အခန်း ၃
Vol. 1 Ch. 3
အခန်း (၃) - နင့်ကိုရွေးမယ့်အစား
ရှောင်ဖန်းနေထိုင်ရာ အိမ်ရာဝင်း၏ လုံခြုံရေးဝန်ထမ်းများသည် တစ်ရက်လျှင် သုံးဆိုင်း၊ တစ်ဦးလျှင် ရှစ်နာရီနှုန်းဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်ကြရသည်။
အလုပ်ဆင်းချိန်အထိ ခက်ခက်ခဲခဲ သည်းခံစောင့်ဆိုင်းပြီးနောက် ရှောင်ဖန်းသည် နောက်အဆိုင်းဖြစ်သော အဘိုးစုနှင့် အလုပ်လွှဲပြောင်းမှုကို အမြန်လုပ်ဆောင်ကာ သူ၏အခန်းကျဉ်းလေးသို့ သုတ်ခြေတင်ပြန်လာခဲ့၏။
သူသည် မှတ်ဉာဏ်များအရကုတင်၏မွေ့ရာအောက်မှ ပလတ်စတစ်အိတ်တစ်အိတ်ကို နှိုက်ယူလိုက်သည်။
ထိုအိတ်ထဲတွင် ဘဏ်ကတ်တစ်ခု ထည့်ထားသော စာအိတ်ရှိနေပြီး ၎င်းကတ်သည် ရှောင်ဖန်း၏ လက်ရှိပိုင်ဆိုင်မှုအားလုံးဖြစ်သည့် အငြိမ်းစားစုဆောင်းငွေ ယွမ်နှစ်သိန်း ရှိနေ၏။
ရှောင်ဖန်းအနေဖြင့် ငွေပိုမိုရရှိမည့် အခြားနည်းလမ်းများကို တွေးကြည့်ခဲ့သေး၏။ သို့သော် မူလပိုင်ရှင် အဘိုးရှောင်၏ မှတ်ဉာဏ်ထဲတွင် စတော့ရှယ်ယာအခြေအနေများ ၊ထီပေါက်မည့် ဂဏန်းများ လုံးဝမပါရှိချေ။
ချေးငွေယူရမည်လား။
ရှောင်ဖန်း၏ လက်ရှိအသက်အရွယ်နှင့် မည်သူမျှသူ့ကို ငွေချေးမည်မဟုတ်ပေ။ တရားဝင်ဘဏ်ချေးငွေနှင့်အွန်လိုင်းချေးငွေများမှာ မဖြစ်နိုင်သလို အတိုးကြီးစားသူများထံ သွားလျှင်ပင် သူ၏အသက်အရွယ်ကြောင့် ချေးပေးကြမည်မဟုတ်ပေ။
ရှောင်ဖန်းသည် ထိုဘဏ်ကတ်ကိုယူကာ ကတ်ထဲရှိ ငွေသားအားလုံးကို ထုတ်ယူရန် အပြင်သို့ ထွက်လာခဲ့သည်။
သူ အိမ်ရာဝင်းဝင်ပေါက်သို့ ရောက်ရှိချိန်တွင် ပွဲတစ်ခုနှင့် တိုးတော့၏။ ဝမ်ပေါင်သည် သူ၏ရည်းစားဆိုသူနှင့် စကားများနေခြင်း ဖြစ်သည်။
ဝမ်ပေါင်၏အရပ်မှာငါးပေရှစ်လက်မပင် မပြည့်ချေ။ ခန္ဓာကိုယ်မှာ အနည်းငယ် ဝဝဖိုင့်ဖိုင့်ရှိပြီး မျက်နှာဝိုင်းကာ မျက်လုံးမှေးသည်။ သူ၏ရည်းစားဟု ဆိုသူ ချန်ကျားဟွီမှာမူ အရပ်ငါးပေခုနစ်လက်မခန့်ရှိပြီး ကောက်ကြောင်းလှပကာအပြစ်ကင်းစင်သော ရုပ်ရည်ကို ပိုင်ဆိုင်ထား၏။
တကယ်တွင်ချန်ကျားဟွီသည် ဝမ်ပေါင်၏ ရည်းစားမဟုတ်ဘဲဝမ်ပေါင်ကသာ တကောက်ကောက်လိုက်နေခြင်းဖြစ်ကြောင်း အိမ်ရာဝင်းထဲရှိ လူတိုင်း သိကြသည်။
သို့သော်လည်း ဝမ်ပေါင်သည် မိမိကိုယ်ကိုယ် ချန်ကျားဟွီ၏ ချစ်သူအဖြစ် အမြဲတစေ ထုတ်ဖော်ပြောဆိုရသည်ကို သဘောကျ၏။
ရှောင်ဖန်း၏ မူလမှတ်ဉာဏ်များအရ ကမ္ဘာပျက်ကပ် ရောက်ပြီးနောက် ချန်ကျားဟွီသည် ကြေကွဲဖွယ်ရာ ဇာတ်သိမ်းခဲ့ရသည်။ သူမသည် ဝမ်ပေါင်၏ ကစားစရာအဖြစ် အသုံးချခံရပြီးနောက် ဆီးနှင်းများထဲသို့ အအေးမိသေဆုံးရန် ပစ်ထုတ်ခြင်း ခံခဲ့ရ၏။ ထိုစဉ်က ဝမ်ပေါင်က ၎င်းသည် သူမ၏ သစ္စာဖောက်မှုအတွက် ဝဋ်လည်ခြင်းဖြစ်သည်ဟု ကြွေးကြော်ခဲ့သည်။
"ဝမ်ပေါင်... နင့်ကို ငါ သတိပေးလိုက်မယ်။ လူတိုင်းကို နင့်ရည်းစားပါဆိုပြီး လျှောက်ပြောနေတာ ရပ်လိုက်တော့။ မှန်ထဲမှာ နင့်ရုပ်နင် ပြန်ကြည့်ဦး၊ နင်က ငါနဲ့ တန်လို့လား"
ချန်ကျားဟွီက ရွံရှာစက်ဆုပ်သော မျက်နှာထားဖြင့် ပြောလိုက်၏။
ဝမ်ပေါင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မျက်နှာမှာ မည်းမှောင်သွားသည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အပြုံးတစ်ခုကိုကို အတင်းလုပ်ယူကာ ပြောလိုက်၏။
"ကျားဟွီ... ငါ မင်းကို နောက်ဆုံးအခွင့်အရေး တစ်ခုပေးမယ်။ မင်း တကယ်ပဲ ငါ့ရည်းစား မလုပ်ချင်ဘူးပေါ့"
"ဟွန်း... မလုပ်ချင်ဘူး။ နင့်ကိုယ်နင် ပြန်ကြည့်ဦး၊ နင်က လုံခြုံရေးအဘိုး ရှောင်လောက်တောင် ကြည့်မကောင်းဘူးဘူး။ ကမ္ဘာပေါ်မှာယောက်ျားဆိုလို့ နင်နဲ့ အဘိုးရှောင်နှစ်ယောက်တည်းပဲ ကျန်တော့မယ်ဆိုရင်တောင် နင့်ကိုရွေးမယ့်အစား အဘိုးရှောင်ကိုပဲ ရွေးလိုက်မယ်"
ချန်ကျားဟွီသည် စကားဆုံးသည်နှင့် အနီးနားတွင် ရပ်ကြည့်နေသောရှောင်ဖန်းကို လှမ်းကြည့်လိုက်၏။
ချန်ကျားဟွီ၏ ရုတ်တရက် ပြောကြားချက်ကြောင့် ရှောင်ဖန်းသည်ဝမ်ပေါင်၏ အကြည့်အောက်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
ဝမ်ပေါင်သည် ရှောင်ဖန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် ချန်ကျားဟွီဘက်သို့ ပြန်လှည့်ကာ ပြောလိုက်၏။
"နောက်မှ နောင်တမရစေနဲ့"
ထို့နောက် သူသည် အိမ်ရာဝင်းထွက်ပေါက်ဘက်သို့ ထွက်ခွာသွားတော့သည်။
ထိုအချိန်တွင် ရှောင်ဖန်းသည် ချန်ကျားဟွီထံသို့ လျှောက်သွားကာ မျှော်လင့်တကြီး မေးလိုက်၏။
"မင်း ခုနကပြောတာ တကယ်ပဲလား"
ချန်ကျားဟွီသည် ရှောင်ဖန်းကို လန့်ဖျန့်သွားသော မျက်နှာထားဖြင့် ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။
"အဘိုးရှောင်... ကျွန်မက ဥပမာပေးပြီး ပြောတာ။ အဘိုးကလည်း အသက်ပဲကြီးလှပြီ ဘာတွေ လျှောက်တွေးနေတာလဲ"
သူမသည် စကားဆုံးသည်နှင့် အိမ်ရာဝင်းထဲသို့ လှည့်ထွက်သွားတော့၏။
ထွက်ခွာသွားသော ချန်ကျားဟွီ၏ ကျောပြင်ကို ကြည့်ရင်း ရှောင်ဖန်းသည် မေးစေ့ကို ပွတ်သပ်ကာ မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ခု ထင်ဟပ်လာသည်။ အဘယ်ကြောင့်ဆိုသော် ချန်ကျားဟွီသည် ဘက်စုံအမှတ် ၈ ဒသမ ၉ အထိရှိသော အမှတ်မြင့်အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း စနစ်က သူ့ကို အသိပေးလိုက်သောကြောင့် ဖြစ်၏။
အိမ်ရာဝင်းမှ ထွက်လာပြီးနောက် ရှောင်ဖန်းသည် အနီးနားရှိ ကုန်တိုက်တစ်ခုသို့သွားကာ မိမိအတွက် အဝတ်အစားအသစ်တစ်စုံကို အရင်ဆုံး ဝယ်ယူလိုက်သည်။
အတိုဒီဇိုင်းနှင့် ကိုယ်ကျပ် ဂျင်းဂျာကင်၊ ပွပွစတိုင် ဂျင်းဘောင်းဘီရှည်၊ ထို့နောက် လည်ရှည် မာတင်ဖိနပ်တစ်စုံနှင့် ကောင်းဘွိုင်ဦးထုပ်တစ်လုံး ဖြစ်၏။
၎င်းအဝတ်များကို ဝတ်ဆင်လိုက်သောအခါ ရှောင်ဖန်း၏ အသွင်အပြင်မှာ ဖရိုဖရဲဖြစ်နေသော အဘိုးကြီးတစ်ဦးအဖြစ်မှ ခေတ်မီဆန်းပြားသော အဘိုးအိုတစ်ဦးအဖြစ်သို့ လုံးဝ ပြောင်းလဲသွားသည်။
ရှောင်ဖန်းသည် မှန်ထဲ၌ မိမိကိုယ်ကိုယ် ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်မိ၏။ အသက်အနည်းငယ် ကြီးနေသည်မှလွဲ၍ ကျန်အရာအားလုံးကို သူ သဘောကျသည်။
ငွေရှင်းနေစဉ်အတွင်း အရောင်းစာရေးမလေး နှစ်ဦးမှာ ရှောင်ဖန်းကို ကြည့်ကာ ပြုံးနေကြ၏။
"အဖိုးသာ အသက်ငယ်ဦးမယ်ဆိုရင် သမီးတောင် တွဲလိုက်မိမှာ"
မျက်မှန်တပ်ထားသည့်ခပ်ဝဝ အရောင်းစာရေးမလေးတစ်ဦးက စနောက်လိုက်သည်။
"အခုလည်း ငါက မဆိုးသေးပါဘူး။ အားအင်တွေ ပြည့်ဝနေတုန်းပဲ၊ အချို့ကိစ္စတွေမှာ လူငယ်တွေကို မရှုံးဘူးကွ။ မယုံရင် စမ်းကြည့်လို့ရတယ်"
ရှောင်ဖန်းကပြန်လည်စနောက်လိုက်၏။ သူ၏ စနောက်မှုကြောင့် မိန်းကလေးနှစ်ဦးမှာ တခိခိ ရယ်မောကြတော့သည်။
ကြည်နူးစရာကောင်းသော အခြေအနေတွင် ရှောင်ဖန်းသည် ငွေရှင်းလိုက်၏။
ဘေးကင်းလုံခြုံသောအိမ်သို့ ဝင်ရောက်ပြီးနောက်ယွမ်ချင်းမေနှင့်အတူ ပုန်းအောင်းကာ အမှတ်များစုဆောင်းရင်း မိမိကိုယ်ကိုယ် ဖြည်းဖြည်းချင်း သန်မာအောင် ပြုလုပ်ရန် ရှောင်ဖန်းစီစဉ်ထားသော်လည်းပြင်ပသို့ ထွက်ရမည့် အခြေအနေမျိုးကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ထို့ကြောင့် အအေးဒဏ်ခံဝတ်စုံသည် အလွန်အမင်း လိုအပ်လှ၏။ အမွေးပွအင်္ကျီများက အဆင်ပြေနိုင်သော်လည်း ၎င်း၏ နွေးထွေးမှုမှာ ယခုကဲ့သို့သော ပရော်ဖက်ရှင်နယ် အအေးဒဏ်ခံဝတ်စုံကို မယှဉ်နိုင်ပေ။
ထို့ကြောင့်အအေးဒဏ်ခံဝတ်စုံတစ်ခုဝယ်ကာငွေပေးချေပြီးနောက် ရှောင်ဖန်းသည် ကုန်တိုက်မှ ထွက်လာခဲ့သည်။ထိုသို့ဝယ်ယူရာတွင် သူ၏ငွေ ယွမ်ခြောက်သောင်းနီးပါး ကုန်ကျသွားခဲ့၏။
ထို့နောက် ရှောင်ဖန်းသည် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကို ရှာဖွေကာ ဆံပင်ပုံစံသစ် ညှပ်လိုက်ပြီး သူ၏ရုပ်ရည်ကို ပြင်ဆင်လိုက်သည်။ ဆံပင်ညှပ်ပြီးနောက် အနီးနားရှိ ဆိုင်ငယ်လေးတစ်ခုတွင် အစားအသောက် အမြန်စားလိုက်၏။
အိမ်ရာဝင်းသို့ ပြန်လာသည့် လမ်းတွင် ပန်းဆိုင်တစ်ဆိုင်ကို ဖြတ်သန်းစဉ် ရှောင်ဖန်းသည် နှင်းဆီပန်းတစ်စည်းကို သီးသန့် ဝယ်ယူခဲ့သည်။
အိမ်ရာဝင်းရှိ သူ၏ အခန်းကျဉ်းလေးသို့ ပြန်ရောက်သောအခါ ရှောင်ဖန်းသည် ထိုည၏ တိုက်ပွဲကြီးအတွက် အင်အားဖြည့်တင်းရန် ကုတင်ပေါ်၌ လဲလျောင်းအနားယူလိုက်တော့သည်။
နှစ်နာရီခန့် ကြာပြီးနောက်
ရှောင်ဖန်း၏ ဖုန်းသည် ရုတ်တရက် မြည်လာခဲ့၏။ သူ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ရာယွမ်ချင်းမေ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ရှောင်ဖန်းသည် ဖုန်းလက်ခံခလုတ်ကို အမြန်နှိပ်လိုက်၏။
"အဘိုးရှောင်... အခု လာခဲ့လို့ရပြီနော်"
ယွမ်ချင်းမေ၏ ညို့ဓာတ်ပြင်းပြီး နူးညံ့သောအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"ကောင်းပြီ။ ငါ အခုချက်ချင်း လာခဲ့မယ်"
ရှောင်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
*********