← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

(အခန်း) 70

'ဂုဏ်ယူပါတယ် Host ၊ ကိုယ်ပိုင်ဉာဏ်ကိုသုံးပြီး လူမှောင်ခိုသမားတွေလက်ကနေ လွတ်မြောက်နိုင်ခဲ့တဲ့အတွက် ဆုလာဘ်အနေနဲ့ ရမှတ် ၂၀ + ကံစမ်းမဲတစ်ကြိမ် ရရှိပါတယ်'

​အသံမှာ အတော်လေး နောက်ကျမှ ထွက်ပေါ်လာခြင်းဖြစ်၏။ ရှောင်ကျိုးမှာမူ သုံးရက်လုပ်၊ နှစ်ရက်နားတတ်သော စနစ်၏ အလေ့အကျင့်ကို အသားကျနေပြီ ဖြစ်သည်။

​သူမ ကံစမ်းမဲနှိပ်ရန်အား နှိပ်လိုက်၏။

​'ကံစမ်းခြင်း အောင်မြင်ပါသည်’

'ဆုလာဘ်အနေဖြင့် အဆိပ်ဖြေဆေးတစ်လုံး ရရှိပါသည်’

​ဆေးလုံးများပင် ထပ်ရနေသဖြင့် ဆေးပုလင်းလေးများကို သိုလှောင်အိတ်ထဲသို့သာ ပစ်ထည့်ထားလိုက်သည်။

​ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ခရီးနှင်ပြီးနောက်တွင် လူအားလုံး မြို့တော်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ ကလေးအားလုံးမှာ ငှက်ငယ်လေးများပမာ တစာစာအော်ဟစ်ကာ ရှေ့မှ မြင်တွေ့ရသမျှကို စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေကြ၏။

​သူတို့သည် မြင့်မားလှသော မြို့ရိုးကြီးများကို အံ့ဩတကြီး ငေးမောကြည့်နေကြပြီး လမ်းမပေါ်မှ မပြတ်တမ်း သွားလာနေကြသော လူနှင့် လှည်းများကြောင့် မိန်းမောနေကြတော့သည်။

​ရှီရှန်း ရှောင်ကျိုးနှင့် ရှီအန်းတို့ကို မြင်းရထားထဲသို့ အမြန်ဆွဲခေါ်လိုက်ကာ မျက်နှာဖုံးလေးနှစ်ခုကို ထုတ်ပေးရင်း ဆို၏။

"ရှောင်ကျိုး ရှီအန်း ငါတို့ တိတ်တဆိတ်ပဲ ဝင်ကြရအောင်၊ မင်းတို့မျက်နှာတွေကို ဘယ်သူမှ မမြင်စေနဲ့နော်၊ ဟုတ်ပြီလား"

​ရှီရှန်း မြို့တော်၏ လက်ရှိအခြေအနေကို မသိရှိသေးချေ။ အိမ်တော်သို့ မရောက်မီအထိ ပြင်ပလူများအနေဖြင့် သူမ၊ ရှောင်ကျိုးနှင့် ရှီအန်းတို့ကို မှတ်မိမသွားစေရန် တားဆီးထားသင့်သည်ဟု သူမ ယူဆ၏။ အရာအားလုံးကို အိမ်တော်သို့ဝင်ကာ သူမ၏မိခင်နှင့် တွေ့ဆုံပြီးမှသာ ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။

​ရှောင်ကျိုး ဇဝေဇဝါဖြင့် ခေါင်းစောင်းကြည့်ကာ မေးလိုက်၏။

"ဘာလို့လဲဟင်"

​သူမ သူမ၏မျက်နှာကို ကိုင်ကြည့်မိသည်။ သူမက ရုပ်ဆိုးသည်မဟုတ်ဘဲ အဘယ်ကြောင့် လူများ၏အကြည့်ကို မခံဘဲနေသင့်သည်ကို စဥ်းစားမရဖြစ်နေ၏။ ရွာလူကြီးများနှင့် ရွာသားတိုင်းလိုလိုကပင် သူမသည် သူတို့မြင်ဖူးသမျှထဲ၌ ချစ်စရာကောင်းဆုံး ကလေးလေးလို့ ပြောကြသည်ကိုပင် သူမကြားဖူးသည်။

​ရှီရှန်း ခဏမျှ စဉ်းစားလိုက်ပြီး ဆင်ခြေတစ်ခု ပေးလိုက်၏။

“ငါတို့ တိတ်တဆိတ် ပြန်သွားပြီး အဘွားကို အံ့အားသင့်အောင် လုပ်ပေးကြမယ်လေ"

​ရှောင်ကျိုးနှင့် ရှီအန်းတို့သည် ချက်ချင်းပင် ကိုယ်ကိုမတ်ကာ ဝမ်းသာအားရ ပြောလိုက်ကြသည်။

"ဟုတ်ပြီ၊ ဟုတ်ပြီ"

​အံ့အားသင့်အောင် လုပ်ပေးရမည်ဆိုသည်မှာ တွေးကြည့်ရုံတင် ပျော်စရာကောင်းလှ၏။ ၎င်းကို မြင်သောအခါ ကျောက်ဟူနှင့် အခြားသူများလည်း အမြန်မေးကြတော့၏။

​"ဦးလေးရှီ ကျွန်တော်တို့ရော၊ ကျွန်တော်တို့လည်း တိတ်တဆိတ်ပဲ လုပ်ရမှာလား"

​ရှီရှန်း ဆွံ့အသွားရ၏။ ဤကလေးများသည် အရာရာကို သူတို့၏ ရွာလူကြီးလေး လုပ်သမျှအတိုင်း ထပ်တူလိုက်လုပ်ချင်နေကြလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

​သူ အမြန်ပြန်ဖြေလိုက်သည်။

“မလိုပါဘူး၊ မင်းတို့ကတော့ ပုံမှန်အတိုင်းပဲ နေလို့ရပါတယ်"

​"ဒါဆိုလည်း ပြီးတာပါပဲ"

ကျောက်ဟူမှာ အနည်းငယ် စိတ်ပျက်သွားကာ ယခင်က ရွာလူကြီးလေး ပေးထားသော မျက်နှာဖုံးများကို ထုတ်လိုက်၏။

"ရွာလူကြီးလေး ရွာလူကြီးတို့ပဲ ဒါကို ဝတ်ထားလိုက်ပါ၊ ဒါဆိုရင် တခြားလူတွေ မျက်နှာကို မြင်ရမှာ မဟုတ်ဘူး"

​ကျောက်ဟူ ထုတ်လိုက်သော မျက်နှာဖုံးကို မြင်သောအခါ ရှီရှန်းမှာ မျက်စိရှေ့တွင် မှောင်အတိ ကျသွားတော့သည်။ သူသည် ကျောက်ဟူ၏ လက်ကို အမြန်ဆွဲလိုက်မိ၏။ နက်ဖြန်မနက် မိုးလင်းလာလျှင် သူ၏အဖွဲ့သားများ မြို့တော်သတင်းစာ မျက်နှာဖုံးတွင် ပါလာမည်ကို သူ အဖြစ်မခံနိုင်ချေ။

​"ဒါကို မဝတ်ပါနဲ့ဦး၊ နောက်မှ ဝတ်ကြတာပေါ့၊ နောက်တစ်ခါ လူသူကင်းမဲ့တဲ့ နေရာကျမှ စိတ်ကြိုက်ဝတ်ကြမယ်လေ"

ရှီရှန်း၏အသံမှာ စိုးရိမ်စိတ်ကြောင့် တုန်ယင်နေတော့သည်။

​ကျောက်ဟူ နှမြောတသစွာဖြင့် မျက်နှာဖုံးကို ပြန်သိမ်းလိုက်သည်။ ထိုအခါမှ ရှီရှန်းမှာ သက်ပြင်းချနိုင်၏။

​ကလေးများသည် အပြင်ဘက်မှ ရှုခင်းများကို ဆက်လက် ငေးမောကြည့်နေကြသည်။

​"ဒီမှာ တကယ့်ကို စည်တာပဲ"

အားသို့နှင့် သူ၏သူငယ်ချင်းများ အံ့ဩတကြီး ရေရွတ်ကြ၏။

​"ဒါက အစည်ကားဆုံး မဟုတ်သေးပါဘူး၊ နောက်မှ မင်းတို့ကို မြို့တော်ရဲ့ အစည်ဆုံး နေရာကို ခေါ်သွားပေးမယ်"

ရှီရှန်း ဆိုလေသည်။

​"ဟုတ်ကဲ့၊ ဟုတ်ကဲ့"

ကလေးများ စိတ်လှုပ်ရှားစွာ ခေါင်းညိမ့်ကြ၏။

​မငြိမ်မသက် ဖြစ်နေသော ရှောင်ကျိုးမှာမူ သူမ၏ဦးလေး မှာကြားထားသည်များကို မေ့လျော့ကာ မြင်းရထားပေါ်မှ လျှပ်တပြက် ခုန်ဆင်းသွားတော့သည်။

​ရှောင်ကျိုး ထောင်ယွမ်ရွာလေး၌ ၅ နှစ်တိုင်တိုင် နေထိုင်ခဲ့ရာ ဤကဲ့သို့သော စည်ကားလှပသည့် နေရာမျိုးကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ မြင့်မားလှသော မြို့တံခါးများ၊ ကျယ်ဝန်းသော လမ်းမများ၊ အရောင်စုံ မျက်မှန်းမပြတ်သော ဆိုင်ခန်းများနှင့် မပြတ်တမ်း သွားလာနေသော လူအုပ်ကြီးကြောင့် သူမ ဘယ်ကို ကြည့်ရမှန်းပင် မသိတော့ချေ။

​ကလေးများ၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ပြည့်နှက်နေသည်ကို မြင်သောအခါ ရှီရှန်းသည် နောက်ဆုံးတွင် မည်သည်ကိုမှ မပြောတော့ပေ။ မည်သို့ပင်ဆိုစေ အိမ်သို့ ရောက်ခါနီးပြီဖြစ်ရာ ထူးခြားမည် မဟုတ်တော့ဟု တွေးလိုက်၏။

​ကလေးများသည် မြင်းရထားပေါ်မှ ဆင်းသည်နှင့် အစည်ဆုံးနေရာသို့ ပြေးသွားကြတော့၏။ လမ်းဘေးတွင် ထူးဆန်းသော ပစ္စည်းများ ရောင်းချနေသည်ကို တွေ့ရသကဲ့သို့၊ ချင်းရှန်းမြို့လေးတွင် တစ်ခါမှ မမြင်ဖူးသော မုန့်ပဲသရေစာများကိုလည်း တွေ့ရသည်။

​ဤနေရာမှ ပစ္စည်းများမှာ တကယ့်ကို ဈေးကြီးလှ၏။ သူမသည် ပစ္စည်းများစွာ ဝယ်လိုက်သဖြင့် ပိုက်ဆံအိတ်လေးမှာ အနည်းငယ် နာကျင်သွားရ၏။

​ရှောင်ကျိုး လမ်းလျှောက်နေစဉ်တွင် ငွေစအနည်းငယ် ပါဝင်သော ခွက်တစ်ခုမှာ သူမ၏ရှေ့သို့ ရုတ်တရက် ရောက်ရှိလာ၏။ အဝတ်အစား ဖာထေးဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် သူမ၏ရှေ့တွင် ခွက်ကို တရစပ် လှုပ်ရမ်းပြနေသည်။

ရှောင်ကျိုး ဇဝေဇဝါ ဖြစ်သွားသော်လည်း၊ ခဏမျှ စဉ်းစားပြီးနောက် မြို့တော်ကလူများသည် တကယ်ပင် ကြင်နာတတ်ကြသည်ဟု တွေးမိသွား၏။ ကလေးများကိုပင် ပိုက်ဆံပေးကြသည်။ ထို့ကြောင့် သူမ၏ လက်ကလေးကို ဆန့်ထုတ်ကာ ထိုခွက်ထဲမှ ငွေစနှစ်ပြားကို ကောက်ယူလိုက်၏။

​သူမ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်ဦးလေး၊ ဒါပေမဲ့ သမီးက နှစ်ပြားပဲ လိုတာပါ"

​အဘိုးအိုမှာ ခဏမျှ မှင်တက်သွားပြီးနောက် မည်သည်တို့ဖြစ်သွားသည်ကို သဘောပေါက်သွားသောအခါ ဒေါသထွက်လွန်းသဖြင့် သူ၏ မုတ်ဆိတ်မွေးများပင် ထောင်ထွက်မတတ် ဖြစ်သွားတော့သည်။ သူ ငွေစများအား ချက်ချင်းပြန်လုယူကာ ခွက်ထဲသို့ ပစ်ထည့်လိုက်ပြီး၊ ရှောင်ကျိုးကို စိန်းစိန်းဝါးဝါး တစ်ချက်စိုက်ကြည့်ကာ ထွက်ခွာသွားတော့၏။

​"သူက ဘာလို့ ငါ့ကို အော်သွားတာလဲ"

ရှောင်ကျိုးလည်း မကျေမနပ်ဖြင့် ပြန်လည်စိုက်ကြည့်လိုက်သည်။

​ရှီရှန်းမှာ မရယ်မိအောင် အတော်လေး အောင့်ထားလိုက်ရ၏။ သူ တူမလေး၏ခေါင်းကို ပုတ်ပေးရင်း ရှင်းပြလိုက်၏။

“အဲ့ဒီအဘိုးကြီးက တောင်းရမ်းစားသောက်သူလေ၊ မင်းက ဒီလမ်းမှာ ပစ္စည်းတွေ အများကြီး ဝယ်နေတာ မြင်လို့ မင်းဆီက ပိုက်ဆံတောင်းချင်နေတာ ဖြစ်မှာပေါ့"

​ရှောင်ကျိုးမှာ အရှက်သည်းစွာဖြင့် ခေါင်းကို ကုတ်နေမိတော့၏။ ဤနေရာက တောင်းရမ်းစားသောက်သူများမှာ အိမ်နီးချင်းရွာက ရွာသားအချို့ထက်ပင် အဝတ်အစား ပိုကောင်းနေပါလားဟု သူမ တွေးမိသည်။

ထို​လူစုသည် မြင်းရထားပေါ်သို့ ပြန်တက်ကာ ကျန့်ပေ့နယ်စား အိမ်တော်ရှိရာသို့ ဆက်လက်ထွက်ခွာလာခဲ့၏။

​ရှီရှန်း မြင်းရထားပေါ်မှဆင်းရန် ပြင်လိုက်စဉ်မှာပင် ရှောင်ကျိုး သူ့ကို တားလိုက်သည်။

​"ဦးလေး အဘွားကို အံ့အားသင့်အောင် လုပ်မလို့ မဟုတ်ဘူးလား"

​ရှီရှန်း သူ၏တူမလေးကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။

​"ဦးလေး အိမ်ရှေ့တံခါးကြီးကနေ ဝင်ရင် လူမိသွားမှာပေါ့၊ ရှီအန်းက ခွေးတိုးပေါက် ဘယ်မှာရှိလဲဆိုတာ သိတယ်တဲ့၊ အဲ့ဒီကနေ တိတ်တဆိတ် ဝင်ကြရအောင်လေ"

ရှောင်ကျိုး လျှို့ဝှက်စွာ ပြောလိုက်သည်။

​မိမိအိမ်တံခါးဝသို့ ရောက်နေပြီဖြစ်သော ရှီရှန်းမှာ နောက်ဖေးဘက်မှ အသာလေး ဝင်သွားနိုင်သော်လည်း၊ လိမ်ညာမှုတစ်ခုကို ဖုံးကွယ်ရန်အတွက် နောက်ထပ် လိမ်ညာမှုပေါင်းများစွာ လိုအပ်သည်ဟူသော အမှန်တရားကို နက်နက်ရှိုင်းရှိုင်း နားလည်သွားတော့၏။

​"ရှောင်ကျိုး မင်းတို့နှစ်ယောက်ပဲ ခွေးတိုးပေါက်က ဝင်ကြလေ၊ ဦးလေးကတော့ အထဲကို ပျံဝင်လိုက်မယ်"

​ထိုသို့လုပ်ရန် မဖြစ်နိုင်သည်ကို သိသဖြင့် ရှောင်ကျိုးသည် မပျံသန်းတတ်သေးသော အဘွားရွှီကို မချီလိုက်ကာ လူသူကင်းမဲ့သော နေရာတစ်ခုသို့ တစ်ဟုန်ထိုး ပျံဝင်သွားတော့သည်။ ရှီရှန်းသည်လည်း မပျံသန်းတတ်သော အခြားကလေးကို အမြန်ဆွဲယူကာ မိမိအိမ်တော်အတွင်းသို့ အမြန်ဝင်လိုက်ရ၏။ ကျောက်ဟူနှင့် သူ၏အဖွဲ့ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်လာကြသည်။

​ကျန့်ပေ့နယ်စားအိမ်တော်သည် မြို့တော်၏ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး အလွန်ကျယ်ဝန်းကာ ခန့်ညားထည်ဝါလှသည်။ အိမ်တော်ကြီးမှာ အလွန်အမင်း အဆောင်အယောင် မများသော်လည်း ပတ်ဝန်းကျင်မှာ တိတ်ဆိတ်အေးချမ်းပြီး နေချင်စဖွယ် ကောင်းလှ၏။

​ရှီရှန်းနှင့် သူမ၏ အပေါင်းအပါများ အိမ်နောက်ဖေးသို့ ရောက်သွားသည်နှင့် စာရင်းစာအုပ်ကို ကိုင်ကာ တစ်ယောက်တည်း ရေရွတ်ရင်း အိမ်ထဲမှ ထွက်လာသော တာဝန်ခံကျူးကို မြင်လိုက်ရ၏။

​"တာဝန်ခံကျူး"

ဘေးပတ်ဝန်းကျင်တွင် လူမရှိသည်ကို မြင်သောအခါ ရှီရှန်း အမြန်ခေါ်လိုက်သည်။

​တာဝန်ခံကျူးမှာ ဇဝေဇဝါဖြင့် လှည့်ကြည့်သည်။ သူသည် အိမ်တော်၏ စတုတ္ထသခင်လေး၏ အသံကို ကြားလိုက်ရသကဲ့သို့ပင်။ သူ အသက်ကြီးလာသဖြင့် နားကြားမှားခြင်း ဖြစ်မည်ဟု တွေးနေမိ၏။

​"တာဝန်ခံကျူး"

ရှီရှန်း ထပ်မံခေါ်လိုက်ပြန်သည်။

​တာဝန်ခံကျူး သေသေချာချာ ကြည့်လိုက်သောအခါမှ သူ၏ရှေ့တွင် ရှိနေသော ပုံရိပ်နှင့် အသံကို မှတ်မိသွားတော့၏။ သူ ကိုင်ထားသော ပစ္စည်းများမှာ လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်သွားကာ မျက်လုံးကို အမြန်ပွတ်ပြီး မိမိကိုယ်မိမိ စိတ်ချောက်ခြားနေသလားဟု တွေးမိသွား၏။

​"စတုတ္ထ စတုတ္ထသခင်လေး သခင်လေး ပြန်ရောက်လာပြီလား သခင်လေးက”

သူ အံဩလွန်းသဖြင့် စကားလုံးများပင် ထစ်ငေါ့နေတော့သည်။

​ရှီရှန်း ခေါင်းညိမ့်ပြကာ ဆိုလိုက်၏။

"ဟုတ်တယ် တာဝန်ခံကျူး၊ ကျွန်တော် ပြန်ရောက်ပါပြီ၊ ဒီနှစ်တွေအတွင်းမှာ အားလုံးကို စိတ်ပူအောင် လုပ်မိလို့ အားနာရပါတယ်၊ အထဲကိုဝင်ပြီးမှ စကားပြောကြရအောင်"

​တာဝန်ခံကျူး၏ မျက်နှာပေါ်တွင် မယုံနိုင်လောက်အောင် ဝမ်းသာမှုများ ပြည့်နှက်သွားသည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ အထဲကိုဝင်ပြီးမှ ပြောကြတာပေါ့၊ အထဲဝင်ကြရအောင်"

​တာဝန်ခံကျူးသည် မျက်ရည်ဝဲလျက် လူတိုင်းကို စတုတ္ထသခင်လေး၏ အခန်းအတွင်းသို့ အမြန်ခေါ်ဆောင်သွားတော့သည်။ သူသည် သခင်လေးနှင့်အတူ ပါလာသော ကလေးများကို လှည့်ကြည့်မိ၏။

​တာအိုဝတ်စုံ ဝတ်ထားသော ကောင်လေးတစ်ယောက်၊ လယ်သမားလို ဝတ်ဆင်ထားသော အမျိုးသမီးနှင့် အမျိုးသားတစ်ဦး၊ ပြီးတော့ နတ်သားတစ်ပါးပမာ အဖြူရောင် ဝတ်ဆင်ထားသော လူငယ်တစ်ဦး။

‘ဟင်’

အဘယ်ကြောင့် ကြက်တစ်ကောင်ကို ပွေ့ထားတဲ့ မိန်းကလေးငယ်လေး ပါနေသည်ကို သူတွေ့လိုက်သနည်း။

​ယွိဟွာ တာဝန်ခံကျူးမှ သူမအား ကြည့်နေသည်ကို သတိပြုမိသွား၏။ ထို့ကြောင့် သူမ "တကွက်ကွက်" အော်ကာ နှုတ်ဆက်လိုက်သည်။

​ကလေးများလည်း ယဥ်ကျေးစွာ နှုတ်ဆက်လေ၏။

"မင်္ဂလာပါ အဘိုးကျူး"

​တာဝန်ခံကျူးမှာ ကလေးများ၏ ခေါ်သံကြောင့် အလွန်ပင် ဝမ်းသာသွားပြီး ပြန်ထူးရင်း ပြောလိုက်သည်။

“အိမ်တော်ကြီး ဒီလောက်အထိ စည်ကားမနေတာ တော်တော်ကြာပြီ"

​"အဘွားသာ စတုတ္ထသခင်လေး ပြန်ရောက်လာတာကို သိရင် သေချာပေါက် ဝမ်းသာလွန်းလို့ မျက်ရည်ကျမှာပဲ၊ သခင်လေးကို ကြိုဆိုပွဲ စားသောက်ပွဲကြီး ပြင်ဆင်ဖို့ အိမ်တော်ကလူတွေကို အကြောင်းကြားလိုက်ပါ့မယ်"

​ရှီရှန်း လက်ယမ်းပြကာ တားလိုက်၏။

"ကြိုဆိုပွဲကြီးတွေ မလိုပါဘူး၊ လောလောဆယ် အိမ်တော်ထဲကလူတွေကို အကြောင်းမကြားပါနဲ့ဦး"

​"အခုပဲ အဘွားရဲ့ အဆောင်ကို သွားပြီးတော့ သူမကို အံ့ဩပျော်ရွှင်အောင် လုပ်ပေးကြရအောင်"

​အိမ်တော်ထိန်းသည် ခေတ္တမျှ ဝေခွဲမရဖြစ်သွားသော်လည်း စတုတ္ထသခင်လေး ပြန်လည်ရောက်ရှိလာခြင်းကြောင့် အဘွားအို၏ နာမကျန်းဖြစ်မှုမှာ မကြာခင်မှာပင် ပျောက်ကွယ်သွားနိုင်သည်ဟု တွေးတောမိသည်။

​ထို့ကြောင့် သူသည် ထိုလူများကို အဘွားအို၏ အဆောင်ရှိရာသို့ အလျင်အမြန် ဦးဆောင်ခေါ်သွားလိုက်၏။

All Chapters