အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁)လူပါး ဓားရှခြင်း
"အဲဒီ ပစ္စည်းတွေကို ဒီထဲပဲ ရွှေ့လိုက်ပါ"
ဝမ်ပေါင်၏ အသံသည် ဂိုဒေါင် အဝင်ဝမှ ထွက်ပေါ်လာ၏။
"ကောင်းပြီ ကောင်လေး"
ခဏအကြာတွင် ပစ္စည်းများ ချထားသော အသံကို ရှောင်ဖန်း ကြားလိုက်ရသည်၊၊
ရှောင်ဖန်းသည် ရှုပ်ပွနေသော ပစ္စည်းပုံကြီး အကွယ်မှနေ၍ ခေါင်းကို သတိထားကာ ပြူထွက်ကြည့်လိုက်ရာ ဂိုဒေါင်တံခါးဝတွင် ရပ်နေသော ဝမ်ပေါင်ကို မြင်လိုက်ရ၏။
အလုပ်သမား အချို့သည် ကတ်ထူသေတ္တာကြီးများကို တစ်ခုပြီးတစ်ခု ဂိုဒေါင်ထဲသို့ သယ်ယူနေကြသည်၊၊
"ဒီ ကောင်လေးက နည်းနည်း စိတ်မမှန်ဘူး ထင်တယ်၊ စားပွဲသုံးရာစာ စားစရာတွေကို မှာပြီးတော့ ဒီဂိုဒေါင်ထဲမှာ လာသိမ်းထားတယ်"
"ဟုတ်ပ၊ အထူး အစားအစာထည့်တဲ့ ဘူးတွေနဲ့ ဆိုပေမဲ့လည်း ဒီနေရာမှာ ကြာကြာခံမှာ မဟုတ်ဘူး"
"ထားလိုက်ပါ၊ မြန်မြန်ပဲ အလုပ်လုပ်ကြရအောင်"
အလုပ်သမားများသည် အသံတိုးတိုးဖြင့် ပြောဆိုနေကြ၏။
မကြာမီတွင် ကုန်တင်ကား ငါးစီးပေါ်မှ ပစ္စည်းများ အားလုံး ချပြီးသွားသည်၊၊
ပစ္စည်းပို့သမားများသည် အပြင်ဘက်တွင် ဝမ်ပေါင်နှင့် လက်မှတ်ထိုးနေစဉ် ရှောင်ဖန်းသည် ရှုပ်ပွနေသော ပစ္စည်းပုံကြီး အကွယ်မှ အမြန်ပြေးထွက်လိုက်၏။
ရှောင်ဖန်းသည် ကတ်ထူသေတ္တာတစ်ခုပေါ်သို့ သူ့လက်ကို အမြန်တင်လိုက်ပြီး ရှေ့တွင် ရှိနေသော သေတ္တာများကို သူ့သိုလှောင်မှုဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းရန် ပြင်ဆင်လိုက်သည်၊၊
ထိုစဉ် စနစ်၏ အသံသည် ထွက်ပေါ်လာ၏။
[ပိုင်ရှင်၊ အားလုံးကို သိမ်းဆည်းမလား သို့မဟုတ် သေတ္တာထဲက ပစ္စည်းတွေကိုပဲ သိမ်းဆည်းမလား]
"ဒီလိုလည်း လုပ်လို့ရတာလား" ရှောင်ဖန်း ဝမ်းသာသွား၏။
"သေတ္တာထဲက ပစ္စည်းတွေကိုပဲ သိမ်းမယ်"
သေတ္တာများ အားလုံး စုပုံနေသောကြောင့် ခဏချင်းပင် ပြီးသွားသည်၊၊
ရှောင်ဖန်းသည် ကတ်ထူသေတ္တာများ အတွင်းရှိ အစားအစာဘူး အားလုံးကို သူ့သိုလှောင်မှုဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းလိုက်၏။
ထို့နောက် ဂိုဒေါင်နောက်ဘက်ရှိ တံခါးငယ်လေးမှတစ်ဆင့် အမြန် ထွက်ခွာသွားသည်၊၊
တစ်ချိန်တည်းတွင် ဂိုဒေါင်အဝင်ဝ၌ ရပ်နေသော ဝမ်ပေါင်သည် ကုန်တင်ကား ငါးစီး ထွက်ခွာသွားသည်ကို ကြည့်နေ၏။
ကားများ ထွက်သွားသည်နှင့် ဝမ်ပေါင်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် ဂိုဒေါင်ထဲသို့ အပြေးအလွှား ဝင်လာသည်၊၊
ဂိုဒေါင်တံခါးကို ပိတ်ပြီးနောက် ဝမ်ပေါင်သည် တံခါးကြားမှ အပြင်ဘက်ကို ခဏမျှ ချောင်းကြည့်နေ၏။
မည်သူမျှ မရှိသည်ကို အတည်ပြုပြီးနောက် ဝမ်ပေါင်သည် သေတ္တာပုံကြီးဆီသို့ လျှောက်သွားပြီး ၎င်းတို့ကို လက်ဖြင့် ဖိလိုက်သည်၊၊
ဝမ်ပေါင်က သေတ္တာများကို ထိလိုက်သည်နှင့် ဂိုဒေါင်ထဲတွင် စုပုံနေသော သေတ္တာပုံကြီးသည် သူ့ဟင်းလင်းပြင်ထဲသို့ လုံးဝ ရောက်ရှိသွားတော့၏။
၎င်းကို လုပ်ဆောင်ပြီးနောက် ဝမ်ပေါင်သည် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်၊၊
သူ့အိမ်သည် ခိုလှုံရာနေရာအဖြစ် ပြုပြင်မွမ်းမံဆဲ ဖြစ်သောကြောင့် ဝမ်ပေါင်သည် သူ့အိမ်ရာဝင်း အနီးရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေ၏။
ဟိုတယ်အခန်းသို့ ပြန်ရောက်သောအခါ ဝမ်ပေါင်သည် ဟိုတယ်မှ ပို့ပေးသော ဟင်းလျာများကို မြည်းစမ်းကြည့်ရန်စိတ်လှုပ်ရှားစွာဖြင့် ကတ်ထူသေတ္တာတစ်ခုကို ထုတ်လိုက်သည်၊၊
ဝမ်ပေါင်က သေတ္တာကို ကိုင်လိုက်သောအခါ သေတ္တာသည် အလွန်ပေါ့ပါးနေသောကြောင့် သူ့မျက်နှာ ပျက်သွား၏။
အထဲတွင် ဘာမှမရှိသကဲ့သို့ ပေါ့ပါးလွန်းနေသည်၊၊
ဝမ်ပေါင်သည် သေတ္တာကို အမြန်ဖွင့်ကြည့်လိုက်ရာ ၎င်းက အမှန်တကယ်ပင် ဗလာဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"ဒါ ဘာဖြစ်တာလဲ"
ဝမ်ပေါင်သည် နောက်ထပ် သေတ္တာတစ်ခုကို အမြန်ထုတ်၍ ဖွင့်ကြည့်ပြန်သည်၊၊
ဗလာပင် ဖြစ်နေသေး၏။
သူသည် နောက်တစ်ခုကို ထုတ်ပြန်ရာ ၎င်းကလည်း ဗလာပင် ဖြစ်နေသည်၊၊
သူသည် သေတ္တာ ဆယ်ခုကျော်ကို ဆက်တိုက် ထုတ်ကြည့်သော်လည်း ချွင်းချက်မရှိ အားလုံး ဗလာ ဖြစ်နေ၏။
နောက်ဆုံးတွင် ဝမ်ပေါင်သည် အရူးတစ်ယောက်ကဲ့သို့ သေတ္တာအားလုံးကို ထုတ်လိုက်သည်၊၊
တစ်ခုမကျန် ဗလာ ဖြစ်နေတော့၏။
ပြားချပ်နေသော ကတ်ထူသေတ္တာများ ပြည့်နှက်နေသည့် ဟိုတယ်အခန်းကို ကြည့်ရင်း ဝမ်ပေါင်၏ မျက်နှာသည် အလွန် ဆိုးဝါးသွား၏။
ထိုစားပွဲသုံးရာစာ စားဖွယ်သောက်ဖွယ်များသည် သူ့ကို ခုနစ်သိန်း သို့မဟုတ် ရှစ်သိန်းခန့် ကုန်ကျစေခဲ့သည်၊၊
သေတ္တာထဲက ပစ္စည်းတွေ အားလုံး ဘာကြောင့် ပျောက်ဆုံးသွားရတာလဲ။
သူ့ဟင်းလင်းပြင်မှာ ပြဿနာတစ်ခုခု ရှိနေလို့လား။
၎င်းကို တွေးမိသည်နှင့် ဝမ်ပေါင်၏ နဖူးတွင် ချွေးစေးများ ပြန်လာ၏။
တကယ်လို့ သူ့ဟင်းလင်းပြင်မှာ ပြဿနာရှိနေရင် ရောက်လာတော့မယ့် အလွန်အမင်းအေးစက်တဲ့ကပ်ဘေးကြီးကို သူ ဘယ်လို ဖြတ်ကျော်ရမလဲ။
ဝမ်ပေါင်သည် ဟိုတယ်ကုတင်ပေါ်မှ ခေါင်းအုံးတစ်ခုကို အမြန်လှမ်းယူပြီး သူ့ဟင်းလင်းပြင်ထဲသို့ ထည့်လိုက်သည်၊၊
ထို့နောက် ပြန်ထုတ်ကြည့်ရာ ခေါင်းအုံးသည် အကောင်းပကတိ ရှိနေပြီး မည်သည့်ပြဿနာမျှ မရှိချေ။
အစားအစာတွေကို သိုလှောင်လို့မရတာများလား။
ဝမ်ပေါင်သည် စားပွဲပေါ်မှ ပန်းသီးတစ်လုံးကို ယူပြီး သူ့ဟင်းလင်းပြင်ထဲသို့ ထည့်လိုက်သည်၊၊
ခဏအကြာတွင် ပြန်ထုတ်ကြည့်ရာ ပန်းသီးသည်လည်း အဆင်ပြေပြေနှင့် အကောင်းပကတိ ရှိနေ၏။
ထိုအခါ ဝမ်ပေါင်သည် တစ်ခုခုကို သတိရသွားသည်၊၊
ခုနက ပစ္စည်းလာပို့စဉ်က ဝမ်ပေါင်သည် သေတ္တာများကို စစ်ဆေးခဲ့ခြင်း မရှိချေ။
ဟိုတယ်က ပိုက်ဆံပဲယူပြီး သူ့အတွက် အစားအစာတွေကို အမှန်တကယ် ချက်မပေးခဲ့တာလား။
သူ့ကို လှည့်စားဖို့ သေတ္တာခွံတွေကိုပဲ ပို့လိုက်တာလား။
"တောက်၊ သေချာပေါက်ပဲ၊ အဲဒီ အမြတ်ကြီးစားတွေ"
၎င်းကို တွေးမိပြီး ဝမ်ပေါင်သည် သူ့ဖုန်းကို အမြန်ထုတ်ကာ ဟိုတယ်မန်နေဂျာ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်၊၊
ဖုန်းဝင်သွားသောအခါ ဟိုတယ်မန်နေဂျာ၏ မြှောက်ပင့်သော အသံ ထွက်ပေါ်လာ၏။
"မစ္စတာဝမ်၊ ပစ္စည်းတွေ ရပြီမလားခင်ဗျ၊ စိတ်တိုင်းကျရဲ့လားလို့ သိချင်ပါတယ်"
"စိတ်တိုင်းကျစရာလား၊ မင်းတို့က ငါ့ကို လှည့်စားဖို့ သေတ္တာခွံတွေချည်းပဲ ပို့လိုက်တာ" ဝမ်ပေါင်က ဒေါသတကြီး အော်ဟစ်လိုက်သည်၊၊
ဝမ်ပေါင်၏ ရုတ်တရက် အော်ဟစ်သံကြောင့် ဟိုတယ်မန်နေဂျာသည် အံ့အားသင့်သွား၏။
သို့သော်လည်း သူသည် ဝမ်ပေါင် ဘာကို ဆိုလိုသည်ကို နားလည်သွားသည်၊၊
ဒီလူက ငွေမပေးချင်လို့ အကြောင်းပြနေခြင်း ဖြစ်သည်၊၊
"မစ္စတာဝမ်၊ ကျွန်တော်တို့ဟိုတယ်က ရိုးရိုးသားသား စီးပွားရေးလုပ်တာပါ၊ ဖောက်သည်တွေကို ဘယ်တော့မှ မလိမ်ဘူး၊ အဲဒီလို မဆီလျော်တဲ့ ဆင်ခြေကို မပေးနဲ့၊ မနက်ဖြန်ကျရင် ကျွန်တော် လူတွေနဲ့အတူ ကျန်တဲ့ငွေကို လာသိမ်းမှာမို့ ပိုက်ဆံ အသင့်ပြင်ထားလိုက်ပါ"
"ပြင်စရာလား၊ မင်းတို့က ငါ့ကိုလိမ်ပြီး ပိုက်ဆံတောင်းရဲသေးတယ်၊ ငါ့စရံငွေကိုပဲ မြန်မြန်ပြန်ပေး" ဝမ်ပေါင်ကလည်း အလျှော့မပေးဘဲ ပြန်အော်လိုက်၏။
"ဟဲဟဲ၊ မစ္စတာဝမ်၊ မင်းလိုလူမျိုးတွေကို ငါ အများကြီး တွေ့ဖူးတယ်၊ မနက်ဖြန်ကျမှ တွေ့ကြတာပေါ့"
ဟိုတယ်မန်နေဂျာက အေးစက်စွာ ပြောပြီးနောက် ဖုန်းချသွားသည်၊၊
မန်နေဂျာ ဖုန်းချသွားပြီးနောက် ဝမ်ပေါင်သည် သူ စိတ်လိုက်မာန်ပါ လုပ်မိသွားကြောင်း သတိပြုမိလိုက်၏။
တကယ်လို့ သူတို့က သူ့စရံငွေကို လိမ်ညာသွားခဲ့ရင်တောင် သူ ဘာမှမတတ်နိုင်ချေ။ ထိုကဲ့သို့သော အဆင့်မြင့်ဟိုတယ်ကို ဖွင့်လှစ်နိုင်သူသည် သာမန်လူ မဟုတ်ချေ။
၎င်းကို တွေးမိပြီး ဝမ်ပေါင်သည် တစ်ကိုယ်လုံး တုန်ရင်သွားရသည်၊၊ သူသည် မူလကတည်းက သတ္တိရှိလှသူ မဟုတ်သဖြင့် မန်နေဂျာ၏ စကားထဲမှ ခြိမ်းခြောက်မှုများက သူ့ကို ကြောက်ရွံ့သွား စေ၏။
အိမ်သို့ ပြန်ရောက်သောအခါ ရှောင်ဖန်းသည် အစားအစာဘူး အချို့ကို ဝမ်းသာအားရ ထုတ်လိုက်သည်၊၊
၎င်းတို့ကို ဖွင့်ကြည့်လိုက်ရာ ကျောက်ပုစွန်များ၊ အမဲသားကင်များ၊ ပုစွန်ထုပ်ကြီးများ၊ အမွေးမျှင်မျှော့များနှင့် ပင်လယ်မျှော့များ အစရှိသဖြင့် အားလုံး စုံလင်စွာ ရှိနေသည်ကို မြင်လိုက်ရ၏။
"ဒီကောင်က တကယ်ပဲ ချမ်းသာတာပဲ၊ ဒါပေမဲ့ အခုတော့ ဒါတွေအားလုံးက ငါ့ဟာ ဖြစ်သွားပြီ"
ရှောင်ဖန်းသည် စားပွဲပေါ်ရှိ ဘူးများထဲမှ အစားအစာများကို ကြည့်ကာ လောဘတကြီး စားသောက်တော့သည်၊၊
စားသောက်ပြီးနောက် ရှောင်ဖန်းသည် ရုတ်တရက် မေးခွန်းတစ်ခုကို တွေးမိသွား၏။
"စနစ်၊ အစားအစာတွေကို သိုလှောင်မှုဟင်းလင်းပြင်ထဲမှာ ထားရင် ပုပ်သိုးသွားနိုင်လား"
[အိမ်ရှင် စိတ်ချပါ၊ စနစ်စတိုးရဲ့ သိုလှောင်မှုဟင်းလင်းပြင် အတွင်းမှာ အချိန်က ရပ်တန့်နေတဲ့ အခြေအနေမှာ ရှိပါတယ်၊ ထည့်သွင်းလိုက်တဲ့ ဘယ်ပစ္စည်းမဆို ဝင်ရောက်သွားတဲ့ အချိန်က အခြေအနေအတိုင်း အတိအကျ ရှိနေမှာပါ]
[ခင်မင်ရင်းနှီးစွာ သတိပေးချက်- သက်ရှိ သတ္တဝါတွေကိုတော့ သိုလှောင်မှုဟင်းလင်းပြင်ထဲမှာ သိမ်းဆည်းလို့မရပါဘူး]
စနစ်၏ အဖြေကြောင့် ရှောင်ဖန်းစိတ်သက်သာရာ ရသွား၏။
အိမ်တွင် ခဏမျှ နားနေပြီးနောက် ရှောင်ဖန်းသည် အိမ်ရာဝင်းနှင့် ပတ်ဝန်းကျင်သို့ လျှောက်သွားရန် ပြင်ပသို့ ထွက်ခဲ့သည်။သူ၏ရည်ရွယ်ချက်မှာသိမ်းသွင်းနိုင်မည့် အလှပဂေးများကို ရှာဖွေတွေ့ရှိရန်သာ ဖြစ်သည်၊၊
သူ့ကံဇာတာ ညံ့ဖျင်းလွန်း၍လားဒါမှမဟုတ် စနစ်က အသိအမှတ်ပြုထားသော အဆင့်မြင့်အမျိုးသမီးများက ရှားပါးလွန်း၍လားတော့ မသိချေ။သူ မိုးချုပ်သည်အထိ လျှောက်သွားခဲ့သော်လည်း သိမ်းပိုက်ရမည့် ပစ်မှတ်တစ်ခုမျှ ရှာမတွေ့ခဲ့ချေ။
အိမ်သို့ ပြန်ရောက်သောအခါ ရှောင်ဖန်းသည် ယွမ်ချင်းမေထံသူ့ဆန္ဒများဖြည့်ဆည်းရန်အတွက် သွားရောက်ခဲ့သည်၊၊
သူသည် တံခါးကို အကြာကြီး ခေါက်သော်လည်း မည်သူမျှ ပြန်မထူးသဖြင့် ယွမ်ချင်းမေထံသို့ ဖုန်းဆက်လိုက်ရ၏။
ဖုန်းဝင်သွားသောအခါ ယွမ်ချင်းမေကသူမ ဖခင် နေမကောင်းသဖြင့်နေအိမ်သို့ ပြန်သွားကြောင်း သိလိုက်ရသည်၊၊
ခဏမျှ စကားပြောပြီး ဘေးကင်းအောင် နေထိုင်ကာ စောစောပြန်လာရန် ပြောကြားပြီးနောက် ဖုန်းချလိုက်၏။
ယွမ်ချင်းမေ၏ နေအိမ်က တာဝူမြို့နှင့် ကပ်လျက်ရှိသော လီချွမ်းမြို့တွင် ဖြစ်သည်။ ထို့ကြောင့်အေးစက်သောကပ်ဘေးကြီး မကျရောက်မီ ယွမ်ချင်းမေ ပြန်မလာနိုင်မည်ကို ရှောင်ဖန်း စိုးရိမ်သွား၏။
သူအောင်မြင်စွာ သိမ်းပိုက်ထားသော အလှပဂေးများသည် သူ့အနားတွင်မရှိသော်လည်း ရမှတ်များ ရရှိရန်အတွက် ဆိုင်းအင်ဝင်နိုင်မှုကို ထိခိုက်မည်မဟုတ်သော်လည်းထိုအလှပဂေးတွေ သေဆုံးသွားပါက ဆိုင်းအင်ဝင်ခြင်းကနေ သူရရှိမယ့် ရမှတ်များက လျော့နည်းသွားမည် ဖြစ်သည်၊၊
ကမ္ဘာပျက်ကပ်ကြီး အတွင်းမှာ နွေးထွေးပြီး ဘေးကင်းသော ခိုလှုံရာနေရာ မရှိပါက သေဆုံးနိုင်ခြေက အလွန် မြင့်မားလှ၏။
ရှောင်ဖန်းသည် ထိုအေးစက်သောကပ်ဘေးကြီး မကျရောက်မီ ယွမ်ချင်းမေ ဤနေရာသို့အချိန်မီ ပြန်လာလိမ့်မည်ဟုသာ မျှော်လင့်နေရတော့၏။
*********