အခန်း ၃၄၇
Vol. 35 Ch. 347
(အခန်း )၃၄၇
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
နာရီဝက်ခန့် ကြာပြီးနောက်။
ကျိနင် ရထားလုံးပေါ်၌ ထိုင်နေသည်။ သူမကို ရထားလုံးပေါ်သို့ ပွေ့ချီကာ တင်ပေးခဲ့ရခြင်းဖြစ်ပြီး လမ်းပင် မလျှောက်နိုင်တော့ချေ။
သူမ၏ ရထားလုံးကို မြင်းစီးသူရဲ တစ်တပ်က အစောင့်အရှောက်ပေးကာ ထျန်းရွှေမြို့ထဲမှ ထွက်ခွာလာခဲ့၏။ မြို့ပြင်ရောက်သောအခါ ဆိုလွန့်ကို နှုတ်ဆက်လိုက်သည်။
“ဆိုလွန်... ငါ ကျိဝေရဲ့ တပ်တွေဆီ ပြန်ရောက်တာနဲ့ ပထမဆုံး အနေနဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင် တစ်သိန်းကို လွှတ်ပြီး နင့်ရဲ့ ထျန်းရွှေမြို့ကို ဖျက်ဆီးပစ်ခိုင်းမယ်”
ကျိနင် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ “ဘာမှ စိတ်ကူးယဉ်မနေနဲ့... နင် ငါနဲ့ အတူအိပ်ခဲ့ပေမဲ့ ဒါက ဘာကိုမှ ပြောင်းလဲသွားစေမှာ မဟုတ်ဘူး”
ဆိုလွန်က ပိုးသားဖြူစ တစ်စကို ထုတ်ပြလိုက်ရာ အပေါ်၌ မက်မွန်ပန်းကဲ့သို့ သွေးကွက်များ စွန်းထင်းနေပြီး ကျိနင်၏ အပျိုစင်သွေးနှင့် အခြား အရည်များ ပါဝင်နေသည်။
ကျိနင်၏ ပါးပြင်များ နီရဲသွားပြီး မေးလိုက်၏။
“နင်... နင် ဘာလုပ်မလို့လဲ”
ဆိုလွန် ထိုသွေးကွက်ကို နမ်းရှိုက်လိုက်ပြီး ပြောလိုက်သည်။
“ငါ ကြိုးစားခဲ့ပြီးပြီ... ရလဒ်အတွက်ကတော့ ကံတရားကိုပဲ ပုံအပ်ထားလိုက်တော့မယ်... ကောင်းကင်ဘုံက ငါ့ရဲ့ ဆိုမိသားစုကို ဖျက်ဆီးချင်တယ် ဆိုရင်လည်း... ပျက်စီးသွားရုံပေါ့... “
“ငါ ဒီနေရာကနေ မင်းကို စောင့်နေမယ်... အကယ်၍ မင်းရဲ့ တပ်ဖွဲ့ဝင် တစ်သိန်းက ထျန်းရွှေမြို့ နယ်နိမိတ်ထဲ ဝင်လာခဲ့ရင် ငါ့ရဲ့ တပ်တွေ အကုန်လုံးကို ဦးဆောင်ပြီး မင်းတို့နဲ့ အသေအကြေ တိုက်ခိုက်မယ်... ရထားကို တားတဲ့ ပုရစ်လေး ဖြစ်နေရင်တောင်မှပေါ့”
ကျိနင် နှုတ်ခမ်းမဲ့လိုက်ပြီး ရက်စက်စွာ ပြောလိုက်သည်။
“မကြာခင် တပ်ဖွဲ့ဝင် တစ်သိန်း ရောက်လာလိမ့်မယ်... နင်တို့ ပျက်စီးရမယ့် ရလဒ်က ပြောင်းလဲသွားမှာ မဟုတ်ဘူး”
ဆိုလွန် တောင်းဆိုလိုက်သည်။
“ကျိနင်... ငါ တောင်းဆိုတာ အများကြီး မဟုတ်ပါဘူး... အရင်က ဆိုဟန်ရီကို မင်း ပေးခဲ့တဲ့ ကတိအတိုင်းလေးပဲ”
ကျိနင်က ငြင်းဆိုလိုက်၏။
“မဖြစ်နိုင်ဘူး... ငါတို့က ဆိုဟန်ရီကို ပေးနိုင်ပေမဲ့ နင့်ကိုတော့ မပေးနိုင်ဘူး... ဘာလို့လဲဆိုတော့ သူက ခွေးကောင်း တစ်ကောင်လေ... နင်ကရော”
ဆိုလွန် ခွေးတစ်ကောင် ဖြစ်လာရန် ဆိုသည်မှာ သေချာပေါက် မဖြစ်နိုင်ချေ။
ကျိနင် ရုတ်တရက် ပြောလာသည်။
“ငါ နင့်ကို မယုံဘူး... ဒါပေမဲ့ ငါ ယုံလာအောင် လုပ်နိုင်မယ့် နည်းလမ်းတော့ ရှိတယ်”
“ဘာနည်းလမ်းလဲ”
ဆိုလွန် မေးလိုက်၏။
“နင့်ကိုယ်နင် သင်းကွပ်လိုက်... ပြီးရင် ငါ့ဘေးမှာ မိန်းမစိုး လာလုပ်... အဲ့ဒါဆို ငါ နင့်ကို ယုံမယ်”
ကျိနင် အေးစက်သောမျက်နှာဖြင့်ပြန်ဖြေလိုက်သည်။
ထိုစကားကြောင့် ဆိုလွန်၏ မျက်နှာ တွန့်လိမ်သွား၏။
“ဆိုလွန်... နင် စောင့်နေလိုက်... ငါ မကြာခင် ပြန်လာခဲ့မယ်... ပျက်စီးခြင်းကို သယ်ဆောင်ပြီး ပြန်လာခဲ့မယ်”
ကျိနင် ပြောလိုက်ပြီးနောက် ရထားလုံး နံရံကို ပုတ်ကာ အမိန့်ပေးလိုက်သည်။
“သွားမယ်”
ချက်ချင်းပင် မြင်းစီးသူရဲများက ကျိနင်ကို အစောင့်အရှောက်ပေးလျက် အနောက်ဘက်ရှိ ကျိဝေ၏ တပ်ဖွဲ့ဆီသို့ ဦးတည် ထွက်ခွာသွားကြသည်။
ဆိုလွန် မြို့တံခါးအပြင်ဘက်၌ ရပ်ကာ သူမ ထွက်ခွာသွားသည်ကို ငေးကြည့်နေသည်။
ဆိုလွန်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် ကျိနင် ဆက်၍ သည်းမခံနိုင်တော့ချေ။ ကိုယ်လုံးလေး တစ်ခုလုံး ကွေးသွားပြီး ခြေထောက် နှစ်ဖက်ကို ဖက်ကာ မျက်နှာကို ဒူးကြား အပ်လျက် အသံထွက်၍ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
……
သူ၏ မြင်ကွင်းမှ ကျိနင်၏ရထားလုံး ပျောက်ကွယ်သွားပြီးနောက် ချက်ချင်းပင် ခြင်္သေ့ကျားသားရဲကို စီးနင်းကာ လူသူကင်းမဲ့သော တောင်ကြားလမ်းအတိုင်း အမြန်ဆုံး အမြန်နှုန်းဖြင့် ထျန်းရွှေမြို့မှ ထွက်ခွာ၍ တော်ဝင်မြို့တော် ကျစ်တူးဆီသို့ ဦးတည်သွားလေပြီ။
သူက ကျိနင်၏ တတိယလူ အဖြစ် နေပြီး ထျန်းရွှေမြို့ကို အရှက်မဲ့စွာ အသက်ဆက်ခွင့် ရဖို့ အလဲအလှယ် လုပ်မည်လော။ မည်သို့ ဖြစ်နိုင်မည်နည်း။
သူက ကျိလီရှေ့မှာ ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်မည်လော။ မည်သို့ ဖြစ်နိုင်မည်နည်း။
သူ လိုချင်သည်မှာ အချိန်သာ ဖြစ်သည်။
ခြင်္သေ့ကျားသားရဲသည် တောင်ကြားလမ်းပေါ်၌ ရူးသွပ်ဖွယ်အရှိန်ဖြင့် ပြေးလွှားနေ၏။
အနောက်ဘက်သို့... အနောက်ဘက်သို့... အနောက်ဘက်သို့...။
ထျန်းရွှေမြို့မှ တော်ဝင်မြို့တော် ကျစ်တူးအထိ မိုင်ထောင်ချီ ဝေးကွာသည်။
ဆိုလွန်တစ်ယောက် နေ့ရောညပါ အနားမယူဘဲ ခရီးနှင်ခဲ့၏။
တစ်ရက်နှင့် တစ်ညလုံး အပြည့်အဝ ကုန်ဆုံးပြီးနောက် တော်ဝင်မြို့တော် ကျစ်တူးက မျက်မှောက်၌ ပေါ်လာလေပြီ။
ဆိုလွန် ရုပ်ဖျက်ကာ တော်ဝင်မြို့တော်ထဲသို့ ခိုးဝင်လိုက်ပြီး မြို့စားကြီး ကျိထင်၏ အိမ်တော်ရှေ့သို့ ရောက်ရှိလာသည်။
ကျောက်စိမ်းဆွဲကြိုးကို ထုတ်ယူကာ မြို့စားအိမ်တော်၏ တံခါးစောင့် မိန်းမစိုးကို ကမ်းပေးရင်း ပြောလိုက်၏။
“ကျိထင်ဆီ ယူသွားလိုက်... ငါ ရောက်လာပြီလို့ ပြောလိုက်”
….
မင်းသမီး ကျိနင်၏ ရထားလုံးက လေမိုးကြိုး ခံတပ်အရှေ့၌ ရပ်တန့်သွားသည်။ မြို့စားကြီး ကျိဝေ၏ တပ်စခန်းဆီသို့ သွားရန် လေမိုးကြိုး ခံတပ်ကို ဖြတ်သန်းသွားရမည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထျန်းရွှေမြို့မှ အနောက်ဘက်သို့ ထွက်ခွာနိုင်သည့် တစ်ခုတည်းသော တရားဝင်လမ်းမကြီးကို ထိုခံတပ်က စောင့်ကြပ်နေသောကြောင့်ပင်။
ဆိုမိသားစု၏ သူရဲကောင်းတစ်ဦးက ရှေ့သို့ထွက်လာပြီး ဆိုလွန်၏ လက်ရေးဖြင့် ရေးသားထားသော ခွင့်ပြုချက်စာကို ကမ်းပေးလိုက်သည်။
“သခင်မလေး ကျိနင်ကို ပိုင်ယွင်ကောင်တီဆီ ပြန်ပို့ပေးဖို့ မြို့စားမင်းက အမိန့်ပေးလိုက်ပါတယ်... ဒီအကြောင်း တပ်မှူး ယန်ရွှမ်းကို သတင်းပို့ပေးပါ”
ခေတ္တအကြာ၌ ရဲတိုက်တံခါးကြီး ဖြည်းညှင်းစွာ ပွင့်လာသော်လည်း နိုင်အာ ထွက်မလာခဲ့ချေ။
မြင်းစီးသူရဲတပ်စုက ကျိနင်၏ ရထားလုံးကို အစောင့်အရှောက်ပေးကာ ရဲတိုက်တံခါးထဲသို့ ဝင်ရောက်သွားသည်။
ရုတ်တရက် မင်းသမီး ကျိနင်က အမိန့်ပေးလိုက်၏။
“ရပ်... ငါ ယန်ရွှမ်းကို တွေ့ရမယ်... မိန်းမတစ်ယောက်လွှတ်ပြီး ငါ့ကို ရထားလုံးပေါ်က တွဲဆင်းခိုင်းလိုက်”
ခဏအကြာ၌ အမျိုးသမီး စစ်သည်တစ်ဦး ရောက်လာပြီး မင်းသမီး ကျိနင်ကို ရထားလုံးပေါ်မှ ပွေ့ချီကာ နိုင်အာ၏ ယာယီအခန်းထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားသည်။
အခန်းထဲ၌ နိုင်အာ မျက်လုံးများကို မှိတ်ထားပြီး အလေးအနက်ကျင့်ကြံနေသည်။
ကျိနင် သတိထား၍ ထိုင်လိုက်သော်လည်း သူမ၏ လှုပ်ရှားမှုကြောင့် အောက်ပိုင်း နာကျင်သွားကာ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားရ၏။
အဖြစ်အပျက်ထဲ၌ နစ်မျောနေစဉ်က မည်မျှ နာကျင်ကြောင်း သတိမထားမိသော်လည်း ပြီးသွားသည့်နောက်တွင် အမှန်တကယ် နာကျင်လှသည်။
“ဆိုလွန်က ငါ့ကို နှစ်နာရီကြာ အတင်းအဓမ္မ ပြုကျင့်ခဲ့တယ်... အကြိမ်အရေအတွက်ကို မရေတွက်နိုင်သလို ဖြစ်နိုင်တဲ့ နည်းလမ်းမျိုးစုံကိုလည်း သုံးသွားတယ်”
ကျိနင် ပွင့်ပွင့်လင်းလင်းပင် ပြောလာ၏။
“ဒါကြောင့် ငါ လမ်းတောင် မလျှောက်နိုင်တော့ဘူး”
နိုင်အာ၏ လှပသော မျက်တောင်လေးများ အနည်းငယ် တုန်ရီသွားပြီး ရင်သပ်ရှုမောဖွယ် မျက်နှာထက်၌ နာကျင်သော အမူအရာ ပေါ်လာသည်။
“ဒါကို လာပြောပြရတဲ့ အကြောင်းရင်းက ဘာလဲ”
နိုင်အာ မေးလိုက်၏။
“နင် အရင်က ဆိုလွန်ကို ငါ့အပေါ် အတင်းအဓမ္မ မလုပ်ဖို့ သတိပေးခဲ့တယ်လေ... ဒါပေမဲ့ သူ လုပ်ခဲ့တယ်”
ကျိနင် ပြန်ဖြေသည်။
“ပြီးတော့ရော”
“သူ နင့်ရဲ့ ခံစားချက်ကို ထပ်ပြီး သစ္စာဖောက်လိုက်ပြန်ပြီ... ဘာလို့ ဒီလို ယောက်ျားမျိုးနောက်ကို ဆက်လိုက်နေဦးမှာလဲ... ဘာလို့ သူ့အတွက်နဲ့ အသက်စွန့်ဖို့ကြိုးစားနေတာလဲ”
နိုင်အာ တစ်ခုခုကို ထိုးချေပစ်တော့မည့်အလား လက်သီးဆုပ်လိုက်သော်လည်း ချက်ချင်း ပြန်ဖြေလျှော့လိုက်သည်။
“သူ အဲ့လိုလုပ်ခဲ့ရင်တောင် ငါတို့ရဲ့ ဆက်ဆံရေးကို သစ္စာဖောက်တာလို့ မသတ်မှတ်နိုင်ဘူး... သူ ထျန်းရွှေမြို့အတွက် လုပ်ခဲ့တာပဲ”
“မိုက်မဲလိုက်တာ... ရိုးအပြီး လုံးဝကို အရူးပဲ”
ကျိနင် လှောင်ပြောင်လိုက်၏။
“နိုင်အာ... မိန်းမတစ်ယောက်အနေနဲ့ ငါ နင့်အတွက် ရှက်တယ်... ယောက်ျား မရှိဘဲ အသက်မရှင်နိုင်ဘူး ထင်နေတာလား... ဆိုလွန်လို ခွေးကောင်မျိုးကို ဘယ်လိုများ သည်းခံနိုင်ရတာလဲ”
နိုင်အာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါ့လာမရှုပ်နဲ့... ထပ်ပြီး လာရှုပ်နေရင် နင့်ကို ရိုက်မိလိမ့်မယ်... ငါ အများကြီး သည်းခံထားပြီးပြီ”
“အဲ့ဒါဆိုလည်း သွားပြီး ဆိုလွန်ကို သတ်လေ”
ကျိနင် နှာခေါင်းရှုံ့လိုက်၏။
“ဘာလို့ ငါ့အပေါ် လာဒေါသထွက်နေတာလဲ... ငါက သားကောင်လေ”
“နင်က သားကောင် ဟုတ်လား... အဲ့ဒါဆို ဘာလို့ နင့်ရဲ့ မျက်ခုံးလေးတွေက သီချင်းဆိုနေသလို ဖြစ်နေရတာလဲ... ဘာလို့ နင့်မျက်နှာက တောက်ပနေပြီး မျက်လုံးထောင့်တွေတောင် ပန်းရောင်သန်းနေရတာလဲ”
နိုင်အာ အော်ဟစ်လိုက်၏။
“အခု ချက်ချင်း ထွက်သွား... မဟုတ်ရင် နင့်ကို မရိုက်ဘူးလို့ အာမမခံနိုင်ဘူး”
ကျိနင် လှောင်ပြုံးပြုံးလိုက်သည်။
“နိုင်အာ... နင်က ဆိုလွန်ကို သွားမရိုက်ဘဲ ငါ့ကို ရိုက်ချင်နေတာလား... အဲ့ဒါဆိုရင် နင်နဲ့ ဟိုမိုက်မဲတဲ့ မိန်းမတွေနဲ့ ဘာကွာတော့လို့လဲ”
မိန်းမ ရှစ်ဆယ်ရာခိုင်နှုန်းခန့်သည် ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေကြောင်း သိလိုက်ရသည့်အခါ ခင်ပွန်းကို မရိုက်နှက်ဘဲ တတိယလူ မိန်းမကိုသာ ရိုက်နှက်တတ်ကြ၏။
နိုင်အာ အေးစက်စွာ ပြန်ပြောလိုက်သည်။
“ငါက အဲ့ဒီမိန်းမတွေနဲ့ ဘာမှ မကွာဘူး”
ထို့နောက် နိုင်အာ ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ မြင်းကြာပွတ် တစ်ချောင်းကို လက်ထဲ၌ လျင်မြန်စွာ ရစ်ပတ်လိုက်ပြီး မေးလိုက်သည်။
“နင် သွားမှာလား မသွားဘူးလား”
“ဟားဟားဟား...”
ကျိနင် အောင်ပွဲခံသည့်ဟန်ဖြင့် ရယ်မောလိုက်ပြီးနောက် မတ်တတ်ထရပ်ကာ အမိန့်ပေးလိုက်သည်။
“တစ်ယောက်ယောက် လာပြီး ငါ့ကို အပြင်ကို ပွေ့ခေါ်သွား”
“နင့်ဘာသာ သွား”
နိုင်အာ ပြန်ပြောလိုက်သည်။
ထို့ကြောင့် ကျိနင် နာကျင်နေသော်လည်း အံကြိတ်တောင့်ခံကာ နံရံကိုအားပြု၍ အပြင်သို့ ထွက်သွားရတော့သည်။
အောက်ပိုင်းစီမှ နာကျင်မှုမှာ စကားလုံးများဖြင့်ပင် ဖော်ပြ၍မရလောက်အောင်ပင်။ ခြေလှမ်းတိုင်းက နာကျင်နေသဖြင့် ကျိနင်၏ စိတ်ထဲ၌ ဆိုလွန်ကို အကြိမ်ကြိမ် ဆဲရေးနေမိသည်။
ကျိနင် ရဲတိုက်ပေါ်မှ ဆင်းကာ ရထားလုံးပေါ်သို့ ပြန်တက်၍ ထွက်ခွာသွားချိန်တွင် နိုင်အာ ဆက်၍ သည်းမခံနိုင်တော့ဘဲ ကြာပွတ်ကို ယူကာ ရဲတိုက်နံရံများကို အပြင်းအထန် ရိုက်နှက်တော့၏။
ခဏအကြာ၌ ကြာပွတ်မှာ အပိုင်းပိုင်းအစစ ပြတ်တောက်သွားသည်။
နိုင်အာ ခေါင်းကို မော့ကာ မျက်ရည်များ မကျဆင်းလာစေရန် အစွမ်းကုန် ထိန်းချုပ်ထားရသည်။
ထိုစဉ် လေမိုးကြိုး ခံတပ်၏ အနောက်ဘက်မှ မြင်းခွာသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
“သခင်မလေး... သခင်ကြီး ယန်ယန်က တပ်ဖွဲ့ဝင် ရှစ်ထောင်ကို ဦးဆောင်ပြီး စစ်ကူလာနေပါတယ်... မိုင်အနည်းငယ်ပဲ ကွာတော့တယ်”
ရုတ်တရက် အပြင်ဘက်မှ ကိုယ်ရံတော်၏ အသံ ထွက်ပေါ်လာသည်။
နိုင်အာ မျက်ရည်များနှင့် ပူဆွေးဒေါသထွက်နေသည့်အမူအရာများကို ဖုံးကွယ်ပြီး ရဲတိုက်ပေါ်မှ ဆင်းကာ ဖခင်ဖြစ်သူ ယန်ယန်ကို သွားရောက် ကြိုဆိုလိုက်သည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ယန်ယန်၏ တပ်ဖွဲ့ဝင် ရှစ်ထောင်က လေမိုးကြိုး ခံတပ်ထဲသို့ ဝင်ရောက်လာ၏။
ယခုအချိန်၌ လေမိုးကြိုး ခံတပ် ကာကွယ်ရေးမျဉ်း တစ်ခုလုံးတွင် တပ်ဖွဲ့ဝင် တစ်သောင်းနှစ်ထောင် ရှိသွားလေပြီ။ ထိုပမာဏက မြို့စားကြီး ကျိဝေ၏ တပ်ဖွဲ့ဝင် တစ်သိန်းနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးသော်လည်း အနည်းဆုံးတော့ တစ်ချက်တည်းနှင့် ပြိုကျသွားတော့မည် မဟုတ်ချေ။
သားအဖ နှစ်ယောက် ရဲတိုက်ထိပ်သို့ ရောက်ရှိသွားပြီး အဝေးရှိ ပိုင်ယွင်ကောင်တီကို ငေးကြည့်နေကြသည်။
“သမီး... ဒါက သမီး ရွေးချယ်ခဲ့တဲ့ ယောက်ျားလား... သူက တစ်လောကလုံးရဲ့ ရန်သူ ဖြစ်နေပြီလေ”
“ပြီးတော့ အခု ဘုရင်မင်းမြတ်ရဲ့ အကာအကွယ်ကိုတောင် ဆုံးရှုံးသွားပြီ”
ယန်ယန် ခံစားချက်အပြည့်ဖြင့်ပြောသည်။
နိုင်အာ အံ့ဩသွား၏။
“အဖေ... အဲ့ဒါကို ဘယ်လိုလုပ် သိတာလဲ... ဒီကိစ္စ ဖြစ်သွားတာ သုံးရက်တောင် မပြည့်သေးဘူးလေ”
“ထျန်းရွှေမြို့က တပ်တွေရဲ့ စိတ်ဓာတ်ကို ကျဆင်းသွားအောင် တစ်ယောက်ယောက်က ရည်ရွယ်ချက် ရှိရှိနဲ့ သတင်းဖြန့်လိုက်တာပေါ့”
ယန်ယန် ရှင်းပြလိုက်ခြင်းပင်။
နိုင်အာ ခိုင်မာစွာ ပြန်ပြောလိုက်၏။
“သမီး ရွေးချယ်ခဲ့ပြီးပြီမလို့ အပိုင်းပိုင်းအစစ ဖြစ်သွားရင်တောင် နောင်တမရဘူး... အဖေ့ကိုပါ ဆွဲသွင်းမိသလို ဖြစ်သွားတာပဲ ရှိတာ”
ယန်ယန် နူးညံ့စွာ ပြုံးလိုက်သည်။
“ငါတို့ အကုန်လုံး အတူတူပါပဲ... သမီးက ဆိုလွန်အတွက် အပိုင်းပိုင်းအစစ အဖြစ်ခံနိုင်မှတော့ အဖေကလည်း သမီးအတွက်ဆို ဝမ်းသာအားရနဲ့ အသေခံမှာပေါ့”
ထို့နောက် ယန်ယန် သမီးဖြစ်သူ၏ မျက်လုံးများကို ကြည့်လိုက်ရာ အနည်းငယ် နီရဲနေသည်ကို သတိထားမိသွားသဖြင့် မေးလိုက်၏။
“သမီး ငိုထားတာလား... ဆိုလွန်က သမီး စိတ်ဆိုးအောင် တစ်ခုခု လုပ်လိုက်လို့လား”
“မဟုတ်ပါဘူး”
နိုင်အာ ခေါင်းရမ်းလိုက်သည်။
“စစ်ပွဲကြီးက နီးကပ်လာပြီမလို့ နည်းနည်း စိတ်ခံစားချက်လွယ်နေရုံပါ”
……
အပိုင်း ၃၄၇ ပြီး။