← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

(အခန်း) 67

တစ်နေကုန် ခရီးနှင်လာရသဖြင့် ပင်ပန်းနေကြသော ရှောင်ကျိုးနှင့် သူမ၏အပေါင်းအပါများသည် အန္တရာယ်မှာ သူတို့ထံ တိတ်တဆိတ် ချဉ်းကပ်လာနေသည်ကို လုံးဝမသိရှိဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေကြ၏။

​တံခါးအပြင်ဘက်တွင်မူ အမျိုးသားအချို့သည် အိပ်မွေ့ချဆေးမှုန့်များ ထည့်ထားသော ဝါးလုံးလေးများကို ကိုင်ဆောင်ထားကြပြီး ရှောင်ကျိုးတို့ တည်းခိုနေသည့် အခန်းထဲသို့ အသာအယာ မှုတ်သွင်းလိုက်ကြသည်။

​မီးခိုးငွေ့များမှာ အခန်းထဲသို့ ဖြည်းညင်းစွာ ပျံ့နှံ့သွား၏။ အခန်းအတွင်း၌ မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ကြောင်း အတည်ပြုပြီးနောက် ထိုလူများသည် အခန်းထဲသို့ တိတ်တဆိတ် ချောင်းမြောင်းဝင်ရောက်လာကြ၏။

​ပထမဆုံး အမြတ်ထွက်သွားရသူမှာ အိပ်နေသည့်အချိန်မှာပင် တောက်ပြောင်သော ရွှေထည်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည့် ဖက်တီးလေးပင် ဖြစ်၏။ ထို့နောက် ရှောင်ကျိုးနှင့် အခြားကလေးများကို တစ်ယောက်ပြီးတစ်ယောက် မသွားကြပြီး အငယ်ဆုံးဖြစ်သည့် ရှီထုံနှင့် ကျန်းဟယ်တို့ကိုပင် ချန်မထားခဲ့ကြချေ။

​ကလေးများအားလုံး သယ်သွားခံလိုက်ရသည်ကို မြင်သောအခါ ယွိဟွာတစ်ကောင်သာ ကျန်ရစ်ခဲ့သည်။

‘​နင်တို့က ငါ့ကို ဘာမှတ်နေတာလဲ၊ သူတို့ကိုတော့ ချည်နှောင်ပြီး ငါ့ကိုကျတော့ ဒီအတိုင်း ထားခဲ့တယ်ပေါ့လေ’

‘နင်တို့ ငါ့ကို မခေါ်သွားရင်လည်း ငါ့ဘာသာငါ လိုက်လာခဲ့မယ်’

​ယွိဟွာ ထိုလူများနောက်မှ ခုန်ပေါက်ကာ လိုက်ပါသွား၏။

​မကြာမီမှာပင် ထိုလူများသည် ကလေးများကို တုပ်နှောင်ကာ အခန်းအလွတ်တစ်ခုအတွင်းသို့ ပစ်ထည့်လိုက်ကြ၏။ ထိုလူများ ထွက်သွားပြီးနောက် ယွိဟွာ တိတ်တဆိတ် ခိုးဝင်လာကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ရှောင်ကျိုး၏ဘေးတွင် ဝပ်နေလိုက်သည်။

​တီဗီစီးရီးကြည့်ပြီးကာစဖြစ်သော စနစ်သည် သူ၏ Host မည်သို့အိပ်နေသည်ကို စစ်ဆေးကြည့်ချင်သဖြင့် ကြည့်လိုက်ရာ ခဏလေးအတွင်းမှာပင် Hostနှင့် ကလေးများအားလုံး အချည်ခံထားရသည်ကို တွေ့လိုက်ရ၏။

​ထိုငတုံးကြက်မကြီးကို ကြည့်ပြန်တော့လည်း သူ၏သခင်ကို သတိပေးရမည့်အစား သူတို့ဘေးမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြန်သည်။

​စိတ်ပျက်လက်ပျက် ဖြစ်သွားသော စနစ်သည် Hostကို အမြန်ဆုံး နိုးလာစေရန်သာ ကြိုးစားနိုင်၏။

​'ထတော့ ထတော့’

‘​နှိုးလို့မရဘူး’

‘​ဘုရားရေ သူတို့ ဆေးခတ်ခံထားရတာပဲ’

​ကံကောင်းထောက်မစွာဖြင့် ဆေးရှိန်မှာ သိပ်မပြင်းလှရာ ကြီးမားသော ပြဿနာတော့ မဟုတ်ချေ။

‘ငါ့ Hostကို အဆိပ်အားလုံး ခုခံနိုင်စွမ်းရှိမယ့် အရာတစ်ခုခုကို ဘယ်လိုရှာပေးရမလဲဆိုတာ စဉ်းစားရမယ်၊ မဟုတ်ရင် ဒီလိုပြဿနာရှာတတ်တဲ့ Host နဲ့ဆို ငါတောင်မသိလိုက်ဘဲ သူကိုယ်သူ သတ်မိလိမ့်မယ်၊ အခုမှ ဘဝက သက်သောင့်သက်သာ ရှိလာတာ၊ လောလောဆယ်တော့ Host ထပ်မရှာချင်သေးဘူး’

​စနစ်သည် ရှောင်ကျိုး၏ အသိစိတ်ထဲတွင် အကြိမ်ကြိမ် ခေါ်ယူနှိုးဆော်ပြီးနောက် နောက်ဆုံးတွင် ရှောင်ကျိုး မူးဝေဝေဖြင့် နိုးလာသည်။

​"လူတစ်ယောက် အိပ်နေတာကို နှောင့်ယှက်တာဟာ တကယ့်ကို ယဉ်ကျေးမှုမရှိတဲ့ လုပ်ရပ်ပဲ"

​စနစ် : 'အခုထိ အိပ်ချင်နေတုန်းလား၊ မင်း ပြန်ပေးဆွဲခံထားရပြီ’

​ရှောင်ကျိုး : "အော်"

​စနစ် : 'မင်းကို အခု ရောင်းစားတော့မှာ’

​ရှောင်ကျိုး : "ငါ့ကို ဘယ်လောက်နဲ့ ရောင်းလို့ရမလဲ"

​စနစ် : "........."

​ရှောင်ကျိုး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကလေးအားလုံး ချွင်းချက်မရှိ အချည်ခံထားရသည်ကို မြင်လိုက်ရသည်။ အပြင်ဘက်တွင်မူ လူအချို့ စကားပြောနေသံကို ကြားနေရ၏။

​ရှောင်ကျိုးသည် စနစ်၏အရောင်းဆိုင်မှ ဓားငယ်တစ်စင်းကို ဝယ်ယူကာ သူမ၏ကြိုးကို ဖြတ်လိုက်သည်။ ထို့နောက် ကျောက်ဟူနှင့် အခြားသူများကို နှိုးကာ ကြိုးများကို ဖြေပေးလိုက်သည်။

​"ရွာလူကြီးလေး ဒါ ဘယ်နေရာလဲဟင်"

ကျောက်ဟူ အိပ်ချင်မူးတူးဖြင့် မေးလိုက်၏။

​"ငါလည်း မသိဘူး၊ ဒါပေမဲ့ ငါတို့ကို ရောင်းစားတော့မှာ"

ရှောင်ကျိုး လူမှောင်ခိုသမားများနှင့် ပထမဆုံးအကြိမ် တွေ့ကြုံရသဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

​သူမ ဓားကို သူတို့ထံ ပစ်ပေးလိုက်ပြီး အပြင်ဘက်ရှိ လူတစ်စု၏ စကားဝိုင်းကို နားထောင်ရန် တံခါးနားတွင် တိတ်တဆိတ် ဝပ်လိုက်၏။

​"ဆရာကြီး ဟိုးအတွင်းထဲက ကလေးအုပ်စုကို ဘယ်လောက်နဲ့ ရောင်းရမယ် ထင်သလဲ"

ပြောပြောဆိုဆိုဖြင့် ထိုလူသည် ဖက်တီးလေး၏ အိတ်ထဲမှ နှိုက်ယူထားသော ငွေစက္ကူများနှင့် တောက်ပြောင်သော ရွှေထည်ပစ္စည်းများကို ထုတ်လိုက်သည်။

​"ဒီဖက်တီးလေးမှာ ဒီလောက် ပိုက်ဆံအများကြီး ရှိလိမ့်မယ်လို့ ငါ ထင်မထားဘူး၊ ဒီအလုပ်ပြီးရင်တော့ ငါတို့ ဒီပိုက်ဆံတွေနဲ့ ဇိမ်နဲ့ နေလို့ရပြီဟေ့"

ထိုလူမှာ အနည်းငယ် စိတ်လှုပ်ရှားနေ၏။

​"ဆရာကြီး ချွန်းဖုန်းခန်းမက နာမည်ကြီး မိန်းမလှလေးရင်ဖုန်းက ဆရာကြီးကို စောင့်နေမှာဗျ"

လူတစ်စု ရမ္မက်ဇောဖြင့် ရယ်မောလိုက်ကြသည်။ အခြားသူများကလည်း ဤအလုပ်ပြီးလျှင် ပျော်ပါးကြမည်ဖြစ်ကြောင်း ထောက်ခံပြောဆိုနေကြသည်။

​"ဆရာကြီး ဟိုဖက်တီးလေးဆီကတင် ပိုက်ဆံတွေ အများကြီး ရနေပြီပဲ၊ ဘာလို့ ဟိုကလေးတွေကို ဆက်ပြီး ချည်ထားဦးမှာလဲ"

တစ်ယောက်မှ မေးလိုက်၏။

​ခေါင်းဆောင်ဖြစ်သူမှာ သူ့တင်ပါးကို ကန်လိုက်ကာ ဆိုသည်။

"အတွင်းထဲမှာ ကလေး ရှစ်ယောက်၊ ကိုးယောက်လောက် ရှိတာကွ၊ တစ်ယောက်ကို ငွေ ၁၀ ကျပ်သားထက်မနည်း ရောင်းရမယ်လို့ ငါကြားထားတယ်၊ အားလုံးပေါင်းရင် ၁၀၀ ကျပ်သားထက် ကျော်တာပေါ့၊ ၁၀၀ ကျပ်သားဆိုတာ ပိုက်ဆံမဟုတ်ဘူးလား၊ ဘယ်သူက ပိုက်ဆံများတာကို ငြင်းမှာလဲ"

​ကျန်လူများကလည်း ထိုမေးခွန်းမေးသူကို စိတ်ပျက်သလို ကြည့်လိုက်ကြသည်။ သူတို့သည် ကြက်သူခိုးများ၊ လူမိုက်များဖြစ်ကြပြီး မြို့သူမြို့သားများကို နှိပ်စက်လေ့ရှိသူများ ဖြစ်၏။ သို့သော်လည်း ခေါင်းဆောင်ဖြစ်သူ၏ ယောက်ဖမှာ ခရိုင်တရားသူကြီးဖြစ်နေသဖြင့် သူ့ကို ပိုက်ဆံအနည်းငယ် လာဘ်ထိုးထားသရွေ့ အစိုးရကလည်း သူတို့ကို မျက်ကွယ်ပြုထားလေ့ရှိသည်။

ထိုသူသည် သူ၏ယောက်ဖဖြစ်သူ အလွန်အကျွံ မလုပ်သရွေ့ ကိစ္စအဝဝကို အဆင်ပြေအောင် ဖုံးဖိပေးလေ့ရှိ၏။

​"သူတို့ကို ဘယ်မှာ သွားရောင်းမှာလဲ"

​"ဒီကောင်လေးတွေကိုတော့ လူမှောင်ခိုသမားတွေဆီ ရောင်းမယ်၊ ဟိုမိန်းကလေးနှစ်ယောက်ကိုတော့ နောက်မှ ချွန်းဖုန်းမျှော်စင်ကို ပို့မယ်၊ အဲ့ဒီမှာက ဈေးပိုရတယ်လေ"

ခေါင်းဆောင်ဖြစ်သူမှ ဆိုသည်။

​ချွန်းဖုန်းမျှော်စင်ဆိုသည်မှာ ထိုဒေသတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ပြည့်တန်ဆာအိမ်ဖြစ်ပြီး ထိုနေရာသို့ ရောက်သွားသူတိုင်း ပြန်ထွက်လာနိုင်သူ အလွန်ရှား၏။

​ချွန်းဖုန်းမျှော်စင်ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ရှန်ကျစ်ယွမ်သည် ၎င်းမှာ မည်သို့သောနေရာမျိုးဖြစ်သည်ကို ချက်ချင်းသိလိုက်သဖြင့် ဒေါသများ အလိပ်လိုက် ထွက်လာတော့သည်။

"ဒီလူမှောင်ခိုတွေက ငါ့ကို အဲ့ဒီလိုနေရာမျိုးကို ရောင်းဖို့ ကြံစည်နေတာလား၊ သူတို့ကို သူတို့အဖေ၊ အမေ တမ်းတအောင်အထိ ငါ ရိုက်ပစ်မယ်”

​ကျောက်ဟူနှင့် သူ၏သူငယ်ချင်းများမှာလည်း လက်ယားနေကြပြီဖြစ်ရာ ရွာလူကြီး၏ အမိန့်ကိုသာ စောင့်နေကြသည်။ ရှောင်ကျိုး၏ မျက်လုံးများမှာမူ ဟိုဟိုဒီဒီ ဝေ့ဝဲနေပြီး သူမ မည်သည်အား တွေးနေသည်ကို မည်သူမှ မခန့်မှန်းနိုင်ချေ။

​အားသို့ ရွာလူကြီးလေးကို တို့လိုက်ပြီး မေးလေ၏။

"ရွာလူကြီးလေး ကောင်းတဲ့ အကြံရပြီလား"

​ရှောင်ကျိုး သူမ၏ဝမ်းကွဲမောင်လေး ပြောပြဖူးသော သတင်းတစ်ခုကို သတိရသွားသည်။ ၎င်းမှာ ပြန်ပေးဆွဲခံရသူတစ်ဦးက သူ့ကို ပြန်ပေးဆွဲသူကို ပြန်လည်ရောင်းစားလိုက်သည့် အကြောင်းပင်။

​ရှောင်ကျိုး အပြင်ဘက်ရှိ လူများကို ရေတွက်လိုက်ပြီး ဆိုသည်။

"အပြင်မှာ ခုနစ်ယောက် ရှိတယ်၊ သူတို့ပြောတာက လူတစ်ယောက်ကို ငွေ ၁၀ ကျပ်သားကျော် ရတယ်ဆို၊ အဲ့ဒီတော့ သူတို့ခုနစ်ယောက်လုံးကို ငါတို့ ပြန်ရောင်းစားလိုက်ရင် ငွေ ၁၀၀ နီးပါး ရမှာပေါ့"

​ဤသည်မှာ တကယ့်ကို အရင်းအနှီးမစိုက်ရဘဲ အကျိုးအမြတ်များသော စီးပွားရေးပင်။

​ကလေးများသည် ထိုအကြံကို ချက်ချင်းပင် ထောက်ခံလိုက်ကြသည်။ ၎င်းမှာ တကယ့်ကို ထက်မြက်လှသော အကြံပင် ဖြစ်၏။ ရှီထုံနှင့် ကျန်းဟယ်တို့မှာမူ ရွာလူကြီးလေးနှင့် အခြားသူများ အဘယ်ကြောင့် ပျော်နေကြသည်ကို နားမလည်သော်လည်း ပါးစပ်လေးများကို ပိတ်ကာ လိုက်၍ ရယ်မောနေကြ၏။

​ဤတစ်ကြိမ်တွင်မူ သူတို့နှစ်ဦး ရွာလူကြီးလေးတို့နှင့်အတူ လိုက်မီသွားပြီဖြစ်ရာ အတူတူ ထွက်ကစားနိုင်တော့မည် ဖြစ်သည်။

​အပြင်ဘက်မှ လူတစ်စုသည် အတွင်းထဲရှိ ကလေးများကို မည်သို့လုပ်မည်နည်းဟု ဆွေးနွေးပြီးနောက် ကလေးများကို ခေါ်ထုတ်ကာ ရောင်းစားရန် အခန်းထဲသို့ ဝင်လာကြ၏။

​တံခါးဖွင့်လိုက်သည်နှင့် ထိုလူများသည် ကလေးများစွာ အရပ်မျက်နှာအနှံ့မှ ပျံထွက်လာသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက်တွင်မူ သူတို့၏ မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

​ရှောင်ကျိုးသည် သူမ၏အားကို ထိန်းချုပ်လိုက်ပြီး "ဆရာကြီး" ဟု ခေါ်သောလူကို သတိမေ့သွားအောင် ထိုးနှက်လိုက်၏။ ထို့နောက် တစ်ချက်တည်းနှင့် သေ၍ မဖြစ်သေးဘဲ ပိုက်ဆံရအောင် ပြန်ရောင်းရဦးမည်ဟု တွေးကာ မြေပြင်ပေါ်မှ ထိုလူ၏ အသက်ရှူနှုန်းကို စစ်ဆေးလိုက်သည်။ ​ကျောက်ဟူနှင့် အခြားသူများမှာ စိုးရိမ်တကြီး ဖြစ်လာကြ၏။

"ရွာလူကြီး‌လေး၊ ရွာလူကြီးလေးက အနားယူနေလိုက်ပါ၊ ဒီလူတွေကို ကျွန်တော်တို့ဆီသာ လွှဲထားလိုက်ပါ"

​ရွာလူကြီးလေး တစ်ယောက်ပြီးတစ်ယောက် လိုက်ထိုးနေမည်ဆိုပါက သူတို့အတွက် ကစားရန်ကျန်ပါဦးမည်လားဟု တွေးနေမိကြသည်။

​"ဟုတ်တယ် ရွာလူကြီးလေး၊ ကျွန်တော်တို့ကိုလည်း နည်းနည်းလောက် ကစားခွင့်ပေးပါဦး"

အားသို့ အမြန်ဖြည့်ပြောလိုက်၏။

​ရွာလူကြီးလေးကို ထပ်ပြီး အထိုးမခိုင်းနိုင်တော့ချေ။ ရှိသည့်လူမှာ နည်းလွန်းပြီး သူတို့အားလုံး ခွဲဝေကစားရန်ပင် မလောက်ချေ။

​ရှောင်ကျိုး ထိုလူများသည် အားနည်းလွန်း၍ ကျောက်ဟူတို့သာ ကိုင်တွယ်ပါစေဟုတွေးကာ သူမ၏လက်သီးလေးကို တိတ်တဆိတ် ပြန်သိမ်းလိုက်သည်။

​ကျောက်ဟူနှင့် ထျဲနျိုတို့သည် ခွန်အားကို အသုံးချကာ ထွက်ပြေးရန် ကြိုးစားနေသော လူနှစ်ဦးကို အုပ်မိုးလိုက်ကြ၏။ အတန်ကြာ လုံးထွေးသတ်ပုဒ်ပြီးနောက် သူတို့နှစ်ဦးမှာ ထိုလူနှစ်ဦးကို အောင်မြင်စွာ နှိမ်နှင်းလိုက်နိုင်သည်။

​အားသို့နှင့် ရှီအန်း တို့မှာလည်း အရှုံးမပေးချေ။ ဓားငယ်လေးများကို ကိုင်ဆောင်ကာ လူများကြားတွင် လျှင်မြန်စွာ လှုပ်ရှားနေကြ၏။ ဓားသွားများမှာ အေးစက်စွာ တောက်ပနေပြီး ထိုးချက်တိုင်းမှာ ရန်သူ၏ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း လှုပ်ရှားမရအောင် လုပ်နိုင်သည့် အချက်အချာကျသော နေရာများကိုသာ မှန်ကန်စွာ ထိမှန်၏။

​ဖက်တီးလေးနှင့် ရှန်ကျစ်ယွမ်တို့မှာ ကျောက်ဟူတို့ကဲ့သို့ အစွမ်းမထက်သော်လည်း အပေးအယူ အလွန်မျှတကြ၏။ သူတို့သည် ကြိုးများကို ရှာဖွေကာ ကျန်သူများ နှိမ်နှင်းထားသည့် လူမှောင်ခိုသမားများကို တုပ်နှောင်ရာတွင် ကူညီပေးကြသည်။

​ရှီထုံနှင့် ကျန်းဟယ်တို့မှာ သုံးနှစ်သားလေးများသာ ရှိသေးသော်လည်း တတ်နိုင်သမျှ ပါဝင်ကူညီကြ၏။ ရွာလူကြီး ပစ်ပေးထားသော ဓားငယ်လေးများ ကို ကိုင်ကာ ဘေးမှနေ၍ ယွိဟွာနှင့်အတူ အားတက်သရော အားပေးနေကြ၏။

​"ချ ချ အားရပါးရ ချ"

​"ကွပ် ကွပ် ကွပ်၊ကွပ် ကွပ် ကွပ်"

​"တိုက် တိုက် သတ် သတ်"

​"ချည်ထားလိုက် ချည်ထားလိုက်"

​"ရောင်းမယ် ရောင်းမယ် ပိုက်ဆံရမယ် ပိုက်ဆံရမယ်”

​"......."

All Chapters