← Chapters

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း ၃၅၀

Vol. 35 Ch. 350

(အခန်း )၃၅၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ထိုအချိန်တွင် မြို့စားကြီး ကျိထင် သူအလွန်အမင်းသိချင်နေသောမေးခွန်းကို မေးလိုက်သည်။

“ဆိုလွန်... ဘုရင်မင်းမြတ် ဒုက္ခရောက်နေတဲ့ ကိစ္စကို မင်း ဘယ်လို သတင်းအစအနတွေ ကြားထားတာလဲ”

“လုံးဝ မကြားထားပါဘူး”

ဆိုလွန် ပြန်ဖြေလိုက်၏။

“အဲ့ဒါဆို မင်း ဘယ်လို သိတာလဲ”

မြို့စားကြီး ကျိထင် မေးလိုက်ပြန်သည်။

ဆိုလွန် ချက်ကျလက်ကျ ရှင်းပြလာသည်။

“လက္ခဏာတွေ အများကြီး ရှိပါတယ်... အကယ်၍ အာရှီလော့က ကျွန်တော့်အစ်မကို ရဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဘာလို့ အစောကြီးကတည်းက လာမခေါ်တာလဲ... စစ်ပွဲ ပြီးသွားတာတောင် မြို့စားကြီး ကျိဝေက ဘာလို့ အဲ့ဒီလောက် ရဲရဲတင်းတင်းနဲ့ တပ်ဖွဲ့ဝင် တစ်သိန်းကို ဦးဆောင်ပြီး ထျန်းရွှေမြို့ဆီ ချဉ်းကပ်လာတာလဲ...”

“ကျောက်စရစ်ကျွန်းကနေ ထျန်းရွှေမြို့ကို ပြန်လာကတည်းက ကျွန်တော် သံသယ နည်းနည်း ဝင်နေခဲ့တာ... ထျန်းရွှေမြို့ကို ပြန်ရောက်ပြီးတဲ့နောက်မှာတော့ ဘုရင်မင်းမြတ် ဒုက္ခရောက်နေပြီ ဆိုတဲ့ ကျွန်တော့်ခန့်မှန်းချက် အပြည့်အဝ သေချာသွားတယ်”

ထိုရှင်းပြချက်ကြောင့် ကျိထင် ဆွံ့အသွားသွားရ၏။

သူ၏ရှေ့မှလူငယ်မှာ လူစင်စစ်ဖြစ်ပါသလော။

ပိန်းပိတ်လုနီးပါး အမှောင်ဖုံးလွှမ်းနေသောရှုပ်ထွေးမှုများကြားထဲတွင်ပင် တစ်ချက်ကြည့်ရုံဖြင့် အမှန်တရားကို ထိုးထွင်းသိမြင်နိုင်သည့် ပါရမီရှင်မျိုး လောက၌ ရှိနေပါသလော။

သူ၏ ဉာဏ်ပညာမှာ နတ်ဘုရား တစ်ပါးနီးပါးပင်။

ကျိထင် ရုတ်တရက်မေးလိုက်သည်။

“အဲ့ဒါကြောင့် မင်းက မြို့တော်ဆီ အရောက် ပြန်လာခဲ့တာပေါ့... ဘာအတွက်လဲ”

“အမှန်တရားကို ရှာဖွေဖို့၊ အဖြစ်အပျက်ကို အတည်ပြုဖို့... ပြီးတော့... ဘုရင်မင်းမြတ်ကို ကယ်တင်ဖို့”

ဆိုလွန် အဖြေသုံးခုကို ချက်ချင်းပြန်ဖြေလိုက်၏။

‌နောက်ဆုံးအဖြေကို ကြားလျှင် မင်းသမီး ကျိယန်၏ ကိုယ်လုံးလေး အနည်းငယ် တုန်ရီသွားတော့သည်။

….

မြို့စားကြီး ကျိဝေက သတင်းပို့သူ တစ်ဦးကို စေလွှတ်ကာ မင်းသမီး ကျိနင်၏ ကိုယ်ပိုင်စာကို ထျန်းရွှေမြို့မကြီးဆီသို့ ပို့ဆောင်စေခဲ့သည်။ ထိုစာထဲ၌ ထူလင်းတိ၊ ကွေ့ချင်းကျုံး၊ နူအာတန်နှင့် အခြား အဆင့်မြင့် မြေပိုင်ရှင်များကို ချက်ချင်း ပြန်လွှတ်ပေးရန် ဆိုလွန်ကို အမိန့်ပေးထား၏။

ယခုအချိန်၌ ဆိုလွန်က မြို့စားအိမ်တော်တွင် မရှိတော့ချေ။ ဆိုနင်ပင်းသည် ဆိုလွန် ကြိုတင်မှာကြားခဲ့သည့်အတိုင်း လိုက်နာကာ ကွေ့ချင်းကျုံး တစ်ယောက်တည်းကိုသာ ပြန်လွှတ်ပေးလိုက်သည်။

ထို့အပြင် ဆိုနင်ပင်းက ရုပ်ဖျက်ထားပြီး ဆိုလွန်၏ အဝတ်အစားများကို ဝတ်ဆင်ကာ ဖိနပ်အမြင့်များကို စီး၍ ဆိုလွန်ပုံစံ ဖမ်းထားသည်။ ကွေ့ချင်းကျုံး မထွက်ခွာမီ သူမက ဆိုလွန်အဖြစ် ဟန်ဆောင်ကာ တစ်ကြိမ် သွားတွေ့ခဲ့၏။

အကယ်၍ ထူလင်းတိသာဆိုလျှင် ဤရုပ်ဖျက်ထားမှုကို သေချာပေါက် ရိပ်မိသွားပေလိမ့်မည်။ သို့သော် ကွေ့ချင်းကျုံး ဖမ်းဆီးခံရစဉ်က ဆိုလွန်ကို အနီးကပ် မမြင်ခဲ့ရချေ။

ထို့အပြင် တွေ့ဆုံချိန်၌ ဆိုလွန်အဖြစ် ဟန်ဆောင်ထားသော ဆိုနင်ပင်းက စာရေးနေဟန် ပြုနေပြီး ရေးနေရင်း သူမ၏ ခါးကို အလိုအလျောက် ပွတ်သပ်နေကာ နာကျင်နေသည့်ဟန် ဖမ်းထားသည်။

စာရေးပြီးသွားသောအခါ ဆိုနင်ပင်းက လျှို့ဝှက်စာကို စာအိတ်ထဲ ထည့်ကာ ဖယောင်းဖြင့် သေချာစွာ ချိပ်ပိတ်ပြီး ရဲ့ကျင်းယွီထံ ကမ်းပေးလိုက်၏။ အမှန်တကယ်တော့ ထိုလျှို့ဝှက်စာမှာ ဆိုလွန် ကြိုတင်ရေးသားထားခဲ့ခြင်းဖြစ်ပြီး ဆိုနင်ပင်းက စာရေးချင်ယောင်ဆောင်နေခဲ့ခြင်းသာ။

ရဲ့ကျင်းယွီက လျှို့ဝှက်စာကို ကွေ့ချင်းကျုံးထံ ကမ်းပေးကာ မှာကြားလိုက်သည်။

“မင်းသမီး ကျိနင်ဆီ ကိုယ်တိုင်ကိုယ်ကျ ပေးရမယ်... တခြား ဘယ်သူ့ကိုမှ အသိမခံနဲ့”

ကွေ့ချင်းကျုံး ခေါင်းညိတ်လိုက်၏။

ထို့နောက် ရဲ့ကျင်းယွီက သူ့ကို မြို့စားအိမ်တော်ထဲမှ ခေါ်ဆောင်သွားပြီး မြင်းတစ်ကောင် ပေးကာ ထျန်းရွှေမြို့ထဲမှ ထွက်ခွာခွင့် ပြုလိုက်သည်။

ထျန်းရွှေမြို့ထဲမှ မြင်းစီး၍ ထွက်လာချိန်၌ ကွေ့ချင်းကျုံး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိ၏။ ဤတစ်ကြိမ် စစ်ရှုံး၍ ဖမ်းဆီးခံရခြင်းက သူ၏ တာဝန် မဟုတ်သော်လည်း သူ့ ဘဝအတွက်တော့ ကြီးမားလှသည့် အမည်းစက်ကြီး ဖြစ်သွားလေပြီ။

ကံကောင်း၍သာ ဆိုလွန် သူ့ကို အကျပ်ကိုင်ခွင့် မရလိုက်ခြင်းပင်။ ထိုသို့သာ မဟုတ်လျှင် သူ့ကို ဆိုလွန်လက်ထဲမှ ပြန်ရွေးရန် ဖခင်ဖြစ်သူအနေဖြင့် မည်မျှ ပေးဆပ်ရမည်ကို မသိနိုင်ချေ။

သူနှင့် ညီဖြစ်သူ ကွေ့ချင်းကျုံးတို့က လင်ဟိုင် မြို့စားရာထူးကို ဆက်ခံခွင့် မရနိုင်သော်လည်း အနာဂတ်၌ ကျိလီ ထီးနန်းတက်လာမည့် အပြောင်းအလဲကြီးတွင် သူ၏ ကိုယ်ပိုင် နေရာလေး တစ်ခုတော့ ရရှိရန် မျှော်လင့်ထားသည်။

အကယ်၍ ဖခင်ဖြစ်သူက ဆိုလွန်၏ အကျပ်ကိုင်ခြင်းကို ခံရပါက သူ၏ အနာဂတ်မှာ သေချာပေါက် ပို၍ မှေးမှိန်သွားပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူက ဖခင်၏ အသည်းနှလုံး ဖြစ်သော ညီမလေး ကွေ့ချင်းရှောင်းမှ မဟုတ်ပေ။

ထိုညီမလေးက ပြဿနာ ဘယ်လောက်ကြီးကြီး ရှာပါစေ ဘာမှ ဖြစ်မည် မဟုတ်ချေ။

မြင်းကို အပြင်းနှင်လာခဲ့ရာ နှစ်နာရီခန့် အကြာ၌ ကျိဝေ တပ်ဖွဲ့၏ အဓိက တပ်စခန်းတွင်းသို့ ရောက်ရှိသွားပြီး မင်းသမီး ကျိနင်နှင့် တွေ့ဆုံလိုက်သည်။

“ဆိုလွန်ကို တွေ့ခဲ့လား”

ကျိနင် မေးလိုက်၏။

“တွေ့ခဲ့ပါတယ်”

ကွေ့ချင်းကျုံး ပြန်ဖြေသည်။

“အဲ့ဒီအချိန်တုန်းက သူ ဘာလုပ်နေလဲ... အသေးစိတ် ဘာလှုပ်ရှားမှုတွေ ရှိလဲ”

ဆိုလွန် ထွက်ပြေးသွားမည်ကို ကျိနင် အလွန် စိုးရိမ်နေကြောင်း သိသာလှသည်။

“သူက မင်းသမီးဆီ စာရေးနေပါတယ်... ပြီးတော့ သူ ဒဏ်ရာရထားတဲ့ပုံပဲ... လက်တစ်ဖက်က သူ့ခါးကို မရပ်မနား ပွတ်သပ်နေတယ်”

ကွေ့ချင်းကျုံး ပြန်ဖြေလိုက်၏။

ထိုစကားကြောင့် ကျိနင်၏ ပါးပြင်များ ချက်ချင်း ပူထူသွားတော့သည်။

ဆိုလွန် ဘာကြောင့် ခါးကို ပွတ်သပ်နေရသလဲ ဆိုသည်ကို သူမ သေချာပေါက် သိထား၏။ ထို နှစ်နာရီကျော် အချိန်အတွင်း ဆိုလွန် အနည်းဆုံး လေးကြိမ်ခန့် ပြီးမြောက်ခဲ့သည်။

ထိုရူးသွပ်ဖွယ် အချိန်များ၌ ဘာကိုမျှ မတွေးမိသော်လည်း ပြီးသွားသည့်နောက်၌ သေချာပေါက် ခါးနာပေလိမ့်မည်။ ဥပမာအားဖြင့် ယခုအချိန်၌ သူမကိုယ်တိုင်လည်း ထိုင်ရမလို ၊ ထရမလိုဖြင့် အလွန် နေရခက်နေလေပြီ။

“စာရော”

ကျိနင် မေးလိုက်သည်။

ကွေ့ချင်းကျုံး ရှေ့သို့ တက်လာပြီး ဆိုလွန်၏ လျှို့ဝှက်စာကို ကမ်းပေးလိုက်သည်။

အရင်ဆုံး ဖယောင်းချိပ်ကို ကြည့်လိုက်ရာ အကောင်းပကတိ ရှိနေသေးသည်။ ကျိနင် စာအိတ်ကို ဖောက်ကာ အတွင်းမှ လျှို့ဝှက်စာကို ထုတ်ယူလိုက်သည်။

“ကောင်းပြီ... ထွက်သွားလို့ရပြီ”

ကျိနင် အမိန့်ပေးလိုက်လျှင် ကွေ့ချင်းကျုံး ချက်ချင်း အပြင်သို့ တိတ်ဆိတ်စွာပြန်ထွက်သွားသည်။

တပ်စခန်း တဲကြီးထဲ၌ သူမ တစ်ယောက်တည်းရှိမှသာ လျှို့ဝှက်စာကို ဖွင့်ဖတ်လိုက်သည်။

စာများမှာ-“အသည်းလေး... ခွဲခွာသွားတာ နာရီအနည်းငယ်ပဲ ရှိသေးတယ်၊ ကိုယ် မင်းကို လွမ်းနေပြီ... မင်းရဲ့ နှုတ်ခမ်းလေးတွေကို လွမ်းတယ်၊ မင်းရဲ့ တင်ပါးလေးတွေကို လွမ်းတယ်၊ မင်းရဲ့ တင်းကျပ်မှုကို လွမ်းတယ်၊ မင်းရဲ့ ပူနွေးမှုကို လွမ်းတယ်၊ မင်းရဲ့ လည်ချောင်းနက်နက်လေးကို လွမ်းတယ်၊ မင်းရဲ့ ညည်းသံလေးတွေကို လွမ်းတယ်”

မျက်စိရှေ့၌ ပေါ်လာသည်က လူရမ်းကားဆန်လွန်းလှသော စာကြောင်းများပင်။

ထိုစာသားများက ကျိနင်၏ မှတ်ဉာဏ်များကို ချက်ချင်း ပြန်လည် နိုးဆွလိုက်ပြီး ထိုရူးသွပ်ဖွယ် ပုံရိပ်များက သူမ၏ ခေါင်းထဲသို့ အလုံးအရင်း ဝင်ရောက်လာသည်။ သူမ၏ကိုယ်လုံးလေး တဆတ်ဆတ် တုန်ရီကာ ပူနွေးလာတော့သည်။

‘ခွေးမသား... အရှက်မရှိတဲ့ လူရမ်းကား’

ကျိနင် စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း ဆက်ဖတ်လိုက်၏။

“ရှောင်နင်... တကယ်တော့ ကိုယ်တို့ မစမ်းသပ်ရသေးတဲ့ ရင်းနှီးတဲ့ နည်းလမ်းတွေ ရှိသေးတယ်... ကိုယ် စမ်းကြည့်ချင်ပေမဲ့... တကယ် မခံနိုင်တော့လို့ပါ... နောက်တစ်ခါ... နောက်တစ်ခါကျရင် ကိုယ်တို့ သေချာပေါက် စမ်းကြည့်ကြမယ်နော်”

ဤနေရာအရောက်တွင် ကျိနင် ထိုစာကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်စိတ် ပေါ်လာသည်။

အဘယ်ကြောင့်ဆိုသော် ထိုစကားလုံးများနှင့် အသုံးအနှုန်းများကို သူမ နားလည်နေပြီး ခေါင်းထဲ၌ ပုံဖော်ကြည့်၍ပင် ရနေသောကြောင့် သူမ၏ ခန္ဓာကိုယ် နေရာတစ်ချို့မှာ အလိုအလျောက် ကျုံ့ဝင်ကာ တုန်ရီသွားရသည်။

“ရှောင်နင်... မင်း ကိုယ့်ကို မယုံဘူး ဆိုတာ ကိုယ် သိပါတယ်... ဓားစာခံတွေ အကုန်လုံးကို ပြန်လွှဲပေးလိုက်တဲ့ အချိန်ကျရင် မင်းတို့တပ်က ကိုယ့်ရဲ့ ထျန်းရွှေမြို့ကို ဝင်တိုက်လိမ့်မယ်... အဲ့ဒီအချိန်ကျရင် ကိုယ် သေရမယ့်အချိန်ပဲလေ... “

“ဒါပေမဲ့ မင်း ဘာလို့ ကိုယ့်ကို မယုံရတာလဲ... ကိုယ်က ကောက်ကျစ်လွန်းလို့လား... ဟုတ်ပါတယ်၊ ကိုယ် အရမ်း ကောက်ကျစ်ပါတယ်... ထျန်းရွှေမြို့ကို ကာကွယ်ဖို့၊ အစ်မကို ကာကွယ်ဖို့ ကိုယ်က ဘာမဆို လုပ်ရဲတယ်... အဲ့ဒီအထဲမှာ မင်းရဲ့ တတိယလူ အဖြစ် နေပြီး မင်းကို ဖားယားဖို့ ခန္ဓာကိုယ်ကို အသုံးချတာလည်း ပါတာပေါ့”

ဤနေရာကို ဖတ်ပြီးနောက် ကျိနင် ဆက်၍ သည်းမခံနိုင်တော့ဘဲ အသံထွက်၍ပင် ဆဲရေးလိုက်တော့သည်။

“အရှက်မရှိလိုက်တာ... အရှက်မရှိတဲ့ကောင်”

ဆိုလွန်၏ စာထဲ၌ ဆက်လက် ရေးသားထား၏။

“ရှောင်နင်... ကျောက်စရစ်ကျွန်းမှာ ကျိထင်ရဲ့ မိန်းမစိုး ကောင်းနင်ရှီကို ကိုယ် ဘာပြောလိုက်လဲ သိလား... ကိုယ် သူ့ကို စကားတစ်ခွန်း ပါးလိုက်တယ်... အဲ့ဒီစကားက... ကျိထင်... မင်းက အရူးပဲ တဲ့”

ကျိနင်၏ နှုတ်ခမ်းများကလည်း အလိုအလျောက် လိုက်၍ ရေရွတ်မိသွားသည်။

“ကျိထင်... မင်းက အရူးပဲ”

ဤစကားလုံးများက ဖတ်ရသည်မှာ အလွန် ရှင်းလင်းပြတ်သားပြီး အထူးသဖြင့် မြင့်မြတ်သော တော်ဝင်သွေးပါသည့် လှပသော အမျိုးသမီး တစ်ဦး၏ ပါးစပ်မှ ထွက်လာချိန်၌ ပို၍ပင် အားမာန်ပါပြီးပြင်းထန်လှသည်။

“ရှောင်နင်... တစ်နေ့တာ ဇနီးမောင်နှံ ဖြစ်ရတာတောင် ရက်တစ်ရာ ကျေးဇူးရှိတယ်လို့ ပြောကြတယ်... ကိုယ်တို့က လေးငါးကြိမ်တောင် အတူတူ နေခဲ့ကြတာ ဆိုတော့ အနည်းဆုံး နှစ်ပေါင်းများစွာ ကျေးဇူးရှိနေပြီပဲ... “

“ကိုယ့်ကို ဒီလိုမျိုး သေတွင်းထဲ တွန်းပို့ရက်သလား... အနာဂတ်မှာ မင်းရဲ့ အိပ်ရာကို နွေးထွေးအောင် လုပ်ပေးဖို့ ကိုယ့်ကို မလိုချင်တော့ဘူးလား... အနာဂတ်မှာ ကိုယ်တို့ ရလာနိုင်တဲ့ ကလေးလေးကို အဖေမဲ့ ဖြစ်အောင် လုပ်ရက်သလား... ကိုယ့်ကို ယုံပါ၊ ကိုယ် မင်းကို ကူညီချင်တယ်၊ မင်းကို သစ္စာခံပါ့မယ်”

“သတိပြုရမှာက မင်းသမီး ကျိနင်ကို သစ္စာခံတာနော်... မင်းသား ကျိလီကို မဟုတ်ဘူး... သူက ကိုယ့်ကို ကြည့်မရဘူး ဆိုတာ ကိုယ် သိသလို ကိုယ်ကလည်း သူ့ကို ကြည့်မရဘူးလေ... ကိုယ်တို့က ရေနဲ့မီးလိုပဲ... ဒါကြောင့် ကိုယ် သစ္စာခံမှာက မင်းပဲ... “

“လွန်ခဲ့တဲ့ တစ်နှစ်က မင်းအတွက် နဂါးတံဆိပ်တုံး ကျောက်တိုင်ကို ရှာဖို့ ကောင်းကင်မိစ္ဆာ တောင်တန်းဆီကို ကိုယ် တစ်ယောက်တည်း ပြေးသွားခဲ့တာလေ... အနာဂတ်မှာလည်း ကိုယ် မင်းအတွက် သေချာပေါက် ဘာမဆို လုပ်ပေးနိုင်ပါတယ်”

“မင်း ပြောချင်လိမ့်မယ်... မင်းအပေါ် ဒီလောက် ရူးရူးမူးမူး ဖြစ်နေမှတော့ အစောကြီးကတည်းက ဘာလို့ အဲ့ဒီလို မလုပ်ခဲ့ဘဲ မင်းကို ဆန့်ကျင်နေခဲ့တာလဲ ပေါ့... ဘာလို့လဲဆိုတော့ ကိုယ် အရင်ဆုံး ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ပြန်ယူဖို့ လိုအပ်လို့ပဲ... “

“ကိုယ့်ရဲ့ ဉာဏ်ပညာနဲ့ ထျန်းရွှေမြို့ကို ပြန်သိမ်းပိုက်နိုင်မှ မင်းရှေ့မှာ မားမားမတ်မတ် ရပ်တည်နိုင်မှာလေ... အဲ့ဒီလိုမှပဲ မင်း ကိုယ့်ကို ချစ်လာအောင် လုပ်နိုင်မှာ... အဲ့ဒီလိုမှပဲ မင်းနဲ့ အကြိမ်ကြိမ် အတူတူ အိပ်နိုင်မှာပေါ့”

“သဘာဝကျကျပဲ ကိုယ်က ဘုရင်မင်းမြတ်ရဲ့ အင်အားကို ငှားပြီး မင်းနဲ့ ကျိလီကို အနိုင်ယူဖို့... ပြီးရင် မင်းကို ကိုယ့်အောက်မှာ အရှုံးပေးလာအောင် လုပ်ချင်ခဲ့တာ... ဒါပေမဲ့ အခု ဘုရင်မင်းမြတ်က ကိုယ့်ကို စွန့်ပစ်လိုက်ပြီဆိုတော့လည်း ကောင်းပါတယ်... ကိုယ်ပဲ မင်းအောက်ကနေ အရှုံးပေးလိုက်ပါ့မယ်”

“ရှောင်နင်... ကိုယ့်ကို မစမ်းသပ်ပါနဲ့... ဆိုမိသားစုရဲ့ ဘိုးဘေးတွေကို တိုင်တည်ပြီး ကိုယ် ကျိန်ဆိုရဲတယ်... မင်းတို့ တပ်ဖွဲ့တွေ ထျန်းရွှေမြို့ထဲ ခြေတစ်လှမ်း ချလိုက်တာနဲ့ ကိုယ့်အတွက် ရလဒ် တစ်ခုပဲ ရှိတော့မှာ...”

“အဲ့ဒါက အသေအကြေ တိုက်ပြီး အတူတူ ပျက်စီးဖို့ပဲ... ရှောင်နင်... ကိုယ့်ကို အခွင့်အရေး တစ်ခုလောက် ပေးပါ... မင်းကို ဘယ်လောက် ချစ်တယ်ဆိုတာ သက်သေပြခွင့်လေး ပေးပါ”

ဤသည်က လျှို့ဝှက်စာ တစ်စောင် ဖြစ်သလို အချစ်စာ တစ်စောင်လည်း ဖြစ်၏။

စာဖတ်ပြီးသွားချိန်တွင် ကျိနင်၏ ရင်တွင်း၌ ထုံကျဉ်ကာ တုန်ရီသွားရသည်။

ချက်ချင်း မြင်းစီး၍ ထျန်းရွှေမြို့ဆီ ပြန်သွားကာ သူတို့နှစ်ဦး အပြည့်အဝ ရူးသွပ်ပစ်လိုက်ချင်စိတ်ပင် ခဏတာမျှ ပေါ်ပေါက်သွားရ၏။ အချစ်မှာ နစ်မွန်းနေသော မိန်းမတစ်ယောက်က မျက်လုံးကန်းနေတတ်သည်။ အနည်းဆုံး မိန်းမ ၉၀ ရာခိုင်နှုန်းက ထိုသို့ ဖြစ်တတ်လေသည်။

သို့သော် ကျိနင်က ကျန်ရှိနေသော ၁၀ ရာခိုင်နှုန်းထဲ၌ ပါဝင်သည်။

ဤ အချစ်စာက သူမ၏ ခန္ဓာကိုယ်ကို ထုံကျဉ်သွားစေပြီး ပူလောင်နေသော နာကျင်မှုကို ကြိတ်မှိတ်ခံစားကာ ဆိုလွန်နှင့် ထပ်မံ၍ အပြည့်အဝ ရူးသွပ်ချင်စိတ်ကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ထိုသို့ဖြစ်ပေါ်လာသော်လည်း ကျိနင်၏ ဆုံးဖြတ်ချက်က ယခင်အတိုင်း ပြောင်းလဲသွားခြင်း မရှိချေ။

ဆိုလွန် သေရမည်။ ထိုအရာက ယုံကြည်မှု ရှိခြင်း ၊ မရှိခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ကျိလီ၏ ကြီးမြတ်သော ရည်မှန်းချက်အတွက်၊ ကျိနင်၏ အနာဂတ် လက်ထပ်ပွဲအတွက် သူ သေချာပေါက် သေရမည်သာ။

သေသူသာ ပါးစပ် မဟနိုင်မည်ဖြစ်ပြီး သေချာပေါက် သူမ ကျိနင်ကလည်း အပျိုစင်ဘဝ ပျက်စီးသွားသည်ကို အသိခံမည် မဟုတ်ချေ။ ထျန်းရွှေမြို့ရှိ ဆိုမိသားစုကို အမြစ်ပြတ် ဖျက်ဆီးပြီး ဆိုလွန်ကို သတ်ပြီးသည်နှင့် နုလန် တော်ဝင်မြို့တော်ဆီ ချက်ချင်း ပြန်ကာ မှော်ဆရာ တစ်ဦးကို ရှာဖွေပြီး ပျက်စီးသွားသော အပျိုစင်အမှေးပါးကို ပြန်ချုပ်မည်ဟု ကျိနင် ဆုံးဖြတ်လိုက်၏။

ထို့နောက် ဆေးသောက်ကာ ကိုယ်ဝန်ရနိုင်သည့် ဖြစ်နိုင်ခြေကို အပြည့်အဝ ဖယ်ရှားပစ်ရမည်။ သဘာဝကျကျပင် ထိုမှော်ဆရာကိုလည်း နှုတ်ပိတ်သည့်အနေဖြင့် သူမက သတ်ဖြတ်ပစ်မည်သာ။

သူမက မီးလျံအင်ပါယာမှ မင်းသား ကျိမင်နှင့် လက်ထပ်ရမည်ဖြစ်ရာ ဤလက်ထပ်ပွဲကို လုံးဝ ထိခိုက်ခံ၍ မဖြစ်သလို ပျက်စီးခံ၍လည်း မဖြစ်ပေ။

အပိုင်း ၃၅၀ ပြီး။

All Chapters