အခန်း ၃၄၅
Vol. 35 Ch. 345
(အခန်း )၃၄၅
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ဆိုလွန်က အသက်ဆက်ရန် စာချုပ်ဟု ခေါ်ဆိုသော ထိုစာချုပ်ကို အကြိမ်ကြိမ် ကြည့်ရှုနေသည်ကို မြင်သောအခါ ကျိနင် အေးစက်စွာ အမိန့်ပေးလိုက်သည်။
“ဆိုလွန်... ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးပြီး နင် လိုချင်တာ အကုန်လုံးကို ရသွားပြီ... အခု ငါ့ကို ချက်ချင်း လွှတ်... ထူလင်းတိကို လွှတ်... ကွေ့ချင်းကျုံးကို လွှတ်... နူအာတန် အပါအဝင် လူတွေ အကုန်လုံးကို ချက်ချင်း ပြန်လွှတ်ပေးစမ်း”
ဆိုလွန် စာချုပ်ကို သတိတကြီး လိပ်သိမ်း နေရင်းမှ ဖြေလာ၏။
“ယုတ်မာတယ် ဆိုတာက သာမန်ပါပဲ... အသက်ရှင်ဖို့နဲ့ ထျန်းရွှေမြို့ကို ကာကွယ်ဖို့အတွက်ဆို နည်းလမ်းပေါင်းစုံ သုံးရမှာပဲ”
“ဟမ့်”
ကျိနင်၏ စိတ်ထဲ ရွံရှာသွားကာ နှာတစ်ချက်မှုတ်လိုက်သည်။
“အခု... ချက်ချင်း ငါ့ကို လွှတ်ပေး... ငါတို့ကို ပြန်လွှတ်ပေးစမ်း”
ဆိုလွန် ဖယောင်းတိုင်မီးခွက်ကို မတင်လိုက်ပြီး စာချုပ်ကို ဖြန့်ကာ တန်ဖိုးထားသည့်ဟန်ဖြင့် ထပ်မံ ကြည့်ရှုရင်း ပြောလိုက်သည်။
“ဒါက ငါ အသက်ဆက်မယ့် စာချုပ်ပဲ... ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရတာ... တကယ်ကို ခက်ခဲလွန်းတယ်... မင်းတို့ သေချာပေါက် လိုက်နာရမယ်... အဲ့လိုမှ မဟုတ်ရင် နတ်နဂါး ယုံကြည်မှုကို ဖောက်ဖျက်ရာ ရောက်ပြီး နတ်နဂါးရဲ့ ကျိန်စာတိုက်တာကို ခံရလိမ့်မယ်”
ကျိနင် ကတိပေးလိုက်သည်။
“သဘာဝကျကျပဲလေ... ငါတို့ သေချာပေါက် လိုက်နာမှာပါ... ဒါက မြင့်မြတ်နတ်နဂါးကျောင်းတော်က အာမခံထားတာပဲ... ငါ မြင့်မြတ်နတ်နဂါးကျောင်းတော်မှာ နှစ်အတော်ကြာ ပညာသင်ခဲ့ဖူးတာကို မမေ့ပါနဲ့... နတ်နဂါးက ငါ့ရဲ့ အမြင့်ဆုံး ယုံကြည်မှုပဲ”
“ကောင်းပြီ”
ဆိုလွန် မျက်ရည်ကျမတတ် ဝမ်းသာအားရ ပြောလိုက်၏။
ထို့နောက် ရုတ်တရက် ထိုအဖိုးတန် ရတနာ တစ်ပါးအလား သဘောထားနေသော စာချုပ်ကို ဖယောင်းတိုင် မီးလျှံထက်၌ တင်ကာ မီးရှို့လိုက်သည်။ မီးတောက်များကသားရေစာလိပ်ကို လျင်မြန်စွာ ဝါးမျိုသွားလေပြီ။
ကျိနင် အံ့ဩသွားပြီး ဖြစ်ပျက်နေသမျှကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိ၏။
ဆိုလွန်က ခက်ခက်ခဲခဲ အားထုတ်ကြိုးပမ်းပြီးမှ ရရှိခဲ့သည့် အသက်ဆက်ရန် စာချုပ်၊ သူ၏ စိတ်ထဲ၌ အလွန် တန်ဖိုးကြီးမားသင့်သော စာချုပ်မှာ မမျှော်လင့်ဘဲ မီးတောက်များကြား၌ ပြာအဖြစ်သို့ ပြောင်းလဲသွားနေသည်။
“ဆိုလွန်... နင်... ဘာအဓိပ္ပာယ်လဲ”
ကျိနင် ဒေါသတကြီး မေးလိုက်သည်။
ဆိုလွန်က လေးနက်သော အမူအရာဖြင့် ပြန်ဖြေလိုက်၏။
“ဒီသားရေစာလိပ်က အရမ်း ချောကျိကျိ ဖြစ်နေလို့ ဖင်သုတ်ဖို့တောင် သုံးလို့ရမှာ မဟုတ်ဘူး”
ကျိနင် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ရီသွားပြီး စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။
“နင် ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရတဲ့ အသက်ဆက်မယ့် စာချုပ်ကို ဘာလို့ မီးရှို့ပစ်ရတာလဲ”
ဆိုလွန် ဂရုမစိုက်စွာ ပြန်ဖြေလိုက်၏။
“ငါက မင်းကို နောက်နေရုံပါ... မင်း လိုက်နာမယ်လို့ ဘယ်သူက ယုံမှာလဲ... “
“ပြီးတော့ ငါ့မြေ တစ်လက်မကိုတောင် မင်းတို့ကို မပေးနိုင်ဘူး... ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်နဲ့ လူရိုင်းချောက်ကမ်းပါး ခံတပ်ကို ခွဲပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”
ကျိနင်၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး ဆိုလွန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
‘ခွေးမသား... ဒီခွေးမသားက ငါ့ကို အချိန်ဆွဲပြီး ကစားသွားတာပဲ’
ချက်ချင်းပင် သူမ ဒေါသတကြီး အော်ဟစ်တော့သည်။
“ဆိုလွန်... မြို့စားကြီး ကျိဝေရဲ့ တပ်ဖွဲ့ကို သုံးပြီး နင့်ရဲ့ ဆိုမိသားစုကို အမြစ်ပြတ် ဖျက်ဆီးပစ်မယ်... ဆိုမိသားစုကို သစ္စာခံတဲ့ ယောက်ျားတွေ အကုန်လုံးကို သင်းကွပ်ပြီး ကျေးကျွန်အဖြစ် ထားမယ်... မိန်းမတွေ အကုန်လုံးကိုတော့ ပြည့်တန်ဆာအဖြစ် လုပ်ခိုင်းမယ်”
သို့သော် သူမ တစ်ဝက်သာ ဆဲရေးရသေးချိန်၌ ရပ်တန့်သွားသည်။
ဘာကြောင့်ဆိုသော် သူမရှေ့ရှိ ဆိုလွန်က သူ၏ အဝတ်အစားများကို စတင် ချွတ်ပစ်လိုက်ပြီး မကြာမီမှာပင် ကိုယ်လုံးတီးဖြစ်သွားကာ ကျိနင်၏ အရှေ့၌ မတ်တတ်ရပ်နေသောကြောင့်ပင်။
“နင်... နင် ဘာလုပ်မလို့လဲ”
ကျိနင် တုန်ရီစွာဖြင့် မေးလိုက်၏။
“မင်းကို အနားပေးမလို့လေ... ငါတို့ သဘောတူညီမှု ရခဲ့ပြီးပြီပဲ”
“စောစောက ဟာတွေ အားလုံးက အကြိုပွဲလေးပဲ ရှိသေးတယ်”
ဆိုလွန် ပေါ့ပေါ့ပါးပါးပြောလာသည်။
ကျိနင် အလွန် အံ့ဩတုန်လှုပ်သွားရသည်။
‘မိစ္ဆာ... မိစ္ဆာကောင်ပဲ’
ဆိုလွန် သူမဆီသို့ လှမ်းလာပြီး သူမ၏ အဝတ်အစားများအားလုံးကို ဆွဲဖြဲပစ်လိုက်ရာ ပြိုင်ဘက်ကင်း ဖြူစင်ချောမွေ့သော ကျောက်စိမ်းရောင် အသားအရေ ထွက်ပေါ်လာတော့သည်။
ထို့နောက် ဆိုလွန် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ သူမ၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး မျက်လုံးများကို စိုက်ကြည့်ကာ တိုက်ရိုက် ထိုးသွင်းလိုက်လေပြီ။
“အ့...”
ကျိနင် နာကျင်စွာ အော်ဟစ်လိုက်၏။
သူမ၏ အဖိုးမဖြတ်နိုင်သော အပျိုစင်ဘဝမှာ ချက်ချင်း ပျက်စီးသွားတော့သည်။
‘နင်ပင်း... နိုင်အာ... အဝတ်လျှော်ပျဉ်ပြားသာ ပြင်ထားလိုက်တော့... ထျန်းရွှေမြို့ကို ကာကွယ်ဖို့နဲ့ မင်းတို့ကို ကာကွယ်ဖို့အတွက် ငါ ဆိုလွန်က ဘာမဆို လုပ်ရဲတယ်’
….
လင်ဟိုင်မြို့။
သဝန်တိုပြီး မာနကြီးသော ဇနီးဖြစ်သူ ထူလင်းစီက ကွေ့ရှင်းဖူ၏ နှာခေါင်းကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
“ရှင့်ရဲ့ လင်ဟိုင်မြို့က စစ်သားတွေ အကုန်လုံးကို ချက်ချင်း ခေါ်သွား... မလောက်ရင် ငါ့အစ်ကိုဆီက စစ်သားတွေ ထပ်ငှား... “
“အတိုချုပ်ပြောရရင် ထျန်းရွှေမြို့ထဲကို ချက်ချင်း ဝင်တိုက်ပြီး ကျွန်မတို့သားတွေကို သွားကယ်စမ်း”
ကွေ့ရှင်းဖူက သူမကို ဂရုမစိုက်ဘဲ လက်ထဲရှိ လျှို့ဝှက်စာကိုသာ ငုံ့ကြည့်နေ၏။ ခေတ္တမျှ ကြည့်ပြီးနောက် ဖယောင်းတိုင်မီးကိုအသုံးပြု၍ ဖြည်းညှင်းစွာ မီးရှို့လိုက်သည်။
“ရှင် ကြားလား... ထျန်းရွှေမြို့ကို ချက်ချင်း တပ်တွေ ဦးဆောင်သွားပြီး အဲ့ဒီ တိရစ္ဆာန် ဆိုလွန်ကို သတ်ပစ် ၊ ကျွန်မတို့ရဲ့ သားတွေကို ကယ်ပါဆိုနေ”
ကွေ့ရှင်းဖူ၏ မတုန်မလှုပ်အမူအရာကိုမြင် သောအခါ ထူလင်းစီ အသံကျယ်ကျယ်ဖြင့် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
“ငါတို့သားတွေ တစ်ခုခု ဖြစ်သွားလို့ကတော့ ရှင်နဲ့ကျွန်မ အသေပဲ”
ကွေ့ရှင်းဖူ ဇနီးဖြစ်သူကို နူးညံ့သောအကြည့်များဖြင့် ကြည့်ကာ ရုတ်တရက် ပြောလာ၏။
“ရှောင်စီ... ငါ့အစ်ကိုရဲ့ သားက တကယ်ကို ကြောက်စရာကောင်းတာပဲ”
ထူလင်းစီ အံ့ဩသွားသည်။
“ရှင် ဆေးမှားသောက်ထားတာလား...အဲ့ဒီ တိရစ္ဆာန်ကောင်ကို ချီးကျူးနေတယ်”
ကွေ့ရှင်းဖူ ဇနီးဖြစ်သူ၏ လက်ကို ဆွဲကိုင်လိုက်ပြီး ပြည့်ဖြိုးလှပသော တင်ပါးလေးကို သူ၏ ပေါင်ပေါ်၌ ထိုင်စေကာ နူးညံ့စွာ ပွတ်သပ်လိုက်သည်။
“သူ့ဆီမှာ ကြေးစားစစ်သည် တစ်သောင်းခွဲပဲ ရှိတယ်... ဒါပေမဲ့ ကျိနင်ရဲ့ လက်ထဲမှာ တပ်ဖွဲ့ဝင် သုံးသောင်းကျော် ရှိတဲ့အပြင် ခိုင်ခံ့တဲ့ မြို့ကိုပါ အခိုင်အမာ ကာကွယ်ထားနိုင်တာ... ဒီစစ်ပွဲက ဘယ်ရှုထောင့်က ကြည့်ကြည့် သူ သေချာပေါက် ရှုံးရမယ့် ပွဲပဲ... ဒါပေမဲ့ ဆိုလွန်က နိုင်သွားရုံတင် မကဘူး... ဆယ်ရက်လေးပဲ အချိန်ယူပြီး အပြည့်အဝ အနိုင်ရသွားတာ... “
“ကျိနင်ရဲ့ တပ်တွေ အကုန်လုံးနီးပါး ချေမှုန်းခံလိုက်ရတယ်... ကြောက်စရာကောင်းတယ်... တကယ်ကို ကြောက်စရာကောင်းတာပဲ”
ထူလင်းစီ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သူ ဘယ်လို လုပ်လိုက်တာလဲ”
ကွေ့ရှင်းဖူ အသေးစိတ်ရှင်းပြလာသည်။
“သူ လူတစ်ထောင်နဲ့ ပင်လယ်ဘက်ကနေ ထျန်းရွှေမြို့ကို ဝင်တိုက်ခဲ့တာ... အဲ့ဒီအချိန်တုန်းက ထျန်းရွှေမြို့မကြီးမှာ တပ်ဖွဲ့ဝင် တစ်သောင်း ရှိနေပြီး အဆင့်မြင့်စစ်သည်တွေရဲ့ နယ်မြေမှာလည်း မြို့စောင့်တပ် တစ်သောင်း ရှိသေးတယ်... ဆိုလွန်မှာ လူတစ်ထောင်ပဲ ရှိပြီး တပ်ဖွဲ့ဝင် နှစ်သောင်းကို ရင်ဆိုင်ခဲ့ရတာပဲ... “
“ဒါပေမဲ့ နှစ်ရက် ၊ သုံးရက်အတွင်းမှာတင် ဆိုဟန်ရီကို သတ်ဖြတ်ပြီး ထျန်းရွှေမြို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်”
ထိုစကားကြောင့် ထူလင်းစီ အသက်ရှူမှားသွားပြီး လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။
“မဖြစ်နိုင်ဘူး... ကျွန်မ ဘာမှ နားမလည်ပေမဲ့ လူတစ်ထောင်က လူနှစ်သောင်းကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ... ဒါက သေချာပေါက် မဖြစ်နိုင်တာ”
ကွေ့ရှင်းဖူက ဆက်ပြော၏။
“ဉာဏ်ပညာကို သုံးပြီး ကြီးမားတဲ့ ပြဿနာတွေကို ဖြေရှင်းသွားတာပဲ... လူ့သဘာဝရဲ့ အားနည်းချက်ကို အသုံးချ ၊ ဆိုဟန်ရီကို သတ်ဖြတ်ပြီး ထျန်းရွှေ မြို့စောင့်တပ်ကို သိမ်းသွင်းလိုက်တယ်...”
“ဒါတင်မကသေးဘူး..သူရဲ့ ပြိုင်ဘက်တွေ အားလုံးကို သတ်ဖြတ်ပြီး ထျန်းရွှေမြို့ကို ပြန်သိမ်းပိုက်ခဲ့တယ်... ကြောက်စရာကောင်းတယ်... သူ့ရဲ့ ဉာဏ်ပညာက မိစ္ဆာ တစ်ကောင်နီးပါးပဲ”
ကွေ့ရှင်းဖူ၏စကားများကြောင့် ထူလင်းစီ၏ ကိုယ်လုံးလေး တုန်ရီသွားပြီး ရက်စက်စွာ ပြောလိုက်သည်။
“သူက အဲ့ဒီလောက်တောင် ကြောက်စရာကောင်းနေမှတော့ ကွေ့ချင်းကျုံး အန္တရာယ် ရှိနေပြီ... ကျွန်မတို့ လင်ဟိုင်မြို့လည်း အန္တရာယ် ရှိနေပြီပေါ့... “
“သူ သေချာပေါက် ကလဲ့စားချေလိမ့်မယ်... ကျွန်မတို့ လက်ဦးမှု ယူမှ ရမယ်... ဆိုမိသားစု တစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းပြီး အန္တရာယ်ကို ဖယ်ရှားပစ်ရမယ်”
“မလိုဘူး”
ကွေ့ရှင်းဖူ တားလိုက်၏။
“သူ... သေချာပေါက် သေရလိမ့်မယ်... မြို့စားကြီး ကျိဝေရဲ့ တပ်ဖွဲ့ဝင် တစ်သိန်းက မကြာခင် ထျန်းရွှေမြို့ကို ဝင်လာတော့မှာ...”
“တိုက်ရိုက်အဆန်ဆုံး နည်းလမ်းဖြစ်တဲ့ စစ်တပ်အင်အားကိုသုံးပြီး ထျန်းရွှေမြို့နဲ့ ဆိုမိသားစုဝင် အကုန်လုံးကို သတ်ပစ်လိမ့်မယ်”
“ဒါဆို ကောင်းတာပေါ့...”
ထူလင်းစီ လက်ခုပ်တီးလိုက်သော်လည်း သံသယဖြင့် မေးလာသည်။
“ဒါပေမဲ့ အရင်က ဘုရင့်နိုင်ငံရဲ့ တပ်တွေကို ထျန်းရွှေမြို့ထဲ ဝင်ခွင့် မပြုဘူးလို့ ပြောထားတာ မဟုတ်ဘူးလား... ကျွန်မတို့ လင်ဟိုင်မြို့ တပ်တွေက ခိုးဝင်ရမှာပေါ့”
ကွေ့ရှင်းဖူ ခေါင်းယမ်းလိုက်၏။
“ငါတို့တပ် တွေလွှတ်ဖို့မလိုပါဘူး..မြို့စားကြီးကျိဝေရဲ့တပ်တွေနဲ့ဆိုရင် သူ့မှာ ဘယ်လောက်ပဲ ကြီးမားတဲ့ ပါရမီ ရှိနေပါစေ သေချာပေါက် သေရလိမ့်မယ်”
“ကောင်းလိုက်တာ... ဒါက ငါ ကြားဖူးသမျှထဲမှာ အကောင်းဆုံး သတင်းပဲ”
ထူလင်းစီ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကွေ့ရှင်းဖူ သက်ပြင်းတစ်ချက်ချလိုက်၏။
“ဆိုလွန်က နေရာမှား၊ အချိန်မှားမှာ မွေးဖွားလာခဲ့တာ နှမြောစရာပဲ”
……
နောက်တစ်နေ့။
ယန်ရွှမ်းတစ်ယောက် တပ်ဖွဲ့ဝင် လေးထောင်ကို ဦးဆောင်ကာ လေမိုးကြိုး ခံတပ်ထဲသို့ ဝင်ရောက်လာသည်။
မြို့စားကြီး ကျိဝေ၏ တပ်ဖွဲ့ဝင် တစ်သိန်းက လေမိုးကြိုး ခံတပ်နှင့် မိုင်တစ်ရာပင် မဝေးတော့ချေ။
တပ်ဖွဲ့ဝင် လေးထောင်က စစ်သည်တစ်သိန်းကို ပျက်စီးနေသော လေမိုးကြိုး ခံတပ်ဖြင့် တားဆီးနိုင်မည်လော။
ထိုသည်က လုံးဝ မဖြစ်နိုင်သည့် အရာပင်။ နတ်ဘုရား ဆင်းသက်လာလျှင်ပင် မဖြစ်နိုင်ပေ။ ယခုအချိန်သည် သဲကန္တာရထဲတွင် ပြောက်ကျားစစ် ဆင်နွှဲခြင်းနှင့် လုံးဝ ကွာခြားလှ၏။ ဤနေရာက ဆိုလွန်၏ ရဲတိုက်ဖြစ်ပြီး သူ၏ နယ်မြေ ဖြစ်ရာ တစ်ကြိမ် ဆုံးရှုံးသွားသည်နှင့် ပြန်လည် သိမ်းပိုက်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
ထို့အပြင် လေမိုးကြိုး ခံတပ်က သဲကန္တာရ မဟုတ်သလို ပြိုင်ဘက်ကလည်း ထျန်ယဲ့မြို့ မဟာမိတ်တပ် မဟုတ်ချေ။ ကစားပွဲ စည်းမျဉ်းများ လုံးဝ ပြောင်းလဲသွားလေပြီ။
မြို့စားကြီး ကျိဝေ၏ တပ်ဖွဲ့ဝင် တစ်သိန်းက လေမိုးကြိုး ခံတပ်ကို တိုက်ခိုက်လိုက်သည်နှင့် သူမလက်ထဲရှိ တပ်ဖွဲ့ဝင် လေးထောင်က တစ်နာရီပင် တောင့်ခံနိုင်မည် မဟုတ်ကြောင်း နိုင်အာ ရှင်းလင်းစွာ သိထားသည်။
သို့သော် သူမ၌ အခြား ရွေးချယ်စရာ မရှိသလို ဆုတ်ခွာရန်လည်း မဖြစ်နိုင်ချေ။
“သခင်မလေး... ရဲတိုက်အပြင်ဘက်မှာ သခင်မလေးရဲ့ မိတ်ဆွေဟောင်းဆိုတဲ့ လူတစ်ယောက် တွေ့ခွင့်တောင်းနေပါတယ်”
အမျိုးသမီး ကိုယ်ရံတော် တစ်ဦး ဝင်လာကာ သတင်းပို့လိုက်၏။
ယန်နိုင်အာ ပြတင်းပေါက်နားသို့ သွားရောက် ကြည့်ရှုလိုက်သောအခါ ရင်းနှီးနေသည့် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
တစ်ချိန်က သူမ၏ သူငယ်ချင်းကောင်း လျူချန် သို့မဟုတ် ယခုအချိန်၌ ထူလင်းချန် ဟု ခေါ်ရမည့် သူပင်။
“သူ့ကို ဝင်လာခိုင်းလိုက်ပါ”
နိုင်အာ အမိန့်ပေးလိုက်ပြီးနောက် ချက်ချင်း ပြင်ပြောလိုက်သည်။
“နေပါစေ... ငါကိုယ်တိုင် သွားတွေ့မယ်”
ထို့နောက် တောက်ပသော ငွေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ ရဲတိုက်အပြင်ဘက်သို့ လျှောက်သွားလိုက်၏။
“အစ်ကိုကြီး.. ဘယ်လိုရောက်လာတာလဲ”
ယန်နိုင်အာ မေးလိုက်သည်။
ထူလင်းချန် (လျူချန်) အနည်းငယ် အံ့ဩသွားရ၏။ ဤသည်မှာ ယန်နိုင်အာက သူ့ကို ပထမဆုံးအကြိမ် အကိုကြီးဟု ခေါ်ဝေါ်ခြင်းဖြစ်ပြီး ယခင်ကမူ အမည်ကိုသာ တိုက်ရိုက် ခေါ်လေ့ရှိသည်။
သူ၏ အသွင်အပြင်မှာလည်း ကြီးမားစွာ ပြောင်းလဲသွားခဲ့လေပြီ။ ယခင်က သဘာဝအတိုင်း လွတ်လပ်စွာ နေထိုင်တတ်သည့် အသုံးမကျသော သားတစ်ယောက်၏ ပုံစံမျိုး ဖြစ်သော်လည်း ယခုအချိန်၌ ပိုးသားဝတ်ရုံကို ဝတ်ဆင်ပြီး ဆံပင်များကို သပ်ရပ်စွာ ဖြီးသင်ထားရာ အထက်တန်းလွှာ မိသားစုမှ သခင်လေး တစ်ယောက်နှင့် တူနေ၏။
ထူလင်းချန် နိုင်အာ၏ မျက်နှာကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာထက်၌ ပင်ပန်းနွမ်းနယ်မှုနှင့် ညှိုးနွမ်းမှုများ ပြည့်နှက်နေသော်လည်း သူမ၏ အလှတရားကမူ ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲဖြစ်သည်။ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို လှုပ်ခတ်သွားစေသည်အထိ လှပနေဆဲပင်။
“ကိုယ်တို့ သေသွားရင်တောင် ပြန်တွေ့ရတော့မယ် မထင်ထားခဲ့ဘူး... ဒီလောက် မြန်မြန် ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူးရယ်”
ထူလင်းချန် မိမိကိုယ်ကို လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်မိခြင်းပင်။ ထို့နောက်မှ ခေါင်းရမ်းကာ ဆက်ပြောလာသည်။
“ကောင်းပြီ..ငါတို့ အထဲဝင်ပြီးမှ စကားပြောကြတာပေါ့”
အပိုင်း ၃၄၅ ပြီး။