← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

105

ထျန်းကျီတည်းခိုဆောင်တွင် ယွင်ရှန်းလို့မှလာပို့သော ဟင်းလျာမျိုးစုံကို လူတိုင်းက အံ့မခန်းငေးကြည့်နေကြ၏။ ချန်လဲ့မင်းသမီးလေးက စေတနာရှေ့ထားကာ သူတို့အတွက် လက်ဆောင်အဖြစ် ပို့ပေးလိုက်ခြင်းဖြစ်ကြောင်း သိလိုက်ကြရသည်။

သခင်မကြီးခမျာ အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားရရှာ၏။

"ငါ့မြေးလေးက တကယ့်ကိုသိတတ်လိုက်တာ၊ အပြင်ရောက်နေတာတောင် ငါတို့ ထမင်းကောင်းကောင်းစားရပါ့မလားဆိုပြီး စိတ်ပူနေသေးတယ်"

သခင်မကြီးရင်ထဲတွင် အတိုင်းမသိ နွေးထွေးသွားတော့သည်။

သခင်မသုံးယောက်မှာလည်း သူတို့၏တူမလေးကို ချက်ချင်းပင် မိုးပျံမတတ် ချီးမွမ်းခန်းဖွင့်ကြတော့၏။

ခမ်းနားလှသော ဟင်းပွဲများကိုကြည့်ရင်း အဘွားရွှီက ချီးကျူးလိုက်သည်။

"ငါတို့ရွာသူကြီးလေးက တကယ့်ကို ငါတို့အပေါ် စာနာနားလည်ပေးတာပဲ၊ ဒီအရွယ်ရောက်မှ မြို့တော်ရဲ့အကောင်းဆုံးစားသောက်ဆိုင်က အစားအသောက်တွေကို မြည်းစမ်းခွင့်ရတာ တကယ့်ကိုကံကောင်းတာ"

အဘွားရွှီက စိတ်ထဲမှတွေးလိုက်၏။

'ငါ ပြန်ရောက်ရင်တော့ ဒီအကြောင်းကို ရွာထဲက အဘွားကြီးတွေဆီ သေသေချာချာ ကြွားလုံးထုတ်ရဦးမယ်'

ရွှီရှောင်ရှောင်ကတော့ အဘွားရွှီလောက် ပေါ့ပေါ့ပါးပါးရှိမနေခဲ့ပေ။

သူမက ဟင်းပွဲများ၏ပြင်ဆင်ထားပုံနှင့် ဆန်းသစ်သော ချက်ပြုတ်နည်းများကို သေသေချာချာလေ့လာနေပြီး နောက်ပိုင်းတွင် ဟင်းပွဲအသစ်များ ဖန်တီးနိုင်ရန် တိတ်တဆိတ်မှတ်သားထားလိုက်သည်။

"ဒီကောင်စုတ်လေးတွေ၊ ဘာလို့ ဝိုင်မပါလာရတာလဲ၊ ယွင်ရှန်းလို့ရဲ့ဝိုင်က တကယ့်ကို ကောင်းတာကို"

ဆရာရွှီက ထွက်သွားတော့မည့် ယွင်ရှန်းလို့မှ စားပွဲထိုးကို အလျင်အမြန် တားလိုက်ပြီး ညွှန်ကြားလိုက်၏။

"နောက်တစ်ခေါက်လောက် ထပ်သွားပြီး ယွင်ရှန်းလို့ရဲ့ နာမည်ကြီးဝိုင်တွေ ထပ်ယူလာပေးပါလား"

စားပွဲထိုးက အလျင်အမြန်သဘောတူလိုက်သည်။

အပျော်ရွှင်ဆုံးသူများမှာ အိမ်တော်မှ အစေခံမလေးများနှင့် ကျွန်များပင်ဖြစ်သည်။

သူတို့အနေဖြင့် ယွင်ရှန်းလို့မှ အစားအသောက်များကို ထပ်စားရလိမ့်မည်ဟု တစ်ခါမျှမတွေးထားခဲ့ကြချေ။ အိမ်တော်ထိန်းက သူ့မျက်ရည်များကို သုတ်ရင်းပြောလိုက်သည်။

"ငါတို့ရဲ့ ချန်လဲ့မင်းသမီးလေးက လူ့ပြည်ကို ဆင်းသက်လာတဲ့ ဘုရားလောင်းလေးပါပဲ၊ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့တောင် ငါတို့အစေခံတွေကို ဂရုစိုက်ပေးရှာတယ်"

တည်းခိုဆောင်တွင် လူတိုင်းက ရွာသူကြီးလေးကို မိုးပျံမတတ်ချီးမွမ်းကာ မျက်နှာချိုသွေးနေကြသည်ကို ကျင့်ရှင်းတစ်ယောက် စောင့်ကြည့်နေ၏။

သူ တစ်ခုခုအားသင်ယူလိုက်ရသလို ကျင့်ရှင်းတစ်ယောက် ခံစားလိုက်ရသည်။

ကိုယ့်ရည်မှန်းချက်များ အောင်မြင်ဖို့အတွက် သူများပိုက်ဆံကိုသုံးပြီး နာမည်ကောင်းရော လူထုထောက်ခံမှုကိုပါ အရယူလိုက်ခြင်းပင်။

အကယ်၍သာ သူ့မှာ ထိုအချိန်တုန်းက ယခုလိုအသိမျိုးရှိခဲ့မည်ဆိုလျှင် ချင်းရှန်ဘုန်းကြီးကျောင်းမှာ အစောကြီးကတည်းက တစ်လောကလုံး၌ နာမည်ကြီးနေလောက်ပြီပင်။

လူတိုင်းက အစားအသောက်များကို အလွန်အမင်း နှစ်သက်သဘောကျနေသည်ကိုမြင်သောအခါ နောက်တစ်ခေါက်တွင်လည်း သူတို့အတွက် ယွင်ရှန်းလို့မှထုပ်ပိုးပြီး ထပ်ဝယ်ပေးမည်ဟု ရှောင်ကျိုးတစ်ယောက် ဆုံးဖြတ်လိုက်၏။

သူမ၏ချမ်းသာသော ဒုတိယအစ်ကိုအပေါ် ရှောင်ကျိုးအမြင်မှာ ပိုလို့တောင် ကောင်းလာတော့သည်။

ညဉ့်နက်လာသည်နှင့်အမျှ သူတို့မတွေ့ရသည်မှာကြာပြီဖြစ်သော ယွိဟွာတစ်ကောင် တည်းခိုဆောင်သို့ရုတ်တရက် ရောက်လာ၏။

"ကွပ် ကွပ် ကွပ် ကွပ်"

'သခင်မလေး၊ သခင်မလေးကို ငါလိုက်ရှာနေတာကြာလှပြီ'

"ကွပ် ကွပ် ကွပ် ကွပ်"

'ဘာလို့အိမ်ကြီးက ထပ်ပြီး ဟာလာဟင်းလင်းကြီးဖြစ်သွားရပြန်တာလဲ၊ သခင်မလေးက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ'

ရက်အနည်းငယ်အတွင်း အိမ်ပြောင်းသွားကြသည်ကို ယွိဟွာတစ်ယောက် အံ့သြမှင်သက်နေတော့၏။

ရှောင်ကျိုးက ယွိဟွာကိုပွေ့ချီကာ ခပ်ဖွဖွအချက်အနည်းငယ် ပုတ်ပေးပြီး မေးလိုက်သည်။

"ယွိဟွာ၊ ဒီရက်ပိုင်း နင်ဘယ်တွေရောက်နေတာလဲ"

"ကွပ် ကွပ် ကွပ် ကွပ်"

'သခင်မလေး၊ တစ်ယောက်ယောက်က သခင်မလေးကို ဒုက္ခပေးဖို့ကြံနေတယ်၊ သူ့ကို သွားစောင့်ကြည့်လိုက်ဦးမယ်'

"ဟင်"

ရှောင်ကျိုးခမျာ လုံးဝနားမလည်နိုင်ဖြစ်သွားတော့၏။

လူတိုင်းက သူမ၏ကြင်နာမှုကို ခုလေးတင် ချီးမွမ်းနေကြပြီး အခုကျတော့ တစ်ယောက်ယောက်က သူမကို ဒုက္ခပေးချင်နေတယ်တဲ့လား။ လူကြီးတွေရဲ့ကမ္ဘာကြီးက ဒီလောက်တောင် နားလည်ရခက်တာလားနော်။

"ကွပ် ကွပ် ကွပ် ကွပ်၊ ကွပ် ကွပ်၊ ကွပ် ကွပ်"

'အဲ့ဒါ အဘိုးကြီးတစ်ယောက်၊ ဒါပေမဲ့ သူ ဘာတွေပြောနေလဲဆိုတာတော့ သေချာနားမလည်ဘူး၊ သူ ဘာလုပ်မလဲဆိုတာသိရအောင် သူ့နောက်လိုက်သွားမလို့'

"ကွပ် ကွပ်၊ ကွပ် ကွပ်"

"ဒါနဲ့ သခင်မလေး၊ ငါ့အတွက် စားစရာတချို့ပြင်ပေးဖို့ မမေ့နဲ့ဦးနော်၊ အဲ့ဒီကို ခဏလောက်ပြောင်းနေဖို့ စီစဉ်ထားလို့ ငါ့အတွက်စိတ်မပူနဲ့"

ရှောင်ကျိုးက ယွိဟွာ၏ပြောင်သလင်းခါဖြစ်နေသော အဝတ်အိတ်လေးကို စမ်းကြည့်လိုက်၏။

သူမက အိတ်ကိုအမြန်ဖွင့်လိုက်ပြီး ယွိဟွာ၏အိတ်ထဲသို့ ကြက်စာများ အပြည့်ထည့်ပေးရင်း ပြောလိုက်သည်။

"နင် အပြင်မှာပြဿနာတွေ ထပ်မရှာအောင် ကြက်စာတွေပိုထည့်ပေးလိုက်မယ်နော်"

ယွိဟွာက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏သခင်မလေးအိတ်ထဲမှ ပစ္စည်းများကို သူမကိုယ်ပိုင်အဝတ်အိတ်လေးထဲသို့ စတင်ထိုးသိပ်ထည့်တော့၏။

"ကွပ် ကွပ်၊ ကွပ် ကွပ်"

'သခင်မလေး၊ ဒါက ဘာကြီးလဲ'

ရှောင်ကျိုးက တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"အဲ့ဒါက ဗြောက်အိုးလေ၊ မီးညှိလိုက်ရင် ပေါက်သွားလိမ့်မယ်၊ နင့်လိုကြက်တစ်ကောင်က ဒါကြီးကိုဘာလုပ်ဖို့လဲ၊ တကယ်လို့ နင် မီးညှိလိုက်ရင် အဝေးကြီးကိုပြေးတာ ပိုကောင်းမယ်နော်၊ မပြေးဘဲနဲ့ မတော်တဆကြက်ကင်ကြီး ဖြစ်သွားရင် ငါလည်း နင့်ကိုမကယ်နိုင်ဘူး"

ဤပစ္စည်းလေးများက ဘယ်လောက်တောင် မှော်ဆန်သလဲဆိုသည်ကို အံ့ဩသွားပြီးနောက် ယွိဟွာက အလျင်အမြန် မွှေနှောက်ကာ အနည်းငယ်ကောက်ထည့်လိုက်တော့၏။

"ကွပ် ကွပ်၊ ကွပ် ကွပ်"

'သခင်မလေး၊ ခြံထဲမှာ လူတစ်ယောက်ကိုတုပ်ပြီး ဘာလို့ ဒီတိုင်းပစ်ထားတာလဲ'

ရှောင်ကျိုးမှာ အံ့အားသင့်သွားပြီးနောက် ထိုမစင်သရဲကို သူတို့မေ့ထားခဲ့မိကြောင်း ရုတ်တရက် သတိရသွားသည်။ သူကနံစော်လွန်းသဖြင့် ထိုနေရာတွင် ပစ်ထားခဲ့ခြင်းဖြစ်မည်ဟု ရှောင်ကျိုးတစ်ယောက် ထင်လိုက်၏။

ရှောင်ကျိုးက ယွိဟွာကိုစိုက်ကြည့်လိုက်ပြီး ရုတ်တရက် အကြံတစ်ခုရလာတော့သည်။

"ယွိဟွာ၊ နင် အခုနေတဲ့နေရာကို သူ့ကိုပါ ခေါ်သွားလိုက်ပါလား၊ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအဘိုးကြီးကို နင်စောင့်ကြည့်ရမှာပဲဆိုတော့ တစ်ယောက်စောင့်ကြည့်တာထက် နှစ်ယောက်စောင့်ကြည့်တာက ပိုကောင်းတယ်လေ"

"ကွပ် ကွပ်"

‘တကယ်ပြောနေတာလား’

"တကယ်ပြောနေတာ"

ထိုသို့ပြောပြီးနောက် ရှောင်ကျိုးက ယွိဟွာ၏အိတ်ကပ်ထဲသို့ သရေစာမုန့် အများအပြား ထိုးသိပ်ထည့်ပေးလိုက်၏။

"နောက်မှ ငါထပ်လာပို့ပေးမယ်၊ အဲ့ဒါနဲ့ နင့်ရဲ့နေရာသစ်ကိုပါ တစ်ခါတည်း လမ်းကြုံဝင်လည်လိုက်မယ်"

"ကွပ် ကွပ်"

'လမ်းကြုံဝင်လည်ရုံ သက်သက်ဆိုတာ သေချာလို့လား'

"သေချာတာပေါ့၊ ငါက လူကြီးလူကောင်းလေးပါဟာ"

ယွိဟွာက လောလောဆယ်တော့ သူမကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ ယွိဟွာက အဝတ်အိတ်ကို လည်ပင်းတွင်ချိတ်လိုက်ရာ အလွန်လေးလွန်းလှသော အိတ်ကြောင့် သူမလည်ပင်းပင် ကျိုးလုမတတ် ဖြစ်သွားရရှာ၏။

သူတို့နှစ်ဦးမှာ ထိုညဉ့်နက်အချိန်တွင် ကျန်းပေနယ်စားအိမ်တော်သို့ ပြန်သွားကြသည်။ ရှောင်ကျိုးက ဝါးလုံးတစ်ချောင်းကိုရှာကာ သတိမလည်သေးသော ကျောင်းထိုင်ကိုယ်တော်ကို ထမ်းလိုက်ပြီးနောက် ချွေ့ဟွာနောက်မှနေ၍ မင်းဆရာကြီး၏စံအိမ်တော်သို့ လိုက်သွားတော့၏။

ကုစံအိမ်တော်တွင် ကုဇီရှင်းတစ်ယောက်ခြံဝင်းထဲတွင်လှဲကာ ကြယ်များကို ငေးကြည့်နေပြီး သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများအပြည့်ရှိနေသည်။

"ချန်ဖျင်၊ ငါ့ကိုလိမ်သွားတဲ့ အဲ့ဒီကောင်မလေးဆီသွားပြီး ပြဿနာမရှာဖို့ အဖေက ဘာလို့တားနေရတာလဲ"

အစေခံက မတတ်သာသည့်လေသံဖြင့် ပြန်ဖြေလိုက်၏။

"သခင်လေး၊ သူမက ဧကရာဇ်ရဲ့သမီးတော်၊ အသစ်ခန့်အပ်လိုက်တဲ့ ချန်လဲ့မင်းသမီးလေးလို့ သခင်ကြီး‌ပြောခဲ့တယ်လေ၊ သူမက လူသတ်ရင် မျက်တောင်တောင် မခတ်ဘူးလို့ ကျွန်တော် ကြားထားတယ်၊ သခင်ကြီးက သူမကိုသွားမစဖို့ သခင်လေးကို ပြောခိုင်းထားတယ်"

"သူမက တကယ်ကြီး အဲ့ဒီလောက်တောင် အစွမ်းထက်တာလား"

ကုဇီရှင်းကတော့ မယုံပေ။

'ဒီလောက် ကလေးသေးသေးလေးမှာ ဘယ်လောက်တောင် စွမ်းရည်ရှိနိုင်မှာမို့လို့လဲ'

အစေခံက အလေးအနက်တောင်းဆိုလိုက်သည်။

"သခင်လေးသာ ချန်လဲ့မင်းသမီးလေးကို သွားစမိရင် ယုံနင်ရွာစားအိမ်တော်ကိုပဲ နမူနာကြည့်လိုက်ဖို့ သခင်ကြီးက ပြောပါတယ်၊ သခင်ကြီးက သခင်လေးကို သားအဖြစ် အသိအမှတ်မပြုတာကမှ ပိုကောင်းလိမ့်မယ်တဲ့"

"ဟမ့် ဒါဆို ငါကအလကားနေရင်း နစ်နာလိုက်ရတာပေါ့"

ကုဇီရှင်းက မကျေမချမ်းဖြင့်မေးလိုက်၏။

"အနစ်နာခံရတာက ကောင်းချီးတစ်ခုပါပဲလို့ သခင်ကြီးကပြောပါတယ်"

အစေခံက ဆက်ပြောလာသည်။

မိဘများက အိမ်ထဲတွင်သာ အကျယ်ချုပ်ချထားသဖြင့် လက်စားချေချင်နေသော ကုဇီရှင်းခမျာ ကောင်းကင်ကိုသာ ဒေါသတကြီး မော့ကြည့်နေနိုင်တော့၏။

*ဝှစ်ခနဲ* အသံနှင့်အတူ တစ်စုံတစ်ရာက သူ့ရှေ့မှ ပျံသန်းသွားပြီး ၎င်း၏နောက်တွင် အခြားအရာတစ်ခုက မျောလိုက်သွားသည်။

ကုဇီရှင်း မျက်လုံးများကို ပွတ်လိုက်ပြီး ဘေးရှိအစေခံကို မေးလိုက်၏။

"ခုနလေးတင် တစ်ခုခုပျံသွားတာ မင်း မြင်လိုက်လား၊ ညဘက်ကြီး တစ်ယောက်ယောက်က စွန်လွှတ်နေသလိုပဲ"

အစေခံက ခေါင်းခါလိုက်သည်။

"သခင်လေး ညဉ့်နက်နေပြီ၊ အနားယူသင့်ပြီနော်၊ မဟုတ်ရင် သခင်မကြီးက သခင်လေးကို ထပ်ပြီးအပြစ်ပေးလိမ့်မယ်"

"ငါ တကယ်မြင်လိုက်တာလို့"

ရှောင်ကျိုး ပျံသွားသည့်အဝေးတစ်နေရာဆီသို့ လက်ညိုးထိုးပြရင်း ကုဇီရှင်းက ပြောလိုက်၏။

အစေခံက သူ့မိဘများပြောခဲ့သည့်စကားများကို အေးစက်စက်လေသံဖြင့် ထပ်ပြောလိုက်သည်။

"သခင်လေး၊ ဒါက ဒီနေ့အတွက် သခင်လေးပေးတဲ့ ၁၀၁ ခုမြောက် ဆင်ခြေပဲ၊ အပြင်ဘက်မှာ ကောင်းကင်ကြီးပြိုကျနေရင်တောင် အိမ်တော်ထဲက ထွက်ဖို့ မစဉ်းစားနဲ့လို့ သခင်ကြီးနဲ့ သခင်မကြီးက ပြောထားတယ်"

ကုဇီရှင်းတစ်ယောက် ဒေါသထွက်သွားတော့၏။ ဤတစ်ကြိမ်တွင် သူ တကယ် ဆင်ခြေပေးနေခြင်း မဟုတ်ပေ။ တစ်စုံတစ်ရာက *ဝှစ်ခနဲ* အသံနှင့်အတူ တကယ်ပင်ဖြတ်သွားခဲ့ခြင်းဖြစ်၏။

'သရဲများ ဖြစ်နေမလား'

တွေးလေတွေးလေ ကုဇီရှင်းခမျာ ပိုပြီး ကြောက်လာလေဖြစ်သဖြင့် သူ့အခန်းထဲသို့ ပြေးဝင်သွားကာ စောင်အောက်တွင်ပုန်းနေပြီး အပြင်သို့ လုံးဝထွက်မလာတော့ပေ။

သရဲဟု သံသယအဖြစ်ခံရသော ရှောင်ကျိုးကတော့ ချွေ့ဟွာနောက်မှလိုက်ကာ မင်းဆရာကြီး၏စံအိမ်တော်သို့ ရောက်နေပြီဖြစ်၏။

ရှောင်ကျိုးက ပတ်ဝန်းကျင်ကို အကဲခတ်ရန် သူမစိတ်စွမ်းအင်ကို အသုံးပြုလိုက်ပြီးနောက် လူသူကင်းမဲ့သောနေရာတစ်ခုကိုရွေးကာ ထိုလူကို ချထားလိုက်သည်။ ရှောင်ကျိုးက ယွိဟွာကိုတီးတိုးပြောလိုက်၏။

"ငါ အခုလေးတင်ကြည့်လိုက်တာ၊ ဒီနေရာက အကျယ်ကြီးပဲဟ၊ ပြီးတော့ တော်တော်လည်း ချမ်းသာပုံရတယ်၊ အဲ့ဒီအဘိုးကြီးက ငါ့ကိုဒုက္ခပေးဖို့ကြံနေတယ်လို့ နင် ပြောခဲ့တယ်မလား၊ ငါ့ဘက်ကနေ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် လျော်ကြေးတောင်းမယ်ဆိုရင် မလွန်လောက်ပါဘူးနော်"

ယွိဟွာက အသေအချာစဉ်းစားလိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု တွေးကာ သူမ၏ကြက်ခေါင်းလေးကို ညိတ်ပြလိုက်တော့သည်။

All Chapters