← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

(အခန်း) ၁၀၉ အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရခြင်း အကြောင်းရင်း

တနင်္ဂနွေနေ့ ည ၈ နာရီ အချိန် ကက်သရင်းဟပ်ဘန်း အရက်ဘား။

"ချီးယားစ်..."

အရက်ဘား၏ အတွင်းဘက်ကျသော စားပွဲဝိုင်းလေး ၁ ခုအနီးတွင် သြဂတ်စ်၊ ရိုအန်၊ မိုနာ၊ ရက်ဒ် နှင့် လေစီ တို့က လက်ထဲမှ အရက်ခွက်များကို ပြိုင်တူ မြှောက်ချီလိုက်ကြလေသည်။

"အားလုံး ရဲ့ ဖိတ်ကြားမှု ကို လက်ခံ ရရှိလို့ အရမ်း ဝမ်းသာပါတယ်..."

သြဂတ်စ် က ခွက်ထဲရှိ အရက်များကို ၁ ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး ၁ ချက် ချကာ ကျန်သူများကို ကြည့်၍ ဟားဟားဟား ဟု ရယ်မောလျက် စကားဆိုလေသည်။

"ဒီလိုမျိုး ပျော်ပျော်ရွှင်ရွှင် အရက်မသောက်ရတာ တော်တော်လေး ကြာခဲ့ပြီ..."

လေစီ က အရက်ပုလင်းကို ကောက်ကိုင်ကာ သြဂတ်စ် ၏ ခွက်ထဲသို့ နောက် ၁ ကြိမ် အပြည့် ငှဲ့ပေးလိုက်ပြီး ခေါင်းစောင်း၍ ပြုံးလျက် မေးမြန်းလိုက်ချေသည်။

"ရှင့် ဇနီး က ဒီကိစ္စ နဲ့ ပတ်သက်ပြီး အရမ်း တင်းကျပ် ထားလို့လား..."

အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့သည့် အချိန်ကာလမှာ သိပ်မကြာသေးသဖြင့် အဖွဲ့သားများ အားလုံးသည် ၁ ဦးနှင့် ၁ ဦး၏ မိသားစု အခြေအနေများကို အကြမ်းဖျင်းမျှသာ သိရှိထားကြပေသည်။

အိမ်ထောင်ကျပြီးခြင်း ရှိမရှိ နှင့် မိသားစုဝင် အရေအတွက် ကဲ့သို့သော အချက်အလက်များ ပင် ဖြစ်၏။

အခြားသော အသေးစိတ် အချက်အလက်များကိုမူ အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ အတွင်းရှိ အဖွဲ့သားများ အချင်းချင်း သေချာစွာ သိရှိထားခြင်း မရှိကြချေ။

"ငါ့ မိန်းမ လား... မဟုတ်ပါဘူး... ငါ က သတိလစ် တဲ့ အထိ ဘယ်တော့မှ မသောက်တတ် တော့ သူ က ငါ အရက်သောက် တာကို ဂရုမစိုက်ပါဘူး..."

လေစီ ၏ စကားကို ကြားလိုက်ရသောအခါ သြဂတ်စ် က ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး ဗိုက်ရွှဲရွှဲကြီးကို ပုတ်ကာ ဆက်လက် စကားဆိုလေသည်။

"ဒါပေမဲ့ ငါ့ သမီးလေး ကတော့ ဒီကိစ္စ ကို အရမ်း ဂရုစိုက် တတ်တယ် လေ... အဲ့ဒါကြောင့်..."

သြဂတ်စ် ၏ စကား မဆုံးသေးသော်လည်း ထိုနေရာရှိ လူအားလုံးက အဓိပ္ပာယ်ကို သဘောပေါက် နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ကြပေသည်။

"ရိုးရိုးသားသား ပြောရရင် လေစီ... မင်း ရွေးလိုက် တဲ့ ဒီ အရက်ဘား က ငါ့ ရဲ့ မျှော်လင့်ချက် တွေနဲ့ နည်းနည်း လွဲချော် နေတယ်..."

အရက်ဘား အတွင်းရှိ တိတ်ဆိတ် ငြိမ်သက်သော ဂီတသံစဉ်များနှင့် ဘေးပတ်ဝန်းကျင်ရှိ လူများ၏ သဟဇာတဖြစ်သော တွေ့ဆုံပွဲ မြင်ကွင်းများကို ခံစားကြည့်ရှုပြီးနောက် ရက်ဒ် က စားပွဲပေါ်ရှိ အစားအစာ အနည်းငယ်ကို စားသုံးလိုက်ကာ လေစီ ကို ခေါင်းစောင်းကြည့်လျက် ပြုံးရွှင်စွာ စကားဆိုလိုက်ချေသည်။

"ဒီနေ့ည တွေ့ဆုံပွဲ လုပ်မယ့် နေရာကို မင်း ရွေးချယ် မယ် လို့ ရိုအန် က ပြောတုန်းက... မင်း က ငါတို့ကို အချွတ်အပြဲ လမ်းလျှောက် ပွဲတွေ ရှိတဲ့ အရက်ဘား မျိုးဆီ ခေါ်သွား မယ် လို့တောင် ထင်နေခဲ့တာ..."

"အချွတ်အပြဲ လမ်းလျှောက် ပွဲတွေ ရှိတဲ့ အရက်ဘား တွေ ဆိုတာ ငါ့ ရဲ့ တန်ဖိုးထား ရတဲ့ လျှို့ဝှက် စုဆောင်းမှု တွေချည်းပဲ... အဲ့ဒီ နေရာ တွေရဲ့ လိပ်စာ ကို ရှင့် ကို ဘယ်တော့မှ ပေးမှာ မဟုတ်ဘူး..."

ထိုစကားကို ကြားလိုက်ရသောအခါ လေစီ က အရက်ပုလင်းကို ချထားလိုက်ပြီး ရက်ဒ် ကို မျက်စောင်း ခပ်ပြင်းပြင်း ၁ ချက် ထိုးလိုက်လေသည်။

"ပြီးတော့ ငါ က လိပ်စာ ပေးလိုက် ရင်တောင်... ရှင် သွားရဲ တဲ့ သတ္တိ ရှိလို့လား..."

အီဗွန်နာ မှာ ရန်စ၍ ရသော အမျိုးသမီး ၁ ဦး မဟုတ်ကြောင်း ဈေးဝယ်ထွက်ဖူးပြီး စကားပြောဆိုဖူးသော လေစီ က ကောင်းစွာ သိရှိထားပေသည်။

မိုနာ ကလည်း လေစီ ၏ နှုတ်မှ ၁ ဆင့် ဤကိစ္စကို ကြားသိထားဖူးသဖြင့် စိတ်ဝင်တစားဖြင့် ရက်ဒ် ထံသို့ အကြည့်များကို လွှဲပြောင်းလိုက်ချေသည်။

"ဘာဖြစ်လို့ မသွားရဲ ရမှာလဲ..."

အမျိုးသမီး ၂ ဦး၏ မျက်လုံးများ အတွင်းရှိ အမူအရာများကို မြင်တွေ့လိုက်ရသောအခါ ရက်ဒ် က မျက်လုံးများကို ပြူးကျယ်လိုက်ပြီး လေးနက် တည်ကြည်သော မျက်နှာထားဖြင့် ရင်ဘတ်ကို အားပါးတရ ပုတ်ကာ စကားဆိုလေသည်။

"ငါ အဲ့ဒီ နေရာ တွေကို အမှု သွားစုံစမ်း တာလေ... ဘာ ပြဿနာ ရှိလို့လဲ..."

လေစီ နှင့် မိုနာ တို့က မျက်လုံးလှန်ပြလိုက်ကြပြီး ရိုအန် ကမူ ဟားဟား ဟု ခပ်ဟဟ ရယ်မောလိုက်သော်လည်း စကား ၁ ခွန်းမျှ မဆိုတော့ဘဲ အကြည့်များကို သြဂတ်စ် ထံသို့ ပြန်လည် လွှဲပြောင်းလိုက်လေသည်။

"ခေါင်းဆောင်... ကျွန်တော်တို့ ရဲ့ အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကြီး က အတိအကျ ဘယ်လို ဖွဲ့စည်း ဖြစ်သွားတာလဲ... ၁ ချက်လောက် ပြောပြလို့ ရနိုင်မလား..."

ဤ မေးခွန်းမှာ ရိုအန် ၏ ဦးနှောက် အတွင်း၌ တည်ရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပေသည်။

လက်ရှိတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ စုစုပေါင်း ၁၃ ဖွဲ့ ရှိပြီး မကြာသေးမီကပင် အမှတ် ၁၄ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အသစ် ဖွဲ့စည်းခဲ့သည် မဟုတ်ပါလား။

မည်သည့်အတွက်ကြောင့် အသစ် ဖွဲ့စည်းထားသော ဤအဖွဲ့ကို အမှတ် ၅ ဟု အမည်ပေးထားသနည်း ဆိုသည်ကို ရိုအန် ၁ ယောက် နားမလည်နိုင်အောင် ဖြစ်နေမိချေသည်။

ထို့အပြင် အဖွဲ့သားများ အားလုံးမှာလည်း လူသစ်များသာ ဖြစ်ကြပြီး ယခင် အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ မှ လူဟောင်း ၁ ဦး ၁ ယောက်မျှ ပါဝင်လာခြင်း မရှိပေ။

ရိုအန် ၏ မေးခွန်းက ကျန်ရှိနေသော လူ ၃ ဦး၏ စိတ်ဝင်စားမှုကိုလည်း ဆွဲဆောင်သွားလေသည်။

မိုနာ မှာလည်း ရိုအန် ကဲ့သို့ပင် အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့ ရောက်ရှိလာသည်မှာ သိပ်မကြာသေးသဖြင့် အတိအကျ အခြေအနေများကို သိရှိထားခြင်း မရှိချေ။

ရက်ဒ် နှင့် လေစီ တို့သည် အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့ ပြောင်းရွှေ့ခံရပြီးနောက် ယခင် အလုပ်အကိုင် အတွေ့အကြုံများအရ ဤကိစ္စ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက် ၁ ခုခု ရှိနေမည်ဟု အလိုအလျောက် သိစိတ်ဖြင့် တွေးတောထားခဲ့ကြသဖြင့် ၁ ခါမှ မေးမြန်းခဲ့ခြင်း မရှိပေ။

ယခုအခါ ရိုအန် က ဤကိစ္စကို စတင် ထုတ်ဖော် မေးမြန်းလာသဖြင့် ရက်ဒ် နှင့် လေစီ တို့မှာလည်း ဤကိစ္စ၏ နောက်ကွယ်မှ အဖြေကို အလွန် သိရှိချင်နေကြပြီ ဖြစ်လေသည်။

"မပြောပြ နိုင်စရာ အကြောင်းတော့ မရှိပါဘူး..."

စားပွဲပေါ်ရှိ လူအားလုံးက ပြိုင်တူ အကြည့်များ လွှဲပြောင်းလာကြသည်ကို မြင်တွေ့လိုက်ရသောအခါ သြဂတ်စ် ၏ မျက်ခုံးများ ၁ ချက် ပင့်တက်သွားလေသည်။ အရက် ၁ ခွက်ကို ထပ်မံ သောက်သုံးလိုက်ပြီးနောက် လက်ညှိုးကွေးပြကာ လူတိုင်းကို အနီးသို့ တိုးကပ်လာရန် အချက်ပြလိုက်ချေသည်။

ရိုအန် တို့ ၄ ဦး ကလည်း ခန္ဓာကိုယ်ကို ချက်ချင်း မတ်မတ် ထိုင်လိုက်ကြပြီး နားစွင့်ရန် အသင့်ပြင်လိုက်ကြပေသည်။

ထို့နောက် သြဂတ်စ် ၏ တိုးညင်းသော လေသံကို ကြားလိုက်ရလေသည်။

"တကယ်တော့ ငါ လည်း မသိဘူး..."

ရိုအန် တို့ ၄ ဦးစလုံး ပြောစရာ စကားပင် ဆွံ့အသွားကြတော့လေသည်။

ရိုအန် တို့၏ မျက်နှာပေါ်မှ ပြောပြမတတ်သော အမူအရာများကို မြင်တွေ့လိုက်ရသောအခါ သြဂတ်စ် က ခေါင်းမော့ကာ “ဟားဟားဟား” ဟု ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။

"ကဲပါ... နောက်မနေ တော့ပါဘူး..."

အချိန်အတန်ကြာ ရယ်မောပြီးနောက် ရိုအန် တို့ ၄ ဦးက မျက်စိရှေ့တွင်ပင် ဘေလ်မရှင်းဘဲ ထွက်ပြေးမည့် နည်းလမ်း အချို့ကို စတင် တိုင်ပင် ဆွေးနွေးနေကြသည်ကို မြင်တွေ့လိုက်ရသောအခါ သြဂတ်စ် က လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး စောစောက စကားမှာ နောက်ပြောင်ခြင်း သက်သက်သာ ဖြစ်ကြောင်း အချက်ပြလိုက်ပေသည်။

ချောင်း အနည်းငယ် ဟန့်လိုက်ပြီးနောက် ရိုအန် တို့ ၄ ဦးမှာ သြဂတ်စ် ၏ အနီးသို့ နောက် ၁ ကြိမ် တိုးကပ်သွားကြလေသည်။ ဤ ၁ ကြိမ်တွင်မူ သြဂတ်စ် ၏ မျက်နှာထားမှာ အလွန် လေးနက် တည်ကြည် နေပြီး လေသံတိုးတိုးဖြင့် စကားဆိုလိုက်ချေသည်။

"တကယ်တော့ ဒါက အရေးပေါ် ကာကွယ်ရေး အစီအစဉ် ၁ ခု ပဲ..."

ယခင် အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ တည်ရှိနေစဉ် အချိန်ကာလ တုန်းက တောင်အမေရိက နိုင်ငံ ၁ ခုမှ မူးယစ်ရာဇာ ကြီး ၁ ဦးက နယူးယောက် သို့ အမှုန့်ဖြူများ ဖြန့်ဖြူး ရောင်းချနေသည့် အမှုကြီး ၁ ခုကို ကိုင်တွယ် ဖြေရှင်းခဲ့ဖူးလေသည်။

ထို အမှုမှာ အချိန် ၆ လ ခန့် ကြာမြင့်ခဲ့ပြီး ယခင် အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဝင် များသည် ထို မူးယစ်ရာဇာ ကြီး၏ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှု ကွန်ရက်ကို အောင်မြင်စွာ ဖြိုခွင်းနိုင်ခဲ့ရုံသာမက ထို လမ်းကြောင်းကို တာဝန်ယူ စီမံ ခန့်ခွဲနေသော မူးယစ်ရာဇာ ကြီး၏ သားဖြစ်သူကိုပါ ဖမ်းဆီး နိုင်ခဲ့ကြပေသည်။

သားဖြစ်သူ ကို အက်ဖ်ဘီအိုင် က ဖမ်းဆီးသွားပြီး အကျဉ်းထောင် အတွင်း၌ နေ့စဉ်ရက်ဆက် ဆပ်ပြာခဲ ကောက်နေရကြောင်းကို သိရှိသွားသောအခါ မူးယစ်ရာဇာ ကြီးမှာ အလွန်အမင်း ဒေါသထွက် သွားခဲ့ချေသည်။

မူးယစ်ရာဇာ ကြီး သည် သားဖြစ်သူကို ကယ်တင်ရန် နည်းလမ်း ရှာဖွေနေသည့် ၁ ချိန်တည်းမှာပင် ဖက်ဒရယ် နိုင်ငံ အတွင်းသို့ ကြေးစား လူသတ်သမား များကို အဆက်မပြတ် စေလွှတ်ခဲ့ပြီး ထို အမှုကို တာဝန်ယူ ကိုင်တွယ်ခဲ့သော ယခင် အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဝင် များ အားလုံးကို သတ်ဖြတ်ရန် ကြိုးစားခဲ့လေသည်။

ဌာနခွဲမှူး ဗီရိုနီးစ် က ဤ သတင်းကို မည်သည့် နေရာမှ ရရှိခဲ့သနည်း ဆိုသည်ကို မည်သူကမျှ မသိရှိခဲ့ကြပေ။ သို့သော် လက်အောက်ငယ်သား များ၏ အသက်အန္တရာယ် လုံခြုံရေးကို ငဲ့ညှာသော အားဖြင့် ဗီရိုနီးစ် သည် ဤ အမှုနှင့် ပတ်သက်သော မှတ်တမ်း ဖိုင်တွဲ များ အားလုံးကို အပြီးတိုင် ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့လေသည်။ ၁ ချိန်တည်းမှာပင် ယခင် အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို လုံးဝ ဖျက်သိမ်းလိုက်ပြီး အဖွဲ့ဝင် များကို အက်ဖ်ဘီအိုင် နယူးယောက် ဌာနခွဲရှိ အခြားသော ဌာန များဆီသို့ ခွဲဝေ ပြောင်းရွှေ့ ပေးခဲ့ချေသည်။

ဤနေရာသို့ ရောက်သောအခါ ရိုအန် ၏ မျက်ခုံးများ ၁ ချက် ပင့်တက်သွားလေသည်။ ဌာနခွဲမှူး ဗီရိုနီးစ် မှာ အမှန်တကယ်ပင် လူသားဆန်မှုကို ဦးစားပေးသော အထက်လူကြီး ကောင်း ၁ ဦး ဖြစ်ပေသည်။

၎င်းနောက် ရိုအန် က လေသံတိုးတိုးဖြင့် မေးမြန်းလိုက်လေသည်။

"ဒါဆို တောင်အမေရိက က အဲ့ဒီ မူးယစ်ရာဇာ ကြီး ကရော ဘာဆက်ဖြစ်သွားလဲ..."

ဗီရိုနီးစ် မှာ လူသားဆန်မှုကို ဦးစားပေးသည် ဆိုသော်လည်း လက်စားချေ တတ်သော စရိုက်လက္ခဏာ မျိုးလည်း ရှိလေသည်။ ထို့ကြောင့် ဗီရိုနီးစ် အနေဖြင့် ထို မူးယစ်ရာဇာ ကြီးကို အလွတ်ပေးထားမည် မဟုတ်ကြောင်း ရိုအန် တွေးတောနေမိချေသည်။

"လွန်ခဲ့တဲ့ ၆ လ တုန်းက သေသွားပြီ... သေဆုံးရတဲ့ အကြောင်းရင်း ကတော့ ရုတ်တရက် နှလုံးသွေးကြော ပိတ်ရောဂါ ကြောင့် လို့ သိရတယ်..."

သြဂတ်စ် က စားပွဲပေါ်ရှိ အရက်ခွက်ကို ကောက်ကိုင်ကာ ၁ ငုံ သောက်လိုက်ပြီး ဟားဟား ဟု ပြုံးလျက် စကားဆိုလေသည်။

"သူ သေသွားပြီး တဲ့နောက်မှာ သူ့ရဲ့ အင်အားစု တွေကို ယခင် လက်အောက်ငယ်သား တွေက ခွဲဝေ ယူလိုက်ကြတယ်... ဖက်ဒရယ် နိုင်ငံ အတွင်း ကို ဝင်လာတဲ့ လူသတ်သမား တွေလည်း အကုန် ရှင်းလင်း ခံလိုက်ရတယ်..."

"သေချာတာပေါ့... မမျှော်လင့်ထားတဲ့ ပြဿနာ တွေ ထပ်မဖြစ်လာ စေဖို့ အတွက် ဌာနခွဲမှူး ဗီရိုနီးစ် က ယခင် အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဝင် တွေကို ပြန်မခေါ် တော့ဘဲ... အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ အသစ် ကို အစားထိုး ဖွဲ့စည်း လိုက်တာ... အဲ့ဒါကတော့ ငါတို့တွေ ပဲပေါ့..."

ထိုစကားကို ကြားလိုက်ရသောအခါ ရက်ဒ်၊ လေစီ နှင့် မိုနာ တို့ ၃ ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြိုင်တူ ဟားဟားဟား ဟု ရယ်မောလိုက်ကြပေသည်။

ရိုအန် ကမူ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေသည်။ ဗီရိုနီးစ် ၏ နောက်ကွယ်ရှိ ကျောထောက်နောက်ခံ အားကိုးရာ တောင်ပို့ကြီးမှာ ရိုအန် ထင်မှတ်ထားသည်ထက် ပိုမို ကြီးမား ခိုင်မာနေကြောင်း ရိပ်မိသွားချေသည်။

တောင်အမေရိက မှ ထို မူးယစ်ရာဇာ ကြီးများ အားလုံးကို ၇၀ ရာခိုင်နှုန်း ခန့်မှာ အမေရိကန် သက်ဆိုင်ရာ ဌာနများ၏ နောက်ကွယ်မှ ပံ့ပိုး ကူညီမှုဖြင့် ကြီးထွားလာကြခြင်း ပင် ဖြစ်လေသည်။

ထိုလူများမှာ အပြင်ပန်းတွင် မူးယစ်ရာဇာ ကြီးများ ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ သက်ဆိုင်ရာ ဌာနများ၏ ကိုယ်စားလှယ် များသာ ဖြစ်ကြပေသည်။

ထိုကဲ့သို့သော လူမျိုးကိုပင် ဌာနခွဲမှူး ဗီရိုနီးစ် က သေဆုံးသွားအောင် နည်းလမ်း ရှာဖွေ လုပ်ဆောင်နိုင်ခဲ့သည် ဆိုခြင်းမှာ...

ဗီရိုနီးစ် က မည်သို့သော နည်းလမ်းများကို အသုံးပြုခဲ့သနည်း ဆိုသည်ကို သေချာစွာ မသိရှိသော်လည်း ရိုအန် က အရက်ကို ၁ ငုံ သောက်လိုက်ပြီး နှုတ်ခမ်းထောင့်များ မသိမသာ မြင့်တက်သွားလေသည်။ ရိုအန် အတွက် ဗီရိုနီးစ် ၏ အရေးပါမှုကို ရင်တွင်း၌ နောက်ထပ် အဆင့် ၁ ခု ထပ်မံ တိုးမြှင့် သတ်မှတ်လိုက်ချေသည်။

၁ ချိန်တည်းမှာပင် တိတ်တဆိတ် ဆုံးဖြတ်ချက် ၁ ခုကို ချမှတ်လိုက်ပေသည်။

'ဒီ တောင်ပို့ ကြီးကို သေချာပေါက် ဖက်တွယ် ထားရမယ်... ယေရှုသခင် ကိုယ်တိုင် လာတား ရင်တောင် နောက်ဆုတ် မှာ မဟုတ်ဘူး...'

ထို မူးယစ်ရာဇာ ကြီးမှာ ရုတ်တရက် နှလုံးသွေးကြော ပိတ်ရောဂါ ဖြင့် တကယ် တိုက်ဆိုင်စွာ သေဆုံးသွားခြင်း ဟုတ်မဟုတ် ဆိုသည်နှင့် ပတ်သက်၍မူ...

ယခင်က မီးလျှံဘုရင်မ အရက်ဘား ပိုင်ရှင် လီဒီယာ ပြောခဲ့ဖူးသော စကားများနှင့် မကောင်းမှု ဟူသမျှ အကုန် လုပ်ရဲသော စီအိုင်အေ တို့ကို တွေးတောမိသွားသောအခါ ဤကမ္ဘာပေါ်တွင် တိုက်ဆိုင်မှု ဆိုသည်မှာ ထိုမျှအထိ မများပြားနိုင်ကြောင်း ရိုအန် ယုံကြည်နေမိချေသည်။

ရိုအန် တို့ ၅ ဦး အချိန်အတန်ကြာ ဆက်လက် စကားပြောဆိုနေပြီးနောက် ရက်ဒ် က ၁ ခုခုကို ရုတ်တရက် သတိရသွားပြီး ခေါင်းစောင်းကာ မေးမြန်းလိုက်လေသည်။

"ဒါနဲ့ ရိုအန်... မင်း အရင်က စနစ်တကျ ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေး ဌာန က စုံထောက် နော်တန် နဲ့ အတူ ငါးသွားမျှား မယ် ဆိုပြီး ချိန်းထား တာ မဟုတ်ဘူးလား..."

ရိုအန် ပြန်လည် ဖြေကြားခွင့် မရလိုက်မီမှာပင် မိုနာ ၏ မျက်မှောင်များ ကြုတ်သွားပြီး ခေါင်းလှည့်ကာ မေးမြန်းလိုက်ပေသည်။

"ငါးမျှား တာ ဟုတ်လား... ရိုအန်... ရှင့် မှာ ငါးမျှား ခွင့် လိုင်စင် ရှိလို့လား..."

အမေရိကန်ပြည်ထောင်စု တွင် ငါးမျှားခြင်း ကို အခမဲ့ ပြုလုပ်၍ မရနိုင်ချေ။ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ငါးမျှားမည် ဆိုပါက ငါးမျှားခွင့် လိုင်စင် ကို မဖြစ်မနေ ကိုင်ဆောင်ထားရန် လိုအပ်လေသည်။

ရိုအန် ၁ ယောက် လိုင်စင် မရှိဘဲ ငါးမျှားမိသဖြင့် နယူးယောက် ရဲတပ်ဖွဲ့ ၏ ဖမ်းဆီး ဒဏ်ရိုက်ခြင်း ကို ခံရမည့် မြင်ကွင်းမျိုးကို မိုနာ လုံးဝ မမြင်တွေ့ လိုပေ။

"ငါ့ မှာ ငါးမျှား ခွင့် လိုင်စင် မရှိပါဘူး... ဒါပေမဲ့ မနေ့က နယူးယောက် ရဲ့ အခမဲ့ ငါးမျှား ခွင့် နေ့လေ..."

လိုင်စင် မရှိသူများ အနေဖြင့်လည်း ထိုနေ့တွင် ငါးမျှားခွင့် ရှိသဖြင့် ယမန်နေ့က ရိုအန် သည် နော်တန် နှင့်အတူ ငါးသွားမျှား ခဲ့ခြင်း ပင် ဖြစ်ချေသည်။

"ငါး ဘယ်နှစ်ကောင် လောက် ရခဲ့လဲ..."

ရက်ဒ် ၏ မျက်လုံးများ အရောင်တောက်သွားပြီး သြဂတ်စ် ကလည်း စိတ်ဝင်တစားဖြင့် ရိုအန် ကို လှမ်းကြည့်လိုက်လေသည်။

"နော်တန် ကတော့ ငါးကတ်တစ် အကောင်အချို့ ရခဲ့တယ်..."

ထိုလူ ၂ ဦး၏ အကြည့်များကို မြင်တွေ့လိုက်ရသောအခါ ရိုအန် က ပခုံးတွန့်လိုက်ပေသည်။

"ဒါပေမဲ့ အဲ့ဒီ နေရာ ကို ရောက်သွား တဲ့ အချိန် ကျမှ ငါ က ပစ္စည်း တချို့ ယူလာဖို့ မေ့သွား တယ် ဆိုတာ ကို သတိထား မိလိုက်တယ်... အဲ့ဒါကြောင့် ငါး မမျှား ဖြစ်တော့ဘဲ ၁ မနက်လုံး နော်တန် ငါးမျှား နေတာကို ပဲ ထိုင်ကြည့် နေခဲ့ရတယ်..."

"ပစ္စည်း ယူလာဖို့ မေ့သွား တယ် ဟုတ်လား..."

ဘေးနားရှိ လေစီ က ထိုစကားကို ကြားလိုက်ရသောအခါ နှုတ်ခမ်းထောင့်များ ချက်ချင်း မြင့်တက်သွားလေသည်။

"ရှင် ငါးမျှားတံ ယူလာဖို့ မေ့သွား တာများလား..."

ထိုစကားကို ကြားလိုက်ရသောအခါ မိုနာ က ပါးစပ်ကို အုပ်ကာ “ခစ်ခစ်” ဟု ခိုးရယ်လိုက်ပြီး ရက်ဒ် နှင့် သြဂတ်စ် တို့လည်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြပြီးနောက် ပါးစပ်ကြီးဖြဲကာ “ဟားဟား” ဟု ရယ်မောလိုက်ကြချေသည်။

"မဟုတ်ပါဘူး..."

ရိုအန် ခေါင်းခါယမ်းလိုက်လေသည်။

"ငါးမျှားတံ တော့ ယူသွား ပါတယ်... ဒါပေမဲ့ နည်းဗျူဟာသုံး ဦးထုပ် ယူသွား ဖို့ မေ့သွား တာ..."

ရိုအန် ၏ စကားကို ကြားလိုက်ရသောအခါ လူ ၄ ဦးစလုံး၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများ အပြည့် ပေါ်လွင်သွားတော့လေသည်။

All Chapters