Chapters

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း ၃၄၄

Vol. 35 Ch. 344

(အခန်း )၃၄၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ထိုအချိန်တွင် ဆိုလွန် ရုတ်တရက်ပြုံးလိုက်သည်။

“အခုချိန်မှာ မင်း ငါ့ကို တားနိုင်မှာ မဟုတ်ဘူး... ဒီနေရာမှာ မင်း လည်ချောင်းကွဲမတတ် အော်နေရင်တောင် ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး”

ကျိနင် ခြိမ်းခြောက်၍မရမှန်းသတိထားမိသောအခါ ပုံစံပြောင်း၍ ကမ်းလှမ်းလာသည်။

“ငါတို့ ညှိနှိုင်းကြရအောင်... နင်သာ ငါ့ကို လွှတ်ပေးပြီး အပျိုစင်ဘဝကို မဖျက်ဆီးဘူးဆိုရင် နင့်ကိုရော နင့်အစ်မကိုပါ အသက်ချမ်းသာပေးမယ်”

“ငါ့ရဲ့ ထျန်းရွှေမြို့ကရော”

ဆိုလွန် မေးလိုက်သည်။

“ထျန်းရွှေမြို့အတွက်တော့ အိပ်မက် မမက်နဲ့တော့... ငါတို့က ကြီးမားတဲ့ တန်ဖိုးတွေ ပေးဆပ်ခဲ့ရတာမလို့ ထျန်းရွှေမြို့ကို တောင်ပိုင်း လူရိုင်းလွင်ပြင်ဆီ ချီတက်မယ့် အဓိက စစ်ဌာနချုပ် အဖြစ် အသုံးပြုရမယ်”

ထိုစကားကြားလျှင် ဆိုလွန် ခေါင်းရမ်းလိုက်သည်။

“အဲ့ဒါဆိုရင်တော့ တောင်းပန်ပါတယ်... ထျန်းရွှေမြို့ကို ဆုံးရှုံးလိုက်ရရင် ငါ အသက်ရှင်နေလည်း ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်တော့ဘူး... အဲ့ဒီတော့ မသေခင်မှာ ကောင်းကောင်းလေး ပျော်ရွှင်သွားတာက ပိုကောင်းမယ်”

ထို့နောက် ဆိုလွန် မိစ္ဆာကြီး တစ်ကောင်အလား ကျိနင်ဆီသို့ ချဉ်းကပ်လာပြန်သည်။

ရက်စက် ကောက်ကျစ်လှသော ကျိနင်မှာ ယခုအခါ၌ ယုန်ဖြူလေး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ဆိုလွန် တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျိနင်က သူမ၏ အပျိုစင်ဘဝကို ကာကွယ်ရန် ခြေထောက် နှစ်ဖက်ကို အစွမ်းကုန် စေ့ထားပြီး အနောက်သို့ ဆုတ်သွားသည်။ မကြာမီမှာပင် ထောင့်တစ်နေရာသို့ ရောက်ရှိသွားကာ ဆက်၍ဆုတ်စရာ နေရာ မရှိတော့ချေ။

“ကောင်းပြီ... ကောင်းပြီ”

ကျိနင် အံကြိတ်ကာ ပြောလိုက်သည်။

“နင် ထျန်းရွှေ မြို့စား အဖြစ် ဆက်ရှိနေလို့ ရတယ်... ဒါပေမဲ့ နာမည်ခံပဲ ဖြစ်ရမယ်... ပြီးတော့ တော်ဝင်မြို့တော်က မြို့စားအိမ်တော်မှာပဲ နေရမယ်... ထျန်းရွှေမြို့ကိုတော့ ငါတို့ကို အပြည့်အဝ အုပ်ချုပ်ခွင့် ပေးရမယ်”

“မကောင်းသေးဘူး”

ဆိုလွန် လှောင်ပြုံးပြုံးလျက် ရှေ့သို့ တစ်လှမ်း တိုးကာ ပြောလိုက်၏။

“ငါက တရားဝင် ထျန်းရွှေမြို့စား ဖြစ်ရမယ်... မင်းတို့ တောင်ပိုင်း လူရိုင်းလွင်ပြင်ကို တိုက်ခိုက်ဖို့ ကိစ္စမှာ ငါ ထောက်ပံ့ပေးနိုင်တယ်... ဒါပေမဲ့ ငါက တောင်ပိုင်းစစ်တပ်ရဲ့ တပ်မှူးချုပ် တစ်ယောက် ဖြစ်ရမယ်”

ကျိနင် ငြင်းဆန်လိုက်သည်။

“အိပ်မက်မက်နေလိုက်... လေထဲ တိုက်အိမ် ဆောက်နေလိုက်... ဒီ အခြေအနေကို ငါ သေရင်တောင် လက်ခံမှာ မဟုတ်ဘူး... နင် ငါ့ကို အတင်းအဓမ္မ လုပ်ချင်ရင်လည်း လာခဲ့လိုက်”

ထို့နောက် ကျိနင် မျက်လုံးများကို မှိတ်လိုက်ပြီး ကံကြမ္မာကို လက်ခံလိုက်သည့်အလား နောက်ထပ် အလျော့မပေးတော့ချေ။

ဆိုလွန် ရှေ့သို့ လှမ်းတက်သွားပြီး သူမ၏ အဝတ်အစားများကို ဖမ်းဆွဲကာ အပြင်းအထန် ဆွဲဖြဲရန် ပြင်လိုက်သည်။

ကျိနင် လန့်ဖြတ်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

“ရပ်... ရပ်လိုက်စမ်း... ဆိုလွန် နင်က တိရစ္ဆာန်ပဲ... ယုတ်မာတဲ့ ကောင်... ငါလို မိန်းမတစ်ယောက်ကို ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေ သုံးတာ ဘယ်လိုလုပ် သူရဲကောင်း ဖြစ်မှာလဲ”

“ငါက သူရဲကောင်း မဟုတ်ဘူး”

ဆိုလွန် ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။

ကျိနင် ထပ်မံ ခြိမ်းခြောက်လာသည်။

“နင်သာ ငါ့ကို စော်ကားလိုက်ရင် ယန်ရွှမ်း သိသွားတဲ့အခါ နောက်ဆက်တွဲ ဆိုးကျိုး တွေဘယ်လိုဖြစ်လာမလဲဆိုတာ သိရဲ့လား”

ဆိုလွန် ပခုံးတွန့်ပြလိုက်၏။

“ဘာများ ကြီးကျယ်သွားမှာမလို့လဲ... အဆိုးဆုံးက အဝတ်လျှော်ပျဉ်ပြားပေါ် တစ်လလောက် ဒူးထောက်ရုံပေါ့... “

“မိန်းမတွေနဲ့ ပတ်သက်လာရင် ယောက်ျားတွေက ဒူးထောက်ဖို့ ဝန်မလေးသရွေ့ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာဆိုတာ မရှိဘူး”

“အရှက်မရှိတဲ့ကောင်... အရှက်မဲ့လိုက်တာ”

ကျိနင် အံကြိတ်ထားရင်း သွေးတက်မတတ် ဖြစ်သွားကာ အလွန်အမင်း ဒေါသထွက်နေသော်လည်း ဘာပြန်ပြောရမည်ကို မသိတော့ချေ။

ဆိုလွန် သူ၏ လက်ကို သူမ၏ အဝတ်အစားများထဲ ထိုးသွင်းလိုက်ပြီး ဆွဲဖြဲမည့် ဟန်ပြင်ကာ ပြောလိုက်သည်။

“မင်းသမီး ကျိနင်... မင်း မြန်မြန် ဆုံးဖြတ်တာ ပိုကောင်းမယ်... ငါ့ရဲ့ သွေးကြောတွေက ပေါက်ကွဲထွက်တော့မလို ဖြစ်နေပြီ... အခုလိုမျိုး ဆက်ပြီး အလျော့မပေးရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ငါလည်း မသိဘူးနော်”

မင်းသမီး ကျိနင် ဆိုလွန်ကို စိုက်ကြည့်ကာ စကားလုံး တစ်လုံးချင်းစီကို ပီသစွာ ပြောလိုက်၏။

“နောက်ဆုံး အခြေအနေပဲ... ဒီထက်တော့ လုံးဝ ကျော်လွန်ခွင့် မရှိဘူး... ထျန်းရွှေမြို့ မြောက်ပိုင်းကို နင့်ကို ပေးမယ်... ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်နဲ့ လူရိုင်းချောက်ကမ်းပါး ခံတပ် အပါအဝင် မြို့တောင်ပိုင်းကိုတော့ ငါတို့ကို ပေးရမယ်”

ဆိုလွန် မေးလိုက်သည်။

“ငါက ထျန်းရွှေမြို့ရဲ့ နယ်မြေ အများစုကို ဆုံးရှုံးရမှာလား”

ကျိနင်က ပြန်ဖြေ၏။

“နင့်အသက်နဲ့ နယ်မြေ တစ်ဝက်ကို ကာကွယ်နိုင်တာကပဲ နင့်အတွက် အကောင်းဆုံး ရလဒ်ပဲ”

ဆိုလွန် ရုတ်တရက် မေးလိုက်သည်။

“မင်းက ဘာလို့ အပျိုစင်ဘဝ ဆုံးရှုံးရမှာကို အဲ့ဒီလောက်တောင် ကြောက်နေရတာလဲ”

ကျိနင် ချက်ချင်း တုံ့ပြန်လာ၏။

“ငါက အထက်တန်းလွှာ မင်းသမီး တစ်ပါးလေ... အပျိုစင်ဘဝကို အသက်လို သဘောထားတယ်”

ဆိုလွန် နှုတ်ခမ်းမဲ့လိုက်သည်။

“လျှောက်မပြောပါနဲ့... ငါကောမင်းကော အထက်တန်းလွှာ မိသားစုက လူတွေပဲ... ဘယ်သူ့ကို လာလိမ်နေတာလဲ... “

“အစကတည်းက မင်း ငြင်းဆန်ခဲ့တာမှ မဟုတ်တာ... မင်းရဲ့ တုံ့ပြန်မှုက ငါ့ထက်တောင် ပိုပြီး ပြင်းထန်နေသေးတယ်”

“ငါ့မှာ စေ့စပ်ထားတာ ရှိတယ်... လက်ထပ်ရမှာ”

ကျိနင် ဖြေလိုက်သည်။

“တစ်ဖက်လူက ဘယ်သူလဲ”

ဆိုလွန် မေးလိုက်၏။

ကျိနင် နှာခေါင်းရှုံ့လိုက်သည်။

“ဘယ်သူလဲ ဆိုတာ သိပြီး ဘာလုပ်မလို့လဲ... ဘယ်လိုပဲဖြစ်ဖြစ် နင့်ထက် အဆတစ်ရာလောက် ပိုပြီး မြင့်မြတ်တဲ့သူပဲ”

“ဘယ်သူလဲ”

ဆိုလွန် အားကုန်သုံးကာ သူမ၏ကနုယ်လူံလေးကိုဆုပ်ကိုင်လိုက်သည်။

ကျိနင်၏တစ်ကိုယ်လုံးတုန်ရီသွားပြီး လုံးဝ အရှုံးပေးရလုနီးပါး ဖြစ်သွားသည်။

“လောကကို စိုးမိုးထားတဲ့ မီးလျံအင်ပါယာက မင်းသား ကျိမင်ပဲ”

ကျိနင် အလျင်အမြန် ဖြေလိုက်ရသည်။

ထိုသူမှာ အမှန်တကယ်ပင် အလွန် ကြီးမြတ်လှသော ပုဂ္ဂိုလ်ဖြစ်ပြီး လေဟာနယ်ထဲသို့ သွားနိုင်သည့် ထိပ်တန်း အဆင့်ရှိသူပင်။

ဆိုလွန် ယုတ်မာစွာ ပြုံးလိုက်၏။

“အဲ့ဒါဆိုရင် မင်းရဲ့ အပျိုစင်ဘဝက အရမ်း အရေးကြီးပြီး အရမ်းကို တန်ဖိုးရှိတာပဲ”

ကျိနင်၏ မျက်နှာထား ပြောင်းလဲသွားလေပြီ။

“ဆိုလွန်... နင် ဘာအဓိပ္ပာယ်လဲ... တစ်ခုခုကို ထပ်ပြီး အကျပ်ကိုင်ဖို့ တွေးမနေနဲ့တော့”

ဆိုလွန် ပြောလိုက်သည်။

“ငါ့ရဲ့ နောက်ဆုံး အခြေအနေကို ပြောမယ်... လူရိုင်းချောက်ကမ်းပါး ခံတပ်ကို ငါ စွန့်လွှတ်နိုင်တယ်... ဒါပေမဲ့ ကျန်တဲ့ နေရာတွေကိုတော့ တစ်လက်မတောင် အလျှော့မပေးနိုင်ဘူး”

“မဖြစ်နိုင်ဘူး”

ကျိနင် ချက်ချင်း ငြင်းဆန်လိုက်၏။

“အရေးမပါတဲ့ လူရိုင်းချောက်ကမ်းပါး ခံတပ်က တပ်ဖွဲ့ဝင် နှစ်သောင်းလောက်ပဲ အများဆုံး ထားလို့ရတာ”

ဆိုလွန် အကြံပေးလိုက်သည်။

“မင်းတို့ ခံတပ်အနောက်ဘက်မှာ ရဲတိုက်နဲ့ စစ်တန်းလျားတွေ ဆောက်လို့ ရတယ်လေ... လူရိုင်းချောက်ကမ်းပါး ခံတပ် မြောက်ဘက် မိုင်သုံးဆယ် အကွာအဝေး တစ်ခုလုံးကို မင်းတို့ကို ပေးမယ်”

“မလုံလောက်ဘူး... မဖြစ်နိုင်ဘူး”

ကျိနင် အေးစက်စွာ တုံ့ပြန်လိုက်၏။

ဆိုလွန် သတိပေးလိုက်သည်။

“ငါ့ကို နှစ်ဦးနှစ်ဖက် ပျက်စီးမယ့် အခြေအနေအထိ တွန်းမပို့ပါနဲ့... မင်းက လက်ထပ်ရမယ့်သူလေ... အနာဂတ်မှာ လောကကို စိုးမိုးမယ့်သူနဲ့ လက်ထပ်ရမှာ... မင်းရဲ့ အပျိုစင်ဘဝက အဲ့ဒီလောက်တောင် တန်ဖိုးမရှိဘူးလား... “

“အကယ်၍ မင်းသာ အပျိုစင်ဘဝကို ဆုံးရှုံးသွားရင် ဒီလက်ထပ်ပွဲက သေချာပေါက် ပျက်စီးသွားလိမ့်မယ်... မင်းက မှော်ဆရာတွေဆီ သွားပြီး ပြန်ချုပ်ခိုင်းမလို့လား”

ကျိနင်တစ်ယောက် ဒေါသထွက်ရလွန်း၍ တစ်ကိုယ်လုံး တုန်ရီလာကာ သွေးထွက်မတတ် အံကြိတ်ထားရင်းမှ စကားလုံး တစ်လုံးချင်းစီကို ပီသစွာ ပြောလိုက်၏။

“ဆိုလွန်... နင် တကယ်ကို အရှက်မရှိတဲ့ကောင်ပဲ... ဒီလောကမှာ နင့်ထက် အရှက်မရှိတဲ့သူ မရှိတော့ဘူး”

ဆိုလွန် ဂရုမစိုက်စွာ ပြန်ပြောလိုက်သည်။

“ငါ စရေတော့မယ်... ၁ ကနေ ၁၀ အထိ ရေတဲ့အထဲ မင်း လက်မခံဘူးဆိုရင် ငါ့လှံအောက်မှာ သနားညှာတာမှု မရှိဘူးလို့ အပြစ်မတင်နဲ့”

ထို့နောက် ဆိုလွန် နောက်ပြန် စတင် ရေတွက်လိုက်၏။

“ဆယ်... ကိုး... ရှစ်... ခုနစ်... ခြောက်...ငါး...လေး..

သုံး... နှစ်... တစ်...”

ထို့နောက် ဆိုလွန် ကျိနင်၏ အဝတ်အစားများကို အပြင်းအထန် ဆွဲဖြဲလိုက်ရာ လှပသော နွေဦး ရှုခင်းပေါ်ထွက်လာလေပြီ။

“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ”

ကျိနင်၏ တစ်ကိုယ်လုံးတုန်ရီနေသော်လည်း ရေခဲတမျှ အေးစက်သောအကြည့်များဖြင့်ပြောလာသည်။

“ငါတို့ လူရိုင်းချောက်ကမ်းပါး ခံတပ်နဲ့ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကိုပဲ ယူမယ်... ကျန်တာ အကုန်လုံး နင့်ကို ပေးမယ်”

ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်နှင့် လူရိုင်းချောက်ကမ်းပါး ခံတပ်မှာ ဆိုမိသားစုက ဆယ်စုနှစ်များစွာ အချိန်ယူကာ လူသောင်းချီ အသုံးပြု၍ တည်ဆောက်ခဲ့ရသော ခံတပ်များဖြစ်ပြီး တောင်ဘက်မှ ရန်သူများ ကျူးကျော်လာခြင်းကို ကာကွယ်ရန် တစ်ခုတည်းသော အတားအဆီးများ ဖြစ်သည်။

“ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို ဘာလို့ လိုချင်ရတာလဲ”

ဆိုလွန် မေးလိုက်သည်။

ကျိနင် ရှင်းပြလာ၏။

“ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်က လူရိုင်းချောက်ကမ်းပါး ခံတပ်ရဲ့ အနောက်ဘက်မှာ ရှိတာလေ... အကယ်၍ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်သာ နင့်လက်ထဲမှာ ရှိနေရင် ငါတို့ စိတ်အေးလက်အေး အိပ်နိုင်မှာ မဟုတ်ဘူး... ဒါက နောက်ဆုံး အခြေအနေပဲ”

ဆိုလွန် ခေတ္တမျှ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

“ကောင်းပြီ... ကတိတည်ပါစေ... ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်နဲ့ လူရိုင်းချောက်ကမ်းပါး ခံတပ်ကို ကျိလီဆီ ပေးမယ်... ဒါပေမဲ့ မင်းတို့ ချက်ချင်း ဆုတ်ခွာရမယ်... ငါ့ရဲ့ ထျန်းရွှေမြို့ကို ထပ်ပြီး မျက်စောင်းမထိုးနဲ့တော့”

ကျိနင်၏ မျက်ဝန်းများ၌ အမုန်းတရားများ အတိုင်းအဆမရှိ ပြည့်နှက်နေသော်လည်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ... ကတိတည်ပါစေ”

“နှုတ်ကတိက အာမခံချက် မရှိဘူး... လက်မှတ်ထိုးပေးရမယ်”

ဆိုလွန် တောင်းဆိုလိုက်သည်။ ထို့နောက် သားရေစာလိပ် တစ်လိပ်ကို ထုတ်ယူကာ စာချုပ် အကြောင်းအရာများကို ရေးချလိုက်၏။

“ထျန်းရွှေ မြို့စား ဆိုလွန်သည် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်နှင့် လူရိုင်းချောက်ကမ်းပါး ခံတပ် အပါအဝင် ဆက်စပ်နေသော မိုင်နှစ်ဆယ် အကွာအဝေးရှိ နယ်မြေများကို မင်းသား ကျိလီထံ နှစ်သုံးဆယ် ငှားရမ်းသည်။ အလဲအလှယ် အနေဖြင့် မြို့စားကြီး ကျိဝေ ချက်ချင်း ဆုတ်ခွာရမည်ဖြစ်ပြီး နောင်တွင် တော်ဝင်မိသားစုက ထျန်းရွှေမြို့တွင်းသို့ စစ်သားများ စေလွှတ်ခြင်း မပြုရ။ သူတော်စင်က သက်သေအဖြစ် ရပ်တည်ပြီး မြင့်မြတ်နတ်နဂါးကျောင်းတော်က အာမခံသည်။ ဖောက်ဖျက်ပါက ကောင်းကင်ဘုံက အပြစ်ပေးကာ နတ်နဂါးက ဖျက်ဆီးပစ်လိမ့်မည်”

ထို့နောက် ဆိုလွန် သူ၏ အမည်ကို စာချုပ်အဆုံးတွင် လက်မှတ်ရေးထိုးလိုက်ပြီး ထျန်းရွှေ မြို့စား၏ တံဆိပ်တုံးကို နှိပ်လိုက်သည်။

“မင်း အလှည့်ပဲ”

ဆိုလွန် ကမ်းပေးလိုက်သည်။

ကျိနင် စုတ်တံကို ယူကာ စာချုပ်ပေါ်၌ သူမ၏ အမည်ကို လက်မှတ်ရေးထိုးလိုက်သည်။

ဆိုလွန် ထိုစာချုပ်ကို ယူကာ အဖိုးမဖြတ်နိုင်သည့် ရတနာ တစ်ပါးအလား သေချာစွာ ကြည့်ရှုလိုက်၏။

လက်မှတ်ထိုးလိုက်ပြီးနောက် ကျိနင်၏ စိတ်ထဲပေါ့ပါးသွားပြီး ဆိုလွန်က စာချုပ်ကို အဖိုးတန် ရတနာ တစ်ခုအဖြစ် သဘောထားနေသည်ကို မြင်သောအခါ သူမ၏ ရင်တွင်းမှ လှောင်ပြောင် သရော်လိုစိတ်ကို မထိန်းနိုင်တော့ချေ။

စာချုပ် ဆိုသည်မှာ အင်အား မလုံလောက်သည့် အချိန်၌ စက္ကူ စာချုပ် တစ်ရွက်ဖြင့် နောက်ဆုံး အကြပ်ကိုင်မှု ပြုလုပ်၍ အောင်ပွဲရလဒ်များကို ခိုင်မာစေရန် အသုံးပြုခြင်းသာ။

အင်အား လုံလောက်သည့် အချိန်၌ အင်အားသုံး၍ တိုက်ရိုက် လုယူမည်သာဖြစ်ပြီး မည်သူက စာချုပ်ကို ဂရုစိုက်နေမည်နည်း။ ထိုအရာကို ဖင်သုတ်ရန် အသုံးပြုလျှင်ပင် အလွန် မာကျောနေဦးမည်။

ထိုကဲ့သို့သော စာချုပ်မျိုးကို မင်းသမီး ကျိနင်အနေဖြင့် အစောင်တစ်ရာ လက်မှတ်ထိုးရမည် ဆိုလျှင်ပင် ပြဿနာ မရှိချေ။ ယင်းစာချုပ်များကို ဆွဲဖြဲပစ်ရမည့် အချိန်ရောက်လာပါက သူမ မျက်တောင်တစ်ချက်ပင် ခတ်မည် မဟုတ်ပေ။

ယခုအချိန်၌ ဆိုလွန်သည် သူ၏ တစ်ခုတည်းသော ကျောထောက်နောက်ခံကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ မြို့စားကြီး ကျိဝေ၏ တပ်ဖွဲ့ဝင် တစ်သိန်းက ပုန်ကန်မှုကို နှိမ်နင်းရန် အကြောင်းပြချက်ဖြင့် အချိန်မရွေး ထျန်းရွှေမြို့ထဲသို့ ဝင်ရောက်လာကာ ဆိုမိသားစုကို အမြစ်ပြတ် ချေမှုန်းနိုင်လေသည်။

ဆိုလွန်က စက္ကူ စာချုပ် တစ်ရွက်ဖြင့် ထျန်းရွှေမြို့ကို ကာကွယ်ရန် ကြိုးစားနေခြင်းမှာ အမှန်တကယ်ပင် အားနည်းလွန်းလှသည်။

သူမ လွတ်မြောက်သွားပြီး ကျိဝေ၏ တပ်ဖွဲ့ဆီသို့ ပြန်ရောက်သည့်အခါ ပထမဆုံး အနေဖြင့် တပ်ဖွဲ့ဝင် တစ်သိန်းကို ထျန်းရွှေမြို့ဆီသို့ ချီတက်ရန်နှင့် ဆိုမိသားစု၏ အင်အားကို အမြစ်ပြတ် ချေမှုန်းရန် အမိန့်ပေးမည်။ ယခုအချိန်က ဆိုမိသားစုကို ဖျက်ဆီးပစ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ အကယ်၍ လက်လွှတ်လိုက်ရပါက ကျိနင် မိမိကိုယ်ကို ခွင့်လွှတ်နိုင်မည် မဟုတ်ပါချေ။

အပိုင်း ၃၄၄ ပြီး။

All Chapters