← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း (၇) - အဒေါ်တုန်

"ဟုတ်တယ်၊ ငါက လေ့ကျင့်ခန်း ပုံမှန်လုပ်နေကျ"

ရှောင်ဖန်းကအသာအယာ ရယ်မောရင်း‌ ဖြေလိုက်၏။

"ဦိးလေးရှောင်ကို တကယ် လေးစားတယ်။ အခုခေတ် လူငယ်တော်တော်များများတောင် ဦးလေးရှောင်လောက် ခန္ဓာကိုယ်အချိုးအစား မကောင်းကြဘူး"

ဖန်ချင်းယွီက ချီးမွမ်းလိုက်သည်။

အနည်းငယ်မျှ စကားစမြည်ပြောပြီးနောက် ရှောင်ဖန်းသည် ဖန်ချင်းယွီထံသို့ လာရသည့်အ‌ကြောင်းကိုဖွင့်ဟလိုက်၏။

ရှောင်ဖန်းက သူမ၏ အခန်းကို ငှားရမ်းလိုကြောင်း ကြားရသောအခါ ဖန်ချင်းယွီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း သဘောတူလိုက်သည်။ ဤအမျိုးသမီးငယ်သည် အတော်လေး စိတ်နှလုံးကောင်းရှိပုံရ၏။

ရှောင်ဖန်း၏ လက်ရှိအသက်အရွယ်နှင့် အိမ်ငှားရန် ရှာဖွေခြင်းမှာ အလွန်ခက်ခဲ၏။ လူအများစုမှာ သက်ကြီးရွယ်အိုများကို အိမ်ငှားရန် အလိုမရှိကြချေ။ နောက်ဆုံးတွင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ တိုက်အမှတ် ၁၀၊ ၁၅ ထပ်ရှိ အခန်းကို ရှောင်ဖန်းအား တစ်လလျှင် သုံးထောင်ဖြင့် ငှားရမ်းရန် သဘောတူလိုက်သည်။

ရှောင်ဖန်း၏ အဝတ်အစားများမခြောက်သေးသဖြင့် သူတို့နှစ်ဦးမှာ အတန်ကြာအောင် ဆက်လက် စကားပြောဖြစ်ခဲ့ကြ၏။ စကားပြောနေစဉ်အတွင်း ဖန်ချင်းယွီသည်‌ ရှောင်ဖန်းမှာ အသက်ကြီးသော်လည်း စကားပြောဆိုရာတွင် အတော်လေး အဆင်ပြေပြေပြောနိုင်ကြောင်း သတိပြုမိသွားသည်။

"ဦးလေးရှောင်.. ဦးလေးကို မမြင်ရဘဲစကားပြောတာပဲ နားထောင်ရင် ဦးလေးကို လူငယ်တစ်ယောက်လို့ ထင်မိမှာ သေချာတယ်"

ဖန်ချင်းယွီက အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်၏။

"ဟားဟား... တကယ်လည်းငါက အဲဒီလောက်လည်း အသက်မကြီးသေးပါဘူး။ အချို့‌နေရာတွေမှာဆိုရင် လူငယ်တွေထက်တောင် ပိုပြီး သန်မာဦးမယ်"

ရှောင်ဖန်းက ပြုံးရွှင်သော မျက်နှာထားဖြင့် စနောက်လိုက်သည်။

ဖန်ချင်းယွီသည် သူဆိုလိုသည့် အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားပြီး သူမ၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားခဲ့ရ၏။

ထို့နောက်သူမက တိုးညှင်းစွာ ကျိန်ဆဲလိုက်သည်။

"တော်တော်ညစ်ပတ်တဲ့အဖိုးကြီး "

စကားပြောနေစဉ်မှာပင် သူမ၏ မျက်လုံးများသည် မသိမသာ ရှောင်ဖန်း၏ အောက်ပိုင်းသို့ ရောက်သွားခဲ့၏။ ၎င်းကို မြင်သောအခါ ရှောင်ဖန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားတော့သည်။

ဖန်ချင်းယွီကို သိမ်းပိုက်နိုင်ရန်မှာ သေချာသလောက် ဖြစ်နေပြီ ဖြစ်သော်လည်း သတိထားသည့် အနေဖြင့်.သူသည် ဖြည်းဖြည်းချင်းသာ သွားရန် ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဖြစ်စေ အလျင်လိုလျှင် အလုပ်မဖြစ်ဘဲ နှစ်ချို့ဝိုင်ကို ဖြည်းဖြည်းချင်းသာ မြည်းစမ်းသင့်‌ ပေသည်။

သူ၏ အဝတ်အစားများ ခြောက်သွေ့သွားသောအခါ‌ ရှောင်ဖန်းသည် ဖန်ချင်းယွီအား အိမ်ငှားစာချုပ်ကို အရင်ဆုံး ရေးထားရန် ပြောလိုက်ပြီး မနက်ဖြန်တွင် ငွေယူဆောင်လာကာ စာချုပ်ချုပ်ဆိုပြီး သော့ယူမည်ဟု ဆိုခဲ့၏။ ဆက်သွယ်ရန် အချက်အလက်များ လဲလှယ်ပြီးနောက် သူသည် ဖန်ချင်းယွီ၏ အိမ်မှ ထွက်လာခဲ့တော့သည်။

သူ၏ အခန်းကျဉ်းလေးသို့ ပြန်ရောက်သောအခါ‌ ကုတင်ပေါ်တွင် လဲလျောင်းရင်း ဖုန်းဖြင့် အိမ်ရာဝင်း ပိုင်ရှင်များအဖွဲ့ကို လိုက်လံကြည့်ရှုနေမိ၏။ ရှောင်ဖန်းသည် အဖွဲ့ထဲမှ လူနှစ်ဦးကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားသည်။

ကျူချမ်းချမ်းနှင့် ဝမ်ကျိယင်း။

ထိုနှစ်ဦးမှာ ကမ္ဘာပျက်ကပ် ရောက်ပြီးနောက် ကျန်းပေါ် သိမ်းပိုက်ခဲ့သော အမျိုးသမီးနှစ်ဦး ဖြစ်သည်။‌ ရှောင်ဖန်းအနေဖြင့် ထိုနှစ်ဦးကို အနည်းငယ် အမှတ်ရနေ၏။

ကျူချမ်းချမ်းသည် စတော့အိတ်ချိန်းစကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦး ဖြစ်သည်။ ဝမ်ကျိယင်းမှာမူ ဆေးရုံတစ်ခုမှ ဆရာဝန်တစ်ဦး ဖြစ်၏။ နှစ်ဦးစလုံးမှာ ထိပ်တန်းအဆင့် အလှပ‌ဂေးများ ဖြစ်ကြပြီး ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားအရ အနည်းဆုံး ၉.၅ မှတ် သို့မဟုတ် ထိုထက်မက ပေးနိုင်ပေသည်။ ရှောင်ဖန်းအနေဖြင့် စနစ်သည် ဤနှစ်ဦးကို အမှတ်မြင့်အမျိုးသမီးများအဖြစ် သေချာပေါက် သတ်မှတ်လိမ့်မည်ဟု ခံစားမိ၏။

ထို့ကြောင့် သူသည် ၎င်းတို့ကို မိမိ၏အလှပဂေးစုဆောင်းမှုထဲသို့ ထည့်သွင်းနိုင်ရန် နည်းလမ်းရှာရမည် ဖြစ်သည်။ ထို့ပြင် ထိုကောင်လေး ဝမ်ပေါင်ကိုလည်း အလွယ်တကူ မရရှိစေရချေ။

သို့သော်လည်းအလှပ‌ဂေးနှစ်ဦးနှင့် စတင်သိကျွမ်း‌အောင်မည်သို့လုပ်‌ ဆောင်ရမည်ဟူသည့်အချက်မှာ ရှောင်ဖန်းအတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့၏။ သူက နေ့တိုင်း အိမ်ရာဝင်းဂိတ်ဝတွင် ရပ်နေပြီး မြင်ရုံနှင့် လှမ်းနှုတ်ဆက်ခြင်းမျိုး ၊၎င်းတို့၏ အိမ်ရှေ့သို့ သွားရောက်ခြင်းမျိုးတော့ ပြုလုပ်၍ မရနိုင်ချေ။ ထိုသို့ပြုလုပ်ပါက လူအများက သူ့ကိုနှာဘူးအဘိုးကြီးဟု သေချာပေါက် ထင်ကြလိမ့်မည် ဖြစ်ပြီး ၎င်းတို့ကို သိမ်းပိုက်မည့် အလုပ်မှာ ပိုမိုခက်ခဲသွားပေလိမ့်မည်။

အတော်ကြာအောင် တွေးတောသော်လည်း သင့်တော်သော အစီအစဉ် မထွက်လာသဖြင့် ရှောင်ဖန်းလည်း ဆက်မတွေးတော့ဘဲ နေလိုက်တော့သည်။

နောက်တစ်နေ့တွင် ရှောင်ဖန်းသည် ပုံမှန်အတိုင်း အလုပ်ဆင်းခဲ့၏။ အလုပ်ဆင်းပြီးနောက်အိမ်သို့ပြန်ကာ ငွေသုံးသောင်းကို ယူဆောင်၍ စာချုပ်ချုပ်ဆိုရန် ဖန်ချင်းယွီထံသို့ ထွက်လာခဲ့သည်။‌ ရှောင်ဖန်းသည် ဖန်ချင်းယွီနေထိုင်သော တိုက်အောက်ခြေသို့ ရောက်ရှိလာချိန်မှာပင်မလှမ်းမကမ်းမှ စကားများ ရန်ဖြစ်သံကို ကြားလိုက်ရ၏။ သူသည် ထိုအသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။

သူသည် အိမ်ရာဝင်းအတွင်း နာမည်ကြီးသော အာပြဲမကြီး အဒေါ်တုန်နှင့် အငြင်းပွားနေသည့်ဖန်ချင်းယွီကို တွေ့လိုက်ရ၏။

"အဒေါ်တုန်... အမဲသားလိုချင်ရင် ကိုယ်တိုင်သွားဝယ်လေ။ ကျွန်မဆီကနေ လုယူတာက ဘာသဘောလဲ"

ဖန်ချင်းယွီသည် အဒေါ်တုန်မလုယူနိုင်ရန်အမဲသားအိတ်ကို လက်တစ်ဖက်ဖြင့် မြဲမြံစွာ ဆွဲထားရင်း မကျေမနပ် ဖြစ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ချင်းယွီ... ငါက ပိုက်ဆံမပေးဘဲ ယူနေတာ မဟုတ်ပါဘူး။ အိမ်ပြန်ပြီး ပိုက်ဆံယူပြီးတာနဲ့ ချက်ချင်း လာပေးမှာပါ"

အဒေါ်တုန်က ပြောရင်း ဖန်ချင်းယွီ၏ လက်ထဲမှ အမဲသားအိတ်ကို အတင်းဆွဲလုလိုက်၏။

အိမ်ရာဝင်းအတွင်းရှိ လူတိုင်းက အဒေါ်တုန်သည် အလွန်ကပ်စေးနှဲပြီး အသေးအမွှားလေးကအစ အမြတ်ထုတ်လိုသူအဖြစ် လူသိများလှသည်။ ပိုက်ဆံပေးမည်။ ပိုက်ဆံပေးမည်ဟူသည်မှာသူမရာဇဝင်တွင် မရှိချေ။ သူမ ယူသွားပြီးလျှင် အလကား‌ ပေးသကဲ့သို့ပင် ဖြစ်သည်။

"စားချင်ရင် ကိုယ်တိုင်သွားဝယ်၊ ဘာလို့ လာလုနေတာလဲ"

ဖန်ချင်းယွီက စိတ်မရှည်စွာဖြင့် အမဲသားထုပ်ကို အားဖြင့် ပြန်လည်ဆွဲယူလိုက်၏။

သူ့ကို လုယူနေသည်ဟု ဖန်ချင်းယွီ ပြောသည်ကို ကြားသောအခါ အဒေါ်တုန် ချက်ချင်းပင် ဒေါသထွက်သွားပြီး အော်ဟစ်တော့သည်။

"ညည်းလို ကောင်မကဘယ်သူ့ကို လုတယ်လို့ ပြောတာလဲ။ ငါက အသက်ကြီးလို့ သွားရလာရတာ အဆင်မပြေလို့ယူတာ၊ ပိုက်ဆံမပေးဘဲ နေမှာမို့လို့လား"

ထိုအချိန်တွင် အဒေါ်တုန်၏ အသုံးမကျသော သားဖြစ်သူ ချန်းတာချန်သည် သူမ၏ နောက်မှ ထွက်လာပြီးဖန်ချင်းယွီကို ကြမ်းတမ်းစွာ ပြောဆိုလိုက်၏။

"လင်သေမ... လက်ကို လွှတ်စမ်း"

ထိုသို့ပြောပြီးနောက် သူသည် ရုတ်တရက် ဖန်ချင်းယွီ၏ လက်ကို ဆွဲဖယ်ဟန်ပြုကာအသားယူတော့သည်။

ဖန်ချင်းယွီသည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးသဖြင့် လန့်ဖျတ်ကာပျာယာခတ်သွားပြီး ချန်းတာချန်၏ ယုတ်မာသော လက်များကို အလျင်အမြန် ကာကွယ်တားဆီးနေ၏။

ဖန်ချင်းယွီသည် ရှောင်ဖန်း သိမ်းပိုက်ရန် ရည်ရွယ်ထားသောအလှပ‌ဂေးတစ်ဦး ဖြစ်၍‌နောင်တွင်သူ၏မိန်းမဖြစ်လာမည့်သူဖြစ်သည်။ သူ၏ အမျိုးသမီးကို လာရောက်ထိပါးဝံ့သူ ရှိနေသည်ကို တွေ့လိုက်ရသောအခါ ရှောင်ဖန်း၏ ဒေါသမီးမှာ ချက်ချင်းပင် ထတောက်သွားတော့သည်။

ရှောင်ဖန်းသည် ရှေ့သို့ အပြေးအလွှား သွားကာ အရှိန်ပြင်းပြင်းဖြင့် လွှဲကန်လိုက်ရာ ချန်းတာချန်တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။

မိမိ၏ သားဖြစ်သူ ကန်ထုတ်ခံလိုက်ရသည်ကို တွေ့သောအခါ အဒေါ်တုန်သည် အမဲသားထုပ်ကို ချက်ချင်းလွှတ်ပြီး ရှောင်ဖန်းထံသို့ ပြေးဝင်လာသည်။

"အဖိုးကြီး... ငါ့သားကို ဘယ်လိုတောင် ရိုက်ရဲတာလဲ။ နင့်ကို သတ်ပစ်မယ်"

အဒေါ်တုန်က အော်ဟစ်ရင်း‌ ရှောင်ဖန်း၏ မျက်နှာကို ကုတ်ဖဲ့ရန် ကြိုးစားလာ၏။

ရှောင်ဖန်းကလည်း အလျှော့မပေးဘဲ အဒေါ်တုန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အင်အားမှာ သာမန်အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦး၏ အဆင့်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ရာ ဤပါးရိုက်ချက်ကြောင့် အဒေါ်တုန်တစ်ယောက် ယိုင်ထိုးကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့တော့သည်။

အဒေါ်တုန်ကို ရိုက်ပြီးနောက်‌ ရှောင်ဖန်းသည် ဖန်ချင်းယွီ၏ ဘေးသို့ လျှောက်သွားကာ စိုးရိမ်တကြီး မေးလိုက်၏။

"အဆင်ပြေရဲ့လား"

ထိုအချိန်တွင် ဖန်ချင်းယွီက သူ့ကို ကြည့်သော မျက်ဝန်းများ၌ ကျေးဇူးတင်ရှိမှုများဖြင့် ပြည့်နှက်နေပြီး သူမက ခေါင်းခါပြကာ

"အဆင်ပြေပါတယ်၊ ကျွန်မ ဘာမှမဖြစ်ပါဘူး"

ထိုအချိန်တွင် မြေပြင်မှ ပြန်လည်ရုန်းထလာသော ချန်းတာချန်သည် ရှောင်ဖန်းကျောပြင်ကို နောက်ကွယ်မှ ကန်လိုက်သည်။ သို့သော်လည်း ချန်းတာချန်၏ ခန္ဓာကိုယ်မှာ နှစ်ပေါင်းများစွာ အပြာကားများကြည့်ခြင်းနှင့်အပျော်အပါးမက်ခြင်းတို့ကြောင့် အားအင်ချည့်နဲ့နေပြီ ဖြစ်ရာ ကန်ချက်တွင် အားသိပ်မပါလှချေ။

အလစ်အငိုက်အကန် ခံလိုက်ရသည့်‌ ရှောင်ဖန်းသည် ဒေါသဖြင့် လှည့်ကြည့်ကာ ချန်းတာချန်ကို မြေပြင်ပေါ်သို့ လဲကျသွားအောင် ခြေနှစ်ချက် ဆင့်ကန်လိုက်တော့သည်။ ထို့နောက် ဖင်ကို နောက်ထပ် ခြေနှစ်ချက် ထပ်မံကန်လိုက်ရာ ချန်းတာချန်တစ်ယောက် နာကျင်စွာဖြင့် အော်ဟစ်နေရတော့၏။

"ကယ်ကြပါဦး... ကယ်ကြပါဦး။ လင်သေမနဲ့ လုံခြုံရေးအဘိုးကြီးပေါင်းပြီး လူသတ်နေကြပြီ"

မိမိ၏ သားဖြစ်သူ အရိုက်ခံနေရသည်ကို မြင်သောအခါ အဒေါ်တုန်သည် အများကြားအောင်အော်ဟစ်ငိုယိုတော့သည်။

အဒေါ်တုန်၏ အော်ဟစ်သံကြောင့် အိမ်ရာဝင်းအတွင်းရှိ လူအချို့သည်စပ်စုလိုစိတ်ဖြင့် အလျင်အမြန်‌စုဝေးလာကြ၏။ လူအုပ်ကြီး များပြားလာချိန်တွင်အဒေါ်တုန်သည် ထရပ်ကာ ရှောင်ဖန်းလက်ညှိုးထိုးရင်းစတင်တ်ိုင်တန်းတော့သည်။

"အားလုံးပဲ ကြည့်ကြပါဦး။ ဒီဖောက်ပြန်နေတဲ့ အတွဲက သူတို့ကိစ္စ ဖမ်းမိသွားလို့ သက်သေဖျောက်ဖို့ ငါတို့ကို သတ်ဖို့ ကြိုးစားနေကြတာ"

အိမ်ရာဝင်းအတွင်းရှိ လူများက အဒေါ်တုန်သည် မည်ကဲ့သို့သော လူစားမျိုး ဖြစ်သည်ကို ကောင်းစွာ သိကြ၏။ သက်သေဖျောက်ဖို့ သတ်တယ်ဆိုသည့်အပိုင်းမှာ သူမ၏ ချဲ့ကားပြောဆိုမှု ဖြစ်နိုင်သော်လည်း လူအုပ်ကြီးမှာ ဖောက်ပြန်နေတဲ့ အတွဲဆိုသည့် စကားလုံးကိုမူ အတော်လေး စိတ်ဝင်စားသွားကြသည်။ မည်သို့ပင်ဖြစ်စေ ဖန်ချင်းယွီသည် အိမ်ရာဝင်းအတွင်း၌ အနည်းငယ် ရေပန်းစားသူတစ်ဦး မဟုတ်ပါလား။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက လက်ညှိုးထိုးပြီး တိုးတိုးတိုးတိုး ပြောဆိုနေကြသည်ကို ကြည့်ရင်း ဖန်ချင်းယွီမှာ ပျာယာခတ်သွားပြီး မသိမသာဖြင့် ရှောင်ဖန်း၏ ဘေးနားသို့ ပိုမိုတိုးကပ်လာခဲ့သည်။

ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရသော်လည်း ရှောင်ဖန်းမှာ လုံးဝ ပျာယာခတ်ခြင်းမရှိဘဲ သူ၏ နှုတ်ခမ်းထောင့်များပင် အနည်းငယ် ကွေးညွတ်သွားခဲ့၏။

သူသည် မိမိဘေးရှိ ဖန်ချင်းယွီအား တိုးညှင်းစွာ ပြောလိုက်သည်။

"ဒါက ကိစ္စအသေးအမွှားလေးပါ၊ စိတ်မပူနဲ့နော်"

ထိုသို့ပြောပြီးနောက် ရှောင်ဖန်းသည် အော်ဟစ်ဆဲဆို ဖြစ်သော အဒေါ်တုန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားတော့သည်။

********

All Chapters