← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂) - အဘိုးကြီးရှောင်... အဘ််ိုးကြီးရှောင်...

[ပိုင်ရှင် - ရှောင်ဖန်း၊ လိင် - ကျား၊ အသက် - ၇၂ နှစ် (သက်တမ်း - ၃ နှစ်)]

[ဘက်စုံစွမ်းရည် - အဆင့် E]

[ခွန်အား - ၅ မှတ်]

[သွက်လက်မှု - ၄ မှတ်]

[ခန္ဓာကိုယ်ဖွဲ့စည်းမှု - ၃ မှတ်]

[စိတ်ဝိညာဉ်စွမ်းအား - ၈ မှတ်]

[သက်စောင့်အား - ၃ မှတ်]

[မှတ်ချက် - သက်စောင့်အားမှလွဲ၍ ကျန်အချက်အလက်များတွင် ၁၀ မှတ်သည် သာမန်အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦး၏ အခြေခံစံနှုန်း ဖြစ်သည်]

[စွမ်းရည် - မရှိပါ]

[အမှတ် - ၀]

[ထူးခြားသော အကြံပြုချက် - ပိုင်ရှင်သည် သဘာဝကပေးသောထူးခြားချက်ရှိပြီး အလှပဂေးများနှင့် ဆက်သွယ်ရန် အလွန်အမင်း သင့်လျော်ပါသည်]

[မှတ်ချက် - ပိုင်ရှင်သည် အလှပဂေးတစ်ဦးနှင့် ဆက်သွယ်တိုင်း ထိုသူ၏ နှစ်သက်မှုအဆင့် တိုးတက်လာပါမည်။ နှစ်သက်မှုအဆင့် ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိပါက ထိုသူသည်ပိုင်ရှင်အပေါ် လုံးဝသစ္စာရှိသွားမည်ဖြစ်ပြီး ထိုအချိန်မှစ၍ ဆက်လက်ဆက်သွယ်ပါက ၎င်း၏ ဘက်စုံအချက်အလက်များကို ဖြည်းဖြည်းချင်း တိုးမြင့်ပေးနိုင်ပါသည်]

ရှောင်ဖန်းသည် မိမိ၏ အချက်အလက်မျက်နှာပြင်ကို ကြည့်လိုက်သောအခါ စိတ်ဓာတ်ကျသွားရ၏။ သာမန်လူတစ်ယောက်၏ အခြေခံစံနှုန်းက ၁၀ မှတ် ဖြစ်သည်။ သူ၏ အချက်အလက်များမှာမူ ကြည့်ရဆိုးလွန်းလှ၏။

ထို့ပြင် သူ၏ သက်တမ်းမှာ ၃ နှစ်သာ ကျန်တော့သည်။ အအေးလွန်ကမ္ဘာပျက်ကပ်ကြီး မလာလျှင်ပင် သူသည် ကြာရှည်အသက်ရှင်ရတော့မည် မဟုတ်ပေ။

သို့သော် နောက်ဆုံးက ထူးခြားသော အကြံပြုချက်က ဘာကိုဆိုလိုတာလဲ။

ဤအဘိုးကြီး ရှောင်တွင် ထူးခြားချက်တစ်ခုခု ရှိနေ၍လား။

ရှောင်ဖန်းသည် သံသယစိတ်ဖြင့် မိမိ၏ ခန္ဓာကိုယ်ကို အထက်အောက် အနှံ့အပြား စစ်ဆေးကြည့်လိုက်၏။

မကြာမီမှာပင် ရှောင်ဖန်းသည် စနစ်ကပြောသော 'သဘာဝပေး ပါရမီထူးခြားချက်' ဆိုသည်ကို သဘောပေါက်သွားတော့သည်။

၎င်းမှာ အမျိုးသားအများစု အိပ်မက်မက်ရသော အရာဖြစ်သော်လည်း ထိုအဘ်ိုးကြီးကမူ အလွယ်တကူ ပိုင်ဆိုင်ထားခြင်း ဖြစ်၏။

စနစ်က ထူးခြားသော အကြံပြုချက်ပေးသည်မှာလည်း မဆန်းပေ။ ထိုအချက်ကြောင့်ပင် ရှောင်ဖန်းသည် ဤထူးဆန်းသော စနစ်ကို နိုးထခွင့်ရခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုကဲ့သို့သော ပါရမီကို ပိုင်ဆိုင်ထားသော်လည်း‌ ရှောင်ဖန်းသည် ကြာရှည်မပျော်နိုင်ခဲ့ချေ။ အသုံးချစရာနေရာမရှိသောပါရမီမှာ မရှိခြင်းနှင့် အတူတူပင် ဖြစ်သည်။

ထို့နောက် ရှောင်ဖန်းသည် စနစ်စတိုးဆိုင်မျက်နှာပြင်ကို နှိပ်၍ ကြည့်လိုက်၏။

[စနစ်စတိုးဆိုင် အဆင့် ၁ -နောက်တစ်ဆင့်သို့ မြှင့်တင်ရန် အမှတ် ၁၀ မှတ် လိုအပ်ပါသည်]

[ကျပန်းအစားအစာ ၁ တန် လျှင် ၂ မှတ်၊ ကျပန်းနေ့စဉ်သုံးပစ္စည်း ၅၀၀ ကီလိုဂရမ် လျှင် ၂ မှတ်၊ သန့်ရှင်းသောရေ ၁၀ တန် လျှင် ၂ မှတ်]

[အခြေခံအဆင့် အမိုးအကာ အဆင့်မြှင့်တင်ရေး မော်ဂျူး ၁၀ မှတ် (တစ်ခုတည်းသာ ရှိသည်)]

[စနစ်စတိုးဆိုင်တွင် ကုဗမီတာ ၁၀၀၀၀ ကျယ်ဝန်းသော သိုလှောင်မှုနေရာ ပါရှိသည်။ စနစ်အတွင်း လဲလှယ်ထားသော ပစ္စည်းများသည် ဤနေရာသို့ တိုက်ရိုက်ရောက်ရှိမည် ဖြစ်သည်]

[မှတ်ချက် - အဆင့် ၁ စနစ်စတိုးဆိုင်တွင် ပါရှိသော သိုလှောင်မှုနေရာသည် ပစ္စည်းများကို ထုတ်ယူရန်အတွက်သာ အသုံးပြုနိုင်ပြီး ပြန်လည်ထည့်သွင်း၍မရပါ]

သူသည် စနစ်စတိုးဆိုင်မျက်နှာပြင်ကို ပိတ်လိုက်၏။

ရှောင်ဖန်းသည် လုံခြုံရေးအခန်းရှိ ကုလားထိုင်ပေါ်တွင် မှီထိုင်ရင်း နောက်ထပ်ဘာလုပ်ရမည်ကို တွေးတောနေမိသည်။

သူ့တွင် စနစ်ရှိနေပြီ ဖြစ်၏။ အကယ်၍ သူ့တွင် အမှတ်များရှိလာပါက အမိုးအကာ အဆင့်မြှင့်တင်ရေး မော်ဂျူးနှင့် လဲလှယ်ပြီး ဘေးကင်းလုံခြုံသောအိမ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ရိက္ခာနှင့် ရေကိုလည်း အမှတ်များနှင့် လဲလှယ်နိုင်သည်။

သို့သော် ယခု အရေးကြီးဆုံး ပြဿနာမှာ အမှတ်များကို မည်သို့ရယူရမည်နည်း ဟူသည့်အချက် ဖြစ်၏။

ထို့ပြင် စုဆောင်းရမည့်သူများသည် စနစ်က အသိအမှတ်ပြုထားသော အမှတ်မြင့် အမျိုးသမီးများ ဖြစ်ရမည်။

ရှောင်ဖန်းသည် လုံခြုံရေးအခန်း ပြတင်းပေါက်မှတစ်ဆင့် အိမ်ရာဝင်းထဲသို့ အဝင်အထွက်ပြုလုပ်နေကြသော လူအုပ်ကြီးကို ကြည့်နေမိသော်လည်း အချိန်အတော်ကြာသည်အထိ စနစ်က အသိအမှတ်ပြုသည့် အမှတ်မြင့်အမျိုးသမီးတစ်ဦးမျှ ရှာမတွေ့ခဲ့ပေ။

ဤအချက်ကြောင့် စနစ်၏ အမှတ်မြင့်အမျိုးသမီး သတ်မှတ်ချက်မှာ မနိမ့်ကြောင်းရှောင်ဖန်း သဘောပေါက်လိုက်သည်။

ရှောင်ဖန်းတစ်ယောက် ပြဿနာကို မည်သို့ဖြေရှင်းရမည်ဟု ခေါင်းစားနေစဉ်မှာပင် လုံခြုံရေးအခန်းတံခါးသည် အပြင်မှ တွန်းဖွင့်ခြင်း ခံလိုက်ရ၏။

"အဘိုး‌ရှောင်... ရောက်နေပြီပဲ။ ဒီည ကျွန်မဆီ လာခဲ့ဦးနော်"

ညို့ဓာတ်ပြင်းပြီး နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာသည်။ ရှောင်ဖန်း အသံလာရာသို့ ကြည့်လိုက်ရာ လုံခြုံရေးအခန်းတံခါးဝတွင် အားကစားဝတ်စုံ ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော ကောက်ကြောင်းကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးက သူ့ကို မျက်စိမှိတ်ပြနေသည်ကို တွေ့လိုက်ရ၏။

ဒါက ဘာအခြေအနေလဲ။ ဇာတ်လမ်းရှိနေတာလား။

ထိုစဉ်မှာပင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

[အမှတ်မြင့် အမျိုးသမီးကို ရှာဖွေတွေ့ရှိပါပြီ။ ဘက်စုံအမှတ် - ၈ ဒသမ ၈။ စုဆောင်းရန် သင့်တော်သောသူ ဖြစ်ပါသည်]

[တီ]

[ထိုသူ၏ နှစ်သက်မှုအဆင့်သည် ၃၁ ရာခိုင်နှုန်းသို့ ရောက်ရှိနေသဖြင့် အောင်မြင်စွာ စုဆောင်းပြီးဖြစ်ပါသည်]

[လက်ရှိ စုဆောင်းထားသော အလှပဂေးအရေအတွက် - ၁ ဦး]

[ဆိုင်းအင် ပြုလုပ်ခွင့် ရရှိပါပြီ]

[ပထမဆုံး အလှပဂေးကို စုဆောင်းနိုင်ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် အမှတ် ၁၀ မှတ် ပေးအပ်ပါသည်]

ဆက်တိုက်ထွက်ပေါ်လာသော စနစ်၏ အသိပေးချက်များကြောင့် ရှောင်ဖန်းအနည်းငယ် ကြောင်အသွား၏။

သူသည် ဆိုင်းအင် ပြုလုပ်ခွင့် ရရှိသွားပြီဖြစ်သည့်အပြင် အမှတ် ၁၀ မှတ်ကိုလည်း အလကားရလိုက်ခြင်း ဖြစ်သည်။

ရှောင်ဖန်းသည် သူ၏မှတ်ဉာဏ်များကို အမြန်ပြန်လည်ရှာဖွေလိုက်ရာ ရှေ့တွင်ရှိနေသော အမျိုးသမီးနှင့်ပတ်သက်သည့် မှတ်ဉာဏ်များကို မကြာမီ ရှာတွေ့သွားတော့သည်။

အံဩစရာကောင်းလှ၏။ ဤအဘိုးကြီးရှောင်သည် ယခင်က ဤကဲ့သို့ စွမ်းဆောင်နိုင်ခဲ့လိမ့်မည်ဟု သူထင်မထားချေ။

ရှေ့တွင်ရှိနေသော အမျိုးသမီး၏အမည်မှာ ယွမ်ချင်းမေဖြစ်သည်။ သူမသည် အသက် ၂၆ နှစ်ရှိပြီး အိမ်ရာဝင်း၏ အိမ်ငှားတစ်ဦးဖြစ်ကာ အနီးနားရှိ အားကစားရုံတစ်ခုတွင် အလုပ်လုပ်ကိုင်သူ ဖြစ်၏။ ဤအမျိုးသမီးသည် အဘိုးရှောင်နှင့် ပုံမှန်မဟုတ်သော ဆက်ဆံရေး ရှိခဲ့ခြင်း ဖြစ်သည်။

အဘိုးကြီးရှောင်... အဘိုးကြီးရှောင်...

ခင်ဗျားက ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။

သို့သော် ၎င်းကပင် သူ၏ အရေးတကြီးလိုအပ်ချက်ကို အကောင်းဆုံး ဖြေရှင်းပေးလိုက်ခြင်း ဖြစ်သည်။

ရှောင်ဖန်းတွေးတောရင်း မျက်နှာတွင် အပြုံးများ ထင်ဟပ်လာကာ ပြောလိုက်၏။

"ချင်းမေ... စိတ်ချ။ ဒီည ငါ သေချာပေါက် လာခဲ့ပါ့မယ်"

ရှောင်ဖန်း၏ အဖြေကို ကြားရသောအခါယွမ်ချင်း‌မေသည် သူ့ကို မျက်စိတစ်ချက်မှိတ်ပြပြီးနောက် လှည့်ထွက်သွားတော့သည်။

ထွက်ခွာသွားသောယွမ်ချင်း‌မေ၏ ကျောပြင်ကိုကြည့်ရင်း‌ရှောင်ဖန်းသည်တံတွေးကိုအသာမြိုချမိ၏။သူမ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းမှာ တကယ်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

အခွင့်အရေး ရခဲလှသဖြင့် ရှောင်ဖန်းအနေဖြင့် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ယွမ်ချင်းမေ၏ နှစ်သက်မှုအဆင့်ကို ၁၀၀ ရာခိုင်နှုန်းသို့ အမြန်ဆုံးရောက်အောင် ပြုလုပ်ကာ အမှတ်များ ပိုမိုရယူရန် ဆုံးဖြတ်လိုက်၏။

"စနစ်... ဆိုင်းအင် လုပ်မယ်"

[ဆိုင်းအင် ပြီးမြောက်ပါပြီ။ လက်ရှိအမှတ် - ၁၁ မှတ်]

အမှတ်ရရှိမည့် ကိစ္စကို ဖြေရှင်းပြီးနောက် ရှောင်ဖန်း၏ စိတ်အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာခဲ့သည်။ သူသည် ဖန်ခွက်ကြီးထဲမှ ဂေါ့ဂျီသီးလက်ဖက်ရည်ကို တစ်ငုံသောက်ရင်း မကြာမီ ရောက်ရှိလာတော့မည့် ကမ္ဘာပျက်ကပ်အတွက် ဘာတွေပြင်ဆင်ရဦးမည်ကို တွေးတောနေမိ၏။

ပထမဆုံးအနေဖြင့် သူ ယခု နေထိုင်နေသော အိမ်သည် သေချာပေါက် အဆင်မပြေနိုင်ပေ။ သူ၏ လက်ရှိနေအိမ်မှာ အိမ်ရာဝင်းစီမံခန့်ခွဲရေးအဖွဲ့က ပေးထားသော အခန်းကျဉ်းလေးဖြစ်ပြီး ပထမထပ်တွင် ရှိသည်။

အအေးလွန်ကမ္ဘာပျက်ကပ် ရောက်လာပြီးနောက် နှစ်လတိုင်တိုင် ဆက်တိုက် ဆီးနှင်းမုန်တိုင်းများ တိုက်ခတ်မည်ဖြစ်ရာ နှင်းများသည် တိုက်၏ ငါးထပ်အထိ မြုပ်သွားလိမ့်မည် ဖြစ်သည်။ သူသည် ပိုမိုမြင့်သော အထပ်တွင်ရှိသည့် အိမ်တစ်လုံးကို ရှာဖွေရမည်ဖြစ်ပြီး ထိုအခါမှသာ အမိုးအကာ အဆင့်မြှင့်တင်ရေး မော်ဂျူးနှင့် လဲလှယ်၍ စိတ်ကြိုက် ပြုပြင်မွမ်းမံနိုင်မည် ဖြစ်သည်။

ဒုတိယအချက်မှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် လက်နက် ဖြစ်၏။ မဟာရှားနိုင်ငံတွင် သေနတ်သည် ထိန်းချုပ်ကန့်သတ်ထားသော ပစ္စည်းဖြစ်သဖြင့် ရရှိရန် အလွန်ခက်ခဲလှသည်။ ရနိုင်လျှင်ပင် ငွေကြေးအမြောက်အမြား ကုန်ကျမည် ဖြစ်ရာသူ၏ လက်ရှိငွေကြေးဖြင့်မူ မဖြစ်နိုင်ပေ။

မူလရှောင်ဖန်းသည် အိမ်ထောင်ဖက် အစောကြီး ဆုံးပါးသွားခဲ့ပြီး သားသမီးလည်း မရှိချေ။ နှစ်ပေါင်းများစွာ ခြိုးခြံချွေတာစုဆောင်းခဲ့ရာ အငြိမ်းစားယူရန်အတွက် ငွေ နှစ်သိန်းနီးပါးသာ ရှိသည်။ ထိုငွေပမာဏဖြင့် သေနတ်ရရန် မဖြစ်နိုင်ပေ။

မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန်အတွက် အရင်ဆုံး ဘာကိုယူရမည်ကိုမူ ရှောင်ဖန်းဆုံးဖြတ်ပြီးသား ဖြစ်သည်။ သူသည် အိမ်ရာဝင်း၏ မီးသတ်ပစ္စည်းများထဲမှ မီးသတ်ပုဆိန် နှစ်လက်ကို ယူရန် အစီအစဉ်ရှိ၏။ မီးသတ်ပုဆိန်သည် ဈေးကွက်ထဲတွင် ရောင်းချနေသော ဓားကဲ့သို့သော လက်နက်များထက်ပိုမိုခိုင်မာအားကောင်းသည်။

လေး နှင့် ဒူးလေးကဲ့သို့သော အဝေးပစ်လက်နက်များကိုမူ သူ ထည့်မတွေးတော့ပေ။ သူ၏ အိုမင်းလှုပ်ရှားရခက်သော ခန္ဓာကိုယ်နှင့် မှုန်ဝါးနေသော မျက်စိဖြင့် ထိုအရာများကို သုံးခြင်းမှာ ဖြုန်းတီးရာရောက်လိမ့်မည်။

သူ့တွင် စနစ်စတိုးဆိုင် ရှိနေ၏။ စတိုးဆိုင်အဆင့် မြင့်တက်လာပါက ပိုမိုကောင်းမွန်သောအရာများ ရှိလာနိုင်ပေသည်။

လောလောဆယ်တွင် သူ ပြင်ဆင်ရမည်မှာ ပိုမိုမြင့်သော အထပ်မှ အိမ်တစ်လုံးနှင့် အအေးဒဏ်ခံ အဝတ်အထည်များကို ရှာဖွေရန် ဖြစ်သည်။

ထို့ပြင် သူ၏ ရုပ်ရည်အသွင်အပြင်ကိုလည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်၏။ မည်သို့ပင်ဖြစ်စေ မူလ အဘိုး‌ရှောင်သည် အခြေခံရုပ်ရည် ကောင်းမွန်သူဖြစ်ပြီး အိုမင်းကာ ဖရိုဖရဲ ဝတ်ဆင်ထားခြင်းသာ ဖြစ်သည်။

သို့သော် ဝိညာဉ်ကူးပြောင်းလာသော ရှောင်ဖန်းအနေဖြင့်မူ သူ၏ စိတ်ဓာတ်သည် လူငယ်တစ်ယောက်ကဲ့သို့ပင် ရှိသေးသည်။

လူတစ်ယောက်၏ အသက်သည် ရုပ်ရည်ပေါ်တွင်မမူတည်ဘဲ စိတ်ဓာတ်ပေါ်တွင်သာမူတည်‌ပေသည်။ စိတ်ဓာတ်ငယ်ရွယ်နေလျှင် ထိုလူသည် ငယ်ရွယ်နေခြင်းပင် ဖြစ်သည်။ ယခုအချိန်တွင်‌ ရှောင်ဖန်းသည် မိမိကိုယ်ကိုယ် ထိုကဲ့သို့သာ နှစ်သိမ့်နေမိ၏။

သူသာ သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်မည်ဆိုပါက ခန့်ညားသော အဘိုးကြီးများကို သဘောကျတတ်သူနှင့် ဆုံတွေ့နိုင်ပြီး အမှတ်များ ရရှိရန် လမ်းစတစ်ခု ထပ်မံရရှိလာနိုင်ပေသည်။

ထိုသို့တွေးတောရင်း ရှောင်ဖန်းသည် အလုပ်ဆင်းချိန်ရောက်လျှင် စတင်လှုပ်ရှားရန် ပြင်ဆင်လိုက်တော့သည်။

သူသည် လုံခြုံရေးအလုပ်မှ မထွက်ရသည့်အကြောင်းအရင်းမှာသူ့တွင် ကိုယ်ပိုင်အစီအစဉ် ရှိသောကြောင့် ဖြစ်၏။ သူသည် ဝမ်ပေါင်ကို သူ့လိုပင်ပြန်လည်မွေးဖွားလာသူတစ်ဦးဖြစ်ပြီး စွမ်းရည်တစ်ခုခုပင် ပိုင်ဆိုင်ထားနိုင်သည်ဟု ပြင်းထန်စွာ သံသယဝင်နေမိသည်။

ထို့ကြောင့်‌ ရှောင်ဖန်းသည် အလုပ်၏ အခွင့်အရေးကို အသုံးချကာ ဝမ်ပေါင်ကို အနီးကပ် စောင့်ကြည့်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုလူသည် သူ၏ အကြီးမားဆုံးရန်သူဖြစ်ပေသည်။

*********

All Chapters