← Chapters

နတ်ဘုရားကလန်မှ ကပ်ဘေး

Vol. 96 Ch. 1313

နတ်ဘုရားကလန်မှ ကပ်ဘေး

Vol. 96 Ch. 1313

ထာဝရကလန်​ခေါင်း​ဆောင်သည် ဝမ်လင်း၏အမူအရာကို သတိပြုမိရာ သူသည် ပြုံး၍ ​ပြောလိုက်သည်။ "ဒီ​တောင်နာမည်က လုစုတဲ့။ လွန်ခဲ့တဲ့နှစ်​ပေါင်းများစွာတုန်းက အပြင်ဘက်​နယ်​မြေက​နေ ဓါးတစ်လက် ​မြေပြင်ထက်ဆီ ထိုးစိုက်ကျလာခဲ့ပြီး ဒီ​တောင်အသွင် ဖြစ်​ပေါ်ခဲ့တယ်လို့ ဆိုကြတယ်..."

"နာမည်​ကောင်းပဲ။ ဒီနာမည်ကို ဘယ်သူကများ ​ပေးခ့လဲ ငါ သိချင်မိတယ်..."

ဝမ်လင်းသည် သူ့တုန်လှုပ်မှုကို မျက်နှာထက်တွင် မ​ပေါ်​စေ​ပေ။ သို့​သော်ငြားလည်း သူ့စိတ်ထဲတွင်မူ ဂနာမငြိမ် ဖြစ်မိ​နေသည်။ သူ့ကို တုန်လှုပ်​စေသည်က ​တောင်ထံမှ ​ပေးစွမ်း​​နေ​သောဓါးဆန္ဒ မဟုတ်​ပေ။ ထိုအစား သူသည် သူနှင့်ရင်းနှီးလှ​သော ထူစီ၏သုံး​​မြှောင့်ခရင်းခွကို သန့်စင်မွန်းမံခြင်းမှတ်ဥာဏ်များနှင့် ရတနာစိတ်ဝိညာဥ်ဖြစ်တည်ရန် ၎င်းကို ပစ်လွှတ်ခဲ့ခြင်းတို့အား ​တွေ့ရှိရ​​လေသည်။

သူ ​တောင်အနား​​ရောက်လာသည့်အခါ သူ့မျက်ခုံးနှစ်ခုကြားတွင် ကွယ်ဝှက်​နေ​သော ​ရှေး​ဟောင်းနတ်ဘုရားကြယ်များက အလျင်အမြန်လှည့်ပတ်လာသည်ကို ခံစားမိလိုက်သည်။

"ဒီနာမည်ကို ငါတို့ထာဝရကလန်ရဲ့ ပထမဆုံးမျိုးဆက် ကလန်​ခေါင်း​ဆောင်က ​ပေးထားခဲ့တာ။ သူဟာ သူ့​နောက်ဆုံးနှစ်​တွေကို ဒီ​တောင်​ပေါ်မှာ ကုန်ဆုံးခဲ့ပြီး အိပ်မက်တာအိုကို နားလည်ခဲ့တယ်။ သူ့အိပ်မက်ထဲမှာ သူဟာ ဧရာမဓါးကြီးတစ်လက်​တောင်အဖြစ် ​ပြောင်းလဲသွားတာကို ​တွေ့မြင်ခဲ့တယ်။ သူဟာ 'လုစု' ဆိုတဲ့ ခွန်အားပြည့် စကားသံနှစ်ခုကိုလည်း ကြားခဲ့ရ​တယ်..."

ထိုကဲ့သို့ ရှင်းပြလိုက်သူက​တော့ မြင့်မြတ်​သောအကြီးအကဲပင်။ သူသည် ထိုသို့ ​ပြော​ပြ​နေချိန်တွင် သူ့မျက်လုံးထဲ၌ ​လေးစားသမှုတို့ ပြည့်​နေ​လေသည်။

"လုစု...လုစု...လုစု..." ဝမ်လင်း၏မျက်လုံးထဲရှိ ထူးဆန်း​သောအလင်းသည် ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်သွားသည်။ သို့​သော် သူ့စိတ်ထဲရှိ တုန်လှုပ်မှုမှာ ဆယ်စ၊အဆတစ်ရာ၊အဆတစ်​ထောင် ပို၍ ပြင်းထန်လာခဲ့သည်။

လုစုကို လုစုလို့ ကြားရသည်မှာ အလွယ်​လေး ဖြစ်၏။ သို့​သော် ​ရှေး​ဟောင်းနတ်ဘုရားများ၏ဘာသာစကားတွင် ယင်းစကားနှစ်လုံးသည် တခြားအဓိပ္ပါယ်တစ်ခုခု ရှိ​နေသည်။

လုစု ဟူ​သောစကား၏ တိုက်ရိုက်အဓိပ္ပါယ်မှာ ကြယ်တစ်စင်းကို သန့်စင်မွန်းမံထား​သောဓါးဟု ဖြစ်သင့်​ပေသည်။

ဝမ်လင်းသည် သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ထားသည်။ သူသည် ​တောင်အနီးသို့ ပို​ရောက်လာ​လေ​လေ ​​ရှေး​ဟောင်းနတ်ဘုရား​အော်ရာကို ပိုမိုရှင်းလင်းစွာ ခံစားမိ​လေပင်။ သူသာ ​ရှေး​ဟောင်းနတ်ဘုရားတစ်ပါး မဟုတ်ခဲ့ပါက ထို​အော်ကို ​ထောက်လှမ်းမိနိုင်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်​ပေလိမ့်မည်။

ယင်း​က ​တော်ဝင်​ရှေး​​​ဟောင်းနတ်ဘုရားတစ်ပါး၏ ​အော်ရာ ဖြစ်​နေ​ပေသည်။

ထို​အော်ရာသည် အချိန်ပမာဏများစွာကတည်းက တည်ရှိ​နေခဲ့တာ ဖြစ်၏။ ထူစီထက်ပင် ပို​ရှေးကျ​သေးသည်။ ဝမ်လင်းကို တုန်လှုပ်​စေသည်က ထို​အော်ရာသည် နှစ်များစွာကြာပြီ ဖြစ်၍ အားနည်းသွားခဲ့ခြင်းပင်။ သူသာ ခုချိန်၌ အနား​တွင် ရှိ​နေတာ မဟုတ်ပါက ယင်း​အော်ရာကို သတိပြုမိဖို့ မဖြစ်နိုင်​ပေ။

ထိုအချက်က အမှန်ဖြစ်၏။ ထာဆန်သည်လည်း တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းထံ လာ​ရောက်ခဲ့​သေးသည် မဟုတ်လား။ သို့​သော် သူလည်း ဤ​အော်ရာကို သတိမပြုမိခဲ့​ပေ။

ဝမ်လင်းသည် သူ ​တောင်​ပေါ်သို့ ​ခြေချလိုက်ချိန်တွင် ​​တောင်သည် တုန်ခါသွားသည်ဟု ခံစားလိုက်ရသည်။ သူ​ရောက်ရှိလာသည့်အတွက်​ကြောင့် စိတ်ဝိညာဥ်တစ်ခု ဖြည်းဖြည်းချင်း နိုးထလာသကဲ့သို့ ဖြစ်သည်။

ထိုစိတ်ဝိညာဥ်က ရှည်ကြာလွန်းလှစွာ မြှပ်နှံ့ခံထားရသကဲ့သို့ ထီးတည်းဖြစ်မှုအာရုံအသိကို ​ပေးစွမ်းနေသည်။

ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ထားရသည်။ သူသည် ကလန်​ခေါင်း​ဆောင်၊ မြင့်မြတ်​သောအကြီးအကဲတို့နှင့်အတူ ​တောင်ထိပ်ရှိ အ​ဆောက်အဦခပ်မြင့်မြင့်ထံ ​ရောက်လာခဲ့သည်။

ထိုအ​ဆောင်အဦထဲတွင် စိတ်ဝိညာဥ်နိုးထမှုသည် ပို၍ အား​ကောင်းလာသည်။ သို့ရာတွင် ဝမ်လင်းကလွဲ၍ မည်သူကမျှ ထိုအရာကို သတိမပြုမိနိုင်ကြ​ပေ။ သူတို့သည် ဤဧရိယာရှိ အနည်းငယ်ပိုသိပ်သည်း​သော မူလစွမ်းအင်နှင့် ​ကောင်းကင်ဘုံစိတ်ဝိညာဥ်စွမ်းအင်တို့ကိုသာ ခံစားမိနိုင်ကြသည်။

စိတ်ဝိညာဥ်နိုးထလာ​သော ဖြစ်တည်မှုက ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားရှိ ​ရှေး​ဟောင်းနတ်ဘုရားကြယ်များကို ပိုမြန်ဆန်စွာ လှည့်ပတ်​စေသည်။ ခုနစ်​​ရောင်စုံနယ်​မြေတွင် ပျက်စီးသွားခဲ့​သော ​ခြောက်ခု​မြောက်ကြယ်သည်ပင် မထင်မှတ်စွာဖြင့် ပြန်ဖွဲ့တည်သည့် အရိပ်လက္ခဏာများ ပြသလာသည်။

ထိုအဖြစ်က သူ့တုန်လှုပ်မှုကို ဖုံးကွယ်ရန် ဝမ်လင်းကို ​ခေါင်းငုံ့သွား​စေသည်။

ကံ​ကောင်းစွာဖြင့် ကလန်​ခေါင်း​ဆောင်နှင့် အကြီးအကဲတို့က ​အများကြီး ဂရုတစိုက် ရှိမ​နေ​ပေ။ တကယ်​​တော့ ဝမ်လင်းသည် သူတို့၏အသိအမှတ်ပြုခြင်းကို ရရှိခဲ့သူ ဖြစ်သည်။ ထို့​ကြောင်း သူတို့သည် ဝမ်လင်းကို အဆင့်တူတစ်​ယောက်ကဲ့သို့ သ​​ဘောထား​လေ၏။

သူတို့ ထိုင်ချလိုက်ပြီး​နောက် ထာဝရကလန်၏တပည့်များသည် လဘ္ဘက်ရည်အိုး လာချ​ပေးကြသည်။ ထို့​နောက် ထိုတပည့်များသည် ရို​သေ​လေးစားမှုထားကာ ပြန်ထွက်ခွာသွား​လေသည်။

ထာဝရကလန်​ခေါင်း​ဆောင်သည် စဥ်းစား၍ ​ပြောလာ၏။ "ငါ့ထာဝရကလန်မှာ ​ရောင်းရင်းကျင့်ကြံသူလု ​ပြောတဲ့ အဆုံးစွန်ယင်စိတ်ဝိညာဥ်​တွေ တကယ် ရှိပါတယ်။ ဒါ​ပေမဲ့ အများစုဟာ ပြန့်ကြဲ​နေပြီး လက်​အောက်ခံကလန်​တွေက ပျိုး​ထောင်​ပေး​နေကြတယ်။ ဒါ​ပေမဲ့ ဒီယင်စိတ်ဝိညာဥ်​တွေကို ငါတို့ ထာဝရကလန်က မပိုင်ဆိုင်ဘူး။ ငါတို့ကို နတ်ဘုရားကလန်က ​ပေးထားခဲ့တာ။ သူတို့ကိုယ်စား ငါတို့ ​​လေ့ကျင့်​ပေးဖို့ အတွက် ​ဒီယင်စိတ်ဝိညာဥ်​တွေကို ​ပေးထားခဲ့တာ ဖြစ်တယ်..."

ဝမ်လင်းသည် လဘ္ဘက်ရည်ခွက်ကို ​ကောက်ကိုင်ကာ တစ်ငုံ​သောက်လိုက်ရင်း သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ​ချေဖျက်​နေသည်။ သူသည် ဤ​နေရာတွင် အချိန်ပိုကြာကြာ​နေ​လေ​လေ သူ့အတွက်ပို​ကောင်း​​လေဟု ခံစားမိသည်၊ သို့​သော် သူသာ ဤ​နေရာတွင် အချိန်အကြာကြီး​နေပါက တစ်​ယောက်​ယောက်သည် မူမမှန်​သောကိစ္စတစ်ခုခုကို သတိပြုမိသွားနိုင်၏။

သူသည် ဖြည်းဖြည်းချင်း နိုးထလာ​သော​အော်ရာက ပိုပြင်းထန်လာသည်ဟု ရှင်းလင်းစွာ ခံစားမိ​နေသည်။ သူသည် တစ်ဖက်လူများ သတိပြုမိသွားမည်ကိုလည်း စိုးရိမ်လာ၏။

အထူးသဖြင့် ​ကောင်းကင်ဘုံဒုက္ခအ​ဆင့်ရှိ ကျင့်ကြံသူများပင် ဖြစ်၏။ ထိုသူတို့သည် ဤ​အော်ရာက နိုးထ​နေခြင်း မရှိချိန်တွင်မူ သတိပြုမိလိမ့်မည် မဟုတ်​သော်လည်း လှုပ်ရှားသက်ဝင်လာခဲ့ပါက သည်လူများက သံသယဝင်လာကြ​ပေမည်။

"ဒီ​တောင်ထဲမှာ ဖုံးကွယ်​နေတဲ့ ဓါးဟာ ဘယ်လိုဓါးမျိုးလဲ။ ဒီဓါးကို သန့်စင်မွန်းမံနိုင်ဖို့အတွက် ဘယ်လိုအဆင့် ​ရှေး​ဟောင်းနတ်ဘုရားကများ သူ့ကိုယ်ပိုင်ကြယ်​တွေထဲက တစ်ခုကို သုံးစွဲပစ်ဖို့ ဆန္ဒရှိခဲ့ရတာလဲ..."

ဝမ်လင်းသည် လဘ္ဘက်ရည်ခွက်ကို ပြန်ချကာ တိတ်ဆိတ်စွာ ရှိ​နေ၏။

​"ရောင်းရင်းကျင့်ကြံသူလု လိုချင်တဲ့ အဆုံးစွန်ယင်စိတ်​ဝိညာဥ်​တွေက ဒဏ်ရာကုသဖို့အတွက် အမှန်တကယ် အသုံးတည့်လှပါတယ်။ ဒါ​ပေမဲ့လို့..."

ဝမ်လင်း တိတ်ဆိတ်​နေသည်ကို ​တွေ့မြင့်သည့်အခါ ကလန်​ခေါင်း​ဆောင်နှင့် မြင့်မြတ်​သောအကြီးအကဲတို့သည် တစ်​ယောက်နှင့်တစ်​ယောက် ကြည့်မိလိုက်ကြသည်။ အကြီးအကဲဖြစ်သူက အနည်းငယ် ချီတုံချတုံဖြင့် ​ပြောလာသည်။ ​"ရောင်းရင်းကျင့်ကြံသူလုဟာ ဒဏ်ရာကုသဖို့ လိုအပ်​နေမှ​တော့...ဒီအဘိုးအိုဟာ အဆင်​ပြေပါတယ်ပဲ ​ပြောရ​တော့မှာ​ပေါ့..."

သူတို့သည် သူတို့အ​ပေါ် ဝမ်လင်း၏ရည်ရွယ်ချက်ကို သံသယ မဝင်တာ မဟုတ်​ပေ။ သို့​သော် အဆုံးစွန်ယင်နှင့်ယန်တို့သည် ဒဏ်ရာကုသဖို့အတွက် ​ကောင်းမွန်လှသည်။ သူတို့သည် ဝမ်လင်း၏ဒဏ်ရာများကို ရှင်းရှင်းလင်းလင်း ဖြတ်မြင်​နေရသည် မဟုတ်လား။

ထို့အတွက်​ကြောင့် သူတို့သည် သံသယ ဝင်မိ​သော်လည်း ထိုသံသယသည် အားမ​ကောင်း​တော့​ပေ။ သူတို့သည် ဝမ်လင်း၏မန္တာန်များကို ​တွေ့မြင်ခဲ့ပြီး ဖြစ်ရာ သူ့ကို အလွန်ဆန်းကြယ်သည်ဟု ထင်မြင်​နေကြ၏။ ဖြစ်နိုင်သည်မှာ ​ဆေးလုံးများသည် ထိုကဲ့သို့လူမျိုးကို အပြည့်အဝပြန်​ကောင်းမွန်​စေ​အောင် ကူညီမ​ပေးတာ ဖြစ်​ပေလိမ့်မည်။

ကလန်​ခေါင်း​ဆောင်သည် အနည်းငယ် စဥ်းစားပြီး​နောက် ဖြည်းညင်းစွာ ​ပြောလိုက်သည်။ "ထားလိုက်ပါ​တော့​လေ...။ နတ်ဘုရားကလန်က ငါတို့ကို အ​ဆုံးစွန်ယင်စိတ်ဝိညာဥ်​တွေ ​ပေးပြီးတဲ့​နောက် သူတို့ဟာ ဘယ်​တော့မှ ပြန်မစု​ဆောင်းခဲ့ကြဘူး။ ငါတို့မှာလည်း အ​တော်​များများ စု​ဆောင်းထားမိပြီ။ ​ရောင်းရင်းကျင့်ကြံသူလုကို အချို့အဝက် ​လက်​ဆောင်​ပေးလိုက်တာ အဆင်​ပြေပါတယ်..."

သူ့စကားများ၏ရည်ရွယ်ချက်သည် ဝမ်လင်း၏​တောင်းဆိုမှုက ရိုးရှင်းမှု မရှိတာကို သိ​စေလိုခြင်း ဖြစ်၏။ သူသည် နတ်ဘုရားကလန်၏ ချီးမြင့်မှုကို ဝမ်လင်းထံ ​ပေး​နေခြင်းဟု ဆိုလို​ပေ၏။

ဤအခြင်းအရာသည် ကလန်​ခေါင်း​ဆောင်​ပြောသ​လောက် မ​လေးနက်​သော်လည်း အမှန်သာ ဖြစ်၏။

ဝမ်လင်းသည် ​ကျေးဇူးတင်သည့် ဟန်အမူအရာ ထုတ်​ဖော်ပြီး ထိုနှစ်​ယောက်ကို ကြည့်၍ လက်နှစ်ဖက်ဆုပ်ကာ ​ပြောလိုက်သည်။ "ငါ့ပြန်​ကောင်းမွန်မှုကို ကူညီ​ပေးဖို့အတွက် သင်တို့နှစ်​ယောက်ဟာ နတ်ဘုရားကလန်က ချီးမြှင့်​ပေးတဲ့ အရာကို ထုတ်​ပေးဖို့ ဆန္ဒ ရှိကြတယ်။ ဒီအတွက် သင်တို့ကို ငါ ​ကျေးဇူးတင်ပါတယ်။ အဆင့်ရှစ်ကလန်​တွေကြားက ပြိုင်ပွဲကိုလည်း ငါ ဝင်ပြိုင်မယ်..."

သူ ထိုသို့​ပြော​နေရင်း ​ရှေး​ဟောင်းနတ်ဘုရား​​အော်ရာသည် သူ့​ခြေ​​​ထောက်မှတစ်ဆင့် သူ့မျက်ခုံးထိ အရူးအမူး ဖြတ်သန်းဝင်​ရောက်​နေသည်။ ထိုအဖြစ်က သူ့​ပျက်စီးသွား​သော ​ခြောက်ခု​မြောက်ကြယ်ကို အလျင်အမြန် ပြန်ဖွဲ့စည်းလာ​စေသည်။

ထာဝရကလန်​ခေါင်း​ဆောင်သည် ဝမ်လင်းကို ကြည့်ကာ ပြုံး၍ ​ခေါင်းညိတ်ပြသည်။ သူသည် သူ့လက်ကို ​လေဟာနယ်ထဲသို့ ​​ဆန့်ထုတ်ကာ ​ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး အတွင်းထဲသို့ သတင်းစကားတစ်ခု ထည့်သွင်းသည်။ ထို့​နောက် ​​ကျောက်စိမ်းပြားသည် စတင်​လောင်ကျွမ်းလာပြီး​နောက် သူသည် ၎င်းကို ပစ်လွှတ်လိုက်သည်။ ၎င်း​ကျောက်စိမ်းပြားသည် အ​​​ဝေးသို့ ချက်ခြင်း ပျံသန်းထွက်သွားသည်။

​"ရောင်းရင်းကျင့်ကြံသူလု...ခဏ ​စောင့်​ပေးပါဦး။ အဆုံးစွန်ယင်​စိတ်ဝိညာဥ်​တွေ ယူလာ​ပေးဖို့ ငါ တစ်​ယောက်​ယောက်ကို အမိန့်​ပေးထားတယ်..."

ဝမ်လင်းသည် ​ခေါင်းညိတ်ကာ လဘ္ဘက်ရည်ခွက်ကို ​ကောက်ယူ၍ ​နောက်တစ်ကျိုက် ​မော့သည်။ သူသည် ကလန်​​ခေါင်း​ဆောင် ထိုသို့​ပြောမည်ကို ​စောင့်​နေခြင်း ဖြစ်သည်။ ကလန်​ခေါင်း​ဆောင်က သူ့ကို ထွက်သွား​စေလိုလျှင်ပင် သူသည် သည်​နေရာတွင် ​နောက်ထပ် အချိန်နည်းနည်းဆက်​နေရန် နည်းလမ်းတစ်ခု ရှာမည် ဖြစ်သည်။

ဤမျှ အချိန်တိုအတွင်းမှာပင် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ ​ခြောက်ခု​မြောက်ကြယ်သည် ဝဲက​တော့တစ်ခု ဖြစ်​​ပေါ်သည့် အရိပ်အ​ယောင် စတင်ပြသလာသည်။

"ဒီ​အော်ရာဟာ ငါ့ကြယ်ကို ချက်ခြင်းလိုလို ပြန်​ကောင်းမွန်​စေတဲဲ့ အရိပ်အ​ယောင် ပြသလာတယ်။ ဒီကြယ်ဟာ ကြယ်ကိုးလုံး​တော်ဝင်​ရှေး​ဟောင်းနတ်ဘုရားတစ်ပါးထံကများ ဖြစ်​နေနိုင်လား..."

ဝမ်လင်းသည် လဘ္ဘက်ရည်ခွက်ကို ပြန်ချကာ သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို မနည်း ဖိနှိပ်ထားရသည်။

အခြားကျင့်ကြံခြင်းဂြိုဟ်တစ်ခု​ပေါ်တွင်​တော့ ဖန်ဟိုင်နှင့် အခြားအကြီးအကဲများ၏ အမိန့်​အောက်တွင် ကျင့်ကြံသူတစ်သိန်းနီးပါးသည် လူစု ခွဲကြ၏။ ကလန်တိုင်းသည် သူတို့၏တည်းခိုရာ​​နေရာ အသီးသီးသို့ ပြန်ကြသည်။ မူလကလန်ကို​တော့ သူတို့၏ ​ခြောက်ကပ်ကပ်​နေရာမှ အဆင့်ခုနစ်​ကလန်များအတွက် သတ်မှတ်ထား​သော ​နေရာသို့ ဖန်ဟိုင်ကိုယ်တိုင် လိုက်လံ ​ရွှေ့​ပြောင်း​ပေးသည်။

တစ်ချိန်တည်းမှာ ထိုဂြိုဟ်ပတ်လည်ရှိ အစွမ်းထက်အစီအရင်သည် အသက်ဝင်လာသည်။ မည်သူကမျှ တုန်ကင်လက်မှတ် မပါဘဲ ပြန်ထွက်ခွင့် မ​ပေး​တော့​ပေ။

လီချန်​မေသည် မူလကလန်မှလူများနှင့်အတူ လိုက်လာခဲ့သည်။ သူမသည် ခြံဝန်းထဲ၌ ရပ်​နေ၏။ ​ကောင်းကင်မှာ အ​မှောင်ကြီးစိုးလာ၏။ သူမက ​ကောင်းကင်ထက်သို့ ​မော့ကြည့်ကာ ဝမ်လင်းအပြန်ကို ​စောင့်ဆိုင်း​နေသည်။

မူပင်း​မေသည် မူလကလန်နှင့် ​ပေတစ်​သောင်းကွာ​ဝေး​သော ​နေရာတွင် ငြိမ်သက်တိတ်ဆိတ်စွာ ရပ်လို့​နေသည်။ လ​ရောင်သည် အထီးကျန်ပုံရိပ်အ​ပေါ် ပက်ဖြန်းလျက်။ သူမသည်လည်း ​အောက်နှုတ်ခမ်းကို ကိုက်ထားရင်း လီချန်​မေကဲ့သို့ ဝမ်လင်းပြန်အလာကို ​စောင့်လို့​နေသည်။ သူမသည် ဝမ်လင်းကို တစ်ခုခု ​ပြောပြချင်နေသည်။

အဆင့်ရှစ်​ဒေသနှင့် အလွန်အလှမ်း​ဝေး​သော ​နေရာရှိ အဆင့်ကိုး​ဒေသအတွင်းနက်ပိုင်း၌ မြူများ ထူထဲသိပ်သည်းစွာ ရှိ​နေသည်။ ယင်း​နေရာတွင် ကြီးမားလှ​သော ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးလည်း ရှိ၏။ ၎င်းဂြိုဟ်​ပေါ်၌ ​ကြောက်မက်ဖွယ်​အော်ရာတစ်ခု ​ပေးစွမ်း​နေ​သော နန်း​တော်တစ်ခု ရှိပြီး အတွင်း၌ ​ကောင်​လေးတစ်​ယောက် ထိုင်​နေသည်။

ထို​ကောင်​​လေးသည် နီ​ထွေး​သောအသားအရည် ရှိ၏။ သို့​သော် သူ့ဆံပင်များကမူ ဖြူ​၏။ သူ့မျက်လုံးတို့မှာ ​တောက်ပ​လွန်းသည်။ သူ့​ရှေ့တွင် ​​ကျောက်စိမ်းပြားခုနစ်ခု လွင့်​မြောလျက် ရှိသည်။ ​ကျောက်စိမ်းပြားတစ်ခုစီ​ပေါ်တွင် နာမည်တစ်ခုစီ ​ရေးထွင်းထားသည်။ တတိယ​မြောက် ​ကျောက်စိမ်းပြား​ပေါ်တွင်​တော့ လုဇီ​ဟောင် ဟူ​သော အမည်ကို ​ရေးထွင်းထားသည်။

​ထို​ကောင်​လေးသည် သူ့ညာလက်ဖြင့် ​ကျောက်စိမ်းပြားတစ်ခုစီ​ထံ လက်ညွှန်ကာ ​နောက်ဆုံးတွင် သူ့လက်ညွှန်ချက်သည် လုဇီ​ဟောင်အမည်နှင့် ​ကျောက်စိမ်းပြားထံ ကျ​ရောက်သည်။

"ဆရာ့ရဲ့​အော်ရာကို ငါ ​ထောက်လှမ်းမိတဲ့ အချိန်ကစပြီး တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှာ သံသယ ရှိတဲ့သူကို ရှာနိုင်ဖို့ အတွက် နတ်ဘုရားကလန်ရဲ့ စွမ်းအားကို အသုံးပြုခဲ့တယ်။ ငါ သံသယဖြစ်စရာ​ကောင်းတဲ့ လူခုနစ်​ယောက်ကို ​တွေ့ခဲ့တယ်။ သူတို့တစ်​ယောက်ပြီးတစ်​ယောက်ကို ငါ ထိန်းချုပ်ပြီးတဲ့​နောက်မှာ ဒီလုဇီ​ဟောင်ပဲ ကျန်​တော့တာ..."

ဆံဖြူ​ကောင်​လေး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖျပ်ခနဲ ​ပေါ်၏။

ထိုအခိုက်အတန့်မှာပင် သူသည် မျက်​မှောင်ကြုတ်ကာ သူ့လက်ကို ဆန့်ထုတ်၏။ မီး​တောက်တစ်ခု စတင် ​လောင်ကျွမ်းသည်။ ထိုမီး​တောက်ထဲတွင် ​ကျောက်စိမ်းပြားတစ်ခု ​ပေါ်လာ၏။ ယင်း​ကျောက်စိမ်းပြားမှာ ဝမ်ရှန်ရှန် အထူးနည်းလမ်းဖြင့် ​ပို့လွှတ်​ပေးခဲ့ခြင်း ဖြစ်သည်။

​ကောင်​လေးက ဘယ်လက်ကို ဆန့်ထုတ်ရာ မီး​တောက်သည် ထူးဆန်းစွာဖြင့် သူ့လက်ထဲ ဝင်​ရောက်သွား​လေ၏။ ထိုအခါ ထာဝရကလန်၌ ဝမ်လင်း လုပ်​ဆောင်ခဲ့​သောအရာများ ရှင်းရှင်းလင်းလင်း ​ပေါ်ထွက်လာသည်။

​ကောင်​လေးသည် မူလတုန်းက ထိုင်​​လျက် ရှိ​နေ၏။ သို့​သော် ဝမ်လင်း၏လုပ်​ဆောင်ခဲ့မှုများကို ​တွေ့မြင်သည့်အခါ သူသည် ရုတ်တရက် မတ်တပ်ထရပ်လာသည်။ သူ မတ်တပ်ရပ်လိုက်ချိန်၌ ​အမည်များ ​ရေးထွင်းထား​သော ကျောက်စိမ်းပြားခုနစ်ခု​တွင် လုဇီ​ဟောင်အမည်ပါ​သော ​ကျောက်စိမ်းပြားမှ လွဲ၍ ကျန်​ကျောက်စိမ်းပြားများသည် ပျက်စီးသွား​လေ၏။

အလုံးစုံ​ကောင်းကင်မှ အရှင်လုဖူပိုင်ဆိုင်​​သော စွမ်းအားနှင့် အလားတူသည့် မူလရင်းမြစ်စွမ်းအင်တစ်ခုသည် ​ကောင်​လေးထံမှ ထွက်​ပေါ်လာကာ ဤကျင့်ကြံခြင်းဂြိုဟ်ပတ်လည်ရှိ မြူများကိုပါ အပြင်းအထန် လှုပ်ခါသွား​စေသည်။

"သူပဲကို။ ငါ လူတစ်​ထောင်​ မှားသတ်မိရင်​တောင် သံသယရှိတဲ့ တစ်​ယောက်ကို အလွတ်​ပေးခွင့် ပြုမှာ မဟုတ်ဘူး..."

***

All Chapters