← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အပိုင်း (၁၉) - အတည်ပေါက် စနောက်ခြင်း

နောက်ထပ် နှစ်ရက်ကျော်အတွင်း နှင်းများမှာ ပိုမို သည်းထန်စွာ ကျဆင်းလာ၏။

အိမ်ရာဝင်းအတွင်းရှိ လူနေအိမ်များမှ လူအားလုံးနီးပါးသည် အပြင်မထွက်ဘဲ အိမ်ထဲ၌သာ အောင်းနေကြပြီး လေအေးပေးစက်၏ အပူပေးစနစ်ကို အမြင့်ဆုံးအဆင့်အထိ ဖွင့်ထားကြသည်။

အမြဲတမ်း ခြိုးခြံချွေတာတတ်သော မိသားစုများပင်လျှင် ယခုအချိန်တွင် လေအေးပေးစက်ကို ၂၄ နာရီပတ်လုံး မဖြစ်မနေ ဖွင့်ထားကြရ၏။

အ‌ ကြောင်းမှာအပြင်ဘက်ရှိ အပူချိန်မှာ အနုတ်နှစ်ဆယ်ဒီဂရီကျော်အထိ ကျဆင်းသွားသောကြောင့် ဖြစ်သည်။ ထိုသို့ဖွင့်ထားသည့်တိုင် အိမ်တွင်းအပူချိန်မှာလုံလောက်သောနွေးထွေးမှုမရှိသဖြင့် လူအများစုမှာ အိမ်ထဲ၌ပင် အဝတ်အစား ထူထူများကို ဝတ်ဆင်ထားကြရသည်။

သို့သော်လည်း လေအေးပေးစက်၏အ‌ နွေးဓာတ်ကို အသုံးပြုနိုင်မည့်ရက်များသည် ကြာရှည်ခံတော့မည် မဟုတ်ပေ။ ရက်ပေါင်း နှစ်ဆယ်ပင် မပြည့်မီ အစိုးရက တစ်နေ့လျှင် လျှပ်စစ်မီး နှစ်နာရီသာ ပေးတော့မည့်အကြောင်း ကြေညာလိမ့်မည်ကို‌ ရှောင်ဖန်းမှတ်မိနေ၏။၎င်းမှာ ရေအားလျှပ်စစ်စက်ရုံများအားလုံး လုံးဝ ရပ်ဆိုင်းသွားပြီး ကျောက်မီးသွေးသုံးစက်ရုံများရှိ ကျောက်မီးသွေး သိုလှောင်မှုမှာလည်း များပြားခြင်းမရှိသောကြောင့် ဖြစ်သည်။

ထိုမျှ သည်းထန်သော နှင်းများကြားတွင် နောက်ထပ် ကျောက်မီးသွေး ပံ့ပိုးမှုများမှာလည်း အချိန်မီ ရောက်ရှိမလာနိုင်တော့ပေ။ တာဝူမြို့တော်က တစ်နေ့လျှင် လျှပ်စစ်မီး နှစ်နာရီ အာမခံချက် ပေးနိုင်ရခြင်းမှာအနီးနားတွင် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်စက်ရုံ ရှိနေသောကြောင့် ဖြစ်သည်။

တစ်နေ့လျှင် လျှပ်စစ်မီး နှစ်နာရီသာ ရရှိသည့် အခြေအနေသည် ရှောင်ဖန်း၏ ခန္ဓာကိုယ်မူလပိုင်ရှင် သေဆုံးသွားသည့် အချိန်အထိ ဆက်လက် ဖြစ်ပွားခဲ့၏။ ထိုအချိန်နောက်ပိုင်းတွင် ထိုနှစ်နာရီလျှပ်စစ်မီး ပေးဝေမှုပုံစံက မည်မျှအထိ ဆက်လက် တည်တံ့နိုင်ဦးမည်ကိုသူလည်း သေချာမသိတော့ပေ။

လက်ရှိတွင် အပြင်ဘက်၌ လေပြင်းများနှင့်အတူ နှင်းပွင့်များ အဆက်မပြတ် ကျဆင်းနေပြီး အလွန်အေးစိမ့်နေသည်။

သို့သော် ရှောင်ဖန်း၏ အခန်းတွင်မူ သူက ဘောင်းဘီတိုနှင့် လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားပြီးယွမ်ချင်း‌မေကလည်း ပိုးသားညအိပ်ဝတ်စုံ ပါးပါးလေးကို ဝတ်ဆင်ထား၏။ သူတို့နှစ်ဦးသည် အအေးများကို သောက်သုံးရင်း ဂိမ်းကစားနေကြသည်။

"ဦးလေးရှောင်၊တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ အပြင်မှာ နှင်းတွေ ဒီလောက်ကျနေတာ၊ ကျွန်မတို့အိမ်ထဲမှာကျတော့ နွေရာသီရောက်နေသလိုပဲ"

ယွမ်ချင်းမေက ဂိမ်းထဲမှ သူမ၏ဇာတ်ကောင်ကို ထိန်းချုပ်ကာ ရှောင်ဖန်းနှင့် တိုက်ခိုက်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ရှောင်ဖန်းက ပြုံးလျက် ခေါင်းကို ခါယမ်းလိုက်၏။ မင်းကတော့ ပျော်နေတာပေါ့၊ ဒါပေမဲ့ တခြားလူတွေကတော့ ဒီလောက် မသက်သာကြဘူး။

သူတို့နှစ်ဦး ခေတ္တမျှ ဆက်လက် ကစားခဲ့ကြသော်လည်းယွမ်ချင်း‌မေက ဆက်တိုက် ရှုံးနိမ့်နေသဖြင့် ပျင်းရိလာကာ ဖုန်းကိုသာ ပြန်လည် ကြည့်ရှုနေတော့သည်။ ရှောင်ဖန်းက ဘေးမှ ကပ်ကြည့်လိုက်ရာ သူမသည် အွန်လိုင်းစျေးဝယ်စင်တာများတွင် အမျိုးသမီးအတွင်းခံများကို လိုက်လံ ကြည့်ရှု နေသည်ကို တွေ့လိုက်ရ၏။

"ချင်းမေ၊ မင်း ကလေးကလား လုပ်မနေနဲ့။ အခုလို အခြေအနေမျိုးမှာတောင် အွန်လိုင်းကနေ ပစ္စည်းဝယ်ဖို့ စဉ်းစားနေသေးတာလား"ဟုရှောင်ဖန်းစနောက်လိုက်သည်။

"ဟူး၊ ကျွန်မလည်း မတတ်နိုင်ဘူးလေ။ ဝတ်စရာ အဝတ်အစားတွေရော အတွင်းခံတွေပါ မရှိတော့ဘူး။ နောက်လည်း အဝတ်အစားဝယ်ဖို့ စဉ်းစားနိုင်တော့မှာ မဟုတ်ဘူး၊ ဒါကြောင့် အခုကတည်းက မျက်စိအစာကျွေးနေတာ"

ယွမ်ချင်းမေက စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြော၏။

"ဟင်၊ မဟုတ်သေးပါဘူး။ မနေ့က ငါ မင်းရဲ့ပစ္စည်းတွေကို သယ်ပေးတုန်းက အဝတ်အစားတွေ အပုံလိုက်ကြီး တွေ့ခဲ့သလိုပဲ"

ရှောင်ဖန်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။

"မိန်းကလေးတစ်ယောက်က အဝတ်အစား ဘယ်လောက်များများ ရှိရှိ နည်းတယ်လို့ပဲ ထင်တာပေါ့။ စိတ်ပျက်စရာကောင်းတဲ့ ကမ္ဘာပျက်ကပ်ကြီးပဲ၊ ဟူး"

ယွမ်ချင်းမေက သက်ပြင်းချရင်း ပြတင်းပေါက်အပြင်ဘက်သို့ကြည့်လိုက်၏။ ရှောင်ဖန်းသည်လည်း သူမ၏ အကြည့်အတိုင်း လိုက်လံကြည့်ရှုမိသည်။

သူသည် ကမ္ဘာပျက်ကပ် စတင်ပြီးနောက် ပထမဆုံး နှစ်လတာ အခြေအနေကိုသာ သိရှိပြီး ထိုနောက်ပိုင်း အခြေအနေများကိုမူ ဘာမှမသိရှိပေ။အ‌ကြောင်းမှာထိုအချိန်တွင် မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ဝမ်ပေါင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးဖြစ်သောကြောင့် ဖြစ်သည်။

အနာဂတ်တွင် မရေရာမှုများစွာ ရှိနေသေး၏။ သူ၏ထံတွင် စနစ်တစ်ခု ရှိနေသော်လည်း မည်မျှအထိ ခရီးပေါက်နိုင်မည်ကို သူကိုယ်တိုင်လည်း မသိသေးပေ။

"အား၊ စိတ်ညစ်ဖို့ကောင်းလိုက်တာ။ အပြင်ထွက်ပြီး စျေးဝယ်ချင်တယ်၊ ပစ္စည်းတွေ သွားဝယ်ချင်တယ်"

ယွမ်ချင်းမေက ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုသို့ အော်ဟစ်ပြီးနောက် သူမက ချက်ချင်းပင် ခန္ဓာကိုယ်ကို ကွေးလိုက်ပြီး တရှုံ့ရှုံ့နှင့် စတင် ငိုကြွေးတော့၏။

ဤသည်ကို မြင်သောအခါ ရှောင်ဖန်းက သူမကို သူ၏ရင်ခွင်ထဲသို့ အသာအယာ ဆွဲသွင်းလိုက်ပြီး သူမ၏ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါတို့တွေ သေချာပေါက် ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်မှာပါ"

ရှောင်ဖန်းက တိုးညင်းစွာ နှစ်သိမ့်ပေး၏။

"တကယ်လား"

သူမက မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ရှောင်ဖန်းကို မော့ကြည့်လာသည်။

"ငါတို့ သေချာပေါက် ရှင်သန်နိုင်မယ်လို့ ငါ ယုံကြည်တယ်"

ရှောင်ဖန်း၏ အကြည့်များတွင်ယုံကြည်မှုများ ပြည့်နှက်နေ၏။

"အင်း၊ကျွန်မ ရှင့်ကို ယုံတယ်။ နောက်ဆို ရှင့်ကိုပဲ အားကိုးတော့မယ်"

ယွမ်ချင်းမေက ရှောင်ဖန်း၏ လည်ပင်းကို ဖက်တွယ်လိုက်သည်။

ထိုအချိန်တွင် ရှောင်ဖန်းသည် နေ့စဉ်သုံးပစ္စည်းများကို ကံစမ်းမဲနှိုက်စဉ်က အဝတ်အစားအချို့ ရရှိခဲ့သည်ကို ရုတ်တရက် သတိရသွားပြီးထိုအထဲတွင် အမျိုးသမီးအတွင်းခံများ ပါဝင်ခြင်း ရှိ မရှိ စစ်ကြည့်ရန်အတွက်သူ၏ ဟင်းလင်းပြင်သိုလှောင်မှု အတွင်းသို့ စတင် စစ်ဆေးကြည့်လိုက်၏။

စစ်ဆေးကြည့်လိုက်ရာသူသည် အမျိုးသမီးအတွင်းခံ အစုံအလင်အပြင် ဂါဝန်များနှင့် စကတ်တိုများကိုပင်တွေ့ရှိခဲ့သည်။‌‌ ရှောင်ဖန်းကက သူ၏ရင်ခွင်ထဲတွင် ခေါင်းမှီထားရင်သူ့ရင်ဘတ်ကိုပွတ်သပ်နေသောယွမ်ချင်း‌ မေကို ကြည့်လိုက်ရင်း ပြောလိုက်၏။

"ချင်းမေ၊ ငါ့ဆီမှာ အမျိုးသမီး အဝတ်အစားတချို့ ရှိနေသလိုပဲ။ မင်းနဲ့ တော်မယ့်ဟာ ရှိမလားလို့ ငါ သွားထုတ်ပေးမယ်လေ"

ထိုစကားကို ကြားသောအခါယွမ်ချင်း မေက ထူးဆန်းသောအမူအရာဖြင့် ရှောင်ဖနကို ကြည့်လာကာ

"ရှင့်ဆီမှာ အမျိုးသမီး အဝတ်အစားတွေ ရှိတယ်ဟုတ်လား၊ မြန်မြန်ထုတ်ပေး၊ ကျွန်မကြည့်ချင်တယ်"

"ကောင်းပြီ၊ ခဏစောင့်ဦး"

ထိုသို့ပြောပြီးနောက်‌ ရှောင်ဖန်းထရပ်လိုက်ကာ သူ၏အိပ်ခန်းဆီသို့ လျှောက်သွား၏။‌ ရှောင်ဖန်းသည် သူ့ထံတွင်ဟင်းလင်းပြင်စွမ်းအားရှိနေသည်ကိုယွမ်ချင်း‌မေ၏ရှေ့၌မဖော်ပြလိုသေးပေ။

နောက်ပိုင်းတွင်ယွမ်ချင်းမေနှင့် အခြားသောအလှပ‌ဂေးများထံ ဖြည်းဖြည်းချင်း အသိပေး၍ ရသော်လည်း လက်ရှိအချိန်တွင်မူ မဖြစ်နိုင်သေးပေ။ စနစ်ရှိနေသည့် အချက်ကိုအလှပဂေးများ၏ သံယောဇဉ် တိုးပွားမှုက ၁၀၀ ရာခိုင်နှုန်း ပြည့်မြောက်သွားသည့်တိုင် မည်သူ့ကိုမျှ မပြောရန် ရှောင်ဖန်းဆုံးဖြတ်ထားသည်။

အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ရှောင်ဖန်းကဟင်းလင်းပြင်သိုလှောင်မှု ထဲမှ အဆင်ပြေမည်ဟု ထင်သော အမျိုးသမီးအတွင်းခံများ၊ ဂါဝန်များနှင့် စကတ်တိုအချို့ကို လျင်မြန်စွာ ရွေးချယ်လိုက်၏။

သူ ထိုအရာများကို ယူဆောင်တော့မည့်အချိန်တွင် ဟင်းလင်းပြင်သို‌လှောင်မှုအတွင်း၌ ပိုးသားခြေအိတ်မျိုးစုံနှင့် ညဝတ်အင်္ကျီများကို ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် သူ၏မျက်နှာတွင် ကျေနပ်သောအပြုံးတစ်ခု ပေါ်လာ၏။

ထို့နောက်‌ ရှောင်ဖန်းက ပိုးသားခြေအိတ်အချို့နှင့် ထိုညဝတ်အင်္ကျီလေးများကို အမြန်ဆွဲယူကာ ယခင်အဝတ်အစားများနှင့် ရောနှော၍ ယူလာလိုက်၏။

ဧည့်ခန်းသို့ ပြန်ရောက်သောအခါ ရှောင်ဖန်းက ထိုအထည်များကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။

"ရော့၊ ဒါတွေပဲ။ မင်းနဲ့ တော်မယ့်ဟာ ရှိလား ကြည့်လိုက်ဦး"

ယွမ်ချင်းမေက ဆိုဖာပေါ်ရှိ အဝတ်ပုံကို လျင်မြန်စွာ စတင် စစ်ဆေးတော့သည်။

"ဝါး၊ ဒါက စီဆာတီ အတွင်းခံအမျိုးအစားပဲ။ ဒါတစ်စုံကို တစ်သောင်းကျော် ပေးရတာ"

"ဟင်၊ ဒါက မူအန် ဂါဝန်လား။ ဒါတွေက နာမည်ကြီး တံဆိပ်တွေချည်းပဲ။ ဦီးလေးရှောင်၊ရှင် ဒါတွေ ဘယ်ကရတာလဲ"

ရှောင်ဖန်းက ဤကမ္ဘာ၏ အဆင့်မြင့် တံဆိပ်များကို လုံးဝ နားမလည်သော်လည်း ယွမ်ချင်းမေ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူထုတ်ပေးလိုက်သော အဝတ်အစားများမှာ အလွန် နာမည်ကြီးသည်ကို သိလိုက်၏။

"ငါလည်း သေချာမသိပါဘူး။ မင်း သဘောကျရင် ပြီးတာပါပဲ"

ရှောင်ဖန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။

မကြာမီတွင် ယွမ်ချင်းမေသည် အဝတ်ပုံထဲ၌ ရောနှောနေသော ပိုးသားခြေအိတ်များနှင့်ညဝတ်အင်္ကျီများကို တွေ့ရှိသွား၏။ သူမ၏မျက်နှာတစ်ပြင်လုံးနီမြန်းသွား‌နောက် သူ့ကိုအဓိပ္ပာယ်ပါသော အကြည့်များဖြင့် မော့ကြည့်ကာ ပြောလိုက်၏။

"ဦီးလေးရှောင်ကတကယ်ကို စနောက်တတ်တာပဲ"

"ဘာဖြစ်လို့လဲ"

ရှောင်ဖန်းက ဘာမှမသိသလိုအမူအရာဖြင့်ပြန်‌မေးလိုက်သည်။

"ဟွန့်၊ ဒါတွေက ဘာတွေလဲ"

ယွမ်ချင်းမေက သူမ၏လက်ထဲရှိ ပိုးသားညဝတ်အင်္ကျီကို လှုပ်ခါပြရင်း မေးမြန်းလိုက်၏။

"အဟမ်း၊ ငါလည်း သေချာမသိဘူး။ လက်လှမ်းမိတာ ယူလာခဲ့တာဆိုတော့ ဘာတွေလဲဆိုတာ သေချာမကြည့်လိုက်ရဘူး။ မင်း မကြိုက်ဘူးလား၊ မကြိုက်ရင် ငါ့ကိုပြန်ပေး၊ ငါ သွားလွှင့်ပစ်လိုက်မယ်"

ရှောင်ဖန်းက ထိုသို့ပြောပြီးနောက် သူမ၏ လက်ထဲမှ ပိုးသားခြေအိတ်များနှင့် အဝတ်အစားများကို ပြန်လည်လုယူမည့်ဟန် ပြုလုပ်လိုက်သည်။ ဤသည်ကို မြင်သောအခါ ယွမ်ချင်းမေက သူမ၏လက်ကို ချက်ချင်း နောက်သို့ ဆွဲလိုက်၏။

"မလိုပါဘူး၊ ကျွန်မတကယ်တော့ ဒါတွေကို သဘောကျပါတယ်"

ထိုသို့ပြောပြီးနောက် သူမက‌ ရှောင်ဖန်းကို ညို့ယူသလို ပြုံးပြလိုက်ပြီး အဝတ်အစားများကို ဆက်လက် ကြည့်နေပြန်သည်။

ရှောင်ဖန်း၏ မျက်နှာတွင် အောင်နိုင်သူအပြုံး ပေါ်လာသည့်အချိန်၌ပင် သူမက ရုတ်တရက် မော့ကြည့်လာပြန်ရာ သူမ၏အပြုံးက 'ရှင်တမင်လုပ်တာ ငါသိတယ်' ဟု ပြောနေသည့်နှင်တူလှ၏။၎င်းကို မြင်သောအခါ ရှောင်ဖန်းက ပြတင်းပေါက်အပြင်ဘက်သို့ လျင်မြန်အကြည့်လွှဲလိုက်ရ၏။

ခေတ္တမျှကြာသော် ယွမ်ချင်းမေက အဝတ်အစားအားလုံးကို သပ်ရပ်စွာ စီပြီးသွား၏။ သူမက ဂါဝန်များနှင့် စကတ်တိုများကိုပါ ဝတ်ဆင်ကြည့်ပြီးနောက် လှပခြင်း ရှိ၊ မရှိ ရှောင်ဖန်းကို မေးမြန်းသည်။ သူကလည်း အလွန်လှပကြောင်း အကြိမ်ကြိမ် ခေါင်းညိတ်ပြ၏။၎င်းမှာ မြှောက်ပင့်နေခြင်း မဟုတ်ဘဲ သူမသည် ခန္ဓာကိုယ်အချိုးအစား အလွန်ပြေပြစ်သဖြင့် မည်သည့်အဝတ်အစားနှင့်မဆို လိုက်ဖက်လွန်း၍ဖြစ်သည်။

အဝတ်အစားများကို ဝတ်ဆင်ကြည့်ပြီးနောက် သူမသည်‌စိတ်‌ ကျေနပ်မှုရရှိသွား၏။ နောက်ဆုံးတွင် သူမသည် ထိုပိုးသားခြေအိတ်များနှင့် ညဝတ်အင်္ကျီကို ကိုင်ဆောင်ကာ ကြောင်တစ်ကောင်ကဲ့သို့ ညင်သာသော ခြေလှမ်းများဖြင့် ရှောင်ဖန်း၏ ဘေးနားသို့ လျှောက်လှမ်းလာပြီး စွဲမက်ဖွယ်ကောင်းသော အသံဖြင့် မေးလိုက်သည်။

"ကျွန်မ ဝတ်ထားတာကို ရှင် ကြည့်ချင်လားဟင် ..."

ရှောင်ဖန်းက တံတွေးကို အသာအယာ မြိုချလိုက်မိရင်း အလျင်စလို ခေါင်းညိတ်ပြလိုက်၏။

"ကြည့်ချင်တာပေါ့"

"ဟိဟိ၊ ခဏစောင့်ဦးနော်"

ယွမ်ချင်းမေက ရှောင်ဖန်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးနောက် အိပ်ခန်းထဲသို့ လျှောက်ဝင်သွားတော့သည်။

**********

All Chapters