← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

111

လမ်းမများထက် လျှောက်လည်နေကြသော လူစုလေးမှာလည်း ထိုသတင်းကို ကြားလိုက်ရ၏။

သူတို့အထဲမှ တချို့က ယင်းကို မျှော်လင့်တကြီး စောင့်စားနေကြသည်။

"လူတွေအများကြီးပါမယ်ဆိုတော့ စည်ကားမှာ သေချာတယ်၊ မနက်ဖြန် ကျွန်တော်တို့ ဝင်ကြည့်လို့ရမလားမသိဘူး"

ကလေးများမှာ လူစည်ကားသည့်နေရာများသို့ သွားရသည်ကို အလွန်သဘောကျကြ၏။

ရှောင်ကျိုးအား သေသေချာချာကြည့်လိုက်ပြီးနောက် သူမမှာမင်းသမီးတစ်ပါးဖြစ်ပြီး တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်ရာ သူမအတွက်နေရာကောင်းတစ်ခု သေချာပေါက်ရမည်ဖြစ်ကြောင်း သူသတိရသွား၍ ချက်ချင်းပင် စိတ်အေးသွားတော့သည်။ ကျင့်ရှင်း မျက်နှာချိုသွေးကာ ပြောလိုက်၏။

"ရှောင်ကျိုး၊ မနက်ဖြန် မင်းဘယ်သွားသွား ငါလိုက်ခဲ့မယ်၊ ပြီးရင် မင်းရဲ့ ပခုံးနဲ့ ခြေထောက်တွေကိုနှိပ်ပေးမယ်လေ"

ကျောက်ဟူက ကျင့်ရှင်းကိုဘေးသို့ တွန်းထုတ်လိုက်သည်။

"ဒါ ငါ့အလုပ်ကွ၊ မင်းက တာအိုဆရာတစ်ပါးလို ကောင်းကောင်းနေသင့်တယ်၊ တခြားလူတွေရဲ့အလုပ်ကို လာလုမနေနဲ့"

ကျင့်ရှင်းက ကျောက်ဟူကို အမြန် ဘေးသို့ဆွဲဖယ်လိုက်ပြီး ရှောင်ကျိုးရှေ့သို့ ထပ်တိုးဝင်ကာပြောလိုက်၏။

"ငါ့ရဲ့ရည်မှန်းချက်ကို လာမတားစမ်းပါနဲ့ကွာ"

သူတို့ရှေ့တင် အလုပ်လာလုနေကြသော ထိုအရှက်မရှိသည့်လူနှစ်ယောက်ကို အစောင့်များမြင်သောအခါ ရွာသူကြီးလေးကို သူတို့ပခုံးပေါ်သို့ ချက်ချင်းပင့်တင်ကာ သုတ်ခြေတင် ပြေးကြတော့သည်။

‘ဟာသတွေ လာလုပ်မနေနဲ့၊ နေ့တိုင်း အစားအသောက်၊ အိပ်စရာနဲ့ လစာရတဲ့ ဒီလိုအလုပ်ကောင်းမျိုးကို သူတို့အခုမှ ရှာတွေ့ထားတာ’

အစောင့်များက သူတို့ထမင်းအိုးအား တစ်ဦးတစ်တစ်ယောက်မှ လာရောက်လုယူမည်ကို ခွင့်မပြုနိုင်ချေ။

အစောင့်များ၏ပခုံးပေါ်တွင် အသယ်ခံရသော ရှောင်ကျိုးတစ်ယောက် ယင်းကိုပျော်စရာကောင်းသည်ဟု ထင်သွားပြီး လက်ခုပ်တီးကာ စိတ်လှုပ်ရှားစွာဖြင့်အော်နေတော့၏။

"ချီတက်၊ ချီတက်"

ယင်းကိုမြင်သောအခါ ရှီထုံနှင့် ကျန်းဟယ်တို့မှာလည်း အလွန်အမင်း အားကျသွားကြပြီး သူတို့လည်းကစားချင်လာကြသည်။ ထို့ကြောင့် အစောင့်များ၏ခြေသလုံးလောက်ပင် မထွားကျိုင်းသော အရပ်ပုပု ဝဝတုတ်တုတ် ကလေးနှစ်ယောက်က အစောင့်တစ်ယောက်၏ ခြေထောက်ကို တစ်ဖက်တစ်ချက်စီမှ အမြန်ဖက်တွယ်လိုက်ကြ၏။

"ပျံမယ်၊ ငါလည်း ပျံချင်တယ်၊ ချီတက်၊ ချီတက်"

ကျန်နေသောအစောင့်များမှာ ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကိုပခုံးတစ်ဖက်တစ်ချက်စီတွင် ထမ်းကာ ရှောင်ကျိုးခေါ်သွားခံရသည့် လမ်းကြောင်းအတိုင်း အပြေးအလွှား လိုက်သွားရတော့သည်။

ရှီထုံနှင့် ကျန်းဟယ်တို့က ပျော်ပျော်ရွှင်ရွှင်ရယ်မောကြပြီး သူတို့လက်သေးသေးလေးများနှင့် ခြေသေးသေးလေးများကို စိတ်လှုပ်ရှားတကြီးလှုပ်ရမ်းနေကြ၏။

အပြင်းအထန်ငြင်းခုံပြီးနောက် ကျောက်ဟူရော ကျင့်ရှင်းပါအနိုင်မရခဲ့ပေ။ လူအုပ်ကြီး ပျော်ပျော်ရွှင်ရွှင် ထွက်သွားသည်ကိုကြည့်ကာ သူတို့နှစ်ဦးမှာ ဘာမှမတတ်နိုင်ဘဲ အချင်းချင်း စိုက်ကြည့်နေကြတော့သည်။

နောက်တစ်နေ့တွင် ဧကရာဇ်၏အမိန့်စာကို လက်ခံရရှိပြီးနောက် ရှောင်ကျိုးနှင့် သခင်မကြီးတို့က သူတို့မိသားစုများနှင့်အတူ ဟုန်ဖူဘုန်းကြီးကျောင်းဆီသို့ ဦးတည်သွားကြ၏။

ဆုတောင်းပွဲကို ဟုန်ဖူဘုန်းကြီးကျောင်းတွင်ကျင်းပမည်ဖြစ်သည်။ သဘာဝကျကျပင် ရှောင်ကျိုးနှင့် သခင်မကြီးတို့အတွက် သတ်မှတ်ထားသောနေရာကောင်းများ ရှိနေလိမ့်မည်။

အခြားအရာရှိများအတွက် အများဆုံး ရထားလုံး ၂ စီး ၃ စီးခန့်သာနေရာပေးနိုင်၏။ ရှောင်ကျိုးကတော့ ကွာခြားသည်။ ၃ နှစ်အရွယ် ရှီထုံနှင့် ကျန်းဟယ်တို့မှသည် အဘွားရွှီအထိ ပါဝင်သည်။ လူအုပ်ကြီးက ဟုန်ဖူဘုန်းကြီးကျောင်းဆီသို့ ဦးတည်သွားကြ၏။

လူကြီးလူငယ်မရွေးပါဝင်သော လူအုပ်ကြီးကိုကြည့်ကာ မိန်းမစိုးက ချန်လဲ့မင်းသမီးလေး နောက်ရှိလူများကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"မင်းသမီးလေး မသက်ဆိုင်တဲ့သူတွေက အပြင်ဘက်မှာပဲ နေရပါမယ်၊ ဝင်ခွင့်မပြုပါဘူး"

ရှောင်ကျိုးက သူမအနောက်သို့လှည့်ကြည့်လိုက်သော်ငြား အခြားမည်သူ့ကိုမျှ မတွေ့ရပေ။ မိန်းမစိုးထံမှ လက်ညှိုးထိုးခံလိုက်ရသော ကျင့်ရှင်းနှင့် အခြားသူများက သူတို့ခေါင်းများကို အမြန် မတ်မတ်ထားလိုက်ကြပြီး သက်ဆိုင်ခြင်းမရှိသူများဖြစ်ကြောင်းကို ဝန်ခံရန်ငြင်းဆန်နေကြတော့၏။

ရှောင်ကျိုးက သူမနေရာဘက်သို့လှမ်းကြည့်လိုက်ရာ အေးအေးလူလူထိုင်နေသော ဒုတိယမင်းသားကိုမြင်လိုက်ရသည်။ သူမက လမ်းပိတ်ရပ်နေသော မိန်းမစိုးကို ချက်ချင်းတွန်းဖယ်လိုက်ပြီး သူမဒုတိယအစ်ကိုထံသို့ စိတ်လှုပ်ရှားဟန်ဖြင့် လက်လှမ်းပြလိုက်၏။

‘ဒီဒုတိယအစ်ကိုက လူကောင်းပဲ၊ သူက ငါ့မိသားစုတစ်ခုလုံးကို ညစာဝယ်ကျွေးခဲ့တာ'

ရှောင်ကျိုးတစ်ယောက် သူမ၏ဒုတိယအစ်ကိုအပေါ် အလွန်အထင်ကြီးလေးစားနေ၏။

ရွာသူကြီးလေး အထဲဝင်သွားသည်ကို မြင်သောအခါ ကျင့်ရှင်းနှင့် အခြားသူများက မိန်းမစိုးမှ မည်မျှစိုးရိမ်တကြီးဖြစ်နေသည်ကို လျစ်လျူရှုကာ အလျင်အမြန် လိုက်ဝင်သွားကြတော့သည်။

ရှောင်ကျိုးက နေရာတစ်ခုကို အမြန်ရှာတွေ့သွားပြီး ဒုတိယမင်းသားနှင့် စတင်စကားစမြည်ပြောတော့၏။

"ဒုတိယအစ်ကို၊ ညီမကို ညစာဝယ်ကျွေးလို့ ကျေးဇူးတင်ပါတယ်နော်၊ ယွင်ရှန်းလို့က အစားအသောက်တွေကလေ အရမ်းစားလို့ကောင်းတာပဲ၊ နောက်တစ်ခါသွားရင်လည်း ဒုတိယအစ်ကို့ စာရင်းထဲပဲ ထည့်လိုက်မယ်နော်၊ ဒုတိယအစ်ကိုက အရမ်းသဘောကောင်းတာပဲ၊ ဒုတိယအစ်ကိုက ညီမတွေ့ဖူးသမျှထဲမှာ အကောင်းဆုံးအစ်ကိုပဲ"

ဒုတိယမင်းသားမှာ ထိတ်လန့်တကြား ခေါင်းလှည့်လာပြီး အလျင်အမြန်ပြန်ဖြေလိုက်သည်။

"ညီမလေးချန်လဲ့ ညီမလေးမသိသေးလို့ပါ၊ ညီမလေးမှာ ပထမအစ်ကို၊ တတိယအစ်ကိုနဲ့ စတုတ္ထအစ်ကိုတို့လည်းရှိသေးတယ်လေ၊ သူတို့က ညီမလေးကို ဂရုစိုက်ဖို့ အခွင့်အရေးမရမှာကိုစိုးရိမ်နေကြတာ၊ ဒုတိယအစ်ကိုက အဲ့ဒီလောက် တစ်ကိုယ်ကောင်းမဆန်နိုင်ပါဘူး၊ တခြားအစ်ကိုတွေအတွက်လည်း အခွင့်အရေးချန်ထားပေးရဦးမယ်လေ၊ နောက်တစ်ခါ ညီမလေးအပြင်ထွက်စားရင် တခြားအစ်ကိုတွေကို စံအိမ်တော်ဆီဖိတ်ဖို့ သတိရနော်၊ သူတို့ သေချာပေါက် အရမ်းဝမ်းသာသွားကြမှာ"

"တကယ်လား၊ ဒီနေရာမှာက ညီမဖြစ်သူကို ထမင်းဝယ်ကျွေးတာက အချစ်ကို ဖော်ပြတဲ့နည်းလမ်းလား"

ရှောင်ကျိုးက ဒုတိယမင်းသားကို နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။

ဒုတိယမင်းသားက အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါကြောင့် ညီမလေးချန်လဲ့ရဲ့ ဒုတိယအစ်ကိုက အကောင်းဆုံးအစ်ကို မဟုတ်ပါဘူး၊ ညီမလေးရဲ့တခြားအစ်ကိုတွေ အားလုံးကလည်း လူကောင်းတွေချည်းပါပဲ၊ ညီမလေးက သူတို့ကိုလည်း ညီမလေးကိုဂရုစိုက်ဖို့ အခွင့်အရေးပေးရမယ်လေ၊ သူတို့ရဲ့ အချစ်တွေကို ဖော်ပြခွင့်ပေးပြီး ညီမလေးကို မကြာခဏ ထမင်းဝယ်ကျွေးခိုင်းလိုက်၊ သူတို့ သေချာပေါက် အရမ်းဝမ်းသာသွားကြမှာ"

ရှောင်ကျိုးက နားလည်သလိုလို နားမလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်၏။

ငွေကို ထင်တိုင်းကြဲမျိုချတတ်သည့် သားရဲကြီးက နောက်ဆုံးတွင်တော့ စကားနားထောင်သွားပြီး သူမဘာသာ သောင်းကျန်းမနေတော့သည်ကို မြင်သောအခါ ဒုတိယမင်းသားတစ်ယောက် တိတ်တဆိတ် သက်ပြင်းချလိုက်တော့သည်။

မကြာမီမှာပင် အတူလိုက်လာသော ကျင့်ရှင်းနှင့် အခြားသူများက ထိုနေရာလွတ်တွင် ပြည့်ကျပ်သွားကြ၏။

ဒုတိယမင်းသား၏ဘေးဘက်တွင် နေရာလွတ် အများကြီးကျန်နေသေးသည်ကိုမြင်သောအခါ ရှောင်ကျိုးက သူမ၏ဒုတိယအစ်ကိုအနီးသို့ တိုးကပ်သွားပြီး ပြောလိုက်သည်။

"ဒုတိယအစ်ကို၊ ညီမအတွက် နေရာနည်းနည်းလောက် ရွှေ့ပေးလို့ရမလား၊ ဒီမှာ မဆံ့တော့လို့"

ဒုတိယမင်းသားက ထိုနေရာရှိလူအုပ်ကြီးကို ကြည့်လိုက်၏။

ဒုတိယမင်းသားမှာ ဆွံ့အသွားရတော့သည်။ မူလက အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုသော ဤနေရာမှာ ဤလူစုရောက်လာခြင်းကြောင့် ပွဲကြည့်ရန်စုဝေးနေသော ရွာအဝင်ဝကဲ့သို့ ဖြစ်သွားချေပြီပင်။

ဒုတိယမင်းသားက ခဏတာစဉ်းစားပြီးနောက် အကြံပေးလိုက်သည်။

"ချန်လဲ့၊ ဒီနေရာက တော်ဝင်မိသားစုဝင်တွေထိုင်တဲ့နေရာလေ၊ ညီမလေးက သူတို့ကို ခေါ်လာတာသင့်တော်ပါ့မလား"

"သင့်တော်ပါတယ်၊ သူတို့ဘာသာ ထိုင်ခုံတွေ ယူလာကြတာလေ"

ရှောင်ကျိုး ရှင်းပြလိုက်၏။ သူတို့ဘာသာ ထိုင်ခုံများနှင့် အစားအသောက်များယူလာကြသော လူစုကို မြင်သောအခါ ဒုတိယမင်းသားမှာ ပို၍ပင်ဆွံ့အသွားရတော့သည်။

ဒုတိယမင်းသားက သူယနေ့အပြင်မထွက်ခင် နက္ခတ်ပြက္ခဒိန်ကိုမကြည့်ခဲ့မိဘူးဟု ခံစားလိုက်ရ၏။

'ငါက ဒီငွေမျိုချတဲ့သားရဲကြီးနဲ့မှ ဘယ်လိုလုပ် တိုက်တိုက်ဆိုင်ဆိုင်လာဆုံရတာလဲ'

ဒုတိယမင်းသားက မရွှေ့သေးသည်ကို မြင်သောအခါ ရှောင်ကျိုးက ဒုတိယမင်းသားထိုင်ခုံ၏လက်ရန်းကို သူမလက်သေးသေးလေးများဖြင့် ဆုပ်ကိုင်ကာ ဒုတိယမင်းသားကို မ,ချီပြီး ဘေးသို့ ချထားလိုက်တော့သည်။

ထိုင်စရာနေရာမရှိဖြစ်နေသော ရှီထုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှောင်ကျိုးက ခဏစဉ်းစားကာ သူ့ကိုပွေ့ချီပြီး ဒုတိယမင်းသား၏ရင်ခွင်ထဲသို့ ထိုးထည့်လိုက်၏။

၅နှစ်အရွယ် သူ့ညီမလေး၏ မ,ချီခြင်းခံလိုက်ရသည့် တုန်လှုပ်မှုမှ ဒုတိယမင်းသားသတိမဝင်လာသေးမီမှာပင် သူ့ရင်ခွင်ထဲသို့ ကလေးတစ်ယောက် ထိုးထည့်ခံလိုက်ရသည်။

ဒုတိယမင်းသားမှာ ဗီဇအရ သူ့ရင်ခွင်ထဲရှိအရာကို အဝေးသို့လွှင့်ပစ်ချင်စိတ် ပေါ်လာတော့၏။

ရှီထုံမှာ ဒုတိယမင်းသား၏ရင်ခွင်ထဲ ရောက်သည်နှင့် ဒုတိယမင်းသား၏လည်ပင်းကို သဘာဝကျကျနှင့် ရင်းရင်းနှီးနှီးဖက်တွယ်လိုက်ပြီး သူ့နေရာကို အနေအထားကျအောင်ပြင်ကာ စင်မြင့်ပေါ်သို့ မော့ကြည့်လိုက်သည်။

ဒုတိယမင်းသားမှာ အသံထွက်၍ပင် ဆဲရေးတိုင်းထွာမိတော့မလိုဖြစ်သွား၏။

သူက မင်းသားတစ်ပါးလေ

မင်းသားတစ်ပါး

မင်းသားမှ မင်းသားအစစ်ကြီး

ဒီလူတွေက သူ့ကို လုံးဝမလေးစားကြတော့ဘူးလား

ရှောင်ကျိုးက သူမကိုထမင်းဝယ်ကျွေးရုံသာမက ယခုလည်း သူမအတွက် နေရာဖယ်ပေးကာ ကလေးကိုပါ ကူထိန်းပေးနေသော သူမ၏ဒုတိယအစ်ကိုကို တစ်ချက်ကြည့်လိုက်သည်။

ရှောင်ကျိုးက ဒုတိယမင်းသားကို ရိုးရိုးသားသားပင် ထပ်ချီးကျူးလိုက်၏။

"ဒုတိယအစ်ကို၊ အစ်ကိုက အရမ်းသဘောကောင်းတာပဲ၊ အခုကစပြီး အစ်ကိုက ညီမအချစ်ဆုံးအစ်ကိုဖြစ်သွားပြီလို့ ကြေညာလိုက်တယ်"

ဒုတိယမင်းသားက ညှိုးညှိုးငယ်ငယ်ဖြင့် ပြောလိုက်သည်။

"ဒုတိယအစ်ကိုက တကယ်တော့ သိပ်မကောင်းပါဘူး၊ အစ်ကို့မှာ အားနည်းချက်တွေ အများကြီးရှိတယ်၊ ညီမလေးရဲ့တခြားအစ်ကိုတွေအားလုံးကလည်း အရမ်းသဘောကောင်းကြတာ၊ နောက်တစ်ခါ ရှောင်ကျိုး တခြားအစ်ကိုတွေဆီကို မကြာခဏပိုသွားလည်လို့ရပါတယ်"

ဒုတိယမင်းသား၏စကားကို ကြားသောအခါ ရှောင်ကျိုးက သူမ၏ဒုတိယအစ်ကိုမှာ နှိမ့်ချရုံသာမက တခြားသူများအတွက်ပါ နေရာတိုင်းတွင် ထည့်သွင်းစဉ်းစားပေးတတ်သော နတ်ဘုရားတစ်ပါးလိုလူစားမျိုးဟု ချက်ချင်းခံစားလိုက်ရတော့၏။

"ဒုတိယအစ်ကို စိတ်မပူပါနဲ့၊ တခြားအစ်ကိုတွေ ဘယ်လောက်ပဲကောင်းနေပါစေ၊ အစ်ကိုက ညီမအချစ်ဆုံးအစ်ကို ဖြစ်နေတုန်းပဲ"

ရှောင်ကျိုးက ဒုတိယမင်းသားကို ပုတ်ကာ အာမခံလိုက်သည်။ ဒုတိယမင်းသား၏ရင်ခွင်ထဲရှိ ရှီထုံကလည်း အမြန်ဝင်ပြောလိုက်၏။

"ကျွန်တော်လည်း အစ်ကို့ကိုအချစ်ဆုံးပဲ"

ဒုတိယမင်းသားက သူ့ရင်ခွင်ထဲတွင် သက်သောင့်သက်သာလှဲလျောင်းနေသော ရှီထုံကိုငုံ့ကြည့်လိုက်သည်။

သူ့အတွေးထဲတွင်တော့ အော်ဟစ်နေတော့၏။

'ဒီလိုလုပ်ဖို့မလိုပါဘူး၊ မင်းတို့ရဲ့ အချစ်တွေကို ငါလက်မခံနိုင်ဘူး’

All Chapters