← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

113

လူတိုင်းအကြည့်များက ချန်လဲ့မင်းသမီးလေးဆီသို့ စုပုံရောက်သွားတော့သည်။

လူတိုင်းက သူမကိုဝိုင်းကြည့်နေကြသည်ကိုမြင်သောအခါ ရှောင်ကျိုးက ချက်ချင်းပင် ရယ်နေခြင်းကိုရပ်လိုက်ပြီး ဖောင်းမို့မို့ပါးလေးများဖြင့် တည်တည်ငြိမ်ငြိမ်ပြန်ထိုင်လိုက်၏။

ချန်လဲ့မင်းသမီးလေးက သူ့ကို လျစ်လျူရှုထားသည်မို့ မင်းဆရာကြီးက စိတ်ရှည်လက်ရှည်ဖြင့် ထပ်မေးလိုက်ပြန်သည်။

"ဒီမတရားသဖြင့် သေဆုံးခဲ့ရတဲ့ဝိညာဉ်တွေကို ပို့ဆောင်ပေးဖို့အတွက် ချန်လဲ့မင်းသမီးလေး စင်ပေါ်ကိုတက်လာပေးဖို့ ဆန္ဒရှိမလားမသိဘူး"

"ဆန္ဒရှိတာပေါ့"

သူမက နတ်ဝင်သည်လုပ်သည့် အလုပ်များတွင် တော်တော်လေး ကျွမ်းကျင်သည်။

ရှောင်ကျိုးက ချက်ချင်းပင်စင်မြင့်ပေါ်သို့ ခုန်ပေါက်ကာတက်သွားတော့၏။ မသိသူများဆိုလျှင် သူမကိုဆုတက်ယူမည့်သူဟုပင် ထင်သွားကြလိမ့်မည်။

မင်းဆရာကြီးက ရှောင်ကျိုးကိုစင်ပေါ်ဖိတ်ခေါ်လိုက်ပြီးနောက် အရင်ဦးစွာ သူမလက်များကို ဆေးကြောစေကာ ဖျာလေးပေါ်တွင် တင်ပျဉ်ခွေထိုင်စေလိုက်သည်။

ရှောင်ကျိုးလေးက လိမ္မာရေးခြားရှိရှိ ထိုင်နေသော်ငြား သူမစိတ်ထဲတွင်တော့ တွေးနေမိ၏။

‘ငါ့ရဲ့နတ်ဝင်သည်အကကို ဘယ်တော့လောက်မှကရမှာလဲ’

မင်းဆရာကြီးက ရှောင်ကျိုးပတ်ပတ်လည်တွင် ကျောက်စရစ်ခဲအချို့ကိုချထားပြီးနောက် ထိုအပေါ်သို့ တစ်စုံတစ်ခုကို ဖြန်းချလိုက်သည်။ ချက်ချင်းဆိုသလိုပင် မင်းဆရာကြီးစံအိမ်တော်မှလူတိုင်းက တင်ပျဉ်ခွေထိုင်ကာ ရှောင်ကျိုးပတ်ပတ်လည်တွင် ဂါထာမန္တာန်များကို စတင်ရွတ်ဆိုကြတော့၏။

အောက်ဘက်မှ စောင့်ကြည့်နေသော ကျင့်ရှင်း မျက်နှာပျက်သွား‌သည်။

“သူတို့ကသေသွားတဲ့သူတွေကို ပို့ဆောင်ဖို့ မန္တာန်ရွတ်နေတာလား ဒါမှမဟုတ် ရှောင်ကျိုးကို ပို့ဆောင်ဖို့မန္တာန်ရွတ်နေတာလား၊ သူတို့ဘာလုပ်နေကြတာလဲ အစီအရင်ချနေတာလား”

ကျင့်ရှင်းတစ်ယောက် ဒေါသထွက်သွားတော့သည်။

ထိုစကားကိုကြားသောအခါ အဘွားရွှီနှင့် အခြားသူများလည်း ထိတ်လန့်သွားကြပြီး စင်မြင့်ပေါ်သို့ပြေးတက်ရန် ချက်ချင်းကြိုးစားကြတော့၏။

ဆရာကြီးရွှီက သူတို့ကိုတားကာ ပြောလိုက်သည်။

"မင်းတို့ အခု အဲ့ဒီကိုပြေးသွားရင် လေးသမားတွေက မင်းတို့ကိုချက်ချင်းဇကာပေါက်ဖြစ်အောင် ပစ်လိမ့်မယ်"

ဒုတိယမင်းသားကလည်း အနည်းငယ် စိုးရိမ်နေတော့၏။ မည်သို့ပင်ဆိုစေ ၎င်းက သူ့အတွက် ဧကရာဇ်၏အမိန့်ကို ပေါ်တင်ကြီးဖီဆန်ရဲခဲ့သော သူ့ညီမလေးပင်။ ဒုတိယမင်းသားက မတ်တပ်ရပ်ကာ ခမည်းတော်ဖြစ်သူထံ သတင်းပို့ရန် ရည်ရွယ်လိုက်သည်။

"ညီမလေးချန်လဲ့က ငယ်ပါသေးတယ်၊ နာကြည်းနေတဲ့ဝိညာဉ်တွေ စုဝေးနေတဲ့ နေရာကို သူမက ဘယ်လိုလုပ်သွားနိုင်မှာတဲ့လဲ၊ အဲ့ဒီဝိညာဉ်တွေထဲက တစ်ကောင်ကများ သူမဝိညာဉ်ကို တမလွန်လောကကို ဆွဲခေါ်သွားရင် ဘယ်နှယ့်လုပ်မလဲ"

စင်မြင့်ပေါ်တွင်ရပ်နေသော ရှောင်ကျိုးကတော့ ဂါထာများ ရွတ်ဆိုနေသောလူများကို တွေတွေလေးကြည့်လိုက်၏။

ထို့နောက် သူမကိုလေးစားအားကျသောမျက်လုံးများဖြင့် ကြည့်နေသည့် အောက်ဘက်မှလူများကိုလည်း ထပ်ကြည့်လိုက်ပြန်သည်။

ထင်ပေါ်ချင်နေသော ရှောင်ကျိုးတစ်ယောက် ရုတ်တရက်အကြံတစ်ခုရသွားတော့၏။

ရှောင်ကျိုးက ရင်ကော့ခေါင်းမော့ကာ မတ်တပ်ရပ်လိုက်သည်။

ချန်လဲ့မင်းသမီးလေး ရုတ်တရက် မတ်တပ်ရပ်လာသည်ကိုမြင်သောအခါ မင်းဆရာကြီးမှာ ဝမ်းသာအားရဖြစ်သွားတော့၏။ အစီအရင်က အလုပ်ဖြစ်သွားပြီး ချန်လဲ့မင်းသမီးလေးက သူမစိတ်ကို လက်လွှတ်ရတော့မည့်ပုံပေါ်သည်။ မကြာမီတွင် လူအုပ်ကြီးက နတ်ဆိုးဝင်ပူးနေသော ချန်လဲ့မင်းသမီးလေးတစ်ယောက် လူများကို အကြမ်းဖက်တိုက်ခိုက်နေသည်ကို မြင်တွေ့ရတော့မည်ပင်။

လူတိုင်းက ချန်လဲ့မင်းသမီးလေးတစ်ယောက် တစ်စုံတစ်ယောက်ကို အန္တရာယ်ပြုနေသည်အားမြင်လိုက်သည်နှင့် ကူးစက်ရောဂါတစ်ခုလို သူမကို ရှောင်ကြတော့မည်ဖြစ်၏။

ရှောင်ကျိုးက မတ်တပ်ရပ်ကာ သူမအိတ်ကပ်ထဲသို့ မွှေနှောက်လိုက်ပြီး ဗြောက်အိုးတစ်ဆုပ်ကို ဆွဲထုတ်လိုက်သည်။ သူမယခင်က ဤအရာများနှင့် ကစားဖူး၏။ ၎င်းတို့ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပါက အသံအကျယ်ကြီးတစ်ခု ထွက်လာမည်ဖြစ်သည်။

ဗြောက်အိုးတစ်လုံးကို လက်ထဲတွင်ကိုင်ကာ ရှောင်ကျိုးက မင်းဆရာကြီးလုပ်ခဲ့သည့်ပုံစံကို အတုခိုးလိုက်ပြီး အကျယ်ကြီး ရွတ်ဆိုလိုက်၏။

"အမြင့်မြတ်ဆုံး ဒီလောင်ဇီက အသင်တို့ကို အမိန့်ပေးနေတယ် ထွက်လာကြစမ်း"

ပစ်ပေါက်လိုက်သော ဗြောက်အိုးက ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ မင်းဆရာကြီး၏ခြေနှစ်ဖက်ကြားကို တည့်တည့်မတ်မတ် သွားမှန်တော့သည်။

မင်းဆရာကြီးမှာ တစ်စုံတစ်ရာကျိုးသွားသကဲ့သို့ ခံစားလိုက်ရ၏။

စနစ်မှထုတ်ပေးသော ဗြောက်အိုးများက သူမနှင့် သူမဝမ်းကွဲအစ်ကိုတို့ ကစားလေ့ရှိသည့် ဗြောက်အိုးများထက် အများကြီး ပိုမိုပြင်းထန်ကြောင်း ရှောင်ကျိုးတစ်ယောက် သတိထားမိသွားသည်။

သူမ၏စိတ်ဝင်စားမှုက ချက်ချင်းပင် ပိုမိုတိုးပွားလာတော့၏။

ရှောင်ကျိုးမှာ ဗြောက်များအားပစ်ပေါက်ရင်း အော်လိုက်သည်။

"မင်းဆရာကြီး အလင်းရောင်ကို ယုံကြည်လား၊ ကြည့် ဒါအလင်းရောင်ပဲ"

ထိုသို့ပြောပြီးနောက် သူမလက်ထဲရှိ ဗြောက်အိုးကို မင်းဆရာကြီး၏ခြေနှစ်ဖက်ကြားသို့ ဆက်တိုက်ပစ်ပေါက်နေတော့၏။

မင်းဆရာကြီးမှာ အလွန်အမင်း ထိတ်လန့်သွားရကာ နာကျင်မှုကိုပင်မေ့သွားပြီး ရှိမရှိမသေချာတော့သော သူ့ပိုင်ဆိုင်မှုလေးကို ဖုံးအုပ်ကာ အမြန်မတ်တပ်ရပ်ပြီး ဘေးသို့ပြေးထွက်သွားတော့၏။

အခြားသူများလည်း မင်းဆရာကြီး၏ဥလေးများ ကွဲသွားသည်ကိုမြင်သော် မတ်တပ်ရပ်ကာ သူတို့လျှို့ဝှက်နေရာများကို အုပ်လိုက်ကြသည်။ သူတို့လည်း ထိုသို့ကြုံတွေ့ရမည်ကို စိုးရိမ်နေကြ၏။ ရှောင်ကျိုး အော်လိုက်ပြန်သည်။

"ဒီမှာ လောင်စွင်းရောက်လာပြီဟေ့၊ ရော့ ဒါကိုမြည်းကြည့်စမ်း"

ထိုသို့ပြောပြီးနောက် သူမလက်ထဲရှိ ဗြောက်အိုးကို မင်းဆရာကြီးစံအိမ်တော်မှလူတိုင်း၏ ခြေရင်းသို့ပစ်ချလိုက်၏။

ကြားလိုက်ရသမျှကတော့ ဆက်တိုက် ထွက်ပေါ်လာသော ပေါက်ကွဲသံများသာ ဖြစ်သည်။

မင်းဆရာကြီးစံအိမ်တော်မှလူများမှာ ပေါက်ကွဲမှုကြောင့် အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်ထွက်သွားကြတော့၏။

တစ်စုံတစ်ယောက်က စင်မြင့်ပေါ်မှ ဆင်းရန်ဟန်ပြင်နေသည်ကို မြင်သောအခါ ရှောင်ကျိုးက ချက်ချင်းပင် ကန့်ကွက်လိုက်သည်။

သူမ၏တင်ဆက်မှုက ယခုမှစတင်ရုံလေးသာ ရှိသေးသည်။

ရှောင်ကျိုးက လူတိုင်းကိုတစ်ယောက်ပြီးတစ်ယောက် ပြန်ခေါ်လာခဲ့၏။ သူမ အော်လိုက်သည်။

"ဟဲ့ နင် ဘယ်ကိုသွားမလို့လဲ"

ထိုစကားကိုကြားသောအခါ အောက်ဘက်မှလူများက ချန်လဲ့မင်းသမီးလေး သရဲနှင်နေကြောင်း ချက်ချင်းပင် နားလည်သွားကြတော့၏။

အမှောင်ထဲရှိ အမျိုးသားနှစ်ဦးကမူ အခြေအနေများမှာ သူတို့ထိန်းချုပ်မှုအောက်မှ လွတ်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

ဓားကိုယ်စီကိုင်ထားသောအမျိုးသားနှစ်ဦးက ရှောင်ကျိုးဆီသို့ ဦးတည်သွားကြတော့၏။

ဖြစ်ရပ်အားလုံးကို စောင့်ကြည့်ပြီးနောက် ယွိဟွာကလည်း ကစားချင်စိတ်များ တဖွားဖွားပေါ်လာတော့သည်။

ယွိဟွာက သူမအိတ်ကပ်ထဲမှ ဗြောက်အိုးကြီးတစ်လုံးကို ဆွဲထုတ်လိုက်၏။ သူမသခင်မလေး သင်ပေးခဲ့သည်များကို အမှတ်ရသွားကာ ဘေးရှိမီးဖိုထဲမှမီးပေါ်တွင် ဗြောက်အိုး၏ မီးစာကို ကြက်လက်ဖဝါးလေးဖြင့် မီးညှိလိုက်သည်။ မီးစာကုန်လုနီးပါးဖြစ်လာချိန်တွင်တော့ ၎င်းကို စင်မြင့်ပေါ်သို့ ပစ်တင်လိုက်တော့၏။

အမျိုးသားနှစ်ဦး အောက်သို့ဆင်းလိုက်သည်နှင့် တပြိုင်နက် ထိုအထဲမှ တစ်ယောက်က တစ်စုံတစ်ခုကို နင်းမိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမတုံ့ပြန်နိုင်မီမှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ထိုနှစ်ဦးမှာလေထဲသို့ လွင့်ထွက်သွားကြတော့၏။ သူတို့အဝတ်အစားများမှာ စုတ်ပြတ်သတ်သွားပြီး ကိုယ်တုံးလုံးဖြစ်သွားကာ သူတို့ခန္ဓာကိုယ်များမှာလည်း ပေါက်ကွဲမှုကြောင့် မည်းတူးသွားတော့သည်။

ယွိဟွာတစ်ယောက် အံ့သြသွားတော့၏။

‘သူမလက်ထဲကအရာက ဒီလောက်တောင် အစွမ်းထက်တာလား’

ပေါက်ကွဲသံအကျယ်ကြီးက ရှောင်ကျိုးကို ကျန်းပေနယ်စားအိမ်တော်ရှိ အိမ်သာထဲမှ ပေါက်ကွဲထွက်လာသောအရာအား သတိရသွားစေပြီး သူမစိတ်အခြေအနေကို ပျက်ပြားသွားစေတော့သည်။

စင်မြင့်ပေါ်ရှိလူတိုင်း သေလုမျောပါးဖြစ်နေသည်ကိုမြင်သောအခါ ရှောင်ကျိုးက သူမလက်ကိုဝှေ့ယမ်းကာ အောက်ဘက်မှလူများကို ပြောလိုက်၏။

"မိတ်ဆွေတို့ မင်္ဂလာပါ၊ မတရားသေဆုံးခဲ့ရတဲ့ဝိညာဉ်တွေအားလုံးကို တမလွန်လောကကို ပို့ဆောင်ပေးလိုက်ပါပြီ၊ လူဝင်စားဖို့မလိုလားတဲ့ နတ်ဆိုးတွေကိုလည်း နှိမ်နင်းလိုက်ပါပြီ၊ အခု အားလုံးစိတ်ချလက်ချနေလို့ရပြီနော်"

လူတိုင်းက ချက်ချင်းပင်လက်ခုပ်တီးကာ အားပေးလိုက်ကြသည်။ သူတို့ ယခုလေးတင် မြင်တွေ့ခဲ့ရသည်များကို အလွန်အမင်းအံ့အားသင့်နေကြတော့၏။

မင်းဆရာကြီးခမျာ စင်မြင့်ပေါ်တွင် အဆက်မပြတ်ရယ်နေကာ မြေပြင်ပေါ်တွင် လူးလှိမ့်နေခဲ့သည်ကို လူများကပြန်အမှတ်ရသွားကြသည်။ အစောပိုင်းက ထူးဆန်းသည်ဟုထင်ခဲ့ကြသော်ငြား ယခုတော့ ၎င်းမှာနာကြည်းနေသော ဝိညာဉ်တစ်ကောင်၏ လက်ချက်ဖြစ်ကြောင်း သူတို့နားလည်သွားကြပြီဖြစ်၏။ မင်းဆရာကြီးစံအိမ်တော်ရှိ လူများကိုလည်း နာကြည်းနေသောဝိညာဉ်များ ဝင်ပူးနေသည်ဟု သူတို့ ကောက်ချက်ချလိုက်ကြ၏။ ချန်လဲ့မင်းသမီးလေး လက်ညှိုးထိုးပြသည့် နေရာတိုင်းတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်ကို မြင်သောအခါ ချန်လဲ့မင်းသမီးလေးမှာ ကြင်နာတတ်သူဖြစ်ပြီး မင်းဆရာကြီး စံအိမ်တော်မှနတ်ဆိုးများကို နှင်ထုတ်ကာ မတရားသေဆုံးခဲ့ရသော ဝိညာဉ်များကို လူဝင်စားရန် တမလွန်လောကသို့ အောင်အောင်မြင်မြင်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း လူတိုင်းယုံကြည်သွားကြတော့သည်။

ရှောင်ကျိုး စကားပြောပြီးနောက် သူမကိုယ်သူမ အလွန်အစွမ်းထက်သော သူရဲကောင်းမလေးတစ်ဦးလို ရုတ်တရက် ခံစားလိုက်ရသည်။ သူမက ရင်ကော့ကာ ဂုဏ်ယူဝင့်ကြွားသော ခြေလှမ်းများဖြင့် သူမလာခဲ့ရာနေရာသို့ ပြန်သွားတော့၏။ သူမနောက်တွင်တော့ တောက်ပပြီး မျက်စိဖမ်းစားနိုင်သော ကြက်မတစ်ကောင်က ကပ်ပါလာ၏။

စင်မြင့်ပေါ်တွင်တော့ မင်းဆရာကြီးက ရှောင်ကျိုးကျောပြင်ကို လက်ညှိုးထိုးပြကာ စကားပင်မပြောနိုင်လောက်အောင် နာကျင်နေတော့၏။ သူ့စိတ်ထဲတွင်တော့ အော်ဟစ်နေမိသည်။

‘ချန်လဲ့မင်းသမီးလေးကို နာကြည်းနေတဲ့ ဝိညာဉ်တစ်ကောင် ဝင်ပူးနေပြီ၊ သူမ ရုတ်တရက် လူတွေကို တိုက်ခိုက်လိုက်တာ မင်းတို့မမြင်ကြဘူးလား’

သူ့အစီအရင်ထဲတွင် ပိတ်မိနေသည်ဟု ထင်ထားခဲ့သော ရှောင်ကျိုးတစ်ယောက် စိတ်လွတ်သွားပြီး အောက်ဘက်ရှိ အပြစ်ကင်းသောလူများကို တိုက်ခိုက်ရန် ချန်လဲ့မင်းသမီးလေးကို ထိန်းချုပ်နိုင်လိမ့်မည်ဟု မင်းဆရာကြီးက ထင်ထားခဲ့၏။ လူများဒဏ်ရာရသွားသရွေ့တော့ ချန်လဲ့မင်းသမီးလေးကို နတ်ဆိုးဝင်ပူးနေကြောင်း အပြင်လောကသို့ သူပြောနိုင်သည်။

ချန်လဲ့မင်းသမီးလေးက တကယ်ပင် ရုတ်တရက် တိုက်ခိုက်ကာ လူများကို ဒဏ်ရာရစေခဲ့သော်ငြား သူမ ဒဏ်ရာရစေခဲ့သူများမှာ မိမိ၏ကိုယ်ပိုင်လူများဖြစ်နေလိမ့်မည်ဟု ဘယ်သူသိထားပါမည်နည်း။

ဧကရာဇ်နှင့် ကြင်ယာတော်တို့မှာလည်း ဆွံ့အသွားကြတော့၏။

ကြင်ယာတော်က တံတွေးမြိုချကာ တိုးတိုးလေးပြောလိုက်သည်။

"ချန်လဲ့မင်းသမီးလေးက အရမ်းကို လိမ္မာပြီး ကြင်နာတတ်တဲ့ မိန်းကလေးဆို ဒါမျိုးလား"

ဧကရာဇ်က မြေပြင်ပေါ်တွင် ကိုယ်တုံးလုံးဖြင့် လဲကျနေသော ချန်ရှန်းနန်းဆောင်မှ တပည့်များကို လက်ညှိုးထိုးပြကာ တိုးတိုးလေး ပြန်ပြောလိုက်၏။

"ချန်ရှန်းနန်းဆောင် တပည့်တွေအားလုံးက ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာကိုယ်စီရှိကြတဲ့ ထူးချွန်တဲ့ အရည်အချင်းရှိသူတွေဆို ဒါကိုပြောတာလား"

သူတို့နှစ်ဦးစလုံးက အခြားတစ်ဦးမှာ ကောလာဟလများဖြန့်နေသည်ဟု ယခုအခါခံစားနေရတော့သည်။

ရှောင်ကျိုး ဗြောက်အိုးများထုတ်လိုက်သည်နှင့် တပြိုင်နက် အဘွားရွှီနှင့် ကျင့်ရှင်းတို့ ချက်ချင်းငြိမ်ကျသွားကြ၏။ သူတို့က ဆူပူအုံကြွမှုများလုပ်ကာ စင်မြင့်ပေါ်သို့ပြေးတက်ရန် ကြိုးစားနေခြင်းကို ရပ်လိုက်ကြပြီး ခွေးခြေပုလေးများပေါ်တွင်ထိုင်ကာ ပွဲကို တိတ်တဆိတ်ကြည့်နေကြတော့သည်။

ထိုအချိန်တွင် အသက် ၇နှစ်အရွယ် စတုတ္ထမင်းသားကမူ ချန်လဲ့မင်းသမီးလေးက နတ်ဆိုးများကို တကယ် နှိမ်နင်းနိုင်သည်ဟု ယုံသွားတော့၏။

စတုတ္ထမင်းသားက သူ့လမ်းကိုပိတ်နေသော အစေခံများနှင့် အထိန်းတော်များကိုတွန်းဖယ်ကာ ရှောင်ကျိုးဆီသို့ပြေးသွားတော့သည်။ ရှောင်ကျိုးကို လေးစားအားကျစွာစိုက်ကြည့်ရင်း သူပြောလိုက်၏။

"ညီမလေးချန်လဲ့ မင်းကအရမ်းတော်တာပဲ၊ နတ်ဆိုးတွေနဲ့ မိစ္ဆာတွေကို ဘယ်လိုနှိမ်နင်းရမလဲဆိုတာ ငါ့ကိုလည်း သင်ပေးနိုင်မလား၊ ငါလည်း သင်ချင်တယ်"

ရှောင်ကျိုးက ဝမ်ကျီရုံထက်ပင် ပိုဝနေသော စတုတ္ထမင်းသားကိုတစ်ချက်ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပင်ပြောလိုက်သည်။

"အစ်ကိုက ဒါကိုကျွမ်းကျင်ချင်ရင်တော့ အရင်ဆုံး အသားစားတာကို စွန့်လွှတ်ရမယ်၊ ပြီးတော့ တစ်သက်လုံး အသားကို ထပ်မစားရတော့ဘူး"

စတုတ္ထမင်းသားခမျာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားမိတော့၏။

All Chapters