← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း (၆) - မုဆိုးမလေး ဖန်ချင်းယွီ

အလုပ်ဆင်းပြီးနောက် ရှောင်ဖန်းသည်ဖန်ချင်းယွီထံသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်၏။

သူမပိုင်ဆိုင်သည့်ယွမ်ချင်း‌မေ၏ အခန်းနှင့်မျက်နှာချင်းဆိုင်တွင် ရှိနေသော အခန်းကို ငှားရမ်းရန်ဖြစ်သည်။ သို့မှသာ နောင်တွင် အဆင့်နိမ့် ဘေးကင်းလုံခြုံရေးအိမ် ပြုပြင်မွမ်းမံမှု မော်ဂျူးကို အဆင်ပြေပြေ တပ်ဆင်နိုင်မည် ဖြစ်သည်။

သူ့၌ ဖန်ချင်းယွီ၏ ဖုန်းနံပါတ် မရှိသဖြင့် ရှောင်ဖန်းအနေဖြင့် သူမထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိချေ။

ဖန်ချင်းယွီသည်‌ ရှောင်ဖန်းနေထိုင်သော အိမ်ရာဝင်းအတွင်း၌ အတော်လေး ရေပန်းစားသူတစ်ဦး ဖြစ်၏။ သို့သော် သူမ၏ နာမည်ကျော်ကြားမှုမှာ ကောင်းမွန် သောကျော်ကြားခြင်းမဟုတ်‌ပေ။

ဖန်ချင်းယွီတွင်ယခင်က ခင်ပွန်းတစ်ဦး ရှိခဲ့ဖူးသည်။ သို့သော် သူတို့ လက်ထပ်ပြီး နှစ်နှစ်ပင်မပြည့်မီ ခင်ပွန်းဖြစ်သူမှာ ကျောက်ကပ်ပျက်စီးပြီး ကွယ်လွန်သွားခဲ့ရာ ကလေးလည်း ကျန်ရစ်ခဲ့ခြင်း မရှိချေ။

အိမ်ရာဝင်းအတွင်းရှိ အဒေါ်ကြီးများ၏ သတင်းပြန်ကြားရေးဗဟိုဌာန မှ ကောလာဟလများအရဖန်ချင်းယွီသည် အမျိုးသားများ၏ ယန်စွမ်းအင်များကို စုပ်ယူရန် ရည်ရွယ်ချက်ဖြင့် လာရောက်မွေးဖွားသည့် မြေခွေးဝိညာဉ်မတစ်ကောင် ဖြစ်သည်ဟု ဆိုကြ၏။

၎င်းမှာယုတ္တိမရှိသော စကားဖြစ်သော်လည်း သူမခင်ပွန်း ကွယ်လွန်ချိန်တွင်ရုပ်အလောင်းမှာ အခြောက်လှန်းထားသကဲ့သို့ပိန်လှီခြောက်ကပ်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့သဖြင့် လူအများစုက ၎င်းကို အမှန်ဟု ယုံကြည်နေကြခြင်း ဖြစ်သည်။

ထိုကောလာဟလကြောင့်ပင် ဖန်ချင်းယွီ၏ အလှအပကို မက်မောကြသော အမျိုးသားအများစုမှာ သူမနှင့် ဝေးဝေးတွင် နေခဲ့ကြခြင်း ဖြစ်၏။

သူမ၏ မျက်နှာသည် ပုံမှန်သာဖြစ်ပြီးအောက်ဘက်သို့ ဆက်လက်ကြည့်ရှုမည်ဆိုပါက သူမ၏စံနှုန်းသည်အနည်းဆုံးဆယ်မှတ်တွင် ကိုးမှတ်အထိပေးနိုင်သည်ဟုရှောင်ဖန်း ခံစားရ၏။

ဖန်ချင်းယွီ၏ ခန္ဓာကိုယ်အချိုးအစားမှာ ထိပ်တန်းအဆင့် ဖြစ်ပြီးပိုမိုမြင်သာအောင်ပြောရလျှင် သူမသည် ကာတွန်းစာအုပ်များထဲမှပြီးပြည့်စုံသော အချိုးအစားရှိသည့် ဇာတ်ကောင်များနှင့် တူ၏။ သူမ၏ပြီးပြည့်စုံသောခန္ဓာကိုယ်အလှမှာခွဲစိတ်ပြုပြင်ထားခြင်းမရှိဘဲသဘာဝအတိုင်း ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။

တိုက်အမှတ် ၇၊ ၁၀ ထပ်ရှိဖန်ချင်းယွီ၏ အိမ်ရှေ့သို့ ရောက်ရှိလာပြီးနောက်‌ ရှောင်ဖန်းသည် တံခါးကို ခေါက်လိုက်၏။

ခဏအကြာတွင် အခန်းထဲမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။

"ဘယ်သူလဲရှင့်"

"ငါပါ... လုံခြုံရေးက အဘိုး‌ရှောင်ပါ"

တံခါးပွင့်လာပြီး ဖန်ချင်းယွီသည် အဖြူရောင် ပိုးသားနွေရာသီဝတ်စုံကို ဝတ်ဆင်လျက် ထွက်လာခဲ့သည်။ သူမ၏ အဝတ်အစားများပေါ်တွင် ရေကွက်အချို့ ရှိနေ၏။

[အမှတ်မြင့်အမျိုးသမီးတစ်ဦးကို ရှာဖွေတွေ့ရှိပါသည်။ ဘက်စုံရမှတ် - ၈.၉ မှတ်။ စုဆောင်းနိုင်သောအလှပ‌ ဂေးအဖြစ် သတ်မှတ်ပါသည်]

"ဦးလေး‌ရှောင်လား... ဘာကိစ္စရှိလို့လဲရှင့်"

ဖန်ချင်းယွီက စူးစမ်းလိုသော မျက်နှာထားဖြင့် မေးလိုက်သည်။

ရှောင်ဖန်းက သူလာရသည့် ရည်ရွယ်ချက်ကို ရှင်းပြရန် ပြင်လိုက်စဉ်မှာပင်...ဖန်ချင်းယွီက အရင်ဦးအောင် စကားဆိုလာ၏။

"ဦးလေးရှောင်..အချိန်ကိုက် ရောက်လာတာပဲ။ ကျွန်မရဲ့ ရေချိုးခန်းထဲက ရေပိုက် ပျက်နေလို့လေ။ အဲဒါလေးကို တစ်ချက်လောက် ကြည့်ပေးလို့ ရမလားရှင့်"

ရှောင်ဖန်း၏ သဘောတူညီချက်ကိုပင် မစောင့်ဘဲ ဖန်ချင်းယွီသည် သူ့ကို အခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။

ရှောင်ဖန်းသည် ဖန်ချင်းယွီ၏ နောက်သို့လိုက်ကာ ရေချိုးခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် ရေချိုးကန်အထက်ရှိ ရေပိုက်၏ ဆက်ကြောင်းမှ ရေများ ဆက်တိုက်ယိုစိမ့်နေသည်ကို တွေ့ရှိလိုက်၏။

"ဘာမှမဖြစ်ပါဘူး။ ဆက်ကြောင်းက လျော့နေတာ ဖြစ်လိမ့်မယ်။ ပြန်ကျပ်ပေးလိုက်ရင် ရပါပြီ။ မင်းဆီမှာအဲကိရိယာတွေ ရှိလား"

ရှောင်ဖန်းက ယိုစိမ့်မှုကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။

"ရှိတယ်ရှင့်၊ သွားယူပေးမယ်နော်"

ခဏအကြာတွင် သူမသည် သေတ္တာစ်ခုကို ယူဆောင်လာပြီး ရှောင်ဖန်းထံသို့ ကမ်းပေးလိုက်သည်။‌ ရှောင်ဖန်းသည် သေတ္တာကိုဖွင့်ကာ ဂလန်ဒီတစ်ခုကို ထုတ်ယူပြီး ဆက်ကြောင်းကို ကျပ်ရန် ပြင်လိုက်၏။

ထိုအချိန်တွင် ဆက်ကြောင်းမှာ လုံးဝ ပြုတ်ထွက်သွားပြီး ပြင်းထန်သော ရေစီးကြောင်းတစ်ခုသည် သူတို့နှစ်ဦးထံသို့ ပန်းထွက်လာတော့သည်။

"အမလေး..."

ဖန်ချင်းယွီသည်အော်ဟစ်လိုက်ပြီး‌ ရှောင်ဖန်း၏ ကိုယ်ပေါ်သို့လဲကျသွားခဲ့၏။

"မြန်မြန်... မြန်မြန်...။ ရေချိုးခန်းရဲ့ မိန်းခလုတ်ကို အရင်ဆုံး သွားပိတ်လိုက်"

ရှောင်ဖန်းက ဖန်ချင်းယွီ၏ ခါးကို လက်တစ်ဖက်ဖြင့် ဖက်ထားရင်း အလျင်အမြန် အော်ပြောလိုက်သည်။

သူတို့နှစ်ဦးသည် ရေချိုးခန်းထဲတွင် အတော်ကြာဝရုန်းသုန်းကားဖြစ်ပြီးမှ မိန်းခလုတ်ကို ပိတ်နိုင်ခဲ့၏။

ထို့နောက်တွင် ရှောင်ဖန်းသည် ဂလန်ဒီကို အသုံးပြု၍ လျော့ရဲနေသော ဆက်ကြောင်းကို ပြန်လည်တပ်ဆင်ပေးလိုက်သည်။

အလုပ်ပြီးသွားသောအခါ‌ ရှောင်ဖန်းနှင့် ဖန်ချင်းယွီတို့သည် ရေချိုးခန်းထဲမှ ထွက်လာခဲ့ကြ၏။

"ဦးလေးရှောင်.. အားနာလိုက်တာရှင်။ ဦးလေးရဲ့ အဝတ်အစားတွေ အကုန် ရွှဲကုန်ပြီ"

ဖန်ချင်းယွီက အတော်လေး အားနာနေသော လေသံဖြင့် ပြောလိုက်သည်။

"ရပါတယ်... ဘာမှမဖြစ် ..."

ထိုအချိန်တွင် ၏ သူမျက်လုံးများသည်ဖန်ချင်းယွီထံမှ ဖယ်ခွာနိုင်ခြင်း မရှိတော့ချေ။

သူမဝတ်ဆင်ထားသော အဖြူရောင် ပိုးသားဝတ်စုံမှာရွှဲရွှဲစိုနေပြီး သူမ၏ ခန္ဓာကိုယ်တွင် ကပ်နေသဖြင့် သူမ၏ ပြီးပြည့်စုံသော ကောက်ကြောင်းကို အထင်အရှား မြင်တွေ့နေရသည်။‌ ရှောင်ဖန်းသည် တံတွေးကို မသိမသာ မျိုချလိုက်မိသည်။

ဖန်ချင်းယွီသည်လည်း မိမိ၏ အခြေအနေကို သတိပြုမိသွားပြီး ရှက်သွေးဖြန်းသွားကာ မျက်နှာနီမြန်းသွား၏။

"အို... ဦးလေး‌ရှောင်၊ ဦးလေးရဲ့ အဝတ်အစားတွေလည်း အကုန် စိုကုန်တာပဲ။ အအေးမပတ်အောင် လဲဖို့အတွက် အဝတ်အစား တစ်ခုခု သွားရှာပေးမယ်နော်"

ရှောင်ဖန်းလည်း ရွှဲရွှဲစိုနေသည်ကို သတိပြုမိသဖြင့် ဖန်ချင်းယွီက အလျင်အမြန် စကားဆိုလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရှောင်ဖန်း၏ အဝတ်အစားများသည်လည်း ခန္ဓာကိုယ်တွင် ကပ် နေပြီးသူ၏ ခြောက်ပေရှိသောအရပ်အမောင်းနှင့် ထင်ရှားပေါ်လွင်လာသော ကြွက်သားများကြောင့် သူသည် အတော်လေး ကြည့်ကောင်းနေပေသည်။

အဝတ်အစား သွားယူရန် အိပ်ခန်းထဲသို့ မဝင်မီ ဖန်ချင်းယွီသည်‌ ရှောင်ဖန်းကို မျက်လုံးထောင့်မှနေ၍ မသိမသာ ခိုးကြည့်လိုက်မိ၏။ ဦးလေးရှောင်က တကယ်တော့ အတော်လေး ကြည့်ကောင်းတဲ့သူပဲ့ဟု သူမစိတ်ထဲမှနေ၍ချီးမွမ်းလိုက်မိ၏။

ခဏအကြာတွင် ဖန်ချင်းယွီသည် အခြားအိ‌မ်နေဝတ်စုံကို လဲလှယ်ဝတ်ဆင်လျက် အိပ်ခန်းထဲမှ ထွက်လာခဲ့ပြီး သူမ၏ လက်ထဲတွင် အမျိုးသမီးဝတ် ဂါဝန်ရှည်တစ်ထည် ပါလာခဲ့သည်။

"ဦးလေးရှောင်... အိမ်မှာ အမျိုးသားဝတ် အဝတ်အစားမရှိလို့ပါ။ ဒီဂါဝန်က နည်းနည်းတော့ ကြီးပါတယ်၊ လောလောဆယ် ဒါလေးပဲ အဆင်ပြေအောင် ဝတ်ထားပေးပါနော်"

ဖန်ချင်းယွီက ရှောင်ဖန်းထံသို့ ဂါဝန်ကို ကမ်းပေးလိုက်၏။

ရှောင်ဖန်းသည် ဂါဝန်ကို လှမ်းယူလိုက်စဉ်မှာပင် ၎င်းထံမှ သင်းပျံ့သော ရနံ့ကို ရရှိလိုက်ပြီး သူ၏ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ကတုန်ကယင်ဖြစ်လာခဲ့သည်။

"ဦးလေးရှောင်... အဲဒါတွေကို အမြန်လဲလိုက်လေ။ စိုနေတဲ့ အဝတ်တွေကို လျှော်ပြီး အခြောက်ခံပေးမယ်"

ဖန်ချင်းယွီကသူမကို စိုက်ကြည့်နေသော‌ ရှောင်ဖန်းကို ကြည့်ကာ တိုက်တွန်းလိုက်၏။

"ဩော်... အင်း... ဟုတ်သားပဲ"

ရှောင်ဖန်းသည် ဂါဝန်ကို အနီးရှိ ဆိုဖာပေါ်သို့ တင်လိုက်ပြီး အဝတ်အစားများကို စတင်ချွတ်လိုက်တော့သည်။

သူ၏ အင်္ကျီကို ချွတ်လိုက်ရုံရှိသေး ဖန်ချင်းယွီ၏ အော်ဟစ်သံကို ကြားလိုက်ရ၏။

"ဦးလေးရှောင်... ဘာလုပ်တာလဲရှင်။ အခန်းထဲဝင်ပြီး သွားလဲလေ"

ဖန်ချင်းယွီက မျက်နှာနီမြန်းလျက် အော်လိုက်မှ‌ ရှောင်ဖန်းသတိပြန်ဝင်လာပြီးအလျင်အမြန် တောင်းပန်ကာ ဘေးခန်းသို့ လှည့်ဝင်ခဲ့၏။

ရှောင်ဖန်း၏ ကျောပြင်ကို ကြည့်ရင်းဖန်ချင်းယွီ၏ မျက်နှာမှာ ရဲရဲနီနေပြီး နှလုံးသားမှာလည်း ပိတ်မိနေသော ယုန်ငယ်လေးကဲ့သို့ တဒိန်းဒိန်း ခုန်နေတော့သည်။

သူမအနေဖြင့် ဦးလေး‌ရှောင်သည်အသက်ကြီးနေပြီဖြစ်သော်လည်း ခန္ဓာကိုယ်ကို ဤမျှ ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်ပြီး ကြွက်သားအမြောင်းမြောင်း ထွက်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

မုဆိုးမအဖြစ် နှစ်နှစ်တိုင်တိုင် နေထိုင်ခဲ့ရသော ဖန်ချင်းယွီသည် သာမန်အမျိုးသမီးတစ်ဦးဖြစ်သည့်အားလျော်စွာ အချို့သော အတွေးများ ရှိနေတတ်သည်မှာ သဘာဝပင် ဖြစ်၏။

သို့သော် ခင်ပွန်းဖြစ်သူ ကွယ်လွန်မှုနှင့် အိမ်ရာဝင်းအတွင်းရှိ အဒေါ်ကြီးများ၏ သတင်းပြန်ကြားရေးဗဟိုဌာန မှ ဆိုးရွားသော ကောလာဟာလများကြောင့် အမျိုးသားအများစုမှာ သူမနှင့် ဝေးဝေးတွင် နေခဲ့ကြသည်။

သူမကို မရိုးမသား ကြံစည်ကြသော အတင့်ရဲသည့် လူအချို့ ရှိခဲ့ဖူးသော်လည်း သူမအနေဖြင့် ၎င်းတို့ထဲမှ မည်သူ့ကိုမျှ သဘောမကျခဲ့ချေ။

ယနေ့‌ ရှောင်ဖန်းကို မြင်တွေ့လိုက်ရသောအခါသူမ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှု ဖြစ်သွားခဲ့ရ၏။

'ဖန်ချင်းယွီ... ညည်း ဘာတွေ တွေးနေတာလဲ၊ဒါ ဦးလေး ရှောင်လေ'

ဖန်ချင်းယွီသည် မိမိ၏ စိတ်ကို ပြန်လည်ထိန်းသိမ်းရန် ပါးကို နှစ်ချက်ခန့် အသာအယာ ရိုက်လိုက်မိသည်။

မကြာမီမှာပင် ရှောင်ဖန်းသည် ဂါဝန်ကို လဲလှယ်ဝတ်ဆင်လျက် ထွက်လာခဲ့၏။ဂါဝန်မှာ သူမအတွက် ကြီးမားသော်လည်း ခြောက်ပေမြင့်သော ရှောင်ဖန်းအတွက်မူသေးငယ်နေပေသည်။

ဂါဝန်၏ အနားသတ်မှာ ရှောင်ဖန်း၏ ပေါင်လယ်လောက်အထိသာ ရှိပြီး သူ၏သန်မာသော ခြေသလုံးကြွက်သားများ အထင်အရှား ပေါ်လွင်နေ၏။

ရှောင်ဖန်းကိုကြည့်နေသော ဖန်ချင်းယွီ၏ မျက်လုံးများသည် မသိမသာ အောက်ဘက်သို့ ဝေ့ဝဲသွားခဲ့ပြီး သူမ၏ ဖြူဖွေးသော မျက်နှာထက်တွင် ရှက်သွေးဖြန်းသွားခဲ့ရသည်။

"ဦးလေးရှောင်... စိုနေတဲ့ အဝတ်တွေ ပေး"

ဖန်ချင်းယွီက ရှေ့သို့ တိုးလာပြီး ရှောင်ဖန်း၏ လက်ထဲမှ စိုနေသော အဝတ်များကို လှမ်းယူလိုက်၏။

ရှောင်ဖန်းကမ်းပေးသော အဝတ်များကို ယူပြီးနောက် သူမသည် လှည့်၍ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။

ဖန်ချင်းယွီ၏ ဆွဲဆောင်မှုရှိသော နောက်ကျောကို ကြည့်ရင်း‌ ရှောင်ဖန်း၏ နှုတ်ခမ်းထောင့်များ ဖြည်းဖြည်းချင်း ကွေးညွတ်သွား၏။ ဖန်ချင်းယွီ၏ ခုနက တုံ့ပြန်မှုအားလုံးကို သူ မြင်တွေ့ခဲ့ရခြင်းကြောင့် ဖြစ်သည်။

ခဏအကြာတွင် ဖန်ချင်းယွီသည် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ ရှောင်ဖန်းစကားမပြောရသေးခင်မှာပင် သူမက မေးလိုက်၏။

"ဦးလေးရှောင်... ဦးလေးရဲ့ ခန္ဓာကိုယ်ကို ကြည့်ရတာ အမြဲတမ်း လေ့ကျင့်ခန်း လုပ်လေ့ရှိသလိုပဲနော်"

ဤစကားကို ကြားရသောအခါ ရှောင်ဖန်းပို၍ ယုံကြည်မှု ရှိသွားတော့သည်။ အမျိုးသမီးငယ်တစ်ဦးက အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်ကို စတင်စိတ်ဝင်စားလာပြီဆိုလျှင် သူမ၌အတွေးအချို့ ရှိနေခြင်းကြောင့်ပင် ဖြစ်၏။ အထူးသဖြင့် နှစ်နှစ်တိုင်တိုင် မုဆိုးမအဖြစ် နေထိုင်ခဲ့ရသော အမျိုးသမီးငယ်တစ်ဦး ဆိုလျှင်ပေါ့...။

*********

All Chapters