← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

175

ဤစကားကို ကြားသောအခါ အဘွားရွှီက ခေါင်းဆောင်ကြီးတစ်ယောက် သူမကို မိန်းမရှာပေးရန် သွယ်ဝိုက်ပြီး ပြောနေသည်ဟု ထင်သွားကာ ထိုအမျိုးသားကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်၏။

သူမ ဆဲလိုက်သည်။

"နင်က ဒီလောက်ပျင်းတာကို မိန်းမလိုချင်နေသေးတယ်ပေါ့လေ၊ နင်က ဒီလောက် ဇီဇာကြောင်တာ နင့်မိန်းမကို နင့်ကျွန်လုပ်ခိုင်းမလို့လား အရှက်ကိုမရှိဘူး"

အဝေဖန်ခံနေရသော အပြစ်ကင်းသည့် ခေါင်းဆောင်ကြီးက ပြန်ချေပလိုက်၏။

"ကျွန်တော် မိန်းမယူမယ်လို့ ဘယ်တုန်းကပြောလို့လဲ"

သူက ဝန်ခံရန် ဖင်ပိတ်ငြင်းနေဆဲဖြစ်သည်ကို မြင်သောအခါ အဘွားရွှီက ထပ်ဆဲလိုက်သည်။

"ခုနလေးတင် အသက်ကြီးကြီးမိန်းမတွေကို မကြိုက်ဘူးလို့ပြောခဲ့တာ ဘယ်သူလဲ၊ နင် ဘယ်လိုအကြံဆိုးတွေ ကြံနေတယ်ဆိုတာကို အဘွားကြီးဖြစ်တဲ့ ငါက မသိဘူးလို့မထင်နဲ့၊ နင့်ရဲ့အဲ့ဒီငပျင်းရုပ်ကြီးနဲ့ ထောင်ယွမ်ရွာက ကောင်မလေးတွေကို ဒုက္ခပေးရဲပေးကြည့်၊ နင့်ကို အရိုးကျိုးအောင် ရိုက်ပစ်မယ်"

အထင်လွဲခံလိုက်ရသော ခေါင်းဆောင်ကြီးမှာ ချက်ချင်းပြန်ငြင်းချင်သွားတော့၏။

"ကျွန်တော်က ဘယ်သူပြောလို့ ….."

တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား ခေါင်းဆောင်ကြီးက စကားပြောခြင်းကို ချက်ချင်းရပ်လိုက်ပြီး တိတ်ဆိတ်သွားတော့သည်။

ဉာဏ်ကောင်းသည့်ပုံစံကို ရှားရှားပါးပါးသာပြလေ့ရှိသော ခေါင်းဆောင်ကြီးတစ်ယောက် ရုတ်တရက် အသက်ရှင်သန်လိုစိတ်များ နိုးကြားလာတော့၏။

အကယ်၍ သူက ဤအဘွားကြီး သူ့ကို သဘောကျနေသည်ဟု သံသယရှိကြောင်း ခုနကသာ ပြောလိုက်မိပါက ရွာသို့ပင်မရောက်သေးမီ လမ်းမှာတင် သူမက သူ့ကိုသတ်ပစ်လိမ့်မည်ဟု သူ ခံစားလိုက်ရသည်။

'ငါ ဉာဏ်ကောင်းလို့ တော်သေးတာပေါ့'

လူထွားကြီး စကားမပြောတော့သည်ကို အဘွားရွှီတွေ့လိုက်၏။ သူမ အေးစက်စက်ဖြင့်သာ နှာခေါင်းရှုံ့လိုက်သည်။

ပျင်းရိပြီး အသုံးမကျသော လူများကို ကိုင်တွယ်ရန် သူမ၌ နည်းလမ်းပေါင်းမြောက်မြားစွာ ရှိသည်။

အထူးသဖြင့် မိမိကိုယ်ကို ခေါင်းဆောင်ကြီးဟု သတ်မှတ်ထားသော ဤသူကို သူမအနေဖြင့် အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး သူမလမ်းညွှန်မှုအောက်တွင် ဤသူပျင်းနေနိုင်လိမ့်မည်ဆိုသည်ကိုမယုံကြောင်း အဘွားရွှီ ကြော်ငြာလိုက်၏။

သိပ်မကြာခင်မှာပင် ရှောင်ကျိုးနှင့် သူမအဖွဲ့က ရွာထိပ်သို့ရောက်လာကြတော့သည်။

ရှောင်ကျိုးက ရွာထိပ်ရှိ ဧရာမကျောက်တုံးကြီးပေါ်မှ ထောင်ယွမ်ရွာဟူသော စကားလုံးသုံးလုံးကို ကြည့်လိုက်၏။

သူမ တကယ်ပင် အံ့အားသင့်သွားရတော့သည်။

သူတို့ ရွာမှမြို့တော်သို့ ထွက်သွားစဉ်၌ ရွာထိပ်တွင် ထောင်ယွမ်ရွာဟူသော စကားလုံးသုံးလုံးကို ခပ်ရွဲ့ရွဲ့ရေးသားထားသည့် ကျောက်တုံးငယ်လေးတစ်တုံးသာရှိခဲ့ကြောင်း သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။

အချိန်တိုလေးအတွင်းမှာပင် ကျောက်တုံးကြီးက အဆင့်မြှင့်တင်ခံလိုက်ရပြီပင်။

အသေးစား ဗားရှင်းမှနေ၍ အလွန်ကြီးသော ဗားရှင်းကြီးအဖြစ်သို့ တိုက်ရိုက်အဆင့်မြှင့်တင်ခံလိုက်ရခြင်းပင်။

ထိုကျောက်တုံးကြီး ဘယ်ကနေ ရောက်လာပြီး ဒီကို ဘယ်လိုများ သယ်လာခဲ့သလဲဆိုသည်ကို ရှောင်ကျိုးတစ်ယောက် တကယ်ပင်စပ်စုချင်စိတ် ပေါ်လာတော့၏။

'ရွာထဲမှာ နဂါးလို ခွန်အားကြီးတဲ့သူ တစ်ယောက်ယောက်များ ပုန်းနေတာလား'

ရှောင်ကျိုးနှင့် သူမအဖွဲ့က ထိုကျောက်တုံးကြီးကို စစ်ဆေးကြည့်ရန် ရွာထိပ်တွင် ရပ်လိုက်ကြသည်။

ရွာထိပ်တွင် ရပ်နေသော အဘိုးကျန်းက အဝေးသို့ အချိန်အတော်ကြာ လှမ်းကြည့်နေခဲ့၏။

နောက်ဆုံးတွင်တော့ သူ မှတ်မိသွားတော့သည်။ ထိုလူသေးသေးလေးက သူတို့ရွာသူကြီးလေးပင်။

အဘိုးကျန်းမှာ အလွန်တရာစိတ်လှုပ်ရှားသွားပြီး ရွာထိပ်ရှိ သစ်ပင်တွင် ချိတ်ထားသော မောင်းကို ချက်ချင်း စတင်တီးခတ်ရင်း အော်ပြောလိုက်တော့၏။

"ရွာသူကြီးလေး ပြန်လာပြီ၊ ရွာသူကြီးလေး ပြန်လာပြီ၊ ထွက်ပြီး ကြိုဆိုကြပါဦး"

မောင်းသံကြောင့် ရှောင်ကျိုးတစ်ယောက် လန့်သွားတော့သည်။

အဘိုးကျန်း၏အသံကို ကြားပြီးနောက် သေသေချာချာ ထပ်နားထောင်ကြည့်လိုက်ရာ ဝါး လူများက သူမထံသို့ အရပ်လေးမျက်နှာမှ ပြေးဝင်လာနေသကဲ့သို့ သူမခံစားလိုက်ရ၏။

ရှောင်ကျိုးက သူမကိုယ်သူမ ငုံ့ကြည့်လိုက်သည်။ သူမကိုယ်ပေါ်တွင် ခရီးပန်းလာသဖြင့် ဖုန်များပေကျံနေပြီး သူမအဝတ်အစားများပေါ်တွင် မြက်ပင်အနည်းငယ်ပင် ကပ်နေသေးသည်။

မျက်နှာပန်းလှချင်သော ရှောင်ကျိုးက လူတိုင်းအရှေ့တွင် ဤကဲ့သို့နေခြင်းက ရွာသူကြီးလေးတစ်ဦးအဖြစ် ဩဇာကြီးလှသော သူမပုံရိပ်လေးကို ထိခိုက်စေလိမ့်မည်ဟု ခံစားလိုက်ရ၏။

ထို့ကြောင့် ရှောင်ကျိုးက ရထားလုံးဆီသို့ ခပ်သုတ်သုတ်ပြေးသွားပြီး သူမ၏အနီရောင်ဝတ်ရုံကြီးကို ပြန်ဝတ်ကာ ဧရာမနေကာမျက်မှန်ကြီးကို တပ်လိုက်တော့သည်။

အချိန်အတော်ကြာ ထွက်သွားပြီးနောက် ရွာသားများအားလုံးကို အထင်ကြီးသွားစေရန် သူမသန္နိဋ္ဌာန်ချထား၏။ သူမ ရှီရှောင်ကျိုးက အခုဆိုလျှင် လူကြီးလေးဖြစ်နေပြီပင်။

ထို့ပြင် ပိုပြီးတောင်မှ ခမ်းနားပြီး ဩဇာကြီးနေသေးသည်။

ရှောင်ကျိုး ရထားလုံးအမိုးပေါ်သို့ နောက်တစ်ကြိမ် ခုန်တက်လိုက်ပြီး မေးကိုပင့်ကာ မတ်မတ်ရပ်နေလိုက်၏။

ကလေးများမှာ သူတို့ရွာသူကြီးလေး ဝတ်စားထားပုံနှင့်ပတ်သက်၍ တကယ်ပင် စပ်စုချင်နေကြသည်။

ဤဝတ်စုံ၏အဓိပ္ပာယ်က ဘာလဲဆိုသည်ကို သူတို့ကြိုတင်၍ သိချင်နေခဲ့ကြ၏။

'လူအများကြီးရှိနေတဲ့ အချိန်တွေဆိုရင် ရွာသူကြီးလေးက ဘာလို့ အမြဲတမ်း ဒီလိုမျိုးဝတ်ရတာလဲ'

ရှန်းကျစ်ယွမ်က ရွာသူကြီးလေးကိုကြည့်ကာ မေးလိုက်သည်။

"ရွာသူကြီးလေး အဲ့ဒီမျက်မှန်ကြီး မတပ်ရင်ရော ဘယ်လိုလဲ၊ အဲ့ဒါက မှောင်လွန်းလို့ ကျွန်မတို့ ဘာမှမမြင်ရဘဲ ခလုတ်တိုက်ပြီး လဲကျသွားနိုင်တယ်"

ရှောင်ကျိုး ခေါင်းခါပြလိုက်၏။

"မရဘူး၊ ဒါကို တပ်ထားမှ ငါက မိမိုက်တဲ့ပုံပေါက်မှာလေ၊ မျိုးနွယ်စုခေါင်းဆောင် အဘိုးကျိုးသာ ငါ့ကို ဒီပုံစံနဲ့မြင်လိုက်ရင် ငါအပြင်ထွက်သွားပြီးနောက်မှာ ကြီးပြင်းလာပြီလို့ သေချာပေါက် ထင်သွားမှာ"

ရှန်းကျစ်ယွမ် : 'တကယ်ကြီးလား၊ ရွာသူကြီးလေး ဒီလိုဝတ်ထားတာကို သူတို့မြင်ရင် ရွာသူကြီးလေးက ပိုပြီး ကလေးဆန်သွားတယ်လို့ ထင်သွားကြမယ်လို့ ငါတော့ထင်တယ်'

ရှောင်ကျိုးမှာ သူမဝတ်စုံနှင့် ပတ်သက်၍ တော်တော်လေး ယုံကြည်ချက်ရှိနေတော့၏။

သိပ်မကြာခင်မှာပင် ရှောင်ကျိုး မျှော်လင့်ထားသည့်အတိုင်း အရပ်လေးမျက်နှာမှ လူအုပ်ကြီးတစ်စုပြေးထွက်လာကြတော့သည်။

တချို့က ဤရွာမှဖြစ်ပြီး တချို့က တခြားရွာများမှ ဖြစ်သည်။ ဪ တိတိကျကျပြောရလျှင် ယခုအခါ သူတို့အားလုံးက ထောင်ယွမ်ရွာမှဖြစ်နေပြီပင်။

အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော်ငြား မျိုးနွယ်စုခေါင်းဆောင်ကြီးများ၏ အမြန်နှုန်းက လုံးဝကိုငြင်းမရနိုင်ချေ။

လူတစ်စုက ပြေးလာကြပြီး ဘေးဘီကို ဝေ့ကြည့်လိုက်သော်လည်း သူတို့ရွာသူကြီးလေးကို မတွေ့ကြချေ။

ထို့နောက် သူတို့က ရထားလုံး၏ လိုက်ကာကို မ,တင်လိုက်ကြသော်ငြား ရထားလုံးထဲတွင် ဘာတစ်ခုမျှမရှိပေ။

လူတိုင်းက နောက်တစ်ကြိမ် ဆောင့်ကြောင့်ထိုင်ချလိုက်ကြပြန်သော်လည်း ရထားလုံးအောက်တွင် ဘာတစ်ခုမျှ မရှိချေ။

စိတ်လှုပ်ရှားနေကြသော ရွာသားများက ပြေးထွက်လာကြပြီး အော်ပြောလိုက်ကြသည်။

"ရွာသူကြီးလေးရော ပြန်ရောက်ပြီလို့ ပြောတာမဟုတ်ဘူးလား၊ သူ ဘယ်မှာလဲ၊ ဘာလို့ နင်တို့တွေပဲ ပြန်လာကြတာလဲ"

ရထားလုံးအမိုးပေါ်တွင် အချိန်အတော်ကြာအောင် ဆိုက်ဖမ်းနေခဲ့သော ရှောင်ကျိုးခမျာ ထိုနေရာတွင်ရပ်နေရလွန်းသဖြင့် ခြေထောက်ကျင်လုနီးပါးပင် ဖြစ်နေတော့၏။

လူအများက ရထားလုံးအမိုးပေါ်သို့ မော့ကြည့်သွားသည်ကို သူမ ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါလျက်နှင့် ဘာလို့ သူတို့ထဲက တစ်ယောက်မှ သူမကို မမှတ်မိကြသနည်း။

'ငါ့ရဲ့ဩဇာကြီးပြီး ခမ်းနားတဲ့ပုံရိပ်က လူတိုင်းကို မျက်စိကျိန်းသွားစေဖို့မလုံလောက်သေးလို့လား'

'ဒါ တကယ့်ကို ဒေါသထွက်စရာပဲ'

ရှောင်ကျိုးဘဝက တကယ့်ကို အံ့မခန်းပင်။

ယခင်တုန်းက မျိုးနွယ်စုခေါင်းဆောင်အဘိုးကျိုးနှင့် တူတူပုန်းတမ်းကစားခဲ့စဉ် သူမမျက်နှာကို အမည်းရောင် ဆေးခြယ်ထားခဲ့သော်ငြား မျိုးနွယ်စုခေါင်းဆောင်အဘိုးကျိုးက သူမကို မြင်မြင်ချင်းပင် မှတ်မိနိုင်ခဲ့ကြောင်း သူမ ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။

သူမက မျိုးနွယ်စုခေါင်းဆောင်အဘိုးကျိုးကို သူမအား မြင်မြင်ချင်း ဘာလို့ မှတ်မိနေတာလဲဟု မေးခဲ့ဖူး၏။

မျိုးနွယ်စုခေါင်းဆောင်အဘိုးကျိုးက သူ့ရွာသူကြီးလေး ပြာအဖြစ် ပြောင်းလဲသွားလျှင်တောင် ရွာသားများက သူမကို သေချာပေါက် မှတ်မိနေဦးမည်ဟု ယုံကြည်မှုအပြည့်ဖြင့် ကြေညာခဲ့သည်။

ရလဒ်အနေဖြင့် ရွာနှင့် အချိန်အနည်းငယ် ကင်းကွာသွားပြီးနောက်တွင်တော့ လူများက သူမကိုမမှတ်မိကြတော့ချေ။

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီးနောက် အနီရောင်ဝတ်ရုံကြီးက ရွာသူကြီးလေးကို လုံးဝဖုံးသွားကာ နေကာမျက်မှန်ကြီးမှ ဖုံးကွယ်ထားသော မျက်လုံးများသာ ကျန်ရှိတော့သဖြင့် ရွာသားများအဖို့ သူမကို မှတ်မိရန်မှာ လုံးဝမဖြစ်နိုင်တော့ချေ။

သူတို့က ၎င်းကို ရထားလုံးပေါ်မှ အလှဆင်ထားသည့် ပစ္စည်းတစ်ခုဟုသာ ထင်နေခဲ့ကြ၏။

သူတို့က တောရွာမှဖြစ်ကြသဖြင့် မြို့တော်ရှိရထားလုံးကို တစ်ခါမျှမမြင်ဖူးခဲ့ကြရာ ဤပုံစံမျိုးသာဖြစ်မည်ဟု တွေးထားခဲ့ကြခြင်းပင်။

ရှောင်ကျိုးမှာ ဒေါသထွက်လွန်း၍ သည်းမခံနိုင်တော့ဘဲ ရထားလုံးပေါ်မှ ခုန်ဆင်းကာ ရွာသို့ တစ်ယောက်တည်း ပြန်သွားချင်စိတ်ပေါက်လာစဥ်တွင်ပင် မျက်စိလျင်သော မျိုးနွယ်စုခေါင်းဆောင်ကျိုးက နောက်ဆုံးတွင် သူမကိုမှတ်မိသွားတော့၏။

'အနီရောင်အဝတ်နဲ့ ပတ်ထားပြီး မျက်လုံးကို အမည်းရောင်တစ်ခုခုနဲ့ ဖုံးထားရင်း ရထားလုံးပေါ်မှာ မတ်တတ်ရပ်နေတဲ့သူက သူတို့ရွာသူကြီးလေး မဟုတ်ဘူးလား'

မျိုးနွယ်စုခေါင်းဆောင်ကြီးကျိုး ဘယ်လိုသိသွားလဲဆိုလျှင် ထိုရထားလုံးဘေး လူရှာနေစဉ် အလွန်ကျယ်လောင်သော နှာမှုတ်သံကို သူ ကြားလိုက်ရသောကြောင့်ပင်။

ထိုအသံက သူတို့ရွာသူကြီးလေးဆီမှသာ ထွက်ပေါ်လာနိုင်၏။

မျိုးနွယ်စုခေါင်းဆောင်ကျိုးက ရထားလုံးကို အကြိမ်အနည်းငယ်ပတ်သွားကာ အထဲရော အပြင်ပါမကျန် အထက်အောက်ပါမကျန် အကြိမ်ကြိမ် ရှာဖွေလိုက်သည်။

နောက်ဆုံးတွင်တော့ သူ့အကြည့်များက အဝတ်ဖြင့်ပတ်ထားသော အရာဝတ္ထုထံသို့ မသေချာမရေရာစွာဖြင့် ကျရောက်သွားတော့၏။

ရိုးရိုးသားသားပြောရလျှင် သူက ဤအရာကို နေ့တစ်ဝက်နီးပါးလောက် ကြည့်နေခဲ့သော်ငြား မှတ်မိရန် မဝံ့မရဲ ဖြစ်နေဆဲပင်။ အောက်ဘက်တွင် သူမကို ရှာနေကြသော ရွာသားများကိုကြည့်ရန် ရှောင်ကျိုးသာ စိတ်မရှည်စွာဖြင့် ခေါင်းကို အကြိမ်အနည်းငယ် မလှုပ်ရှားလိုက်လျှင် သူ လုံးဝသတိပြုမိမည် မဟုတ်ချေ။

‘ဒီဟာကို ဘယ်သူကများ ရှာတွေ့နိုင်မှာတဲ့လဲ’

မျိုးနွယ်စုခေါင်းဆောင်ကျိုးက ချက်ချင်းပင် ခုန်ပေါက်သွားပြီး ရထားလုံးအမိုးပေါ်ရှိ ရှောင်ကျိုးကို လှမ်းအော်ကာ သူ့ရွာသူကြီးလေး အတိအကျကြားချင်နေသော စကားကို ပြောလိုက်တော့သည်။

"အိုး ငါတို့ရွာသူကြီးလေးက အပြင်ထွက်သွားပြီးကတည်းက တော်တော်ကြီးပြင်းလာပြီး အခုဆို ပိုတောင်မှ ခမ်းနားပြီး ဩဇာကြီးနေပါလား"

ဘေးဘက်တွင် ရပ်နေသော ခေါင်းဆောင်ကြီးက အနီရောင်အဝတ်ဖြင့်ပတ်ထားသော လူကိုလှမ်းကြည့်လိုက်၏။

'ဒါဗြောင်လိမ်နေတာပဲ'

'အဲ့ဒီလောက်ကြီး တင်းတင်းပတ်ထားတာကို သူမ ကြီးပြင်းလာပြီး ဩဇာကြီးနေတယ်ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ'

မျိုးနွယ်စုခေါင်းဆောင်ကျိုး၏စကားကို ကြားသောအခါ ပါးလေးများ ဖောင်းကားနေသော ရှောင်ကျိုး၏အလိုမကျမှုများက ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

မျိုးနွယ်စုခေါင်းဆောင်ကျိုး၏စကားကို ကြားပြီးနောက် တခြားသူများကလည်း အပေါ်ရှိ အနီရောင်အဝတ်ထံသို့ ချက်ချင်းမော့ကြည့်လိုက်ကြသည်။

'ဒါ သူတို့ရဲ့ရွာသူကြီးလေးလား'

သူတို့က အောက်ဘက်တွင် အချိန်အတော်ကြာအောင် ရှာနေခဲ့သော်လည်း မတွေ့ခဲ့ကြချေ။ သူတို့ရွာသူကြီးလေးကတော့ သေချာပေါက် ဒေါသထွက်နေလောက်ချေပြီ။

ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိုယ့်ရွာသူကြီးလေးကို သူတို့မမှတ်မိဘူးဟု အထင်ခံရ၍မဖြစ်ပေ။

ထို့ကြောင့် ရွာသားများအားလုံးက ရထားလုံးဆီသို့ ပြေးသွားကြပြီး သူမကို အရင်ဆုံး ချီးမွမ်းရန်တွေးလိုက်ကြ၏။

"ငါ သိသားပဲ၊ ငါတို့ရဲ့ရွာသူကြီးလေးက အခမ်းနားဆုံးနဲ့ ဩဇာအကြီးဆုံးဆိုတာ သေချာတယ်၊ သူမ ရထားလုံးအမိုးပေါ်မှာရှိနေတာကို ငါ ချက်ချင်းမြင်လိုက်တာ၊ နင်တို့တွေသာ ငါ့ကို နောက်ဆွဲမထားရင် ငါ သူမကို ရှာတွေ့နေလောက်ပြီ"

ရှဟယ်ရွာသူကြီးက အရှေ့ဆုံးသို့ တိုးဝင်လာပြီး အပေါ်ရှိ ရွာသူကြီးလေးကို ပြောလိုက်သည်။

နောက်တစ်လှမ်းကျန်ခဲ့သော ရွာသားများ : 'ဒါတကယ့်ကို နောက်ကျမှရောက်လာပြီး နေရာလုသွားတာပဲ’

All Chapters