အခန်း ၁၆
Vol. 2 Ch. 16
အခန်း ၁၆ - ကမ္ဘာပျက်ကပ် စတင်ပြီ
ရှောင်ဖန်းသည် အခန်းသို့ ပြန်ရောက်ပြီးနောက်ဟင်းလျာအချို့ကို သိုလှောင်မှုနယ်ပယ်ထဲမှ လျင်မြန်စွာ ထုတ်ယူကာ စားပွဲပေါ်တွင် ပြင်ဆင်ခင်းကျင်းလိုက်၏။
ခေတ္တမျှ ကြာပြီးနောက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ရှောင်ဖန်း တံခါးဖွင့်လိုက်ရာ အိမ်နေဝတ်စုံ ဝတ်ဆင်ထားပြီး စိုစွတ်နေဆဲဖြစ်သော ဆံပင်များကို မျက်နှာသုတ်ပုဝါဖြင့် သုတ်ရင်း တောက်ပစွာ ပြုံးလျက် ဝင်ရောက်လာသော ယွမ်ချင်းမေကို တွေ့လိုက်ရ၏။
စားပွဲပေါ်တွင် ပြည့်နှက်နေသော ဟင်းလျာမျိုးစုံကို မြင်သောအခါ သူမ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။
"ဦးလေးရှောင်... ဦးလေး ရုတ်တရက်ကြီးချမ်းသာသွားတာလား။ ဘယ်လိုလုပ် ဒီလောက်အထိ ကောင်းတဲ့ စားစရာတွေ အများကြီး ရလာတာလဲ"
"ဟားဟား... ချမ်းသာတာ မချမ်းသာတာနဲ့ မဆိုင်ပါဘူး။ မြန်မြန် ထိုင်ပြီး စား"
ရှောင်ဖန်းက ရယ်မောလျက် ပြောလိုက်သည်။
"ဒါဆိုရင်လည်း ကျွန်မ အားမနာတော့ဘူးနော်... ပုစွန်တုပ်ကြီးကနေပဲစ စားတော့မယ်"
ယွမ်ချင်း မေထိုင်လိုက်ပြီးနောက် ပုစွန်တုပ်ကြီးတစ်ကောင်ကို လှမ်းယူကာ မြိန်ရည်ရှက်ရည် စတင်စားသောက်တော့၏။
သူမအားရပါးရ စားသောက်နေသည်ကို ကြည့်ရင်း ရှောင်ဖန်းသည်အတွင်းခန်းသို့ လှည့်ဝင်သွားကာ သိုလှောင်မှုနယ်ပယ်ထဲမှ ဝိုင်နီတစ်ပုလင်းကို ထုတ်ယူလိုက်သည်။
ထို့နောက်ထမင်းစားပွဲသို့ ပြန်လာပြီးနောက် ယွမ်ချင်းမေအတွက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်၏။
"မင်း ဒီနေ့ လမ်းခရီးမှာ ပင်ပန်းလာတာ။ ပင်ပန်းတာတွေ ပြေပျောက်သွားအောင် ဝိုင်လေး နည်းနည်း သောက်လိုက်ဦး"
သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှောင်ဖန်းကို ယွမ်ချင်းမေခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ညင်သာပြီး ဆွဲဆောင်မှုရှိသော လေသံဖြင့် ပြောဆို၏။
"ဦးလေးရှောင်က ကျွန်မအပေါ် တကယ်ကောင်းတာပဲ။ ဒါပေမဲ့ ကျွန်မ ဒီရက်ပိုင်း စိတ်မပါသေးဘူးနော်"
ယွမ်ချင်းမေ၏ စကားကြောင့် ဝိုင်တစ်ငုံ သောက်ခါစ ရှိသေးသော ရှောင်ဖန်းမှာမှာ သီးပြီး ပြန်ထွေးထုတ်မိလုနီးပါး ဖြစ်သွားခဲ့ရသည်။
ယွမ်ချင်းမေက သူ့ကို ယခုအချိန်တွင် ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုး ရှိနေသည်ဟု ထင်မှတ်လိမ့်မည်ဟုရှောင်ဖန်း မျှော်လင့်မထားခဲ့ပေ။ သူ့တွင် ထိုအတွေးမျိုး ရှိနေလျှင်ပင် ယနေ့ညတွင်လုံးဝဖြစ်နိုင်ချေ။ ခဏနေလျှင် သူ လုပ်ဆောင်ရမည့် ကိစ္စတစ်ခု ရှိနေသေးသည်။
"အဟွတ်... အဟွတ်... မင်း အထင်မလွဲပါနဲ့။ ငါက လူကြီးလူကောင်းတစ်ယောက်ပါ။ ထမင်းစားပြီးရင် စောစောစီးစီး အခန်းပြန်ပြီး အနားယူလိုက်ပါ"
ရှောင်ဖန်းက တည်ကြည်စွာ ပြောလိုက်၏။
"ဟွန့်... လူကြီးလူကောင်း ဟုတ်မဟုတ်တော့ ကျွန်မ မသိဘူးနော်"
ယွမ်ချင်းမေက နောက်ပြောင်သလို ပြောကာသူမ၏အာရုံအားလုံးကို ရုရှားဂဏန်းကြီးတစ်ကောင်ဆီသို့ပို့လိုက်၏။ထမင်းစားပြီး နောက် ရှောင်ဖန်းနှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် သူမအိမ်သို့ ပြန်သွားခဲ့သည်။
လမ်းခရီးတွင် အချိန်အတော်ကြာ သွားလာခဲ့ရသဖြင့် သူမ အမှန်တကယ်ပင် ပင်ပန်းနေခဲ့ပြီ ဖြစ်ရာအနားယူချင်နေပြီဖြစ်၏။
သို့သော်လည်း ရှောင်ဖန်းကပြတင်းပေါက်များကို တင်းကြပ်စွာ ပိတ်ထားရန်နှင့် စောင်အထူတစ်ထည်ကို ထုတ်ထားရန် မှာလိုက်၍ပြင်ဆင်နေရသေး၏။
၎င်းပြင် ညဘက်တွင် ချမ်းလာပါက အဲယားကွန်းကို (အပူပေးစနစ်) ဖွင့်ထားရန်လည်း အကြံပြုခဲ့သေး၏။
ယွမ်ချင်းမေသည် ရှောင်ဖန်း၏ ထူးဆန်းသော စကားများကြောင့် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ ယနေ့ မိုးရွာခဲ့သော်လည်း စောင်အထူများနှင့် အဲယားကွန်း ဖွင့်ရလောက်အောင်အထိ ချမ်းအေးလိမ့်မည် မဟုတ်ချေ။
သို့သော်ယွမ်ချင်းမေသည် စောဒကမတက်ဘဲသူမ နားလည်ကြောင်း ခေါင်းညိတ်ပြခဲ့လိုက်သည်။
ယွမ်ချင်းမေကို ပြန်ပို့ပြီးနောက် ရှောင်ဖန်းသည် ဖန်ချင်းယွီနှင့် ကျူချမ်းချမ်းတို့ထံသို့ဖုန်းခေါ်ဆိုကာ ထိုစကားများကိုပင် ထပ်မံပြောဆိုခဲ့၏။
အမျိုးသမီး နှစ်ဦးစလုံးကသူ့မှာကြားမှုလုံးဝ နားမလည်နိုင်အောင် ဖြစ်ရသော်လည်း ၎င်းတို့ကပြင်ဆင်ထားမယ်ဟုသာပြန်ပြောခဲ့ကြ၏။
အားလုံးပြီးစီး၍ရှောင်ဖန်းအချိန်ကို လှမ်းကြည့်လိုက်ရာ ည ၁၁ နာရီ ဖြစ်နေပြီး အပူချိန် စတင်ထိုးဆင်းရန် တစ်နာရီသာ လိုတော့၏။
ထို့ကြောင့်သူသည် သိုလှောင်မှုနယ်ပယ်ထဲမှ [အခြေခံ ခိုလှုံရာစခန်း အဆင့်မြှင့်တင်မှု မော်ဂျူး] ကို ထုတ်ယူလိုက်ရာ မကြာမီ အချိန်အတွင်းမှာပင် အိမ်တစ်လုံးလုံး အဆင့်မြှင့်တင် ပြောင်းလဲသွားခဲ့သည်။
ရှောင်ဖန်းအနေဖြင့် အဆင့်မြှင့်တင်ထားသော အိမ်ကို ယခင်က တစ်ကြိမ် မြင်တွေ့ခဲ့ဖူးသော်လည်း ယခုတစ်ခါ ပြန်လည်ကြည့်ရှုရခြင်းကလည်း သူ၏ စိတ်နှလုံးကို လွန်စွာ ကြည်နူးစေဆဲ ဖြစ်၏။
ဤအရာက ကမ္ဘာပျက်ကပ်အတွင်း သူ၏ ဘေးကင်းလုံခြုံသော အသိုက်အမြုံလေး ဖြစ်သည်။
အလှပဂေး အနည်းငယ်ကို ထပ်မံသိမ်းသွင်းနိုင်လျှင် သူ့အနေဖြင့် ကမ္ဘာကုန်ဆုံးသည်အထိ ထိုနေရာတွင်သာ အေးအေးလူလူ နေထိုင်နိုင်တော့မည်ဟု ခံစားလိုက်ရ၏။
နောင်အနာဂတ်တွင် နေ့စဉ်နေ့တိုင်း အလှပဂေးအမျိုးမျိုးနှင့်အတူ ပျော်ရွှင်စရာ ဘဝကို ဖြတ်သန်းနိုင်မည့်အဖြစ်ကို တွေးတောရင်း ရှောင်ဖန်းစိတ်လှုပ်ရှားလာတော့၏။
အိမ်ထဲတွင် ခေတ္တမျှ လှည့်ပတ်ကြည့်ရှုပြီးနောက် ရှောင်ဖန်းသည် ရေခဲသေတ္တာထဲသို့ ထည့်ရန်အတွက် ကုန်ကြမ်းများနှင့် ဖျော်ရည်အချို့ကို ထုတ်ယူလိုက်ပြီး မီးဖိုချောင်တွင် ဆန်၊ ဂျုံမှုန့်နှင့် ဟင်းခတ်အမွှေးအကြိုင် မျိုးစုံကိုစနစ်တကျ ပြင်ဆင်ထားလိုက်သည်။
အလုပ်များအားလုံးပြီးစီးချိန်တွင် ရှောင်ဖန်းသည် အအေးဒဏ်ခံဝတ်စုံကို ထုတ်ယူကာ အဆင်သင့် ပြင်ထားလိုက်၏။ ညသန်းခေါင် ၁၂ နာရီ ကျော်လွန်သည်နှင့် သူသည် အအေးဒဏ်ခံဝတ်စုံကို ဝတ်ဆင်၍ ရပ်ကွက်ပတ်ဝန်းကျင်ရှိ ဆိုင်ငယ်များ၊ စူပါမားကတ်များနှင့် ဆေးဆိုင်များမှ ကုန်ပစ္စည်းများကို သွားရောက်စုဆောင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
အကယ်၍ သူ သွားရောက်မစုဆောင်းပါက ထိုပစ္စည်းများသည် ဝမ်ပေါင်အတွက် ဖြစ်သွားပေလိမ့်မည်။ ဝမ်ပေါင်မယူလျှင်ပင် ရက်အနည်းငယ် ကြာသောအခါ ပစ္စည်းပြတ်လပ်နေသော အိမ်ရာဝင်းနေသူများ၏ ယူငင်ခြင်းကို ခံရမည်ဖြစ်သည်။
ထိုအချိန်တွင်ဝမ်ပေါင်သည် တက္ကစီတစ်စီးပေါ်တွင် ထိုင်နေပြီး ကားဆရာကို မြန်မြန်မောင်းရန် အဆက်မပြတ် တိုက်တွန်းနေခဲ့၏။
လွန်ခဲ့သော နာရီဝက်ခန့်ကမှဝမ်ပေါင်သည် ဂိုဒေါင်ထဲသို့ ဝင်ရောက်ရန် အခွင့်အရေးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သူသည် စောင့်ကြည့်ကင်မရာ မရှိသော နေရာများမှ ကုန်ပစ္စည်း အများအပြားကို စုဆောင်းနိုင်ခဲ့ရာ ၎င်းတို့မှာ ကမ္ဘာပျက်ကပ်အတွင်း တစ်သက်လုံး သက်တောင့်သက်သာ နေထိုင်နိုင်ရန် လုံလောက်နိုင်သည်။
ဝမ်ပေါင်၏ အတိတ်ဘဝ မှတ်ဉာဏ်များအရ သူ ရှင်းလင်းခဲ့သော နေရာရှိ ကုန်ပစ္စည်းများတွင် အရည်အသွေးမြင့် အမဲသား၊ ဆိတ်သားများနှင့် တင်သွင်းလာသော ဝက်ပေါင်ခြောက်များစွာ ပါဝင်ရမည် ဖြစ်၏။
ဝမ်ပေါင်သည်အချိန်မလောက်သဖြင့်သေချာစွာ မကြည့်ရှုနိုင်ခဲ့သော်လည်း သူ၏ မှတ်ဉာဏ် မှန်ကန်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
ည ၁၁ နာရီ မိနစ် ၅၀ တွင်ဝမ် ပေါင်သည် ဘေးကင်းလုံခြုံသော အိမ်ဆီသို့ အပြေးအလွှား ပြန်လည်ရောက်ရှိလာခဲ့၏။
သူ၏ အိမ်ထဲတွင် အတွင်းပိုင်း အလှဆင်ခြင်း မရှိဘဲ ဆောက်လုပ်ရေး အမှိုက်အချို့ပင် ကျန်ရှိနေသေးသော်လည်းဝမ်ပေါင်ကအလွန်သက်တောင့်သက်သာ ရှိလှသည်ဟု ခံစားနေရ၏။
အလှမဆင်ထားသော်လည်း ခိုင်ခံ့မှုရှိပြီး နွေးထွေးမှုရှိကာ အခြေခံလုပ်ဆောင်ချက်များ အားလုံး ရှိနေလျှင် ထိုအရာက လုံလောက်လှပြီ ဖြစ်၏။
မကြာမီအချိန်အတွင်း အေးခဲနေသောအိမ်များထဲတွင် တုန်တုန်ရင်ရင် ဖြစ်နေကြရမည့် လူများကို တွေးတောရင်း ဝမ်ပေါင် စိတ်ထဲတွင်ဝမ်းသာသွားသည်။
ခေတ္တမျှ အနားယူပြီးနောက်ဝမ်ပေါင်သည် သူ၏ သိုလှောင်မှုနယ်ပယ်ထဲသို့ ခုနက ထည့်သွင်းထားသော ပစ္စည်းများကို စတင်စစ်ဆေးတော့၏။
ပထမဆုံး သေတ္တာကြီးကို ဖွင့်လိုက်သောအခါ သူ ကြောင်အမ်းသွားခဲ့ရသည်။
သေတ္တာကြီးတစ်ခုလုံးတွင် အမျိုးသမီးလစဥ်သုံး ပစ္စည်းများဖြင့်သာ ပြည့်နှက်နေခြင်း ဖြစ်၏။
မကောင်းသော ခံစားချက်တစ်ခုကိုဝမ် ပေါင်၏ စိတ်ထဲတွင် ချက်ချင်း မိလိုက်သည်။
စောစောက သူ အလောတကြီးဖြစ်နေစဉ် လမ်းမှားသွားခဲ့ခြင်း လား။အကယ်၍ လမ်းမှားသွားခဲ့လျှင် သူသည် ပစ္စည်းများကို မှားယွင်းစုဆောင်းမိခဲ့ပြီ ဖြစ်သည်။
သူ နောက်ထပ် သေတ္တာတစ်လုံးကို ထပ်မံဖွင့်ကြည့်လိုက်ရာ ၎င်းမှာ ကလေးစီး ဖိနပ်များဖြင့် ပြည့်နှက်နေပြန်၏။
ဝမ်ပေါင်ငိုချင်စိတ်ပင် ပေါက်သွားခဲ့ရသည်။ သူ တကယ်ပဲ ပစ္စည်းများကို မှားယွင်းယူဆောင်မိခဲ့ခြင်း ဖြစ်၏။
သူ သေတ္တာအတော်များများကို ဆက်တိုက် ဖွင့်ကြည့်ခဲ့ရာ ၎င်းတို့အားလုံးမှာ ဘောင်းဘီတိုများ၊ အတွင်းခံများ အစရှိသဖြင့် အခြားသော နေ့စဉ်သုံးပစ္စည်းများသာ ဖြစ်ကြပြီး စားစရာ တစ်ခုမျှ မပါဝင်ချေ။
ဝမ်ပေါင်တစ်ယောက် စိတ်ဓာတ် လုံးဝပြိုလဲလုနီးပါး ဖြစ်နေစဉ်မှာပင် နောက်ထပ် သေတ္တာတစ်လုံးကို ထပ်မံဖွင့်လိုက်သည်။
သို့သော်တစ်ခြားသေတ္တာမျနှင့်မတူဘဲ ၎င်းမှာ ခေါက်ဆွဲခြောက်ထုပ်များဖြင့် ပြည့်နေခြင်း ဖြစ်၏။
ဝမ်ပေါင်၏ ကံဇာတာက ပြန်ကောင်းလာခဲ့သည်ဟုဆိုရပေမည်။ဆက်တိုက်ဆိုသလို ခေါက်ဆွဲခြောက် သေတ္တာကြီး ဆယ်လုံးကျော် တွေ့ရှိရပြီး နောက်ဆုံး သေတ္တာ ရှစ်လုံးမှာမူ ဝက်အူချောင်းများဖြင့် ပြည့်နှက်နေခဲ့၏။
သူစုဆောင်းမိသော ပစ္စည်းများထဲတွင် အစားအသောက် ပါဝင်နေသည်ကို မြင်လိုက်ရမှသာ ဝမ်ပေါင်၏ စိတ်ခံစားချက်မှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။
၎င်းတို့မှာအကောင်းစားများ မဟုတ်ကြသော်လည်း စားစရာ ဖြစ်နေသေး၍ပင်။ဝမ်ပေါင် တွက်ချက်ကြည့်ရာထိုခေါက်ဆွဲခြောက်များနှင့် သူ ယခင်က ဝယ်ယူထားခဲ့သော ပစ္စည်းများ ပေါင်းစပ်လိုက်ပါက သူ တစ်သက်လုံး စားသုံးရန် လုံလောက်ရုံသာမက အလှပဂေးနှစ်ဦးခန့်ကိုပါ ကျွေးမွေးထားရန် လုံလောက်နိုင်ပေသည်။
အမျိုးသမီးလစဥ်သုံး ပစ္စည်းများ၊ ဘောင်းဘီတိုများနှင့် အတွင်းခံများကိုလည်းနောင်တွင်အသုံးချနိုင်မည့် နေရာရှိလာလိမ့်မည်ဟုဝမ်ပေါင် တွေးမိလိုက်၏။၎င်းတို့ကို နံရံအကြမ်းထည်သာ ရှိသေးသော အိမ်ကို အလှဆင်ရန်အတွက် အသုံးပြုနိုင်ပေသည်။
ထိုသို့ တွေးတောရင်း ကျန်းပေါ်သည် အနာဂတ်အတွက် မျှော်လင့်ချက်များ ပြန်လည်ပြည့်နှက်လာခဲ့ပြန်သည်။
ထိုသို့တွေးနေရင်ဝမ်ပေါင်သည် အိမ်ရာဝင်းပတ်ဝန်းကျင်ရှိ ဆိုင်ငယ်များနှင့် စူပါမားကတ်များကိုလည်း သတိရသွားပြန်၏။ သူသည် ခေတ္တမျှ အနားယူပြီးနောက် ညဉ့်နက်ပိုင်းအချိန်ကို အသုံးချကာ ထိုနေရာများမှ ပစ္စည်းအားလုံးကို မိမိ၏ သိုလှောင်မှုနယ်ပယ်ထဲသို့ သိမ်းဆည်းရန် စီစဉ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရှောင်ဖန်းသည် သူ၏ အအေးဒဏ်ခံဝတ်စုံကို ဝတ်ဆင်၍ တံခါးပြင်ပသို့ လှမ်းထွက်ခဲ့ပြီ ဖြစ်သည်။
အပြင်ဘက်တွင်ပြင်းထန်သော ဆီးနှင်းများ စတင်ကျဆင်းနေခဲ့ပြီ ဖြစ်၏။ ကောင်းကင်ယံမှ အဆက်မပြတ် ကျဆင်းနေသော ဆီးနှင်းထူထူများကြောင့် မြင်ကွင်းမှာလွန်စွာ မှုန်မှိုင်းနေပြီး ဆယ်မီတာထက် ကျော်လွန်သော နေရာများကို လုံးဝ မမြင်နိုင်တော့ချေ။
အပြင်ဘက်ရှိ အပူချိန်မှာ အနုတ်၁၅ ဒီဂရီအထိ ထိုးဆင်းသွားခဲ့ပြီ ဖြစ်သည်။ လုံခြုံစွာ ဖုံးအုပ်မထားသော မိသော ရှောင်ဖန်း၏ မျက်နှာဆီသို့ အေးစက်သော လေပြင်းများ တိုက်ခတ်လာသောအခါ ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားသော ခံစားချက်ကို ခံစားလိုက်ရ၏။
အိမ်ရာဝင်းမှ ထွက်ခွာပြီးနောက် ရှောင်ဖန်းသည် အိမ်ခြံမြေစီမံခန့်ခွဲရေးဌာန၏ မီးသတ်ပစ္စည်းများထဲမှ သူ ခိုးယူလာခဲ့သော [မီးသတ်ပုဆိန်] တစ်လက်ကို သိုလှောင်မှုနယ်ပယ်ထဲမှ ထုတ်ယူလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ရှောင်ဖန်းသည် ထိုမီးသတ်ပုဆိန်ကို အသုံးပြုကာ လူနေရပ်ကွက် အနီးအနားရှိ ဆိုင်ငယ်များ၊ စူပါမားကတ်များနှင့် ဆေးဆိုင်များ၏ တံခါးများကို ရိုက်ခွဲဖွင့်လှစ်လိုက်၏။
ကုန်ပစ္စည်းအားလုံးကို သိမ်းဆည်းပြီးနောက် သူသည်အိမ်ရာဝင်းထဲသို့ လျင်မြန်စွာ ပြန်လည်ပြေးဝင်ခဲ့သည်။
ရှောင်ဖန်းချန်ရစ်ခဲ့သော ခြေရာများသည်လည်း အဆက်မပြတ် ကျဆင်းနေသော ဆီးနှင်းထူထူများအောက်တွင် လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့ပြီး သူ၏ သဲလွန်စအားလုံး ပျောက်ကွယ်သွားခဲ့တော့သည်။
*********