← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း (၈) - အနှောက်အယှက်

"ဖြန်း..."

ကျယ်လောင်လှသော ပါးရိုက်သံတစ်ခု ထွက်ပေါ်လာ၏။

အဒေါ်တုန်သည် အနည်းငယ် ဖူးရောင်သွားသော မိမိ၏ ပါးပြင်ကို အံ့ဩတုန်လှုပ်စွာ ကိုင်ရင်း ရှောင်ဖန်းကို ကြည့်လိုက်သည်။ လူအများအပြား ကြည့်နေသည့် ကြားထဲတွင်‌ ရှောင်ဖန်းကသူမကို ရိုက်ရဲလိမ့်မည်ဟု သူမလုံးဝ မျှော်လင့်မထားခဲ့ချေ။

"လူသတ်နေပါပြီ.. ကယ်ကြပါဦး"

အဒေါ်တုန်ကချက်ချင်းပင် အကြောဆွဲသလို မြေပြင်ပေါ်၌ လူးလှိမ့်ကာ အော်ဟစ်ငိုယိုတော့သည်။

ရှောင်ဖန်းက ၎င်းကိုကြည့်ကာ အထင်အမြင်သေးစွာ ပြုံးလိုက်၏။

"အော်စမ်း... ဆက်အော်စမ်း။ နင် ဆက်အော်နေရင် နင့်ကိုပါ သတ်ပစ်မယ်၊ မယုံရင် စမ်းကြည့်မလား။ ဘာပဲဖြစ်ဖြစ် ငါ့မှာ သားသမီးမရှိဘူး၊ အသက်ကလည်း နေသသင့်သလောက် နေခဲ့ပြီးပြီ။ နင့်နနဲ့ အသက်ချင်းလဲရတာ တန်တယ်"

ရှောင်ဖန်းက ထိုသို့ပြောလိုက်သည်နှင့် အဒေါ်တုန်ထိတ်လန့်သွားပြီး ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။ မည်သို့ပင်ဖြစ်စေ အသက်ခုနစ်ဆယ်အရွယ် အဖိုးကြီးတစ်ယောက်၏ အသက်နှင့်လဲမည့် ခြိမ်းခြောက်မှုကို မည်သူမျှ မကြောက်ဘဲ မနေနိုင်‌ပေ။

"ကဲ... လစ်တော့"

ရှောင်ဖန်းက အဒေါ်တုန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ အဒေါ်တုန်သည် အလျင်အမြန် ထကာ သူမ၏ သားကို ဆွဲပြီး ထိုနေရာမှ အရှက်တကွဲဖြင့် သုတ်ခြေတင် ပြေးတော့သည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ လူများ၏ ထူးဆန်းသော ကြည့်ရှုမှုများကို ဂရုမစိုက်ဘဲ ရှောင်ဖန်းသည် ဖန်ချင်းယွီ၏ လက်ထဲမှ ဟင်းသီးဟင်းရွက်ခြင်းကို လှမ်းယူလိုက်၏။

"သွားကြစို့... ငါ မင်းကို အိမ်အထိ လိုက်ပို့ပေးမယ်"

ရှောင်ဖန်းက ဖန်ချင်းယွီကို ပြုံး၍ ပြောလိုက်သည်။ထိုအချိန်တွင် ဖန်ချင်းယွီမှာ ခုနက ဖြစ်ပျက်သွားသည်များကို ကောင်းစွာ သဘောမပေါက်သေးချေ။

"အော်... ဟုတ်ကဲ့... ဟုတ်ကဲ့ပါရှင့်"

သူမ သတိဝင်လာပြီးနောက် မျက်နှာလေး နီမြန်းလျက် ပြန်လည်ဖြေကြားလိုက်သည်။

ရှောင်ဖန်းနှင့်ဖန်ချင်းယွီတို့ လှေကားထောင့်သို့ ဝင်လာစဉ်မှာပင် နောက်ကွယ်မှ လူအုပ်ကြီး၏ အတင်းပြောသံများ ထွက်ပေါ်လာတော့၏။

"တောက်... အဘိိကြီး‌ရှောင်က ဘယ်တုန်းက ဒီလောက်အထိ ဒေါသကြီးသွားတာလဲ"

"ဒီလူကြီးကလည်း မလွယ်ဘူး။ဖန်ချင်းယွီလို မိန်းမကိုတောင် ကြံစည်ရဲတယ်ပေါ့"

"မင်းမသိဘူးလား။ သူက အသက်ကြီးနေပြီ၊ နေရမယ့်ရက်က သိပ်မကျန်တော့ဘူးလေ။ တစ်ရက် ပျော်ရရင် တစ်ရက် တန်တာပေါ့"

နောက်ကွယ်မှ ကဲ့ရဲ့ရှုတ်ချသံများကို ကြားရသောအခါ ဖန်ချင်းယွီ၏ မျက်နှာမှာ ပိုမိုနီမြန်းလာခဲ့ရ၏။ သူမသည် ရှောင်ဖန်းကို မသိမသာ ခိုးကြည့်လိုက်မိပြီး သူမ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်အချို့ ပါဝင်နေပေသည်။

ဖန်ချင်းယွီ၏ အိမ်သို့ ရောက်ရှိလာသောအခါ ရှောင်ဖန်းသည် ငွေသုံးသောင်းကို ထုတ်လိုက်၏။

"စာချုပ် အဆင်သင့်ဖြစ်ပြီလား"

"အဆင်သင့်ဖြစ်ပါပြီရှင့်။ ဦးလေး‌ ရှောင်ခဏလောက် စောင့်ပေးပါနော်"

ဖန်ချငါးယွီသည် ငွေကိုယူကာ ဧည့်ခန်းစားပွဲပေါ်တင်ပြီး အိပ်ခန်းထဲသို့ လှည့်ဝင်သွားခဲ့သည်။

မကြာမီမှာပင် သူမသည် စာချုပ်နှစ်စောင်နှင့် သော့တွဲကို ယူဆောင်၍ ထွက်လာခဲ့၏။ထို့နောက်သူမသည် ဘောပင်ကို ကိုင်ကာ စာချုပ်ကို စတင်ဖြည့်စွက်တော့သည်။

မကြာမီမှာပင် ဖန်ချင်းယွီသည် ဖြည့်စွက်ပြီးသော စာချုပ်တစ်ခုကို ရှောင်ဖန်းထံသို့ ကမ်းပေးလိုက်၏။ သူက အသာအယာယူ၍ဖတ်ကြည့်လိုက်ရာ ငွေပမာဏမှာ နှစ်သောင်းသို့ ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရသည်။

"ချင်းယွီ... ဒါက ဘာသဘောလဲ"

သူကဇဝေဇဝါဖြင့်မေးလိုက်၏။

"ဦးလေးရှောင်... ခုနက ကျွန်မကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့် အိမ်ငှားခကို တစ်သောင်း လျှော့ပေးလိုက်တာပါ"

ရှောင်ဖန်းက ခေါင်းညိတ်လိုက်ပြီး သူမကို အားနာမနေတော့ချေ။ လက်တွေ့တွင် သူသည် ငွေတစ်သောင်း ပိုခြင်း၊ လျော့ခြင်းကို ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ မကြာမီအချိန်အတွင်း ငွေကြေးဆိုသည်မှာ စက္ကူစုတ်တစ်ပုံထက် မပိုတော့ချေ။

စာချုပ်ချုပ်ဆိုပြီးနောက် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်ဖန်ချင်းယွီသူ့ကို ရုတ်တရက် လှမ်းခေါ်လိုက်၏။

"ဦးလေးရှောင်... အိမ်မှာ ညစာတစ်ခါတည်း စားသွားပါလားဟင်။ ဟင်းသီးဟင်းရွက်တွေလည်း အများကြီး ဝယ်လာတာဆိုတော့"

ရှောင်ဖန်း ခြေလှမ်းများ ရပ်တန့်သွားပြီး သူမကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်မိသည်။အခွင့်အရေး ရှိလာပြီပဲ။

"ဟားဟား... ရတာပေါ့။ အလှပဂေးလေးရဲ့ လက်ရာကို ငါလည်း မြည်းစမ်းကြည့်ချင်နေတာနဲ့ အတော်ပဲ"

ဤကဲ့သို့သော အခွင့်အရေးကို‌ ရှောင်ဖန်းအနေဖြင့်မငြင်းပယ်နိုင်ပေ။

ထို့နောက်တွင် သူတို့နှစ်ဦးသည် မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်သွားကြတော့သည်။ ဖန်ချင်းယွီက ဟင်းချက်ခြင်းကို တာဝန်ယူပြီး သူက ဘေးမှနေ၍ ကူညီပေး၏။ သူတို့သည် အလုပ်လုပ်ရင်း စကားစမြည်ပြောဆိုကြသည်။

မကြာမီမှာပင် ဖန်ချင်းယွီသည် စားပွဲအပြည့် ဟင်းပွဲများကို ပြင်ဆင်ပြီးစီးသွားခဲ့၏။

"ချင်းယွီ... မင်းရဲ့လက်ရာက တကယ်ကို ထိပ်တန်းပဲ"

အရသာရှိလှသော ဟင်းပွဲများကို ကြည့်ရင်း ရှောင်ဖန်းက ချီးမွမ်းလိုက်သည်။

"တစ်ယောက်တည်း နေတာဆိုတော့ အားတဲ့အချိန်တွေမှာ ဟင်းချက်နည်းတွေ သင်ရင်းစမ်းချက်ကြည့်‌နေတာ၊ စားလို့တော့ ရမယ်ထင်ပါတယ်"

ထိုသို့ပြောပြီးနောက် ဖန်ချင်းယွီသည် ဝိုင်ဘီဒိုထဲမှ ဝိုင်နီတစ်ပုလင်းကို ထုတ်ယူလိုက်သည်။

"ဦးလေးရှောင်... ဝိုင် သောက်တတ်လားဟင်"

သူမ၏ လက်ထဲမှ ဝိုင်ကို ကြည့်ရင်း ရှောင်ဖန်း၏ မျက်လုံးများ တောက်ပသွားခဲ့၏။ အရက်က စိတ်အခြေအနေကို ပိုမိုလှုံ့ဆော်ပေးနိုင်ပြီး သောက်ပြီးနောက်တွင် လူအများအကြား ဆက်သွယ်ပြောဆိုရသည်မှာ များစွာ ပိုမိုလွယ်ကူပြီး စိတ်အပန်းပြေစေသည်။

"သောက်တာပေါ့။ ဝိုင်က ကောင်းတဲ့အရာပဲဥစ္စာ"

ရှောင်ဖန်းသည် သူမထံမှ ဝိုင်ကို ပြုံးလျက် လှမ်းယူကာ ဖွင့်လိုက်ပြီး တစ်ယောက်တစ်ခွက်စီ ငှဲ့လိုက်တော့သည်။

အရသာရှိသော အစားအစာနှင့် ကောင်းမွန်သော ဝိုင်ကြောင့် သူတို့နှစ်ဦးသည် အလျင်အမြန်ပင် အရှိန်ရလာခဲ့ကြ၏။

ဝိုင်ရှိန် အနည်းငယ်တက်လာသော ဖန်ချင်းယွီသည် ရီဝေသော မျက်ဝန်းများဖြင့် ရှောင်ဖန်းကို ကြည့်ကာ သူမ၏ ဘဝအကြောင်းကို စတင်ပြောပြတော့သည်။

ခင်ပွန်းဖြစ်သူ ချန်ထားခဲ့သော စုဆောင်းငွေနှင့် အိမ်ခြံမြေအချို့ကြောင့် သူမ၏ ငွေကြေးအခြေအနေမှာ အတော်လေး အဆင်ပြေလှ၏။ သို့သော်လည်း ပတ်ဝန်းကျင်မှ အတင်းပြောဆိုမှုများနှင့် ကောလာဟလများက သူမကို အလွန်အမင်း နာကျင်စေခဲ့သည်။

သူမသည် ငယ်ရွယ်ပြီး အဖော်ကို တောင့်တမိသော်လည်း ထိုဆိုးရွားသော ကောလာဟလများကြောင့် လူအများစုမှာ သူမနှင့် နီးစပ်ရန် တွန့်ဆုတ်နေခဲ့ကြသည်။

သူမထံသို့ ချဉ်းကပ်လာသူအချို့ ရှိခဲ့ဖူးသော်လည်း ၎င်းတို့မှာ သူမ၏ ခန္ဓာကိုယ်ကိုသာ မက်မောကြပြီး ကစားချင်ရုံသက်သက်ဖြစ်ကြောင်း ဖန်ချင်းယွီ သိရှိခဲ့ရ၏။ ၎င်းတို့သည် သူမနှင့်အတူ ရှိနေလိုသည့် စိတ်ရင်းမှန်မရှိကြချေ။

စကားပြောရင်း ဖန်ချင်းယွီသည် လွန်ခဲ့သော နှစ်များအတွင်း မိမိခံစားခဲ့ရသော မတရားမှုများကို တွေးတောမိကာ ဝမ်းနည်းပြီး ငိုချတော့သည်။

၎င်းကို မြင်သောအခါ ရှောင်ဖန်းသည် ကုလားထိုင်ကို ဖန်ချင်းယွီ၏ ဘေးသို့ အလျင်အမြန် ရွှေ့လိုက်ပြီး သူမကို အသာအယာ ဖက်လိုက်၏။

"ငိုချင်ရင် အားရပါးရ ငိုချလိုက်ပါ။ ငါ့ရဲ့ ပုခုံးပေါ်မှာ ငိုချလိုက်"

ဖန်ချင်းယွီသည် ရှောင်ဖန်း၏ ရင်ခွင်ထဲတွင် ခေါင်းနှစ်ကာ အဆက်မပြတ် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။ ထိုအချိန်တွင်‌ ရှောင်ဖန်းသည် သူမ၏ ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးရင်း တိုးညှင်းသော စကားလုံးများဖြင့် နှစ်သိမ့်ပေးနေမိ၏။

အတန်ကြာပြီးနောက် သူမသည် ရုတ်တရက် ခေါင်းမော့လာကာ ရီဝေသော မျက်ဝန်းများဖြင့်‌ ရှောင်ဖန်းကို ကြည့်လိုက်သည်။ ဖန်ချင်းယွီ၏ နီမြန်းနေသော မျက်နှာနှင့် ရီဝေနေသော မျက်ဝန်းများကို ကြည့်ရင်း ရှောင်ဖန်းသည် သူမကို အလွန်အမင်း လှပနေသည်ဟု ခံစားလိုက်ရ၏။

ထိုအချိန်မှာပင် ရှောင်ဖန်း၏ ဖုန်းသည် ရုတ်တရက် မြည်လာခဲ့တော့သည်။

ထိုဖုန်းမြည်သံကြောင့်ဖန်ချင်းယွီ ချက်ချင်း သတိပြန်ဝင်လာခဲ့ပြီး ရှက်သွေးဖြန်းသွားကာသူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်၏။

၎င်းကို မြင်သောအခါ ရှောင်ဖန်းအလွန်အမင်း ဒေါသထွက်သွားသည်။ သူသည် ဖုန်းကို အလျင်အမြန် ထုတ်ယူပြီး မကြည့်ဘဲ ချက်ချင်း ပိတ်လိုက်တော့သည်။

"ချင်းယွီ... ငါတို့ ဆက်ရအောင်"

ရှောင်ဖန်းက အရှက်မရှိ ပြောလိုက်ရာ

ဖန်ချင်းယွီသည် ခေါင်းငုံ့ကာ မျက်နှာနီမြန်းလျက် တိုးညှင်းစွာ ပြောလိုက်သည်။

"ဦးလေးရှောင်... ကျွန်မ နေလို့ သိပ်မကောင်းလို့ နားချင်ပြီ။ ဒီနေ့တော့ ဦးလေး အိမ်ပြန်လိုက်‌တော့နော်"

ဖန်ချင်းယွီ ထိုသို့ပြောသည်ကို ကြားရသောအခါ ရှောင်ဖန်းအလွန် စိတ်ပျက်သွားမိ၏။ သူမ၏ နှစ်သက်မှုအဆင့်ကို မြှင့်တင်နေသည့် လုပ်ငန်းစဉ်ကို ဖြတ်တောက်လိုက်သော ထိုဖုန်းခေါ်ဆိုမှုကို သူ အပြစ်တင်နေမိသည်။

သို့သော်လည်း ရှောင်ဖန်းသည်ဂရုစိုက်ဟန်ဖြင့်ကာ ပြောလိုက်၏။

"ကောင်းပြီ၊ ဒါဆိုလည်း ကောင်းကောင်းနားလိုက်ဦး။ ငါ ပြန်တော့မယ်"

ထိုသို့ပြောပြီးနောက် သူသည် လှည့်၍ ဖန်ချင်းယွီ၏ အိမ်မှ ထွက်လာခဲ့တော့သည်။

ရှောင်ဖန်းထွက်သွားပြီးနောက်ဖန်ချင်းယွီသည် သူမ၏ ရင်ဘတ်ကို တင်းကျပ်စွာဖိထားမိ၏။ သူမ၏ နှလုံးသားမှာ တဒိန်းဒိန်း ပြင်းထန်စွာ ခုန်နေတော့သည်။

ခုနက မိမိ၌ အဘယ်ကြောင့် ထိုကဲ့သို့သော စိတ်လှုပ်ရှားမှုမျိုး ဖြစ်ပေါ်ခဲ့သည်ကို သူမ မသိပေ။ အကယ်၍ ရှောင်ဖန်း၏ ဖုန်းသာ ရုတ်တရက် မြည်မလာခဲ့လျှင်..

လက်တွေ့တွင်မူ ဦးလေး‌ရှောင်က အတော်လေး ကောင်းမွန်လှသည်။ သူက အသက်နည်းနည်းကြီးသော်လည်း ကြွက်သားများမှာသန်မာလှ၏။‌ နောက်တစ်ချက်က ဦးလေးကျောက်တွင် သာမန်လူများ၌ မရှိသော အားသာချက်တစ်ခု ရှိနေခြင်းပင် ဖြစ်သည်။ ဤသည်တွေးမိသောအခါသူမ၏တစ်ကိုယ်လုံးရှိသွေးများပူ‌နွေးခဲ့ရသည်။

'ဖန်ချင်းယွီ.. ညည်း ဘာတွေ တွေးနေတာလဲ'

ဖန်ချင်းယွီသည် မိမိ၏ ဦးနှောက်ထဲ ရုတ်တရက် ပေါ်ပေါက်လာသော အတွေးများကြောင့် အံ့ဩတုန်လှုပ်သွားပြီး မိမိ၏ မျက်နှာကို လက်ဖြင့် နှစ်ချက်ခန့် အသာအယာရိုက်လိုက်မိ၏။

ဖန်ချင်းယွီ၏ အိမ်မှ ထွက်လာပြီးနောက် ရှောင်ဖန်းသည် အချိန်‌ကောင်းကို လာရောက်နှောင့်ယှက်သည့်သူကိုသိရှိနိုင်ရန် ဒေါသတကြီးဖြင့် ဖုန်းကို ထုတ်ကြည့်လိုက်သည်။

ထိုအချိန်မှာပင် စနစ်၏ အကြောင်းကြားစာသံ ထွက်ပေါ်လာ၏။

[ပစ်မှတ်၏ နှစ်သက်မှုအဆင့် ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါပြီ။ စုဆောင်းမှု အောင်မြင်ပါသည်]

[ဂုဏ်ယူပါတယ်...ပိုင်ရှင်အနေဖြင့် နောက်ထပ် အလှပဂေးတစ်ဦးကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်]

[ဒုတိယမြောက်အလှပဂေးကို အောင်မြင်စွာ စုဆောင်းနိုင်ခဲ့သည့်အတွက် ဆုလာဘ် - အမှတ် ၅ မှတ် ရရှိပါသည်]

*********

All Chapters