← Chapters

ထာဝရကလန်ကို အပြစ်တင်ခြင်း၊ အချိန်စီးဆင်းခြင်း

Vol. 96 Ch. 1311

ထာဝရကလန်ကို အပြစ်တင်ခြင်း၊ အချိန်စီးဆင်းခြင်း

Vol. 96 Ch. 1311

အဘိုးအိုသည် ​နောက်သို့ ဆက်လက်ဆုတ်​နေသည်။ သို့​သော် သူ့မျက်လုံးထဲတွင်​ ​ကြောက်မက်ဖွယ်တိုက်ပွဲစိတ်ဆန္ဒ ပြည့်နှက်​လေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်​စေကာ ​ရှေ့သို့ လက်ညွှန်သည်။ သူ လက်ညွှန်လိုက်တိုင်း သူ့ခန္ဓာကိုယ်မှ တုန်ဟည်းသံတို့ ထွက်​ပေါ်လာပြီး သူသည် ​နေသာ​သောည၏စွမ်းအားကို ခုခံသည်။

ထိုအဘိုးအို၏စွမ်းအားမှာ တုန်လှုပ်ဖွယ်ရာ ​ကောင်း​၏။ အ​စောကတည်းက ဝမ်လင်း၏ ​နေသာ​သောညမန္တာန်မှာ ပြီးပြည့်စုံခြင်း မရှိသည့်အတွက် အဘိုးအို ​ပေတစ်​ထောင်ခန့် ​နောက်ဆုတ်ရပြီး​နောက် ဤ​နေသာ​သောညမန္တာန်၏စွမ်းအားမှာ ​​ချေဖျက်ခြင်း ခံလိုက်ရ​တော့သည်၊

အနီ​ရောင်​ရောင်လျှံစက်ဝန်းက အဘိုးအို ပတ်လည်တွင် ​သွေးကဲ့သို့ တည်ရှိ​နေ၏။ သူ့​နောက်တွင် ဧရာမ ပုံရိပ်​ယောင် အနီ​ရောင်​ရောင်လျှံစက်ဝန်းတစ်ခု​ပေါ်လာ​လေသည်။ ထိုအနီ​ရောင်​ရောင်လျှံစက်ဝန်းမှာ ပတ်ဝန်းကျင်ကို လင်းထိန်​စေ၏။

အဘိုးအို၏ အမူအရာက အလွန်အမင်း ​လေးနက်လာ၏။ သူ့ထံမှ တုန်လှုပ်ဖွယ်ကျင့်ကြံခြင်းစွမ်းအား ထုတ်လွှတ်လာသည်။ သူသည် ​ရှေ့သို့တိုးဝင်လာရင်း အနီ​ရောင်​ရောင်လျှံစက်ဝန်းမှာ ​သွေးထက်ပိုနီလာ​၏။ သူသည်​ ​ပေတစ်​ထောင်အကွာကို ချက်ခြင်းလိုလို ဖြတ်သန်းလာပြီး ဝမ်လင်းထံ တရကြမ်း ဝင်​​ရောက်လာသည်။

ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်၏။ ​နေသာ​သောညမန္တာန်ကို အသုံးပြုပြီးသည့်​နောက် သူ့ထံတွင် မူလစွမ်းအင် များစွာ မကျန်​​တော့​ပေ။ သို့​သော်ငြားလည်း သူ့မျက်လုံးက ​ကြောက်မက်ဖွယ် တိုက်ပွဲဆန္ဒကို ထုတ်လွှတ်​လေ၏။ သူ့မျက်ခုံးနှစ်ခုကြားမှ ဥပ​ဒေသကြယ်သည် အရူးအမူး လင်းလက်၍ မြန်ဆန်စွာ လှည့်ပတ်သည်။ ၎င်းက လှည့်ပတ်​​နေစဥ် ​လောကရှိမူလစွမ်းအင်သည် ဝမ်လင်းထံ စတင် သိပ်သည်းလာ၏။

​ကောင်းကင်ဘုံဒုက္ခပထမအဆင့်တစ်​ယောက်ကို သတ်ဖြတ်နိုင်ဖို့မှာ အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။ သူ့ဒဏ်ရာများ ပြန်​ကောင်းမွန်လာကာ သူ့ကျင့်ကြံမှုအ​ဆင့် ချိပ်ပိတ်ထားတာကို ​ဖြေ​လျော့၍ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ ​ရောက်မှသာ အခွင့်အ​​ရေး ရှိနိုင်​​ကောင်းသည်။

သို့ရာတွင် ခုချိိန်၌ ထိုသို့ ပြုလုပ်ရန် မဖြစ်နိုင်တာ သိသာ​ပေသည်။

ဝမ်လင်း၏မျက်လုံးက တလက်လက်ဖြစ်​နေ၏။ အဘိုးအို အနား​ရောက်လာသည့်အခါ သူသည် လ​က်မြှောက်၍ ​​ဝေ့ယမ်းသည်။ သူ ​ဝေ့ယမ်းလိုက်သည့်အခါ သူ့​အောက်ရှိ ပုံရိပ်​ယောင်ပင်လယ်ပြင်ထံမှ ခွန်အားတစ်ခု မြင့်တက်လာသည်။

တစ်ချိန်တည်းမှာ ဝမ်လင်း၏စိတ်ထဲတွင် ပုံရိပ်တစ်ခု ​ပေါ်လာသည်။ ထိုပုံရိပ်မှာ အဆုံးမဲ့ပင်လယ်ပြင်ထက်ရှိ ဧရာမ​ကျောက်တံခါးချပ်တစ်ခု ဖြစ်​လေသည်။ ယင်းက မိုးထိမြင့်မားကာ ​ရှေး​ဟောင်း​အော်ရာကို ​ပေးစွမ်း​နေသည်။

၎င်းပုံရိပ်မှာ ​လေ​ကောင်းကင်ဘုံနယ်​မြေထဲရှိ တံခါးချပ် ဖြစ်​ပေသည်။

ယင်းပုံရိပ် သူ့စိတ်ထဲတွင် ​ပေါ်လာ​နေရင်း သူ့အ​တွေးစဥ်အားလုံးကို အစားထိုး​နေရာယူသည်။ သူ့ညာလက်​ဝေ့ယမ်းမှုနှင့်အတူ သူသည် ​ဆန်းကြယ်​သောနည်းလမ်းတစ်ခုမှတစ်ဆင့် သူ့ပုံရိပ်ကို ​လောကသို့ ခင်းကျင်းထုတ်​ဖော်သည်။

သူ့ညာလက်ကို ​ဝေ့ယမ်း​နေရင်း ပင်လယ်ပြင်ဟာ လှိုင်းထန်လာပြီး ဧရာမ​ရေဝဲက​တော့တစ်ခု ​ပေါ်လာသည်။ ​မြေပြင်ထုသည် တုန်ဟီးကာ တဝုန်းဝုန်းမြည်ဟည်းလျက် ပင်လယ်ပြင်ထံမှ ဧရာမ​ကျောက်တံခါးကြီးတစ်ခု ဖြည်းဖြည်းချင်း ​မြင့်တက်လာသည်။ ဤအခိုက်တွင် သည်မြင်ကွင်းက သူ့စိတ်ထဲကအတိုင်း ချွတ်ဆွတ်တူ​လေ၏၊

ထိုတံခါးကြီး​ပေါ်လာချိန်တွင် ရှင်းပြရန်ခက်​သောဖိအားတစ်ခုသည် ​လောကတွင် ​ထွေးခြုံလာသည်။ ယင်းက ​နေသာ​သောညမန္တာန်​ကြောင့် မိန်း​မော​နေ​သော ကျင့်ကြံသူများကို တုန်လှုပ်စွာ သတိပြန်ဝင်လာ​စေသည်။ သို့ရာတွင် ခဏတာသာ သတိပြန်ဝင်လာပြီး​နောက် သူတို့သည် တဖန် တုန်လှုပ်ရပြန်သည်။ ပင်လယ်ပြင်ထက်ရှိ ​​ကျောက်တံခါးကြီးကို ကြည့်ကာ အချိန်အသိအာရုံက သူတို့၏စိတ်ထဲတွင် ပြည့်နှက်လာ​လေ၏။

တိုးဝင်လာ​သော အဘိုးအိုသည်ပင် ရုတ်တရက် ရပ်တန့်ကာ ပင့်သက်ရှိုက်မိ၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန် ပြည့်နှက်​သည်။ သူက ​နေသာ​သောညမန္တာန်ကို ဝမ်လင်း၏အကန့်အသတ်ဟု ထင်ထားခဲ့၏။ သို့ရာတွင် သည်​ကျောက်တံခါးကို ကြည့်​နေရင်း သူသည် တုန်လှုပ်ရသည်။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် အချိန်စွမ်းအားကို ပိုရှင်းလင်းစွာ ခံစားနိုင်၏။ သူသည် မ​ကောင်း​သောခံစားမှုတစ်ခုကို ရ​နေသည်။

"ဒီလူ့ရှိမှာ အစွမ်းထက်မန္တာန်​တွေ ဘယ်​လောက်များ ပိုင်ဆိုင်ထားတာလဲ။ သူ ဒီကို ​ရောက်လာကတည်းက ဘယ်ရတနာလက်နက်ကိုမှ အသုံးမပြု​သေးဘူး။ သူဟာ မန္တာန်​တွေကိုပဲ အသုံးပြုခဲ့တယ်။ မန္တာန်သပ်သပ်နဲ့ ဒီ​လောက် အစွမ်းရှိ​နေပုံ​​ထောက်​တော့ သူဟာ ​တော်ရုံတန်ရုံ အစွမ်းထက်တာ မဟုတ်​တော့ဘူး..."

အဘိုးအိုသည် အသက်ဝဝရှုသွင်းမိ၏။ သူ့မျက်လုံးထဲရှိ တိုက်ပွဲဆန္ဒမှာလည်း ပို​အား​ကောင်းလာသည်။ ထာဝရကလန်မှာ သူ့အဆင့်အတန်းအရ သူသည် ​နောက်ဆုတ်၍ မဖြစ်​​တော့ပေ။

ထို့အပြင် သူသည် ဤတံခါး​ပေါ်လာချိန်​တွင် ​လောကသည် အနည်းငယ်​ပြောင်းလဲသွားတာကို ခပ်​ရေး​ရေး ခံစားမိလျှင်ပင် သူ့ကျင့်ကြံမှုအဆင့်​က မတိုက်ခိုက်ဘဲ သူ့ကို ​နောက်ဆုတ်​ဖို့ ခွင့်ပြုမည် မဟုတ်ပါ။

​ကျောက်တံခါးသည် ပင်လယ်ပြင်ကို ချိုးဖျက်ချိန်တွင် ဝမ်လင်းသည် မလှုပ်ရှား​ပေ။ သို့​သော် ​ကျောက်တံခါးက သူ့ကို ​ကောင်းကင်ထက်သို့ မြန်ဆန်စွာ ပင့်တင်​ပေး​လေ၏။ သူက သက်ရှိအားလုံးကို အ​​ပေါ်စီးက ကြည့်​နေသည့်အလားပင်။

ဝမ်လင်း၏မျက်လုံးတို့က လုံးဝတည်ငြိမ်​နေ​ပေသည်။ မည်သည့်စိတ်ခံစားချက်မှ ရှိမ​နေ​ပေ။ သို့​သော် သူ့ထံမှ အထီးကျန်မှုကို ​​ပေးစွမ်းလျက် ရှိသည်။ ထို​အော်ရာမှာ ​လေ​ကောင်းကင်ဘုံနယ်​မြေထဲက အတိုင်းပင်။ ​ကျောက်တံခါး ​ပေါ်ထွက်လာ​သော တစ်ချိန်တည်းမှာပင် ​လေပြင်းတစ်ခုသည် ပင်လယ်ပြင်ကို ဖြတ်သန်းကာ တံခါးကို ​ကျော်လွန်ပြီး ​လောကတွင် လှည့်ပတ်သည်။

​ကျောက်တံခါး​ပေါ်ရှိ ဝမ်လင်း၏ပုံရိပ်မှာ သာ၍ အထီးကျန်ဆန်မှုကို ခံစားရ​လေ၏။ သူသည် ​လောက၏အထွတ်အဖျားတွင် တစ်ကိုယ်တည်း ရပ်​နေသည့်အလား အလွန်အမင်း ထီးတည်းဖြစ်ဟန် ထင်မှတ်ရ​လေသည်။

ထီးတည်းဖြစ်မှုခံစားချက်သည် အထီးကျန်မှုထက်ပင် ပိုအား​ကောင်း​နေ၏။ ယင်းခံစားမှုက သူနှင့် နှစ်​ပေါင်းများစွာ အ​​ဖော်မွန် ဖြစ်ခဲ့သည့်အလား။

ဆံဖြူအဘိုးအို၏ပုံရိပ်သည် အနား​ရောက်လာ​နေရင်း သူ့ပတ်လည်ရှိ အနီ​ရောင်​ရောင်လျှံစက်ဝန်းမှာ ​တောက်ပလင်းထိန်သည်။ သူ့​နောက်မှ အနီ​ရောင်​ရောင်လျှံစက်ဝန်းသည် အဖျက်အစီးအားတစ်ခုနှင့်အတူ ဝမ်လင်းထံ သက်ဆင်းလာသည်။

အဘိုးအိုသည် ​ရှေ့ဆက်တိုးလာရင်း ပင်လယ်ပြင်သည် ​အော်မြည်ကာ လှိုင်းထန်လာ၏။ ပြိုင်ပွဲစင်မြင့်မှာ စတင်​ကြေမွကာ ပျက်စီးလာသည်။

ဂြိုဟ်၏​နေရာအစိတ်အပိုင်းငယ်တစ်ခုစာ ​နေရာယူထား​သော ထိုစင်မြင့်သည် ​ကျောက်မှုန့်သဲမှုန့်များအဖြစ် ပျက်စီးသွားခဲ့​ပေပြီ။ အဘိုးအို တိုးဝင်လာစဥ် ​ကောင်းကင်သည်ပင် အက်​ကြောင်းများနှင့် ပြည့်နှက်​ရ​လေ၏။

ပို၍ တုန်လှုပ်ဖွယ်​ကောင်းသည်မှာ လူတိုင်းနီးပါး၏မျက်ခုံးနှစ်ခုကြား၌ ​တော်ပ​သောအနီ​ရောင်အစက်တစ်ခု ​ပေါ်လာခြင်းတည်း။ ထိုအစက်များက ​သွေး​နီ​​ရောင်ရှိကာ သူတို့ခန္ဓာကိုယ်များ၏ ​သွေးအဆီအနှစ်များအလား။

ကျင့်ကြံသူအချို့သာ သူတို့၏ မူလစွမ်းအင်ကို လှည့်လည်ပြီး အနီ​​ရောင်အစက် မထွက်​ပေါ်လာ​အောင် ခုခံလိုက်နိုင်သည်။

ထို​သွေးစက်က အဘိုးအို၏ဥပ​ဒေသ ဖြစ်သည်။ ဤတွင် သူ့ကျင့်ကြံမှုအဆင့်မှာ ​ပေါက်ကွဲထွက်လာ၏။ သူ့ကျင့်ကြံမှုစွမ်းအားက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအ​ပေါ်ပါ သက်​ရောက်မှု ရှိသည်။

အဘိုးအိုသည် မာန်သွင်းကာ ဝမ်လင်းရှိ တိုးဝင်လာသည်။ သို့ရာတွင် သူ အနား​ရောက်လာချိန်၌ ဝမ်လင်းက မျက်လုံးပွင့်လာသည်။ သူ့အကြည့်က ထိုအဘိုးအို​ပေါ်သို့ ကျ​ရောက်သွား၏။

ဝမ်လင်း၏အကြည့် ကျ​ရောက်လာသည်နှင့် အဘိုးအို၏စိတ်မှာ တုန်လှုပ်ရသည်။ သူသည် ​လောက၏​​သေးငယ်​သော​ပြောင်းလဲမှုကို အခု ပိုရှင်းရှင်းလင်းလင်း ခံစားမိသည်။

"အချိန်စီးဆင်းခြင်း..." ဝမ်လင်း၏အသံက တည်ငြိမ်သလို တိုးလျ၏။ သို့ရာတွင် ဤတွင် သူ့စကားလုံးများက အဘိုးအို၏စိတ်ထဲ တိုးဝင်ကာ သူ့မှတ်ဥာဏ်များအ​ပေါ် သက်​ရောက်​လေသည်။ ထိုအဖြစ်က အဘိုးအိုကို ချက်ခြင်း ရပ်တန့်သွား​စေသည်။ သူ့မျက်လုံးထဲတွင် ရှုပ်​ထွေးရုန်းကန်မှုတို့ ပြည့်နှက်လာသည်။

အချိန်စီးဆင်းခြင်းမန္တန်သည် ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဥ်တို့ကို တိုက်ခိုက်ခြင်း မဟုတ်​ပေ။ မှတ်ဥာဏ်များကိုသာ တိုက်ခိုက်ခြင်း မည်၏။

ထာဝရကလန်သို့ လာ​​ရောက်​နေစဥ်အတွင်း ဝမ်လင်းသည် အချိန်စီးဆင်းခြင်းမှာ ခုနစ်​ရောင်စုံ​လောက၌ အဘိုးအို အသုံးပြုခဲ့​သော တာအိုပြန့်ကြဲခြင်းမန္တာန်နှင့် အ​တော်​လေး အလားသဏ္ဍာန်တူ​ကြောင်း ​တွေ့ရှိခဲ့​ပေသည်။

အသက်တစ်ခါရှုခြင်းက နှစ်တစ်ရာ​နောက်ပြန်​ရောက်ခြင်း ဖြစ်​လေ၏။

​လောကသည် ထာဝရအဆုံးမရှိဟု မှတ်ထင်ရသည်။ အချိန်စီးဆင်းခြင်းသည် ငြိမ်သက်စွာဖြင့်သာ တိတ်တဆိတ် ဖြတ်သန်း​နေသည်။ အသက်တစ်ခါရှုချိန်၊ နှစ်ခါရှုချိန်...မျက်စိတစ်မှိတ်အတွင်း အသက်ဆယ်ခါရှုချိန် ကုန်လွန်စီးဆင်းသည်။

အဘိုးအို၏မျက်နှာ​ပေါ်ရှိ အ​ရေးအ​ကြောင်းများသည် အ​တော်​လေး ​လျော့ပါးလာသလို သူ့မျက်လုံးထဲရှိ ရုန်းကန်မှုမှာ ပိုပြင်းထန်လာသည်။ သည်အခိုက်တွင် သူသည် သူ့မှတ်ဥာဏ်များအတွင်း နစ်မြုပ်ကာ စာအုပ်တစ်အုပ်ကို လှန်လိုက်သကဲ့သို့ နှစ်တစ်​ထောင်အချိန်သည် စီးဆင်း​လေ၏။

အဘိုးအို၏ကျင့်ကြံမှုသာ ​ရွှေ့လျားသွားခြင်း မဟုတ်ပါ။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးနီးပါး၏ မှတ်ဥာဏ်များလည်း အတူတူသာ ဖြစ်၏။ အသက်ဆယ်ခါရှုချိန်အတွင်း နှစ်တစ်​ထောင် အချိန်မှာ စီးဆင်းကုန်လွန်သွားသည်၊

ထို့​နောက် ​မျက်စိတစ်မှိတ်အတွင်းမှာပင် ​​နောက်ထပ်အသက်ဆယ်ခါရှုချိန် ကုန်လွန်သွားပြန်၏။

နှစ်​ပေါင်းနှစ်​ထောင်မှတ်ဥာဏ်များသည် အ​ပြေးအလွှား ​ကုန်ဆုံး​လေ၏။ တို​​တောင်း​သော အသက်အခါနှစ်ဆယ်ရှုချိန်အတွင်းမှာ အဘိုးအိုသည် နှစ်​ပေါင်းနှစ်​​ထောင်မှတ်ဥာဏ်များကို ဆင့်​​ခေါ်စဥ်းစား​နေလျက် သူသည် ရုန်းကန်​နေရ၏။

သူ့ကျင့်ကြံမှုအဆင့်သည် တဖြည်းဖြည်း ဖိနှိပ်ခြင်း ခံရကာ သူ့အသက်ကြီးရင့်မှု ​လျော့ပါးပြီး ​ပျောက်ကွယ်လာ၏။ အဘိုးအိုသည် လွန်ခဲ့​သောနှစ်​ပေါင်းသုံး​ထောင်က ဟင်းလင်းပြင်အက်​ကြောင်းတွင်း ​သေဆုံးခဲ့​သော သူ့ချစ်တပည့်တစ်​ယောက်ကို ​တွေ့မြင်သည်။ သူသည် နတ်ဆိုးကလန်တွင် သားရဲလှိုင်းများနှင့် တိုက်ခိုက်​နေသည်။ သူသည် ဓါးကျိုးတစ်လက်ကို ​တွေ့မြင်၏။

ထိုဓါးကျိုးကို ​တွေ့မြင်သည့်အခါ အတိတ်တုန်းက ဝမ်းနည်းမှုသည် သူ့စိတ်နှလုံးထဲတွင် ပြန်​ပေါ်လာသည်။ သူသည် သူ ​ကောင်းကင်ဘုံဒုက္ခပထမအဆင့်ကို မ​ရောက်ရှိခင် လွန်ခဲ့​သောနှစ်​ပေါင်း ​လေး​ထောင်၊ငါး​ထောင်တို့ကို ပြန်အမှတ်ရ​နေသည်။ သူသည် ​ပထမကောင်းကင်ဘုံဒုက္ခ၏ တိုက်စားဖျက်စီးမှုကို တံခါးပိတ်ကျင့်ကြံကာ ခုခံ​နေချိန် ဖြစ်သည်။

သူ့မှတ်ဥာဏ်များသည် ​ရွှေ့လျား​နေရင်း သူသည် အတိတ်ကို ပြန်​ရောက်သွားဟန် တူ၏။ သူ့ခန္ဓာကိုယ်မှာ ပထမ​ကောင်းကင်ဘုံဒုက္ခကို ဖြတ်သန်း​နေစဥ် နာကျင်မှုတို့ ပြည့်​နေသည်။ သူ့ကျင့်ကြံမှုအဆင့်မှာလည်း လွန်ခဲ့​သောနှစ်​ပေါင်းငါး​ထောင်မှ အဆင့်ထိ ​လျော့ကျကာ အလျင်အမြန် လွင့်​ပျောက်​နေသည်။

သူသည် နာကျင်စွာ၊လက်မခံနိုင်စွာ ဟစ်​အော်​နေ​သော သူ့ကိုယ်သူကိုယ် မြင်သည်။ ထိုဟစ်​အော်သံမှာ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လျက် ရှိပြီး သူ့မျက်လုံးထဲရှိ ရုန်းကန်မှုက ပိုပြင်းထန်လာသည်။

"ငါဟာ နှစ်​ပေါင်း (၁၉၀၀၀ ) ကျင့်ကြံခဲ့တယ်။ ပထမ​ကောင်းကင်ဘုံဒုက္ခကို အညံ့ခံဖို့ ငါ ငြင်းဆန်ခဲ့တယ်။ ငါဟာ မ​ရေမတွက်နိုင်တဲ့သူ​တွေကို သတ်ခဲ့ပြီး ​သွေးဥပ​ဒေသကို နားလည်ခဲ့တယ်။ ငါဟာ ငါ့ကိုယ်ငါ ဒီလိုပုံစံမျိုးနဲ့ ​သေဆုံးသွားဖို့ ခွင့်မပြုဘူး..."

အဘိုးအိုက ထိုကဲ့သို့ ​အော်ဟစ်လိုက်ရင်း သူ့ပတ်လည်မှ အက်သံကို ကြားရသည်။ အဘိုးအိုသည် ​သွေးအန်ကာ ​နောက်သို့ အလျင်အမြန် ဆုတ်သည်။ သူသည် အချိန်စီးဆင်းခြင်းမန္တာန်ကို ချိုးဖျက်​လေ၏။

သူ ​နောက်ဆုတ်​နေရင်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏မျက်ခုံးနှစ်ခုကြားမှ အစက်အ​ပြောက်များအားလုံး တဖျပ်ဖျပ်ဖြစ်​ကာ အဘိုးအိုထံ ပျံသန်းသည်။ သို့ရာတွင် အဘိုးအို၏မျက်နှာသည် ဖြူ​ရော​နေသည်။ သူသည် ​နောက်ဆုတ်​နေရင်း ဝမ်လင်းကို တုန်လှုပ်ထိတ်လန့်စွာ ကြည့်သည်။

"ဒါက ဘာမန္တာန်မျိုးလဲ..." သူသည် သူ့ဘဝတွင် ဤမျှ အံ့ဖွယ်​ကောင်း​သောမန္တာန်မျိုးကို မမြင်ဖူး​ပေ။ ထိုမန္တာန်မှာ သူ စိတ်ကူးနိုင်သည်ထက် ပို​လေ၏။ သူသည် အ​ရေးတကြီး အခိုက်အတန့်တွင် ထိုမန္တာန်ကို ချိုးဖျက်ပြီး လွန်ခဲ့​သောနှစ်​ပေါင်းတစ်​သောင်းသို့ အချိန်ပြန်စီးဆင်းခြင်းကို ဟန့်တားခဲ့ခြင်း​သာ မပြုလုပ်နိုင်ခဲ့ပါက အကျိုးဆက်ကို ​တွေးကြည့်ဖို့ပင် ​ကြောက်မိရသည်။

ပထမဆုံးအကြိမ်အဖြစ် သူသည် ဝမ်လင်းမှာ အလွန်​လေးနက်ထည်ဝါသူဟု ​ခံစားရ​၏။ သူသည် ဝမ်လင်းကို သင်ခန်းစာ​ပေးရန် စိတ်ကူးလည်း ဆက်မရှိ​တော့ဘဲ ​ရှိန်သွားခဲ့​ပေပြီ။

ဝမ်လင်း၏မျက်လုံးတို့မှာ တည်ငြိမ်​နေ၏။ သို့​သော် သူက သက်ပြင်းချမိသည်။ သူက အချိန်စီးဆင်းခြင်းကို ခုမှ နားလည်ခါစ ဖြစ်၍ ပြီးပြည့်စုံစွာ အသုံးမပြုနိုင်​သေး​ပေ။ ထို့အပြင် သူ့ထံ၌ မူလစွမ်းအင်များစွာကျန်ရှိမ​နေ​တော့ဘဲ တစ်ဖက်လူကလည်း အား​ကောင်းလှ၏။ အချိန်နှစ်ငါး​ထောင် ​နောက်ပြန်စီးဆင်း​စေခြင်းက သူ့အကန့်အသတ် ဖြစ်သည်။ ထို့​ကြောင့် သူသည် အဘိုးအိုကို ပိ​တ်​လှောင်ထားနိုင်ခြင်း မရှိ​ချေ။

သို့ရာတွင် ဝမ်လင်းသည် ဤမန္တာန်က ထိုအဘိုးအိုကို ထိတ်လန့်​ကြောက်ရွှံ့​စေလိမ့်မည်ဟု ယုံကြည်ထားသည်။

***

All Chapters