← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

(အခန်း) ၁၀၄ အံ့ဩတုန်လှုပ်ဖွယ် တွေ့ရှိမှု

စစ်ကြောရေးအခန်းအတွင်း ဖလက်ချာမှာ စိတ်အားငယ်နေပုံ ပေါက်နေသော်လည်း ဦးနှောက် အခြေအနေမှာ ယမန်နေ့ကထက် များစွာ ပိုမို ကြည်လင်နေပုံ ရလေသည်။

မိုနာက လက်ပ်တော့ကွန်ပျူတာကို ကိုင်ဆောင်လျက် စစ်ကြောရေးအခန်းအတွင်းသို့ ဝင်ရောက်လာပြီး ဖလက်ချာ၏ မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်လေသည်။ ရိုအန်ကမူ ဖိုင်တွဲကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး သူတို့နှစ်ဦး၏ ဘေးတွင် ရပ်နေပေသည်။

"မင်္ဂလာနံနက်ခင်းပါ..."

မိုနာ၏ သံသယဖြစ်နေသော အကြည့်ကို မြင်လိုက်ရသောအခါ ရိုအန်၏ မျက်ခုံးများ တစ်ချက် လှုပ်ရှားသွားသော်လည်း မမြင်ယောင်ဆောင်လိုက်ပြီး ဖလက်ချာကို ခေါင်းစောင်းကြည့်ကာ စကားဆိုလိုက်လေသည်။

"ကော်ဖီ တစ်ခွက်လောက် သောက်မလား..."

"မသောက်တော့ဘူး... ကျေးဇူးပဲ..."

တောင့်တင်းနေသော မျက်နှာထားဖြင့် ဖလက်ချာက ခေါင်းခါယမ်းလိုက်ပြီး ရိုအန်၏ စကားကို ကြားသောအခါ မေးမြန်းလိုက်ချေသည်။

"မနေ့က ဖြစ်စဉ် အားလုံးကို ငါ မင်းတို့ကို သေချာ ပြောပြပြီးသွားပြီလေ... အခု ငါ့ကို ဘာလာလုပ်ကြတာလဲ..."

"မဟုတ်ဘူး ဖလက်ချာ... မင်း ငါတို့ကို ရှင်းရှင်းလင်းလင်း မပြောပြရသေးတဲ့ ကိစ္စတွေ အများကြီး ကျန်နေသေးတယ်..."

ဖလက်ချာ တစ်ယောက် အခြေအနေကို မသိဘဲ သူတို့၏ ခါးသက်သော ကော်ဖီကို ငြင်းဆန်လိုက်သည်ကို မြင်တွေ့ရသောအခါ ရိုအန်၏ မျက်မှောင်များ ပင့်တက်သွားပြီး ဆက်လက် ပြောဆိုလိုက်ပေသည်။

"ဒီဇာတ်ညွှန်းကို ရေးပြီးသွားတဲ့ အချိန်ကစလို့ မင်းရဲ့ အတွေ့အကြုံ အားလုံးကို ငါတို့ကို အကုန် ပြောပြဖို့ လိုအပ်တယ်..."

ဖလက်ချာ၏ ယမန်နေ့က စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ သိပ်မကောင်းမွန်ခဲ့သဖြင့် ပြောဆိုခဲ့သော အကြောင်းအရာများမှာ အကြမ်းဖျင်းမျှသာ ဖြစ်လေသည်။ ရိုအန် အနေဖြင့် ပိုမိုများပြားသော အသေးစိတ် အချက်အလက်များကို သိရှိရန် လိုအပ်ပေသည်။ မိစ္ဆာဆိုးများက အသေးစိတ် အချက်အလက်များအတွင်း ပုန်းအောင်းနေတတ်ရုံသာမက ဘဏ်ဓားပြများမှာလည်း ထိုကဲ့သို့ပင် ဖြစ်နိုင်ချေ ရှိလေသည်။

"ဘာ..."

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ဖလက်ချာ၏ ဦးရေပြားများ တင်းမာသွားပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ချေသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲ့ဒါတွေက ဘယ်လောက်တောင် ကြာခဲ့ပြီလဲ... နေ့တိုင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ငါ ဘယ်လိုလုပ် မှတ်မိနေမှာလဲ..."

"နေ့တိုင်း မလိုဘူး..."

ရိုအန်က ခေါင်းခါယမ်းလိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ယှက်ထားလိုက်လေသည်။ ဖလက်ချာ၏ မှတ်ဉာဏ်မှာ ထိုမျှအထိ ကောင်းမွန်နိုင်မည် မဟုတ်ကြောင်း ရိုအန် ကောင်းစွာ သိရှိထားပေသည်။ ထို့ကြောင့် ဖလက်ချာ အနေဖြင့် ဤဇာတ်လမ်းကို ရေးသားနေစဉ် အတွင်း မည်သူများနှင့် တွေ့ဆုံခဲ့ပြီး မည်သည့် ကိစ္စရပ်များကို ပြုလုပ်ခဲ့သနည်း ဆိုသည်ကို ရှင်းလင်းစွာ ပြောပြရန်သာ လိုအပ်ကြောင်း အသိပေးလိုက်လေသည်။

"ဒါက လုံးဝ မဖြစ်နိုင်ဘူး..."

ဖလက်ချာက ခေါင်းခါယမ်းနေဆဲပင် ဖြစ်လေသည်။ ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ရိုအန်၏ နှုတ်ခမ်းထောင့်များ ကွေးကျသွားပြီး အေးစက်သော လေသံဖြင့် စကားဆိုလိုက်ချေသည်။

"ဖလက်ချာ... အမှုန့်ဖြူ ကိစ္စကို မင်း မမေ့ပါနဲ့... ငါက မင်းကို အတင်းအကျပ် ဖိအားပေးနေတာ မဟုတ်ဘူး... တရားသူကြီး ရှေ့မှာ ပြစ်ဒဏ် လျှော့ပေါ့ခွင့် တောင်းဆိုနိုင်မယ့် အခွင့်အရေး ရလာအောင် မင်းကို ကူညီပေးနေတာ..."

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ဖလက်ချာ တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။ အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်ပြီး ခေါင်းမော့ကာ လေသံတိုးတိုးဖြင့် မေးမြန်းလိုက်ပေသည်။

"အဲ့ဒီ ကိစ္စတွေကို ငါ သေချာ ပြန်စဉ်းစားပါ့မယ်... ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ကော်ဖီ တစ်ခွက်လောက် ပေးလို့ ရမလား..."

"ပြဿနာ မရှိဘူး..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်က ပါးစပ်ကြီးဖြဲကာ ပြုံးလိုက်လေသည်။ မိုနာကို လှုပ်ရှားစရာ မလိုကြောင်း လက်ဟန်ပြလိုက်ပြီး စစ်ကြောရေးအခန်း အတွင်းမှ လှည့်ထွက်သွားကာ ဖလက်ချာ အတွက် ကော်ဖီ တစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ငှဲ့ပေးလိုက်ပေသည်။

"ကျေးဇူးပဲ..."

မျက်စိရှေ့ရှိ ကော်ဖီကို မြင်တွေ့လိုက်ရသောအခါ ဖလက်ချာက ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ ထို့နောက်...

"ဖူး..."

ခါးသက်သော အရသာက လျှာဖျားပေါ်တွင် ရုတ်တရက် ပေါက်ကွဲထွက်သွားလေရာ ဖလက်ချာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်ထဲရှိ ကော်ဖီများကို ချက်ချင်း ထွေးထုတ်လိုက်ရချေသည်။

"လန်းဆန်းသွားပြီ မဟုတ်လား..."

တစ်ခဏချင်း နီရဲသွားသော ဖလက်ချာ၏ မျက်နှာကို မြင်တွေ့လိုက်ရသောအခါ ဝင်လာသော ကော်ဖီစက်များကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သည့် ရိုအန်က အသာအယာ ပြုံးလိုက်လေသည်။ ဖိုင်တွဲကို မိုနာ၏ အရှေ့သို့ ချထားပေးလိုက်ပြီး အသံဖမ်းစက်ကို ဖွင့်ကာ ဖလက်ချာအား စတင် ရှင်းပြနိုင်ပြီ ဖြစ်ကြောင်း အချက်ပြလိုက်ပေသည်။

မိုနာက စကားတစ်ခွန်းမျှ မဆိုနိုင်တော့ဘဲ ဆွံ့အသွားရလေသည်။

စောစောကထက် အဆပေါင်းများစွာ ပိုမို လန်းဆန်းသွားသော ဖလက်ချာက ရိုအန်ကို မျက်စောင်း ခပ်ပြင်းပြင်း တစ်ချက် ထိုးလိုက်လေသည်။ အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် မျက်လုံးများကို မှိတ်ကာ ဖြည်းညင်းစွာ စတင် စကားဆိုလိုက်ချေသည်။

"ကျန်ရှိနေတဲ့ ငါ့ရဲ့ ဘဝ တစ်လျှောက်လုံး ကို အသုံးပြုပြီး ဇနီးသည် ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးမယ် လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်တုန်းက... ငါ ပထမဆုံး သွားရှာခဲ့တဲ့ လူကတော့..."

ဖလက်ချာ၏ အေးအေးဆေးဆေး ရှင်းပြသံက စစ်ကြောရေးအခန်း အတွင်း လွင့်ပျံလာလေသည်။ နာရီဝက်ကျော်ခန့် ကြာပြီးနောက် ရိုအန်၏ မိုဘိုင်းဖုန်းမှာ ရုတ်တရက် မြည်ဟည်းလာခဲ့ပေသည်။

"ဆက်ပြောပါ..."

ဖုန်းမြည်သံကြောင့် ဖလက်ချာ နှောင့်ယှက်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသောအခါ ရိုအန်က လက်ယမ်းပြကာ ဆက်လက် ပြောဆိုရန် အချက်ပြလိုက်လေသည်။ ရိုအန် ကိုယ်တိုင်မူ လှည့်ကာ စစ်ကြောရေးအခန်း အတွင်းမှ ထွက်ခွာလာခဲ့ချေသည်။

"ငါပါ လေစီ..."

ဖုန်းထဲမှ လေစီ၏ အသံမှာ အလွန် အကူအညီမဲ့နေဟန် ရှိလေသည်။ ဖုန်းကို ကိုင်လိုက်ပြီးနောက် လေစီက စကားဆိုလိုက်ပေသည်။

"ရိုအန်... အခု ငါ့ဆီမှာ သတင်းကောင်း တစ်ခုနဲ့ သတင်းဆိုး တစ်ခု ရှိတယ်... မင်း ဘယ်ဟာကို အရင် နားထောင်ချင်လဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်ခုံးများ တစ်ချက် လှုပ်ရှားသွားပြီး စကားဆိုလိုက်လေသည်။

"သတင်းဆိုး ကို အရင် ပြောပါ..."

"သတင်းဆိုး ကတော့ ရက်ဒ် ရဲ့ ထူးခြားတဲ့ စစ်ကြောရေး နည်းစနစ်ကို အသုံးပြုပြီးနောက်မှာ ငါတို့တွေ ကိစ္စ တစ်ခုကို သိရှိလိုက်ရတယ်..."

နှစ်ထပ် အဆောက်အအုံ ရှိသော ကားပြင်ဆိုင် မန်နေဂျာ ရုံးခန်း အတွင်းမှ နေ၍ အောက်ထပ်တွင် အလုပ်ရှုပ်နေကြသော ဝန်ထမ်းများကို ငုံ့ကြည့်ကာ လေစီက ပြောစရာ စကားပင် ဆွံ့အလျက် စကားဆိုလိုက်ချေသည်။

"ဒီ ကားပြင်ဆိုင် က ဝန်ထမ်းတွေ ဟာ ကားပိုင်ရှင်တွေ ကားထဲမှာ မေ့ကျန်ခဲ့တဲ့ ငွေကြေး တွေကို အမှန်တကယ် မယူကြတာ မှန်ပေမယ့်... တခြား ကိစ္စတွေကိုတော့ သူတို့ အကုန်လုံး လုပ်ဖူးကြတယ်..."

"စီးကရက် တစ်လိပ် နှစ်လိပ်လောက် ခိုးယူတာ... ပီဇာ တစ်ပိုင်း နှစ်ပိုင်းလောက် ခိုးစားတာ တွေ အပါအဝင်ပေါ့... သေချာတာပေါ့... သူတစ်ပါးရဲ့ မှတ်စုစာအုပ် တွေကို ခိုးဖတ် တာလည်း ပါဝင်တယ်... အဲ့ဒါကြောင့် ဒီ ကားပြင်ဆိုင် ထဲက ဝန်ထမ်းတွေ အားလုံး ဟာ ဖလက်ချာ ရဲ့ မှတ်စုစာအုပ် ထဲမှာ ရေးထားတဲ့ ဇာတ်လမ်း ကို သိနေကြတာပဲ... ဒီကို လာပြီး အချိန်ပိုင်း အလုပ်လုပ်တဲ့ ကောင်လေး တစ်ယောက် ဆိုရင် အဲ့ဒီ ဇာတ်လမ်း က တော်တော်လေး ကောင်းတယ် တဲ့... ရုပ်ရှင် အဖြစ် ရိုက်ကူးနိုင်ရင် ပိုပြီးတော့တောင် ကောင်းသေးတယ် လို့ ပြောနေသေးတယ်..."

"...ကောင်းပြီလေ..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်နှာမှာ ချက်ချင်း တောင့်တင်းသွားရလေသည်။

"ဒါဆို သတင်းကောင်း ကရော..."

"သတင်းကောင်း ကတော့ နောက်ပိုင်း အမှု နှစ်ခု တုန်းက ဓားပြ တွေထဲက တစ်ယောက် ဖြစ်တဲ့ ဒီလာနို ဟာ ဇာတ်ညွှန်း ကို လုံးဝ မဖတ်ဖူး ဘဲနဲ့ ဘာဖြစ်လို့ အပျော်မယ် တွေကို အသုံးပြုပြီး နေရာ ကြိုတင်လေ့လာ ဖို့ စီစဉ်ခဲ့တာလဲ ဆိုတာကို ငါ သိလိုက်ရပြီ..."

လေစီက ရုံးခန်း အတွင်းရှိ ကားပြင်ဆင်မှု မှတ်တမ်းများကို ကိုင်ဆောင်ထားလျက် သက်ပြင်းချကာ စကားဆိုလိုက်ပေသည်။

"ဘာဖြစ်လို့လဲ ဆိုတော့ ဒီလာနို ထောင်က ထွက်လာပြီးနောက် ဒီနေရာကို ကားလာပြင် ခဲ့ဖူးတယ်... အဲ့ဒီအချိန်တုန်းက သူက ဒီ ကားပြင်ဆိုင် က ဝန်ထမ်းတွေ နဲ့ စကားပြော ရင်း ဒီအကြံဉာဏ် ကို ရသွားခဲ့တာပဲ..."

"...ဒါက သတင်းကောင်း လို့တောင် မခေါ်နိုင်တော့ဘူး ထင်တယ်..."

ရိုအန်၏ နှုတ်ခမ်းထောင့်များ တဆတ်ဆတ် တုန်ခါသွားပြီး မျက်ခုံးကြားကို ပွတ်သပ်လိုက်လေသည်။ အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် စကားဆိုလိုက်ချေသည်။

"အဲ့ဒါကြောင့်မလို့ ဒီ ကားပြင်ဆိုင် က ဝန်ထမ်းတွေ ရဲ့ ပါးစပ် ကနေ တစ်ဆင့် ဒီဇာတ်လမ်း အကြောင်းကို လူဘယ်နှစ်ယောက် လောက်တောင် ကြားဖူး သွားပြီလဲ ဆိုတာ ကို ငါတို့ လုံးဝ မသိနိုင်တော့ဘူး... မှန်တယ် မဟုတ်လား..."

"အင်း... တကယ်တော့လည်း အဲ့ဒီလောက်ကြီးတော့ မဟုတ်ပါဘူး..."

လေစီက လက်ထဲရှိ ကားပြင်ဆင်မှု မှတ်တမ်းများကို ခါယမ်းပြလိုက်လေသည်။

"ဒီ နှစ်လ အတွင်း ဒီနေရာကို ကားလာပြင် ခဲ့ကြတဲ့ ဖောက်သည် စာရင်း ကို ငါတို့တွေ စစ်ဆေးကြည့်လို့ ရတယ်..."

"...အဲ့ဒါလည်း ကောင်းတာပဲ... မင်း အဲ့ဒီ စာရင်း ကို ပြန်ယူလာခဲ့လိုက်..."

ဖုန်းချလိုက်ပြီးနောက် ရိုအန် အနေဖြင့် ယခုအခါ ဝမ်းဗိုက်အောက်ပိုင်း နေရာမှ မအီမသာ ဖြစ်နေရုံသာမက ခေါင်းပါ အနည်းငယ် ကိုက်လာသကဲ့သို့ ခံစားလိုက်ရပေသည်။

စစ်ကြောရေးအခန်း အတွင်းသို့ ပြန်လည် ဝင်ရောက်လာပြီးနောက် ရိုအန်က ဤကိစ္စကို ဖလက်ချာအား အကြမ်းဖျင်း ပြောပြလိုက်လေသည်။ ထို့နောက် မျက်မှောင်ကြုတ်နေသော မိုနာ၏ အရှေ့တွင် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး စကားဆိုလိုက်ချေသည်။

"အရမ်း ကို ဝမ်းနည်းစရာ ကောင်းပါတယ် မစ္စတာ ဖလက်ချာ... မမျှော်လင့်ထားတဲ့ ကိစ္စတွေ မဖြစ်လာဘူး ဆိုရင်တောင် မင်း ရဲ့ ဒီဇာတ်လမ်း က ဇာတ်ညွှန်း အဖြစ် ဖန်တီးလို့ ရနိုင်တော့မှာ မဟုတ်ဘူး... ဘာဖြစ်လို့လဲ ဆိုတော့ သိနေတဲ့ လူတွေ အရမ်း များလွန်းနေပြီလေ... မင်း ထက် အရင် ဒီဇာတ်လမ်း ကို ဇာတ်ညွှန်း အဖြစ် ပြောင်းလဲ ရေးသားပြီး ရုပ်ရှင် ကုမ္ပဏီ တွေဆီကို ပို့လိုက်တဲ့ လူ ရှိမရှိ ဆိုတာကို ငါလည်း မဆုံးဖြတ်ပေးနိုင်ဘူး..."

ရိုအန်၏ စကားကို ကြားလိုက်ရပြီးနောက် မူလက အလွန် စိုးရိမ် ပူပန်နေခဲ့သော ဖလက်ချာ မှာ ချက်ချင်း သက်ပြင်းချနိုင်သွားလေသည်။ ထို့နောက် လက်ယမ်းပြကာ လုံးဝ ဂရုမစိုက်ဟန်ဖြင့် စကားဆိုလိုက်ပေသည်။

"ကိစ္စ မရှိပါဘူး... ဒီလို အခြေအနေ မျိုး လုံးဝ မဖြစ်နိုင်ပါဘူး... ဒီ ဇာတ်လမ်း ကို စပြီး ရေးသား ပြီးစီး တဲ့ အချိန်မှာပဲ ငါ က ဟောလိဝုဒ် ဘက်ကို ပို့ပြီး မှတ်ပုံတင် ထားပြီးသား... ငါ့ နောက်မှ ဒီ ဇာတ်လမ်း နဲ့ တူညီတဲ့ ဇာတ်ညွှန်း မျိုးကို ရေးသား လာတဲ့ လူ ရှိခဲ့ရင် ခိုးချ မှု အဖြစ်ပဲ သတ်မှတ် ခံရမှာ... ပြီးတော့ မင်းတို့ကို ဖုံးကွယ် မထားပါဘူး... ဒီ ဇာတ်လမ်း ကို မှတ်ပုံတင် ပြီးတာနဲ့ ရုပ်ရှင် ကုမ္ပဏီ တစ်ခု က ငါ့ဆီကို ဆက်သွယ် လာပြီး ဒီ ဇာတ်ညွှန်း ကို ဝယ်ချင်တယ် လို့ ပြောလာခဲ့တယ်... ဒါပေမဲ့ သူတို့ ပေးတဲ့ ဈေး က အမေရိကန် ဒေါ်လာ ၅၀၀ တည်း ဆိုတော့ အရမ်း နည်းလွန်း နေလို့ ငါ ငြင်းလိုက်တာ..."

"ရုပ်ရှင် ကုမ္ပဏီ ကပါ မင်းဆီကို ဆက်သွယ် လာသေးတယ် ဟုတ်လား..."

ထိုသတင်းကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်မှောင်များ ပို၍ပင် တင်းတင်း ကြုတ်သွားရလေသည်။

'ဒီ ဇာတ်လမ်း ကို လူ ဘယ်နှစ်ယောက် လောက်တောင် သိနေကြပြီလဲ... ဒီ ဇာတ်လမ်း ရဲ့ အသေးစိတ် အချက်အလက် တွေကို လူ ဘယ်နှစ်ယောက် ကများ နားလည် နေကြပြီလဲ...'

သို့သော် အပြင်ဘက်ရှိ သတင်းမီဒီယာများ ကမူ ဤကိစ္စကို သတင်းစာများပေါ်တွင် ရေးသား ဖော်ပြခြင်း မရှိကြသေးချေ။ ၎င်းမှာ သူတို့ အနေဖြင့် ဤအချက်ကို သတိမထားမိသေးကြောင်း ပြသနေပြီး ဤအရာမှာ မဖြစ်မနေ သတင်းကောင်း တစ်ခုဟု ဆိုရမည် ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ယခုအချိန်ကာလတွင် ဖျော်ဖြေရေး သတင်းစာများမှ လွဲ၍ နယူးယောက် ဒေသရှိ အခြား သတင်းစာတိုက်ကြီးများမှ လူကြီးမင်းများမှာ အလွန် မောက်မာ ကြွားဝါလေ့ ရှိကြပြီး အချိန်အများစုတွင် သူတို့၏ အာရုံစိုက်မှုကို ဟောလိဝုဒ် ဘက်သို့ လွှဲပြောင်းလေ့ မရှိကြပေ။

တစ်ခဏချင်းမှာပင် မိုနာ၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားပြီး ရိုအန်၏ စိတ်ထဲတွင်လည်း ဆဲရေးတိုင်းထွာမှုများ ပြည့်နှက်သွားရလေသည်။ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ရိုအန်က ရင်ထဲမှ ရှုပ်ထွေးနေသော ခံစားချက်များကို ဖိနှိပ်ကာ မေးမြန်းလိုက်ချေသည်။

"အဲ့ဒီ ရုပ်ရှင် ကုမ္ပဏီ ရဲ့ နာမည် က ဘာလဲ..."

"ဟောလိဝုဒ် ရွှေရောင်အလင်း ရုပ်ရှင် ကုမ္ပဏီ..."

ဖလက်ချာက အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းမဲ့လိုက်လေသည်။ ထို ကုမ္ပဏီ အမည်ကို သူ တစ်ခါမှပင် မကြားဖူးခဲ့ချေ။

ရိုအန်၏ အကြည့်ကို မြင်တွေ့လိုက်ရသောအခါ မိုနာက ခေါင်းညိတ်ပြလိုက်ပြီး လက်ဆယ်ချောင်းကို လျင်မြန်စွာ လှုပ်ရှားလျက် ထို ရုပ်ရှင် ကုမ္ပဏီ ၏ အခြေအနေများကို စတင် စုံစမ်း ထောက်လှမ်းနေလေသည်။

"ကောင်းပြီ..."

ရိုအန်က နေရာတွင်ပင် ရပ်လျက် ကိုယ်ဟန် အနေအထားကို ပြောင်းလဲလိုက်လေသည်။ ဖလက်ချာကို စကား အနည်းငယ်မျှ မေးမြန်းလိုက်ပြီးချိန်တွင် မိုနာက ရုတ်တရက် စားပွဲကို ရိုက်ချလိုက်ပြီး အော်ဟစ်လိုက်ပေသည်။

"ရိုအန်... နင် ဒီမှာ မြန်မြန် လာကြည့်စမ်း..."

"ဘာဖြစ်လို့လဲ..."

မိုနာ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန်က သူမ၏ အနီးသို့ အလျင်အမြန် ကပ်သွားလိုက်လေသည်။

မိုနာ လက်ညှိုးထိုး ညွှန်ပြနေသည့် နေရာသို့ လိုက်ကြည့်လိုက်ပြီးနောက် ရိုအန်၏ အကြည့်များမှာ လက်ပ်တော့ကွန်ပျူတာ မျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားလေသည်။ ၎င်းအတွင်း၌ ရွှေရောင်အလင်း ရုပ်ရှင် ကုမ္ပဏီ ၏ သူဌေး ဖြစ်သူ က အမျိုးသား တစ်ဦးနှင့် အတူ ကော်ဖီဆိုင် တစ်ဆိုင် အတွင်း ထိုင်ကာ စကားပြောဆိုနေသည့် ဓာတ်ပုံ တစ်ပုံကို အထင်အရှား မြင်တွေ့လိုက်ရချေသည်။

All Chapters