← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄ - ကမ္ဘာပျက်ကပ်မကျရောက်မီ တစ်ရက်အလို

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာခဲ့ရာ အလွန်အမင်း အေးစက်သော ကမ္ဘာပျက်ကပ် ကျရောက်ရန် နောက်ထပ် တစ်ရက်သာ လိုတော့၏။

ရက်ပေါင်းများစွာ စနစ်ဆိုင်းအင်ဝင်ပြီးနောက် ရှောင်ဖန်းသည် စုစုပေါင်း ရမှတ် ၃၈ မှတ်အထိ စုဆောင်းမိသွားခဲ့သည်။

ကမ္ဘာပျက်ကပ်က ရောက်ရှိလုနီးပြီဖြစ်ကြောင်း မြင်သောအခါ‌ ရှောင်ဖန်းသည်၎င်းရမှတ်များကို ဦးစွာ အသုံးချရန် ဆုံးဖြတ်လိုက်၏။

သူသည် စနစ်အရောင်းဆိုင်ကို ဖွင့်လှစ်ပြီး ပထမဆုံးအနေဖြင့် ရမှတ် ၁၀ မှတ် သုံးစွဲကာ [စွမ်းအင်မြင့် ဖိသိပ်စွမ်းအင်ထုတ်ကုန် (အသေး)] တစ်ခုကို လဲလှယ်လိုက်သည်။

ဤပစ္စည်းက ခိုလှုံရာစခန်းအတွက် တစ်လစာ စွမ်းအင် ပံ့ပိုးပေးနိုင်သဖြင့် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်၏။

ဆက်လက်၍ သူသည် ရမှတ် ၄ မှတ် သုံးစွဲပြီး သောက်သုံးရေ ၂၀ တန်ကို လဲလှယ်ခဲ့သည်။

ထို့နောက် ရမှတ် ၂ မှတ်ဖြင့်အစားအစာမျိုးစုံ ၁ တန်ကို လဲလှယ်လိုက်၏။

၎င်းပြင် ရမှတ် ၂ မှတ်ဖြင့် နေ့စဉ်သုံးပစ္စည်း အမျိုးမျိုး ၅၀၀ ကီလိုဂရမ်ကို လည်း လဲလှယ်လိုက်သည်။

ဤဝယ်ယူမှုများကြောင့် ရှောင်ဖန်းတွင် ရမှတ် ၁၈ မှတ် ကုန်ကျခဲ့ပြီးသူ့တွင် ရမှတ် ၂၀ သာကျန်ရှိတော့သည်။

ထို့နောက် ရှောင်ဖန်းသည် ပထမဆုံးအနေဖြင့် မိမိ၏ အချက်အလက်စာမျက်နှာကို ဖွင့်လှစ်ကြည့်ရှုပြီးနောက် ရမှတ်များကို စတင်ခွဲဝေလိုက်၏။

သူသည် သက်စောင့်စွမ်းအား အပါအဝင် ၁၀ မှတ်အောက် ရောက်ရှိနေသော အချက်အလက်အားလုံးကို ၁၀ မှတ်ပြည့်အောင် ဦးစွာ ဖြည့်တင်းလိုက်သည်။

ဤနည်းဖြင့် သူသည် နောက်ထပ် ရမှတ် ၉ မှတ် သုံးစွဲခဲ့ရာ သူ့တွင် ရမှတ် ၁၁ မှတ် ကျန်ရှိတော့၏။

ခေတ္တမျှ တွေးတောပြီးနောက် ရှောင်ဖန်းသည် ခွန်အားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ဆီသို့ ရမှတ် ၅ မှတ်စီ ထပ်မံဖြည့်တင်းလိုက်သည်။

ရလဒ်အနေဖြင့် ရှောင်ဖန်း၏ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်လာခဲ့၏။

[ ပိုင်ရှင်: ရှောင်ဖန်း၊ လိင်: အမျိုးသား၊ အသက်: ၇၂ နှစ် (သက်တမ်း: ၁၀ နှစ်) ]

[ ဘက်စုံစွမ်းဆောင်ရည်: အဆင့် E ]

[ ခွန်အား: ၁၅ ]

[ လျင်မြန်မှု: ၁၀ ]

[ ခန္ဓာကိုယ်ကြံ့ခိုင်မှု: ၁၅ ]

[ စိတ်စွမ်းအား: ၁၀ ]

[ သက်စောင့်စွမ်းအား: ၁၀ ]

[ မှတ်ချက် - သက်စောင့်စွမ်းအားမှလွဲ၍ ကျန်ရှိသော အချက်အလက်များတွင် ၁၀ မှတ်သည် သာမန်အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦး၏ အခြေခံစံနှုန်း ဖြစ်ပါသည် ]

[ စွမ်းရည်: မရှိပါ ]

[ ရမှတ်: ၁ ]

ထိုကြာမြင့်သော အချိန်ကာလအတွင်း ရှောင်ဖန်းသည် ပြဿနာတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့၏။ သက်စောင့်စွမ်းအားသည် သူ၏ သက်တမ်းကိုသာ သက်ရောက်မှုရှိသည် မဟုတ်ချေ။

သူ၏ သက်စောင့်စွမ်းအား မြင့်မားလေလေ ကျောက်ရန်သည် ပိုမိုနုပျိုလာလေလေ ဖြစ်သည်။

လက်ရှိတွင် သူသည် အသက်ငါးဆယ်ဝန်းကျင်ခန့်ရုပ်ရည်သာ ရှိတော့၏။

အချက်အလက်မျက်နှာပြင်ကို ပိတ်လိုက်ပြီးနောက်‌ ရှောင်ဖန်းသည် သိုလှောင်မှုနယ်ပယ်ကို ထပ်မံဖွင့်လှစ်လိုက်သည်။

မိမိခုနတင် လဲလှယ်ထားသော ပစ္စည်းများက ဘာတွေလဲဆိုသည်ကို သူ သေချာစွာ ကြည့်ရှုရန်ဖြစ်၏။

ပထမဆုံးအနေဖြင့် ရေတန် ၂၀ ဖြစ်ပြီး ၎င်းမှာ သိုလှောင်မှုနယ်ပယ်အတွင်း၌ မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် ထိန်းချုပ်ခံထားရကာ ထောင့်တစ်နေရာတွင် ကုဗတုံးပုံသဏ္ဌာန် ရေထုကြီးအဖြစ် တည်ရှိနေသည်။

သိုလှောင်မှုနယ်ပယ်၏ အခြားတစ်ဖက်တွင်မူ သူခုနက လဲလှယ်ထားသော အစားအစာများနှင့် နေ့စဉ်သုံးပစ္စည်းများကို သပ်ရပ်စွာ အမျိုးအစားခွဲခြား၍ စီစဉ်ထားပြီး ဖြစ်၏။

လဲလှယ်ထားသော အစားအစာများမှာ အမျိုးစုံဖြစ်သဖြင့် အစားအစာ အမျိုးအစား အလွန်စုံလင်လှသည်။

ဆန်၊ ဂျုံမှုန့်၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့် ပုစွန်ကဲ့သို့သော လတ်ဆတ်သည့် ကုန်ကြမ်းများအပြင်ချက်ပြုတ်ပြီးသား အစားအစာများစွာလည်း ရှိနေပြီး ပေါင်မုန့်၊ ခေါက်ဆွဲခြောက်နှင့် ထိုကဲ့သို့သော အသင့်စားအစားအစာ အတော်များများလည်း ပါဝင်နေ၏။

ဆီ၊ ဆား၊ ပဲငပိနှင့် ဗာနီဂါကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်များပင် ရှိနေသည်။အစားအစာများ၏ အရည်အသွေးနှင့် အမျိုးအစားများမှာ မညီမျှသော်လည်း အရေအတွက်မှာမူ စုံလင်လှ၏။

နေ့စဉ်သုံးပစ္စည်းများ၏ အမျိုးအစားများကမူ ပို၍ပင် များပြားလှသေးသည်။ဆပ်ပြာ၊ ရေချိုးဂျဲလ်၊ ခေါင်းလျှော်ရည်နှင့် မျက်နှာသုတ်ပုဝါကဲ့သို့သော သာမန်အခြေခံပစ္စည်းများ ရှိနေ၏။

အဝတ်အစားများနှင့် အိပ်ရာခင်းများ အပြင် ကလေးသေးခံနှင့် အမျိုးသမီးသုံးပစ္စည်းများပင် အတွင်း၌ ပါဝင်နေသည်။

ပို၍ ရယ်ချင်စရာကောင်းသည့်အချက်မှာမှာ‌ ရှောင်ဖန်းသည် အနက်ရောင်၊ အဖြူရောင်၊ အနီရောင် အစရှိသဖြင့် အရောင်စုံ၊ ပုံစံစုံသော ခြေအိတ်အမျိုးမျိုးကို စုပုံလျက် တွေ့ရှိခဲ့ခြင်း ဖြစ်၏။

ထို့ပြင် အဝတ်စများ နှင့်‌ ကြောင်ကြောင်ကြားကြားအဝတ်အစားအချို့လည်း ရှိနေသည်။

အမျိုးစုံနေသော်လည်း‌ ရှောင်ဖန်းအနေဖြင့် ချမ်းစိမ့်မှုကို ကာကွယ်နိုင်မည့် အအေးဒဏ်ခံအဝတ်အစား တစ်ထည်မျှ ရှာမတွေ့ခဲ့ပေ။

သို့သော်လည်း သူအလျင်မလိုချေ။ ဘာပဲဖြစ်ဖြစ် ကမ္ဘာပျက်ကပ် ကျရောက်လာလျှင်သူသည် အိမ်တွင်းအောင်းရန်သာ စီစဉ်ထားသောကြောင့် ဖြစ်သည်။

၎င်းပြင် သူ့တွင် အအေးဒဏ်ခံဝတ်စုံ ရှိပြီးသားဖြစ်ရာ အနွေးထည်များလည်းသူ့အတွက် အရေးမကြီးလှပေ။

မိမိခုနက လဲလှယ်ထားသော ပစ္စည်းများကို တစ်ခေါက် ပြန်လည်စစ်ဆေးပြီးနောက်‌ ရှောင်ဖန်းသည် ဖုန်းကို ထုတ်ယူကာ ယွမ်ချင်းမေ၏ ဖုန်းနံပါတ်ကို ထပ်မံနှိပ်လိုက်၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် ယွမ်ချင်းမေထံသို့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ပြီးဖုန်းဝင်သော်လည်း မည်သူမျှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။

ထိုအချက်ကယွမ်ချင်း‌မေတစ်စုံတစ်ရာ ဖြစ်ပွားနေပြီလားဟု အနည်းငယ် စိုးရိမ်ပူပန်စေခဲ့သည်။

ဖုန်းမြည်သံမှာ လွန်စွာ ကြာမြင့်နေခဲ့၏။ ရှောင်ဖန်းက ယခုတစ်ကြိမ်လည်း ဖုန်းကိုင်မည်မဟုတ်ဟု တွေးကာ ဖုန်းချရန် ပြင်လိုက်စဉ်ရုတ်တရက် ဖုန်းလိုင်းချိတ်ဆက်သွားခဲ့ပြီး တစ်ဖက်မှ ယွမ်ချင်းမေ၏ အားအင်ချိနဲ့နေသော အသံ ထွက်ပေါ်လာသည်။

"ဟဲလို... ဦးလေးရှောင်... ဘာကိစ္စရှိလို့လဲ"

ယွမ်ချင်းမေ၏ အသံကို ကြားရသောအခါ ကျောက်ရန် အနည်းငယ် စိတ်လှုပ်ရှားသွား၏။

"ချင်းမေ... မင်း ဒီရက်ပိုင်း ဘာလို့ ဖုန်းမကိုင်၊ စာပြန်မပို့တာလဲ"

ဖုန်းလိုင်း၏ အခြားတစ်ဖက်မှာ တိတ်ဆိတ်သွားခဲ့သည်။‌ရှောင်ဖန်းအနေဖြင့် သူမဘာဖြစ်နေတာလဲဟု တွေးနေစဉ်.တစ်ဖက်မှ ယွမ်ချင်းမေ၏ ရှိုက်ကြီးတငင် ငိုရှိုက်သံ ထွက်ပေါ်လာတော့၏။

"ကျွန်မ... ကျွန်မရဲ့ အဖေ ဆုံးသွားပြီ။ ဒီရက်ပိုင်း ကျွန်မ သူ့ရဲ့ နာရေးကိစ္စတွေနဲ့အလုပ်ရှုပ်နေတာ၊ ဒီနေ့မှပဲ အကုန်ပြီးသွားတယ်"

ယွမ်ချင်းမေ စကားပြောပြီးနောက် ဖုန်းထဲမှ သူမ၏ ငိုရှိုက်သံများ ထပ်မံထွက်ပေါ်လာခဲ့သည်။ထိုအခြေအနေနှင့် ရင်ဆိုင်ရမည်ဟု‌ ရှောင်ဖန်းလည်း မျှော်လင့်မထားခဲ့ပေ။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို ပြန်လည်တွေးတောကြည့်လျှင် အလွန်အမင်း အေးစက်သော ကမ္ဘာပျက်ကပ် ကျရောက်ပြီးနောက် မူလပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင်သူမကို ထပ်မံမတွေ့ရတော့ပေ။

ထိုအချက်က ယွမ်ချင်းမေသည် ထိုအချိန်က သူ၏ဇာတိမြေသို့ ပြန်သွားခဲ့ကြောင်း ညွှန်ပြနေခြင်း ဖြစ်၏။

သို့သော် ရှောင်ဖန်း‌သည်ဘာမှစဥ်းစားမနေဘဲယွမ်ချင်းမေကိုသာနှစ်သိမ့်စကား‌ ပြောလိုက်တော့သည်။

ခဏအကြာသူမ၏ရှိုက်သံများပျောက်သွားမှ‌ရှောင်ဖန်းက

"ချင်းမေ... မင်း ဒီနေ့ပဲ အမြန် ပြန်လာခဲ့ပါလား"

"အာ... ဦးလေးရှောင်... ကျွန်မ ဒီရက်ပိုင်း စိတ်မပါသေးဘူး။ အိမ်မှာ အနားယူပြီးမှ လာခဲ့မယ်"

ယွမ်ချင်းမေက ရှောင်ဖန်းသည် သူမကိုတောင့်တနေ၍အမြန်ပြန်လာခိုင်းနေသည်ဟုထင်နေခြင်းဖြစ်သည်။

ရှောင်ဖန်းကထိုစကားကို ကြားသည်နှင့် ချင်းမေက သူ ဆိုလိုရင်းကို အထင်လွဲနေကြောင်း သိရှိလိုက်သဖြင့် သူ၏ လေသံမှာ တည်ကြည်လေးနက်သွားသည်။

"ချင်းမေ... မင်း အထင်လွဲနေပြီ။ ငါ အဲဒီလို ဆိုလိုတာ မဟုတ်ဘူး။ မင်း ငါ့ကို ယုံလား။ ယုံတယ်ဆိုရင် အခုချက်ချင်းပဲ ပစ္စည်းတွေသိမ်းပြီး ပြန်လာခဲ့ပါ"

ချင်း‌မေသည်‌ ရှောင်ဖန်း၏ အသံထဲမှ တည်ကြည်လေးနက်မှုကို ကြားသိရသဖြင့် စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

"ဦးလေးရှောင်... တစ်ခုခုဖြစ်ဖြစ်လို့လား"

"ဟုတ်တယ်။စကားတစ်ခွန်းနှစ်ခွန်းနဲ့ ရှင်းပြလို့မရဘူး။ ငါ့စကားကိုသာ နားထောင်ပါ၊ မင်း ဒီည မတိုင်ခင်အရောက်ပြန်လာရမယ်"

ဖုန်းလိုင်း၏ အခြားတစ်ဖက်တွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ

"ကောင်းပါပြီ ဦးလေးရှောင်.. ကျွန်မ အခုပဲ ပစ္စည်းတွေ သွားသိမ်းလိုက်ပါမယ်။ ဒီည မတိုင်ခင် ပြန်ရောက်နိုင်မှာပါ"

သူမ၏ စိတ်ကျေနပ်မှုနှုန်းမှာ ငါးဆယ်ကျော်အထိ မြင့်မားနေသည့်အတွက်လယွမ်ချင်း‌မေသည် ရှောင်ဖန်း၏ အကြံပြုချက်ကို မဖယ်ရှားနိုင်ပေ။

ရှောင်ဖန်းလည်း ထိုအချိန်ကျမှသာသက်ပြင်းချနိုင်ခဲ့၏။ သူသာ၏ဖုန်းမ‌‌ ခေါ်ရှိခဲ့လျှင် အလှပဂေးတစ်ဦးကို ဆုံးရှုံးရလိုက်ရနိုင် သည်။

ဆက်လက်၍ ရှောင်ဖန်းသည်ဖန်ချင်းယွီထံသို့ ဖုန်းခေါ်ဆိုကာ ဂရုစိုက်မှုအချို့ ပြသခဲ့ပြီး စိတ်ကျေနပ်မှုနှုန်းကို အနည်းငယ် တိုးတက်အောင် လုပ်ဆောင်ခဲ့၏။

ထို့နောက် ယွဲ့ဟွာထံသို့လည်း ထိုစကားများကိုပင် ထပ်မံပြောကြားခဲ့သော်လည်း စနစ်က မည်သည့်အကြောင်းကြားစာမျှပေါ်မလာခဲ့ချေ။

သူမမှာသူ သိမ်းသွင်းထားသော အလှပဂေး မဟုတ်သဖြင့်‌ ရှောင်ဖန်းအနေဖြင့် သူမ၏ အချက်အလက်များကို မမြင်နိုင်ရာ ယွဲ့ဟွာသည် ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိရန် မည်မျှအထိ လိုအပ်နေသေးသည်ကို သူ မသိရှိချေ။

ထို့ပြင် ကျူချန်းချန်းဟူသော အမျိုးသမီးတစ်ဦးလည်း ရှိသေးပြီး ရှောင်ဖန်းသည် သူမနှင့် မဆုံဖူး‌ သေးသဖြင့်ဆက်သွယ်ရန် လိပ်စာကိုလည်း မရရှိသေးပေ။

ရှောင်ဖန်းကအိမ်ရာဝင်း၏ အိမ်ပိုင်ရှင်များအုပ်စုထဲတွင် သူမကို အကောင့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။

ချန်ကျားဟွီဟူသော အမျိုးသမီးတစ်ဦးရှိ‌‌သေးသော်လည်းသူမကို ဂရုမစိုက်နိုင်သေးပေ။ သူမကို ဆက်သွယ်ရန် ဖုန်းနံပါတ်လည်းမရှိသလိုသူ့လိုအဘိုးကြီးကိုလည်းထိုအမျိုးသမီးကဖုန်းနံပါတ်ပေးမည်မဟုတ်ပေ။

သို့သော်လည်း ရှောင်ဖန်းမစိုးရိမ်ပါချေ။ သူ့တွင် အလှပဂေး နှစ်ဦးကို အောင်မြင်စွာ သိမ်းသွင်းထားပြီး ဖြစ်သည်။

ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီး လူတိုင်း ဆာလောင်မွတ်သိပ်ကာ ချမ်းစိမ့်လာသောအခါ ထိုသူစိမ်းများနှင့် ဆက်သွယ်ပြောဆိုရခြင်းမှာ လွန်စွာ လွယ်ကူသွားလိမ့်မည် ဖြစ်၏။

အလုပ်များအားလုံးပြီးစီးသည့်အချိန်တွင်‌ သူမလုပ်ဆောင်ရသေးသော အခြားအလုပ်တစ်ခုကို သတိရသွားသည်။

ထို့ကြောင့် သူ၏ နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်ကာ ပြုံးလိုက်ရင်း အောက်ထပ်သို့ ဆင်းခဲ့ပြီးအိမ်ရာဝင်း၏အ‌ပေါက်ဝဆီသို့ လျှောက်လှမ်းခဲ့၏။

*********

All Chapters