← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

(အခန်း)94

ကိုယ်ရံတော်နှစ်ဦးသည် ပတ်ဝန်းကျင်ကို အလျင်အမြန်ဝေ့ကြည့်လိုက်ပြီးနောက် ကျောက်တုံးကြီးတစ်တုံးဆီသို့ လျှောက်သွားကြ၏။ ထိုထဲမှတစ်ဦးသည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ကျောက်တုံးကြီးကို အသာမလိုက်သည်။ ကျောက်တုံးကိုပြန်ချပြီးနောက် နောက်ထပ်ကိုယ်ရံတော်တစ်ဦးသည်လည်း ရှေ့သို့အနည်းငယ်ကိုင်းကာ အောက်ခြေကို မြဲမြံစွာနင်းလျက် ထိုကျောက်တုံးကြီးကိုပင် ပထမတစ်ဦးကဲ့သို့ပင် အလွယ်တကူမပြလိုက်ပြန်သည်။ ရှောင်ကျိုးသည် တောက်ပနေသောမျက်ဝန်းများဖြင့် ထိုကိုယ်ရံတော်နှစ်ဦးကို စိုက်ကြည့်နေမိ၏။ ဤသူများသည် ဓားပြတိုက်ရန်နှင့် ပစ္စည်းလုရန်အတွက် တကယ့်ကို အလားအလာရှိသောလူများပင် ဖြစ်သည်။

‘ကောင်းတယ်၊ တကယ့်ကို အလားအလာရှိတယ်’

သူတို့ရွာတွင် နောက်ထပ်စစ်သူကြီးနှစ်ယောက် တိုးလာပြန်ပြီဖြစ်သည်။ ရှောင်ကျိုးသည်လည်း ကျောက်တုံးကြီးဆီသို့ ပြေးသွား၏။ သူမမှာ ဘယ်လောက်အစွမ်းရှိလဲဆိုတာ ပြသရမည့်အချိန် ရောက်ပြီမဟုတ်ပါလား။ ထိုသေးငယ်သော ကိုယ်လုံးလေးသည် ခြေထောက်လေးဖြင့် တစ်ချက်ကန်၊ လက်ဖြင့် တစ်ချက်ဖမ်းကာ တစ်ဆက်တည်း လုပ်ဆောင်လိုက်ရာ ထိုကျောက်တုံးကြီးမှာ ရှောင်ကျိုးခေါင်းပေါ်တွင် ပူဖောင်းတစ်ခုကိုမထားသကဲ့သို့ အလွယ်တကူရောက်ရှိသွားတော့သည်။

ကျောက်တုံးကြီးဘေးမှာ ရပ်နေသော ဗလတောင့်တောင့် ကိုယ်ရံတော်နှစ်ဦးမှာ ထိတ်လန့်လွန်းသဖြင့် တစ်ယောက်ကိုတစ်ယောက် ဖက်ထားမိကြ၏။ သူတို့သည် နွားတစ်ကောင်ကဲ့သို့ အားအင်သန်စွမ်းသော အလွန်တရာအစွမ်းထက်သည့် ဆရာကြီးတစ်ဦးနှင့်တွေ့လိုက်ရပြီဟု ထင်မှတ်သွားကြလေသည်။ အဘွားရွှီသည် ရွာလူကြီးမှာ ရွာရှိတောဝက်ကြီးများကိုထမ်းပြီး လျှောက်သွားတတ်သည်ကို အကြိမ်ကြိမ်မြင်ဖူးသော်လည်း ယခုကဲ့သို့ မိမိထက်အဆပေါင်းများစွာကြီးမားသော ကျောက်တုံးကြီးကို မထားသည်အားမြင်သောအခါ မျက်လုံးများပင်ပြူးထွက်မတတ် အံ့ဩသွားရပြန်သည်။

"အိုး သေပါပြီ၊ ရွာလူကြီးလေး အမြန်ပြန်ချလိုက်ပါဦး၊ အဲဒီလိုလုပ်နေလို့ အသက်ကြီးလာတဲ့အခါ အရပ်မရှည်ပဲနေပါဦးမယ်"

အဘွားရွှီသည် သူမဖိနပ်ပင်ကျွတ်ထွက်မတတ် အပြေးအလွှား ရောက်လာကာ တုန်ရင်နေသောအသံဖြင့် ဆိုလိုက်၏။ ရွာလူကြီးလေးသာ ကောင်းကောင်းမကိုင်ထားမိပါက ဤကျောက်တုံးကြီး ပြုတ်ကျပြီး သူမရွာလူကြီးလေး အသားစဖြစ်သွားမည်ကို အလွန်တရာ စိုးရိမ်နေရှာသည်။ ရှောင်ကျိုးသည် ကျောက်တုံးကြီးကို မြေပြင်ပေါ်သို့ အသာပြန်ချလိုက်၏။ ကျေနပ်သွားသောအမူအရာဖြင့် သူ့လက်ကလေးများမှ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။ ကျောက်တာ့လန်သည် မယုံကြည်ဘဲ ကျောက်တုံးကြီးဆီသို့ ပြေးသွားကာ လက်နှစ်ဖက်ဖြင့်ဖက်ကာမကြည့်၏။ သူ့လက်မောင်းမှ အကြောများပင် ထောင်ထွက်လာသော်လည်း ကျောက်တုံးမှာ တစ်လက်မမျှပင်မရွေ့ပါချေ။

အားလုံး : ‘.…’

ဖက်တီးလေးသည် နတ်သမီးအလားဖြစ်နေသော ရွာလူကြီးလေးကို တစ်ချက်ကြည့်လိုက်၏။ သူမသည် သူနှင့် လုံးဝနှိုင်းယှဉ်၍မရပါချေ။ ထို့နောက် ကျောက်တုံးကြီးကို အလွယ်တကူ မပြနိုင်သော ကိုယ်ရံတော်ကြီးနှစ်ဦးကို ကြည့်လိုက်ပြီး နောက်ဆုံး၌ ထမင်းပန်းကန်ကိုကိုင်ကာ အားရပါးရစားနေသောရှောင်လျိုကို ကြည့်လိုက်ပြန်သည်။ ဖက်တီးလေးသည် တစ်ခုခုပြောချင်သော်လည်း ပြန်မျိုချလိုက်၏။ ဝမ်မိသားစု၌ရှိစဉ်က ရှောင်လျိုသည် ပိန်ချုံးနေခဲ့သော်လည်း ယခုတော့ တော်တော်လေးပြည့်ဖြိုးလာသည်ကို သူသတိရသွားသည်။ ရှောင်လျိုသည် သူ့သခင်လေး သူ့ကိုကြည့်နေသည်အားမြင်သောအခါ ပါးစပ်ထောင့်မှဆီများကို အမြန်သုတ်လိုက်၏။

"သခင်လေး ဗိုက်ဝပြီလား၊ ပန်းကန်ထဲက ထမင်းတွေစားဦးမလား၊ ဒါမှမဟုတ် ကျွန်တော့်ကိုပဲကျွေးလိုက်တော့မလား"

ရှောင်လျိုသည် သခင်လေး၏ပန်းကန်ထဲမှ ထမင်းကို တပ်မက်စွာစိုက်ကြည့်နေသည်။ ကိုယ်ရံတော်အသစ်နှစ်ယောက်မှာ မီးဖိုချောင်ထဲမှ ထမင်းအကုန်စားပစ်လိုက်သဖြင့် သူဗိုက်မဝသေးပါချေ။ ဖက်တီးလေးသည် ရှောင်လျိုမှ သူ့ထမင်းကိုလုစားမည်စိုးသဖြင့် ထမင်းစားပွဲပေါ်သို့ ခေါင်းငုံ့ကာအမြန်စားတော့သည်။ ရှောင်လျိုသည် နှမြောတသဟန်ဖြင့် မျက်နှာလွှဲလိုက်ရ၏။

"ကျွန်တော် နောက်ကျစစ်သူကြီးဖြစ်လာရင် သူတို့ကို စစ်မြေပြင်ဆီခေါ်သွားပြီး ရန်သူတွေကို ဟင်းသီးဟင်းရွက်တွေလှီးသလို လှီးပစ်မယ်"

ကျောက်ဟူသည် တောက်ပသော မျက်ဝန်းများဖြင့် ကိုယ်ရံတော်ကြီးနှစ်ဦးကိုကြည့်လျက် သူသည် ဤသတ္တိခဲနှစ်ဦးကို ဦးဆောင်ကာ ရန်သူများအား တိုက်ခိုက်နေသည့်မြင်ကွင်းကို စိတ်ကူးယဉ်နေတော့သည်။ ရှောင်ကျိုးသည် ထိုင်ခုံပေါ်သို့ တက်ရပ်ကာ ကိုယ်ရံတော်နှစ်ဦးကို ပြောလိုက်၏။

"အခုကစပြီး နင်တို့ ငါ့အတွက်အလုပ်လုပ်ရမယ်၊ စိတ်မပူနဲ့ နင်တို့ဝဝလင်လင်စားရမယ်လို့ ငါ အာမခံတယ်"

ကိုယ်ရံတော်နှစ်ဦးသည် အလွန်တရာဝမ်းသာသွားကြပြီး သူတို့ဆရာကြီးအား မဟုတ်သေးဘူး သူတို့သခင်မလေးကို ကျေးဇူးတင်စကားဆိုကြ၏။ အဘွားရွှီသည်လည်း ဤဗလကောင်းသောလူနှစ်ဦးကို အလွန်တရာသဘောကျသွားသည်။ သူတို့သည် လယ်ယာလုပ်ငန်းအတွက် တကယ့်ကို အားကိုးရသူများပင်။ ရွာသူကြီးလေးမှာ တကယ်ကို ပါးနပ်လှပေသည်။ ယခုဆိုရင် သူမကိုယ်တိုင် လူတွေကိုလိုက်ရိုက်နေစရာ မလိုတော့ပေ။

"ဦးလေးချင်း ဘယ်မှာလဲ"

ရှောင်ကျိုးမှာ ကိုယ်ရံတော်များကိုသူမခွန်အားဖြင့် ခြောက်လှန့်ပြီးနောက် အဘွားရွှီကို မေးလိုက်၏။

"ဪ သူ စာရွက်ပေါ်ကစာလုံးတချို့ပေါ်လာတယ်ဆိုလား ဘာဆိုလားပြောပြီး ရွာလူကြီးလေးရဲ့ဦးလေးဆီ သွားတယ်"

အဘွားရွှီမှာ ရွာလူကြီးလေးကိုထိုင်ခုံပေါ်မှ ချပေးလိုက်သည်။

"ဟမ် ရှီထုံနဲ့ ကျန်းဟယ်‌ရော ဘယ်ရောက်နေလဲ"

ရှောင်ကျိုးသည် ထိုနှစ်ဦးကိုတစ်နေ့လုံး မတွေ့ရသေးပေ။

"သူတို့ကတော့ ရွာလူကြီးလေးရဲ့အဒေါ်တွေရဲ့ခြံထဲမှာ ရှိနေမှာပေါ့"

အဘွားရွှီမှာ ရွာလူကြီးလေး၏အဝတ်အစားများကို ပြင်ပေးရင်း ပြုံးလျက်ဆိုလိုက်သည်။ အိမ်တော်ထဲရှိ လူတိုင်းသည် ထိုကလေးနှစ်ယောက်ကို ချစ်ခင်ကြ၏။ ယခုအခါ သူတို့နှင့်အတူ‌ဆော့ပေးမည့်လူများစွာရှိနေသဖြင့် ထိုကလေးနှစ်ယောက်မှာ ရွာလူကြီး‌လေးနှင့် အခြားသူများ ဘယ်သွားသွားတကောက်ကောက်လိုက်မနေကြတော့ပေ။ ထိုသို့မဟုတ်ပါက ယနေ့နေ့လည်ခင်း၌ သူတို့မရှိသည်ကိုသိသွားလျှင် ‌ဆူညံပွက်လောရိုက်နေလောက်ပြီပင်။ လူအကြောင်းပြောလျှင် လူရောက်လာတတ်ရာ ထိုခဏတွင် ကလေးနှစ်ယောက်ကို အစေခံလေးများမှ ချီပြီးပြန်လာကြ၏။ မြေကြီးပေါ်သူတို့ခြေချမိသည်နှင့် ရွာသူကြီးလေးဆီတန်းပြေးလာ၏။

"ရွာလူကြီးလေး ဒီနေ့နေ့လယ်က ခိုးထွက်ပြီး သွားကစားတယ်မလား"

ရှီထုံမှာ ကျန်းဟယ်လက်ကိုဆွဲပြီး ရှောင်ကျိုးအား ဒေါသတကြီးနှင့်မေးခွန်းထုတ်လာသည်။

"ဘယ်သူပြောလဲ၊ ငါက ပေါ်တင်ထွက်သွားတာပါနော်"

ရှောင်ကျိုး ပြန်ဖြေလိုက်၏။ ထိုကလေးနှစ်ယောက်သည် သူတို့ဘယ်သွားသည်ဆိုသည်ကို အဘယ်ကြောင့် ဤမျှအတိအကျသိနေသည်ကို သူမစဥ်းစားနေမိသည်။

"နင်တို့တွေ ခွေးတိုးပေါက်ကနေ တိုးထွက်သွားတာကို ခွေးအိမ်ထဲကခွေးတောင်သိတယ်”

ရှီထုံ ဒေါသတကြီးပါးလေးဖောင်းကာပြောတော့၏။

"ဘယ်...ဘယ်သူပြောတာလဲ၊ ငါ့လို ဂုဏ်သိက္ခာရှိတဲ့ ရွာလူကြီးက ခွေးတိုးပေါက်ကနေ တိုးမလား"

ရှောင်ကျိုးမှာ ရှီထုံ့ပါးနှစ်ဖက်ကိုဆွဲညှစ်လိုက်၏။

'ဒီကလေးက ခွေးတိုးပေါက်အကြောင်းသိနေတာလား၊ နောက်တစ်ခါကျရင် သူကိုယ်တိုင်ခိုးထွက်ဖို့လုပ်နေတာလား မသိဘူး'

ရှီထုံသည် ရွာလူကြီးလေးထံ သံသယမျက်လုံးများနှင့်ကြည့်ပြီး မေးလိုက်၏။

"တကယ်လား"

"တကယ်ပေါ့၊ နင်က ငါ့ကိုသံသယဝင်နေတာလား"

ရှောင်ကျိုး စိတ်မကောင်းဖြစ်ဟန်နှင့် မျက်နှာလွှဲလိုက်သဖြင့် ရှီထုံသည် ရှောင်လျို့ကိုလက်ညှိုးထိုးပြပြီး ဖြေလိုက်တော့သည်။

"အဲဒီဖက်တီးလေးပြောတာ"

‘ဒီကလေးက ငါ့ကိုသစ္စာဖောက်ရုံတင်မကဘူး၊ ငါ့ကိုဖက်တီးလို့ပါ လျှောက်ပြောနေတယ်၊ ငါဘယ်နားက ဝနေလို့လဲ’

နောက်ဆုံးတော့ ရှောင်လျိုတစ်ယောက် လူတိုင်း၏ဆူပူမှုကို ခံလိုက်ရတော့၏။ ရှောင်လျိုသည် စိတ်ထဲမှကြုံးဝါးနေတော့သည်။

‘ဒီကလေးနှစ်ယောက်နဲ့ ဘယ်တော့မှ စကားမပြောတော့ဘူး၊ ဒီကလေးစုတ်လေးတွေက ငယ်ငယ်လေးတွေနဲ့ အခြားလူတွေဆီက သတင်းနှိုက်တယ်မယ်လို့ ထင်မထားမိဘူး'

"နင်က နင့်ရဲ့ဆရာတူအစ်ကိုကြီးကိုရှာနေတာမဟုတ်ဘူးလား"

ရှောင်ကျိုးစပ်စုရင်း ကျန်းဟယ်ကို ထပ်ပုတ်လိုက်ရာ ကျန်းဟယ်ခမျာ အရှိန်နှင့် မြေပြင်ပေါ်လဲကျသွားလေ၏။

ကျန်းဟယ် : "???"

ရှောင်ကျိုးမှာ သူမလက်ညှိုး‌လေးကို အားနာပါးနာဖြင့် ပြန်ရုတ်လိုက်သည်။ သူမခွန်အားကြီးသည်ကို ခဏမေ့သွားခဲ့ရ၏။ ရှောင်ကျိုး သူ့ကိုအမြန်ထူကာ သူမအခန်းထဲသို့ ပြေးဝင်သွားတော့သည်။

'တော်သေးတာပေါ့ လှည့်စားခံရတော့မလို့'

ညဉ့်နက်လာသည်နှင့်အမျှ လူတိုင်းကိုယ့်အခန်းဆီပြန်သွားကြသည်။ ညတာ၏ တိတ်ဆိတ်မှုကို နံနက်ခင်း၏ ပထမဆုံးသောနေရောင်ခြည်မှဖြိုခွင်းလိုက်ပြီး အရာအားလုံးသည် အသစ်တစ်ဖန်ပြန်လည်စတင်ခဲ့သည်။ ရှောင်ကျိုး နိုးနိုးချင်း ပထမဆုံးစဉ်းစားမိသည်မှာ မနေ့ကပြောထားသည့် ဟုန်ဖူဘုန်းကြီးကျောင်း ခရီးစဉ်ပင်။ သူမသည် ကိုယ်ရံတော်များကိုခေါ်ပြီး ကျန်းဖျင်အလောင်းကို ဘုန်းကြီးကျောင်းအထိ သယ်သွားဖို့ ပြင်ဆင်တော့သည်။ လူတွေကို ဘယ်လိုအသက်ပြန်ရှင်အောင်လုပ်မလဲဆိုတာ သူမကြည့်ချင်မိ၏။ ရှောင်ကျိုး တံခါးကိုဖွင့်ပြီးအော်လိုက်သည်။

“လာကြ သွားမယ်"

'ပြဿနာရှာတာက စောစောစီးစီးလုပ်တာ အကောင်းဆုံးပဲ'

ထိုသို့အော်လိုက်သည်နှင့် ကလေးတစ်သိုက်ပြေးထွက်လာကြ၏။ ဖက်တီးလေးသည် သူ့ခါးပတ်ကိုပတ်ရင်း မေးလေသည်။

"မစောလွန်းဘူးလား၊ ဘုန်းကြီးတွေတောင် နိုးပါ့မလား"

ထိုအခါ ရှန်ကျစ်ယွမ်မှာ ရှောင်ကျိုးဆံပင်ကို စည်းပေးရင်းပြန်ပြောလိုက်၏။

"နင်ကတော့ အသုံးမကျလိုက်တာ၊ ကျန်းဖျင်အလောင်းကို သယ်သွားဖို့ ဘယ်လောက်ကြာဦးမှာလဲ၊ နောက်ကျရင် လူတွေအများကြီးဖြစ်ကုန်မှာပေါ့၊ ငါတို့က နေရာကောင်းဦးထားမှဖြစ်မှာ"

ကျောက်ဟူသည်လည်း အင်္ကျီများ ဖရိုဖရဲနှင့် ပြေးထွက်လာပြီး အော်ပြောလေသည်။

"သွားကြစို့"

ကျင့်ရှင်းမှာမူ အိပ်ချင်မူးတူးမျက်နှာနှင့်ထွက်လာပြီး ညည်းညူလေ၏။

"ငါ့ကို နေထွက်တဲ့အထိအိပ်ခွင့်မပေးနိုင်ဘူးလား၊ မင်းတို့မှာ အားတွေဒီလောက်ရှိနေတာကို စာသင်တဲ့နေရာမှာကျတော့ မသုံးကြဘူး"

အဘွားရွှီမှာတော့ မနက်စာများကို အမြန်ပြင်ပေးရင်း ဆိုလေသည်။

"ရွာလူကြီးလေး အဘွားလည်းလိုက်မယ်"

မနေ့က အစေခံများမှာ ဟုန်ဖူဘုန်းကြီးကျောင်းမှ ဘုန်းကြီးများမှာ တန်ခိုးကြီးသည်ဟုဆိုသော်လည်း သူမရွာလူကြီးလေးထက် မည်သူပိုတန်ခိုးကြီးနိုင်မည်ဆိုသည်ကို ကိုယ်တိုင်သွားကြည့်ချင်နေ၏။ ရထားလုံးကြီးသည် တစ်မိသားစုလုံးကို တင်ဆောင်ပြီး အိမ်တော်မှထွက်လာခဲ့‌လေပြီ။ လမ်းမပေါ်မှ လူအုပ်ကြီးကိုမြင်၍ အားလုံးအံ့ဩကုန်ကြ၏။

"မနက်စောစောရှိသေးတာကို လူတွေက ဒီလောက်တောင် များနေတာလား"

"ဒါတောင် နောက်ကျနေပြီ၊ မကြာခင် နေ့လယ်စာစားချိန် ရောက်တော့မှာလေ၊ မင်းတို့ကသာ အိပ်ရာထနောက်ကျနေကြတာ"

အဘွားရွှီပြောရင်း မနက်မှကလေးများ၏အခန်းတံခါးများ ပိတ်ထားသည်ကိုကြည့်ပြီး ဆရာကြီးရွှီသက်ပြင်းချနေသည့်ပုံကို သတိရသွားကာရယ်ချင်မိတော့သည်။

All Chapters