← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

(အခန်း)99

ဧကရာဇ်မှာဝင်လာရန် လက်ဟန်ပြလိုက်၏။ ကြင်ယာ‌တော်သည်လည်း ယခုအချိန်တွင် ကြောင်အမ်းအမ်းဖြစ်နေရှာသည်။

"အရှင်မင်းကြီး ဟုန်ဖူဘုန်းကြီးကျောင်းကကိစ္စကို ကြားသိပြီးပြီလား"

ကြင်ယာ‌တော်သည် ချန်လဲ့မင်းသမီးကဲ့သို့ မိန်းကလေးငယ်တစ်ဦးမှ ထိုဘုန်းကြီးသိုင်းပညာရှင်များကို ယှဉ်နိုင်လိမ့်မည်ဟု အနည်းငယ်မျှမယုံကြည်ပေ။ သူမအထင်တွင် မင်းသမီးလေးနောက်ကွယ်၌ ချန်ရှန်းနန်းတော်ကို ပစ်မှတ်ထားနေသော အစွမ်းထက်သည့် ဆရာတစ်ယောက်ရှိနေရမည်ဟု ထင်နေသည်။

"ကြင်ယာတော် ဘယ်လိုထင်လို့လဲ"

မင်းကြီးမှ ပြန်မေးလိုက်၏။

"မင်းသမီးလေးရဲ့ဘေးနားမှာ အစွမ်းထက်တဲ့ အပေါင်းအဖော်တစ်ယောက်ရှိနေတာ သေချာပါတယ်၊ ဒါမှမဟုတ်ရင် ဘယ်လောက်ပဲတော်တဲ့ မိန်းကလေး ဖြစ်ပါစေ၊ ဟုန်ဖူဘုန်းကြီးကျောင်းက သိုင်းကျွမ်းကျင်တဲ့ဘုန်းကြီးတွေ အကုန်လုံးကို ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ"

ကိုယ်လုပ်တော်သည် မင်းသမီးလေးနောက်ကွယ်မှ ထိုလျှို့ဝှက်ပညာရှင်ကို အလွန်တရာသိချင်နေတော့သည်။

"ရှီမိသားစုက မင်းသမီးလေးအတွက် ပညာရှင်တစ်ယောက် ချန်ထားခဲ့တယ်လို့ ဆိုလိုတာလား မဖြစ်နိုင်ပါဘူး၊ ကိုယ်သိသလောက်တော့ ရှီမိသားစုမှာ သိုင်းအတော်ဆုံးက စစ်သူကြီးဟောင်းကြီးပဲ၊ သူရှိနေဦးတော့ ဟုန်ဖူဘုန်းကြီးကျောင်းက ဘုန်းကြီးတွေ အကုန်လုံးကို တစ်ယောက်တည်းမနိုင်နိုင်ဘူး၊ ပြီးတော့ အစီအရင်တွေ ကျွမ်းကျင်တဲ့ ကျောင်းထိုင်ဆရာတော်လည်း ရှိသေးတယ်လေ"

ကြင်ယာတော်မှာ သူမထင်မြင်ချက်ကို ပြောပြလေသည်။

"ဆရာရှိတာ မရှိတာ ထားလိုက်ပါဦး၊ အခု ကျောင်းထိုင်ဆရာတော်အဖမ်းခံလိုက်ရပြီဆိုတော့ အရှင်ကအပျော်ဆုံး ဖြစ်သင့်တာမဟုတ်လား"

မင်းကြီးသည် မကြာသေးမီက ထိုဆရာတော်ကြောင့် တော်တော်လေး စိတ်ဒုက္ခရောက်ခဲ့ရသည်ကို မှတ်မိနေ၏။

"သူဒီလောက်အသုံးမကျဖြစ်လိမ့်မယ်လို့ မထင်ထားဘူး၊ ဂုဏ်သိက္ခာရှိတဲ့ ဆရာတော်တစ်ပါးက ကလေးတစ်ယောက်လက်မှာ ရှုံးနိမ့်သွားတယ်ပေါ့၊ ဒါပေမဲ့ ပျော်စရာဘာရှိလို့လဲ၊ သူက ဒီအတိုင်းထိုင်ပြီး အသေခံမယ်ထင်လို့လား၊ သူက အစီအရင်တွေတတ်တယ်ဆိုတာ မမေ့နဲ့ဦး၊ ဒီညကျင်းကျောက်စီရင်စုအကျဉ်းထောင်ကနေ သူလွတ်အောင် ပြေးမှာပဲ၊ အရှင်မင်းကြီးအနေနဲ့ အခုမှပြန်တွေ့ထားတဲ့ အဲဒီသမီးလေးအတွက် ပိုပြီးစိုးရိမ်သင့်တယ်နော်"

ကြင်ယာ‌တော်သည် ဆရာတော် အရှက်ရသည်ကိုမြင်ရသဖြင့် ဝမ်းသာနေသော်လည်း သူ သေမည်မဟုတ်မှန်း သိနေသည်။ အမြဲတမ်းခေါင်းမော့ကာ သူမကိုအထင်အမြင်သေးစွာ ဆက်ဆံလေ့ရှိသော ဆရာတော်မှ ယခုလို ထောင်ထဲရောက်သွားသည်ကို တွေးမိရုံနှင့် သူမကျေနပ်နေမိ၏။ ဘုရင်မင်းမြတ်မှာမူ ထိုစကားကြောင့် မျက်နှာ ပျက်သွားတော့သည်။ ကြင်ယာတော်မှာ လှောင်ပြုံးပြုံးကာထွက်ခွာသွားလေ၏။ ခဏအကြာတွင် စာရင်းစာအုပ်များသွားရှာသော လျှို့ဝှက်ကိုယ်ရံတော်များ ပြန်ရောက်လာကြသည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး နောက်ကျသွားပါတယ်၊ စာရင်းစာအုပ်တွေကိုရှာမတွေ့သလို ဟုန်ဖူဘုန်းကြီးကျောင်းကလူတွေ ဘယ်မှာ ဝှက်ထားလဲဆိုတာလည်း မသိရပါဘူး၊ နောက်ပြီး ဘုန်းကြီးကျောင်းထဲက ပစ္စည်းတွေအကုန်လုံးလဲ ဘယ်အချိန်ကတည်းက ပြောင်းရွှေ့ခံလိုက်ရလဲမသိရဘဲ အခုဆို ဘုန်းကြီးကျောင်းက အခွံသက်သက်ပဲ ကျန်ပါတော့တယ်၊ မြို့ခံတွေ ပြောပြချက်အရတော့ မြေအောက်ခန်းထဲက လူတစ်ယောက်ကိုကယ်ထုတ်ပြီး မင်းသမီးလေးက ကျန့်ပေနယ်စားအိမ်တော်ကို ခေါ်သွားတယ်လို့ သိရပါတယ်"

လျှို့ဝှက်ကိုယ်ရံတော်သည် ဒူးထောက်ကာ အစီရင်ခံနေ၏။ သူသည် အမြဲတမ်း ခြေတစ်လှမ်းနောက်ကျနေရသဖြင့် သူ့ရာထူးအတွက် စိုးရိမ်နေမိသည်။ ဘုရင်မင်းမြတ်မှာမူ မျက်မှောင်တင်းတင်းကြုတ်လိုက်ပေသိသူ့ကို အပြစ်မတင်ပေ။ ချန်ရှန်းနန်းတော်မှလူများသာမဟုတ်ပါက ဘယ်သူမှဒီလောက်ပစ္စည်းအမြောက်အမြားကို တိတ်တဆိတ် သယ်သွားနိုင်ပါ့မလဲဟု တွေးနေမိသည်။

"ဒီည မင်းကိုယ်တိုင်ကျန့်ပေနယ်စား အိမ်တော်ကို သွားစောင့်ကြည့်လိုက်၊ အဲဒီဆရာတော်က မင်းသမီးလေးကို ဒုက္ခလာပေးနိုင်တယ်"

ဧကရာဇ်မှ အမိန့်ပေးလိုက်၏။

"အမိန့်ကိုနာခံပါ့မယ်"

လျှို့ဝှက်ကိုယ်ရံတော်မှာချက်ချင်းထွက်သွားတော့၏။

ညနက်ပိုင်းတွင် ထင်ထားသည့်အတိုင်းပင် ကျောင်းထိုင်ဆရာတော်သည် ထောင်မှ လွတ်မြောက်လာပြီး ကျန့်ပေနယ်စားအိမ်တော်အနီးရှိ လူမနေသောအိမ်တစ်လုံး နောက်ကွယ်တွင် ပုန်းအောင်းနေ၏။ သူသည် မင်းသမီးလေးနောက်ကွယ်မှ ပညာရှင်မှာ မည်သူနည်းဆိုသည်ကို စောင့်ကြည့်လိုနေခြင်းဖြစ်သည်။ အိမ်တော်အတွင်း၌မူ လူတစ်စုသည် ဆရာကြီးယန်၏ကုတင်ဘေးတွင် ဝိုင်းနေကြသည်။

"ဦးလေးချင်း၊ ဆရာကြီးယန်ရဲ့ဒဏ်ရာက ဘယ်လောက် ပြင်းထန်လဲ၊ သူ ပြန်ကောင်းဖို့ ဘယ်လောက်ကြာမလဲဟင်"

ရှောင်ကျိုး မေးလိုက်သည်။ ချင်းရွှီသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပြီး ပြောလိုက်၏။

"ဆရာကြီးယန်ရဲ့ဒဏ်ရာတွေက တကယ့်ကိုတုန်လှုပ်စရာပဲ"

ချင်းရွှီမှာ ဆရာကြီးယန်၏ဒဏ်ရာများကိုကြည့်ပြီး သနားဂရုဏာသက်နေမိ၏။

"ဒီဒဏ်ရာတွေထဲမှာ တချို့ကကျက်နေပြီ၊ တချို့က သွေးစို့နေတုန်းပဲ၊ ကြည့်ရတာ သူအကြာကြီးနှိပ်စက်ခံထားရတာနေမှာ၊ အတော်လေး အနားယူပြီး ကုသရမယ်"

ထိုစကားကိုကြားလျှင် ကလေးများ ဒေါသထွက်ကုန်ကြသည်။

"ဒါကြောင့် ဆရာကြီးယန် ငါတို့ဆီမလာနိုင်တာကိုး၊ အဲဒီဘုန်းကြီးတွေကို သွားပြီး ထပ်ထုကြရအောင် ရွာလူကြီး”

သူတို့မှာ မနက်ကထုရသည်ကိုအားမရသေးဘဲ ဆရာကြီးယန်ခံစားရသကဲ့သို့ ထိုဘုန်းကြီးများအား ပြန်လုပ်ပေးချင်နေကြ၏။ ရှောင်ကျိုးသည် ဆရာကြီးယန်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတုန်းမှာပင် စနစ်ဆီမှ အသံထွက်လာလေသည်။

စနစ် : [ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ ကျန်းဖျင်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ လူသတ်သမားကို ဖော်ထုတ်နိုင်တဲ့အတွက် ဆုလာဘ်အဖြစ် ရမှတ် ၁၀၀+ ကံစမ်းမဲတစ်ကြိမ် ရရှိပါတယ်၊ ဒါ့အပြင် ဟုန်ဖူဘုရားကျောင်းရဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်ပြီး ကလေးအများကို ကယ်တင်နိုင်ခဲ့တဲ့အတွက် အပိုဆု ရမှတ် ၆၀၀+ ကံစမ်းမဲတစ်ကြိမ် ထပ်ပေးပါမယ် ]

ရှောင်ကျိုး ကံစမ်းမဲနှစ်ကြိမ်စလုံးနှိုက်လိုက်သည့်အခါ

[ ၁။ စက်ပစ္စည်းလျှို့ဝှက်နည်းပေါင်းစုံစာအုပ်တစ်အုပ်

၂။ မိသားစုသုံး မီးရှူးမီးပန်းသေတ္တာ ၁၀လုံး ]

ရှောင်ကျိုး သူမအိတ်ထဲတွင်ရှိနေသည့် အရင်တစ်ခါနှိုက်ထားသော နှဲနှင့် ယခုရသည့် မီးရှူးမီးပန်းများကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။ ထိုအရာများသည် အဘိုးဆုံးချိန်တွင် သုံးသည့်ပစ္စည်းများပင်။ ထိုစနစ်မှာ သူမကို နာရေးကူညီမှုလုပ်ငန်းလုပ်ခိုင်းနေသည်လားဟုပင် သူမထင်မှတ်မိသည်။ သူမကိုယ်သူမပြန်ကြည့်တော့လည်း လှလှပပဝတ်ထားသည့်အတွက် ထိုအလုပ်မျိုးနှင့် လုံးဝမလိုက်ဖက်ဟုတွေးပြီး နှာခေါင်းရှုံ့လိုက်၏။

ရှောင်ကျိုးသည် ကလေးများကို အပြင်ထွက်ရန်လက်ယမ်းပြလိုက်သည်။

"ရွာလူကြီးလေး အကြံရသွားပြီလား"

ကျောက်ဟူအမြန်မေးလိုက်သည်။

"ရှူး နင့်အသံတိုးစမ်းပါ"

နေရာတွင်ရှိသော အနီးကပ်အစေခံများနှင့် သာမန်အစေခံများကိုကြည့်ကာ ရှောင်ကျိုးမှာ အဘွားမှာ ဤအကြောင်းကိုမသိသင့်ဟုခံစားလိုက်ရ၏။ ထို့ကြောင့် လူသူကင်းမဲ့သည့်နေရာတစ်ခုဆီ တိတ်တဆိတ်သွားကြလေ၏။ တစ်ယောက်ယောက်လာနေသည်ကိုမြင်သော် ကျောင်းထိုင်သည်အမြန်ရှောင်တိမ်းကာ အိမ်လွတ်တစ်ခုထဲဝင်ပုန်းလိုက်သည်။ သို့သော် ပုတ်အဲ့အဲ့အနံ့ကြီးအားရလိုက်ချိန်တွင်တော့ အိမ်သာထဲဝင်ပုန်းမိသည့် သူ့ကံဆိုးမှုကိုကျိန်ဆဲလိုက်မိ၏။ကျောင်းထိုင်သည် သူ့နှာခေါင်းကို အင်္ကျီလက်ဖြင့်အုပ်ကာ ရောက်လာသူများကို ဂရုတစိုက်စူးစမ်းလိုက်သည်။

"ရွာလူကြီး၊ ကျင်းကျောက်စီရင်စုရုံးကထောင်ကို အခုသွားကြမလား"

"ခဏစဉ်းစားပါဦးမယ်"

ရှောင်ကျိုးတစ်ယောက် ထောင်ထဲသွားရိုက်ရသည်မှာ သိပ်မထိရောက်ဟု ခံစားနေရ၏။ အုပ်စုမှာတိတ်ဆိတ်သွားကာ ဤနည်းလမ်းသည်သိပ်မကောင်းဟုတွေးလိုက်ကြသည်။ အားသို့သည် မြေကြီးပေါ်အမြန်‌ဆောင့်ကြောင့်ထိုင်ကာ ရီဝေငေးမောနေ၏။ လူတွေကိုရိုက်တာထက်ပိုကောင်းတာ ဘာရှိလို့လဲ။

အချိန်ခဏအတွင်း မည်သူမှအကြံကောင်းထွက်မလာသည်ကို ရှောင်ကျိုးတွေ့လိုက်သည်။ သူမလဲထိုင်ချကာ တွေးနေလိုက်၏။ ရှီအန်းကိုမြင်၍ အစောပိုင်းကရခဲ့သည့် စက်ပစ္စည်းလျှို့ဝှက်နည်းအပြည့်အစုံစာအုပ်ကိုသတိရကာ အိတ်ထဲမှထုတ်၍ ရှီအန်းထံပေးလိုက်သည်။

"ရော့၊ ‌ဒါကို သေချာလေ့လာ"

ရှီအန်းတစ်ယောက် ရှောင်ကျိုးဆီမှစာအုပ်ကိုယူကာ ဖွင့်ကြည့်လိုက်သည်။ အထဲတွင် အမျိုးမျိုးသောဆောက်လုပ်ပုံနှင့် ဇယားများပါဝင်လေ၏။ ရှီအန်းသဘောကျသွားရရာ ပျော်ပျော်ကြီးပြောလိုက်၏။

"ကျေးဇူးပဲ ညီမလေး"

ရှောင်ကျိုးစိတ်အားထက်သန်နေသော လူအုပ်အားကြည့်လိုက်သည်။ နေပါဦး ဘာလို့ဒီလူတွေက တွေ့သမျှလိုချင်နေရတာလဲ။

"ငါ့မှာတစ်ခုပဲရှိတယ်၊ ပြီးတော့ နင်တို့ကလဲ စက်ပစ္စည်း‌တွေကို စိတ်မဝင်စားဘူးမလား"

သူမသည် အိတ်ထဲရှိခုလေးမှ ကံစမ်းမဲနှိုက်၍ရထားသော မီးရှူးမီးပန်းများကိုကြည့်ကာ ခဏတွေးပြီးနောက် စွမ်းအားမြင့်မီးရှူးမီးပန်းများအားထုတ်၍ တစ်ယောက်ချင်းစီထံပေးလိုက်သည်။

"ဒါက ဘာကြီးလဲ"

ကလေးအုပ်စုမှာ သူတို့လက်ထဲရှိ ဆလင်ဒါပုံစံအရာများကိုကြည့်ကာ သိချင်စိတ်ဖြင့်မေးလာကြသည်။

"ဒါကို မီးရှူးမီးပန်းလို့ခေါ်တယ်၊ မီးရှို့လိုက်ရင် ပေါက်ကွဲတတ်တယ်၊ နောက်ကျရင် မြစ်ထဲကငါးတွေကို ဒါနဲ့ ပစ်ပြီးဖမ်းကြတာပေါ့"

ရှောင်ကျိုးစကားပင် မဆုံးသေးပေ။ ကျောက်ဟူဆိုသည့် အငြိမ်မနေသော ကောင်လေးမှာ ယမ်းတောင့်ကိုမီးရှို့လိုက်လေ၏။

"နင် ဒီငတုံးကတော့ အမြန်ပစ်လိုက်တော့၊ အဝေးကြီးကို ပစ်လိုက်စမ်း"

ရှောင်ကျိုးလန့်ဖျပ်ကာ သုံးပေလောက်အမြင့်အထိ ခုန်တက်ပြီး အော်လိုက်ပါတော့သည်။ ကျောက်ဟူလည်း ကြောင်တောင်တောင်နှင့်ပင် လက်ထဲမှ ယမ်းတောင့်ကို အိမ်သာထဲတည့်တည့်လှမ်းပစ်လိုက်လေ၏။ ကျောင်းထိုင်မှာ အဝေးရှိကလေးတစ်စုမှ တစ်ခုခုလှမ်းပစ်လိုက်ပြီး ထိုအရာမှာ အနီးရှိမိလ္လာတွင်းထဲကျသွားသည်ကို တွေ့လိုက်ရသည်။ သူဘာဖြစ်နေမှန်းမတုံ့ပြန်နိုင်သေးခင်မှာပင် *ဗုန်း*ကနဲအသံကျယ်ကြီးကြားလိုက်ရ၏။ တွင်းထဲရှိအမည်မသိအရာမှာပေါက်ကွဲသွားပြီး ကျောင်းထိုင်အားခေါင်းအစခြေအဆုံးစိုရွှဲသွားစေတော့သည်။

All Chapters