အခန်း ၁၈
Vol. 2 Ch. 18
အခန်း ၁၈ - ဗီဇမကောင်းသူ
ပစ္စည်းသိမ်းဆည်းပြီးနောက် ရှောင်ဖန်းနှင့်ယွမ်ချင်းမေတို့သည် အစားအစာအချို့ စားသောက်လိုက်ကြပြီးယွမ်ချင်းမေက တစ်ရေးတစ်မော အိပ်စက်ရန် အခန်းထဲဝင်သွားခဲ့သည်။
ရှောင်ဖန်းလည်းမယ်မယ်ရရလုပ်စရာမရှိသဖြင့်သည် တီဗီဖွင့်ကြည့်လိုက်ရာ လတ်တလောတွင် တစ်ကမ္ဘာလုံး၌ ဆီးနှင်းများ ပြင်းထန်စွာ ကျဆင်းနေသည့် သတင်းများကို ထုတ်လွှင့်နေ၏။
"ဒီသတင်းဌာနကတင်ဆက်ပေးနေတာကတော့... မနေ့ညဉ့်နက်ပိုင်း အချိန်ကစတင်ပြီး တစ်ကမ္ဘာလုံးမှာ အပူချိန်တွေ တစ်ပြိုင်နက်တည်း ထိုးဆင်းသွားခဲ့ကာ ဆီးနှင်းထူထပ်စွာ ကျဆင်းနေခဲ့ပါတယ်"
"အချို့ဒေသတွေမှာဆိုရင် အပူချိန်ဟာ အနုတ် ၃၀ ဒီဂရီကျော်အထိ ထိုးဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်"
"ဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ သတင်းဌာနအနေနဲ့ အခုလို တစ်ကမ္ဘာလုံး အပူချိန်ထိုးဆင်းသွားရတဲ့အပေါ် သုံးသပ်ချက်ပေးနိုင်ဖို့ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကို အထူးဖိတ်ကြားထားပါတယ်"
"မင်္ဂလာပါ ပါမောက္ခကျူး... အခုလို တစ်ကမ္ဘာလုံး အပူချိန်ထိုးဆင်းသွားရတဲ့အပေါ် ပါမောက္ခရဲ့ အမြင်က ဘယ်လိုရှိပါလဲခင်ဗျာ။ တီဗီရှေ့က ကြည့်ရှုနေကြတဲ့ မိဘပြည်သူတွေကိုကော ဘာများ အထူးမှာကြားချင်တာ ရှိပါသလဲ"
"မင်္ဂလာပါ ကြည့်ရှုသူ မိဘပြည်သူအပေါင်းတို့ခင်ဗျာ။ ကျွန်တော်တို့ရဲ့ သုတေသနပြုချက်တွေအရတော့—"
"—"
"အတိုချုပ်ပြောရရင် ဒါဟာ ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး။ အားလုံးပဲ ထိတ်လန့်ခြောက်ခြားမနေကြပါနဲ့။ ဒီလို အပူချိန်ထိုးဆင်းမှုဟာ အလွန်ဆုံးရှိလှ တစ်ပတ်လောက်ပဲ ကြာမြင့်မှာဖြစ်ပြီး တစ်ပတ်ကြာပြီးနောက် ရာသီဥတုက ပြန်လည်နွေးထွေးလာမှာ ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာတော့ အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် နွေးနွေးထွေးထွေး နေထိုင်ကြဖို့ သတိပြုကြပါလို့ မှာချင်ပါတယ်ဗျာ"
ရှောင်ဖန်းမှာထိုသတင်းကို မြင်တွေ့ချိန်တွင်တီဗီကိုပိတ်ပစ်လိုက်ပြီးဒေါသကြီးကျိန်ဆဲလိုက်၏။
"ဒီကောင်ကတော့တကယ့်ဝက်ဦးနှောက်ပဲ။တစ်ကမ္ဘာလုံး အပူချိန်ထိုးဆင်းသွားတာကို ကြီးမားတဲ့ ပြဿနာမဟုတ်ဘူးလို့ ပြောနေသေးတယ်"
ရှောင်ဖန်းအနေဖြင့် သူ ကူးပြောင်းရောက်ရှိလာသော ကမ္ဘာရှိ ကျွမ်းကျင်ပညာရှင်များကိုပင်သံသယဝင်မိသွား၏။
ရှောင်ဖန်းသူ၏ ဖုန်းကို ထပ်မံဖွင့်ကြည့်လိုက်ရာ အချို့သော ဖိုရမ်များတွင်လည်း တစ်ကမ္ဘာလုံး အပူချိန်ထိုးဆင်းသွားသည့်အပေါ် ဆွေးနွေးငြင်းခုံနေကြသည်ကို တွေ့ရ၏။
ဤအရာက ကြီးမားသော ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ကမ္ဘာပျက်ကပ်၏ ရှေ့ပြေးနိမိတ် ဖြစ်သည်ဟု ခန့်မှန်းထားသော ပို့စ်များစွာလည်း ရှိနေခဲ့သည်။
သို့သော်လည်း ထိုပို့စ်များ၏ အောက်တွင် မြောက်ပိုင်းဒေသမှ အင်တာနက်အသုံးပြုသူအများအပြားက ပို့စ်တင်သူများကို အဆက်မပြတ် လှောင်ပြောင်နေကြပြီး တောင်ပိုင်းသားများမှာ ဆီးနှင်းထူထပ်မှုနှင့် အေးစက်သော ရာသီဥတုကို တစ်ခါမျှ မမြင်ဖူးကြသဖြင့် ကြောက်လန့်နေကြခြင်းဖြစ်ကြောင်း၊ မြောက်ပိုင်း၏ ယခုကဲ့သို့ အပူချိန်မျိုးတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် ဖန်လုံအိမ်ထဲ၌ ပုန်းနေရုံမျှဖြင့် အဆင်ပြေနေပြီဖြစ်ကြောင်း ဝိုင်းဝန်းရယ်မော စာနာမဲ့စွာ ရေးသားထားကြ၏။
ရှောင်ဖန်းတစ်ယောက်လိုက်ဖတ်ကြည့်ရင်း ပြောစရာစကားမဲ့သွားခဲ့ရသည်။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့အပူချိန်ဒီလောက်ထိ ထိုးဆင်းသွားတာကို သူတို့က အဆင်ပြေတယ်လို့ ထင်နေကြတာလား။
ကမ္ဘာမကူးပြောင်းမီက ရှောင်ဖန်းသည်သည် ဖိုရမ်များပေါ်တွင် လူအများနှင့် စကားနိုင်လု ငြင်းခုံရသည်ကို ဝါသနာပါသူတစ်ဦး ဖြစ်၏။ ယခု အခြေအနေကို မြင်သောအခါ သူသည်စိတ်မထိန်းနိုင်ဘဲ စာအချို့ ဝင်ရောက်ရေးသားမိခဲ့သည်။
ရလဒ်အနေဖြင့် သူသည် အပြင်းအထန် ဆဲဆိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် ရှောင်ဖန်းသည်ဘာစကားမှဆက်မပြောတော့ဘဲ နေလိုက်တော့၏။ဖြစ်ချင်ရာဖြစ်၊ မိမိကိုယ်တိုင် ကောင်းမွန်စွာ ရှင်သန်နိုင်လျှင် လုံလောက်ပြီ ဖြစ်၏။
သူ၏ ဖုန်းကို ချထားလိုက်ပြီးနောက်ဝရန်တာရှိ မှန်ပြတင်းပေါက်ကြီးအနားသို့ လျှောက်သွားကာ အောက်ထပ်သို့ လှမ်းကြည့်လိုက်ရာ
လူအချို့ကအနွေးထည်များကို ဝတ်ဆင်၍ ဆီးနှင်းခဲများဖြင့် ဆော့ကစားနေကြသည်ကို မြင်တွေ့ရသဖြင့် သူ ခေါင်းကိုသာ ခါယမ်းမိတော့၏။
အချို့မှာလက်ထဲတွင် အိတ်ကြီးအိတ်ငယ်များကို ဆွဲကိုင်လျက် အိမ်ရာဝင်းအပြင်ဘက်မှ အလောတကြီးဝင်ရောက်လာကြသည်။ ကြည့်ရသည်မှာ ၎င်းတို့သည် အနီးရှိ စူပါမားကတ်ကြီးဆီသို့ သွားရောက်ကာ ကုန်ပစ္စည်းများ ဝယ်ယူလာကြပုံရ၏။
သူတို့အနေဖြင့် ယနေ့တွင်အပြင်သို့ ထွက်နိုင်သေးသော်လည်း နောင်တွင်အိမ်ရာဝင်းထဲမှထွင်ခွာရန်ပင်ခက်ခဲသွားပေလိမ့်မည်။
ရှောင်ဖန်းသည်လုပ်စရာမရှိပျင်းနေသဖြင့်ဂိမ်းစက်ကို ဖွင့်ကာဆော့ကစားနေလိုက်၏။ ၎င်းက အိမ်ကို အဆင့်မြှင့်တင်ပြီးကတည်းကပါဝင်လာသော အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်သည်။
ခေတ္တမျှ ဆော့ကစားပြီးချိန်တွင်ဖုန်းမြည်လာခဲ့၏။သူကောက်ကိုင်ကြည့်လိုက်ရာ ဖန်ချင်းယွီဖြစ်နေသည်ကို တွေ့ရသည်။
"ဦးလေးရှောင်... အိမ်မှာ စားစရာတွေ ရှိသေးရဲ့လား။ ကျွန်မ အပြင်ထွက်ပြီဝယ်လာတာအများကြီးပဲ။ ဦးလေးအတွက် ယူလာပေးရမလား"
တစ်ဖက်မှ ဖန်ချင်းယွီ၏ ဂရုစိုက်တတ်သော အသံ ထွက်ပေါ်လာခဲ့၏။
မိမိအပေါ် ဂရုစိုက်ပေးသော ဖန်ချင်းယွီ၏ စကားကို ကြားရသဖြင့် ရှောင်ဖန်းအနည်းငယ်စိတ်လှုပ်ရှားသွားခဲ့ရသည်။
"မလိုပါဘူး... ငါက အစားအသောက်တွေ သိုလှောင်တတ်တဲ့ အကျင့်ရှိလို့ အိမ်မှာ စားစရာတွေ အများကြီး ရှိပါတယ်။ မင်းအတွက်ပဲ မင်း သိမ်းထားလိုက်ပါ"
"ဒါဆိုရင်လည်း ပြီးတာပါပဲ။ တကယ်ဘို့စားစရာ မလောက်ဘူးဆိုရင်ကျွန်မကိုပြောနော်၊လာပို့ပေးမယ်"
ဖန်ချင်းယွီနသည်ရှောင်ဖန်းနှင့်ခေတ္တမျှ စကားစမြည် ထပ်မံပြောဆိုကာ ဖုန်းချသွားခဲ့သည်။
ဖုန်းချပြီး မကြာမီမှာပင် ဖုန်းသံမြည်လာခဲ့ပြန်၏။
ဤတစ်ကြိမ်တွင်ယွဲ့ဟွာဖြစ်နေခဲ့သည်။သူမသည်လည်း ရှောင်ဖန်းတွင် အစားအသောက် လုံလောက်မှု ရှိမရှိ မေးမြန်းခဲ့ပြီး မရှိပါက လာရောက်ပို့ဆောင်ပေးမည်ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း ရှောင်ဖန်းက မိမိတွင် အစားအသောက် မပြတ်လပ်ကြောင်း ပြောဆိုငြင်းပယ်လိုက်၏။
အမျိုးသမီး နှစ်ဦးစလုံးက သူ့ကို ယခုထက်ထိ စိတ်ထဲတွင် ထည့်ထားကြလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ဖန်ချင်းယွီဤကဲ့သို့ ပြုလုပ်ခြင်းကို ရှောင်ဖန်းနားလည်နိုင်သည်။ သူမ၏ သူ့အပေါ် စိတ်ကျေနပ်မှုနှုန်းမှာ ၄၆ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ ရှောင်ဖန်းအနေဖြင့် သူသာ အလိုရှိပါက ယခုအချိန်တွင် ဖန်ချင်းယွီကို သိမ်းသွင်းရန် မခက်ခဲတော့ချေ။
သို့သော် ယွဲ့ဟွာက ထိုကဲ့သို့ ပြုလုပ်လာခြင်းကိုမူ ရှောင်ဖန်းကိုအနည်းငယ် အံ့သြသွားစေခဲ့သည်။
သူမကို အောင်မြင်စွာ မသိမ်းသွင်းနိုင်သေးသဖြင့် သူမ၏ အချက်အလက်များကို သူ မမြင်တွေ့နိုင်သေးချေ။ ထို့ကြောင့် သူမ၏ စိတ်ကျေနပ်မှုနှုန်း မည်မျှရှိသည်ကိုလည်း သူ မသိရှိရသေးပါ။
မည်သို့ပင်ဆိုစေ ယွဲ့ဟွာ၏ အပြုအမူများအရ ရှောင်ဖန်းအပေါ်သူမ၏ စိတ်ကျေနပ်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းဝန်းကျင်သို့ နီးကပ်နေပြီ ဖြစ်ပုံရ၏။ သူသည်ထိုအလှပဂေးလေးကို အောင်မြင်စွာ သိမ်းသွင်းနိုင်ရန်အတွက် အခွင့်အရေးတစ်ခုသာ လိုအပ်နေခြင်း ဖြစ်သည်။
ဖန်ချင်းယွီကိုရှောင်ဖန်းအနေဖြင့် လူတိုင်းတွင် အစားအသောက်များ စတင်ပြတ်လပ်လာမည့် အချိန်ကျမှသာသူမကိုအိမ်သို့ ခေါ်ဆောင်လာရန် စီစဉ်ထား၏။
ယွဲ့ဟာအတွက်ကော။ သူမကို အောင်မြင်စွာ မသိမ်းသွင်းနိုင်မီအထိ ရှောင်ဖန်းသည်သူမကို အိမ်ထဲသို့ အလွယ်တကူ ခေါ်ယူမည် မဟုတ်ချေ။
သူမသည် ယခုအချိန်တွင် သူ့အပေါ် ဂရုစိုက်မှု ပြသနေလျှင်ပင်အောင်မြင်စွာ သိမ်းသွင်းခြင်း မခံရသေးသဖြင့် ရှောင်ဖန်းအတွက် လုံးဝ ဥဿုံ ယုံကြည်စိတ်ချရမှု ရှိလိမ့်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က စနစ်ထံတွင် စိတ်ကျေနပ်မှုနှုန်းနှင့် ပတ်သက်၍ မေးမြန်းဖူးခဲ့သောကြောင့် ဖြစ်၏။
စနစ်ကသူ့ကို ပြောပြထားခဲ့သည်မှာစိတ်ကျေနပ်မှုနှုန်းသည် သိမ်းသွင်းနိုင်မည့် သတ်မှတ်ချက်ဖြစ်သော ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားချိန်တွင်ထိုအလှပဂေးသည် ရှောင်ဖန်းအပေါ် လုံးဝသစ္စာရှိဦးမည် မဟုတ်သော်လည်း ၎င်းတို့အနေဖြင့် သူ့ကို သစ္စာဖောက်မည့် ကိစ္စရပ်မျိုးကိုလည်း လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။
သူကိုယ်တိုင်က တစ်ဖက်လူကို ပြင်းထန်စွာ နာကျင်အောင် တမင်တကာ လုပ်ဆောင်ခြင်းမျိုး မရှိလျှင်ပေါ့။
ထို့ပြင် စိတ်ကျေနပ်မှုနှုန်း ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါ ကသူသည်တစ်ဖက်လူကို တမင်တကာ နာကျင်အောင် ပြုလုပ်လျှင်ပင် ထိုသူသည် ရှောင်ဖန်းကို ဘယ်တော့မှ သစ္စာဖောက်လိမ့်မည် မဟုတ်တော့ချေ။
ရှောင်ဖန်းသည် မိမိအပေါ် ရာနှုန်းပြည့် သစ္စာရှိသောသူကို တမင်တကာ နာကျင်အောင် ပြုလုပ်မည့် သူမဟုတ်သည့်အပြင်သူ၏ အယူအဆမှာ "သူက ငါ့ကိုမထိရင်... ငါလည်း သူ့ကိုမထိဘူး" ဆိုသည့်သူမျိုးဖြစ်၏။
သို့သော် ခြွင်းချက်တစ်ခုမှာ ဝမ်ပေါင်ဖြစ်သည်။ထိုကောင်ကိုမူ သူ မဖြစ်မနေ ရှင်းလင်းပစ်ရမည် ဖြစ်၏။
အကြောင်းမှာရှောင်ဖန်းသည် "ဦးလေးရှောင်" ၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းရောက်ရှိလာခြင်း ဖြစ်သဖြင့် ဦးလေး ရှောင်၏ ဝမ်ပေါင်အပေါ် ထားရှိသော နာကျည်းချက်များကိုပါ အပြည့်အဝ ဆက်ခံထားခဲ့ခြင်းကြောင့် ဖြစ်သည်။
ဝမ်ပေါင်နှင့် ပတ်သက်၍ ဦးလေးရှောင်၏ မှတ်ဉာဏ်များအရသူသည် ရိုးတွင်းခြင်ဆီအထိ ပုပ်ပွနေသော လူတစ်ယောက်ဖြစ်ကြောင်း ရှောင်ဖန်းသိရှိခဲ့ရ၏။
ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီးနောက်ဝမ်ပေါင်သည် အိမ်ပိုင်ရှင်များအုပ်စု ထဲတွင် သူ၏ အစားအသောက်များကို တမင်တကာ ထုတ်ကြွားပြပြီး အေးစက်ဆာလောင်နေသောသူများကို ရန်စလိမ့်မည် ဖြစ်သည်။
ထို့နောက် အခြားသူများ သူ့ကို လာရောက်တိုက်ခိုက်ရန် ဆွဲဆောင်ပြီးသူသည် ခုခံကာကွယ်သည့် အသွင်ဖြင့် တစ်ဖက်လူများက အရင်စတင်ခြင်းဖြစ်သည်ဟု အကြောင်းပြကာ ပြန်လည်တိုက်ခိုက်လိမ့်မည် ဖြစ်၏။
နောက်ဆုံးတွင် အစားအသောက်များကို သားကောင်ချသလို အသုံးချ၍အိမ်ရာအတွင်းရှိလူများကို တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်စေရန် သွေးထိုးပေးလိမ့်မည် ဖြစ်သည်။
နောက်ဆုံးတွင် လူအားလုံးနီးပါးသည် သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်၏။
သို့သော်လည်း ခန္ဓာကိုယ်၏ မူလပိုင်ရှင်ဖြစ်သော ဦးလေးရှောင်သည်ဝမ် ပေါင်ကို သွားရောက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ခြင်း မရှိချေ။
ထို့ကြောင့်ဦးလေးရှောင်သည်မသေဆုံးမီတွင် သူ၏ စိတ်ထဲရှိ မေးခွန်းကို မေးမြန်းခဲ့ရာဝမ်ပေါင်ကထိုသို့ပြန်လည်ဖြေကြားခဲ့၏။
"ခင်ဗျားငါ့ကို နာကျင်အောင် မလုပ်ခဲ့တာ မှန်ပေမဲ့... အခြားလူတွေ ငါ့ကို လာတိုက်ခိုက်တုန်းကလည်း ခင်ဗျား ငါ့ကို မကူညီခဲ့ဘူးလေ... ဒါကြောင့်ခင်ဗျားလည်း သေသင့်တာပဲ"
ထို့ကြောင့် ရှောင်ဖန်းကဝမ်ပေါင်သည် မွေးရာပါဗီဇမကောင်းသူတစ်ယောက် ဖြစ်ရမည်ဟုသုံးသပ်လိုက်သည်။
အခြားသူများက သူ၏ အလိုအတိုင်း မလိုက်လျောလျှင်ပင် သူ၏ မျက်စိထဲတွင် ထိုသူများမှာ ရန်သူများနှင့် လူဆိုးများ ဖြစ်သွားကြရ၏။
ထိုအချက်ကို ရှောင်ဖန်းအနေဖြင့် အိမ်ရာဝင်း တံခါးဝတွင်ဝမ်ပေါင်က ယွဲ့ဟွာကိုအတင်းအကြပ်လိုက်လံနှောင့်ယှက်နေစဉ်ကတည်းကမြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
ယွဲ့ဟွာသည် ဝမ်ပေါင်၏ လက်ဆောင်များနှင့် ထမင်းစားဖိတ်ခေါ်မှုများကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည်ကို မူလပိုင်ရှင်က အကြိမ်များစွာ မြင်တွေ့ခဲ့ဖူး၏။
ဝမ်ပေါင်လို လူမျိုး၏ စိတ်မှာ"ငါ မင်းကို လိုက်နေရင်... မင်းက လက်ခံရမယ်။ လက်မခံရင် မင်းကငါ့ရဲ့ ရန်သူပဲ။အခြားလူတွေ ငါ့ကို ပြဿနာရှာရင်... မင်း ငါ့ကို ကူရမယ်။ မင်း မကူညီရင် မင်းက ငါ့ရဲ့ ရန်သူပဲ"ဟူသော လူစားမျိုးဖြစ်ပြီးလူအများအတွက် အန္တရာယ်များလှသဖြင့် ရှောင်ဖန်းအနေဖြင့် သူ့ကို မဖြစ်မနေ ဖယ်ရှားပစ်ရမည် ဖြစ်၏။
တစ်ရက်တာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ညစာအတွက် ရှောင်ဖန်းနှင့်ယွမ်ချင်းမေတို့သည် ဟော့ပေါ့ ကို အတူတူ စားသောက်လိုက်ကြ၏။
စားသောက်ပြီးသောအခါ ရှောင်ဖန်း၏ အကြည့်များကယွမ်ချင်းမေ၏စွဲမက်ဖွယ်ခန္ဓာကိုယ်လေးပေါ်ရောက်လာ၏။
"ဘာကြည့်တာလဲ ၊ ဦးလေးနော် အခုမှ စားပြီးတာကို "
"ဟဲဟဲ မတူဘူးလေ "
ရှောင်ဖန်းက ပြီတီတီအပြုံးကြီးနှင့်အတူ ယွမ်ချင်းမေဘေးသို့ ရောက်လာ၏။
ယွမ်ချင်းမေက စိတ်ထဲက ပါနေသော်လည်း မျက်နှာကို အတင်းတည်ကာ ရှောင်ဖန်း၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဆီးတွန်းလိုက်၏။
"ဖယ်ပါဦး ဦးလေးကလည်း... အခုမှ စားပြီးတာကို"
သူမက ချစ်စဖွယ် မူတူးတူးလေး ငြင်းဆန်လိုက်သော်လည်း ရှောင်ဖန်းက ထိုတွန်းထားသည့် လက်ကလေးများကို ဖမ်းဆုပ်ကာ သူမ၏ ခါးသိမ်သိမ်လေးကို အနားသို့ အတင်းဆွဲခေါ်လိုက်တော့သည်။ရှောင်ဖန်း၏ အကဲပိုပြီး အတင်းအကျပ် နီးကပ်လာသည့် အထိအတွေ့ကြောင့် ယွမ်ချင်းမေတစ်ယောက် ရင်ခုန်သံများ စည်းချက်မမှန်တော့ဘဲ ဆီးတွန်းထားသည့် လက်ဖဝါးလေးများ ပျော့ခွေသွားရရှာသည်။
သူမ၏ ဟန်ဆောင်ငြင်းဆန်မှုများက အရည်ပျော်ကျသွားပြီးနောက် ယွမ်ချင်းမေသည် မျက်လုံးလေးများကို မှိတ်ထားရင်း ရှောင်ဖန်း၏ လည်တိုင်ကြီးကို သူမ၏လက်သွယ်သွယ်လေးများဖြင့် ပြန်လည်တွယ်ဖက်ထားလိုက်မိသည်။ ရှောင်ဖန်းကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ သူမကို နွေးထွေးစွာ ပွေ့ဖက်လိုက်ပြီး အနမ်းများပေးလိုက်ရာ တိုးကပ်လာသည့် နှစ်ဦးသား၏ ဝင်သက်ထွက်သက်ချင်း ထိတွေ့မှုကြောင့် အခန်းတွင်း လေထုမှာ ရုတ်တရက် ပူနွေးလာလေ၏။
ထိုနောက်တွင်မူ နှစ်ဦးသားကြားက အရှိန်အဟုန်က တားဆီး၍မရတော့ဘဲ စိတ်ဆန္ဒများက အထွတ်အထိပ်သို့ အတူတူ မြင့်တက်လာခဲ့ကြသည်။ အခန်းကျဉ်းလေးထဲတွင် အပြင်က ကမ္ဘာပျက်ကပ်၏ အအေးဒဏ်ကို မေ့လျော့ကာ နှစ်ဦးသား၏ နက်ရှိုင်းသော အသက်ရှူသံများကသာ တစ်သားတည်း ရောယှက်သွားကြပြီးနောက်.. ။
နောက်ဆုံးတွင် ရင်ဘတ်ချင်း အပ်လျက် တင်းကျပ်စွာ ဖက်တွယ်ထားရင်းမှ တိုးထွက်လာသော အမောတကော သက်ပြင်းသံများနှင့်အတူ အခန်းလေးမှာ ပြန်လည်ငြိမ်သက်သွားခဲ့လေတော့သည်။
*********