← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

141

ကြက်တူရွေးက ရှောင်ကျိုး သူ့ကိုမွေးထားလာစေရန် ကံကောင်းစေမည့် စကားများကို မရပ်မနား အဆက်မပြတ် ရေရွတ်နေတော့သည်။ ကံမကောင်းစွာဖြင့် ယွိဟွာကပင် ရှောင်ကျိုးကို ခေါင်းကိုက်အောင် အလုံအလောက်လုပ်နေပြီ ဖြစ်၏။ ကျိန်ဆဲဖို့သာသိသည့် နောက်ငှက်တစ်ကောင်ကိုသာ လက်ခံလိုက်မည်ဆိုပါက သူမနေ့ရက်များကို ရန်ပွဲများဖြေရှင်းပေးရင်းနှင့်သာ ကုန်ဆုံးရလိမ့်မည်ဟု ခံစားလိုက်ရသည်။ ထို့အပြင် ယွိဟွာက ဒေါသကြီးသူဖြစ်ရာ သူမသာ အိမ်မွေးတိရစ္ဆာန် နောက်တစ်ကောင် ထပ်မွေးလိုက်ပါက ယွိဟွာတစ်ယောက် အထုပ်အပိုးပြင်ကာ အိမ်ပေါ်မှဆင်းသွားနိုင်ချေရှိ၏။

ရှောင်ကျိုးက သူမကိုင်ထားသော ကြက်တူရွေးကို ယွိဟွာရင်ခွင်ထဲသို့ ထိုးထည့်လိုက်သည်။

"နင့်ကို ရွေးချယ်စရာ ၂ ခု ပေးမယ်"

သူမက ပြောလိုက်၏။

"ပထမတစ်ခုက ယွိဟွာကို နင့်ရဲ့သခင်မလေးအဖြစ် အသိအမှတ်ပြုမလား၊ ဒုတိယတစ်ခုက နင့်ကို ဟင်းအိုးထဲ ထည့်ပြုတ်ပစ်ရမလား"

ဂုဏ်သိက္ခာနှင့် အသက်ရှင်သန်ရေး ၂ခုကြား ရွေးချယ်ရမည့် အခြေအနေတွင် ကြက်တူရွေးမှာ အသက်ရှင်ရေးကိုသာ တုံ့ဆိုင်းမနေဘဲ ရွေးချယ်လိုက်တော့သည်။

သူက ယွိဟွာကို ချက်ချင်းပင်ဖားကာ သခင်မလေးအဖြစ် ခေါ်လိုက်၏။

ယွိဟွာမှာ ကိုယ့်လူဆိုလျှင် ဖူးဖူးမှုတ်ထားတတ်သူဖြစ်ရာ သူမအိတ်ကပ်ထဲမှ အစားအစာအချို့ကို ပျော်ပျော်ရွှင်ရွှင် ထုတ်ယူကာ ကြက်တူရွေးအားကျွေးလိုက်တော့သည်။

ရှောင်ကျိုးက ကြက်နှင့် ငှက်ကို အခြားတစ်ဘက်သို့ မောင်းထုတ်လိုက်ပြီး ထိုမြင်ကွင်းကို ကျေနပ်အားရစွာကြည့်နေလိုက်သည်။ နောက်ဆုံးတော့ သူမနားများလည်း ငြိမ်းချမ်းသွားခဲ့ပြီပင်။ သူမက တကယ့်ကို ဉာဏ်ပြေးလွန်း၏။

တစ်ချိန်တည်းမှာပင် သခင်ကြီးရှန်က ရှန်ကျစ်ယွမ်နှင့် တစ်နေ့ခင်းလုံး စကားပြောခဲ့သော်ငြား မြေးဖြစ်သူကို ရှန်အိမ်တော်သို့ ခဏလာနေရန်ဆွဲဆောင်၍ မရနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူ လက်လျှော့လိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ဘဲ မြေးဖြစ်သူကို အမှာစကားအနည်းငယ်ပါးကာ မင်းသမီးစံအိမ်တော်မှ နှုတ်ဆက်ထွက်ခွာပြီး အိမ်သို့ပြန်သွားတော့သည်။

ဧည့်ခံပွဲစားရရန် အချိန်အတော်ကြာ စောင့်ရမည်ဟု ထင်ထားခဲ့ကြသော ကလေးတစ်သိုက်မှာ နောက်တစ်နေ့ မနက်ခင်းညီလာခံအပြီးတွင် သတင်းတစ်ခုကိုကြားလိုက်ရ၏။ ယင်းမှာ ကုမိသားစုက မနက်ဖြန်တွင် မင်္ဂလာဧည့်ခံပွဲကျင်းပမည် ဟူ၍ပင်။ ဤမင်္ဂလာပွဲမှာ မြို့စားကြီးကုက ကိုယ်လုပ်တော်ယူမည်ဖြစ်သောကြောင့် မဟုတ်ဘဲ မြို့စားကြီးနှင့် သူ့ဇနီးတို့ကြားရှိ နက်ရှိုင်းလှသောမေတ္တာတရားကြောင့် သူမကိုဂုဏ်ပြုသည့်အနေဖြင့် ဒုတိယအကြိမ် မင်္ဂလာပွဲကျင်းပကာ သူတို့ငယ်ဘဝ ပျော်ရွှင်ဖွယ်အခိုက်အတန့်များကို ပြန်လည်အသက်သွင်းလိုခြင်းကြောင့်ဟု ပြောနေကြ၏။

အဘွားရွှီမှာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ ထိုနေ့က နားလည်မှုလွဲခြင်းကိုကြားသိရပြီးနောက် သခင်မကြီးမှာ မြို့စားကြီးမှ ထိုတူမဖြစ်သူအား တကယ်လက်ထပ်လိုက်မည်ကို စိုးရိမ်သွားခဲ့သည်ဟု သခင်မကုထံမှ သူမကြားခဲ့ရ၏။ ထို့ကြောင့် သခင်မကုက ထိုကောင်မလေးကို ညတွင်းချင်း ငွေအချို့ပေးကာ သူမမွေးရပ်မြေသို့ ပြန်ပို့လိုက်ခြင်းပင်။ သေချာသည်ကတော့ မြို့စားကြီးအိမ်တော်သို့ ထိုမိန်းကလေးကို သူမဘယ်တော့မှထပ်ခေါ်လာတော့မည်မဟုတ်ပေ။

နောက်တစ်နေ့တွင် ဧည့်ခံပွဲကို အဘယ်ကြောင့် ဤမျှအလောတကြီး ကျင်းပရသလဲဆိုလျှင် မင်္ဂလာပွဲကိုသာ အချိန်မီမပြီးပြတ်ပါက မြို့တော်တစ်ခုလုံး၏အတင်းသတင်းများက ကုမိသားစုအကြောင်းသာဖြစ်နေမည်ဖြစ်သောကြောင့်ပင်။ မြို့စားကြီးကုက ဤကိစ္စကို အမြန်ဆုံးအဆုံးသတ်လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု တွေးလိုက်၏။ သို့မှသာ မြို့တော်တွင် အခြားစိတ်ဝင်စားဖွယ်ရာကိစ္စများ ပေါ်လာသောအခါ လူတိုင်းက ဤအရှက်ရစရာဖြစ်ရပ်ကို မေ့သွားကြမည်ဖြစ်သည်။ ပွဲကို အလျင်စလိုလုပ်လေလေ ပိုကောင်းလေလေပင်။ လူတိုင်းကို အငိုက်ဖမ်းကာ မင်္ဂလာပွဲကို တိတ်တဆိတ် အဆုံးသတ်ချင်နေကြသည်။ အဓိကရည်ရွယ်ချက်မှာ ဧကရာဇ်ကို ကျေနပ်စေရန်ဖြစ်သဖြင့် ပွဲတက်မည့်သူ နည်းလေလေ ပိုကောင်းလေလေဟု သတ်မှတ်ထားကြ၏။

အိမ်နီးချင်းများ မင်္ဂလာဆောင်တော့မည်ဟုကြားလိုက်ရသောအခါ ကလေးများက ဘာလက်ဆောင်များ ပေးရမည်ကို စတင်ဆွေးနွေးကြတော့သည်။

ရှီအန်းက မေးလိုက်သည်။

"လက်ဆောင်ပေးမှပဲ ဧည့်ခံပွဲကိုတက်လို့ရတာလား"

အားသို့က ‘ဒါပေါ့’ ဟူသောသဘောဖြင့် ပြန်ဖြေလိုက်၏။

"အင်းပေါ့၊ ရွာမှာ လူတွေဧည့်ခံပွဲလုပ်ရင် ငါ့အမေနဲ့ အဘွားက ပွဲမတက်ခင် အိမ်ရှင်တွေကို လက်ဆောင်ပေးရတာကို ငါမှတ်မိတယ်"

အခြားသူများအားလုံး ကုမိသားစုအတွက် လက်ဆောင်ကိုယ်စီ ရှာတွေ့သွားကြသည်ကို ရှီအန်းကကြည့်နေသော်ငြား သူကမူ ဘာပေးရမည်ကို မဆုံးဖြတ်ရသေးသဖြင့် အနည်းငယ် စိုးရိမ်နေတော့သည်။

ကျောက်ဟူကမူ မနေ့က မပေးလိုက်ရသော ထင်း ၂ စည်းကို ပြန်စည်းပြီး ပြောလိုက်သည်။

"ငါကတော့ ငါ့အဖေကိုခေါ်ပြီး သွားစားမှာ၊ ရွာမှာလူတွေ မင်္ဂလာဆောင်ရင် ငါ့အဖေက သူတို့ကိုလက်ဆောင်ပေးပြီး ငါ့ကိုပါ ခေါ်သွားလေ့ရှိတယ်၊ သူက ငါတို့ အရှုံးခံလို့မရဘူး ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံနဲ့တန်အောင် ပြန်စားရမယ်လို့ ပြောဖူးတယ်၊ ငါ့အဖေပြောတာ မှန်တယ်လို့ ထင်တယ်"

ထျဲနျိုက သူပေးမည့်ဒယ်အိုးများနှင့် ဟင်းအိုးများကို ခင်းလိုက်ပြီးပြောလိုက်၏။

"ဒါဆို ငါက ငါ့အဘွားကိုခေါ်သွားမယ်၊ သူမက သေချာပေါက်တန်အောင် စားနိုင်မှာ"

ရှန်ကျစ်ယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

"ငါက ကြက်ဥတွေပေးမှာဆိုတော့ ယွိဟွာကို ခေါ်သွားရင်ရောဘယ်လိုလဲ"

ဖက်တီးလေးက အရှေ့ရှိဆန်များကို ကြည့်ကာ ပြောလိုက်၏။

"ငါက ဆန်ပေးမှာ၊ အဲ့တော့ အစ်မရှောင်ရှောင်ကို ခေါ်သွားမယ်"

အားသို့က ငါး ၂ ကောင်ဖမ်းလာပြီး ပြောလိုက်သည်။

"ဒါဆို ငါက ကျင့်ရှင်းကိုခေါ်သွားမယ်"

စတုတ္ထမင်းသားက လက်ကိုအမြန်မြှောက်လိုက်၏။

"ငါရောပဲ၊ ငါ့မယ်တော်ကို ခေါ်သွားမယ်"

"ဒါနဲ့ ဆရာကြီးဖုကရော၊ ဦးလေးချင်းကရော၊ ရှီထုံနဲ့ ကျန်းဟယ်ကရော ဘယ်လိုလုပ်မလဲ၊ လူတွေ ဒီလောက်အများကြီးဆိုတော့ ငါတို့က လက်ဆောင်တွေ အများကြီးပေးရတော့မှာ မဟုတ်ဘူးလား"

သက်တော်စောင့် ၂ယောက်မှာလည်း အားကျမခံဘဲ မင်းသမီးလေးကို ကာကွယ်ပေးရန်ဟူသော အကြောင်းပြချက်ဖြင့် အတူလိုက်ပါသွားရန် အလျင်အမြန် ကမ်းလှမ်းလိုက်ကြတော့သည်။

ရှောင်ကျိုးက သူမ၏မင်းသမီးစံအိမ်တော်တွင် လူဘယ်နှယောက်ရှိသည်ကို တွက်ကြည့်လိုက်ပြီး လက်ဆောင်မည်မျှပေးရမည်ကိုတွေးကာ ချက်ချင်းပင် စိုးရိမ်သွားတော့၏။

ကပ်စေးနှဲလေးရှောင်ကျိုးမှာ ရုတ်တရက် အကြံကောင်းတစ်ခုရသွားတော့သည်။

"ငါ့မှာ အကြံကောင်းတစ်ခုရှိတယ်"

ကလေးများက ရွာသူကြီးလေးပြောလာမည့်စကားကို စောင့်မျှော်ကာ သူမကို ချက်ချင်း ဝိုင်းကြည့်လိုက်ကြ၏။

၅ နှစ်တိတိ ရွာသူကြီးလေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ရာ ရှောင်ကျိုးက မင်္ဂလာဧည့်ခံပွဲများ ကျင်းပခြင်းနှင့် ပတ်သက်၍ အနည်းငယ် နားလည်ထားသည်။ သူမ၏ပါးနပ်သောဉာဏ်ကို အသုံးပြုကာ အခြေအနေကို သုံးသပ်လိုက်၏။

"ရွာမှာ မင်္ဂလာဆောင်ရင် အကူအညီတွေ အများကြီးလိုပြီး ပြင်ဆင်ဖို့ရက်အတော်ကြာ အချိန်ယူရတာကို ငါမှတ်မိတယ်၊ ပုံမှန်အားဖြင့် အိမ်ရှင်တွေက ကူညီပေးတဲ့သူတွေကို လက်ဆောင်မတောင်းဘဲ ထမင်းကျွေးလေ့ရှိကြတယ်လေ၊ တွေ့လား ကုဇီရှင်းရဲ့ အဘိုး မင်္ဂလာဆောင်က မနေ့ကမှ ကြေညာတာ၊ ပြီးတော့ ဧည့်ခံပွဲက မနက်ဖြန်ဆိုတော့ အချိန်ကတော်တော်လေး ကပ်နေတာ သေချာတယ်၊ အိမ်နီးချင်းတွေဆိုတော့ ငါတို့သွားကူညီလို့ရမယ်ထင်တယ်၊ အဲ့ဒါဆိုရင် ငါတို့က လက်ဆောင်ပေးစရာမလိုဘဲ လုပ်အားပေးလို့ရသလို ငါတို့မိသားစုဝင်တွေလည်း ဧည့်ခံပွဲကို ပျော်ပျော်ပါးပါး စားလို့ရတာပေါ့"

ကျောက်ဟူက ချက်ချင်းပင် ချီးကျူးလိုက်သည်။

"ရွာသူကြီးလေးက သဘောကောင်းလိုက်တာ၊ ကျွန်တော်တို့သာ သွားကူပေးရင် ကုဇီရှင်းရဲ့အဘိုးက အရမ်းကို ဝမ်းသာပီတိဖြစ်သွားမှာပဲ"

အားသို့က မေးလိုက်၏။

"ဘယ်လို အကူအညီမျိုးလိုမှာလဲ"

ရှန်ကျစ်ယွမ် အကြံပြုလိုက်သည်။

"ကုဇီရှင်းရဲ့အဘိုးနဲ့ အဘွားက ဆက်ဆံရေး အရမ်းကောင်းမယ်လို့ထင်တယ်၊ အထူးသဖြင့် သူ့အဘွားအတွက် အထူးမင်္ဂလာပွဲလေးလုပ်ပေးတာဆိုတော့လေ၊ ငါတို့က သူ့အဘွားအတွက် အံ့ဩစရာလေးတစ်ခု ကူပြင်ပေးပြီး မင်္ဂလာပွဲကို စည်ကားသိုက်မြိုက်အောင်လုပ်ပေးလို့ရတယ်၊ သူ အရမ်းပျော်သွားမယ်လို့ ငါတော့ထင်တယ်"

"အံ့ဩစရာလေး ဟုတ်လား၊ စည်ကားသိုက်မြိုက်တဲ့ အခမ်းအနားလား"

ရှောင်ကျိုးက သူမ၏ပါးနပ်သော ဉာဏ်လေးကို ချက်ချင်းပင် အလုပ်ပေးလိုက်တော့၏။

"ငါသိပြီ"

ရှောင်ကျိုးက အိမ်တော်ထိန်းကို အပြေးအလွှားသွားရှာကာ မောင်းများနှင့် ဗုံများကိုတောင်းယူလိုက်သည်။ သူမကိုယ်ပိုင်နှဲနှင့် တွဲဖက်လိုက်သောအခါ ပြီးပြည့်စုံသောတီးဝိုင်းတစ်ခု ဖြစ်လာတော့၏။

သူတို့တွင် အံ့ဩစရာလျှို့ဝှက်အစီအစဉ်တစ်ခုရှိနေပြီဖြစ်သော်ငြား စည်ကားသိုက်မြိုက်မှု အနည်းငယ်တော့လိုနေသေးသည်။

‘ဘာကများ စည်ကားစေမှာလဲ၊ သေချာပေါက် ခြင်္သေ့အကပေါ့’

နှစ်သစ်ကူးအချိန်များတွင် ထိုအကအားကြည့်ရသည်ကို သူမအလွန်နှစ်သက်ခဲ့သည်။

ရှောင်ကျိုးက ဦးလေးတာ့လန်ကို ချက်ချင်းသွားရှာပြီး သူမလိုချင်သည့်အရာကို ရှင်းပြလိုက်၏။ ရွာသူကြီးလေးနောက်သို့ အချိန်အတော်ကြာ လိုက်လာခဲ့ရသဖြင့် ကျောက်တာ့လန်မှာ မိမိကိုယ်ကို လက်သမားတစ်ယောက်ဖြစ်လာစေရန် အတင်းအကျပ် လေ့ကျင့်ယူခဲ့ရသည်။ အစီအစဉ်ကို နားလည်သွားပြီးနောက် သူက စံအိမ်တော်ရှိ အစေခံများကို ကူညီရန် အလျင်အမြန် စီစဉ်လိုက်ပြီး ရွာသူကြီးလေး လိုချင်သည့်အရာများကို ညတွင်းချင်း ပြုလုပ်ပေးကြတော့သည်။

နောက်တစ်နေ့တွင် ရှောင်ကျိုးနှင့် အခြားသူများနိုးလာပြီး ခြံဝင်းထဲရှိ အရာများကိုမြင်လိုက်ရသောအခါ အားလုံးမှာ မှင်သက်သွားကြတော့၏။ မြန်ဆန်ထိရောက်မှုအတွက် ရှောင်ကျိုးက ဦးလေးတာ့လန်ကို လက်မထောင်ပြလိုက်သည်။

သို့သော် ရှောင်ကျိုးက ခြင်္သေ့များကို အနီးကပ်သွားကြည့်လိုက်သောအခါ ဆွံ့အသွားရတော့သည်။ ဤခြင်္သေ့များမှာ ထူးထူးဆန်းဆန်းပုံပေါက်နေပြီး မည်သည့်အကောင်ကမှ ခြင်္သေ့နှင့်တူမနေကြချေ။

ရှောင်ကျိုး : "..."

ထိုညတွင် ဘေးအိမ်ရှိ ကုမိသားစု၌ မင်္ဂလာဧည့်ခံပွဲရှိနေသဖြင့် ရှောင်ကျိုးက အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့။ သူမက အရပ်ရှည်ပြီး သန်မာသော သက်တော်စောင့် ၂ ယောက်ကို အကြီးဆုံးခြင်္သေ့ ၂ ကောင်အားကခိုင်းလိုက်ပြီး အရှေ့မှ ခြင်္သေ့အသေးလေးကိုမူ ဗလကြီးကြီးကလေး ၂ ယောက်ဖြစ်သည့် ကျောက်ဟူနှင့် ထျဲနျိုတို့ကို ကိုင်တွယ်ခိုင်းလိုက်၏။

စူးစမ်းလိုစိတ် အလွန်ပြင်းပြနေသော ကျင့်ရှင်းကလည်း ပါဝင်ချင်ကြောင်း ချက်ချင်းပြောလာသဖြင့် အိမ်တော်ထိန်းနှင့် ကျင့်ရှင်းမှ တစ်ကောင်ကိုယူကကြပြီး ကျန်ရှိနေသည့် အကောင်များကိုမူ အစေခံများထံသို့ ပေးလိုက်တော့သည်။

မောင်းများနှင့် ဗုံများကိုမူ ကလေးတစ်ယောက်စီမှတစ်ခုစီ ကိုင်ထားကြပြီး အငယ်ဆုံး ၂ယောက်ဖြစ်သည့် ရှီထုံနှင့် ကျန်းဟယ်တို့ပင် တစ်ခုစီရခဲ့ကြ၏။ သို့သော် အမှန်တကယ်တော့ ထိုအရာများမှာ ရှောင်ကျိုး စနစ်ဆိုင်တွင် သွားရောက်လဲလှယ်လာခဲ့သော ကလေးကစားစရာ အသံမြည်သည့် အရုပ်များသာဖြစ်သည်။

ရှောင်ကျိုးက သူမ၏နှဲကိုထုတ်ကာ လေ့ကျင့်မှုများကို စတင်ဦးဆောင်လိုက်ပြီး သခင်မကြီးကုအား စပရိုက်ကြီးတစ်ခုပေးကာ မင်္ဂလာပွဲကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်သည့် အခမ်းအနားတစ်ခုဖြစ်လာစေရန် သန္နိဋ္ဌာန်ချထားလိုက်တော့သည်။

All Chapters