← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

151

အခြေအနေကိုမသိသေးသော မင်းဆရာကြီးနှင့် ကျောင်းထိုင်ဘုန်းကြီးတို့မှာ သူတို့ကို ဒဏ်ရာရစေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့်ပစ္စည်းကို သိုလှောင်ရုံထဲတွင် အာရုံစိုက်ကာ ရှာဖွေနေကြတော့သည်။

အထူးသဖြင့် ဒဏ်ရာပြင်းလွန်းလှသဖြင့် ထုတ်မပြောရဲသော မင်းဆရာကြီးမှာ ထိုအရာကို ဆုံးရှုံးပြီးကတည်းက သူ့အသံမှာ ပိုစူးလာသည်ဟု ခံစားနေရပြီး သူ့လက်သန်းလေးမှာလည်း ရံဖန်ရံခါတွင် ထိန်းချုပ်မရဘဲ ကွေးကွေးသွားတတ်သည်။

အမွှေးတိုင်ကုန်သွားသည်နှင့်အမျှ ပစ္စည်းရှာနေကြသော ထိုလူနှစ်ယောက်မှာ ပိုပူအိုက်လာသည်ဟု ခံစားလာရပြီး အထူးသဖြင့် ဘုန်းကြီးက မင်းဆရာကြီးကို ထိုအရာမပါဘဲထူးထူးခြားခြားချောနေသည်ဟု ထင်လာတော့၏။ မင်းဆရာကြီးကလည်း အပြန်အလှန်အနေဖြင့် ဘုန်းကြီးကိုထူးထူးခြားခြား အရပ်ရှည်ကာ ခံ့ညားနေသည်ဟု ထင်လာသည်။ ထို့ကြောင့် လူရှင်းနေသော သိုလှောင်ရုံထဲတွင် ထိုလူနှစ်ယောက်မှာ ရင်းနှီးစွာဖြင့် ရုပ်ပိုင်းဆိုင်ရာ အပြန်အလှန် ဖလှယ်မှုများ ပြုလုပ်ကြတော့၏။

အပြေးအလွှားရောက်လာသော ရှောင်ကျိုးက တံခါးဝအတွင်းတွင် ထိုနှစ်ယောက် တိုက်ခိုက်နေကြသည်ကိုမြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားတော့သည်။

သူမခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေ၏။

'သူခိုးတွေက ပစ္စည်းခိုးတာလို့ပြောကြတယ် မဟုတ်ဘူးလား'

'ဒါပေမဲ့ ဒီနှစ်ယောက်က ဘာလို့ရန်ဖြစ်နေကြတာလဲ'

'ရတဲ့ပစ္စည်းကို ခွဲတာမမျှလို့များလား'

'ဒါမှမဟုတ် ငါကပဲ စွမ်းချိုက်ကို အထင်လွဲမိတာလား'

ရန်ဖြစ်ဖူးသော အတွေ့အကြုံရှိသဖြင့် ရှောင်ကျိုးက သိုင်းပြိုင်နေချိန်တွင် အခြားသူများကို အနှောင့်အယှက်မပေးသင့်ကြောင်းကို သိထားသည်။ ထို့ကြောင့် ရှောင်ကျိုးက သိုလှောင်ရုံထဲမှ တိတ်တဆိတ်ထွက်လာခဲ့ပြီး တံခါးကို ကြင်နာစွာဖြင့်ပိတ်ပေးခဲ့ကာ ထိုနှစ်ယောက် တိုက်ခိုက်လို့ပြီး၍ အနိုင်အရှုံးပေါ်မှ မည်သို့ဖြစ်သည်ကို မေးရန် ရည်ရွယ်ထားလိုက်၏။

ကျောက်ဟူနှင့် သူ့အပေါင်းအပါများ ရောက်လာသောအခါ ရွာသူကြီးလေး တံခါးဝတွင် ထိုင်နေသည်ကိုမြင်လိုက်ရသဖြင့် စူးစမ်းလိုစိတ်ဖြင့်မေးလိုက်ကြသည်။

"ရွာသူကြီးလေး ရွာသူကြီးလေး၊ သူခိုးတွေက ဘယ်မှာလဲ"

ရှောင်ကျိုး ခေါင်းခါပြလိုက်၏။

"စွမ်းချိုက် မှားမြင်တာနေမယ်၊ ဒါပေမဲ့ သိုလှောင်ရုံထဲမှာ လူနှစ်ယောက်ရန်ဖြစ်နေကြတယ်၊ သူတို့ထဲက ဘယ်သူကပိုတော်လဲဆိုတာ ဆုံးဖြတ်ပြီးမှ ဘာဖြစ်တာလဲဆိုတာ သွားမေးကြည့်ကြတာပေါ့"

ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်ဟူနှင့် သူ့အပေါင်းအပါများက တစ်စုံတစ်ယောက်က သိုင်းပြိုင်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။

မည်သူက အနိုင်ရမည်ကို သိချင်နေကြသော ကလေးများက တံခါးဝတွင် အလျင်အမြန် ထိုင်လိုက်ကြပြီး တိုက်ခိုက်နေသော ထိုနှစ်ယောက်ကို ယဉ်ကျေးစွာဖြင့် အနှောင့်အယှက်မပေးဘဲ တန်းစီထိုင်ကာ တိတ်တဆိတ် စောင့်နေကြ၏။

ကြင်ယာတော်ရှုရောက်လာသောအခါ သိုလှောင်ရုံတံခါးဝတွင် ကလေးတစ်တန်းကြီးထိုင်နေသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် စိတ်ပျက်သွားတော့သည်။

‘သူခိုးတစ်ယောက်မှ မရှိပါလား၊ သူမခမျာ အားကုန်လုနီးပါး ပြေးလာခဲ့ရတာလေ’

ကြင်ယာတော်ရှု မည်သို့ဖြစ်ပျက်နေသည်ကိုမေးရန် ပြင်လိုက်စဉ်မှာပင် သိုလှောင်ရုံထဲမှ ထွက်ပေါ်လာသော ဆူညံသံက သူမအာရုံကို ချက်ချင်းပင် ဖမ်းစားသွားတော့၏။ သူမ အလျင်အမြန်ပင် တိတ်တဆိတ် ချောင်းကြည့်လိုက်ရာ သူမမြင်လိုက်ရသောအရာက ကမ္ဘာကြီးကို လုံးဝ ဖျက်ဆီးပစ်လိုက်တော့သည်။

ဘုရားရေ။ သူမက ယောက်ျားနှစ်ယောက်ကို ယခုလိုမျိုး အရင်က တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ကြင်ယာတော်ရှု အလျင်အမြန်ပင် ခေါင်းပြန်ရုတ်လိုက်ပြီး သားဖြစ်သူ၏နားနှစ်ဖက်ကိုအုပ်ကာ ရှောင်ကျိုးတို့နှင့်အတူ ဝင်ထိုင်လိုက်တော့၏။

ဧကရာဇ်နှင့် သူ့အခြွေအရံများ ရောက်လာသောအခါ ထိတ်လန့်နေသော ကြင်ယာတော်ရှုနှင့် ကလေးအနည်းငယ်တို့ တန်းစီထိုင်နေကြသည်ကို မြင်လိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ"

ဧကရာဇ် ဇဝေဇဝါဖြင့်မေးလိုက်ပြီး မည်သို့ဖြစ်ပျက်နေသည်ကို သွားကြည့်ရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်၏။

မိန်းမစိုးဟွမ် သိုလှောင်ရုံတံခါးကို အလျင်အမြန်ဖွင့်ကာ ကြည့်လိုက်သည်။

ဘုရားရေ။ ထိုတစ်ချက်ကြည့်လိုက်ခြင်းက မိန်းမစိုးဟွမ်၏နားလည်ထားမှုများကို လုံးဝပြောင်းပြန်ဖြစ်သွားစေခဲ့၏။ ဤမျှလောက်အထိ တစ်ခါမှအံ့သြတုန်လှုပ်ခြင်းမဖြစ်ဖူးသော မိန်းမစိုးဟွမ်ခမျာ အလွန်တရာထိတ်လန့်သွားကာ သိုလှောင်ရုံတံခါးကို ချက်ချင်းပြန်ပိတ်လိုက်ပြီး မှင်သက်စွာဖြင့် ကလေးတစ်သိုက်နှင့်အတူ ဝင်ထိုင်လိုက်တော့သည်။

ဤသည်မှာ ဧကရာဇ်ကိုသာမက ရောက်နေသော ဧည့်သည်အားလုံးကိုပါ အံ့အားသင့်သွားစေ၏။

ဧကရာဇ်၏တုံ့ပြန်မှုကို ဂရုမစိုက်နိုင်တော့ဘဲ ဧည့်သည်များက ရှေ့သို့ပြေးထွက်သွားကြပြီး သိုလှောင်ရုံတံခါးကိုဖွင့်ကာ ချောင်းကြည့်လိုက်ကြသည်။ မြင်လိုက်ရသူတိုင်း မှင်သက်သွားကြတော့၏။ အကယ်၍ တံခါးဝတွင်သာ လူပြည့်မနေပါက သူတို့လည်း ထိုအချိန်တွင် ကလေးအုပ်စုနှင့် သွားရောက်ပူးပေါင်းနေကြလောက်ပြီ ဖြစ်သည်။

ရှောင်ကျိုး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"အထဲက လူနှစ်ယောက်မှာ ဘယ်သူနိုင်မယ်လို့ ထင်လဲ"

အမျိုးမျိုးသော မြင်ကွင်းများကိုမြင်တွေ့ဖူးသော်ငြား ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူးသော ဧကရာဇ်ခမျာ သမီးဖြစ်သူစကားကို ကြားလိုက်ရချိန်တွင် မှင်သက်နေခြင်းမှ ချက်ချင်းသတိဝင်လာတော့သည်။ သူက သမီးဖြစ်သူကို အမြန်ပွေ့ချီကာ ဆွဲခေါ်သွားပြီး အမိန့်တစ်ခုချန်ထားခဲ့၏။

"အထဲက လူတိုင်းကို ကွပ်မျက်လိုက်စမ်း"

မင်းသမီးစံအိမ်တော်မှ အစေခံများက အလွန်တရာမှ ရဲတင်းလွန်းပြီး မင်းသမီးစံအိမ်တော်တွင် ဤမျှလောက်အရှက်မဲ့သောကိစ္စများကို လုပ်ရဲကြသည်။ သူ့သမီးလေးမှာ အသက် ၅ နှစ်သာရှိသေးသည်။ ထိုနှစ်ယောက်က ရိုးရိုးရှင်းရှင်းကို သေလမ်းရှာနေကြခြင်းပင်။

လေထဲသို့ပွေ့ချီခံလိုက်ရသော ကလေးမလေးက ချက်ချင်းကန့်ကွက်လိုက်သည်။

"လူအိုကြီး သမီးကို အောက်ချပေး၊ ဘယ်သူနိုင်လဲဆိုတာ သမီးမကြည့်ရသေးဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ ဧကရာဇ် ပို၍မြန်မြန်လျှောက်သွားကာ ပြေးလုနီးပါးပင် ဖြစ်နေတော့၏။

သူမ၏မွေးရာပါ ခွန်အားကြီးမှုဖြင့် ရှောင်ကျိုးက အသုံးမကျသောဖခင်အိုကြီး၏ဆုပ်ကိုင်ထားမှုမှ အလွယ်တကူ ရုန်းထွက်လိုက်ပြီး သိုလှောင်ရုံတံခါးဘက်သို့ ပြေးသွားတော့သည်။

ထိုအချိန်တွင် သိုလှောင်ရုံတံခါးဝရှိ ဧည့်သည်များမှာ အဘွားရွှီ၏အော်သံ အကျယ်ကြီးကြောင့် ချက်ချင်းသတိပြန်ဝင်လာကြပြီး လူတိုင်းက ပွဲကို စောင့်ကြည့်ချင်သောစိတ်များ အပြည့်ရှိနေကြသဖြင့် သိုလှောင်ရုံတံခါးဝမှာ စည်ကားလာတော့၏။

သူခိုးဟုကြားလိုက်ရသောအခါ အဘွားရွှီ အော်ဟစ်ကာ သိုလှောင်ရုံထဲသို့ ပြေးဝင်သွားတော့သည်။

သိုလှောင်ရုံထဲတွင် လူနှစ်ယောက် ဘာလုပ်နေကြသည်ကို အဘွားရွှီမြင်လိုက်ရသောအခါ ချက်ချင်းပင်ကျိန်ဆဲတော့၏။

"ဘယ်ခွေးသူတောင်းစားတွေကများ မင်းသမီးစံအိမ်တော်ကို လာပြီး ပြဿနာလာရှာရဲတာလဲ၊ အရှက်မရှိတဲ့ လူယုတ်မာတွေ၊ ဒီသိုလှောင်ရုံက ငါ့ရွာသူကြီးလေးရဲ့ ရတနာသိုက်ကြီးဟဲ့၊ နင်တို့တွေက ဘယ်လိုလုပ်ပြီး ဒီလို ဖျက်ဆီးခွင့်ရှိမှာလဲ၊ အခု ချက်ချင်း ထွက်သွားကြစမ်း"

အဘွားရွှီ ဆဲဆိုနေရင်းနှင့်ပင် တစ်နေရာရာမှ ဝါးလုံးတစ်ချောင်းကိုရှာတွေ့သွားပြီး အရှက်မရှိသောထိုလူနှစ်ယောက်ကို သိုလှောင်ရုံထဲမှ အပြင်သို့ တွန်းထုတ်ရန် ၎င်းကိုအသုံးပြုလိုက်တော့သည်။

မြေပြင်ပေါ်တွင် အဘိုးကြီးတစ်ယောက်နှင့် သက်လတ်ပိုင်းအရွယ် ဘုန်းကြီးတစ်ပါးရှိနေသည်ကို သေချာမြင်လိုက်ရသောအခါ ထိုဘုန်းကြီးမှာ အဘွားရွှီ ဟုန်ဖူဘုန်းကြီးကျောင်းတွင် အရင်က မြင်ဖူးခဲ့သူဖြစ်ပြီး အဘိုးကြီးမှာလည်း မကြာသေးမီက သူမမြင်တွေ့ခဲ့ရသူဖြစ်ကြောင်း သိလိုက်ရ၏။

အဘွားရွှီမှာ ပိုလို့တောင်ဒေါသထွက်သွားတော့သည်။ သူမ တုတ်တစ်ချောင်းကို ကောက်ကိုင်ကာ မြေပြင်ပေါ်ရှိ ထိုလူနှစ်ယောက်ကိုရိုက်ရင်း ကျိန်ဆဲလိုက်၏။

"လောကကြီးကတော့ ပျက်စီးနေပါပြီတော်၊ လောကကြီးကတော့ ပျက်စီးနေပါပြီ၊ နင်တို့မှာ ဒီလိုဝါသနာမျိုးရှိရင် ဘာလို့များ ဘုန်းကြီးဝတ်နေရသေးတာလဲ၊ ဘာလို့များ မင်းဆရာကြီး သွားလုပ်နေရသေးတာလဲ၊ ပြီးတော့ နင်တို့ကို လူတွေက လေးစားကြသေးတယ်ပေါ့လေ၊ နင်တို့ကို ကြည်ညိုတဲ့မျက်ကန်းတွေက ဘယ်သူတွေမှန်းကို မသိဘူး၊ နင်တို့က ဘာလို့များ ငါ့ရွာသူကြီးလေးရဲ့ သိုလှောင်ရုံထဲလာပြီး စိတ်လှုပ်ရှားစရာ လာရှာရတာလဲ၊ တကယ့်ကို နိမိတ်မကောင်းတာပါပဲတော်"

ဆဲဆိုပြီးနောက် အဘွားရွှီက မင်းသမီးစံအိမ်တော်မှလူများကို သိုလှောင်ရုံအားရှင်းရန်နှင့် ကံဆိုးမှုများကို ဖယ်ရှားဖို့ တမာရည်အနည်းငယ်ဖျန်းရန် ချက်ချင်းအမိန့်ပေးလိုက်တော့သည်။

မင်းဆရာကြီးအိမ်တော်မှ မျက်ကန်းနောက်လိုက်များမှာ ချက်ချင်းပင် နောက်သို့ တစ်လှမ်းဆုတ်သွားကြပြီး အဘွားရွှီ၏ခွာထုတ်ခြင်းကို ခံရကာ ငါးသေများကဲ့သို့ မြေပြင်ပေါ်တွင် သတိလစ်သည်အထိ အရိုက်ခံထားရသော ထိုလူနှစ်ယောက်ကိုကြည့်လိုက်ကြ၏။ အဆင့်အတန်းမြင့်မားပြီး ခံ့ညားလှသော မင်းဆရာကြီးတွင် တကယ့်လက်တွေ့၌ ဤကဲ့သို့သော ဝါသနာမျိုးရှိနေကြောင်းကို သိလိုက်ရသဖြင့် သူတို့ မျက်နှာများကိုအုပ်လိုက်ကြတော့သည်။

‘နေပါဦး’

‘သူတို့ ဘာတွေမြင်လိုက်ရတာလဲ’

‘မင်းဆရာကြီးက တကယ်တော့ မိန်းမစိုးတစ်ယောက်တဲ့လား’

သမီးဖြစ်သူနှင့်အတူ ရောက်လာခဲ့သော ဧကရာဇ်ကလည်း သူ့ပစ္စည်းတစ်ခု ပျောက်ဆုံးနေသော မင်းဆရာကြီး မြေပြင်ပေါ်တွင် ပက်လက်လန်နေသည်ကို မြင်လိုက်ရ၏။ သူ့မျက်လုံးများက သူ့ဘေးရှိ မိန်းမစိုးဟွမ်ကိုကြည့်ကာ အရောင်လက်သွားပြီး သူ့မိန်းမစိုးအကြီးအကဲနှင့် ဝေးဝေးနေရန် တိတ်တဆိတ်ပင် နောက်သို့တစ်လှမ်း ဆုတ်လိုက်တော့သည်။

လူတိုင်း၏စိုက်ကြည့်မှုအောက်တွင် မိန်းမစိုးဟွမ် လက်များကို အသည်းအသန် ဝှေ့ယမ်းပြလိုက်၏။

‘ဘာသဘောလဲ၊ သူ့ကိုကြည့်နေကြတာက ဘာသဘောလဲ’

သူ့ခမျာ မိန်းမစိုးတစ်ယောက်ဖြစ်သော်လည်း သူ့တွင် ဤကဲ့သို့သော ဝါသနာမျိုးမရှိပေ။ သူကိုယ်တိုင်ကလည်း အလွန်သန့်ရှင်းစင်ကြယ်သူ ဖြစ်၏။

‘ပြီးတော့ ဧကရာဇ်က နောက်ကိုတစ်လှမ်းဆုတ်သွားတာ တကယ်ကြီးလား’

ဧကရာဇ်က သမီးဖြစ်သူမျက်လုံးများကို အလျင်အမြန် အုပ်လိုက်ပြီး ချက်ချင်းပင် ဆူပူလိုက်၏။

"မင်းတို့တွေအားလုံး အဲ့ဒီမှာ ဘာရပ်လုပ်နေကြတာလဲ၊ သူတို့ကိုခေါ်သွားပြီး နေရာမှာတင် ကွပ်မျက်လိုက်စမ်း"

သူ့ဂုဏ်သိက္ခာ ထိခိုက်ရမှုကြောင့် ဒေါသထွက်နေသော မိန်းမစိုးဟွမ်က မင်းဆရာကြီး၏ဝတ်ရုံကို ဝတ်ထားသော်ငြား တကယ်တမ်းတွင် မိန်းမစိုးတစ်ယောက်သာဖြစ်သည့် ဤလူနှင့် သူက တစ်မျိုးတည်းမဟုတ်ကြောင်းကို သက်သေပြရန် စိတ်ပိုင်းဖြတ်ထားသဖြင့် ချက်ချင်းပင် ရှေ့သို့ပြေးထွက်သွားပြီး မျက်စိနောက်စရာကောင်းလှသော မြေပြင်ပေါ်ရှိ ထိုလူနှစ်ယောက်ကို ဆွဲထုတ်ကာ ခေါင်းဖြတ်သတ်ရန် သူ့အစောင့်များကို အမိန့်ပေးလိုက်တော့သည်။ သူ့လုပ်ဆောင်ချက်များက အလွန်တရာမှ မြန်ဆန်လွန်းလှ၏။

ဧကရာဇ်က ထိုလူနှစ်ယောက်ကို ကွပ်မျက်ရန် တရားဝင်နည်းလမ်းကိုရှာနေစဉ်မှာပင် သူတို့က မမျှော်လင့်ဘဲ သူ့လက်ထဲသို့ အလိုအလျောက် ရောက်လာခဲ့ကြသည်။

မင်းဆရာကြီးအား ချက်ချင်းကွပ်မျက်ရန်ခေါ်သွားသည်ကို မြင်လိုက်ရသောအခါ အချို့သောအရာရှိများမှာ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ ချက်ချင်းပင် ရှေ့ထွက်လာကာ တောင်းပန်လိုက်ကြ၏။

"အရှင်၊ ဒီမှာ နားလည်မှုလွဲတာတစ်ခုခု ရှိနေတာလား"

ဧကရာဇ် စကားပင်မပြောရသေးခင် အဘွားရွှီက သူမဝါးရင်းတုတ်ကို မြေကြီးပေါ်သို့ အားပါပါဆောင့်ချလိုက်ပြီး စကားပြောလာသော ထိုအရာရှိကိုမေးလိုက်သည်။

"ဘာလဲ နင်က သူ့ချစ်သူလား"

စကားပြောလာသော ထိုအရာရှိမှာ ဒေါသထွက်သွားတော့၏။

"ခင်ဗျားကများ ဒီလိုပြောရဲတယ်ပေါ့လေ၊ အဘွားကြီး မဟုတ်ကဟုတ်ကတွေ လာမစွပ်စွဲနဲ့နော်"

အဘွားရွှီ ချက်ချင်းပင်မကျေမနပ် ဖြစ်သွားတော့သည်။ သူမက ထိုလူကို ယဉ်ယဉ်ကျေးကျေးစကားပြောနေခဲ့သော်ငြား သူက သူမစေတနာကို နားမလည်ခဲ့ပေ။ အဘွားရွှီ ဝါးရင်းတုတ်ကို လွှင့်ပစ်ကာ ခါးထောက်ပြီးမေးလိုက်၏။

"နင့်ကို အပြစ်တင်တယ်ဆိုတာ ဘာသဘောလဲ၊ ဒီနှစ်ယောက်က မင်းသမီးစံအိမ်တော်မှာ အရှင့်ကိုစော်ကားခဲ့တယ်၊ ငါ့ရွာသူကြီးလေးကို စော်ကားခဲ့တယ်၊ ပြီးတော့ သခင်မတွေအားလုံးကိုလည်း စော်ကားခဲ့တယ်၊ အဲ့ဒါကို နင်က နားလည်မှုလွဲတာလို့ ဘယ်လိုလုပ်ပြီး ရိုးရိုးလေး ပြောနိုင်ရတာလဲ"

အစော်ကားခံလိုက်ရသော ကြင်ယာတော်ရှု ခေါင်းကို အားပါပါညိတ်ပြလိုက်သည်။ သူမခမျာ အလွန်အမင်း ထိတ်လန့်နေခဲ့၏၊ နောက်ရက်အနည်းငယ်တွင် သူမ ညတိုင်းအိပ်မက်ဆိုးများမက်နေတော့မည်မှာ အသေအချာပင်။

အဘွားရွှီ ဆက်ပြောလိုက်၏။

"သူက မိန်းမစိုးတစ်ယောက်ဖြစ်ပြီးတော့ နန်းတော်ထဲသွားပြီး သူ့အလုပ်ကို သူ သေချာမလုပ်ဘူး၊ အဲ့ဒီအစား လူတွေကို လိမ်လည်လှည့်ဖြားပြီး မင်းဆရာကြီးလုပ်ဖို့ မင်းဆရာကြီးအိမ်တော်ကို သွားခဲ့တယ်၊ သူက ဧကရာဇ်ကို လှည့်ဖြားတဲ့ရာဇဝတ်မှုကို ကျူးလွန်ထားတာ၊ ဒီနှစ်ယောက်က သေဒဏ်ထိုက်တဲ့ရာဇဝတ်မှုကို ကျူးလွန်ထားတာကို လူတိုင်းသိကြပြီး ဘယ်သူကမှ သူတို့အတွက် ဝင်မတောင်းပန်ကြဘူး နင်ကလွဲလို့ပေါ့၊ အဲ့ဒါကို နင်က သူနဲ့ ဘာပတ်သက်မှုမှမရှိဘူးလို့ ဘယ်လိုလုပ်ပြောရဲတာလဲ"

သက်ညှာပေးရန် ဝင်ရောက်တောင်းပန်လိုသော အခြားအရာရှိများမှာ သူတို့ခြေလှမ်းများကို တိတ်တဆိတ်ပြန်ရုတ်သွားကြတော့သည်။

စစ်ဆေးရေးအရာရှိယန်က အရောင်လက်နေသော မျက်လုံးများဖြင့် အဘွားရွှီကိုကြည့်လိုက်၏။ သူမက စကားပြောကောင်းရုံသာမက အငြင်းပွားမှုများကလည်း အဆင့်ဆင့် တိုးတက်လာကာ ယုတ္တိရှိပြီး အထောက်အထားခိုင်လုံသည်။ ဤလူက သူ့စစ်ဆေးရေးရုံးတွင် အလုပ်မလုပ်ခြင်းမှာတော့ နှမြောစရာပင်။

'တကယ့်ကို အရည်အချင်းရှိတဲ့သူပဲ၊ ငါ့စစ်ဆေးရေးရုံးမှာသာ သူမလိုမျိုး လူတစ်ယောက်ရှိနေရင် နန်းတွင်းမှာ သူ့လူတွေကို ဘယ်သူကများဆန့်ကျင်ရဲမှာတဲ့လဲ’

အဆူခံလိုက်ရသော ထိုအရာရှိက အဘွားရွှီကို လက်ညှိုးထိုးကာ "ခင်ဗျား၊ ခင်ဗျား၊ ခင်ဗျား..." ဟုပင် ဆုံးအောင်မပြောနိုင်ခင် သူ့မျက်လုံးများ မျက်ဖြူလန်သွားပြီး သတိလစ်သွားတော့၏။

သူ့ဘေးတွင် နေကြာစေ့စားနေသော ကျင့်ရှင်း ခေါင်းခါပြလိုက်သည်။

'ဒီလူက တအား အားနည်းတာပဲ၊ ငါ့လို အဘွားရွှီရဲ့ဆူတာကို ရက်အနည်းငယ်ကြာတိုင်း တစ်ခါခံရတဲ့သူနဲ့ မတူဘူး၊ ငါ့ရဲ့စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကတော့ အမြင့်ဆုံးအဆင့်မှာပဲ၊ တစ်စက္ကန့်မှာ အဘွားရွှီရဲ့ဆူတာခံရရင်တောင် နောက်စက္ကန့်မှာ ပုံမှန်အတိုင်းစားနိုင်သောက်နိုင်တယ်’

All Chapters