← Chapters

ထာဝရကလန်ကို အပြစ်တင်ခြင်း (၈)

Vol. 95 Ch. 1309

ထာဝရကလန်ကို အပြစ်တင်ခြင်း (၈)

Vol. 95 Ch. 1309

​"သက်ညှာ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ်...​ရောင်းရင်းကျင့်ကြံသူလု..."

သူက ဝမ်လင်းကို လက်နှစ်ဖက်ဆုပ်ကာ ​ပြောလိုက်သည်။ တုလင်း၏မျက်နှာသည် ဖြူ​ရောလျက်ရှိ၏။သူ့ပါးစပ်​ထောင့်မှ ​သွေးများစီးကျလျက်ဖြင့်ပင် သူသည် မိုး​ရေထဲတွင် မြန်​ဆန်စွာ ထွက်ခွာသွား​တော့သည်။

ယင်ယွဲ့သည်လည်း ထိုနည်းနှင်နှင်ပင်။ သူမက ​အောက်နှုတ်ခမ်းကို ကိုက်ထားလျက် ဝမ်လမ်းကို လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ကာ လှည့်ထွက်​သွား​လေ၏။

မူပင်း​မေက ထိုအခြင်းအရာများကို မင်သက်စွာ ကြည့်​နေမိ၏။ သူမသည် အစတုန်းကဆို ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို နားလည်ဆုံး ဖြစ်သည်ဟု ​တွေးထင်ခဲ့ဖူးသည်။ သို့​သော် ခုချိန်တွင်မူ သူ့အ​ပေါ် သူမ၏နားလည်မှုသည် သာမန်ကာလျန်ကာမျှသာ ဖြစ်​ကြောင်း သိရှိရ၏။

"လွန်ခဲ့​တဲ့နှစ်တစ်ရာ... သူ ဒီ​လောက်ထိ အား​ကောင်းလာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး..." မူပင်း​မေ၏အကြည့်က ဝမ်လင်း​ပေါ်သို့ ကျ​ရောက်​နေ၏။ ဤအခိုက်တွင် သူမသည် သူနှင့် သူစိမ်းဆန်လာသည်ဟု ခံစားမိရသည်။ ဒီဆံပင်ဖြူနှင့်သူက သူမ၏စိတ်နှလုံးကို ပို၍ ခါးသီး​စေ​လေ၏။

သည်​နေရာရှိ မည်သူကမျှ အတိတ်တုန်းက ဝမ်လင်းကို သူမကဲ့သို့ သိလိမ့်မည် မဟုတ်​ပေ။ သူမသည် ဝမ်လင်း၏ ဘဝတစ်ဝက်​ကျော်ကို သိရှိခဲ့သူဟုပင် ဆိုနိုင်​လေ၏။ မိသားစုတစ်စုလုံး အသတ်ခံခဲ့ရ​သော ကျင့်ကြံသူ​လေး၊ ​ကျောက်နိုင်ငံက​နေ အတင်းထွက်​ပြေးခဲ့ရ​သော ဘာမှဟုတ်သည့် ကျင့်ကြံသူ​လေး။ ထိုကျင့်ကြံသူက ​ကျောက်နိုင်ငံကို ​သွေးဖြင့်​ဆေး​ကြော​စေကာ တန်ပြန်လက်စား​ချေခဲ့​ပေသည်။

ထိုကျင့်ကြံသူမှာ ဟင်္သာပြဒါးဂြိုဟ်တွင် ​​ကျော်ကြားလာကာ ဂြိုဟ်၏ ​နောက်လာမည့် အုပ်စိုးသူပင် ဖြစ်လာခဲ့သူပင်။ ခုချိန်တွင်​တော့ သူသည် ​​ဖဝါးတစ်ချက်​ပေါက်ရုံဖြင့် ကြယ်များကို တုန်ခါ​စေနိုင်သူ ဖြစ်လာခဲ့​ပေပြီ။

လီချန်​မေသည်လည်း နှစ်တစ်ရာကြာလွန်ပြီး​နောက် ဝမ်လင်းက သူမကို တုန်လှုပ်​စေလိမ့်မည်ဟု မထင်ထားမိခဲ့​ပေ။

ဝမ်ရှန်ရှန်က​တော့ ​လေ​အေးတစ်ချက် ရှိုက်သွင်းမိ​လေ၏။ သူမသည် ဂြိုဟ်စိတ်ဝိညာဥ်ထုတ်ယူခြင်းမန္တာန်ကို ​ကောင်းစွာ သိ၍ သူမဆရာက ယင်းမန္တာန်ကို အသုံးပြုတာကိုလည်း မြင်ခဲ့ဖူး​ပေသည်။ သူမဆရာ ​ပြောခဲ့သည်က တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် ဤမန္တာန်ကို အသုံးပြုနိုင်သည့်သူ သုံး​ယောက်ထက် ​ကျော်လိမ့်မည် မဟုတ် ဟူ၍ပင်၊

ဂြိုဟ်စိတ်ဝိညာဥ်၏အထက်တွင် ​လေဟာနယ်စိတ်ဝိညာဥ် ရှိ၏။ ​လေဟာနယ် ဟူသည်မှာ ကြယ်အဖွဲ့အစည်းတစ်ခုလုံး၏ စိတ်ဝိညာဥ်ဟု အဓိပ္ပါယ်ရသည်။ ဒုတိယအဆင့်ကျင့်ကြံသူများကြား၌ ​ရှေး​ဟောင်းအချိန်များက ဒဏ္ဍာရီတစ်ခု ရှိသည်ဟု သူမဆရာ ​ပြောခဲ့​ဖူးသည်။

ယင်းဒဏ္ဍာရီမှာ ​ကောင်းကင်နှင့်​မြေကြီးထံက​နေ ဥာဏ်အလင်းရယူ၍ ဒုတိယအဆင့်ကျင့်ကြံသူတစ်​ယောက် သင်ယူနိုင်​သော မဟာမန္တာန်​လေးခု ရှိသည် ဟူ၏။ ထိုထဲက နှစ်ခုမှာ ဂြိုဟ်စိတ်ဝိညာဥ်ထုတ်ယူခြင်းနှင့် ဟင်းလင်းပြင်​ကွေးညွတ်ခြင်း ဖြစ်သည်။

ထိုမန္တာန်များသည် သင်ယူ၍ မရနိုင်၊ ကံကြုံကြိုက်ကာ နားလည်မှုအ​ပေါ် အ​ခြေခံပြီးမှ တတ်​မြောက်နိုင်​ပေမည်။ သို့ရာတွင် ယင်းမန္တာန်များကို နားလည်နိုင်​သောသူများမှာ ရှားပါးလွန်း​ပေ၏။

တုလင်းနှင့်ယင်ယွဲ့တို့ ထွက်သွားပြီး​​နောက်တွင်လည်း တိတ်ဆိတ်​နေမြဲပင်။

ထာဝရကလန်၏​အကြီးအကဲများက ဝမ်လင်းကို ​လေးစားသမှုနှင့် ကြည့်​နေကြသည်။ သူတို့က ဝမ်လင်း၏ကျင့်ကြံမှု ဝါ သူ့မန္တာန်များကို ဖြတ်မြင်နိုင်စွမ်း မရှိကြ​ပေ။ ဝမ်လင်း၏ ​ကောင်းကင်ဘုံကံကြမ္မာလက်​ချောင်း မန္တာန်ဖြစ်​စေ၊ ​ကောင်းကင်ဘုံမီး​တောက်ဖြစ်​စေ၊ တုန်လှုပ်ဖွယ်​အ​ကောင်းဆုံး ဂြိုဟ်စိတ်ဝိညာဥ် ထုတ်ယူခြင်း မန္တာန်ဖြစ်​စေ ဤ မန္တာန်တို့က သူတို့ကို ​ခြောက်ခြား​စေခဲ့​ပေသည်။

သူတို့သည် ဝမ်လင်းထံ၌ ​နောက်ထပ် မည်သည့်မန္တာန်များ ထပ်ပိုင်ဆိုင်ထားသလဲကို​​ မသိကြပါ။ သို့​သော သူ ထုတ်ပြခဲ့​သော မန္တာန်တို့မှာ သူ့အကန့်အသတ် မဟုတ်​ကြောင်းကို​တော့ ခံစားမိရ၏။ သူ့ထံ၌ တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်များစွာ ရှိ​နေဦး​ပေမည်။

"အဆင့်ခုနစ်​ဒေသက ဘယ်ကျင့်ကြံသူကများ ငါနဲ့ လက်ရည်စမ်း ဝံ့ပါသလဲ..."

ဝမ်လင်းသည် သူ့ညာလက်ကို ​ဝေ့ယမ်း၏၊ ​ရှေး​ဟောင်း​အော်ရာတစ်ခုသည် ဖြည်းဖြည်းချင်း လွင့်ပါး​ပျောက်ကွယ်သွား​တော့သည်။ ဂြိုဟ်၏စိတ်ဝိညာဥ်က ကျင့်ကြံခြင်းဂြိုဟ်ထဲ ပြန်ဝင်​ရောက်သွားသည့်အလားပင်။

​မြေပြင်ထုသည် အနည်းငယ်မျှ တုန်ခါ၍ တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား​လေ၏။ ​စောနက ဖြစ်ပျက်ခဲ့သမျှသည် ပုံရိပ်​ယောင်တစ်ခုအလား။

သို့​သော်လည်း မိုးနှင့်မိုးကြိုးတို့က ကျန်ရှိ​နေ​သေးသည့်အတွက် လူတိုင်းသည် ဤအဖြစ်သနစ်မှာ အစ်အမှန်ဟုတ်​ကြောင်း၊ ​ကြောက်မက်ဖွယ်​ကောင်းလှ​ကြောင်းကို သိ​လေ၏။

ဝမ်လင်း၏စကားသံက တိတ်ဆိတ်မှုကို ဖျက်စီးမသွား၊အ​ကြောင်းမှာ သူ့အသံက ဤသို့တိတ်ဆိတ်​နေမှု၏ ရင်းမြစ်ဖြစ်​နေသည် မဟုတ်လား။ အဖြူ​​ရောင်ဝတ်စုံနှင့် ဝမ်လင်းသည် မိုး​ရေထဲတွင် မားမားမတ်မတ် ရှိ​နေ၏။ သူ့ထံမှ ပိုအား​ကောင်​သော ဖိအားကိုလည်း ​ပေးစွမ်း​လေသည်။

မည်သူမျှ ​ရှေ့ထွက်မလာဝံ့ကြ​တော့​ပေ။ သူတို့အားလုံးသည် ပြိုင်ပွဲစင်မြင့်ထက်ရှိ ဝမ်လင်း၏ပုံရိပ်ကိုသာ အထင်ကြီးလှစွာ ကြည့်​နေမိကြ၏။ ထိုပုံရိပ်က သူတို့စိတ်ထဲတွင် ဘယ်​တော့မှ မ​မေ့ပစ်နိုင်​အောင် စွဲထင်ကျန်​ပေ​တော့မည်။

ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်​နေစဥ် ထာဝရကလန်၏ ကလန်​ခေါင်း​ဆောင်က ဝမ်လင်းကို စူးစိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ​ပြောလိုက်သည်။

​"ရောင်းရင်းကျင့်ကြံသူလုဟာ အဆင့်ရှစ်ကလန်​တွေကြား ပြိုင်ပွဲအတွက် လျာထားတဲ့သုံး​ယောက်ကို ဒဏ်ရာ အပြင်းအထန် ရ​စေခဲ့တယ်။ ဒီအတွက် သင်က ဒီအဘိုးအိုကို ရှင်းပြချက်တစ်ခုခု ​ပေးနိုင်မလား..."

သူက ဝမ်လင်းကို ကြည့်၏၊ သူ့အကြည့်က ဓါးစွမ်းအင်တန်းနှစ်ခု အလား ဝမ်လင်းထံ ​​ရောက်ရှိလာသည်။ ထိုကဲ့သို့ အကြည့်က ​ကောင်းကင်ထက်ရှိ မိုးကြိုးများ စင်မြင့်ထက် ချဥ်းကပ်မလာဝံ့​အောင် ဟန့်တားသလို ​လေထဲရှိ မိုးစက်များကိုလည်း ရပ်တန့်​စေဟန် ထင်ရ​လေ၏။

ယင်းကဲ့သို့အကြည့်မှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူတို့ တတ်နိုင်​သောအရာ မဟုတ်​ပေ။ ​ကောင်းကင်ဘုံဒုက္ခကို ​တွေ့ကြုံပြီး​သောသူများသာ ထုတ်​ဖော်နိုင်​ပေလိမ့်မည်။

ဝမ်လင်းသည် ထိုအကြည့်၏ပိတ်ဆို့ခြင်ကို ခံစားမိ၏။ တစ်ဖက်လူက ​လောကရှိအရာအားလုံးကို ပိုင်ဆိုင်​နေသကဲ့သို့ သူ ခံစားလိုက်ရသည်။ ထိုအကြည့်က ​ကောင်းကင်ဘုံ၏ခွန်အား ​ရောက်ရှိလာသည့်အလားပင်။

​ကောင်းကင်ဘုံခွန်အား​ရှေ့တွင် မိုးကြိုးသည် ​ရှောင်ကွင်းရသလို မိုးသည် ရပ်တန့်​ပေးရ၏။ ဝမ်လင်း၏စိတ်သည်ပင် တုန်လှုပ်ရ​ချေသည်။

သူ ဖိနှိပ်ထား​သောဒဏ်ရာများပါ ​ပေါက်ကွဲထွက်လာ​တော့မည့် အရိပ်အ​ယောင် ပြလာ၏။ သို့​သော်ငြားလည်း ဝမ်လင်း၏အမူအရာက​တော့ ပုံမှန်အတိုင်းသာ ဖြစ်သည်။ သူ့မျက်လုံးက လက်ခနဲ ဖြစ်​ပေါ်ကာ အဘိုးအို၏အကြည့်နှင့် သူ့အကြည့် ထိပ်တိုက်​တွေ့ဆုံ​လေသည်။

ဤတွင် ​လောက၌ တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကုန်သည်။ သူတို့ အကြည့်ချင်ယဆုံသည့်အခါ ပြင်းထန်​သောဖိအားတစ်ခု ရူးသွယ်စွာ ပျံ့လွင့်လာ​လေ၏။

စင်မြင့်ပတ်လည်ရှိ လူတိုင်းသည် ​လေ​ပွေ​လေပြင်းတစ်ခုကို ခံစားလိုက်ရသည်။ သူတို့က ပင်လယ်လှိုင်းများကြားက ​လှေငယ်တစ်စင်းကဲ့သို့ ခံစားမိ​လေ၏။ သူတို့အားလုံးသည် မူလစွမ်းအင်ကို အလျင်အမြန် အသက်သွင်းလိုက်ရ၏။

လီချန်​မေ၏မျက်လုံးက ​အေးစက်လာကာ သူမ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်တို့ ​ပေါက်ကွဲထွက်လာ၏။ သူမက ဝမ်လင်းကို ကူညီ​ပေးရန် ထိုဖိအားထဲ ဝင်​ရောက်ရန် ပြင်သည်။ သို့ရာတွင် သူမ၏​အော်ရာ ​ပေါ်လာသည့် အခိုက်အတန့်၌ အဘိုးအိုက သူ့လက်ကို​ဝေ့ယမ်းလိုက်၏။ ပြင်းထန်​သောဖိအားက သတ်ဖြတ်လိုစိတ်ကို ​နောက်ပြန်ကန်​စေကာ လီချန်​မေ၏ခန္ဓာကိုယ်ဖြင့် ခုနစ်လက်မအတွင်း ဖိနှိပ်​ထားလေသည်။

မူပင်း​မေ၏မျက်လုံးမှာလည်း ​အေးစက်လာသည်။ သူမ၏ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်ကို ​လှုပ်ရှား​စေပြီး နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံမှုအဆင့်ကို ထုတ်​ဖော်သည်။ သူမသည် လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်​စေကာ တိုက်ခိုက်ရန် ဟန်ပြင်သည်။ သို့​သော် မလှန်နိုင်​သောအားတစ်ခုက သူမကို ဖိနှိပ်လာရာ သူမအဖို့ သူမ၏ကျင့်ကြံမှုကို အသုံးပြုရန် မဖြစ်နိုင်​တော့​ပေ။

ထာဝရကလန်၏ ကလန်​ခေါင်း​ဆောင်၏ကျင့်ကြံမှုမှာ ​လောကကို လှစ်ဟ၏။ အဆင့်ရှစ်ကလန်တစ်ခု၏ ကလန်​ခေါင်း​ဆောင် ဖြစ်လာ​သော သူ့ကျင့်ကြံမှုအဆင့်မှာ သာမန်မဟုတ်တာ သိသာ​​သည်။

မူပင်း​မေ၏မျက်နှာမှာ ဖြူ​ရောသွားသည်။ သူမသည် ကလန်​ခေါင်း​ဆောင်၏ဖိအားအတွင်းမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်။ ယင်းက အတုအ​ယောင် ဖြစ်​​သော်လည်း သူမ၏စိတ်ကို က​ယောက်ကယက် ဖြစ်​စေသည်။ သူမအဖို့ ​တွေး​နေရန် အချိန်မရှိ​ပေ။ ထို့အတွက်​ကြောင့် သူမသည် ထူးဆန်း​သောလက်ဟန်တစ်ခုကို ဖြစ်​ပေါ်​စေလိုက်သည်။ ၎င်းက ​တောက်ပ​သော​လေဟာနယ်သူ​တော်စင်မများ မျိုးဆက်အလိုက် လက်ဆင့်ကမ်း ဆက်ခံရ​သော မန္တာန် ဖြစ်သည်။

ထိုမန္တာန်​ပေါ်လာသည်နှင့် သူမခန္ဓာကိုယ်ပတ်လည်တွင် ပုံရိပ်​ယောင်ဖန်ပုလင်းတစ်ခု ​ပေါ်လာကာ သူမအား ဖိနှိပ်ထား​သောအားကို ကန်ထွက်သွား​စေသည်။ သူမက အတင်းထိုးထွက်လာ၏။ သို့​သော် သူမမျက်နှာမှာ ပိုဖြူ​ရောသွားသည်။

သူမ ဒဏ်ရာရထားခြင်း​ကြောင့်သာ မဟုတ်ပါက ထိုအ​မွေအနှစ်မန္တာန်ကို ပြီးပြည့်စုံစွာ အသုံးပြုနိုင်​ပေသည်။ သို့ရာတွင် သူမ၏ခန္ဓာကိုယ် ဖျက်စီးခံရပြီး မူလစိတ်ဝိညာဥ်မှာလည်း ဒဏ်ရာ ရခဲ့သည့်အတွက်​ကြောင့် ဤမန္တာန်ကို အသုံးပြုသည့်အခါ သူမ၏ဒဏ်ရာများသည် ပိုဆိုးသွား​တော့သည်။

ထိုမြင်ကွင်းသည် ကလန်​ခေါင်း​ဆောင်ဆံဖြူအဘိုးအိုကို တုန်လှုပ်သွား​စေ၏။ ဤအခိုက်မှာပင် လီချန်​မေက တုန်လှုပ်ဖွယ်​အော်ရာတစ်ခုကို ထုတ်လွှတ်လာသည်။ ​ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်တစ်ခု လွတ်ထွက်လာ​ချေ၏။ လီချန်​မေသည် ဆံဖြူအဘိုးအို၏ဖိအားကို ချိုးဖျက်ကာ ထိုးထွက်လာ​လေ၏။

သူမ​ရှေ့တွင် ​ကျောက်စိမ်းပြားတစ်ခု ရှိ​နေ၏။ ယင်း​ကျောက်စိမ်းပြားမှာ နတ်ဆိုးကလန်ရှိ ဆန်းကြယ်​သောလူက သူမကို ​ပေးခဲ့ခြင်း ဖြစ်သည်။

အဖြစ်အပျက်မှာ မြန်လှ၏။ လီချန်​မေနှင့်မူပင်း​မေတို့ ထိုးထွက်လာသည့်အခါ ဝမ်လင်းသည် သူ့ညာ​ခြေ​ထောင်ကို ပင့်​မြှောက်ကာ ​ရှေ့သို့ ​​ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုစဥ် သူသည် ​လောကနှင့်တစ်သားတည်း ဖြစ်သွားပြီး သူဟာ ကျင့်ကြံခြင်းဂြိုဟ်တစ်ခု ဖြစ်လာသည်ဟု ထင်မှတ်ရ​လေသည်။

"သင်တို့နှစ်​ယောက် ဝင်ပါဖို့ မလိုပါဘူး..." သူသည် ​ရှေ့လှမ်းလာလျက် သူ့လက်ကို ​ဝေ့ယမ်းရာ ညင်သာ​သောစွမ်းအင်တစ်ခုက လီချန်​မေနှင့်မူပင်း​မေတို့ကို ဝန်းရံသွား​၍ သူမတို့နှစ်​ယောက်ကို ရပ်တန့်​စေသည်။

​"ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူလား...ငါ အရင်က ဒီအဆင့်ကျင့်ကြံသူတစ်​ယောက်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်..."

ဤအခိုက်အတန့်တွင် ဝမ်လင်းထံမှ ​ရွှေ​ရောင်အလင်းတစ်ခု ​ပေါက်ကွဲထွက်လာ၏။ ယင်းအလင်းက ညင်သာ​သော​နေမင်းအလင်း ဖြစ်​သော်လည်း ညအ​မှောင်ကို စုတ်ဖြဲပစ်နိုင်စွမ်း ရှိ​​လေသည်။ ယင်းအလင်း ပြန့်ကြဲလာသည့်အခါ ဤဧရိယာကို ​ရှောင်ဖယ်သွား​သော မိုးကြိုးများ ​နောက်တဖန် စု​ဝေးလာပြီး မိုးစက်များလည်း ရပ်တန့်​နေရာက​နေ ပြန်ကျဆင်းလာ​လေ၏၊

​ဆံဖြူအဘိုးအိုထံမှ တုန်လှုပ်သံ ထွက်​ပေါ်၏။ သူ မတ်တပ်ထရပ်လာသည့်အခိုက်မှာ မိုးစက်များသည် အဖြူ​ရောင်အခိုး​ငွေ့များ အဖြစ် ပျက်စီး၍ ​​လေထုထဲသို့ တိုးဝင်လေသည်။

"အဆင့်ရှစ်ကလန်​တွေကြားက ပြိုင်ပွဲမှာ ငါ ပါဝင်​ပေးနိုင်တယ်။ ဒါ​ပေမဲ့ သင်ဟာ မူလကလန်အတွက် ငါ့ကို ​​ဖြေရှင်းချက်တစ်ခု ​ပေးရလိမ့်မယ်..."

ဝမ်လင်းသည် ထိုအဘိုးအို ဖြစ်လိုသည့်ဆန္ဒကို ချက်ခြင်း မြင်နိုင်​ပေ၏။ သတ်ဖြတ်လိုစိတ်မှာ အတုအ​ယောင်မျှသာ ဖြစ်​လေသည်၊

ဆံဖြူအဘိုးအို၏မျက်လုံးများသည် ​တောက်ပလာကာ သူ ပြုံး၏။ သူက စကား​ပြောရန် ပြင်လိုက်စဥ်မှာပင် သူ့အမူအရာသည် ​ပြောင်းလဲသွားပြီး အကွာအ​ဝေးတစ်ခုထံသို့ ကြည့်သည်။

အကွာအ​ဝေးတစ်ခုမှ မိုးကြိုးပစ်သံကဲ့သို့ ကျယ်​လောင်စွာ မြည်ဟည်း၍ အလင်းတန်းတစ်ခု လှမ်းလာ​​လေသည်။ ​ကောင်းကင်ထက်မှ ခပ်နိပ်နိပ်အသံတစ်ခုလည်း ထွက်​ပေါ်လာ၏။

"မင်း ငါရဲ့မန္တာန်​တွေထဲက တစ်ခုကို ရင်ဆိုင်ဝံ့လား..."

"မြင့်မြတ်​သောအကြီးအကဲ..." ​ ထာဝရကလန်၏လူတိုင်းသည် မတ်တပ်ထရပ်ကာ သူတို့၏လက်နှစ်ဖက်ကို ဆုပ်၍ ​ပြောသည်။ သူတို့၏အမူအရာတွင်လည်း အလွန်​လေးစားဟန်များ ဖြစ်​ပေါ်ကုန်သည်။

ဝမ်လင်းက ​​​​ခေါင်း​မော့ကြည့်သည်။ သူ့​ခန္ဓာကိုယ်မှ ​ရွှေ​ရောင်အလင်းသည် ပင်လယ်မှမြင့်တက်လာ​သော ​နေမင်းနှင့် အလားသဏ္ဍာန်တူ၏။ သူသည် ချဥ်းကပ်လာ​သော အလင်းကို ကြည့်သည့်အခါတွင် သူ့မျက်လုံးများမှာ ​​ရွှေ​ရောင်တောက်ပ​လေ၏။

***

All Chapters