အခန်း ၃၄၆
Vol. 35 Ch. 346
(အခန်း )၃၄၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ရဲတိုက်ထဲရှိ ရိုးရှင်းသော ဧည့်ခန်းလေးထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ အမျိုးသမီး ကိုယ်ရံတော်က ရှေ့သို့ တက်လာပြီး လက်ဖက်ရည် နှစ်ခွက် ချပေး၏။
“ဆိုလွန်က တကယ် ကြောက်စရာကောင်းတာပဲ... အရင်က ငါ ထင်ထားတာနဲ့ လုံးဝ ကွာခြားတယ်”
ထူလင်းချန် စကားဆက်ပြောလာသည်။
“ဒီ ထျန်းရွှေမြို့ စစ်ပွဲမှာ နှစ်ဖက် အင်အား ကွာဟလွန်းလို့ မင်းသမီး ကျိနင် သေချာပေါက် နိုင်မယ်လို့ လူတိုင်းက ထင်ထားခဲ့တာ... “
“ဒါပေမဲ့ ဆိုလွန်က မမျှော်လင့်ဘဲ နိုင်သွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး... ပြီးတော့ ဆယ်ရက်လေးပဲ အချိန်ယူပြီး အပြည့်အဝ အနိုင်ရသွားတာ... ကျိနင်ရဲ့ တပ်တွေကို အကုန်လုံး ဖမ်းဆီးနိုင်ခဲ့တယ်”
ဤနေရာ၌ ထူလင်းချန် စကားကို ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြော၏။
“သတင်းလည်း ရောက်လာရော ငါတို့ အကုန်လုံး ကိုယ့်နားကိုတောင် မယုံနိုင်ခဲ့ဘူး... ကျိနင်မှာ တပ်ဖွဲ့ဝင် သုံးသောင်းကျော် ရှိတဲ့အပြင် ခိုင်ခံ့တဲ့ မြို့ကိုပါ ကာကွယ်ထားနိုင်တာကို ဆယ့်တစ်ရက်လေးအတွင်းမှာ အပြတ်အသတ် ရှုံးနိမ့်သွားတယ်... “
“သူက ဆိုလွန်တော့ ဆိုလွန်ပါပဲ... ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကနဲ့စာရင် လုံးဝ တခြားလူ တစ်ယောက်လို ဖြစ်နေပြီ”
ထိုအချိန်တွင် နိုင်အာ ဝင်ဖြေလိုက်သည်။
“လူတွေက အမြင်မှန်ရလာပြီး ရင့်ကျက်လာတာပုံမှန်ပါပဲ... သူက အရင်တုန်းက အမြဲတမ်း ကစားချင်နေခဲ့လို့ပါ... သူက အရမ်း ဉာဏ်ကောင်းပါတယ်”
“ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူ သေချာပေါက် သေရလိမ့်မယ်”
ထူလင်းချန် ခပ်ပေါ့ပေါ့ ပြောလိုက်၏။
“မင်းရဲ့ ရင်ထဲမှာလည်း အဖြေ ရှိပြီးသား ဖြစ်မှာပါ... နတ်ဘုရား ဆင်းသက်လာရင်တောင် သူ့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”
နိုင်အာ တိတ်ဆိတ်သွားသည်။
ထူလင်းချန် ဆက်ပြောလာ၏။
“ဒါပေမဲ့ မင်းက သူ့အတွက်နဲ့ အသေခံစရာ မလိုဘူး... ဒါက မင်းရဲ့ ကံကြမ္မာ မဖြစ်သင့်ဘူး”
နိုင်အာ ယခင်အတိုင်း စကားမပြောဘဲ နေနေဆဲပင်။
“ပြန်သွားပါ”
ထူလင်းချန် တိုက်တွန်းလိုက်၏။
“ထျန်ယဲ့မြို့ကို ပြန်သွားပါ... အဲ့ဒါက မင်းတို့ သားအဖရဲ့ ကံကြမ္မာ နဲ့သက်ဆိုင်တဲ့နေရာပဲ... “
“အဲ့ဒီမှာမှ မင်းက လွတ်လပ်ပြီး ပူပင်သောက ကင်းတဲ့ ယန်ရွှမ်း ဖြစ်မှာ”
ယန်နိုင်အာ စကားမပြောသေးချေ။
ထူလင်းချန် သတိပေးလိုက်သည်။
“ငါ မင်းကို ဘာမှ မတောင်းဆိုပါဘူး... လေမိုးကြိုး ခံတပ်ကနေ ထွက်သွားရင် ရပြီ... “
“နောက်ထပ် နာရီအနည်းငယ် ကြာရင် မြို့စားကြီး ကျိဝေရဲ့ တပ်က ထျန်းရွှေမြို့ တစ်ခုလုံးကို မြေပြင်နဲ့ တစ်ပြေးတည်း ဖြစ်အောင် ဖျက်ဆီးပစ်တော့မှာ... မင်းရဲ့ တပ်ဖွဲ့လေးက ရထားကို တားတဲ့ ပုရစ်လေး ဖြစ်သွားလိမ့်မယ်”
နိုင်အာ စကားတစ်ခွန်းမျှ မပြောသည်ကို မြင်သောအခါ ထူလင်းချန် အနည်းငယ် မကျေမနပ် ဖြစ်သွား၏။
“ငါ လာတာ မင်းဆီက တစ်ခုခု လိုချင်လို့၊ ဒါမှမဟုတ် မင်းကို သဘောကျလို့၊ မင်းရဲ့ တပ်ကို သဘောကျလို့လို့ ထင်နေတာလား...”
“ငါ မင်းကို ပြောပြမယ်... ငါ နာရီပေါင်းများစွာ တောင်းဆိုခဲ့ရပြီး ထူလင်း မိသားစုရဲ့ ဂုဏ်သိက္ခာကိုပါ အသုံးချပြီးမှ စစ်မဖြစ်ခင် မင်းကို တွေ့ခွင့်ရခဲ့တာ... မင်း အသက်ကို ကယ်ဖို့ အခွင့်အရေး ရခဲ့တာ... မြို့စားကြီး ကျိဝေရဲ့ အမြင်မှာ မင်းက ဆိုလွန်ရဲ့ အပေါင်းအပါ... သေသင့်တဲ့သူပဲ”
“ငါက စည်းရုံးဖို့ လာတာ မဟုတ်ဘူး... ကယ်တင်ဖို့ လာတာ... မင်းရဲ့ အရေးမပါတဲ့ တပ်ဖွဲ့ဝင် ထောင်ဂဏန်းလေးက မြို့စားကြီး ကျိဝေရဲ့ တပ်ဖွဲ့ဝင် တစ်သိန်းကို နာရီဝက်တောင် တားနိုင်မှာ မဟုတ်ဘူး”
ထူလင်းချန်၏ လေသံမှာ တဖြည်းဖြည်း ဒေါသသံများ စွက်လာလေပြီ။
“ထွက်သွား... ဒီကနေ ထွက်သွားပါ... မင်းအဖေ၊ မင်းရဲ့ လူတွေနဲ့အတူ ထျန်ယဲ့မြို့ကို ပြန်သွား... ဆိုလွန်နဲ့အတူ အသေခံစရာ မလိုဘူး”
“အစ်ကိုကြီး... ကျေးဇူးတင်ပါတယ်”
ယန်နိုင်အာ နောက်ဆုံးတွင်စကားပြောလာ၏။
“မြို့စားကြီး ကျိဝေရဲ့ တပ်က လေမိုးကြိုး ခံတပ်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ် ဆိုတာ ကျွန်မ သိပါတယ်... ရှင်က ကျွန်မအသက်ကို ကယ်ချင်လို့ ရောက်လာတာကိုလည်းသိတယ်... ဒါပေမဲ့...”
နိုင်အာ စကားကို ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။
“ဒါပေမဲ့ ခင်ပွန်းသည်နောက်ကို မယားလိုက်ရတာ ဓမ္မတာပဲ... သူ့မိန်းမ ဖြစ်သွားမှတော့ ဘယ်လို ကံကြမ္မာပဲ ဖြစ်ဖြစ် ကျွန်မ လက်ခံတယ်”
ထိုစကားကြောင့် ထူလင်းချန်၏ မျက်နှာ တွန့်လိမ်သွားပြီး မျက်ဝန်းများ၌ မနာလိုမှုနှင့် အမုန်းတရားများ လျင်မြန်စွာ ဖြတ်ပြေးသွားသည်။
နိုင်အာ ခေတ္တမျှ စဉ်းစားပြီးမှ စကားလုံးများကို စုစည်းကာ ဆက်ပြောလိုက်သည်။
“နောက်တစ်ချက်က ကျွန်မ ကြေးစားစစ်သည် လုပ်ရတာကို မကြိုက်ဘူး... ထျန်ယဲ့မြို့ကိုလည်း မကြိုက်ဘူး... အရင်က လွတ်လွတ်လပ်လပ် သွားလာရတာကို သဘောကျတယ် ဆိုတာက လွတ်လပ်ပြီး ဆန္ဒရှိတဲ့ ဘဝကို ရှာဖွေချင်လို့ မဟုတ်ဘူး...”
“အဖေ့ဘေးကနေ ထွက်ပြေးချင်လို့၊ ကြေးစားစစ်သည် ဘဝကနေ ထွက်ပြေးချင်လို့ပဲ... ကျွန်မက သာမန် မိန်းမ တစ်ယောက်ပါ... ကျွန်မ ရှာဖွေနေတာက ခင်ပွန်းကို ကူညီပြီး သားသမီးတွေကို ပြုစုပျိုးထောင်ချင်တဲ့ ဘဝမျိုးပဲ... “
“ဒါပေမဲ့ ကျွန်မရဲ့ သိုင်းပညာက အရမ်းမြင့်နေတော့ တပ်တွေကို ဦးဆောင်ပြီး စစ်တိုက်နိုင်တာကြောင့် ခင်ပွန်းရဲ့ အခက်အခဲတွေကို ဝေမျှခံစားပြီး ကူညီပေးနိုင်တယ်လေ”
“အခု ကျွန်မ အရမ်း ပျော်ရွှင်တယ်... ဒီအချိန်လေးက တိုတောင်းပြီး မကြာခင် ပျက်စီးခြင်း ရောက်လာတော့မယ် ဆိုရင်တောင်မှပေါ့... “
“ဆိုလွန် ကျွန်မကို စနောက်တုန်းက စကားတချို့ ပြောဖူးတယ်... ရွှေလေနဲ့ ကျောက်စိမ်းနှင်းတို့ ဆုံတွေ့ချိန်မှာ လောကရဲ့ မရေမတွက်နိုင်တဲ့ အရာတွေကိုတောင် အနိုင်ယူနိုင်တယ်တဲ့... “
“ကျွန်အ ပြောချင်တာက ဒီရက်အနည်းငယ်လေးအတွင်းရဲ့ ပျော်ရွှင်မှုက နှစ်ပေါင်းများစွာ အထီးကျန်ခဲ့ရတာထက် ပိုတယ်... ဆိုလွန်နဲ့အတူ သေရမယ်ဆိုရင်တောင် နောင်တမရဘူး”
ထူလင်းချန်၏ မျက်နှာ တဆက်ဆက် တွန့်လိမ်သွားပြီးနောက် စူးရှသော အသံဖြင့် ရယ်မောလိုက်သည်။
“ငါ... ငါ တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်သေးခံရအောင် လုပ်မိတာပဲ... “
“ကောင်းပြီလေ... ငါလည်း တတ်နိုင်သလောက် သည်းခံခဲ့ပြီးပြီ... မင်းက ဆိုလွန်နဲ့အတူ သေချင်နေမှတော့ သေလိုက်... ငါ မျက်လုံးကန်းနေခဲ့တာ ဖြစ်မယ်”
ထို့နောက် ထူလင်းချန် ချက်ချင်း လှည့်ထွက်သွားပြီး နောက်ပြန်မလှည့်ကြည့်တော့ချေ။
……
ထျန်းရွှေမြို့၊ မြို့စားအိမ်တော်၏ မြေအောက် အကျဉ်းထောင်တွင်း၌။
အချိန် မည်မျှ ကြာသွားသည် မသိသော်လည်း နောက်ဆုံး၌ အရာအားလုံး ငြိမ်သက်သွားလေပြီ။
ကျိနင်မှာ အလွန် ပင်ပန်းနွမ်းနယ်နေသော်လည်း ဆိုလွန်၏ တစ်ကိုယ်လုံး၌ သွားရာများနှင့် ကုတ်ခြစ်ရာများ အပြည့် ရှိနေသည်။
ထိုအရာများ အားလုံးက မင်းသမီး ကျိနင်၏ လက်ရာများပင်။
ဆိုလွန်က သူမကို အပြည့်အဝ ပိုင်ဆိုင်သွားချိန်၌ သူမ လုံးဝ တုန်လှုပ်သွားခဲ့ပြီး ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။
ထို့နောက် သူမ စတင် ဆဲရေးကာ အော်ဟစ်ပြီး အစွမ်းကုန် ရုန်းကန် ကိုက်ခဲတော့သည်။
သို့သော် ထိုပုန်ကန်မှုများ အားလုံးက ဆယ်စက္ကန့်ပင် မခံလိုက်ချေ။
ထို့နောက် သူမ စတင် ပျက်စီးသွားတော့၏။
နာရီအနည်းငယ် ကုန်လွန်သွားပြီးနောက် အရာအားလုံး အေးချမ်းသွားလေပြီ။
မင်းသမီး ကျိနင် သူမ၏ လက်ချောင်းများ ထုံကျဉ်နေပြီး တစ်ကိုယ်လုံး နာကျင်နေကြောင်း ခံစားလိုက်ရသည်။ လည်ချောင်း အပါအဝင် တစ်ကိုယ်လုံး ပူလောင်နေ၏။
သူမက နေလှန်းထားသော ပုစွန်ခြောက်လေး တစ်ကောင်အလား ကိုယ်လုံးလေးကို ကွေးထားသည်။ ညတိုင်း သူမ ဤကဲ့သို့ အိပ်စက်လေ့ရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုပုံစံက လုံခြုံမှု ရှိသည်ဟု ခံစားရသောကြောင့်ပင်။
ဆိုလွန်က သူမကို အနောက်မှ ဖက်ထားပြီး သူမ၏ ဗိုက်လေးကို ဖွဖွလေး ထိတွေ့ကာ ညင်သာစွာ ပွတ်သပ်ပေးနေသည်။
ထို့နောက် သူမ၏ နားရွက်လေးကို နမ်းရှိုက်ကာ ဖွဖွလေး ကိုက်ခဲလိုက်၏။
ချက်ချင်းပင် ကျိနင်၏ ကိုယ်လုံးလေး အနည်းငယ် တုန်ရီသွားပြီး အပူချိန် တဖြည်းဖြည်း မြင့်တက်လာပြန်သည်။
“ဘာ... ဘာလို့ ဒီလို ဖြစ်ရတာလဲ”
ကျိနင်၏ အသံမှာ လုံးဝ အက်ကွဲနေပြီး မျက်ရည်များ ကျဆင်းလာကာ မေးလိုက်သည်။
“နင် ငါ့ကို ဖျက်ဆီးပစ်လိုက်ပြီ”
ဆိုလွန် ပြန်ဖြေလာ၏။
“ဒါပေမဲ့ မင်းက တော်တော်လေး သာယာနေတာ သိသာပါတယ်... ငါ့ထက်တောင် ပိုပြီး ပြင်းထန်နေသေးတယ်”
ကျိနင် အရွဲ့တိုက်၍ပြန်ပြောလိုက်သည်။
“အပျိုစင်ဘဝ ဖျက်ဆီးခံလိုက်ရမှတော့ သန့်စင်တဲ့ မိန်းမကောင်းလေးလို ဟန်ဆောင်နေစရာ မလိုတော့ဘူးလေ... ခုခံဖို့ မတတ်နိုင်မှတော့ မျက်လုံးမှိတ်ပြီး သာယာလိုက်တာပဲ ကောင်းပါတယ်”
“အဲ့ဒါက အကြောင်းပြချက်လား”
“အကယ်၍ စောစောက မင်းကို စော်ကားသွားတဲ့သူက ဆိုဟန်ရီ၊ ဒါမှမဟုတ် ကျန်းနင် ဖြစ်နေရင်ရော”
ဆိုလွန် မေးလိုက်၏။
“ပါးစပ်ပိတ်ထားစမ်း”
ကျိနင် အော်ဟစ်လိုက်ပြီး ကိုယ်လုံးလေး ပြင်းထန်စွာ တုန်ရီသွားသည်။
သူမ ထိုဖြစ်နိုင်ခြေကို တွေးကြည့်လိုက်ရုံဖြင့် ခွေးတစ်ကောင်၏ လျက်ခြင်း ခံလိုက်ရသည့်အလား ရွံရှာလွန်း၍ တွန့်လိမ်သွားရ၏။
“ကျိနင်... မင်း ငါ့ကို သဘောကျတယ် မလား”
ဆိုလွန် မေးလိုက်သည်။
ကျိနင် ပါးစပ်ပိတ်ကာ စကားမပြောတော့ချေ။ သူမ ပြန်ဖြေရန်ပင် မလိုပေ။ သူမ၏ ခန္ဓာကိုယ်က အရာအားလုံးကို ပြောပြနေသောကြောင့်ပင်။ သူမ၏ ခန္ဓာကိုယ် အတွင်းအပြင်က ဆိုလွန်၏ ရင်းနှီးကျွမ်းဝင်မှုကို သာယာနေလေပြီ။
“နင် တကယ် အရှက်မရှိတာပဲ”
ကျိနင် မကျေမနပ် ပြောလိုက်၏။
“ဟုတ်တယ်... ငါက တကယ် အရှက်မရှိတာ”
ဆိုလွန် သူမ၏ ပါးလေးကို ညှစ်ကာ နမ်းရှိုက်လိုက်သည်။
နက်ရှိုင်းပြီး စိုစွတ်သော အနမ်းကြောင့် ဝိညာဉ်ပင်အရည်ပျော်လုမတတ် ဖြစ်သွားရသည်။ သူမ၏ လျှာလေးမှာ အကြိမ်ကြိမ် ကိုက်ခံထားရသောကြောင့် ထုံကျဉ်လုနီးပါးဖြစ်နေလေပြီ။
“နင် ပုံမှန်မဟုတ်တဲ့ကောင်...”
ယခုအချိန်၌ ထို ပုံမှန်မဟုတ်သော အမျိုးသားက မည်သည့် ကိစ္စကိုမဆို လုပ်ဆောင်နိုင်လေသည်။
“ကျိနင်... မင်းအစ်ကို ကျိလီ ပြောခဲ့တဲ့ အစီအစဉ်က ကတိတည်သေးရဲ့လား”
ဆိုလွန် ရုတ်တရက် မေးလိုက်၏။
“ဘာအစီအစဉ်လဲ”
“နင်က သူ့ကို သစ္စာခံပြီးရင် ငါနဲ့ လက်ထပ်ပေးမယ်... အနာဂတ်မှာ နင့်ကို ဘုရင့်နိုင်ငံရဲ့ ဝန်ကြီးချုပ်၊ ဒါမှမဟုတ် စစ်တပ်ရဲ့ တပ်မှူးချုပ် အဖြစ် ခန့်အပ်မယ် ဆိုတဲ့ ကိစ္စလား”
“ဟုတ်တယ်”
ဆိုလွန် ခေါင်းညိတ်လိုက်သည်။
ကျိနင် ခေါင်းရမ်းလိုက်၏။
“အိပ်မက် မမက်နဲ့... ငါ နင့်ကို လက်ထပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး... ဘာလို့လဲဆိုတော့ နင့်ရဲ့ အဆင့်အတန်းက အရမ်း နိမ့်လွန်းတယ်... အနာဂတ်မှာ ဝန်ကြီးချုပ်၊ ဒါမှမဟုတ် တပ်မှူးချုပ် နေရာကို နင့်ကို ပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး... ဘာလို့လဲဆိုတော့ သူက နင့်ကို မကြိုက်ဘူးလေ”
ဆိုလွန် မျက်မှောင်ကျုံ့ကာ အလေးအနက်ပြန်ပြောသည်။
“ဒါပေမဲ့ သူက ငါ့ကို တော်တော်လေး အထင်ကြီးတဲ့ ပုံစံပါပဲ”
ကျိနင် လှောင်ပြုံးပြုံးလိုက်၏။
“နင်က တကယ်ကို ရိုးအလွန်းတယ်... ဒါက သူ့ရဲ့ ဟန်ဆောင်မှု သက်သက်ပဲ... သူ ဒီလိုမျိုး နင့်ကို သိမ်းသွင်းချင်ယောင် ဆောင်ပြနေတာက ဘုရင်မင်းမြတ် မြင်အောင်လို့ လုပ်ပြတာ... ငါတို့က နင့်လို လူမျိုးကို မလိုအပ်ဘူး”
“ငါက အရမ်း ကြောက်စရာကောင်းတာကို ဘာလို့ မလိုအပ်ရမှာလဲ”
ဆိုလွန် မေးလိုက်သည်။
“နင်က အရမ်း ကြောက်စရာကောင်းပေမဲ့ အရမ်းလည်း မိုက်မဲတယ်လေ”
ကျိနင် ဖြေလိုက်၏။
ထို့နောက် ကျိနင် သက်ပြင်းချလိုက်သည်။
“သဘာဝကျကျပဲ ငါလည်း အရမ်း မိုက်မဲခဲ့တာပါ... ဒီ ထျန်းရွှေမြို့ စစ်ပွဲကို ဆိုဟန်ရီဆီ အပြည့်အဝ လွှဲပေးခဲ့ရင် ငါတို့ နိုင်နေလောက်ပြီ... နင်လည်း သင်္ဂြိုဟ်စရာ မြေတောင် မရှိဘဲ သေသွားလောက်ပြီ... နူအာတန်ကို လွှဲပေးခဲ့ရင်တောင် ပိုကောင်းဦးမယ်”
ဆိုလွန် မေးလိုက်၏။
“ဒါကြောင့် မင်းက ငါ့ကို လက်မထပ်နိုင်တာပေါ့”
“ဟုတ်တယ်”
ကျိနင် ပြတ်သားစွာ ဖြေလိုက်သည်။
ဆိုလွန် တောင်းဆိုလိုက်၏။
“အဲ့ဒါဆို ငါ့ကို မင်းရဲ့ တတိယလူ အဖြစ် ထားပါ... မင်းနဲ့ အတူအိပ်ပြီး ဘာအဆင့်အတန်းမှ မလိုချင်ဘူး... ထျန်းရွှေမြို့ကို ငါ့ဆီ အရင်တိုင်း ပြန်ပေး... “
“ပြီးရင် တောင်ပိုင်း လူရိုင်းလွင်ပြင်ကို စစ်ချီမယ့် တပ်မှူးတွေထဲက တစ်ယောက်အဖြစ် ငါ့ကို ခန့်ပေး... ဒီအရာတွေကို ဆိုဟန်ရီကို ပေးနိုင်မှတော့ ငါ့ကိုလည်း ပေးရမှာပေါ့... အခုဆို ငါတို့က အသွေးအသားချင်းတောင် နီးစပ်သွားပြီပဲ”
ဆိုလွန်၏ ဆွဲဆောင်မှုရှိပြီး လူကို ပျက်စီးစေနိုင်သော မျက်နှာကို ကြည့်ကာ ကျိနင် မေးလိုက်သည်။
“ဆိုလွန်... နင် ဘာအကြံအစည်တွေ ရှိနေတာလဲ”
“ငါ့မှာ ဘာအကြံအစည် ရှိရမှာလဲ”
ဆိုလွန် ပခုံးတွန့်ကာ ပြန်ဖြေ၏။
“ဘုရင်မင်းမြတ်နဲ့ ကျိယန်က အာရှီလော့ ဆိုတဲ့ ခွေးကောင်ကို သိမ်းသွင်းဖို့ ငါ့ကို အပြည့်အဝ စွန့်ပစ်လိုက်ပြီ... ငါ့ကိုယ်ငါ ကယ်တင်မှ ရမယ်... ဒါကြောင့် ထျန်းရွှေမြို့အတွက် ငါ့ခန္ဓာကိုယ်ကို အလဲအလှယ် လုပ်တာလေ”
ကျိနင် အံကြိတ်ကာ ပြောလိုက်သည်။
“နင် ငါ့ကို အတင်းအဓမ္မ လုပ်ပြီး ငါ့ခန္ဓာကိုယ်ကို ရသွားတာလေ”
“အပြန်အလှန် ရသွားတာပါ”
ဆိုလွန် အလေးအနက် ပြောလိုက်ပြီးနောက် လှည့်ထကာ ကျိနင်အပေါ် ဖိချပြီး သူမ၏ မျက်လုံးများကို ကြည့်ကာ ပြောလိုက်၏။
“ကျိနင်... ငါ့ကို လွှတ်ပေးပါ”
ယခင်က ကျိနင်တစ်ယောက် အကြိမ်ပေါင်းများစွာ ဆိုလွန် သူမကို အသက်ချမ်းသာပေးရန် တောင်းပန်မည့် အချိန်ကို စိတ်ကူးယဉ်ခဲ့ဖူးသည်။ ထိုသို့ စိတ်ကူးယဉ်တိုင်း သူမ၏ ရင်တွင်း၌ လွန်စွာ ကျေနပ်ရ၏။
သို့သော် အမှန်တကယ် ဖြစ်လာချိန်၌မူ အနည်းငယ်မျှပင် နေလို့မကောင်းဘဲ အလွန် ဝမ်းနည်းနေမိသည်။
“မဖြစ်နိုင်ဘူး... အခုမှ လာတောင်းပန်နေတာ နောက်ကျသွားပြီ”
ကျိနင် ပြောလိုက်ပြီးနောက် သူမ၏ ခြေထောက် နှစ်ဖက် ထပ်မံ ကွဲဟသွားသည်ကို ခံစားလိုက်ရသဖြင့် လန့်ဖြတ်သွားကာ အော်ဟစ်လိုက်သည်။
“နင်... နင် ဘာလုပ်မလို့လဲ... ငါ... ငါ မခံနိုင်တော့ဘူး... အင်း...”
“ငါ ညင်ညင်သာသာလေး လုပ်ပါ့မယ်”
ဆိုလွန် ပြောလိုက်၏။
……
အပိုင်း ၃၄၆ ပြီး။