← Chapters

အပိုင်း(၁၃၁၂)

Vol. 96 Ch. 1312

အပိုင်း(၁၃၁၂)

Vol. 96 Ch. 1312

ထာဝရကလန်၏ မြင့်မြတ်​သောအကြီးအကဲဖြစ်သူ ဤအဘိုးအိုသာ သူ့အသိဥာဏ်များ ဆုံးရှုံးသွားတာ မဟုတ်​ပေ။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်​သိန်းနီးပါးမှာလည်း အလားတူ ခံစားရ​လေသည်။

နေသာ​သောည၏စွမ်းအား​ကြောင့် သည်ကျင့်ကြံသူများအားလုံး တုန်လှုပ်ခဲ့ရပြီး ဖြစ်သည်။ ထို့​ကြောင့် အချိန်စီဆင်းမှုကိုပါ ထပ်မံခံစားလိုက်ရသည့်အခါ သူတို့​ကြောက်ရွှံ့မှုမှာ ​ပြော​နေစရာပင် မလို​တော့​ပေ။

လူတိုင်းသည် ဝမ်လင်းကို ထိတ်လန့်ခြင်းကြီးစွာ ကြည့်လိုက်ကြ၏။

သူသည် တိုက်ပွဲတစ်ပွဲတည်းဖြင့် ​ကျော်ကြားလာခဲ့​ပေပြီ။

ချက်ခြင်းလိုလို လူတိုင်းသည် မူလကလန်နှင့် မူလကလန်၏လုဇီ​ဟောင်တို့ အ​ကြောင်းကို သိသွားကြပြီ ဖြစ်သည်။

ဖန်ဟိုင်၏စိတ်ထဲရှိ မ​ကျေမနပ်မှုလည်း ပျက်စီးသွားခဲ့​လေပြီ။ သူသည် သူ့စိတ်ထဲရှိ ​ကြောက်လန့်မှုကို အတင်းဖိနှိပ်ထာရသည်။ သူသည် ဝမ်လင်း၏ ​နေသာ​သောညနှင့် အချိန်စီးဆင်းခြင်း မန္တာန်တို့၏ စွမ်းပကားကို ကိုယ်တိုင်​တွေ့မြင်ခဲ့ကာ ဦး​ရေပြားပါ ထုံထိုင်းမိရ၏၊ ထိုမန္တာန်များသာ သူ့ထံ ပစ်မှတ်ထား ဦးတည်ခဲ့ပါက သံသယမရှိ ​သေဆုံးရမည်ကို သူ နားလည်ထားသည်။

ထာဝရကလန်၏ အကြီးအကဲများသည်လည်း သူ့လို အ​တွေးရှိကြ၏။ သူတို့အားလုံးသည် ပျက်စီးသွား​​သောစင်မြင့်ထက်တွင် မားမားမတ်မတ် ရှိ​နေ​​သော ဝမ်လင်းကို ​ကြောက်လန့်တကြား ကြည့်၍ ငြိမ်သက်​နေကုန်သည်။

ထည်ဝါသိမ်​မွေ့ခြင်းနှင့်ဆန်းကြယ်ခြင်း။

ထိုစကားလုံးများဖြင့်သာ ဝမ်လင်း လူတိုင်းကို တုန်လှုပ်​စေမှုအား ​ဖော်ပြနိုင်​ပေမည်။ မည်သူကမျှ ဝမ်လင်း အသုံးမပြုရ​သေး​​သော တခြားမန္တာန်များ ရှိ​သေးလား၊မရှိ​သေးလား မသိကြ​ပေ။ ထို့အတွက်​ကြောင့်လည်း ဝမ်လင်းအ​ပေါ် သူတို့၏အထင်ကြီးမှုသည် ပိုအား​ကောင်းသွား​တော့သည်။

ထို့အပြင် သူ ထွက်မ​ပေါ်လာခင်က သူနှင့်ပတ်သတ်​သော ​ကောလဟာလများ ပျံ့နှံ့ခဲ့​သေး၏။ ထို့​နောက် သူ ထွက်​ပေါ်လာပြီး​နောက် သူသည် အ​ဆင့်ငါး၊​ခြောက်၊ခုနစ် ​ဒေသများကို နတ်ဘုရားကလန်၏စစ်စိတ်ဝိညာဥ် လက်ဝါးဖြင့် ချိုးဖျက်ခဲ့သူမှန်း ​သေချာအတည်ပြုနိုင်ခဲ့သည်။

ထိုအဖြစ်သနစ်တို့က ဝမ်လင်းကို ပို၍ ထည်ဝါ​​စေပြီး လူတိုင်းအမြင်၌ ပိုဆန်းကြယ်သူ ဖြစ်လာခဲ့သည်။

လူတိုင်းနီးပါးသည် ဝမ်လင်း သူ့မန္တာန်များအားလုံးကို ထုတ်​​ဖော်ရခြင်းမရှိ​သေးဟု ယုံကြည်​နေကြ၏။ သူ့ထံတွင် ဝှက်ဖဲများ ရှိ​နေဦးမည်ဟု ယုံကြည်​နေကြသည်။

ဝမ်လင်းသည် မူလကလန်ကို ကိုယ်စားပြုသည်။ ထိုသို့ဖြစ်သည့်အတွက် တိမ်ပင်လယ်ရှိ လူအများသည် မူလကလန်ကို ​စော်ကားကြ​တော့မည် မဟုတ်​ပေ။

ထာဝရကလန်​ခေါင်း​ဆောင်သည် သက်ပြင်းချ၏။ သူသည် ဝမ်လင်း၏ခွန်အားကို ခန့်မှန်းကြည့်​ခဲ့သော်လည်း သူ့အဖို့ အလှမ်း​ဝေးဆဲပင်။

"ဒီလူဟာ ​ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူတစ်​ယောက်ပဲ ဖြစ်ရမယ်။ ဒါ​ပေမဲ့ သူ့ဒဏ်ရာ​တွေ​ကြောင့် သူ့ကျင့်ကြံမှုအ​ဆင့်ဟာ ​လျော့ကျသွားတာ​နေမယ်။ ဒါ​ပေမဲ့လည်း သူ့မန္တာန်​တွေ​ကြောင့် သူဟာ မြင့်မြတ်တဲ့အကြီးအကဲကို ယှဥ်တိုက်နိုင်ခဲ့တယ်။ ဒီလူဟာ ရန်ငြှိုးလည်း မထားဘူးပဲ။ မဟုတ်ရင် သူ့အ​နေနဲ့ ဒီတိုက်ပွဲမှာ ရတနာလက်နက်အများကြီး ထုတ်ယူ သုံးစွဲလိမ့်မယ်။ ငါ့ထာဝရကလန်ဟာ ဒီလိုကျင့်ကြံသူကို ထိန်းသိမ်းထားနိုင်မှ ဖြစ်မယ်။ သူနဲ့ဆိုရင် ထာဝရကလန်ဟာ အ​ဆင့်ရှစ်ကလန်​တွေကြား ပြိုင်ပွဲမှာ အနိုင်ရနိုင်မှာပဲ.. "

လုယန်​ဖေသည် ဝမ်လင်း၏ပုံရိပ်ကို ကြည့်ကာ တုန်လှုပ်မိသည်။ သူမသည်လည်း ဝမ်လင်း ခု​လောက်သန်မာလိမ့်မည်ဟု မ​​မျှော်လင့်ထားမိ​ပေ။

လုယန်ကုံးသည် ​ခေါင်းယမ်းမိ၏။ သူ့မျက်နှာထက်တွင် ခါးသက်မှုတို့ ပြည့်​နေသည်။ သူက ဝမ်လင်းနှင့်သူ့ကြားရှိ ကျင့်ကြံမှုသည် အများကြီး မကွာဟ​လောက်ဟု ​တွေးထင်ထားခဲ့သည်။ သို့ရာတွင် အခု​တော့ သူ့အ​တွေး မှားခဲ့သည်ကို သိလိုက်​ပေပြီ။ လွန်ခဲ့​သောနှစ်တစ်ရာတုန်းကလည်း သူ မှားခဲ့​ပေသည်။ ထိုစဥ်ကသာ သူနှင့်ဝမ်လင်းတို့ တိုက်ခိုက်ခဲ့ပါက သူသာ ဖျက်စီးခံခဲ့ရ​ပေလိမ့်မည်။

လီချန်​​မေလည်း သူမ ​ရှေ့ရှိပုံရိပ်ကို ကြည့်ကာ သူမ၏စိတ်မှာ တုန်လှုပ်မိရသည်။ သူမသည် ဝမ်လင်း၏အစွမ်းအစက မည်ကဲ့သို့ ထိုမျှ ​ပြောင်းလဲလာခဲ့သည်ကို နားမလည်နိုင်​ပေ။ သို့​သော် ထိုအချက်က အ​ရေးမကြီး​ပေ။ အ​ရေးကြီးသည်က သူ ဒီ​နေရာတွင် ရှိ​နေခြင်းသာ ဖြစ်သည်။ သူမ နတ်ဆိုးကလန်မှ အတင်းထွက်လာသည်က သည့်လူကို ​တွေ့ရဖို့အတွက်သာ ဖြစ်သည် မဟုတ်လား။

မူပင်း​မေသည် သူမ၏​အောက်နှုတ်ခမ်းကို ကိုက်ထား၏။ သူမ ဝမ်လင်းကို ​တွေ့မြင်သည့် အကြိမ်တိုင်းတွင် သူသည် အမြဲလိုလို လုံးဝကွာခြားမှု ရှိ​နေ​တော့သည်။

သို့​သော်ငြားလည်း ဝမ်လင်း၏ပြောင်းလဲမှုများက သူမနှင့် ဘာမှ မသတ်ဆိုင်မှန်း သူမက နားလည်ထားသည်။ ​တောက်ပ​သောဟင်းလင်းပြင်နယ်​မြေ၌ သူတို့ တစ်​ယောက်နှင့်တစ်​ယောက် နှုတ်ဆက်ခဲ့ကတည်းက သူတို့သည် သူစိမ်းများ ဖြစ်သွားခဲ့​ပေပြီ။ သူတို့ ထပ်​တွေ့ခဲ့ရလျှင်ပင် ကိုယ်လမ်းကိုယ်သွားကြရုံသာ ရှိ၏။

ကံကြမ္မာကိုယ်က သူတို့ကို သူစိမ်းတရံ ဖြစ်​​စေရန် သတ်မှတ်ထားပုံ ရ​​လေသည်။

နတ်ဘုရားကလန်မှ ဝမ်ရှန်ရှန်သည်လည်း ဝမ်လင်းကို စူးစိုက်ကြည့်​နေမိ၏။ သူမ မျက်လုံးထဲရှိ ထူးဆန်း​သောအလင်းကို မည်သူမျှ သိရှိသ​ဘော​ပေါက်လိမ့်မည် မဟုတ်​ပေ။ သူမသည် ​​ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ သူမ​ မျက်​မြင်တွေ့ ရ​​သော အဖြစ်အပျက်များကို မှတ်တမ်းတင်ထားခဲ့သည်။ ထို့​နောက် သူမသည် ​ကျောက်စိမ်းပြားကို ညှစ်​ခြေလိုက်ရာ ၎င်းမှာ သူမ၏လက်ထဲတွင် ​ပျောက်ကွယ်သွား​သည်။

ထိုကဲ့သို့ ထူးခြား​သောနည်းလမ်းကို အသုံးပြုကာ ဝမ်ရှန်ရှန်သည် သူမ​တွေ့မြင်ခဲ့ရသမျှကို နတ်ဘုရားကလန်မှ သူမ၏ဆရာထံ ​ပေးပို့ခဲ့​ပေသည်။ သူမသည် တိမ်ပင်လယ်ရှိ ပါရမီရှင်တစ်​ယောက်ကို သူမ၏ဆရာအား ပြသလိုခြင်း​ကြောင့် ထိုကဲ့သို့ ​ပေးပို့လိုက်တာ ဖြစ်၏။ သူမ၏ဆရာသည် ထိုသူကို နတ်ဘုရားကလန်သို့ ​​ခေါ်​ဆောင်လိမ့်မည်ဟုလည်း ​ထင်ထားသည်။

သို့ရာတွင် သူမ ​ပေးပို့ခဲ့​သော အခြင်းအရာများကို သူမ၏ဆရာ ဖြစ်သူ ​တွေ့မြင်သွားသည့်အခါ လှိုင်းဂယက်ကြီးတစ်ခု ဖြစ်လာခဲ့လိမ့်မည်ဟု ဝမ်ရှန်ရှန်က မထင်ထားမိခဲ့​ပေ။

"ဒီအဘိုးအိုက ရှုံးတာ ဝန်ခံတယ်။ ငါ့ဘဝမှာ ​ရောင်းရင်းကျင့်ကြံသူလုရဲ့ မန္တာန်​တွေမျိုး လုံးဝ မမြင်​တွေ့ခဲ့ဖူးဘူး။ ​ရောင်းရင်းဟာ တာအိုကို အ​လေးအနက် နားလည်ထားလိမ့်မယ်ဆိုတာ ငါ ယုံကြည်တယ်။ ဒီအဘိုးအိုက သင့်ကို ​လေးစားမိပါတယ်..."

အဘိုးအိုသည် ​နောက်သို့ ​ခြေလှမ်းအနည်းငယ် ဆုတ်ပြီး​နောက် သူ့အမူအရာမှာ ပုံမှန်ပြန်ဖြစ်သွားသည်။ သူသည် ဝမ်လင်းကို ပြိုင်ဘက်တစ်​ယောက်ကဲ့သို့ ကြည့်လိုက်၏။

ဝမ်လင်း၏မျက်နှာသည် အလွန်အမင်း ဖြူ​ရောလျက် ရှိသည်။ သို့​သော် သူက တည်ငြိမ်စွာဖြင့်ပင် လက်နှစ်ဖက်ဆုပ်ကာ ​ပြောလိုက်သည်။ ​"ရောင်းရင်းကျင့်ကြံသူက ချီးကျူးလွန်းလှပါတယ်..."

ထိုအခိုက်အတန့်တွင် ပွဲကြည့်စင်ထံမှ ရယ်​မောသံတစ်ခု ထွက်​ပေါ်လာ​လေ၏။ ထိုရယ်​မောလိုက်​သောသူသည် ထာဝရကလန်​ခေါင်း​ဆောင်ပင်။ သူက ပြုံး၍ မတ်တပ်ထရပ်ကာ ဝမ်လင်းထံ လက်နှစ်ဖက်ယှက်၍ ​ပြောသည်။

​" ရောင်းရင်းကျင့်ကြံသူလုက တယ်နှိမ့်ချသကို။ လူတိုင်း ဒီက​နေ့ အဖြစ်အပျက်ကို မြင်​တွေ့ပါတယ်။ ဒီအဘိုးအို​တောင် ​ရောင်းရင်းလုရဲ့ မန္တာန်​တွေအ​ပေါ် ​ အထင်ကြီးမိပါတယ်..."

ဝမ်လင်းသည် ပြုံးရုံသာ ပြုံး၍ လက်နှစ်ဖက်ဆုပ်သည်။ သူက စကားပြန်ဆိုမ​နေ​တော့​ပေ။

မြင့်မြတ်​သောအကြီးအကဲအဘိုးအိုက ထာဝရကလန်​ခေါင်း​ဆောင်ကို ကြည့်ကာ ​ပြောလိုက်သည်။

​"ရောင်းရင်းလုဟာ မူလကလန်က ဆိုမှ​တော့ ဒီကလန်ကို အဆင့်ငါး​ဒေသမှာပဲ ဆက်ထားဖို့က မသင့်​တော်​တော့ဘူး..."

ထာဝရကလန်၏ မြင့်မြတ်​သောအကြီးအကဲတစ်​ယောက်အ​နေဖြင့် သူသည် ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ကာ ဗဟရီကကိစ္စများတွင် သိပ်မပါဝင်​တော့​ပေ။ အခု သူသည် ကလန်တစ်ခုကို အဆင့်မြင့်​ပေးရန် ​​ပြောဆိုလာခြင်းမှာ သူ ဝမ်လင်းနှင့် မိတ်​ဆွေဖြစ်လို​​သော သူ့ဆန္ဒကို ပြသလိုသည့်အတွက်​ကြောင့်ပင်။

ထာဝရကလန်​ခေါင်း​ဆောင်က ​ပြုံး၍ ​ခေါင်းညိတ်သည်။ "အကြီးအကဲလျို​ပြောတာ မှန်ပါတယ်။ ​ရောင်းရင်းကျင့်ကြံသူလုက မူလကလန်ကလူ ဆိုမှ​တော့ ဒီကလန်ကို အဆင့်ငါး​ဒေသမှာပဲ ဆက်ထားဖို့ ဘယ်သင့်​တော်ပါ့မလဲ။ ​ရောင်းရင်းလု...မူလကလန်ကို အဆင့်ခုနစ်​ဒေသဆီ ​ရွှေ့​ပြောင်း​ပေးမယ်ဆို အ​ဆင်​ပြေနိုင်​မလား..."

ဝမ်လင်း၏အမူအရာသည် ပုံမှန်သာ ဖြစ်၏။ သူသည် လက်နှစ်ဖက်​ဆုပ်ကာ ပြုံး၍ ​ပြောလိုက်သည်။ "သင်တို့သ​ဘောက ဒီလိုဆိုမှ​တော့ ငါ သင်တို့ကို ​ကျေးဇူးတင်ပါတယ်..."

ထာဝရကလန်​ခေါင်း​ဆောင်သည် သူ့လက်ကို ​​ဝေ့ယမ်းကာ ပြုံး၍ ​တရင်းတနှီး ပြောလာသည်။

"ပြဿနာမရှိဘူး...။ ဒါက ဒီအဘိုးအို လုပ်သင့်တဲ့အရာပဲ။ ကျုပ်တို့ အရင်က ​ပြောခဲ့တဲ့ ကိစ္စက​ရော..."

"ငါ အဆင့်ရှစ်​ပြိုင်ပွဲကို ဝင်ပြိုင်​ပေးနိုင်ပါတယ်။ ဒါ​ပေမဲ့ ငါဟာ ဒဏ်ရာအပြင်းအထန် ရထားတဲ့အတွက် အကူအညီအချို့ လို​​အပ်​နေတယ်။ သင်သာ ဒီအတွက် ကူညီ​ပေးနိုင်ရင် ငါ ဝင်ပြိုင်​ပေးမှာ​ပေါ့..."

ဝမ်လင်းသည် ထာဝရကလန်​ခေါင်း​ဆောင်ကို ကြည့်ကာ ပြုံး၏။

ဝမ်လင်း၏စကားများကို ကြားရသည့်အခါ မြင့်မြတ်​သောအကြီးအကဲသည်ပင် သိချင်တကြီး ​မေးလာသည်။ "အို...​ရောင်းရင်းကျင့်ကြံသူလုက ဘာများ လိုချင်တာပါသလဲ..."

​"ရောင်းရင်းကျင့်ကြံသူ ​​တောင်းဆိုနိုင်ပါတယ်။ ငါ့လုပ်နိုင်စွမ်းအတွင်း ရှိတဲ့ဟာဆို အဆင့်ရှစ်ပြိုင်ပွဲ ရှိရှိ၊မရှိရှိ ​ရောင်းရင်းလု ပြန်​ကောင်းမွန်ဖို့အတွက် ငါ ကူညီ​ပေးနိုင်ပါတယ်..."

ထာဝရကလန်​ခေါင်း​ဆောင်က ပြုံး​​နေ၏။

ဝမ်လင်း၏မျက်လုံးတို့သည် လင်းလက်​နေသည်။ သူက နတ်ဘုရားအာရုံဖြင့် ထိုနှစ်​ယောက်ထံ စကားပို့လွှတ်လိုက်သည်။

ထို့​နောက်တွင် သူတို့နှစ်​ယောက်၏အမူအရာများည​ပြောင်းလဲသွားသည်။ သူတို့သည် တစ်​ယောက်နှင့်တစ်​ယောက်ကြည့်ကာ စတင်စဥ်းစားကြသည်။

​​"ရောင်းရင်းလု ...ဒီ​နေရာက စကား​ပြောဆိုလို့ ​ကောင်းတဲ့​နေရာ မဟုတ်ဘူး။ အခု ပြိုင်ပွဲလည်း ပြီးပြီးဆို​တော့ ငါတို့ ​တောင်အ​နောက်ဘက် သွားပြီး စကား​ပြောကြမလား..."

ကလန်​ခေါင်း​ဆောင်သည် တစ်ခုခုကို ပူပန်​နေဟန်ရသည်။

ဝမ်လင်းသည် လက်နှစ်ဖက်ဆုပ်ကာ ပြုံး၏။

"ကလန်​ခေါင်း​ဆောင်က ဒီလိုဆိုမှ​တော...ငါ နား​ထောင်ရမှာ​ပေါ့..."

ထာဝရကလန်​​ခေါင်း​ဆောင်သည် ပြုံး၍ သူ့​နောက်ရှိ ပွဲကြည့်စင်ထက်မှလူများကို ကြည့်လိုက်သည်။ သူ့အမူအရာမှာ အ​လေးအနက်ဖြစ်သွားပြီး သူက ဆိုသည်။ "အကြီးအကဲဖန်.. ပြိုင်ပွဲ ပြီးသွားပြီဆို​တော့ ကျန်တဲ့ကိစ္စ​တွေ ​သေချာလုပ်လိုက်​​တော့။ ဒါ​ပေမဲ့လည်း အဆင့်ရှစ်ကလန်​တွေကြားက ပြိုင်ပွဲဟာ နီးကပ်လာ​နေပြီ။ ဒါ့​ကြောင့် ဒီမှာရှိတဲ့ကျင့်ကြံသူ​တွေအ​နေနဲ့ ​ကျေးဇူးပြုပြီး ​နောက်ထပ်ရက်နည်းနည်း​လောက် ထပ်​နေကြပါဦး..."

အဆုံးသပ်၌ ကလန်​ခေါင်း​ဆောင်၏အသံသည် ​အေးစက်ကာ သတ်ဖြတ်လိုစိတ်ပါ ပါဝင်လာခဲ့သည်။

ထာဝရကလန်သည် အဆင့်ရှစ်ကလန်များကြားက ပြိုင်ပွဲအတွက် ဝမ်လင်း၏ အ​ကြောင်း မ​ပေါက်ကြား​အောင် ကာကွယ်ရ​ပေမည်။

ဖန်ဟိုင်၏မျက်လုံးက တလက်လက်ဖြစ်​လာပြီး သူသည် ​ခေါင်းညိတ်လိုက်သည်။ သူက ကလန်​ခေါင်း​ဆောင်၏ဆန္ဒကို နားလည်​ပေသည်။

ထာဝရကလန်​ခေါင်း​ဆောင်သည် လီချန်​မေ၊ဝမ်ရှန်ရှန်နှင့် မူ​ပင်း​မေတို့ကို အနည်းငယ်တုံ့ဆိုင်းဟန်ဖြင့် ကြည့်လိုက်သည်။ သူသည် သူတို့ကို မ​​ဖိတ်​​​ခေါ်​ဘဲ ဝမ်လင်းကိုသာ ပြုံးပြ၍ ပျံသန်းထွက်သွား​လေ၏။

ဝမ်လင်းသည် ချက်ခြင်း ​နောက်က လိုက်လာ၏။ သို့​သော် သူ မထွက်သွားခင်၌ သူက ​နောက်လှည့်ကြည့်ကာ သက်ပြင်းချမိသည်။

ထာဝရကလန်၏မြင့်မြတ်​သောကလန်​ခေါင်း​ဆောင်သည်လည်း ဝမ်လင်းနှင့်အတူ ပျံသန်းလိုက်လာရင်း ထာဝရကလန်အ​ကြောင်း ရှင်းပြသည်။ သူတို့သည် စကား​ပြောလိုက်၊ ရယ်​မောလိုက် ရှိ၏။ သူတို့သည် ဘာမ​ကျေနပ်စရာကိစ္စမှ မဖြစ်ခဲ့သည့်အလား ​ပျော်ရွှင်​နေဟန် ​ပေါ်​လေ၏။

ထာဝရကလန်သည် ဤကျင့်ကြံခြင်းဂြိုဟ်​ပေါ်တွင် မတည်ရှိ၊ တခြား​နေရာတွင် တည်ရှိ​ပေသည်။ သူတို့အားလုံးက အစွမ်းထက်ကျင့်ကြံသူများ ဖြစ်သည့်အတွက်​ကြောင့် သူတို့၏အမြန်နှုန်းမှာ အံ့အားသင့်ဖွယ်ရာ ​ကောင်းလှ​၏။ ကလန်​ခေါင်း​​ဆောင်၏ ​ရှေ့က ဦး​ဆောင်မှုနှင့်အတူ သူတို့သည် ​နောက်ထပ်ကျင့်ကြံခြင်းဂြိုဟ်တစ်ခုထံ ပျံသန်းလာကြရင်း ကလန်တစ်ခုက သူတို့​ရှေ့၌ တဖြည်းဖြည်းချင်း ​ပေါ်လာ​လေ၏။

အဆင့်ရှစ်ကလန်တစ်ခုအ​နေဖြင့် ထာဝရကလန်သည် ဤဂြိုဟ်တစ်ခုလုံးတွင် နေရာယူထားသည်။ ဂြိုဟ်အနှံ့တွင် အ​ဆောက်အဦများစွာ ရှိကာ ကုန်း​မြေသည် ​လေး​ထောင့်ကွက်လပ်များဖြင့် ပြည့်နှက်​နေသည်။

သူတို့ အနား​ရောက်လာချိန်တွင် ဝမ်လင်းသည် ဂြိုဟ်တစ်ခုလုံးထံမှ အတားအဆီးများ၏စွမ်းအားကို ခံစားမိသည်။ ဂြိုဟ်​ပေါ်တွင် ဟင်းလင်းပြင်အက်​ကြောင်း ရာချီလည်း ရှိ​​နေသည်။ ယင်းအက်​ကြောင်းများထဲ၌ တခြား​လောကများ ရှိ​​နေရ​ပေမည်။

"စုစု​ပေါင်း ဟင်းလင်းပြင်​နေရာ (၃၇၂) ရှိတယ်။ ဒီထဲက (၁၁၁)ခုဟာ အကန့်အသတ်မဲ့​လေဟာနယ်​တွေပဲ။ ကျန်တာက​တော့ သို​လှောင်​နေရာ​တွေ ဒါမှမဟုတ် အတိတ်တုန်းက အစွမ်းထက်ကျင့်ကြံသူ​တွေ တံခါးပိတ်ကျင့်ကြံခဲ့တဲ့ ​နေရာ​တွေ ဖြစ်ကြတယ်..."

မြင့်မြတ်​သောအကြီးအကဲက ဝမ်လင်းကို ရှင်းပြလိုက်၏။

သူတို့သည် ​ရှေ့ဆက်သွား​နေရင်း အ​ဆောက်အဦများစွာကို ​ကျော်ဖြတ်လာကြ၏။ သူတို့ကို ​တွေ့ကြ​သော လူတိုင်းမှာ ​လေးစားမှုကို ​​ဖော်ပြကြသည်။ သူတို့သည် လက်နှစ်ဖက်​ဆုပ်၍ နှုတ်ဆက်ကြပြီး ဝမ်လင်းတို့ သုံး​ယောက် မထွက်ခွာသွားခင် လှုပ်ရှားမှုပင် မလုပ်ဝံ့ကြ​ချေ။

သူတို့သုံး​ယောက်သည် အလွန်မြန်ကြ၏။ များမကြာမီတွင် ဝမ်လင်း​ရှေ့၌ တိမ်စိုင်များထိ ထိုး​​​​ဖောက်​နေ​သော မြင့်မားလှသည့်​ ​တောင်တစ်လုံး ​ပေါ်လာ၏။ ထို​တောင်သည် မြူများ ခြုံလွှမ်းလျက် ရှိပြီး ​ကောင်းကင်ဘုံ​တောင်တစ်လုံး၏ ဖြစ်တည်မှုမျိုး အ​ငွေ့အသက်ကို ​ပေးစွမ်း​နေသည်။

ထို​တောင်ကို မြင်လိုက်ရသည်နှင့် ဝမ်လင်း၏စိတ်ထဲတွင် နယ်ပယ်ခံစားမှုတစ်ခု ပြည့်နှက်လာသည်။

ထိုနယ်ပယ်မှာ ဓါးအ​ပေါ် နားလည်မှု ဖြစ်​လေ၏။ ယင်း​တောင်ကသာ ဓါးတစ်လက်အဖြစ် ​ပြောင်းသွားခဲ့ပါက ​လောကကို ထက်ပိုင်းခြမ်းပစ်မလား ထင်မှတ်ရ​ပေသည်။

ဝမ်လင်းသည် ထို​တောင်ကို ​တွေ့မြင်ရသည့်အခိုက်တွင် သူက ရပ်တန့်သည်။ သူ့မျက်လုံးတို့မှာ တလက်လက် ဖြစ်သွား၏။

သူသည် တစ်စုံတစ်ခုကို ​တွေ့ရှိလိုက်သလို ခံစားမိကာ သူ့စိတ်သည် တုန်လှုပ်ရသည်။

***

All Chapters