← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅ - သနားစရာကောင်းလှသော ဝမ်ပေါင်

အိမ်ရာဝင်းထဲမှ ထွက်လာပြီးနောက် ရှောင်ဖန်းသည် အများသုံးဖုန်းတစ်လုံးကို ရှာဖွေလိုက်၏။

ထို့နောက် သူသည် အိတ်ကပ်ထဲမှ ဂဏန်းအချို့ ရေးသားထားသော စာရွက်အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုနံပါတ်မှာ ဝမ်ပေါင်အလုပ်လုပ်ကိုင်နေသည့် သိုလှောင်ရုံဗဟိုဌာန၏ ပြင်ပဖောက်သည်ဝန်ဆောင်မှု ဖုန်းနံပါတ် ဖြစ်၏။

ဖုန်းခေါ်ဆိုမှုမှာ လျင်မြန်စွာ ချိတ်ဆက်သွားခဲ့သည်။

"မင်္ဂလာပါရှင်... တာဝူမြို့ သိုလှောင်ရုံဗဟိုဌာန ဖြစ်ပါတယ်။ ဘာကူညီပေးရမလဲရှင်"

ဖုန်းလိုင်း၏ အခြားတစ်ဖက်မှ ချိုသာသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာ၏။

"ဒီည ခင်ဗျားတို့ရဲ့ သိုလှောင်ရုံကနေ ပစ္စည်းတွေကို လာခိုးမယ့်သူ ရှိတယ်၊ နည်းနည်း ပိုပြီး သတိထားကြပါ"

ရှောင်ဖန်းက တိုးညှင်းသော လေသံဖြင့် အမြန်ပြောကြားလိုက်ပြီးဖုန်းကို ချက်ချင်း ချပစ်လိုက်၏။ တစ်ဖက်လူက ယုံကြည်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ သူဂရုစိုက်ရမည့် ကိစ္စမဟုတ်ချေ။

ရှောင်ဖန်းသည် ဝမ်ပေါင်က တာဝူမြို့၏ အကြီးဆုံး သိုလှောင်ရုံဗဟိုဌာနတွင် အလုပ်လုပ်နေကြောင်း သိရှိရကတည်းက ထိုကောင်လေးသည် ကမ္ဘာပျက်ကပ်မတိုင်မီ ထိုနေရာမှ ပစ္စည်းများကို အခွင့်အရေးယူ၍ စုဆောင်းလိမ့်မည်ဟု ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် သိုလှောင်ရုံ၏ ပြင်ပဖောက်သည်ဝန်ဆောင်မှု ဖုန်းနံပါတ်ကို ရှာဖွေထားခဲ့ခြင်း ဖြစ်၏။

သူသည် ကမ္ဘာပျက်ကပ်မရောက်မီနောက်ဆုံးနေ့တွင် ဖုန်းခေါ်ဆို၍ သိုလှောင်ရုံမှ လူများကို ကြိုတင်သတိပေးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သူသည်ဝမ်‌ပေါင်အတွက် အခက်အခဲဖြစ်စေရန် ရည်ရွယ်၍လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး၎င်းတို့ကသာ ဝမ်ပေါင်ကို ထိုပစ္စည်းများ မရရှိအောင် တားဆီးနိုင်ခဲ့ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့မှသာနောင်အနာဂတ်တွင် သူကိုယ်တိုင် အင်အားတောင့်တင်းလာပါကထိုအေးခဲထားသော ကုန်ပစ္စည်းများကို သွားရောက်သိမ်းယူနိုင်မည် ဖြစ်၏။

အကယ်၍ သူတို့က အလေးအနက်မထား၍ဝမ်ပေါင်ထိုပစ္စည်းများရသွားလျှင်လည်း‌ ရှောင်ဖန်းအတွက် ဘာမှ ထိခိုက်မှုမရှိချေ။

ရှောင်ဖန်း ဖုန်းချသွားပြီးနောက် ဖုန်းလက်ခံဖြေကြားခဲ့သော ဖောက်သည်ဝန်ဆောင်မှု အမျိုးသမီးငယ်မှာ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့သည်။

"ဒီလူက ဘာကို ဆိုလိုတာလဲ။ သိုလှောင်ရုံက ပစ္စည်းတွေကို တစ်ယောက်ယောက်က လာခိုးတော့မယ်လို့ ပြောဖို့အတွက် သက်သက်မဲ့ ဖုန်းဆက်တာလား"

ဖုန်းခေါ်ဆိုသူကို ရူးသွပ်နေသူတစ်ဦးဟု ထင်မှတ်မိသော်လည်း အမျိုးသမီးငယ်သည် တာဝန်ကျ ဖောက်သည်ဝန်ဆောင်မှု မန်နေဂျာထံသို့ ဤအကြောင်းအရာကို တင်ပြခဲ့၏။

ထို့နောက် အဆင့်ဆင့် တင်ပြချက်များမှတစ်ဆင့် ထိုသတင်းမှာ သိုလှောင်ရုံဗဟိုဌာန၏ ကြီးကြပ်ရေးမှူးထံသို့ ရောက်ရှိသွားခဲ့သည်။

ဤသတင်းကို စတင်ကြားသိရသောအခါ ကြီးကြပ်ရေးမှူးသည် ရယ်မောချင်စိတ် ပေါက်သွားပြီး ယခုခေတ်တွင်ထိုလူမျိုးများ ရှိနေသေးသည်ကို သဘောကျမိသွား၏။

တာဝူမြို့ သိုလှောင်ရုံဗဟိုဌာနက ပစ္စည်းတွေကို လာခိုးမလို့လား။

ဘယ်လိုနည်းနဲ့လဲ။

လုံခြုံရေးကင်မရာများ နေရာအနှံ့ ရှိနေသည်ကို ထားလိုက်ဦး၊ ၂၄ နာရီပတ်လုံး ကင်းလှည့်နေသော လုံခြုံရေးဝန်ထမ်းများလည်း ရှိနေသေးသည်။

အတွင်းရှိ ကုန်ပစ္စည်းများမှာ သေးငယ်သော အထုပ်အပိုးများ မဟုတ်ကြချေ။ ဆေးလိပ်နှင့် အရက်ကဲ့သို့သော အရာများပင်လျှင် ကြီးမားသော သေတ္တာကြီးများဖြင့် ထုပ်ပိုးထားခြင်း ဖြစ်သည်။

လူတစ်ယောက်တည်းနှင့် ထိုအရာများကို မရွှေ့ပြောင်းနိုင်ပေ။သူခိုးက ကုန်တင်ကားတစ်စီး မောင်းနှင်လာပြီး ကုန်တင်ဓာတ်လှေကား ကို အသုံးပြု၍ သယ်ဆောင်မှသာ ရနိုင်လိမ့်မည်။

သူ မယုံကြည်သော်လည်း သိုလှောင်ရုံဗဟိုဌာန၏ ကြီးကြပ်ရေးမှူးသည် အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့ပြီးလုံခြုံရေးဝန်ထမ်း အားလုံးကို ယနေ့ညတွင် ကင်းလှည့်မှုများ တိုးမြှင့်ရန်နှင့် စောင့်ကြည့်ထိန်းချုပ်ရေးအခန်းတွင် အမြဲတမ်း လူရှိနေစေရန် အမိန့်ပေးခဲ့သည်။

ထို့ပြင် ကဏ္ဍအသီးသီးရှိ ဂိုဒေါင်မန်နေဂျာ အားလုံးကိုလည်း မိမိတို့၏ တာဝန်ကျနေရာများတွင် အချိန်ပိုဆင်း၍ စောင့်ကြပ်ရန် တောင်းဆိုခဲ့၏။

ဘာပဲဖြစ်ဖြစ် ကြီးကြပ်ရေးမှူးအတွက်မူ မတော်တဆမှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းက ပို၍ ကောင်းမွန်လှပေသည်။သူက အမိန့်ပေးရုံသာ ဖြစ်သည်။

ဝမ်ပေါင်သည်၎င်းသတင်းကို ကြားသိလိုက်ရသောအခါ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရ၏။

ပုံမှန်ဆိုလျှင် ဘာမှမဖြစ်ဘဲ အဆင်ပြေနေပါလျက်နှင့် ဘာလို့ယနေ့ညကျမှ လုံခြုံရေးများ ရုတ်တရက် တင်းကြပ်သွားရတာလဲ။

ဝမ်ပေါင်သည် မိမိကိုယ်မိမိ ပြန်လည်မွေးဖွားပြီးနောက် 'ငရဲအဆင့်' ရှိသော ဇာတ်ညွှန်းကို ရရှိထားခြင်း ဖြစ်မလားဟုပင် သံသယဝင်လာခဲ့သည်။

ပထမဆုံးအနေဖြင့် သူမှာယူခဲ့သော အစားအသောက် အမြောက်အမြား ပြဿနာ ရှိခဲ့သည်။

ထိုအကြောင်းကြောင့် သူ၏ မူလအစီအစဉ်တစ်ခုလုံး လုံးဝ ပရမ်းပတာ ဖြစ်သွားခဲ့ရ၏။

အဆိုးရွားဆုံး အချက်မှာ သူသည် အိမ်ပြင်ဆင်ရေးအတွက် ငွေအပြည့်အဝကို ကြိုတင်ပေးချေထားခဲ့ရသဖြင့် ထိုကုမ္ပဏီက အလုပ်ကို အချိန်ဆွဲနေခဲ့သည်။

ယနေ့အထိ ၎င်းတို့သည် အပြင်ဘက်နှင့် လိုအပ်သော အတွင်းပိုင်း ဖွဲ့စည်းပုံ အပြောင်းအလဲအချို့ကိုသာ ပြီးစီးအောင် လုပ်ဆောင်ပေးထားသေး၏။

အတွင်းပိုင်း အလှဆင်ခြင်း မရှိသလောက်ပင် ဖြစ်ရာ ယခုအချိန်တွင် ဝမ်ပေါင်၏ အိမ်ထဲသို့ ကြည့်လိုက်ပါက ကွန်ကရစ် အကြမ်းထည် အိမ်တစ်လုံးနှင့် ဘာမှမထူးခြားချေ။

ထိုအခန်းကို ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်ရန် ဘေးကင်းလုံခြုံသော အိမ်တစ်လုံးအဖြစ် သတ်မှတ်နိုင်သော်လည်း အတွင်းပိုင်း ပတ်ဝန်းကျင်မှာမူ ကြည့်ရဆိုးလှပေသည်။

အကယ်၍ ထိုအချိန်က သူသည် စားသောက်ဆိုင်နှင့် စားသောက်ကုန်မှာယူမှု ကိစ္စရပ်အတွက် အငြင်းပွားမှု မဖြစ်ပွားခဲ့လျှင် အရာအားလုံးမှာ ကွဲပြားခြားနားသွားနိုင်ပေသည်။

ယခုအခါဖြစ်ခဲ့ဖူးသည့်ကိစ္စရပ် ထပ်မံဖြစ်ပွားလာသဖြင့် ဝမ်ပေါင်သည် ပြန်လည်မွေးဖွားပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အနာဂတ်အတွက် ယုံကြည်မှု ကင်းမဲ့သွားခဲ့ရသည်။

သူသည် အလွန်အမင်း အေးစက်သော ကမ္ဘာပျက်ကပ်အတွင်း တကယ်ပဲ ကောင်းမွန်စွာ ရှင်သန်နိုင်ပါ့မလား။

ခေတ္တမျှ စိတ်အေးချမ်းအောင် လုပ်ဆောင်ပြီးနောက် ဝမ်ပေါင်သည် မိမိကိုယ်မိမိ စိတ်ထဲတွင် ပြန်လည်နှစ်သိမ့်လိုက်၏။

သူ လုပ်နိုင်ရမည်။ ကုန်ပစ္စည်းအားလုံးကို မစုဆောင်းနိုင်ရင်ကော ဘာဖြစ်လဲ။

သူ စီမံခန့်ခွဲနေသော ဂိုဒေါင်ကဏ္ဍတွင် ပစ္စည်းအချို့ကို ရယူနိုင်မည့် နည်းလမ်းကို သူ ရှာဖွေနိုင်ပါသေးသည်။

၎င်းမှာ သူ၏ မူလအစီအစဉ်မှ အနည်းငယ် သွေဖည်သွားခြင်းသာ ဖြစ်၏။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ တာဝူမြို့၏ ကောင်းကင်ယံမှာ မှုန်မှိုင်းသော မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

ညမှောင်လာသောအခါ ကောင်းကင်ယံမှ မိုးဖွဲဖွဲလေးများ စတင်ရွာသွန်းလာခဲ့၏။

ဝမ်ပေါင်သည် ကြီးမားသော ဂိုဒေါင်တစ်ခု၏ အပြင်ဘက်တွင် ရပ်နေပြီး အဆက်မပြတ် ရွာသွန်းနေသော မိုးဖွဲများကို လွန်စွာ စိုးရိမ်ပူပန်သော စိတ်ဖြင့် မော့ကြည့်နေခဲ့သည်။

အတိတ်ဘဝ၏ မှတ်ဉာဏ်များအရ သူသည် တာဝူမြို့ ကောင်းကင်ယံ၏ ပြောင်းလဲမှုများမှာ ကမ္ဘာပျက်ကပ် ကျရောက်တော့မည့် နိမိတ်လက္ခဏာများ ဖြစ်ကြောင်း သိရှိထား၏။

အမှန်စင်စစ် တာဝူမြို့တစ်ခုတည်း မဟုတ်ချေ။ အပြာရောင်ဂြိုဟ် (ကမ္ဘာမြေ) ၏ နေရာအနှံ့အပြားတွင် ဤအချိန်၌ မိုးဖွဲများ စတင်ရွာသွန်းနေခြင်း ဖြစ်သည်။

ညသန်းခေါင် ၁၂ နာရီသို့ ရောက်ရှိသည်နှင့် အပြာရောင်ဂြိုဟ်၏ အပူချိန်မှာ သိသိသာသာ ထိုးဆင်းသွားမည်ဖြစ်ပြီး မိုးရေများသည် ဆီးနှင်းများအဖြစ်သို့ ပြောင်းလဲကာ ပိုမိုပြင်းထန်စွာ ကျဆင်းလာလိမ့်မည် ဖြစ်၏။

ညသန်းခေါင်ကျော်လွန်သည်နှင့် အပူချိန်မှာ အလွန်တိုတောင်းသော အချိန်ကာလအတွင်း သုညအောက် ဆယ်ဒီဂရီကျော်အထိ ထိုးဆင်းသွားမည်ဖြစ်ကြောင်း ဝမ်ပေါင်မှတ်မိနေသည်။

ဝမ်ပေါင်ဝတ်ဆင်ထားသော ပါးလွှာသည့် အဝတ်အစားများနှင့်ဆိုလျှင် သူသည် အိမ်သို့ပင် ပြန်မရောက်နိုင်မီ အေးခဲ သေဆုံးသွားနိုင်ပေသည်။

ကောင်းကင်ကြီး ပိုမိုမှောင်မိုက်လာသည်ကို ကြည့်ရင်း ဝမ်ပေါက်၏ စိတ်ထဲတွင် လွန်စွာ ဝေခွဲမရ ဖြစ်နေခဲ့၏။ ပစ္စည်းများ စုဆောင်းခြင်းကို လက်လွှတ်လိုက်ပြီး အိမ်သို့ တည့်တည့်ပြန်ရမလားဟု တွေးတောနေမိသည်။

သို့သော်လည်း သူ ထိုသို့လုပ်ဆောင်ပါက ကမ္ဘာပျက်ကပ်အတွင်း သူ၏ ရှင်သန်ရေးမှာ လွန်စွာ ခက်ခဲသွားပေလိမ့်မည်။ သူသည် အစားအသောက် အတော်များများ ဝယ်ယူထားခဲ့သော်လည်း ၎င်းတို့မှာ အခြေခံအကျဆုံးနှင့် ဈေးအပေါဆုံး ပစ္စည်းများသာ ဖြစ်ကြ၏။

၎င်းတို့ကသူ့ကိုဗိုက်ပြည့်ရုံသာဖြစ်‌ စေပြီးသက်တောင့်သက်သာ နေထိုင်လိုပါက သိုလှောင်ရုံဗဟိုဌာန၏ ဂိုဒေါင်ထဲမှ ပစ္စည်းအချို့ကို ရယူရမည် ဖြစ်သည်။

ဝမ်ပေါင်၏ ဝေခွဲမရဖြစ်နေသော စိတ်ခံစားချက်များမှာ သူ၏ မျက်နှာထက်တွင် အထင်အရှား ပေါ်လွင် နေပြီးမိမိ၏ လက်များကိုစိတ်လှုပ်ရှားစွာဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

ခေတ္တမျှ ကြာပြီးမှဝမ်‌ပေါင်၏ မျက်နှာထက်မှ အမူအရာများ ပြန်လည်ပြေလျော့သွားပြီး ဆုပ်ကိုင်ထားသော လက်သီးများလည်း ဖြည်းညှင်းစွာ ပြေလျော့သွားခဲ့၏။

ဝမ်ပေါင်သည် ည ၁၁ နာရီအထိ ကုန်ပစ္စည်းများ စုဆောင်းရန် အခွင့်အရေး မရရှိသေးပါက သိုလှောင်ရုံဗဟိုဌာနမှ ထွက်ခွာ၍ အိမ်သို့ ချက်ချင်း ပြန်ရန် ဆုံးဖြတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်‌ရှောင်ဖန်းသည် အိမ်၌ ရှိနေပြီး သူလည်း စိုးရိမ်ပူပန်နေခဲ့၏။ယွမ်ချင်း‌မေနှင့် အဆက်အသွယ်မရခြင်းကြောင့်ဖြစ်သည်။

ရှောင်ဖန်းအတွက်ယွမ်ချင်း‌မေသည် သူအောင်မြင်စွာ သိမ်းသွင်းထားသည့် အလှပဂေးတစ်ဦးဖြစ်ရုံသာမကရင်ခုန်စိတ်လှုပ်ရှားဖယ်ခံစားမှုပေးစွမ်းနိုင်သူလည်းဖြစ်၏။

ထို့ကြောင့်‌ ရှောင်ဖန်းသည် သူမအပေါ်တွင် သံယောဇဉ်အနည်းငယ်ရှိနေခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပျက်ကပ်အတွင်းသူမ သေဆုံးသွားခြင်းကို မလိုလားချေ။

ရေှာင်ဖန်းအနေဖြင့် ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် ရုတ်တရက် အပြင်ဘက်မှ တံခါးဖွင့်သံတစ်ခုကို ကြားလိုက်ရသည်။သူအမြန်ထ၍ တံခါးဖွင့်ကြည့်လိုက်ရာ ယွမ်ချင်းမေတစ်ယောက် ကိုယ်လုံးတစ်ခုလုံး စိုရွှဲလျက် တိုက်ခန်းတံခါးကို ဖွင့်နေသည်ကို တွေ့ရှိလိုက်ရ၏။

"ချင်းမေ... ငါ မင်းဆီ ဖုန်းဆက်တာ ဖုန်းပိတ်ထားတယ်၊ မင်း တစ်ခုခု ဖြစ်သွားပြီလားလို့ စိုးရိမ်နေတာ"

ရှောင်ဖန်းက စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ လှမ်းရင်း ပြောလိုက်သည်။

သူ၏ မျက်နှာထက်မှ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်သောအခါ ယွမ်ချင်းမေက ညင်သာစွာ ပြုံးလိုက်၏။

"ဦးလေးကလည်း ဘာဖြစ်နေတာလဲ။ ကြည့်ပါဦး... ဘယ်လောက်တောင် စိုးရိမ်နေလဲဆိုတာ။ ကားပေါ်မှာ ဂိမ်းကစားနေရင်းနဲ့ ဘက်ထရီ ကုန်သွားလို့ပါ"

ချင်းမေ၏စကားကြောင့် ရှောင်ဖန်းသည်ရှိုးတိုးရှန့်တန့်ဖြစ်သွားပြီးစကားလမ်းကြောင်း လွှဲလိုက်၏။

"မင်း ထမင်းမစားရသေးဘူးမလား။ ခဏနေရင် ငါ့အိမ်ဘက်ကို ထမင်းလာစားလှည့်ဦး၊ ငါ ချက်ပြုတ်နေတာပြီးနေပြီ"

"တကယ်လား... အဲဒါဆို အတော်ပဲ။ ကျွန်မ ရေချိုးပြီး အဝတ်အစား အရင်လဲလိုက်ဦးမယ်၊ ပြီးရင် ချက်ချင်း လာခဲ့မယ်နော်"

*********

All Chapters