← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃- မင်းက ငယ်ပါသေးတယ်

ဝမ်ပေါင်ခေါင်းလှည့်ကြည့်လိုက်ရာ ရှောင်ဖန်းက လက်တစ်ဖက်ဖြင့် မိမိ၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဖမ်းဆွဲထားပြီး ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ဝမ်ပေါင်... လူငယ်တွေဆိုတာ စိတ်မဆတ်ရဘူး။ ဒီနေ့ ငါက မိန်းကလေးယွဲ့ကို ထမင်းကျွေးမလို့ ဖိတ်ထားတာ၊ မင်း သူမကို လာမနှောင့်ယှက်နဲ့တော့"

ဝမ်ပေါင်သည် ရှောင်ဖန်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ဒေါသများ ဝုန်းခနဲ ထွက်လာပြီး အခြားလက်တစ်ဖက်ကို မြှောက်ကာ ရိုက်ရန် ပြင်ဆင်လိုက်ပြန်၏။

သို့သော်လည်း သူ၏ အဆီများပြီး ပျော့အိနေသော ခန္ဓာကိုယ်ဖြင့် ရမှတ်များ ဖြည့်တင်းထားသည့် ရှောင်ဖန်းကိုမည်သို့မျှ မယှဉ်ပြိုင်နိုင်ပေ။

သူ၏ အခြားလက်ကောက်ဝတ်ကိုပါ ရှောင်ဖန်း၏ ဖမ်းဆွဲခြင်း ခံလိုက်ရသောအခါ ဝမ်ပေါင်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ထွက်လာသည်။

"အဘိုးကြီးရှောင်... ခင်ဗျား သေချင်နေတာလား"

ဝမ်ပေါင်က စိတ်ထဲတွင် ကြောက်ဒူးတုန်နေသော်လည်း အပြင်ပန်းတွင် အော်ဟောက်ကာ အားတင်းထား၏။

"ဟဲဟဲ... ငါ့အသက်က ခုနစ်ဆယ်ကျော်နေပြီ။ ငါက ဘယ်သူ့ကို ကြောက်ရမှာလဲ"

ရှောင်ဖန်းက လှောင်ပြုံးပြုံးပြီး‌မေးလိုက်သည်။

ရှောင်ဖန်း၏ စကားကို ကြားသောအခါ ဝမ်ပေါင်သည် စိတ်ဓာတ်ကျဆင်းသွား၏။

သူက ငယ်ရွယ်သေးသူ ဖြစ်ရာ အသက်ခုနစ်ဆယ်အရွယ် အဘိုးကြီးတစ်ဦး၊ အထူးသဖြင့် သားသမီးမရှိသော မုဆိုးဖိုတစ်ဦးနှင့် ရန်ဖြစ်နေခြင်းက အကျိုးမရှိချေ။

အကယ်၍ထိုအဘိုးကြီး ရူးသွပ်သွားပြီး သူ၏ အသက်နှင့်လဲ၍ ရန်မူလာပါက သူ့အတွက် ဘယ်လိုမှ မတန်ပေ။

ထိုသို့ တွေးတောပြီးနောက် ဝမ်ပေါင်က ချက်ချင်းပင် ပြုံးလိုက်ပြီး တောင်းပန်လာ၏။

"ဦးလေးရှောင်.. ကျွန်တော် တောင်းပန်ပါတယ်။ စောစောက ကျွန်တော် နည်းနည်း စိတ်လိုက်မာန်ပါ ဖြစ်သွားတယ်။ ခွင့်လွှတ်ပေးပါ"

ထိုစဉ် ဟော့ပေါ့ဆိုင်မန်နေဂျာ လျှောက်လာပြီး ကြားဝင်စေ့စပ်ပေးခဲ့သည်။

ရှောင်ဖန်းက ဝမ်ပေါင်၏ လက်ကို လွှတ်ပေးလိုက်ပြီး တည်ကြည်စွာ ပြောကြားလိုက်၏။

"ဝမ်ပေါင်... မင်းက ငယ်ပါသေးတယ်။ ကြိုးစားစမ်းပါ၊ နောင်ကျရင် မိန်းကလေးယွဲ့က မင်းရဲ့ ဖိတ်ခေါ်မှုကို လက်ခံရင် လက်ခံမှာပေါ့"

ထိုသို့ ပြောပြီးနောက် ရှောင်ဖန်းက ဝမ်ပေါင်၏ ပုခုံးကိုပင် ပုတ်ပေးလိုက်သေး၏။

ထိုအချိန်တွင် ဝမ်ပေါင်သည် အလွန်အမင်း ဒေါသထွက်နေသဖြင့် တစ်ခွန်းမျှ ပြန်မပြောနိုင်တော့ပေ။

သူသည် စိတ်ထဲတွင်သာ ပြင်းထန်စွာ ပေါက်ကွဲနေခဲ့သည်။

မင်း စောင့်နေလိုက်စမ်း။

ကမ္ဘာပျက်ကပ် ရောက်လာတဲ့အခါ မင်းတို့ကို မြေပြင်ပေါ်မှာ ခွေးလို ဝပ်တွားပြီး ငါ့ကို တောင်းပန်စေရမယ်။

ဝမ်ပေါင် ဒေါသတကြီး ထွက်ခွာသွားပြီးနောက်ယွဲ့ဟွာက ရှောင်ဖန်းကို စပ်စုလိုစိတ်၊ ကျေးဇူးတင်စိတ်များဖြင့် ကြည့်ရှုကာ ပြောဆို၏။

"ဦးလေးရှောင်... ကျွန်မကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

[ ထူးချွန်ထက်မြက်သော အမျိုးသမီးကို ရှာဖွေတွေ့ရှိပါသည်။ ဘက်စုံရမှတ်: ၉.၅။ သိမ်းသွင်းရန် သင့်တော်ပါသည် ]

ရှောင်ဖန်းက ရယ်မောလျက် ပြောကြားလိုက်သည်။

"ဘာမှမဟုတ်ပါဘူး... ဘာမှမဟုတ်ပါဘူး။ မိန်းကလေးယွဲ့... မင်းလည်း ဒီမှာ လာစားတာဆိုတော့ အတူတူ စားကြတာပေါ့။ ငါ မှာထားတာ နည်းနည်း များသွားလို့"

ယွဲ့ဟွာက စားပွဲကို လှမ်းကြည့်လိုက်ရာ ဟင်းလျာများမှာ တောင်လိုပုံနေပြီး ဘေးဘက်ရှိစင်တွင်လည်း ပြည့်နှက်နေသည်ကို တွေ့ရ၏။

"ဒါက..."

ယွဲ့ဟွာ ဝေခွဲမရ ဖြစ်သွားသည်။ အဓိကမှာ သူမသည် ရှောင်ဖန်းနှင့် သိပ်မရင်းနှီးသဖြင့် မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကိုမသိဖြစ်ရခြင်း ဖြစ်၏။

"မိန်းကလေးယွဲ့... အထင်မလွဲပါနဲ့။ ငါက တခြားရည်ရွယ်ချက် မရှိပါဘူး။ အစားအစာတွေက အရမ်းများနေပြီး ငါလည်း အကုန်မစားနိုင်တော့ အလဟဿ ဖြစ်သွားမှာ နှမြောလို့ပါ"

ရှောင်ဖန်းက သူမ၏ ဝေခွဲမရဖြစ်မှုကို မြင်သောအခါ ရှင်းလင်းချက် ပေးလိုက်သည်။

ယွဲ့ဟွာတွေးတောကြည့်လိုက်မိ၏။

ရှောင်ဖန်းမှာ အသက်ကြီးရင့်နေပြီ ဖြစ်သဖြင့် မဟုတ်တာ တွေးတောလိမ့်မည် မဟုတ်ချေ။ ထို့ပြင် သူက မိမိကို ခုနတင် ကူညီပေးခဲ့ဖူးသဖြင့် ငြင်းပယ်လိုက်ပါက အနေရခက်စရာ ဖြစ်လိမ့်မည်။

ထို့ကြောင့် သူမက ပြုံးလိုက်ပြီး ပြောဆို၏။

"ဒါဆိုရင်လည်း ကျွန်မ အားမနာတော့ဘူးနော်"

ထိုသို့ ပြောပြီးနောက် ယွဲ့ဟွာကရှောင်ဖန်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

၎င်းတို့နှစ်ဦးသည် စားသောက်ရင်း စကားစမြည် ပြောဆိုကြ၏။ ရှောင်ဖန်းက စကားအပြောအဆို လွန်စွာ ကောင်းမွန်ပြီး တစ်ခါတစ်ရံ ပျက်လုံးများပင် ထည့်ပြောရာ ယွဲ့ဟွာမှာသဘောကျကာရယ်မောနေခဲ့သည်။

ရှောင်ဖန်းကလည်း အခွင့်အရေးကို အသုံးချကာ ယွဲ့ဟွာကို အကဲခတ်၏။ သူမ၏ အရပ်အမောင်း မြင့်မားမှု၊ ကောက်ကြောင်းအလှများဖြင့် ပြည့်စုံသော ကိုယ်လုံးကိုယ်ပေါက်နှင့် ပြည့်စုံလုနီးပါး ရှိသော မျက်နှာအလှတို့ ဖြစ်ကြသည်။

သူစိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်တော့ပေ။ သူမသည် တကယ်ကို ရမှတ် ၉.၅ နှင့် ထိုက်တန်လှပေသည်။

"ဦးလေးရှောင်... ဦးလေးက ဒီလောက်အထိ စကားပြောတာ စိတ်ဝင်စားဖို့ကောင်းမယ်လို့ မထင်ထားဘူး။ ဦးလေးရဲ့ အသွင်အပြင်ကိုသာ မကြည့်ရင် လူငယ်တစ်ယောက်လို့ တောင် ထင်မိမှာ"

ယွဲ့ဟွာက ဟော့ပေါ့အိုးထဲသို့ အမဲအူဖတ်တချို့ နှစ်လိုက်ရင်း ပြုံး၍ ဆိုသည်။

"ဟားဟား... ဒါဆိုရင်လည်း ငါ့ကို လူငယ်တစ်ယောက်လိုပဲ သဘောထားလိုက်ပေါ့။ ဒီအဘိုးကြီးရဲ့ ခန္ဓာကိုယ်သာ အိုမင်းချင်အိုမင်းမယ်၊ စိတ်ကတော့ မအိုသေးဘူး"

ထိုသို့ ပြောပြီးနောက်‌ ရှောင်ဖန်းက ဖန်ခွက်ကို မြှောက်ကာ ပြုံးလျက် တစ်ငုံသောက်လိုက်၏။

၎င်းတို့နှစ်ဦးစလုံးသည်ထိုစား‌ သောက်ဝိုင်းကို အလွန် နှစ်သက်သဘောကျခဲ့ကြသည်။

ငွေရှင်းပြီးနောက် ရှောင်ဖန်းနှင့် ယွဲ့ဟွာတို့သည် အိမ်ရာဝင်းဆီသို့ အတူတူ လမ်းလျှောက်ပြန်ခဲ့ကြပြီး လမ်းခရီးတစ်လျှောက် စိတ်ပါဝင်စားစွာ စကားပြောဆိုခဲ့ကြ၏။

အိမ်ရာထဲသို့ ဝင်ရောက်ပြီးနောက် ရှောင်ဖန်းသည် ယွဲ့ဟွာနှင့် ဖုန်းနံပါတ်ချင်း လဲလှယ်လိုက်ပြီးမှ သီချင်းတညည်းညည်းဖြင့် မိမိအိမ်သို့ ပြန်လာခဲ့သည်။

နောက်တစ်နေ့တွင် ရှောင်ဖနသည် မွန်းတည့်ချိန်အထိအိပ်စက်ပြီးမှ အိပ်ရာမှ ထခဲ့၏။

နိုးလာပြီးနောက် သူသည် ထုံးစံအတိုင်း စနစ်ဆိုင်းအင်ဝင်ခြင်း ပြုလုပ်လိုက်သည်။

သူသည် နောက်ထပ် ရမှတ် ၂ မှတ် ရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ရှောင်ဖန်းက ရမှတ်များကို ချက်ချင်းအသုံးချရန် အလျင်မလိုတော့ပေ။

သူသည် ထိုရမှတ်များကို လျင်မြန်မှုစွမ်းရည်ဆီသို့ တိုက်ရိုက် ထပ်မံဖြည့်တင်းလိုက်၏။ ထိုအခါ သူ၏ လျင်မြန်မှုမှာ ၈ မှတ်သို့ ရောက်ရှိသွားပြီး သာမန်အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦး၏ အခြေခံစံနှုန်းသို့ ရောက်ရန် ၂ မှတ်သာ လိုတော့သည်။

မျက်နှာသစ် သန့်စင်ပြီးနောက် သူသည်သည် စားစရာတစ်ခုခုကို အမြန်စားသောက်ကာ အပြင်သို့ ထွက်လာခဲ့၏။

အိမ်ရာဝင်းမှ ထွက်ခွာပြီးနောက် ရှောငါဖန်းသည် မနေ့က ဟော့ပေါ့ဆိုင်ဆီသို့ တည့်တည့်ဦးတည်သွားခဲ့သည်။ သူသည် ထိုဆိုင်တွင် ဟော့ပေါ့အနှစ်ထုပ်အချို့ကို ဝယ်ယူရန် ရည်ရွယ်ခြင်း ဖြစ်၏။

မျှော်လင့်မထားဘဲ ဆိုင်တွင် မေးမြန်းကြည့်သောအခါ ၎င်းတို့၏ ဟော့ပေါ့အနှစ်များကို အပြင်မှ မှာယူခြင်းဖြစ်ကြောင်း သိရှိလိုက်ရသည်။

ဆိုင်မန်နေဂျာက ရှောင်ဖန်းထံသို့ ဟော့ပေါ့အနှစ် ပံ့ပိုးပေးသူ၏ ဖုန်းနံပါတ်ကို ပေးခဲ့၏။

ရှောင်ဖန်းက ဖုန်းခေါ်ဆိုလိုက်ပြီး မိမိအနေဖြင့် ဟော့ပေါ့အနှစ် အထုပ်တစ်ထောင် လိုချင်ကြောင်း ရှင်းလင်းပြောကြားလိုက်သည်။

ရှောင်ဖန်းက အများအပြား အလိုရှိသည်ကို ကြားသောအခါ ၎င်းတို့က တစ်ထုပ်လျှင် ၄၀ ယွမ်ဖြင့် လျှော့ဈေးပေးပြီး အိမ်အရောက်ပို့စနစ်ဖြင့် ပစ္စည်းရောက်မှ ငွေချေရမည်ဟု ဆိုလာ၏။

ဟော့ပေါ့အနှစ် ပံ့ပိုးပေးသူများသည် အလုပ်လွန်စွာ တွင်ကျယ်လှသည်။ မွန်းလွဲပိုင်းတွင် ကားငယ်တစ်စီးဖြင့် ဟော့ပေါ့အနှစ် အထုပ်တစ်ထောင်ကို ရှောင်ဖန်းထံသို့ လာရောက်ပို့ဆောင်ခဲ့၏။

ပစ္စည်းပေးအပ်သည့် နေရာမှာ အိမ်ရာဝင်း၏ မြေအောက်ကားပါကင် ဖြစ်သည်။ ရှောင်ဖန်းသည် စောင့်ကြည့်ကင်မရာ ကွယ်နေသော နေရာတစ်ခုကိုရွေးချယ်ပြီး ကားဆရာကို ထိုနေရာတွင် ပစ္စည်းများ ချခိုင်းလိုက်၏။

စုစုပေါင်း သေတ္တာ တစ်ဆယ်ရှိပြီး တစ်သေတ္တာလျှင် အထုပ်တစ်ရာ ပါဝင်သည်။

ပစ္စည်းများ စစ်ဆေးပြီးနောက် ရှောင်ဖန်းက ကားဆရာကို ငွေချေလိုက်၏။

ကားဆရာ ထွက်ခွာသွားပြီးနောက် သူသည် ပတ်ဝန်းကျင်၌ လူမရှိစေရန်အတွက် ခေတ္တမျှ စောင့်ဆိုင်းနေခဲ့သည်။

ထို့နောက် သူသည် မြေပြင်ပေါ်ရှိ သေတ္တာအားလုံးကို မိမိ၏ သိုလှောင်မှုနယ်ပယ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်၏။

ဟော့ပေါ့အနှစ် အထုပ်တစ်ထောင်ကို ဝယ်ယူခြင်းက လေးသောင်းယွမ် ကုန်ကျခဲ့သည်။

ကျောက်ရန်တွင် ငွေခြောက်သောင်းခန့် သာကျန်ရှိတော့၏။

နောက်ရက်အနည်းငယ်အတွင်း ရှောင်ဖန်းသည် အိမ်ယာဝင်းအတွင်းရှိ ကုန်စုံဆိုင်ကြီးသို့ နေ့တိုင်းသွားရောက်ကာ ပစ္စည်းမျိုးစုံ၊ အဓိကအားဖြင့် ဆေးလိပ်နှင့် အရက်ကဲ့သို့သော အရာများကို ဝယ်ယူခဲ့သည်။

တဖြည်းဖြည်းနှင့် သူသည် ထိုငွေခြောက်သောင်းကို သုံးစွဲခဲ့ရာ နောက်ဆုံးတွင်သူ့လက်ထဲ တစ်သောင်းပင် မပြည့်တော့ချေ။

ရက်များ ကုန်လွန်လာသည်နှင့်အမျှ‌ ရှောင်ဖန်းတွင် ဖန်ချင်းယီွနှင့် အကြိမ်အနည်းငယ် စကားပြောဆိုခြင်းမှလွဲ၍ လုပ်စရာ ထွေထွေထူးထူး မရှိပေ။

ရှောင်ဖန်းအနေဖြင့် ပိုမိုအသုံးဝင်မည့် ကုန်ပစ္စည်းများကို ထပ်မံမစုဆောင်းရသည့်အ‌ကြောင်းမှာ..ပထမအချက်အနေဖြင့် ရှောင်ဖန်းမှာကူးပြောင်းလာသူတစ်ဦး ဖြစ်သည်။

သူသည် ပြန်လည်မွေးဖွားပြီးနောက် နှလုံးရပ်တန့်ကာ သေဆုံးသွားခဲ့သော အဘိုးကြီး‌ ရှောင်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာခဲ့ခြင်း ဖြစ်ပြီးအဘိုးကြီးရှောင်၏ မှတ်ဉာဏ်များကို ရရှိထားသော်လည်း အဘိုးကြီး‌ ရှောင်မှာ တာဝူမြို့ခံတစ်ဦး မဟုတ်သဖြင့် ထိုမြို့၏ အခြေအနေကို သိပ်ပြီး မသိရှိချေ။

မူလ အဘိုးကြီး‌ ရှောင်၏ မှတ်ဉာဏ်များတွင်ထိုအိမ်ရာဝင်းနှင့် ပတ်ဝန်းကျင် အနီးအနား အချို့သာ ရှိနေခြင်း ဖြစ်၏။

ဒုတိယအချက်အနေဖြင့် သူ့တွင် ပစ္စည်းများ မပြတ်လပ်ချေ။ သူသည် အလှပဂေးများကို သိမ်းသွင်းနိုင်နေသရွေ့ နေ့စဉ်ဆိုင်းအင်ဝင်ခြင်းမှတစ်ဆင့် ရမှတ်များ ရရှိနိုင်မည် ဖြစ်သည်။

စနစ်အရောင်းဆိုင်တွင် သူသည် ရမှတ်များကို အသုံးပြု၍ ရှင်သန်ရေးပစ္စည်းများကို လဲလှယ်နိုင်သဖြင့် ရှောင်ဖန်းအနေဖြင့် လက်တွေ့ပစ္စည်းများကို စုဆောင်းရန် ပြင်းပြသော ဆန္ဒမရှိခြင်း ဖြစ်၏။

ထို့ကြောင့် ပစ္စည်းများကို စုဆောင်းခြင်းထက် သူ့အနေဖြင့် အလှပဂေး မည်ရွေ့မည်မျှအထိ သိမ်းသွင်းနိုင်မည်ကိုသာ ပိုမိုအာရုံစိုက်နေခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အလှပဂေးများကို ပိုမိုသိမ်းသွင်းနိုင်လေလေ သူ မှတ်ပုံတင်ရာတွင် ရမှတ်များ ပိုမိုရရှိမည်ဖြစ်ပြီး သူ၏ ခွန်အားများလည်း လျင်မြန်စွာ မြင့်တက်လာမည် ဖြစ်သောကြောင့် ဖြစ်၏။

လက်ရှိအချိန်အထိ ရှောင်ဖန်းသည် လယွမ်ချင်း‌မေနှင့် ဖန်ချင်းယွီဟူသော အလှပဂေး နှစ်ဦးကိုသာ သိမ်းသွင်းရသေးသည်။

သို့ရာတွင်ယွမ်ချင်းမေမှာ နေမကောင်းသော မိဘထံသို့ လူနာမေးရန် မိမိ၏ ဇာတိမြေသို့ ပြန်သွားခဲ့သဖြင့် အိမ်ရာထဲတွင်ဖန်ချင်းယွီတစ်ဦးတည်းသာ ကျန်ရှိတော့၏။

ထိုအရာက ကမ္ဘာပျက်ကပ် မကျရောက်မီယွမ်ချင်းမေရပ်အိမ်ရာသို့ ပြန်မလာနိုင်ပါက သူ့အနေဖြင့် အလှပဂေးတစ်ဦီးကို ဆုံးရှုံးရနိုင်ခြေ ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အဆိုးရွားဆုံး အခြေအနေတွင် ရှောင်ဖန်း၌ ဖန်ချင်းယွီတစ်ဦးတည်းသာ ကျန်ရှိတော့မည် ဖြစ်၏။

၎င်းက ရှောင်ဖန်း၏ အနိမ့်ဆုံး စံနှုန်းဖြစ်ပြီး အနည်းဆုံး အလှပဂေးတစ်ဦး ရှိနေရန် အာမခံချက်ရှိရမည် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်နိုင်မည် မဟုတ်ချေ။

ရှောင်ဖန်းရွေးချယ်ထားသော အခြားပစ်မှတ်များနှင့် ပတ်သက်၍၎င်းတို့ကို လက်တွေ့မသိမ်းသွင်းနိုင်သေးပါကအရာအားလုံးမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်၏။ နောင်အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မည်သူမျှမသိနိုင်‌ပေ။

*********

All Chapters