အခန်း ၂၀
Vol. 2 Ch. 20
အပိုင်း (၂၀) - ဝမ်ပေါင်၏ အကြံအစည်အသစ်
နောက်တစ်နေ့ နံနက်တွင် ရှောင်ဖန်းသည် နေရာအနှံ့ပြန့်ကျဲနေသောခြေအိတ်များ၊အဝတ်အစားများနှင့်သူ့ရင်ခွင်ထဲပင်ပန်းနွမ်းလျစွာ အိပ်မောကျနေဆဲဖြစ်သောယွမ်ချင်းမေကို ကြည့်လိုက်ပြီးနောက်သူ၏မျက်နှာတွင်ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာ၏။
ယွမ်ချင်းမေ၏စနစ်သတ်မှတ်ချက် ရမှတ်များမှာ အမြင့်ဆုံးမဟုတ်သော်လည်း သူ့အတွက်သူမသည် စိတ်အကျေနပ်ဆုံးနှင့် အကျိုးအရှိဆုံး ဖြစ်စေခဲ့သူ ဖြစ်သည်။ သူမသာမရှိလျှင် ယခုအချိန်၌ရှောင်ဖန်းမည်သို့ဖြစ်ပျက်နေမည်ကို မည်သူမျှ မသိနိုင်ပေ။
ရှောင်ဖန်းသည် ယွမ်ချင်းမေ၏ အရည်အချင်းပြကွက်ကို ဖွင့်လှစ်၍ ကြည့်ရှုလိုက်ရာ သူမ၏နှစ်သစ်မှုအဆင့်မှာ ၉၁ ရာခိုင်နှုန်းသို့ ရောက်ရှိနေသည်ကို တွေ့ရ၏။ဒီလောက်ပဲတိုးတက်လာတာလား။
"စနစ်၊ ဘာဖြစ်လို့လဲ။ ယွမ်ချင်းမေရဲ့နှစ်သက်မှု တိုးတက်မှုနှုန်းက ဘာလို့ နှေးကွေးသွားရတာလဲ"
[နှစ်သက်မှုတန်ဖိုးကိုးဆယ်ရာခိုင်နှုန်းကျော်သို့ ရောက်ရှိသောအခါ တိုးတက်ရန် အခက်ခဲဆုံး အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ ဤသို့ နှေးကွေးသွားခြင်းမှာ သဘာဝကျပါသည်။ ပိုင်ရှင်အနေဖြင့် ဆက်လက် ကြိုးစားပြီး အလှပဂေးနှင့် ပိုမို ထိတွေ့ဆက်ဆံပါ ]
စနစ်၏ ရှင်းလင်းချက်ကို ကြားရသောအခါမှ ရှောင်ဖန်းစိတ်အေးသွားတော့သည်။ တစ်ခုခု မှားယွင်းနေသည်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်၏။
ယွမ်ချင်းမေ၏ နှစ်သက်မှုတန်ဖိုးကို အမြန်ဆုံး ၁၀၀ ရာခိုင်နှုန်း ပြည့်မြောက်စေရန် သူ ပိုမို ကြိုးစားရမည်ဖြစ်သည်။
ထိုအချိန်သို့ ရောက်ရှိပါက နောက်ထပ် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ယွမ်ချင်းမေ၏ အရည်အချင်းမျိုးစုံကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကိုလည်း တရားဝင် စတင်နိုင်မည် ဖြစ်သည်။
နောက်ထပ် နှစ်ရက် ကုန်လွန်သွားသောအခါ အပူချိန်မှာ အံ့ဩစရာကောင်းလောက်အောင် အနည်းငယ် ပြန်လည် မြင့်တက်လာပြီးအနုတ်ဆယ်ဒီဂရီဝန်းကျင်သို့ ရောက်ရှိလာကာ နှင်းကျခြင်းလည်း လျော့ပါးသွား၏။ ဤသည်က အိမ်ရာဝင်းအတွင်းရှိ နေထိုင်သူများကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က တီဗီထဲမှ ပညာရှင် ပြောကြားခဲ့သည်မှာ မှန်ကန်သည်ဟု ယူဆကာ လူအများအပြားက အိမ်ပိုင်ရှင်များအုပ်စုအတွင်း၌ အောင်ပွဲခံ စတင်ပြောဆိုကြတော့သည်။
အအေးလှိုင်းသည် အလွန်ဆုံးရှိလှ တစ်ပတ်သာ ကြာမြင့်မည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် အရာအားလုံး ပုံမှန်အတိုင်း ပြန်လည် ဖြစ်ပျက်သွားလိမ့်မည်ဟု သူတို့ ထင်မှတ်နေကြ၏။
သို့သော်လည်း၎င်းမှာ ပိုမိုပြင်းထန်သော အပူချိန်ကျဆင်းမှုအတွက် ရှေ့ပြေးနိမိတ်မျှသာ ဖြစ်သည်ကို ရှောင်ဖန်းသိရှိနေသည်။ နောက်ထပ် နှစ်ရက်အတွင်း အပူချိန်မှာ သုညအောက် အနုတ်သုံးဆယ်ကျော်အထိ ကျဆင်းသွားမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင်လည်း ဆက်တိုက် ထိုးဆင်းသွားဦးမည် ဖြစ်သည်။
အပူချိန် ပြန်လည် မြင့်တက်လာခြင်းကြောင့် အနီးနားရှိ ကုန်တိုက်ကြီးမှာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လာ၏။
အိမ်ရာဝင်းအတွင်းနေထိုင်သူအများအပြားသည် ရာသီဥတု အနည်းငယ် ကောင်းမွန်လာခြင်းကို အခွင့်ကောင်းယူကာ စားသောက်ကုန်များ ဝယ်ယူရန် ကုန်တိုက်သို့ သွားရောက်ကြသည်။
နှင်းများမှာ ဆက်လက် ကျဆင်းနေဆဲဖြစ်ပြီး မြေပြင်ပေါ်ရှိ နှင်းထုမှာ ဒူးဆစ်နီးပါးအထိ မြင့်တက်နေသော်လည်း လူတို့ ကုန်တိုက်သို့ သွားရောက် စျေးဝယ်ခြင်းကို မတားဆီးနိုင်ပေ။
အကြောင်းမှာလူအများစုမှာ အစကတည်းက အိမ်၌ ရိက္ခာအလုံအလောက် ပြင်ဆင်ထားခြင်း မရှိသောကြောင့် ဖြစ်သည်။
တာဝူမြို့တော် အာဏာပိုင်များကလည်း လမ်းမများပေါ်မှ နှင်းများကို ဖယ်ရှားရန် လူအင်အား စတင်ပြင်ဆင် တော့သည်။သို့သော်၎င်းမှာ အချည်းနှီးသာ ဖြစ်၏။ ဖယ်ရှားပြီးစ လမ်းမများပေါ်တွင် နှင်းအသစ်များ ချက်ချင်း ပြန်လည် ဖုံးလွှမ်းသွားမည် ဖြစ်သည်။
ထိုလုပ်ဆောင်ချက်က အကျိုးမရှိသော်လည်း တိတ်ဆိတ်နေသော တာဝူမြို့တော်သို့ သက်ဝင်လှုပ်ရှားမှု ပြန်လည် ဆောင်ကြဉ်းပေးခဲ့သည်။
သို့သော်လည်း ၎င်းသက်ဝင်လှုပ်ရှားမှုမှာ သေခါနီးလူတစ်ဦး နောက်ဆုံးအချိန်၌ ခဏတာ သွေးလည်ပတ်မှု ကောင်းမွန်လာခြင်းမျိုးသာ ဖြစ်၏။
ဝမ်ပေါင်သည် ခေါက်ဆွဲပြုတ်တစ်ခွက်ကိုစားသောက်ရင်း အောက်ထပ်ရှိ နေထိုင်သူများ ကုန်တိုက်မှ ရိက္ခာများ သယ်ဆောင်၍ ပြန်လာကြသည်ကို ကြည့်ရှုနေသည်။ ထိုအချိန်တွင် သူ၏စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်လာ၏။
သူသည် ယနေ့ညတွင်ကုန်တိုက်ကြီးအတွင်းရှိ ရိက္ခာများကို သွားရောက် သိမ်းဆည်းမည် ဖြစ်သည်။ အန္တရာယ်များသော်လည်း စွန့်စားရကျိုး နပ်သည်ဟု သူထင်မြင်မိသည်။
အကြောင်းမှာသူသည် နောင်လာမည့် ရက်များတွင်ခေါက်ဆွဲပြုတ်၊ဝက်အူချောင်းနှင့် ထမင်းဖြူသက်သက်ကိုသာ စားသောက်ရင်း အချိန်မကုန်လွန်လိုတော့ပေ။
ထိုအခြေအနေကသူ့ကဲ့သို့ပြန်လည်မွေးဖွားလာသူတစ်ဦးအတွက် အလွန်အမင်း နာကျင်စရာကောင်းပြီး စိတ်ပျက်စရာ ကောင်းလွန်းလှသည်။ သူသည် စားပွဲကြီးသောက်ပွဲကြီးများနှင့် အရသာရှိသော အစားအစာမျိုးစုံကို စားသောက်လို၏။
သိုလှောင်ရုံဗဟိုဌာနမှ ကုန်ပစ္စည်းများ ပျောက်ဆုံးသွားသည့် ကိစ္စမှာလည်း အုန်းအုန်းကျွတ်ကျွတ်ဖြစ်နေပြီဖြစ်သည်။ ကြီးကြပ်ရေးမှူးက ဝမ်ပေါင်ထံသို့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း သူက ပြန်လည် ဖြေကြားခြင်း မရှိပေ။
ဝမ်ပေါင်၏ ခန့်မှန်းချက်အရ သိုလှောင်ရုံဗဟိုဌာန က ရဲစခန်းသို့ တိုင်ချက်ဖွင့်ထားလောက်ပြီ ဖြစ်သော်လည်း ရဲများက သူ့ထံသို့ လာရောက် ရှာဖွေခြင်း မရှိသေးပေ။
အပူချိန် ပုံမှန်မဟုတ်ဘဲ ကျဆင်းနေခြင်းနှင့် နှင်းများ အဆက်မပြတ် ကျဆင်းနေခြင်းတို့ကြောင့် ရဲတပ်ဖွဲ့အနေဖြင့် ဤကဲ့သို့သော ကိစ္စရပ်များကို လိုက်လံ ဖြေရှင်းရန် အချိန်မရှိခြင်း ဖြစ်သည်။
အိမ်ရာဝင်းအပြင်ဘက်ရှိ လုယက်ခြင်းခံခဲ့ရသော ဆိုင်ငယ်များနှင့် ကုန်စုံဆိုင်များကလည်း ရဲစခန်းသို့ ဖုန်းဆက် တိုင်ကြားထားကြသော်လည်း ရဲများ ရောက်ရှိမလာသည့် အချက်ကပင် အခြေအနေကို သက်သေပြနေ၏။
ယခု ဝမ်ပေါင် ရင်ဆိုင်ရမည့် ကိစ္စမှာ ကုန်တိုက်အတွင်းရှိ လုံခြုံရေးဝန်ထမ်းများကို မည်သို့ ရှောင်ရှားရမည်ဆိုသည့် အချက်ဖြစ်သည်။ သို့သော်ထိုအချက်မှာ သူ့အတွက်သိပ်ပြီး အခက်အခဲ မရှိလှပေ။ထိုသို့တွေးမိပြီးနောက် ဝမ်ပေါင်သည် အခြေအနေကို သွားရောက် စုံစမ်းရန် အပြင်သို့ အရင်ထွက်ခဲ့တော့သည်။
သို့သော်ယခုအချိန်တွင်သူ့လိုပင် ပြန်လည်မွေးဖွားလာသူတစ်ဦးဖြစ်သောရှောင်ဖန်းသည်လည်း ဝမ်ပေါင်အနေဖြင့်ရာသီဥတု အနည်းငယ် ကောင်းမွန်လာခြင်းကို အခွင့်ကောင်းယူကာ ကုန်တိုက်ကြီးကို လုပ်ကြံရန် ပြင်ဆင်နေနိုင်သည်ကို ကြိုတင် စဉ်းစားမိနေသည်ကိုမူသူ လုံးဝ မသိရှိပေ။
ယခင်က သိုလှောင်ရုံဗဟိုဌာန သို့ သူ ဖုန်းဆက် သတိပေးခဲ့ခြင်းကြောင့်ဝမ်ပေါင်ကရိက္ခာများ သိမ်းဆည်းခြင်းကို တားဆီးနိုင်ခဲ့သလား ဆိုသည်ကိုရှောင်ဖန်း သေချာမသိသော်လည်း လွန်ခဲ့သော နှစ်ရက်အတွင်း တာဝူမြို့တော်၏ ဒေသတွင်း တီဗီလိုင်းများနှင့် အင်တာနက်စာမျက်နှာများတွင် သိုလှောင်ရုံဗဟိုဌာန မှ ရိက္ခာများ ခိုးယူခံရသည့်အကြောင်း သတင်းများ တက်လာခြင်း မရှိပေ။
ဝမ်ပေါင်အောင်မြင်ခဲ့ပုံမပေါ်ဟု ထင်ရ၏။ သို့မဟုတ်ပါက ဤမျှကြီးမားသော ကိစ္စရပ်ကို မည်သူမျှ သတိမထားမိဘဲ နေမည်မဟုတ်ပေ။
ဝမ်ပေါင်သည် သိုလှောင်ရုံဗဟိုဌာန မှ ရိက္ခာများကို အောင်မြင်စွာ မသိမ်းဆည်းနိုင်ခဲ့သဖြင့်ကုန်တိုက်ကြီးကို သေချာပေါက် ပစ်မှတ်ထားလိမ့်မည် ဖြစ်သည်။ ရှောင်ဖန်းကမူ သူ့ကိုလွယ်လွယ်ကူကူ အောင်မြင်ခွင့်ပေးမည် မဟုတ်ပေ။
ထိုအချိန်တွင်ရှောင်ဖန်းသည် သူ့အခန်းဝရန်တာရှိ မှန်ပြတင်းပေါက်ကြီး၏ ဘေးတွင် ရပ်နေရင်းအိမ်ရာဝင်းအတွင်းသို့ အဆက်မပြတ် ပြန်လည် ဝင်ရောက်လာကြသော နေထိုင်သူများကို ကြည့်ရှုနေသည်။ ထို့နောက် သူက ဧည့်ခန်းထဲတွင် ယောဂကျင့်နေသေယွမ်ချင်းမေဘက်သို့ လှည့်ကာ ပြောလိုက်၏။
"ချင်းမေ၊ အိမ်မှာပဲ နေခဲ့နော်။ ငါ အပြင်ကို ခဏ သွားလိုက်ဦးမယ်"
"အာ၊ ရှင် အပြင်သွားမလို့လား။ ကုန်တိုက်ကို ပစ္စည်းသွားဝယ်မလို့လား၊ ဒါဆို ကျွန်မလည်း လိုက်မယ်လေ"
ယွမ်ချင်းမေက အဝတ်အစားလဲရန် ပြင်ဆင်ရင်း ထရပ်လိုက်သည်။ ရှောင်ဖန်းက သူမကို ချက်ချင်း ပြန်လည် ဆွဲထိန်းလိုက်၏။
"မလိုက်နဲ့၊ အိမ်မှာပဲ နေခဲ့။ ငါတို့မှာ စားစရာတွေ မလိုပါဘူး၊ ငါ အပြင်ကို ကိစ္စတစ်ခု သွားရှင်းမလို့ပါ"
ထိုစကားကို ကြားသောအခါ ယွမ်ချင်းမေက နာခံမှုရှိစွာ ခေါင်းညိတ်ပြပြီး ယောဂ ဆက်လက် ကျင့်နေတော့သည်။
ရှောင်ဖန်းသည် အောက်ခံအင်္ကျီအဟောင်းတစ်ထည်ကို ရှာဖွေ ဝတ်ဆင်ကာ အပြင်သို့ ထွက်ခဲ့၏။ ချမ်းအေးသော ရာသီဥတုအတွက်မူသူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာခြင်းကြောင့် အအေးဒဏ် ခံနိုင်ရည်မှာ များစွာ မြင့်တက်နေပြီဖြစ်ရာထိုအပူချိန်မျိုးတွင် အအေးဒဏ်ခံဝတ်စုံကို ဝတ်ဆင်ရန် မလိုဟု သူ ခံစားရသည်။
အဓိကအချက်မှာ ရှောင်ဖန်းသည် မိမိကိုယ်မိမိ လူသိမခံလိုသောကြောင့် ထိုဝတ်စုံကို မဝတ်ဆင်ခြင်း ဖြစ်၏။သာမန်လူတစ်ဦးကဝင်ရိုးစွန်းဒေသသုံး အထူးဝတ်စုံမျိုးကို တောင်ပိုင်းဒေသတွင်နေထိုင်သူတစ်ဦး၌ရှိနေသည်တွေ့လျှင်ပင်အများအတွက်ထူးဆန်းနေမည်ဖြစ်သည်။
အောက်ထပ်သို့ ရောက်သောအခါ ရှောင်ဖန်းသည် နှင်းထုများကို ဖြတ်ကျော်ကာ အိမ်ရာဝင်း၏ အခြားတစ်နေရာသို့ လျှောက်လှမ်းသွားသည်။ ထိုနေရာတွင် အများသုံး ဖုန်းတစ်လုံး ရှိနေပြီး ရှောင်ဖန်းက သူ၏ လှည့်ကွက်ဟောင်းကို ထပ်မံ အသုံးပြုရန် ကြံရွယ်ထားခြင်း ဖြစ်၏။
မကြာမီတွင် ကြိုတင် ရှာဖွေထားသော ကုန်တိုက်၏ သုံးစွဲသူ ဝန်ဆောင်မှုဖုန်းနံပါတ်ကို အသုံးပြု၍ကုန်တိုက်သို့ ဖုန်းခေါ်ဆိုလိုက်သည်။
ဖုန်းထဲတွင်သူက ကုန်တိုက်အနေဖြင့် ဂရုစိုက်ရန်နှင့် နှင်းသည်းထန်စွာ ကျဆင်းနေခြင်းကို အခွင့်ကောင်းယူ၍ တစ်စုံတစ်ဦးက ရိက္ခာများကို ခိုးယူခြင်းမှ ကာကွယ်ရန် သတိပေးလိုက်၏။
သူ ပြောစရာရှိသည်ကို ပြောပြီးနောက် ရှောင်ဖန်းကတစ်ဖက်လူကိုနောက်ထပ် မေးမြန်းခွင့် မပေးဘဲ ဖုန်းကို ချက်ချင်း ချပစ်လိုက်သည်။ ဝမ်ပေါင်ကို အောင်မြင်စွာ တားဆီးနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာမူ ကံတရားအပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။
အိမ်ရာဝင်းသို့ ပြန်ရောက်သောအခါ သည် အိမ်သို့ ချက်ချင်း မပြန်သေးဘဲ ဖန်ချင်းယွီထံသို့ ဖုန်းအရင် ခေါ်ဆိုလိုက်၏။ သူမ အိမ်၌ ရှိနေသည်ကို သိရပြီးနောက် ရှောင်ဖန်းသည် သူမ နေထိုင်သော အဆောက်အအုံဆီသို့ သွားလိုက်သည်။
လူသွားလမ်းအတွင်းသို့ ဝင်ရောက်ပြီးနောက် ရှောင်ဖန်းသည် ဖန်ချင်းယွီနေထိုင်သော အထပ်သို့ ဓာတ်လှေကားဖြင့် တက်ခဲ့၏။ ပတ်ဝန်းကျင်တွင် လူသူမရှိသည်ကို တွေ့ရသောအခါ ရှောင်ဖန်းသည် ဟင်းလင်းပြင်သိုလှောင်မှု ထဲမှ စားသောက်ကုန်အချို့၊ စောင်များနှင့် အခြားပစ္စည်းအချို့ကို ထုတ်ယူပြီးနောက် ယတံခါးကို ခေါက်လိုက်သည်။
တံခါးမှာ ချက်ချင်း ပွင့်လာ၏။ ဖန်ချင်းယွီသည် အဝတ်အစားများကို အထပ်ထပ် ဝတ်ဆင်ထားသည်။ သူမ၏အိမ်ရှိ လေအေးပေးစက်က အခန်းကို များစွာ နွေးထွေးအောင် မလုပ်ဆောင်ပေးနိုင်ပုံရ၏။
"မြန်မြန်ဝင်လာ၊ အပြင်မှာ အရမ်းအေးတယ်"
ဖန်ချင်းယွီက ရှောင်ဖန်းကို အိမ်ထဲသို့ အလျင်အစလို ဖိတ်ခေါ်လိုက်သည်။
ရှောင်ဖန်းက အိမ်ထဲသို့ ဝင်ရောက်ကာ လက်ထဲမှ ပစ္စည်းများကို ဧည့်ခန်း၌ ချထားလိုက်၏။
"ချင်းယွီ၊ ဒီပစ္စည်းတွေက မင်းအတွက် အသုံးဝင်လိမ့်မယ်လို့ ငါ ထင်တယ်"
ဖန်ချင်းယွီသည် ရှောင်ဖန်းက သူမအတွက် စားသောက်ကုန် အမြောက်အမြားနှင့် စောင်အချို့ ယူဆောင်လာပေးသည်ကို မြင်သောအခါ မျက်ရည်များ ဝဲလာတော့သည်။
ဤမျှ အေးစိမ့်သော ရာသီဥတုတွင် ထိုပစ္စည်းများသည် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သော်လည်း ရှောင်ဖန်းက သူမအတွက်ယူလာပေးခြင်းဖြစ်၏။
"မလိုပါဘူး၊ ကျွန်မအိမ်မှာလည်း ရှိပါသေးတယ်။ ဒါတွေ ဦးလေးရှောင်ဘာသာသိမ်းထားပါ"
စိတ်လှုပ်ရှားမိသော်လည်းဖန်ချင်းယွီက ရှောင်ဖန်းတစ်ဦးတည်း ရုန်းကန်နေရသည်မှာ မလွယ်ကူဟု ထင်မြင်မိသဖြင့် ငြင်းပယ်ရန် ကြိုးစားလိုက်သည်။
"ယူထားလိုက်ပါ၊ ငါ့အိမ်မှာ ဒီထက်မက ရှိပါသေးတယ်။ တစ်ခုခုဖြစ်ရင် ငါ့ကို ဖုန်းဆက်ဖို့ မမေ့နဲ့ဦး"
ထိုသို့ပြောပြီးနောက် ရှောင်ဖန်းသည် ဝဖန်ချင်းယွီကို ထပ်မံ ငြင်းပယ်ခွင့်မပေးတော့ဘဲ လှည့်ထွက်ခဲ့တော့သည်။
"ဦီးလေးရှောင်က တကယ်ကို လူကောင်းတစ်ယောက်ပဲ၊ ပြီးတော့ သူက ထင်သလောက်လည်း အသက်မကြီးသေးပါဘူး။ ရာသီဥတု ပြန်ကောင်းသွားရင် သူနဲ့ သေချာ စကားပြောကြည့်ရမယ်"
ထိုသို့ တွေးမိသောအခါဖန်ချင်းယွီ၏ မျက်နှာတွင် ရှက်သွေးဖြာကာ နီမြန်းသွားရတော့သည်။
*********