← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

120

ဧကရာဇ်က အရသာရှိသောညစာကို စားသုံးပြီးမှသာလျှင် သူ့ရှေ့တွင် ဒူးထောက်နေသော စတုတ္ထမင်းသားကို သတိရသွားတော့သည်။

ဧကရာဇ်က ရှားရှားပါးပါး သဘောကောင်းစွာဖြင့် ပြောလိုက်၏။

"ထတော့၊ ဘာလို့ ငိုနေတာလဲ၊ ငါ မင်းကို အပြစ်ပေးတာမှမဟုတ်တာ၊ နောက်တစ်ခါ အပြင်ထွက်ရင် မင်းအမေစိတ်မပူရအောင် ကြိုပြောဖို့မမေ့နဲ့"

စတုတ္ထမင်းသား : 'ကျွန်တော် ဘာလို့ငိုနေလဲဆိုတာ မသိဘူးလား၊ ခမည်းတော် ဘာတွေပြောနေလဲဆိုတာရော ကိုယ်တိုင်ပြန်ကြားရဲ့လား'

အရာရာ အဆင်ပြေသွားသည်ကိုမြင်သောအခါ ကြင်ယာတော်ရှုက သားဖြစ်သူကို ကမန်းကတန်းဆွဲခေါ်ကာ အရိုအသေပေး၍ ပြန်ထွက်လာခဲ့တော့သည်။

အပြန်လမ်းတွင် ကြင်ယာတော်ရှုက ငိုယိုကာ ဖောင်းကားနေသောဗိုက်က‌လေးကို ပိုက်ထားသည့် စတုတ္ထမင်းသားကို အိပ်ဆောင်ဆီသို့ခေါ်ဆောင်သွား၏။

ကြင်ယာတော်ရှုက မျက်ရည်များ ပိုပိုပြီးကျလာသော သားဖြစ်သူကိုကြည့်ကာ နားမလည်စွာဖြင့်မေးလိုက်သည်။

"ဘာလို့ အဲ့လောက်တောင်ငိုနေရတာလဲ၊ ချန်လဲ့မင်းသမီးလေးက သားကိုရိုက်လိုက်လို့လား"

စတုတ္ထမင်းသားက မိခင်ဖြစ်သူကို အပြစ်တင်သည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ သူ ဘာကြောင့်ငိုနေသလဲဆိုသည်ကို သူ့မိခင်မသိသည်ကို သူမယုံနိုင်လောက်အောင် ဖြစ်နေတော့၏။

"အဲ့ဒါ ကျွန်တော့်ဟာလေ၊ ကျွန်တော့်ရဲ့ အရသာရှိတဲ့ဟင်းတွေကို မယ်တော်တို့ အကုန်စားပစ်လိုက်တာကိုး ဝူးးးးး"

ကြင်ယာတော်ရှုက နှုတ်ခမ်းထောင့်ကို အနေရခက်စွာဖြင့် သုတ်လိုက်သည်။

"အမေက သားကို မစားခိုင်းတာမှ မဟုတ်တာ၊ သားလည်းကြားတယ်မလား၊ သားအဖေက သားအရမ်းဝနေလို့ အဲ့လောက် အများကြီးစားလို့မရဘူးလို့ ပြောလိုက်တာကို"

စတုတ္ထမင်းသားခမျာ မျက်ရည်များဖြင့် ပေပွနေသောမျက်နှာဖြင့် မိခင်ဖြစ်သူကိုကြည့်လိုက်၏။ ငိုရလွန်း၍ မောပန်းနေသဖြင့် သူလမ်းမလျှောက်ချင်တော့ကြောင်းနှင့် ပြန်ချီသွားရန် မိခင်ဖြစ်သူကို ပူဆာလိုက်တော့သည်။

ကြင်ယာတော်ရှုက သားဖြစ်သူ၏ကိုယ်လုံးကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ဒုက္ခရောက်သွားသလို ခံစားလိုက်ရသည်။

သို့သော်လည်း အစားအသောက်နှင့်ပတ်သက်လာလျှင် သားဖြစ်သူ မည်မျှနှမြောတတ်ကြောင်းနှင့် သူပျော်ပျော်ရွှင်ရွှင်ဖြင့်သယ်လာသော အရသာရှိသည့် ဟင်းလျာများကို ဧကရာဇ်နှင့် သူမကိုယ်တိုင် စားပစ်လိုက်မိသည်ကို တွေးမိသောအခါ သားဖြစ်သူ၏တောင်းဆိုချက် သေးသေးလေးကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်၏။

ထို့နောက် ကြင်ယာတော်ရှုက ကြင်နာမှုနှင့် မေတ္တာများပြည့်နှက်နေသော မျက်လုံးများဖြင့် သားဖြစ်သူကိုပြုံးပြလိုက်သည်။

ကြင်ယာတော်ရှုက ကိုယ်ကိုကိုင်းကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ သားဖြစ်သူကို ချီရန်ပြင်လိုက်၏။ သို့ရာတွင် သူမ ချီရန်ကြိုးစားလိုက်သောအခါ သားဖြစ်သူမှာ အလွန်လေးနေပြီး သူမတွင် အားမရှိသည်ကို တွေ့လိုက်ရသည်။ ကြင်ယာတော်ရှုမျက်နှာတွင် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခုဖြတ်ပြေးသွား၏။ သူမက ကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ချီရန် အစွမ်းကုန်ကြိုးစားလိုက်သည်။ စတုတ္ထမင်းသား၏ခြေထောက်များ မြေကြီးနှင့် လွတ်သွားသည်နှင့် တပြိုင်နက် ကြင်ယာတော်ရှု၏ လက်မောင်းများတုန်လာပြီး နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များကျလာတော့သည်။

ကြင်ယာတော်ရှုက သားဖြစ်သူကို အောက်ပြန်ချလိုက်ပြီး သူမမျက်လုံးထဲမှ ကြင်နာမှုနှင့် မေတ္တာများအားလုံး ပျောက်ကွယ်သွားတော့၏။ သူမက ပြတ်ပြတ်သားသားဖြင့် ချက်ချင်းကြေညာလိုက်သည်။

"မနက်ဖြန်ကစပြီး မင်း ဟင်းသီးဟင်းရွက်တွေပဲ စားခွင့်ရတော့မယ်၊ အထိန်းတော်ကို သေသေချာချာ စောင့်ကြည့်ခိုင်းထားမယ်"

ဤစကားကိုကြားသောအခါ စတုတ္ထမင်းသားခမျာ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရတော့သည်။ သူ့ခမျာ အိမ်မှထွက်ပြေးချင်စိတ်များပင်ပေါက်လာပြီး နန်းတော်ထဲတွင် တစ်ရက်လေးမျှပင် ဆက်မနေချင်တော့ပေ။

စတုတ္ထမင်းသားက နှာခေါင်းရှုံ့လိုက်ပြီး ဒေါသတကြီးထွက်သွားတော့၏။ သူ့ငွေများအားလုံးကိုယူကာ ညီမလေး ချန်လဲ့အိမ်သို့သွားနေရန် သူ ဆုံးဖြတ်လိုက်သည်။ သူ့ငွေများက အရသာရှိသောဟင်းလျာများစွာ ဝယ်စားရန် လုံလောက်သည်။

ရှီထုံတစ်ယောက် ဒုတိယမင်းသား၏စံအိမ်တွင်နိုးလာသောအခါ ရင်းနှီးမှုမရှိသောနေရာတစ်ခုတွင် ရောက်နေသည်အားတွေ့လိုက်ရပြီး ငိုချလိုက်တော့သည်။

ဒုတိယမင်းသား၏ကြင်ရာတော်မှာ လန့်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားတော့၏။ သူမက ကလေးတစ်ခါမှ မထိန်းဖူးသဖြင့် ဤသို့သောအခြေအနေတွင် မည်သို့လုပ်ရမည်ကို မသိ။

"သူ သေးပေါက်ချလိုက်တာလား"

ဒုတိယမင်းသား၏ကြင်ရာတော်က သူမအစေခံမလေးကို ကမန်းကတန်း မေးလိုက်သည်။

"သခင်မ၊ ကျွန်မ... ကျွန်မလည်း မသိဘူး၊ သူ ဗိုက်ဆာနေတာလား၊ ဒီလိုကလေးသေးသေးလေးက ဘာစားရမှာလဲ"

ကလေး တစ်ခါမှမထိန်းဖူးသော အစေခံမလေးပင်လျှင် အပြည့်အဝ တွေဝေသွားတော့၏။

သူတို့နှစ်ယောက်မှာ အခန်းထဲတွင် စိုးရိမ်တကြီး ဟိုဟိုဒီဒီလမ်းလျှောက်နေကြတော့သည်။

အစေခံမလေးက အကြံပေးလိုက်သည်။

"သခင်မ၊ သူ့ကို မင်းသားဆီခေါ်သွားကြမလား၊ အချိန်တွေလည်း ဒီလောက်ကြာနေပြီကို ချန်လဲ့မင်းသမီးလေးက သူ့ကို လာခေါ်ဖို့လူမလွှတ်သေးဘူး၊ မေ့သွားတာများလား"

ဒုတိယမင်းသားထံ မသွားသည်ကပိုကောင်းမည်ဟု ဒုတိယမင်းသား၏ ကြင်ရာတော်က ခံစားလိုက်ရသည်။ သူက ယခုအချိန်တွင် ဟယ်မောင်နှမနှင့်အတူရှိနေလောက်ပြီး ထိုနေရာသို့ သွားပါက သူမကိုအပြင်လူတစ်ယောက်လိုဖြစ်သွားစေမည်။

ဒုတိယမင်းသား၏ကြင်ရာတော်က ခုတင်ပေါ်တွင် အကျယ်ကြီးငိုနေဆဲဖြစ်သော ရှီထုံကို အမြန်ပြောလိုက်သည်။

"ဗိုက်ဆာနေပြီလား၊ စားစရာတစ်ခုခု သွားယူခိုင်းလိုက်မယ်နော် ဟုတ်ပြီလား"

ဤစကားကိုကြားသောအခါ ရှီထုံက မမလှလှ‌လေးကို မော့ကြည့်လိုက်၏။ သူမက လူဆိုးပုံမပေါ်သဖြင့် သူက ချက်ချင်းအငိုတိတ်သွားတော့သည်။

သူလေး အငိုတိတ်သွားသည်ကိုမြင်သောအခါ ဒုတိယမင်းသား၏ကြင်ရာတော်က ရှီထုံကို အမြန်ချီလိုက်သည်။

အစေခံမလေးက ကမန်းကတန်းပြောလိုက်၏။

"သခင်မ၊ ကျွန်မကိုပေးပါ"

"ရပါတယ်၊ ဒီကောင်လေးက သိပ်မလေးပါဘူး"

ရှီထုံက သူမလည်ပင်းကို လိမ်လိမ်မာမာဖြင့်ဖက်ထားသည်ကိုမြင်လိုက်ရရာ ဒုတိယမင်းသား၏ကြင်ရာတော်ခမျာ ဝမ်းသာသွားတော့၏။ ကလေးလေးက နူးညံ့ပြီး ဖက်ထားချင်စရာကောင်းကာ တကယ်ကို ချစ်စရာလေးပင်။

ဒုတိယမင်းသား၏ကြင်ရာတော်က အထိန်းတော်ကိုခေါ်၍ ကလေးအတွက် စားစရာတချို့ ပြင်ခိုင်းလိုက်သည်။

ခဏအကြာတွင် အဘွားအိုက လက်ဗလာဖြင့် ပြန်ရောက်လာတော့၏။

"သခင်မ၊ မီးဖိုချောင်ကို သခင်မလေးဟယ်က ယူထားတယ်၊ မင်းသားက ဒီရက်ပိုင်း အိပ်ရေးမဝလို့ မင်းသားအတွက် စိတ်ငြိမ်ဟင်းရည်လုပ်ပေးချင်လို့ပါတဲ့၊ စံအိမ်က စားဖိုမှူးတွေ အကုန်လုံးကိုလည်း သူမခေါ်ထားတယ်"

အစေခံမလေးက ချက်ချင်းပင် ဒေါသတကြီး ပြန်ပြောလိုက်သည်။

"ဟမ့် သူမက တမင်သက်သက်လုပ်တာ၊ ဟင်းရည်လုပ်ရုံလေးကို စံအိမ်မှာရှိတဲ့စားဖိုမှူးတွေ အကုန်လုံးခေါ်ထားဖို့ လိုလို့လား၊ ပြီးတော့ သူမက အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ယောက်လေ၊ ယောက်ျားတစ်ယောက်အတွက် ဟင်းရည်လုပ်ပေးနေတာ မရှက်ဘူးလား"

ဒုတိယမင်းသား၏ကြင်ရာတော်ကလည်း ဒေါသထွက်သွားတော့၏။ ပုံမှန်ဆိုလျှင် သူမက ဒုတိယမင်းသားအပေါ် ခံစားချက်မရှိသလို သူ့မျက်နှာသာပေးမှုကိုလည်း အလုအယက်မယှဉ်ပြိုင်ချင်သဖြင့် သခင်မလေးဟယ် သဘောအတိုင်းသာ လွှတ်ထားလေ့ရှိသည်။ ထို့ပြင် ဤသခင်မလေးဟယ်က မင်းသား၏ညီမဝမ်းကွဲဖြစ်ပြီး နန်းတော်ထဲရှိကိုယ်လုပ်တော်တစ်ပါး၏ အားပေးထောက်ခံမှုရှိနေသည်ကို အားကိုးနေသဖြင့် ဒုတိယမင်းသား၏ကြင်ရာတော်က မကြာခဏ မျက်ကွယ်ပြုထားလေ့ရှိသည်။

သို့သော် ယနေ့တွင်မူ ဤကောင်လေးမှာ နေ့လယ်ကတည်းက အိမ်ထဲရောက်လာပြီး ယခုအချိန်အထိ ရေတစ်ပေါက်မျှမသောက်ရသေးဘဲ အိပ်နေခဲ့ကာ ယခုအခါ ဗိုက်ဆာလွန်း၍ အကျယ်ကြီးငိုနေပြီဖြစ်သည်။

ဒုတိယမင်းသား၏ကြင်ရာတော်က ရှီထုံကိုချီကာ ဒုတိယမင်းသား၏ စာကြည့်ဆောင်ဆီသို့ ထွက်လာခဲ့တော့၏။ မင်းသားက ကလေးလေးကို အစာငတ်ခံပြီး သတ်ပစ်ချင်နေသလားဆိုသည်ကို သူမသိချင်သည်။

စာကြည့်ဆောင်ထဲတွင် ကြင်ရာတော် ရောက်လာပြီဟု အစေခံက ကြေညာသည်ကို ကြားသောအခါ ဒုတိယမင်းသားမှာ အနည်းငယ်အံ့ဩသွားတော့၏။ သူ့ကြင်ရာတော်မှာ သရဲတစ်ကောင်လိုပင် အကြောင်းပြချက်မရှိဘဲ သူ့ရှေ့တွင် ဘယ်တော့မှပေါ်မလာတတ်ပေ။ ဒုတိယမင်းသားက သူမကို ဝင်ခွင့်ပြုရန် အစေခံကိုအချက်ပြလိုက်သည်။

ဒုတိယမင်းသား၏ကြင်ရာတော်က ရှီထုံကိုချီကာ စာကြည့်ဆောင်ထဲသို့ ဝင်လာပြီး သခင်လေးဟယ်နှင့် ဒုတိယမင်းသားတို့ထိုင်နေသည်ကို တွေ့လိုက်ရ၏။

ဒုတိယမင်းသား၏ကြင်ရာတော်က ဒုတိယမင်းသားကို မေးလိုက်သည်။

"မင်းသားက ဒီကလေးလေးကို အစာငတ်ခံပြီးသတ်ပစ်ဖို့ အစီအစဉ်ရှိနေတာလား"

ဒုတိယမင်းသားက သူမ၏ကြမ်းတမ်းသောလေသံကြောင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

"ဘာဖြစ်လို့လဲ"

ရှီထုံက သနားစရာကောင်းသော မျက်နှာလေးဖြင့် ဒုတိယမင်းသားကြင်ရာတော်၏ လည်ပင်းကိုဖက်ထားလိုက်သည်။ သူက ရွာသူကြီးလေး၏ဒုတိယအစ်ကိုမှာ သူ့ကို အစာငတ်ခံပြီး သတ်ပစ်ချင်နေသည်ကို နောက်ဆုံးတော့ နားလည်သွားတော့၏။

ရှီထုံ့ဗိုက်ထဲမှ ဆန္ဒပြသံများထွက်ပေါ်နေပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျနေသည်။ သူ့ခမျာ ဤသို့တစ်ခါမှ ဒုက္ခမရောက်ဖူးချေ။ ပြန်ရောက်လျှင် ရွာသူကြီးလေးကို မင်းသားအား သွားရောက်ရိုက်နှက်ပေးရန် တောင်းဆိုမည်ဟု သူသန္နိဋ္ဌာန်ချလိုက်တော့၏။

ဒုတိယမင်းသား၏ကြင်ရာတော်က ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

"မင်းသား ဟင်းရည်လေးသောက်တာက စံအိမ်တစ်ခုလုံးမှာ ဒီလောက်တောင် ရုတ်ရုတ်သဲသဲဖြစ်သွားစေမယ်လို့ ကျွန်မ မသိခဲ့ဘူး၊ အဲ့လိုမှန်းသာသိရင် မင်းသားက ဒီနေ့မွန်းလွဲပိုင်းကတည်းက ချန်လဲ့မင်းသမီးလေးဆီ လူလွှတ်အကြောင်းကြားပြီး သူ့ကိုလာခေါ်ခိုင်းသင့်တာပေါ့၊ ဘာလို့ ဒီကလေးလေးကို ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွန်မတို့စံအိမ်မှာ အစာငတ်ခံထားရတာလဲ"

ဒုတိယမင်းသားမှာ ယခင်တစ်ခေါက် ယွင်ရှန်းလို့တွင် ချန်လဲ့မင်းသမီးလေးက သူ့အစားအသောက်အတွက် ငွေပေးရှင်းလိုက်ရသဖြင့် ရန်ငြိုးဖွဲ့နေပြီး ယခုအခါ သူမသူငယ်ချင်းကိုခိုးကာ အနိုင်ကျင့်နေသည်ဟု ဒုတိယမင်းသား၏ကြင်ရာတော်က သံသယဝင်သွားတော့၏။

ဒုတိယမင်းသား၏ကြင်ရာတော်က ပိုတွေးလေလေ ဖြစ်နိုင်ချေများလေလေဟု ထင်လာတော့သည်။ မင်းသားက ကလေးတစ်ယောက်ကို အကြောင်းပြချက်မရှိခေါ်လာပြီး ချန်လဲ့မင်းသမီးလေးကလည်း လာခေါ်ရန်လူမလွှတ်သေးသည်မှာ ထူးဆန်းသည်ဟု သူမ တွေးမိခဲ့၏။ မင်းသားက ချန်လဲ့မင်းသမီးလေးကို လက်စားချေရန် စီစဉ်နေပုံပေါ်ပြီး ဤမျှငယ်ရွယ်သော ကလေးလေးကိုပင် ချမ်းသာမပေးချေ။

ဒုတိယမင်းသား၏ကြင်ရာတော်က ရှီထုံကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး နှစ်သိမ့်ပေးလိုက်သည်။

"မကြောက်နဲ့နော်၊ အခုချက်ချင်း ချန်လဲ့မင်းသမီးလေးရဲ့စံအိမ်ကို ပြန်ပို့ပေးမယ်"

မထွက်ခွာမီ ရှီထုံက ဒုတိယမင်းသားကို ဒေါသတကြီးအော်ပြောလိုက်၏။

"ကျွန်တော် ပြန်ရောက်တဲ့အထိစောင့်နေလိုက်၊ ရွာသူကြီးလေးကိုပြောပြီး ခင်ဗျားကို လာရိုက်ခိုင်းမယ်"

ဒုတိယမင်းသားက ထူးဆန်းသောအတွေးအမြင်များရှိသည့် ထိုနှစ်ယောက်ကို ကမန်းကတန်းတားပြီး မေးလိုက်သည်။

"ဘယ်သူက မင်းကိုအစာမစားခိုင်းလို့လဲ"

ရှီထုံက ဆာလောင်နေသောဗိုက်ကလေးကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ကာ နောက်လက်တစ်ဖက်ဖြင့် ဒုတိယမင်းသားကို လက်ညှိုးထိုးပြီး ဒေါသတကြီး အပြစ်တင်လိုက်၏။

"ခင်ဗျားလေ၊ ခင်ဗျားက ကျွန်တော့်ကို အစာမကျွေးတာ"

ဒုတိယမင်းသားမှာ ဒေါသထွက်လွန်း၍ ရယ်တောင်ရယ်ချင်သွားတော့သည်။ မင်းသားတစ်ပါးဖြစ်သော သူက ကလေးတစ်ယောက်ကို ဘယ်လိုလုပ် အနိုင်ကျင့်ပြီး အစာမကျွေးဘဲထားပါမည်နည်း။

ဒုတိယမင်းသားက ဘာတွေဖြစ်နေသလဲဆိုသည်ကိုသိရန် အစေခံတစ်ယောက်ကို ချက်ချင်းခေါ်လိုက်တော့၏။ ဒုတိယမင်းသား၏ကြင်ရာတော်က ကလေးရှေ့တွင် သူ့အကြောင်း မကောင်းပြောခဲ့သလားဆိုသည်ကို သူ သိချင်နေသည်။

**********

All Chapters