အခန်း ၃၄၈
Vol. 35 Ch. 348
(အခန်း )၃၄၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ပိုင်ယွင်ကောင်တီ မြောက်ပိုင်းရှိ အဓိက တပ်စခန်းတွင်း၌။
မြို့စားကြီး ကျိဝေ၏ တပ်ဖွဲ့ဝင် တစ်သိန်းမှာ စစ်ချီရန် အဆင်သင့် ဖြစ်နေလေပြီ။
သူကခြောက်နာရီအတွင်း မင်းသမီး ကျိနင်၊ ထူလင်းတိ၊ ကွေ့ချင်းကျုံးနှင့် အခြားသူများ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်ဆိုလွန်အား ရာဇသံ ပေးထား၏။
ထိုသို့ မဟုတ်ပါက တပ်ဖွဲ့ဝင် တစ်သိန်းက ထျန်းရွှေမြို့တွင်းသို့ ချက်ချင်း ဝင်ရောက်ကာ အရာအားလုံးကို မြေမှုန့်အဖြစ် ပြောင်းလဲပစ်ပေလိမ့်မည်။
ယခုအချိန်၌ ခြောက်နာရီ ပြည့်ရန် တစ်နာရီသာ လိုတော့ပြီး ကျိဝေ၏ တပ်ဖွဲ့ဝင် တစ်သိန်းမှာလည်း အပြည့်အဝ စုရုံးရောက်ရှိနေပြီ ဖြစ်သည်။
ထိုအချိန်၌ ဆိုလွန် ထျန်းရွှေမြို့မှ ထွက်ခွာသွားသည်မှာ သုံးနာရီသာ ကြာမြင့်သေးပြီး တော်ဝင်မြို့တော် ကျစ်တူးနှင့် မိုင်သုံးထောင်ခန့် ကွာဝေးနေသည်။
“အဖေ... ဆိုလွန်က ကျိနင်ကို ဓားစာခံ လုပ်ထားမလား”
ကျိယိုး မေးလိုက်၏။
မြို့စားကြီး ကျိဝေ ပြန်မေးလိုက်သည်။
“ဘာလို့ ဓားစာခံ လုပ်ရမှာလဲ”
ကျိယိုး ရှင်းပြ၏။
“လေမိုးကြိုး ခံတပ်ကို မတိုက်ခိုက်ဖို့ပေါ့... မဟုတ်ရင် ကျိနင်ကို ချက်ချင်း သတ်ပစ်မယ်လေ”
ကျိဝေ အနည်းငယ်စဥ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။
“မဟုတ်သေးဘူး...”
“လေမိုးကြိုး ခံတပ်က ထျန်းရွှေမြို့ကို သွားတဲ့ တစ်ခုတည်းသော တရားဝင်လမ်းမကြီးကို စောင့်ကြပ်ထားတာ မှန်ပါတယ်... “
“ဒါပေမဲ့ ငါတို့ တပ်က တရားဝင် လမ်းမကြီးကို ရှောင်ကွင်းသွားလို့ ရတယ်လေ... ဒါက ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှ မဟုတ်တာ... ထျန်းရွှေမြို့ကို ဝင်လို့ရတဲ့ ဘေးလမ်းတွေ အများကြီး ရှိသေးတယ်”
ကျိယိုး ဖြတ်ပြောလာသည်။
“အဲ့ဒါဆိုရင် သူက ထျန်းရွှေမြို့ကနေ ကျိနင်ကို ဓားစာခံ လုပ်ထားမှာပေါ့... ငါတို့ တိုက်ရင် သူ ကျိနင်ကို သတ်ပစ်လိမ့်မယ်”
ကျိဝေ အလေးအနက်စဉ်းစားကာ ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါဆိုရင်လည်း ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၊ လူရိုင်းချောက်ကမ်းပါး ခံတပ်နဲ့ ထျန်းရွှေမြို့ရဲ့ နယ်မြေတွေ အကုန်လုံးကို အရင်တိုက်ပြီးမှ နောက်ဆုံး ထျန်းရွှေမြို့ကို ဝိုင်းထားလိုက်မယ်လေ...”
“ပြီးရင် ကျိနင်ရဲ့ အသက်နဲ့ သူ့အစ်မ ဆိုနင်ပင်းရဲ့ အသက်ကို လဲရမယ်...”
ကျိဝေ သဲနာရီကို ကြည့်လိုက်ရာ သဲများ မကြာမီ ကုန်ဆုံးပေတော့မည်။
အချိန်စေ့သည်နှင့် သူ၏ တပ်ဖွဲ့က ထျန်းရွှေမြို့ နယ်နိမိတ်ထဲသို့ ချက်ချင်း ချီတက်တော့မည် ဖြစ်၏။
ထျန်းရွှေမြို့ နယ်နိမိတ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး သွေးမစွန်းဘဲ ပြန်ထည့်မည် မဟုတ်တော့ချေ။
အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်လွန်သွားသည်။
ရုတ်တရက် အရှေ့ဘက်မှ မြင်းခွာသံများ ထွက်ပေါ်လာ၏။
ထို့နောက် မြင်းစီးသူရဲတစ်ဦး လျင်မြန်စွာ ရောက်ရှိလာကာ မြင်းပေါ်မှ ဆင်း၍ မြေပြင်ပေါ်၌ ဒူးထောက်လျက် သတင်းပို့လာသည်။
“မြို့စားကြီး... ဆိုလွန်ရဲ့ မြင်းစီးသူရဲတွေက မင်းသမီး ကျိနင်ကို ပြန်ပို့ဖို့ လာနေပါတယ်... တစ်ယောက်ယောက်ကို သွားကြိုခိုင်းပါ”
ကျိဝေက အစပိုင်း၌ ကျိယိုးကို သွားကြိုခိုင်းရန် စဉ်းစားခဲ့သော်လည်း သေချာတွေးကြည့်ပြီးနောက် မြင်းစီးသူရဲ တစ်ထောင်ကို ကိုယ်တိုင် ဦးဆောင်ကာ ကျိနင်ကို သွားရောက် ကြိုဆိုရန် ဆုံးဖြတ်လိုက်သည်။
သူ မြင်းစီးသူရဲ တစ်ထောင်ကို ဦးဆောင်ကာ မိုင်သုံးဆယ်ခန့် ခရီးနှင်ခဲ့၏။
ထိုနေရာ၌ မြစ်တစ်စင်း ရှိသည်။ အကျယ် မီတာနှစ်ဆယ်ခန့် ရှိပြီး ကျယ်ဝန်းသော ကျောက်တံတားကြီး တစ်စင်းက ကမ်းနှစ်ဖက်ကို ဆက်သွယ်ထားသည်။
ထိုမြစ်က ထျန်းရွှေမြို့နှင့် ပိုင်ယွင်ကောင်တီတို့၏ သဘာဝ နယ်နိမိတ်ပင်။
ယခုအချိန်၌ ဆိုလွန်၏ မြင်းစီးသူရဲတပ်စုက မြစ်တစ်ဖက်ကမ်း၌ ရှိနေပြီး မင်းသမီး ကျိနင်က ကျောက်တံတား၏ အလယ်၌ တစ်ကိုယ်တည်း ရပ်နေသည်။
မြို့စားကြီး ကျိဝေက သူ၏ မြင်းစီးသူရဲ တစ်ထောင်ကို မြစ်အနောက်ဘက်ကမ်း၌ ထားရစ်ခဲ့ပြီး တံတားပေါ်သို့ တစ်ယောက်တည်း လျှောက်သွားသည်။ ခမ်းနားသော ရထားလုံး တစ်စီးကလည်း သူ၏ အနောက်မှ လိုက်ပါလာ၏။
“ရှောင်နင်... သမီး တော်တော် ဒုက္ခရောက်သွားပြီ”
မြို့စားကြီး ကျိဝေ ပြောလိုက်သည်။
“ဦးလေး...”
“ကျိနင် ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့လို့ပါ... ဦးလေးပဲ ရှင်းပေးနေရတယ်”
ကျိနင် ခေါင်းရမ်းကာ နူးညံ့စွာ ပြောလိုက်၏။
မြို့စားကြီး ကျိဝေက နူးညံ့စွာ ပြုံးပြီးပြန် ပြောလိုက်သည်။
“သမီး စောင့်နေပါ... ဦးလေး တပ်ဖွဲ့ဝင် တစ်သိန်းကို ဦးဆောင်ပြီး ထျန်းရွှေမြို့ကို မြေပြင်နဲ့ တစ်ပြေးတည်း ဖြစ်အောင် ဖျက်ဆီးပစ်မယ်”
“သမီးအတွက် ဦးလေး သေချာပေါက်ကလဲ့စားချေပေးမယ်”
ကျိနင် ပူလောင်နေသော နာကျင်မှုကို ကြိတ်မှိတ်ခံစားကာ ဘာမှမဖြစ်သည့်အလား ဟန်ဆောင် ခေါင်းငြိမ့်ပြပြီး ရထားလုံးပေါ်သို့ တက်သွားသည်။
ကျိဝေ ကိုယ်တိုင် ကျိနင်ကို ပိုင်ယွင်ကောင်တီ မြောက်ပိုင်းရှိ အဓိက တပ်စခန်းဆီသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ ဆိုလွန်၏ မြင်းစီးသူရဲတပ်စုကလည်း မည်သည့် စကားမျှ မဆိုဘဲ လာရာလမ်းအတိုင်း ပြန်လည် ထွက်ခွာသွားကြ၏။
......
ကျိဝေ၏ တပ်စခန်း ဗဟိုချက်တွင်း၌။
မင်းသမီး ကျိနင် ရေချိုးပြီးနောက် အဝတ်အစားသစ်များကို လဲလှယ်ဝတ်ဆင်ကာ ကျားသားရေ အခင်းပေါ်၌ သက်သောင့်သက်သာ ထိုင်နေသည်။
“အာရှီလော့ရော... သူ တပ်ထဲမှာ မရှိဘူးလား”
ကျိနင် မေးလိုက်သည်။
“မရှိဘူး... သူ ကျောက်စရစ်ကျွန်းကနေ ထွက်လာပြီး ချက်ချင်း လျှို့ဝှက်ကျွန်းဆီ သွားတယ်”
မြို့စားကြီး ကျိဝေ ဖြေလိုက်၏။
“ကျိထင်က တကယ်ကို မိုက်မဲလွန်းတယ်... သူက အာရှီလော့အတွက်နဲ့ ဆိုလွန်ကို စွန့်လွှတ်လိုက်တာလေ... ဒီအရာ အားလုံးက ငါတို့ရဲ့ အစီအစဉ်ဆိုတာ သူ မသိဘူး... အာရှီလော့က ငါတို့ကို သစ္စာခံထားပြီးပြီ”
“အဲ့ဒါက သစ္စာခံတာ မဟုတ်ဘူး... အရောင်းအဝယ် လုပ်တာပါ”
ကျိနင် ထောက်ပြလိုက်သည်။
“ရိုရန်မြို့ရဲ့ ထောက်ခံမှုကို ရဖို့အတွက် ငါတို့ နယ်မြေ မိုင်သုံးရာကို စွန့်လွှတ်လိုက်ရတယ်လေ”
မြို့စားကြီး ကျိဝေ ပြောလိုက်၏။
ကျိနင် ခေါင်းယမ်းကာ မြို့စားကြီးကျိဝေ၏စကားကို ချေပလိုက်သည်။
“ဒါပေမဲ့ နာမည်ခံပဲလေ... ဒီ မိုင်သုံးရာ နယ်မြေက ငါတို့ပိုင်တာ မဟုတ်ဘူး... ဩဇာလွှမ်းမိုးမှု အပိုင်းလေးပဲ”
ထိုအခါ မြို့စားကြီး ကျိဝေ ဆက်မငြင်း တော့ချေ။
“ကောင်းပြီ... အပြင်မှာလည်း မိုးလင်းနေပြီ... ထျန်းရွှေမြို့ကို ချီတက်ပြီး ဆိုမိသားစုကို အမြစ်ပြတ် ချေမှုန်းရမယ့် အချိန် ရောက်ပြီ... ဦးလေး သမီးကို ကူညီပေးပါ့မယ်”
စကားအဆုံး၌ မြို့စားကြီး ကျိဝေ တဲအပြင်သို့ ထွက်ကာ စစ်ချီ ဗုံတီးရန် ပြင်လိုက်၏။
“ဦးလေး..နေပါဦး”
ကျိနင် တားလိုက်သည်။
“ဦးလေး... ဆိုလွန် ကျွန်မနဲ့ ညှိနှိုင်းထားတယ်... သူက ဆိုဟန်ရီလိုမျိုး အခြေအနေနဲ့ ငါတို့ကို သစ္စာခံမယ်တဲ့”
“မဖြစ်ဘူး”
မြို့စားကြီး ကျိဝေ ငြင်းဆိုလိုက်၏။
“ဒီကောင်က အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ပဲ... ငါတို့ကို တကယ် သစ္စာခံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... ဒီအဆိပ်မြွေကို ရင်ဆိုင်ရရင် သတ်ပစ်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူး... “
“ဒါက တစ်သက်မှာ တစ်ခါ ကြုံရခဲတဲ့ အခွင့်အရေးပဲ... လက်လွှတ်လိုက်ရင် နောက်ထပ် ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး”
ကျိနင် စကားမပြောတော့ဘဲ မျက်လုံးများကို မှိတ်ကာ ဆိုလွန်၏ စကားများကို ပြန်လည် စဉ်းစားလိုက်၏။
ကျိဝေ၏ တပ်ဖွဲ့က ထျန်းရွှေမြို့ထဲသို့ ဝင်ရောက်သွားသည်နှင့် အသေအကြေ တိုက်ပွဲ ဖြစ်လာမည်ဖြစ်ပြီး ဆိုလွန်က နောက်ဆုံးလူ ကျန်သည်အထိ တိုက်ခိုက်ရမည်သာ။
“ကျိနင်... ငါ မင်းရဲ့ တတိယလူ အဖြစ် နေမယ်... မင်းကို သစ္စာခံပါ့မယ်... ငါ့ရဲ့ ထျန်းရွှေမြို့ကိုတော့ လွှတ်ပေးပါ”
ဆိုလွန်၏ လူပါးဝသည့် အသံက သူမ၏ စိတ်ထဲ၌ ထပ်မံ ပဲ့တင်ထပ်လာသည်။
ထို့နောက် လွန်ခဲ့သည့် နာရီအနည်းငယ်က ဖြစ်ပျက်ခဲ့သော ပြင်းထန်သည့် ရမ္မက်များကို ကျိနင် ပြန်လည် သတိရသွား၏။
သူတို့နှစ်ဦး ဘယ်နှစ်ကြိမ်တောင် ရူးသွပ်ခဲ့ကြသနည်း။ ကျိနင် မမှတ်မိတော့ချေ။ မည်သို့ပင်ဖြစ်စေ ဆိုလွန်၏ ခြယ်လှယ်မှုအောက်၌ ယောက်ျားနှင့် မိန်းမကြား လုပ်နိုင်သမျှ အရာအားလုံးကို စမ်းသပ်ခဲ့ကြပြီး ပြိုင်ဘက်ကင်း ရင်းနှီးမှုနှင့် လွန်ကဲမှုတို့ ရှိခဲ့သည်။
အချို့အရာများက ကျိနင် တွေးကြည့်ဖူးသည့် အရာများ ဖြစ်သော်လည်း အချို့မှာ သူမ တွေးပင် မတွေးကြည့်ဖူးသည့် အရာများ ဖြစ်၏။
ထိုအကြောင်းကို တွေးမိသောအခါ သူမ၏ လည်ချောင်း ထပ်မံ ရောင်ရမ်း နာကျင်လာပြီး အသက်ရှူကျပ်သည့် ခံစားချက်က ပြန်ပေါ်လာသည်။
ထိုခွေးကောင်... သူ တကယ်ပဲ...။
သူမ လက်ဖက်ရည်ခွက်ကို အားဖြင့်ဆွဲယူ၍ တစ်ငုံ သောက်ကာ ရေငတ်ပြေအောင် လုပ်လိုက်ရသည်။
‘ငါ သူ့ကို ယုံသင့်လား’
ကျိနင် စိတ်ထဲ၌ အပြေးအလွှား တွေးတောနေမိလေပြီ။
တပ်ဖွဲ့များ ထျန်းရွှေမြို့ထဲသို့ ဝင်ရောက်သွားသည်နှင့် ဆိုမိသားစု ပျက်စီးပြီး ဆိုလွန် သေဆုံးရမည့် ရလဒ် တစ်ခုသာ ကျန်ရှိတော့မည်။
ထို့နောက် ချက်ချင်းပင် ကျိနင် အလွန် အရေးကြီးသော ကိစ္စတစ်ခုကို သတိရသွားပြီး သူမ၏ ဓမ္မတာစက်ဝန်းကို စတင် တွက်ချက်လိုက်သည်။
လွန်ခဲ့သည့် လအနည်းငယ်က သွေးအန်ပြီး ဒဏ်ရာရခဲ့ချိန်မှစ၍ သူမ၏ ဓမ္မတာစက်ဝန်းက ပုံမှန် မဟုတ်တော့သော်လည်း ဤလေးငါးရက်က ကိုယ်ဝန်ရနိုင်ခြေ အများဆုံး အချိန် ဖြစ်နေနိုင်သည်။
ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။
ကိုယ်ဝန်ရနိုင်ခြေကို ချက်ချင်း ဖယ်ရှားပစ်မည်လော။ ဆေးသောက်ရမည်လော။ ဒါမှမဟုတ် တခြားနည်းလမ်းတွေ သုံးသင့်ပါသလော။
“ရှောင်နင်... သမီးက ဆိုလွန်ရဲ့ ပါရမီကို နှမြောနေတယ် ဆိုတာ ဦးလေး သိပါတယ်... သမီးနဲ့ သူရဲ့အကြားမှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေရှိနေတာကိုလည်း ဦးလေး သိတယ်... အချစ်နဲ့ အမုန်း ရောထွေးနေတာမျိုးပေါ့”
ကျိဝေ စကားလုံးများကို သေချာ ရွေးချယ်ကာ ပြောလိုက်၏။
“ဒါပေမဲ့ သူက အဆိပ်မြွေပဲ... သတ်ပစ်ရမယ့် အဆိပ်မြွေ”
ကျိနင် ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။
ကျိဝေ သူမ၏တိတ်ဆိတ်နေမှုကိုမြင်လျှင် ဆက်၍ပြောလာသည်။
“သမီးရဲ့ ဗီဇကို သုံးပြီး နှလုံးသားနဲ့ စဉ်းစားကြည့်ပါ... ဆိုလွန်ကို ယုံလို့ရလား”
ဆိုလွန်ကို ယုံလို့ရပါသလော။
ကျိနင် မျက်လုံးမှိတ်ထားလျှင်ပင် အဖြေကို ချက်ချင်း ရရှိနိုင်သည်။ ထိုအကောင်က မြေခွေးလို ကောက်ကျစ်ပြီး မြွေလို ရက်စက်တဲ့ ယောက်ျား တစ်ယောက်ဖြစ်ရာ လုံးဝ ယုံကြည်၍ မရချေ။
သို့ပေသည့် ထိုသူက သူမ၏ ပထမဆုံး ယောက်ျား ဖြစ်သွားခဲ့လေပြီ။
မိမိကိုယ်ကို လှည့်စားနေလျှင်ပင် အသုံးမဝင်ချေ။ သူမ သူ့ကို သဘောကျပြီး ချစ်မိနေကြောင်း ကျိနင် သိထားပြီးဖြစ်သည်။
ဤ ပုံမှန်မဟုတ်သော အချစ်က လွန်ခဲ့သည့် လအနည်းငယ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်နိုင်သည်။ သူမကို ပထမဆုံးအကြိမ် အနိုင်ယူလိုက်သည့် အချိန်ကတည်းက စတင်ခဲ့ခြင်းပင်။
သူမကို အတင်းအဓမ္မ ပြုကျင့်စဉ်က နာကျင်မှု အနည်းငယ်မျှ မခံစားခဲ့ရချေ။ ဆန့်ကျင်ဘက်အနေဖြင့် ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းမှ သာယာမှုကို ခံစားခဲ့ရသည်။
အမှန်စင်စစ်တွင် သူမ၏ လှုပ်ရှားမှုများက ဆိုလွန်ထက်ပင် ပို၍ ပြင်းထန်နေသေး၏။ အကြိမ်ကြိမ်အခါခါ သူမ လုံးဝ အားကုန်သွားသည်အထိပင်။
ထိုမျှမက ဆိုလွန် သူမ၏ ပါးစပ်ကို ခြယ်လှယ်စဉ်ကလည်း သူမ အမှန်တကယ် သာယာနေခဲ့သည်။ အသက်ရှူရ ခက်ခဲနေသော်လည်း အနည်းငယ်မျှ ရွံရှာခြင်း မရှိခဲ့ချေ။ ပုံမှန်ဆိုလျှင် သူမက ယောက်ျားတစ်ယောက်၏ လက်ကိုပင် အထိခံမည် မဟုတ်ပေ။
ထိုအကြောင်းကို တွေးမိသောအခါ ကျိနင် သူမ၏ နှုတ်ခမ်းများကို မလျက်ဘဲ မနေနိုင်တော့ချေ။ ဆိုလွန်၏ အရသာကို ခပ်ရေးရေး ခံစားနေရဆဲပင်။
မှန်၏။ ထိုသူက သူမ ချစ်ရသော ယောက်ျား ဖြစ်သည်။ မည်ကဲ့သို့သော အချစ်မျိုး ဖြစ်ပါစေ၊ နာကျင်မှုကို သာယာသည်ဖြစ်စေ၊ ပုံမှန်မဟုတ်သည်ဖြစ်စေ ခန္ဓာကိုယ်ချင်း ရင်းနှီးမှုအပြီး၌ ထိုယောက်ျားကို ပို၍ ရမ္မက်ပြင်းပြစွာ ချစ်မိသွားပြီး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကိုပါ ချစ်မြတ်နိုးသွားလေပြီ။
အပိုင်း ၃၄၈ ပြီး။